Monday, May 17, 2010

သင့်မွေးရက်ကပြောသော သင့်အကြောင်း


ပထမဆုံးအနေနဲ့ ကိုယ့်မွေးနေ့အလိုက် သတ်မှတ်ထားတဲ့ အကောင်တွေဟာ ဘာလဲဆိုတာ အရင်ဆုံးလိုက်ရှာလိုက်ပါ။ ဥပမာအနေနဲ့ မတ်လ ၂၅ ရက်နေ့ မွေးတဲ့လူတစ်ယောက်ဆိုပါစို့။ ဒါဆိုရင် သူ့ရဲ့ အကောင်သတ်မှတ်ချက်ဟာ မတ်လရဲ့ အောက်မှာရှိတဲ့ [၂၄ - ၃၁ ကြောင်] ဖြစ်တာကြောင့် သူ့အတွက် ဖတ်ရမယ့် အကြောင်းအရာဟာ ကြောင် ဖြစ်ပါတယ်။ အခြားသော နေ့များကိုလည်း ထိုနည်းတူစွာရှာပြီး သက်ဆိုင်ရာ ရှင်းလင်းချက်တွေမှာ သွားဖတ်ကြည့်ကြဖို့ ဖြစ်ပါတယ်။ ရေးထားတာတွေဟာ အလုံးစုံမှန်တယ်လို့ မဆိုနိုင်ပေမယ့် ဖတ်တဲ့လူအတွက်တော့ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ စိတ်ဝင်စားစရာကောင်းမယ်၊ ပျော်စရာကောင်းမယ်၊ အပျင်းပြေမယ်လို့ မျှော်လင့်ရတာပါပဲ။ ပျော်ရွှင်ကျေနပ်နိုင်ကြပါစေ။

January
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

February
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

March
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

April
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်

May
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့

June
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်

July
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်

August
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်

September
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး

October
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်

November
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်

December
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်

ခွေး
အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့်ပတ်သက်ပြီး ရိုးသားဖြောင့်မတ်ကာ အလုပ်ကို လေးစားသူဖြစ်ပြီး ပင်ကိုစိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်းရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့် အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့် ခေတ်ပေါ် အ၀တ်အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ်ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်းအသင်းများနှင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။

ကြွက်
အကယ်၍ သင့်မွေးနေ့သည် ကြွက် ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး လူစုံသည့် ပွဲလမ်းသဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော် သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာ အဆင်ပြေမည်ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်က စကားမှား၍ ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်းမရှိသူ ဖြစ်သည်။

ခြင်္သေ့
အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့် ဆန့်ကျင်စွာပင် ငြိမ်းချမ်းရေးကို လိုလားနှစ်သက်သူ ဖြစ်သည်။ ရန်ကို ရှောင်ရှားလေ့ရှိပြီး တင်းမာမှု အခြေအနေမျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည်နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင်ဗီဇ ရှိသူဖြစ်သည်။ လုပ်ငန်းခွင်တွင် အပေါင်းအသင်းများအား အလုပ်တွင်ကျယ်စေရန် နည်းပရိယာယ် ကြွယ်ဝစွာဖြင့် စည်းရုံးသိမ်းသွင်းနိုင်သူလည်း ဖြစ်သည်။ သူတစ်ပါး၏ ချစ်ခင်မြတ်နိုးမှုကို လိုလားပြီး တစ်စုံတစ်ယောက်က ကိုယ့်ကိုဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်းများစွာ တုံ့ပြန်မှုပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်းအသင်းများက မြှောက်ပင့်ခိုင်းစေတတ်သည်ကို အထူးသတိပြုပါ။

ကြောင်
အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်ကောင်းသူ ဖြစ်သည်။ တစ်ခါတစ်ရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဉာဏ်ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ်သက်သက် နေရသည်ကို ပိုပြီး လိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင်တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူလည်း ဖြစ်သည်။ ခေတ်မီအ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူ တစ်ဦးအဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများနှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။ အပေါင်းအသင်းပေါင်းရာတွင် လူရွေးပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။

လိပ်
အကယ်၍ သင်၏ မွေးရက်သည် လိပ် ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ တစ်ဦးဖြစ်ပြီး စိတ်နှလုံးကောင်းရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကို သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ တစ်စုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ၀န်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ မည်သူ တစ်ဦးတစ်ယောက် အကြောင်းကိုသော်မှ နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့အပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှု မရှိ။ အရာရာမှာ ရက်ရောသူတစ်ဦး ဖြစ်သည်။

ချိုးငှက်
အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာ နေထိုင်လေ့ရှိပြီး ဘ၀မှာ ကံကောင်းသူတစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ရှိပြီး ပတ်ဝန်းကျင်၏ ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့်ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများကြားတွင် ကိုယ်က ခေါင်းဆောင်ဖြစ်သည်။ မိတ်ဆွေများ အရေးကြုံတိုင်း နှစ်သိမ့်အားပေး တတ်သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူများနှင့် ဝေးအောင်နေတတ်သည်။ လုပ်ငန်းခွင်တွင် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သည်။ အထူးသတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦးဖြစ်သည်။

ကျားသစ်နက်
အကယ်၍ သင့်မွေးနေ့သည် ကျားသစ်နက် ဖြစ်ပါက သင်သည် လျှို့ဝှက်တတ်သူ တစ်ဦးဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူ ဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်းများနှင့် အတင်းပြောရသည်ကို ၀ါသနာပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင်ကြိုးစားတတ်သော်လည်း သင့်ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ဖြစ်နိုင်စွမ်း မရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေအချို့နှင့် ဆက်ဆံရေး ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူ ဖြစ်သည်။

