Thursday, May 06, 2010

Gtalk အတွေးစာသားများစုစည်းမှု (၁၀)


(၁)
ချစ်သူဆီကအပြန်
ဖိနပ်မှတ်လို့ ကောက်စီးလာတာ
ငါ့မာနတွေ ဖြစ်နေတယ်
တော်တော်တောင် ပါးနေပြီပဲ
ရှိပါစေတော့ ချစ်နေတာကို....။

(၂)
အရည်အသွေး မပြောင်သေးခင်
ကလေးက လှောင်
ခွေးက ဟောင်သည်
အမောင်ဒီတွက် စိတ်မပျက်နှင့်
ရှေ့ဆက်ပြီးတော့ အလုပ်လုပ်....။
(အရှင် သုမင်္ဂလာလင်္ကာရ)


(၃)
Where ever you go ...
where never you do ..
I wait you right here waiting for you .....!

(၄)
အလန်းဆုံးည
အလင်းဆုံးကြယ်
ဘဝရဲ့နယ်ပယ်ကျယ်ထဲ
မကြောက်တမ်းပဲ လျှောက်ခဲ့တယ်
မလျှော့သော ဇွဲလုံ့လနဲ့
အောင်မြင်မှုပန်းတိုင်ကို
လှမ်းကိုင်အနိုင်ရတဲ့အချိန်မှာ
နွေးထွေးတဲ့ လက်တစ်စုံနဲ့
ဘဝကိုရင်ခုန်
ရသစုံကိုခံစား
ခဏလောက်တော့နားပါကွယ်
....။

(၅)
All actions you do on everything is your morality.

(၆)
လူတစ်ယောက်မှာ နှလုံးသားဆိုတာ တစ်ခုပဲရှိတယ်၊
အချစ်ဆိုတာလည်း တစ်ယောက်တည်းအတွက်ပါပဲ....။

(၇)
ကျလိုက်တဲ့ငွေဈေး
ကုန်ဈေးနှုန်းလေးများ အဲဒီလို ကျလိုက်ပါလားကွယ်။

(၈)
အချစ်ဆိုတာ DOTA ခုတ်တာလောက် ပျော်ဖို့ ကောင်းလို့ လား.............?
NEED 4 SPEED လောက်ရော ရင်ခုန်ရလို့ လား.......................?
COUNTER STRIKE လောက် ပြင်းထန်လို့ လား........................?
နေစမ်းပါ....
LOVER လုပ်မယ့်အစား
GAMER ပဲ လုပ်တော့မယ်........။

(၉)
မင်းသိသလိုမထင်ပါနဲ့
မင်းတွေးသလိုမမြင်ပါနဲ့
ယိုင်နဲ့သွားမယ့် အချစ်မဟုတ်ဘူး...။

(၁၀)
ငါ့ထက် ခွင့်လွှတ်တတ်သူကို တွေ့ခဲ့ရင်
ငါ့ကို..... စွန့်ခွာသွားပါ။
ငါ့ထက် တမ်းတတတ်သူနဲ့ ဆုံမိခဲ့ရင်
ငါ့ကို..... မေ့ထားခဲ့ပါ။
ငါ့ထက် သံယောဇဉ်ကြီးသူကို ခလုတ်တိုက်မိခဲ့ရင်
ငါ့ကို..... ချန်ထားခဲ့ပါ။

(၁၁)
အချစ်ဆိုတာကို စာလုံးပေါင်းတတ်ဖို့နေနေသာသာ
အချစ်ဆိုတဲ့ စကားလုံးကိုတောင် မင်းနဲ့တွေ့မှ
ပထမဆုံး ကြားဖူးခဲ့ရတာပါ....။

(၁၂)
အချို့သောအရာတွေမှာ...
အရာအားလုံးကို သိနားလည်တာထက်
ဘာမှမသိတာမျိုးက ပိုကောင်းတတ်ပါတယ်။
အဲ... မသိချင်ယောင် ဆောင်နေရတာမျိုးကတော့ နည်းနည်းကသိကအောက် နိုင်တာပေါ့ဗျာ။

(၁၃)
Gtalk သာမရှိခဲ့ရင်...
မင်းနှလုံးသားနဲ့ ငါ့နှလုံးသားကို
ဘယ်တံတားနဲ့ ဆက်သွယ်ရမလဲလို့ တွေးနေမိတယ်။

(၁၄)
ချစ်ရမှာကို ကြောက်တယ်တဲ့လား?
ကြောက်လို့တော့ မချစ်လိုက်ပါနဲ့နော်...။

(၁၅)
လိပ်လိုနှေးတဲ့ အင်တာနက်ကိုစီးပြီး ကမ္ဘာ့ရွာကိုပတ်နေရတာ ဖြစ်တဲ့အတွက် မင်းဆီအရောက် နောက်ကျနေခဲ့ရင် နားလည်ပေးပါနော်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၆ ရက်၊ ကြာသပတေးနေ့။
ည ၈ နာရီ ၃၈ မိနစ်။

No comments:

Post a Comment

 
Web Statistics