(၁)
အာဒမ်က ရွေးစရာမရှိလို့ ဧ၀ကိုချစ်တာပါ...ငါက ရွေးစရာတွေ အများကြီးထဲက နင့်ကို ချစ်တာပါ...။
(၂)
အထင်တော့မလွဲလိုက်ပါနဲ့
E-mail စာများ ရောက်မလာခဲ့ရင်
မ ကိုလေ မငြိုငြင်ပါနဲ့နော်
မ တို့ မိန်းမသားဘ၀မှာ online တက်နိုင်ဖို့ရာ
connection ကောင်းဖို့ ဆုတောင်းနေရတာ။
(၃)
ဒီမှာဟေ့ကောင်...မြင်တိုင်း လာလာ add ပြီး
မေးတော့လည်း မဖြေဘူး
တလူလူနဲ့
ဘယ်တိရစ္ဆာန်မှ အွန်လိုင်း မတက်ဘူး....။
(၄)
1 ယောက်ထဲကို
2 လုံးသားနဲ့
3 သပ်ပြီး
4 နက်တဲ့
5 အချစ်ကို
6 သွေ့တဲ့
7 အားနဲ့
အ 8 ကို
9 ကွယ်ပြီး
10 ကမ္ဘာတိုင်အောင် ချစ်သွားမှာပါ....။
(၅)
လူတိုင်းမေးကြ မကောင်းလှ
စိတ်ကိုထိခိုက် လူကိုသတ်
သူ့ရဲ့လက်နဲ့ ဘာမဆိုနှိုက်
နှိုက်တာက အသက်နော်
ဟဲ.. ဟဲ.... မှားမှာစိုးလို့။
(၆)
စာမှန်မှန်ကြည့် လေးလုံးဖြစ်
ကျောင်းမှန်မှန်တက် စာတွေခက်
ကျောင်းမှန်မှန်ပြေး စာမရေး
မတတ်ရင်ခိုးချ ပထမရ
ကျောင်းမှန်မှန်တက် ပိုက်ဆံထွက်...။
(၇)
ရှိနေမှန်းမသိရဘူး။
သိတဲ့အချိန်ကျတော့ အမြစ်တွယ်နေပြီလေ။
(၈)
အတူနေတဲ့ ဘ၀တစ်လျှောက်မှာ
ခရီးဆက်ဖို့မဖြစ်နိုင်ပါ။
တစ်ယောက်နဲ့တစ်ယောက် နားလည်ရင်
ဘာတွေပဲဖြစ်ဖြစ်
အတူကျော်ဖြတ်သွားနိုင်မှာပါ။
(၉)
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်၊
မေ မ-chat မေသာငတ် မေ့နေရာ လူမလပ်၊
မောင် မ-chat မောင်သာငတ် မောင့်နေရာ လူမလပ်၊
အဲဒါ အွန်လိုင်းဇာတ်....။
(၁၀)
ဘယ်အချိန်ပဲဖြစ်ဖြစ် နင့်ကိုငါ လွမ်းတယ်။
နင့်ဘေးမှာ ငါမရှိပေမယ့်
ငါ့အလွမ်းထဲမှာ နင်အမြဲရှိတယ်။
ငါ့နှလုံးသားထဲမှာ နင်နေရာအပြည့်ယူထားတယ်။
(မှတ်ချက် - အပေါ်က စာသားတွေရဲ့ဘေးမှာ တင်ထားတဲ့ပုံက ဘီယာခွက်နဲ့ ဘီယာဘူးပုံ ဖြစ်ပါသည်)
(၁၁)
အချစ်ဆိုတာကို နားလည်လာရတယ်။
(၁၂)
ကိုယ့်အနားရှိစေချင် ပေမယ့်
နီးနီးလေးနဲ့ ဝေး နေရတယ်နော်။
အရင်ကဇာတ်လမ်းလေး အတိုင်း
လမ်းဆုံ မှာ ရပ်နေတဲ့အခါ
ကြင်နာသူနှစ်ဦးဆုံနိုင်ရန် သီချင်းကိုဆိုကြမယ်။
လမ်းမခွဲကြေး ဆိုပေမယ့်
သံယောဇဉ် ကို ဖြတ်ကြရဦးမယ်။
ပျော်ရွှင်ခြင်းနိုင်ငံ ကို အတူသွားချင်ပေမယ့်
ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေနဲ့အတူ
ရွက်လွှင့်ခြင်း လုပ်နေရဦးမယ်။
တကယ်ဆိုရင် အချစ်ပဲလိုတယ် ဆိုပေမယ့်
မင်းနဲ့ငါ ဟာ
လမင်းနဲ့ ပင်လယ် ပါ။
**********
ဂျီတော့ခ်စာသားလေးတွေ စုပေးထားတာကို သဘောကျကြတယ်လို့ သိရတဲ့အတွက် ၀မ်းသာရပါတယ်။ အားပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဂျီတော့ခ်ဝင်လိုက်တာနဲ့ အခြားလူတွေများ စတေးတပ်မက်ဆေ့ခ်ျအသစ်လေးတွေ ရေးထားသလားဆိုပြီး လိုက်ဖတ်ရတာ အမော။ တွေ့သမျှလူကိုလည်း စာသားကောင်းတာလေးတွေတွေ့ရင် ပို့ပေးဖို့ ခဏခဏ မှာရသေးတယ်။ ဘာပဲဖြစ်ဖြစ် အခုလို အမှတ်စဉ် (၁၁) အထိ ရောက်လာတာကိုတော့ အံ့သြ၀မ်းသာမိတာ အမှန်ပါပဲ။ ကျေနပ်ပျော်ရွှင်နိုင်ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁၀ နာရီ ၂၈ မိနစ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁၀ နာရီ ၂၈ မိနစ်။
No comments:
Post a Comment