To manage a system effectively, you might focus on the interactions of the parts rather than their behavior taken separately.
စနစ်တစ်ခုကို ထိထိရောက်ရောက် စီမံခန့်ခွဲမယ်ဆိုရင် စနစ်ထဲမှာပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့ သူ့တစ်ဦးချင်း သီးခြားပြုမူပုံတွေထက် အဲဒီအစိတ်အပိုင်းတွေ အချင်းချင်း အပြန်အလှန် အကျိုးပြုပုံကို အာရုံစိုက်ရလိမ့်မယ်။
The significant problems we face cannot be solved at the same level of thinking we were at when we created them.
ကျွန်ုပ်တို့ အခုရင်ဆိုင်နေရတဲ့ အရေးကြီးပြဿနာတွေကို သူတို့ကို ကျွန်ုပ်တို့ဖန်တီးခဲ့စဉ်က စဉ်းစားခဲ့ပုံ အဆင့်လောက်နဲ့ ဖြေရှင်းလို့တော့ မရနိုင်ပေဘူး။
Lead and inspire people. Don't try to manage and manipulate people. Inventories can be managed but people must be lead.
လူတွေကို ခေါင်းဆောင်ပါ။ စေ့ဆော်ပါ။ လူတွေကို စီမံဖို့ မကြိုးစားပါနှင့်၊ ကြိုးကိုင်ဖို့ မစဉ်းစားပါနှင့်။ စာရင်းအင်းတွေကို စီမံခန့်ခွဲလို့ရတယ်။ လူတွေကိုကျတော့ ဦးဆောင်မှုပေးရမှာ။
We must become the change we want to see.
ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့မြင်ချင်တဲ့ အပြောင်းအလဲ ဖြစ်လာစေရမယ်။
In war, three quarters turns on personal character and relations; the balance of manpower and materials counts only for the remaining quarter.
စစ်ပွဲတစ်ပွဲရဲ့ လေးပုံသုံးပုံဟာ လူပုဂ္ဂိုလ် အကျင့်စရိုက်နဲ့ ဆက်ဆံရေးအပေါ် မူတည်တယ်။ လူအင်အားနဲ့ ရုပ်ဝတ္ထုပိုင်းကို ထိန်းညှိမှုက ကျန်တဲ့လေးပုံတစ်ပုံပဲ ဖြစ်တယ်။
Leadership should be born out of the understanding of the needs of those who would be affected by it.
ခေါင်းဆောင်မှုရဲ့ ကောင်းကျိုးဆိုးကျိုးကို ခံစားကြရမည့်သူများရဲ့ လိုအပ်ချက်များကို နားလည်ခြင်းကနေ ခေါင်းဆောင်မှု ပေါ်ပေါက်လာဖို့ ကောင်းတယ်။
Nancy Astor: Winston, if I were married to you I'd put poison in your coffee.
Winston Churchill: Nancy, if you were my wife, I'd drink it.
နန်စီအက်စတာ။ ၀င်စတန်၊ ရှင့်ကိုသာ ကျွန်မလက်ထပ်ရရင် ရှင့်ကော်ဖီခွက်ထဲ ကျွန်မ အဆိပ်ခတ်မိမှာပဲ။
ဝင်စတန်ချာချီ။ နန်စီ၊ မင်းသာ ငါ့မိန်းမဆိုရင် အဲဒီကော်ဖီခွက်ကို ငါသောက်ချလိုက်မှာပဲ။
I have climbed to the top of the greasy pole.
ကျွန်ုပ်တော့ ချောတိုင်ထိပ်အထိ တက်နိုင်ခဲ့ပြီ။
7Day News ဂျာနယ်
အတွဲ (၉)၊ အမှတ် (၇)
၁၃၇၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ ကြာသပတေး၊ (မေ ၆၊ ၂၀၁၀)
စာမျက်နှာ - ၂၉
အတွဲ (၉)၊ အမှတ် (၇)
၁၃၇၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ ကြာသပတေး၊ (မေ ၆၊ ၂၀၁၀)
စာမျက်နှာ - ၂၉
No comments:
Post a Comment