The smaller the drink, the clearer the head and the cooler the blood; which are great benefits in temper and business.
သောက်တဲ့အရက် ပိုနည်းလေလေ၊ ခေါင်း ပိုရှင်းလေလေ၊ သွေး ပိုအေးလေလေ ဒီအခြေအနေဟာ မိမိရဲ့ စိတ်ကိုရော လုပ်ငန်းကိုပါ အကျိုးရှိစေပါတယ်။
The more you speak about yourself, the more you are likely to lie.
သူ့အကြောင်း သူ ပိုပြောလေလေ သူလိမ်ပြောဖို့ ပိုပြီး များလေလေ။
I have often thought what a melancholy world this would be without children and what an inhuman world, without the aged.
ကလေးတွေသာ မရှိများ မရှိရင် ဒီကမ္ဘာဟာ ၀မ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ ကမ္ဘာတစ်ခုသာဖြစ်ပြီး အိုမင်းသူတွေ မရှိများ မရှိရင်လည်း လူစိတ်ကင်းတဲ့ ကမ္ဘာတစ်ခုသာ ဖြစ်နေမှာပဲလို့ ကျွန်တော် မကြာခဏ တွေးမိတယ်။
Love endures only when the lovers love many things together and not merely each other.
ချစ်သူတွေဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ရုံမျှသာမကဘဲ အရာဝတ္ထုများစွာတို့ကို အတူတကွ ချစ်ကြတဲ့အခါမှာ သူတို့ရဲ့ အချစ်ဟာ အဓွန့်ရှည်ကြာ ခိုင်ခံ့သွားပါတယ်။
The hero of my tale whom I love with all the power of my soul, whom I have tried to portray in all his beauty, who has been, is and will be beautiful is truth.
ကျွန်တော် လှိုက်လှိုက်လှဲလှဲ ချစ်မြတ်နိုးတာ သူ့ရဲ့အလှအပမှန်သမျှကို သရုပ်ဖော်ပြဖို့ ကျွန်တော် ကြိုးစားခဲ့ပြီး၊ အရင်တစ်လျှောက်လုံးလည်း လှပခဲ့၊ ခုလည်း လှပနေဆဲ၊ နောင်လည်း လှပဦးမယ့် ကျွန်တော့်ပုံပြင်ရဲ့ အဓိက ဇာတ်ဆောင်ကတော့ သစ္စာတရားသာ ဖြစ်ပါတယ်။
Old age is the most unexpected of all things that happens to a man.
အိုမင်းခြင်းဟာ လူတစ်ယောက်ရဲ့ ဘ၀မှာ ဖြစ်ပျက်ခဲ့သမျှထဲက မျှော်လင့်မထားဆုံးသောအရာ ဖြစ်ပါတယ်။
A diplomat is a person who can tell you to go to hell in such a way that you actually look forward to the trip.
သံတမန်ဆိုတာ သင့်ကို ငရဲသွားဖို့ အလွန်လိမ္မာပါးနပ်စွာ ပြောတတ်သူတစ်ယောက်ဖြစ်လို့ ဒီငရဲ သွားရမယ့် ခရီးကိုပင် သင် မျှော်မှန်းတမ်းတ နေမိတတ်တယ်။
From birth to 18 a girl needs good parents. From 19 to 35 she needs good looks. From 36 to 55 she needs good personality. From 56 on she needs good cash.
မိန်းကလေးတစ်ဦးဟာ မွေးတဲ့နေ့ကစပြီး အသက် ၁၈ နှစ်အရွယ်အထိ မိဘများ ရှိဖို့ လိုအပ်ပါတယ်။ ၁၉ နှစ်က ၃၅ နှစ်အရွယ် ရှုချင်စဖွယ် ရုပ်ရည်ရှိဖို့ လိုအပ်ပါတယ်။ ၃၆ နှစ်က ၅၅ နှစ်အထိ ကြည့်ကောင်းတဲ့ ဥပဓိရုပ်ရှိဖို့ လိုအပ်ပါတယ်။ အသက် ၅၆ နှစ် နောက်ပိုင်းမှာတော့ ငွေကြေးမြောက်မြားစွာ ရှိဖို့ပဲ လိုအပ်ပါတယ်။
It is on the sound education of the people that the security and destiny of every nation chiefly rest.
နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ကံကြမ္မာ အဓိကအားဖြင့် တည်ရှိတာဟာ အဲဒီနိုင်ငံရှိ ပြည်သူတွေရဲ့ ကြံ့ခိုင်တဲ့ ပညာရေးပေါ်မှာသာ ဖြစ်ပါတယ်။
The stupid never forgive and forget, the naive forgive and forget; the wise forgive, but do not forget.
မိုက်မဲသူတို့ဟာ ခွင့်လည်းမလွှတ်၊ မေ့လည်း မေ့မပစ်ပါ။ ထုံထိုင်းသူတို့ဟာ ခွင့်တော့လွှတ်ပြီး မေ့ပစ်တတ်ကြတယ်။ ပညာဉာဏ် အမြော်အမြင် ရှိသူတို့ကတော့ ခွင့်လွှတ်တတ်ကြတယ်၊ ဒါပေမယ့် မေ့မပစ်ပါ။
A loving maiden grows unconsciously more bold.
အချစ်ဝင်လာမိပြီဆိုရင် အပျိုစင်ကလေးပင် ကိုယ့်စိတ်ထဲက မသိလိုက်ဘဲနဲ့ ပိုပြီး ရဲတင်းလာတတ်တယ်။
None of us is as smart as all of us.
ကျွန်တော်တို့ထဲက ဘယ်သူမှ ကျွန်တော်တို့အားလုံးလောက် ချက်ချက်ချာချာ ပါးပါးနပ်နပ် မရှိပါဘူး။
Monday, January 18, 2010
ကောက်နုတ်ချက် အင်္ဂလိပ်စာ - C.T.O
(၂၀၀၈ ခုနှစ် နိုဝင်ဘာလထုတ် သရဖူမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 7:21 AM
Labels စာအုပ်မှတ်စုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment