ဓမ္မပဒဂါထာ (၂၆)
ပမာဒမနုယုဉ္ဇန္တိ၊ ဗာလာ ဒုမ္မေဓိနော ဇနာ။
အပ္ပမာဒဉ္စ မေဓာဝီ၊ ဓနံ သေဋ္ဌံဝ ရက္ခတိ။
မမေ့ခြင်းသာ ရတနာ
ပညာအနှစ် အသိစစ်မရှိတဲ့ လူညံ့လူတိမ်တွေဟာ မေ့ခြင်းရဲ့အပြစ်ကို မသိမြင်ကြတဲ့အတွက် မေ့မေ့လျော့လျော့ နေရတဲ့အလုပ်ကိုပဲ အားထုတ်ကြပါတယ်။
ပညာအနှစ် အသိစစ်ရှိတဲ့ လူကောင်းလူမြတ်တွေကတော့ မမေ့ခြင်းရဲ့ အကျိုးကို သိမြင်ကြတဲ့အတွက် မမေ့မလျော့နေရတဲ့ အလုပ်ကို အထူးအားထုတ် စောင့်ရှောက်ကြပါတယ်။
ပစ္စည်းဥစ္စာရှိခြင်းရဲ့ အကျိုးကို သိမြင်တဲ့သူဟာ အဖိုးထိုက် အဖိုးတန် ပစ္စည်းဥစ္စာတွေကို အထူးရှာဖွေ စောင့်ရှောက်ထားသလိုပါပဲ။
ဓမ္မပဒဂါထာ (၂၇)
မာ ပမာဒမနုယုဉ္ဇေထ၊ မာ ကာမရတိသန္ထ၀ံ။
အပ္ပမတ္တော ဟိ ဈာယန္တော၊ ပပ္ပေါတိ ၀ိပုလံ သုခံ။
မမေ့လေ ချမ်းသာလေ
မေ့မေ့လျော့လျော့ နေရတဲ့အလုပ်ကို အားမထုတ်ကြပါနဲ့။
မေ့လျော့ခြင်းဖြင့် အချိန်မကုန်ကြပါစေနဲ့။
ကာမဂုဏ်အာရုံတွေနဲ့ မွေ့လျော်ပြီး ကာမတဏှာကို အဖော်လုပ် ပေါင်းသင်းမနေကြပါနဲ့။
မမေ့မလျော့ နေရတဲ့အလုပ်ကို စူးစူးစိုက်စိုက် လုပ်နေမယ်ဆိုရင် ကြီးကျယ်ကောင်းမြတ်တဲ့ ချမ်းသာထူး ချမ်းသာစစ်၊ နိဗ္ဗာန်ချမ်းသာကို ဆိုက်ရောက်ရရှိနိုင်ပါတယ်။
Wednesday, April 21, 2010
စိတ်အားဖြည့် ဓမ္မပဒ
[အရှင်ဆန္ဒာဓိက - စိတ်အားဖြည့် ဓမ္မပဒ]
Subscribe to:
Post Comments (Atom)
No comments:
Post a Comment