- လမ်းသွားစဉ် ကျယ်လောင်စွာ စကားမပြောရ။ (ညအချိန် လမ်းလျှောက်စဉ် ကျယ်လောင်စွာ သီချင်းဆိုခြင်း မပြုရ)။
- လမ်းတွင်ရပ်၍ စကားပြောလျှင် လွတ်ရာသို့ ရှောင်၍ ပြောရာ၏။
- လမ်းသည် လူအများသွားလာရန်ဖြစ်၏။ မိမိတို့ကြောင့် အနှောင့်အယှက် မဖြစ်အပ်ပေ။ မြို့ကြီးများတွင် လမ်းဘေးစင်္ကြံမှ သွားလာခြင်း၊ အခြားကန့်သတ်နေရာများမှ သွားလာခြင်း စသော ကန့်သတ်ချက်များ ထားတတ်၏။ ကန့်သတ်သည့်အတိုင်း လိုက်နာရန် သတိပြုရာ၏။
- ရဟန်းသံဃာတော်များ၊ သူအိုများ၊ မိန်းမများနှင့် ကလေးသူငယ်များကို မိမိက လမ်းဖယ်၍ ပေးရာ၏။
- ထီး၊ တုတ် စသည်တို့ကို ယူဆောင်သွားပါက အချွန်ကို အောက်ဘက်သို့ စိုက်ကာ ကိုင်ဆောင်ရာ၏။
- လမ်းပေါ်တွင် သစ်သီးခွံများကို ပစ်မထားပါနှင့်။
- မီးရှိသော ဆေးလိပ်တိုကိုလည်း လမ်းပေါ်တွင် မပစ်ပါနှင့်၊ နင်းမိသူ အပူလောင်တတ်သည့်အပြင် မီးဘေးအန္တရာယ် ကြုံတွေ့နိုင်သည်။
- အမှိုက်၊ စက္ကူစုတ် စသည်တို့ကို လမ်းမပေါ်တွင် မပစ်ပါနှင့်၊ လမ်းဘေးရှိ အမှိုက်စွန့်ရာပုံးများထဲသို့ ထည့်ပါ။
- လူကို ဒုက္ခပေးနိုင်သော ခဲ၊ ဆူး၊ ခလုတ်၊ ပုလင်းကွဲ စသည်တို့ကို လမ်းမပေါ်တွင် တွေ့ရှိပါက ဖယ်ရှားပစ်ရာ၏။
- ၀န်လေး သယ်ဆောင်လာသူများအား မိမိက ရှောင်ဖယ်ရာ၏။
- လမ်းကိုဖြတ်ကူးလျှင် မော်တော်ကား၊ ရထား၊ ဆိုင်ကယ်၊ စက်ဘီးစသည်တို့ အန္တရာယ်ကို သတိထား၍ ကူးရာ၏။
- လမ်းတွင်တွေ့၍ နှုတ်ဆက်ရာ၌ "လက်အုပ်ကြာငုံ၊ ရင်မှာထားသည့်" လေးမြတ်စွာ၊ ဂါရ၀ပြု နှုတ်ခွန်းဆက်သင့်သူကို လက်အုပ်ရင်မှာချီ၍ လည်းကောင်း၊ "ဦးညွတ်နှုတ်ဆက်" တန်သူကို ဦးညွတ်၍လည်းကောင်း၊ "ပြုံး၍ နှုတ်ဆက်" တန်သူကို ပြုံး၍လည်းကောင်း ပြုရာ၏။
- မြို့ကြီးများတွင် အလုပ်ကိစ္စများ၍ အလျင်လိုသည်ဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး စကားဖြင့် နှုတ်ဆက်ခြင်းကို သတိပြု၍ ရှောင်နိုင်သမျှ ရှောင်ရာ၏။
- တစ်ဦးတစ်ယောက် မတော်တဆ ထိခိုက်မိ၍ဖြစ်စေ၊ အခြားကိစ္စအတွက် တောင်းပန်ရန်ဖြစ်စေ ရှိခဲ့လျှင် သင့်လျော်ရာ ယဉ်ကျေးသော စကားအသုံးနှုန်းတို့ဖြင့် ယဉ်ကျေးစွာ တောင်းပန်ရမည်၊ မိမိအား တောင်းပန်လျှင်လည်း ယဉ်ကျေးစွာ ပြန်လည်ပြောဆိုရာ၏။
RELATED:
၁။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများ
၂။ ဆက်ဆံရေးတာဝန်များ (ယဉ်ကျေးမှု) (အိမ်၌ယဉ်ကျေးခြင်း)
၃။ ဆက်ဆံရေးတာဝန်များ (ယဉ်ကျေးမှု) (ကျောင်း၌ယဉ်ကျေးခြင်း)
No comments:
Post a Comment