Friday, January 29, 2010

Super Power (အင်အားကြီးနိုင်ငံ)


ခေတ်သစ်ကမ္ဘာတွင် စီးပွားရေးအင်အားကြီးနိုင်ငံများကို စူပါပါဝါအဆင့်တွင် ထည့်တွက်သည်။ ၁၉၉၀ နှစ်များ စောစောပိုင်းအထိတိုင်အောင် အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု နှစ်နိုင်ငံကိုသာ စူပါပါဝါဟု သုံးနှုန်းခဲ့ကြသည်။ နောက်ပိုင်းတွင် ဆိုဗီယက်စီးပွားရေး ယိုင်နဲ့လာသောအခါ တရုတ်ပြည်ကို စူပါပါဝါဟု ရည်ညွှန်းမှုများ ရှိလာသည်။ သို့သော် တရုတ်ပြည်သည် စီးပွားရေးအင်အား တောင့်တင်းလာသော်လည်း နျူကလီးယားလက်နက်များ တိုးချဲ့ထုတ်လုပ်ခြင်းမပြုဘဲ မိမိကိုယ်မိမိ အင်အားကြီးနိုင်ငံအဆင့်ဟူ၍ မခံယူချေ။ ဆိုဗီယက်သည် ပြည်ထောင်စုပြိုကွဲပြီးနောက် စီးပွားရေးအင်အား ကျဆင်းသွားရုံမက အရှေ့ဥရောပ နိုင်ငံများအပေါ်၌လည်း သြဇာအာဏာ ပျောက်ဆုံးသွားခဲ့သည်။ သို့ဖြစ်ရာ ယခုအခါ လက်တွေ့သဘောအားဖြင့် စူပါပါဝါဟု ပြောနိုင်သည်မှာ အမေရိကန်ပြည်ထောင်စု တစ်ဦးတည်းသာ ရှိတော့သည်ဟူသော ယူဆချက်များလည်း ရှိသည်။ တစ်နိုင်ငံချင်းအနေဖြင့် မဟုတ်ဘဲ အစုအဖွဲ့အနေဖြင့် ပြောမည်ဆိုလျှင် ဥရောပသမဂ္ဂသည် စူပါပါဝါအဖြစ် ထည့်တွက်၍ရသည်။

(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၆ အမှတ် ၄၊ မောင်ဝံသ ၏ ကမ္ဘာ့နိုင်ငံရေး ဝေါဟာရအဘိဓာန် မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics