အင်တာနက်ပေါ်က တွေ့သမျှလေးတွေကို တတ်နိုင်သမျှ ဘာသာပြန်ပေးလိုက်ပါတယ်။ မြည်းစမ်းကြည့်ကြပါဦး။ ကြိုက်ရင် မူရင်းရေးသူတွေ ကောင်းလို့ပါ၊ မကြိုက်ရင်တော့ ကျွန်တော်ကိုဉာဏ် ဘာသာပြန်တာ ညံ့လို့ဖြစ်ပါလိမ့်မယ်။ ဖြူးလိုက်တဲ့နှမ်းလေးက မွှေးနေတယ်ဆိုရင်လည်း ကျေးဇူးတင်ရပါ၏။
ဒါပေမယ့် အခြားသူတွေရဲ့ ငိုခြင်းတွေနဲ့ ကျွန်တော်တို့ရဲ့ ဘ၀တွေကို အဆုံးသတ်ကြရတယ်။
ဒီလိုငိုခြင်းနှစ်ခုကြားမှာ ရှင်သန်နေထိုင်စဉ်ကာလအတွင်း တတ်နိုင်သမျှ များများရယ်မောနိုင်စေဖို့ ကျွန်တော်တို့တွေ ကြိုးစားသင့်တယ်။
နေမင်းကြီးကို ကြည့်လိုက်တဲ့အခါ မင်းကိုပဲ မြင်နေရတယ်။
ပန်းပွင့်လေးတွေကို ကြည့်ပြန်တော့လည်း မင်းကိုပဲ မြင်နေရတယ်။
တေးဆိုနေတဲ့ ငှက်ကလေးတွေကို လှမ်းငေးမိတော့လည်း မင်းကိုပဲ မြင်နေရပြန်တယ်။
ဒီမှာ... တဆိတ်လောက် ကျေးဇူးပြုပြီး ငါ့ရှေ့ကနေ ရပ်နေတာကို ဖယ်ပေးပါ့လား။
ငါ့ရှေ့ကနေ မလျှောက်ပါနဲ့....။ ငါ လိုက်နိုင်မှာ မဟုတ်ဘူး။
ငါ့နောက်ကနေလည်း မလျှောက်ပါနဲ့...။ ငါ ဦးဆောင်နိုင်မှာ မဟုတ်ဘူး။
ငါ့ဘေးမှာနေပြီး ငါနဲ့အတူ လျှောက်လှမ်းကြရအောင်လားကွယ်။
ငါ့ရဲ့ အိပ်မက်ထဲမှာတော့ မင်းဟာ ငါ့ဘ၀ပါ။
ငါ့ဘ၀ထဲမှာတော့ မင်းဟာ အိပ်မက်လေးတစ်ခု ဖြစ်နေပြန်ပါရောလား။
(အပေါင်း) ပျော်ရွှင်မှုတွေကို ပေါင်းထည့်ပါ
(အနုတ်) ၀မ်းနည်းပူဆွေးမှုတွေကို နုတ်ပယ်လိုက်ပါ
(အမြောက်) မိတ်ဆွေတွေကို ဆတိုးပွားများအောင် လုပ်ပါ
(အစား) ရန်သူတွေကို နည်းနိုင်သမျှနည်းအောင် ကြိုးစားပါ။
မင်းဟာ ငါ့အတွက် အရာအားလုံးပါပဲ
မင်းဟာ ငါ့အိပ်မက်တွေကို တကယ်ဖြစ်လာအောင် ဖန်ဆင်းပေးခဲ့သူပါ
မင်းကို ချစ်နေခွင့်ရတာထက် ထူးမြတ်တဲ့လက်ဆောင်ဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိတော့ပါဘူး။
မောင်ထုံ။ လူတစ်ယောက်ဟာ သူ့ရဲ့ရေဒီယိုကို ရေခဲသေတ္တာထဲကို ဘာဖြစ်လို့ထည့်သလဲ သိလား။
မယ်ထုံ။ မသိဘူးလေ။ ဘာဖြစ်လို့တုန်း။
မောင်ထုံ။ သူ သီချင်းအေးအေးလေးတွေ နားထောင်ချင်လို့ပေါ့။
