Saturday, May 29, 2010

စကားပုံဆုံးမစာ - သူတော်ဦးနု


  1. ဗုဒ္ဓဆာယာကိုတွယ်ရမည်၊ ယုတ်လှတာကိုပယ်ရမည်။ ဗုဒ္ဓဆာယာကိုတွယ်မှ အေးမြရာသည်။ ယုတ်လှတာကိုပယ်မှ ဘေးပကွာသည်။
  2. သေရည်ကိုမသောက်နှင့်၊ ရေကြည်ကိုမနှောက်နှင့်။ သေရည်ကိုသောက်က အပါယ်ဘုံသို့ကျတတ်သည်။ ရေကြည်ကိုနှောက်က အနယ်မှုန်တို့ ထတတ်သည်။
  3. ထင်တိုင်းလည်း နှိပ်၍မဆိုနှင့်၊ ၀င်တိုင်းလည်း သိပ်၍မမျိုနှင့်။ ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ်ပွားတတ်သည်။ ၀င်တိုင်းသိပ်၍မျိုက အန္တရာယ်များတတ်သည်။
  4. အယုတ်တရားကို အလိုမရှိနှင့်၊ မဟုတ်စကားကို မဆိုဘိနှင့်။ အယုတ်တရားကို အလိုရှိက ဘဂ၀ါ၏စကားကို ပယ်ရာကျချေသည်။ မဟုတ်စကားကိုဆိုဘိက သမာဓိတရားတို့ ကွယ်ပရလေသည်။
  5. အမျိုးယုတ်သူ အဆင်းလှလျှင်သတိထား၊ တန်ခိုးနုတ်သူ ထမင်းဝလျှင် မကြည်စားနှင့်။ အမျိုးယုတ်သူ အဆင်းလှက ဇာဂတန်တတ်သည်။ တန်ခိုးနုတ်သူ ထမင်းဝက မာနထန်တတ်သည်။
  6. မတော်ဘဲကိုမ၀ယ်နှင့်၊ မခေါ်ဘဲကိုမလာနှင့်။ မတော်ဘဲကိုဝယ်လေက သပြာဓနရှုံးတတ်သည်။ မခေါ်ဘဲကိုလည်ချေက မကြာခဏမုန်းတတ်သည်။
  7. ခရီးကိုလည်း အပြင်းမသွားနှင့်၊ မီးကိုလည်း အကြွင်းမထားနှင့်။ ခရီးကိုအပြင်းသွားက မှားတတ်သည်။ မီးကိုအကြွင်းထားက ပွားတတ်သည်။
  8. ဆရာပြောသမျှကို အပြီးမမှားလေနှင့်၊ အနာရောဂါကို မကြီးပွားစေနှင့်။ ဆရာပြောသမျှကို အပြီးမှားက မုချမှောက်တတ်သည်။ အနာရောဂါကို ကြီးပွားစေက ဒုက္ခရောက်တတ်သည်။
  9. စကားစကားပြောဖန်များ စကားထဲက ဇာတိပြ၍ မာနတံခွန်ထူတတ်သည်။ တရားတရား ဟောဖန်များ တရားထဲကပါဠိရ၍ ဒါနအလွန်လှူတတ်သည်။
  10. သံသရာလောက၊ နှစ်ဝအကျိုး၊ ပွားတိုးစေမှု၊ အာရုံပြုလျက်၊ ဦးနုမည်ခေါ်၊ ငါသူတော်လျှင်၊ နာပျော်ဖွယ်ရာ၊ ဆုံးမစာကို၊ တကာ-တကာမ၊ မှတ်သားကြ၍၊ နေ့ညလေ့ကျက်ကြပါလော့။
သူတော်ဦးနု (ခရစ် ၁၉ ရာစု)

No comments:

Post a Comment

 
Web Statistics