မျောက်
အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှုလွန်ကဲသူဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင်ဖြစ်ပြီး အများ၏ အာရုံစိုက်မှုကို ခံယူလိုသူလည်း ဖြစ်သည်။ မိမိလုံခြုံမှုကို အထူးဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိအစွန်း ရှိလာပြီဆိုလျှင် လူတိုင်းကို လိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အလုပ်ကိုမဆို စ,မလုပ်ခင်ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမအာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ်ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူများလည်း ဖြစ်တတ်သည်။

************
အစ်မကြီးတစ်ယောက်က အီးမေးလ်ကနေတစ်ဆင့် forward လုပ်ပေးလိုက်တာလေးပါ။ အများစုက ဖတ်ဖူးပြီးသားများ ဖြစ်နေမလားတောင် မသိပါဘူး။ မဖတ်ရသေးသူတွေအတွက် ဖတ်ကြည့်ဖို့ ပြန်ညွှန်းချင်သူတွေအတွက် တင်ပေးလိုက်တာပါ။ သဘောကျစရာလေးတစ်ခုပါ။ ဘယ်သူရေးထားမှန်း မသိတဲ့အတွက် ရေးသူနာမည်ကို မဖော်ပြနိုင်ပါဘူး။ ဘာသာပြန်ထားတာတစ်ခုဖြစ်မယ် ထင်ပါတယ်။ အင်္ဂလိပ်လိုရေးထားတဲ့ အဲဒါမျိုးတစ်ခုကို ဖတ်ဖူးလို့ပါ။ တကယ်လို့များ ဘယ်သူရေးထားတယ်၊ ဒါမှမဟုတ် ဘယ်သူဘာသာပြန်ထားတယ်ဆိုတာ သိခဲ့ရင် လက်တို့လိုက်ကြပါဦးနော်။ ရေးသူနာမည်ကို ပြန်ထည့်ပေးချင်လို့ပါ။ ရေးထားတဲ့လူကို ကိုယ်ချင်းစာလို့ပါ။ အရင်တုန်းက ကိုယ့်အကြောင်းကိုယ် ဖတ်ကြည့်ပြီးပြီဆိုရင်လည်း ကိုယ်နဲ့ပေါင်းသင်းနေတဲ့ လူတွေဟာ ဘယ်လိုမျိုးပါလိမ့်၊ ကိုယ့်ရဲ့ အရင်းနှီးဆုံးလူတွေဟာ ဘယ်လိုစိတ်ရှိပါလိမ့်ဆိုပြီး ပြန်ဖတ်ကြည့်စေချင်ပါတယ်။ အပြည့်အ၀မဟုတ်ပေမယ့် အနီးစပ်ဆုံး ယေဘုယျတော့ မှန်တာကို တွေ့ရပါတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ထက် ကျွန်တော့်သူငယ်ချင်းတွေရဲ့ မွေးနေ့တွေကို လိုက်ဖတ်တာကို ပိုသဘောကျတယ်။ ကိုယ့်ကိုယ်ကိုယ်က ဘယ်လိုလူမျိုးဆိုတာ သူများကပဲ သိနိုင်တာလေ။ အဲဒီအတွက် သိပ်စိတ်မ၀င်စားမိဘူး။ အခြားလူတွေဟာ ဘယ်လိုမျိုးပါလိမ့်ဆိုပြီး စိတ်ဝင်တစား ဖတ်ကြည့်မိတော့ အံ့သြလောက်အောင်မှန်တဲ့ အချက်အချို့ကို သွားတွေ့တယ်။ ဘာပဲဖြစ်ဖြစ် အလုပ်နားချိန်လေးမှာ အပျင်းပြေဖြစ်ဖြစ်တော့ ဖတ်လို့ကောင်းမယ်ထင်ပါရဲ့။ ဘယ်သူမှန်းမသိတဲ့ မူရင်းရေးသူနဲ့ forward လုပ်ပေးတဲ့ အစ်မကြီးကို ကျေးဇူးတင်ပါတယ်နော်။ ------------ [ကိုဉာဏ်]

2 comments:

  1. Anonymous3:50 AM

    သူများတွေအတွက်တော့ မသိ၊ တို့ အတွက်တော့ တို့  စရိုက်နဲ့  အံကိုက်ပါပဲ။ ကျေးဇူး

    ReplyDelete
  2. ဟုတ်ကဲ့၊ သဘောကျတယ်ဆိုတဲ့အတွက် ကျေးဇူးပါပဲ။ ကျွန်တော်က ဇွန်းတပ်ပေးရုံပဲ လုပ်ပေးရတာပါ။ ဒါလေးကို ဘာသာပြန်ထားတဲ့လူက ကောင်းတာကြောင့် ဖြစ်ပါလိမ့်မယ်။ ဘယ်သူရေးထားမှန်း မသိတဲ့အတွက် သူ့နာမည်လေး မဖော်ပြနိုင်တာကိုတော့ စိတ်မကောင်းဘူး။ ဖော်ဝက်တွေထဲမှာ အဲဒီလို နာမည်ပျောက်ပြီး လည်ပတ်နေတာတွေ တော်တော်များနေပြီ။ ဖန်တီးတဲ့လူရဲ့ ရင်တွင်းခံစားချက်ကို နားမလည်ကြသေးဘူး။ ဘာပဲဖြစ်ဖြစ် ဒါလေးကို သဘောကျတဲ့လူ များတယ်ဆိုတဲ့အတွက် ပြန်တင်ပေးရကျိုးနပ်သလို ၀မ်းသာကျေနပ်ရပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

    ReplyDelete

 
Web Statistics