Sunday, January 31, 2010

Gtalk က အတွေးစာသားများ စုစည်းမှု (၂)


ပထမဦးဆုံးတင်ပေးဖူးတဲ့ ဂျီတော့(ခ)က အတွေးစာသားလေးတွေကို ဒီနေရာမှာ ပြန်ဖတ်နိုင်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေးလေးတွေရခဲ့ရင် လက်ဆင့်ကမ်းပြီး ပို့ပေးကြဖို့ ခင်မင်တဲ့မိတ်ဆွေအားလုံးကို မှာထားတတ်ပါတယ်။ ဒီနေ့အီးမေးလ်စစ်တော့ ဖော်ဝက်(ဒ)မေးလ်တစ်စောင်က ဂျီတော့(ခ) စတေးတပ် မက်ဆေ့ခ်ျတွေကို စုပေါင်းစပ်ပေါင်းစုစည်းထားတဲ့ဟာ ဖြစ်နေတယ်။ သဘောကျတာလေးတွေကို ရွေးပြီးပြန်တင်ပေးလိုက်ပါတယ်နော်။ မူလစုစည်းသူ၊ ပေးပို့ခဲ့သူက ဘယ်သူမှန်း အတိအကျမသိတဲ့အတွက် နာမည်တပ်ပြီး ကျေးဇူးစကား မဆိုနိုင်တာကို နားလည်ပေးပါ။ ဘာပဲဖြစ်ဖြစ် အဲဒီလို စုစည်းခဲ့တဲ့လူကို မသိပေမယ့် ကျေးဇူးတင်ရှိပါကြောင်း ခင်ဗျား။ အောက်မှာ ဖတ်ရှုခံစားကြည့်ကြပါဦး။

ခင်ရုံပါဆိုရင် ရင်ခုန်စရာ ဘာလို့တွေးတာလဲ...?
ရိုးရိုးသိတာပါဆိုလည်း ခိုးခိုးကြည့်စရာ မလိုပါဘူး...
ဖုံးဖိနေပေမယ့် အပြုံး၊ အကြည့်တွေက သိသာတယ်နော်...
အခင်မပိုသေးရင်လည်း အရင်လိုလေးပဲ ဆက်ဆံပေါ့...

အချစ်ဆိုတာ...
ဓားသွားပေါ်က ပျားရည်စက်တဲ့...
တောက်... ဘယ်သူကများ ပျားရည်တွေကုန်အောင် လျက်သွားပါလိမ့် ...?
ငါ့အလှည့်ကျ ဓားသွားချည်း ကျန်တော့တယ်...

ငါချစ်တဲ့ မင်း....
အခြားတစ်ယောက်နဲ့ Q လို့ ပါသွားခဲ့ရင်...
ခေါင်းလောင်းထိုးပြီး လှူလိုက်မယ်...
မလွမ်းတတ်တာတော့ တော်တော်ခက်တယ်...

မင်းက....
မင်းကိုချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတာ...
ငါက....
ငါ့ကို မချစ်တဲ့သူတစ်ယောက် ဆုံးရှုံးရတာ...
အေးဆေးပဲ...

အမြည်းမရှိတာ့ အာပူ...
သူကြီးမရှိတော့ ရွာဆူ...
(ဆိုသလို)
ဘုန်းတန်ခိုးရှိတဲ့ အသင်လူလည်း...
ရည်စားမရှိရင် Q သာ Q ....း-).

u see i see တော့ ဒန်း ကျိုးတာပေါ့
u say i say တော့ ပန်းကန် ပါးတာပေါ့
u no i no တော့ နှစ်ယောက်လုံး အိပ်ရေး ပျက်တာပေါ့း)

ဘ၀ဆက်တိုင်း....
အင်္ဂလန်မှာ ဘောလုံးသမား...
ကိုရီးယားမှာ မင်းသား...
ဂျပန်မှာ ယာကူဇာ...
ယူအက်စ်မှာ မာဖီးယား...
မြန်မာနိုင်ငံမှာ လူကြီးသား ဖြစ်ပါရစေ အရှင်ဘုရား... :P

အချို့အချို့က ပြောတယ်ဗျာ....
မိန်းကလေး/ကောင်ကလေး များသည် အမျိုးမျိုး ပြောင်းလဲတတ်သည်တဲ့...
အမျိုးမျိုး မဟုတ်ပါဘူးနော်...
နှစ်မျိုးတည်း ပြောင်းတာပါ...
လိုတစ်မျိုး... မလိုတစ်မျိုး....

ကြိုက်လို့ လိုက်တာ
မိုက်လို့ ခိုက်တာ
Fight ဖို့ Case မပါဘူး
လိုက်လို့ ညစ်ရင်လည်း မမိုက်လို့ ပစ်တယ်မှတ်လိုက်မယ်
But သင့်အတွက် မှတ်ရန်က အချစ်အတွက် မနက်ဖြန်မရှိပါတဲ့။

ဒီမှာချစ်သူ... မင်းအတွက်ဆို
Zoo ထဲက ဆင်ass ကို ပင်အပ်နဲ့ ထိုးရထိုးရ...
တောထဲက ခြင်္သေ့ကို လောက်စာလုံးနဲ့ ဆော်ရဆော်ရ...
Mr. Bush ကို ဒီမှာငချွတ် မင်းဟာဖွတ်လို့ ပြောရပြောရ...
အသက်မရှူ ပါးစပ်မကူဘဲ စက္ကန့်ဝက်နေဆို နေပါ့မယ်ဟာ... နော်.... :P

ကိုလှရွှေ နေမကောင်းဖြစ်လို့...
မသိန်းကြည် ငါးသွားရောင်းတာ...
တာမွေမှာရေကြီးလို့တဲ့...
အဲဒါနဲ့... အမေရိကန်နဲ့ ကိုရီးယား စာချုပ် ချုပ်လိုက်တာ...
ဒွေးသေသွားတယ်...
နင့်ကို သတိရလိုက်တာဟာ....


ကဲ ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ။ တချို့စာသားလေးတွေများဆိုရင် အတွေးလေးတွေက လှလွန်းလို့ ကျွန်တော့်မှာ ဖတ်လို့တောင် မ၀ဘူး။ ခဏခဏကို ပြန်ရွတ်နေမိတာဗျ။ သြော်... ဒီစာသားတွေထဲမှာ ခင်ဗျားရဲ့ ခံစားချက်တွေလည်း ပါနေခဲ့ရင် နားလည်ပေးလိုက်ပါဦးနော်။ အခြားသူတွေကိုလည်း ဝေမျှခံစားတယ်လို့ သဘောထားလိုက်ပေါ့။ သဘောကျစရာ စာသားလေးတွေ တွေ့ခဲ့၊ ဖတ်ခဲ့၊ မြင်ခဲ့ရရင် ကျွန်တော့်ကို လက်တို့လိုက်ပါဦးနော်။ ကြိုတင်ကျေးဇူးတင်နေကြောင်းပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၃၁ ရက်၊ တနင်္ဂနွေနေ့။
ညနေ ၆ နာရီ ၁၁ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics