Sunday, April 04, 2010

Gtalk အတွေးစာသားများ စုစည်းမှု (၇)


(၁)
ကုန်းကောက်ခေတ်တွင်
စာဆိုရှင်ဂေါက်ကြီးသည်
ခွေးဇာတ်ခင်းကဗျာကို
ဗရမ်းဗတာရေးဖွဲ့ကာ
ပေါက်လွတ်ပဲစားဂုဏ်တို့ဖြင့်
ကျက်သရေတုံးစွာ စီကုံးရေးဖွဲ့ထားပါသည်....။

(၂)
နားလည်ပေးရလွန်းလို့လည်း.......
နားရွက်တောင် ရှာမတွေ့တော့ဘူး .....။

(၃)
တကယ်ပြောတာ...
ရည်းစားတစ်ယောက် အလိုရှိပါသည်။
အရည်အချင်းကတော့ ချစ်တတ်ရမည်.....

(၄)
စာဆိုရင် မုန်းလွန်းလို့
ငါ့အိမ်ခေါင်မိုးပေါ်က စာသိုက်ကိုတောင်
တုတ်နဲ့ ထိုးချပစ်လိုက်တယ်...
အေးရော..........။

(၅)
မင်းတို့အလှည့်
မိုးတွေရွာထား
ငါ့အလှည့်ကျ
မိုးကြိုးပါ ပစ်ချမယ်....။

(၆)
အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်........။
အမာကိုလည်း မပျော့စေနဲ့
အဖြူကိုလည်း မမည်းစေနဲ့
အဖြောင့်ကိုလည်း မကောက်စေနဲ့.........။

(၇)
လွမ်းလွန်လွန်းလို့
လွမ်းကဗျာတစ်ပုဒ်ကိုရေးမိ
လွမ်းကြောင်းမပီပြင်
လွမ်းရသမမြောက်ပေမယ့်
လွမ်းလို့စပ်တဲ့ကဗျာ
လွမ်းတာကိုသိစေကြောင်းမို့
လွမ်းနေတာကို
လွမ်းရသူတစ်ယောက်သိရင်
လွမ်းရကျိုးနပ်ပါပြီ။

(၈)
ခွဲခွါချိန်မရောက်ခင်
ကွဲကွာခဲ့ရတော့......
ပျော်ရွှင်မှုတွေ ဆိတ်သုန်းသွားတယ် ...။

(၉)
လာပါအချစ်ရယ်.....
ဖဲသွားရိုက်မယ်...
ဘောပွဲလောင်းမယ်...
၂လုံးထီထိုးမယ် ကြည်နူးဖွယ်...
ထီကြီးပေါက်ဖို့ ရည်စူးရွယ်ကာ ဘုရားကိုတက်.....
ကန်ဘောင်မှာ တူတူထိုင်ကာ ၃လုံးကိုတွက်......
Oh Yes, Oh Yes.

(၁၀)
ကျွန်တော်တို့က ကိုယ်လုပ်နေတဲ့အလုပ်ကို
ဒါပြီးသွားရင် ငါ့တာဝန်ကျေပြီလို့ပဲ
လွယ်လွယ်ကူကူ သတ်မှတ်လိုက်ကြတယ်...
ကိုယ် လုပ်ပေးလိုက်တဲ့အလုပ်ကို တစ်ဘက်လူက
ကျေနပ်နှစ်သက်မှု အပြည့်အ၀ရှိရဲ့လား ဆိုတာကိုတော့
ပြန်လည်ဆန်းစစ်ဖို့ သတိမရတတ်ကြဘူး.....။

(၁၁)
အချိန်တန် ပြန်သွားလည်း
ကိုယ်တိုင်က ဒီအတိုင်းပဲ
လူဆိုတာက ဧည့်သည်တွေပဲလေ
ဆုံလာချိန် ခဏလေးထဲ မငြိုငြင်ရက်ဘူးကွယ်
(ကိုယ်မငိုချင်ပါဘူးကွယ်)
ကိုယ်နိုင်သလောက် အလျှော့ပေး ချစ်ချင်တယ်....။

(၁၂)
ဥုံ
Money Money
Come Come....


(၁၃)
နာကျင်တယ်ဆိုတာ....
ဒဏ်ရာ အကြီးအသေးပေါ်မှာ မူမတည်ပါဘူး။
ဘယ်လောက် ရင်းနှီးမြှုပ်နှံထားသလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်.....။

(၁၄)
သင့်ဖက်ကသာ အစစ်အမှန်တွေကို ပေးမယ်ဆိုရင်....
ကံတရားကလဲ သင့်ကို ချန်ထားမှာမဟုတ်ပါဘူး.....။

(၁၅)
အခွန်မဆောင်ရတိုင်း လာမကြောင်နဲ့။
ပါမစ်မတင်ရတိုင်း လာမရစ်နဲ့။
လေပေါတယ်ဆိုတိုင်း လာမဖောနဲ့။
ကူညီသလိုလိုနဲ့ လာမကျူနဲ့။
မကျေနပ်လို့ တိုင်လိုက်ရင် နတ်ကိုင်လိမ့်မယ်။
(မှတ်ချက်။ အင်တာနတ်)

****************
ကဲ... အမှတ်စဉ် (၇)ကိုတောင် ရောက်လာခဲ့ပါပြီ။ ကူညီခဲ့ကြတဲ့၊ ဖတ်မိသမျှကို ပြန်လက်တို့ခဲ့ကြတဲ့ ရောင်းရင်းတွေအားလုံးကို ကျေးဇူးစကားဆိုပါတယ်။ အထူးသဖြင့်တော့ အခုလို စုစည်းမှုတွေကို ကြိုက်နှစ်သက်ပါတယ်ဆိုသူတွေ၊ သဘောကျပါတယ်လို့ ဆိုလာကြသူတွေ (တချို့က လူမှုရေးအရ မကောင်းတတ်လို့ ပြောတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်)ကိုလည်း မမေ့မလျော့ ကျေးဇူးတင်ပါတယ်။ နောင်များလည်း စိတ်ဝင်စားစရာလေးတွေဖတ်မိရင် လက်တို့လိုက်ကြဖို့ မမေ့ကြပါနဲ့ဦးနော်။ နှမ်းဖြူးခွင့်ရတဲ့အတွက်လည်း ဘယ်သူတွေမှန်း အတိအကျမသိနိုင်တဲ့ မူရင်းရေးသားကြသူတွေကို ဒီနေရာကနေပဲ အသိအမှတ်ပြု၊ ကျေးဇူးစကား ဆိုလိုက်ပါရစေ။ နောက်ထပ် အမှတ်စဉ်တွေအများကြီး ဆက်လာဦးမယ်လို့ မျှော်လင့်မိပါရဲ့။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၄ ရက်၊ တနင်္ဂနွေနေ့။
နေ့လည် ၂ နာရီ ၀၁ မိနစ်။

1 comment:

  1. (၁၁)
    အချိန်တန် ပြန်သွားလည်း
    ကိုယ်တိုင်က ဒီအတိုင်းပဲ
    လူဆိုတာက ဧည့်သည်တွေပဲလေ
    ဆုံလာချိန် ခဏလေးထဲ မငြိုငြင်ရက်ဘူးကွယ်
    (ကိုယ်မငိုချင်ပါဘူးကွယ်)
    ကိုယ်နိုင်သလောက် အလျှော့ပေး ချစ်ချင်တယ်....။

    အဲ့သီချင်းနာမည်နဲ့ဆိုသူကို သိချင်လို့ပါ

    ReplyDelete

 
Web Statistics