တညီတညွတ်တည်းဖြစ်မှု (Uninamity)
ကန့်ကွက်သူနှင့် သဘောမတူ၍ ဆန္ဒမပေးသူဟူ၍ လုံးဝမရှိဘဲ မဲပေးခွင့်ရှိသူအားလုံးက ထောက်ခံအတည်ပြုသည့် အခြေအနေကို ဆိုသည်။ ဂျူရီစနစ်ဖြင့် တရားစီရင်ရာတွင် uninamity rule သည် ပို၍ ခိုင်မာသည်။ သမိုင်းတွင် ထင်ရှားသော သာဓကများမှာ ၁၈ ရာစုက ပိုလန်နိုင်ငံတွင် ဘုရင်ကို ရွေးချယ်တင်မြှောက်သည့် ဓလေ့ရှိရာ ရွေးချယ်ရေးအဖွဲ့ဝင်အားလုံးက တစ်ခဲနက်သဘောတူမှ ဘုရင်ဖြစ်သည်။ ပုပ်ရဟန်းမင်းရွေးချယ်ရာတွင်လည်း ၁၁၇၉ ခု တတိယလက်တာရန်ကောင်စီ မပေါ်မီအထိ ကန့်ကွက်သူမရှိမှ ရွေးချယ်ခံရသည်။ တတိယလက်တာရန်ကောင်စီ ပေါ်လာတော့မှ သုံးပုံနှစ်ပုံက သဘောတူလျှင် အတည်ဖြစ်သောစနစ်ကို လက်ခံကြသည်။ Uninamity rule သည် ဆန္ဒမဲပေးခွင့် ရှိသူတိုင်းသည် ဗီတိုအာဏာရှိသည့် သဘောဖြစ်၍ အဂတိလိုက်စားမှုများကို ဖြစ်ပေါ်စေသည်ဟု သုံးသပ်ကြသည်။
လွှတ်တော်တစ်ရပ်စနစ် (Unicameralism)
ကမ္ဘာ့နိုင်ငံအများစုတွင် လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးလျက်ရှိသော်လည်း နိုင်ငံငယ်အချို့သည် လွှတ်တော်တစ်ရပ်စနစ်ကို ကျင့်သုံးနေကြဆဲဖြစ်သည်။ ဥပမာ - ဖင်လန်၊ ဂရိ၊ နော်ဝေ တို့ဖြစ်သည်။ နိုင်ငံကြီးမားသော်လည်း လွှတ်တော်တစ်ရပ်စနစ် ကျင့်သုံးနေသော နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ် ၅၀ အနက် နီဘရာစကားပြည်နယ်တစ်ခုသာ လွှတ်တော်တစ်ရပ်တည်း ထားရှိသည်။ နိုင်ငံငယ်သော်လည်း နယူးဇီလန်နှင့် ဆွီဒင်တို့သည် လွှတ်တော်တစ်ရပ်တည်းစနစ်မှ လွှတ်တော်နှစ်ရပ်စနစ်သို့ ပြောင်းလဲခဲ့ကြသည်။ လွှတ်တော်တစ်ရပ်တည်းစနစ်သည် လူမျိုးစုများပြားခြင်းမရှိသော နိုင်ငံများနှင့် သင့်တော်သော်လည်း လူမျိုးစုများပြားသည့် နိုင်ငံများတွင် လူများစုနိုင်ငံရေးပါတီ၏ အနိုင်ကျင့်မှုကို လွှတ်တော်တစ်ရပ်တည်းဖြင့် ကာကွယ်ခြင်းမပြုနိုင်ချေ။ အထက်လွှတ်တော်များသည် လူမျိုးစုအလိုက် ကိုယ်စားပြုမှု ပါဝင်သည်ဖြစ်၍ အောက်လွှတ်တော်က တစ်ဖက်သတ် ဆုံးဖြတ်မှုများ ရှိလာပါက ပြန်လည်ထိန်းညှိပေးနိုင်သည်။
ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ (၆) အမှတ် (၁၂)
မတ် ၂၅-၃၁၊ ၂၀၁၀
စာမျက်နှာ - ၁၂
No comments:
Post a Comment