လူတစ်ယောက်သည် ရုံးနောက်ကျနေသည့်အတွက် ကားကိုအလျင်အမြန် မောင်းလာခဲ့သည်။ ရုံးရှေ့သို့ရောက်ချိန်တွင် နာရီကြည့်လိုက်သောအခါ အရေးကြီးအစည်းအဝေးစရန် မိနစ်ပိုင်းမျှသာ လိုတော့သည်ကို တွေ့ရသည်။ သို့သော် ကားရပ်ရန်နေရာအားလုံးတွင် ကားတွေပြည့်နေသည့်အတွက် ကားရပ်ရန်နေရာ ရှာမတွေ့ဖြစ်နေသည်။ အတော်လေးကို စိတ်ဓာတ်ကျသွားသည်။ နောက်ဆုံးတွင် ကြံရာမရသည့်အဆုံး ဆုတောင်းလိုက်သည်။
"အို... ဘုရားသခင်၊ အခုနေသာ ကျွန်တော်မျိုးအတွက် ကားပါကင်နေရာတစ်ခု ဖန်ဆင်းပေးမယ်ဆိုရင် ဒီနေ့ကစပြီး သေတဲ့အထိ နေ့တိုင်းမပျက်မကွက် ဘုရားကျောင်းတက်ပါ့မယ်၊ အရက်၊ ဆေးလိပ်၊ မိန်းမ၊ မကောင်းတာမှန်သမျှကိုလည်း ရှောင်ကြဉ်ပါတော့မယ်"
အဲဒီအချိန်မှာပဲ ကားပါကင်နေရာတစ်ခု ပေါ်လာပါသတဲ့။ စောစောကလူလည်း အဲဒါကားပါကင်ကို မြင်လိုက်တဲ့အခါ ၀မ်းသာအားရနဲ့ နှုတ်မှရေရွတ်လိုက်ပါတယ်။
"ဘုရားသခင်ရေ.. စောစောကပြောခဲ့တဲ့ စကားတွေအတွက် နေပါစေတော့။ ကျွန်တော်မျိုး ကားရပ်ဖို့နေရာတစ်ခု ရှာတွေ့ပါပြီ" တဲ့။
မြန်မာပြည်မှ ခင်ထုံကို လကမ္ဘာသို့ စေလွှတ်ရန် နာဆာမှ ပညာရှင်များက ရွေးချယ်လိုက်ကြသည်။ အစစအရာရာ ပြင်ဆင်ပြီးသောအခါ ခင်ထုံကို လပေါ်သို့ စေလွှတ်လိုက်လေသည်။
ခရီးတစ်ဝက်ရောက်သောအခါ အာကာသယာဉ်ပေါ်မှနေ၍ ခင်ထုံ ခုန်ချလာခဲ့သည်။ ပါးစပ်မှလည်း ဒေါသတကြီး အော်ဟစ်လာခဲ့သည်။
"အရူးတွေ၊ ဒီနေ့ လကွယ်နေ့ကြီး၊ ဘယ်လိုလုပ်ပြီး အပေါ်မှာ လ,ရှိမှာလဲ" တဲ့။
ဘ၀ဆိုတာ နှလုံးခုန်နှုန်းပြတဲ့ ဂရပ်(ပ) တစ်ခုလိုပါပဲ။
သူ့မှာ အမြဲတမ်း အတက်အကျ ရှိတယ်။
တကယ်လို့သာ တသမတ်တည်းဖြစ်သွားပြီဆိုရင် အဲဒါဟာ သေဆုံးသွားတာပါပဲ။
ဒါကြောင့်မို့ ဘ၀ရဲ့ အတက်အကျတွေကို သေသေချာချာ လက်ခံလိုက်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၅ ရက်၊ တနင်္လာနေ့။
နေ့လည် ၁ နာရီ ၃၂ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၅ ရက်၊ တနင်္လာနေ့။
နေ့လည် ၁ နာရီ ၃၂ မိနစ်တွင်ပြီး၏။
No comments:
Post a Comment