ဘ၀စာမျက်နှာ
ကိုဉာဏ် (ပန်းလောင်မြေ)
ကိုဉာဏ် (ပန်းလောင်မြေ)
(၁)
"သားနဲ့သမီးက ဘာပြောစရာရှိသေးလဲ၊ သားတို့၊ သမီးတို့ ဖြစ်ချင်တာရှိရင်လည်း လူကြီးတွေကို ပြောပြကြလေ""မရှိပါဘူး"
နှစ်ယောက်လုံး ပြိုင်တူဖြေလိုက်ကြသည်။ ထို့နောက် တစ်ဦးမျက်နှာတစ်ဦးကြည့်၍ ပြုံးလိုက်မိကြသည်။ မျက်ဝန်းများမှတဆင့် တစ်ဦး၏ရင်ကိုတစ်ဦး သေသေချာချာ မြင်လိုက်ရသည်။
"ကဲ… အဲဒါဆိုလည်း သတ်မှတ်ထားတဲ့ ရက်အတိုင်းပဲ မင်္ဂလာဧည့်ခံပွဲကို ကျင်းပကြတာပေါ့ဗျာ၊ ဧည့်ခံထားတာတွေကို စားကြပါဦးခင်ဗျ"
(၂)
ခမ်းနားကြီးကျယ်စွာပြင်ဆင်ထားသည့် မင်္ဂလာခန်းမ၊ ဖိတ်ဖိတ်တောက်နေသည့် ၀တ်စားဆင်ယင်မှုများဖြင့် ပျားပန်းခတ်မျှ များပြားစည်ကားလှသည့် ဧည့်ပရိသတ်များ၊ ငြိမ့်ညောင်းသာယာစွာ တီးခတ်သီဆိုနေသည့် ဧည့်ခံတီးဝိုင်း၏ ဖျော်ဖြေမှု၊ နှစ်ဆက်မိဘဆွေမျိုးများ၏ ၀မ်းသာပီတိအပြုံးများ၊ သတို့သားနှင့် သတို့သမီးတို့၏ မမောနိုင်မပန်းနိုင် လိုက်လံဧည့်ခံ နှုတ်ဆက်မှုများနှင့် မင်္ဂလာအခမ်းအနားကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေသည်။(၃)
သြော်… သမီးကြီးတောင် လေးတန်းကိုရောက်ချေပြီ။ သားအငယ်ကတော့ အခုမှ (၂)နှစ်သား ဆိုပေမယ့် အရွယ်နဲ့မလိုက်အောင် သွက်လက်ချက်ချာ သိတတ်လွန်းသည်။ အဘိုးအဘွားများ၏ အသည်းစွဲဖြစ်နေသည်။ ဘယ်သူ့ကို ဘယ်လိုကပ်ချွဲပြီး ဘယ်လိုညာစားရမည်ကို သားငယ်က အသင်လွတ် တတ်နေလေသည်။ သူ့အဘိုးအဘွားတွေ၊ ဦးလေးအဒေါ်တွေကလည်း ညာနေမှန်း၊ ချွဲနေမှန်း သိသိကြီးနဲ့ သူ့ကိုပဲ အကဲပို၊ အချစ်ပိုနေကြသည်။(၄)
"မောင်… အလုပ်ချိန်နီးနေပြီ၊ ဘာလုပ်နေတာလဲ၊ အ၀တ်အစားလဲတော့လေ"မည်မျှကြာအောင် အတွေးနယ်ကျွံနေမိသည်မသိ။ ချစ်ဇနီးက လာသတိပေးတော့မှ အသိပြန်ဝင်လာမိသည်။ တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့ ရုံးသွားချိန်နီးနေပြီ။ ဟုတ်ပါရဲ့ အတွေးတွေ ခေါ်ဆောင်ရာနောက်ကို လိုက်သွားခဲ့မိတာ သူတို့ဇနီးမောင်နှံရဲ့ ကြုံခဲ့ရသမျှ အကြောင်းအရာတွေက မနေ့တစ်နေ့ကလို ပြန်မြင်ယောင်လာနေမိသည်ကိုး။ အခုတော့ ရုံးချိန်မီအောင် ပြေးရဦးမည်။ ချစ်ဇနီး၊ ချစ်သမီး၊ ချစ်သားငယ်တို့နှင့် ပျော်ရွှင်စရာကောင်းလှသည့် ဘ၀ခရီးကို ဒီလိုပဲ နေ့စဉ်နေ့တိုင်း ဖြတ်သန်းနေရဦးမယ် ထင်ပါရဲ့။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ညနေ ၅ နာရီ ၄၅ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ညနေ ၅ နာရီ ၄၅ မိနစ်တွင်ပြီး၏။
postလေးကအ၇မ်းတိုလွန်းနေတယ်...အလောသုံးဆယ်ေ၇းလိုက်၇သလိုမျိုး
ReplyDeleteကိုဖတ်၇သလိုဖြစ်နေတယ်....
ခင်မင်တဲ့
အောင်မော်
ကိုယ်တိုင်ရေးထားတာပေါ့နော် .........ဒါလည်းဖြစ်တာပဲလား
ReplyDeleteဖတ်လို့တော့ကောင်းပါ တယ် ဒါပေမယ့် တစ်ခုခု လိုနေသလိုပဲ ဘာလဲ ဆိုတာတော့ မပြောတတ်ဘူး..