(မိန်းကလေး လူငယ်များ အပါအ၀င်) ယနေ့လူငယ်တို့သည် မိမိတို့ဘ၀၊ မိမိတို့ခေတ်၊ မိမိတို့နိုင်ငံတော်အတွက် ကဏ္ဍသစ် ဖွင့်ရမည်။
သမိုင်းတစ်လျှောက်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်အခြေအနေကိုပဲ ရောက်နေနေ ငါတို့ခေတ်ကို ငါတို့ ဖန်တီးမည်။ ဖန်တီးနိုင်အောင်လည်း ကြိုးစားမည်ဟူသော စိတ်မျိုး လူငယ်များ၏ နှလုံးသားတွင် ကိန်းဝပ်နေစေချင်သည်။
ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်၊ ဘယ်စနစ်ကြီးကြောင့် စသည်ဖြင့် ဟိုဟာလွှဲချ၊ ဒီဟာလွှဲချနှင့် ဆင်ခြေကန်ပြီး ယောင်ပေပေ လုပ်နေသည့် အဖြစ်မျိုးမှ လွတ်မြောက်စေချင်သည်။
အရေးကြီး သိထားဖို့ (အမှတ်ထင်ထင်၊ ခိုင်ခိုင်မာမာကြီး သိထားဖို့) လိုအပ်သည်က လူကြီးဆိုသည်မှာ သေဖို့နီးလာသောသူများကို ခေါ်ကြောင်း (မှတ်မိနေကြဖို့) ပင် ဖြစ်သည်။
အောင်သင်း
အမေ့သား
သရဖူ၊ ဇူလိုင်၊ ၁၉၉၅။
အမေ့သား
သရဖူ၊ ဇူလိုင်၊ ၁၉၉၅။
မှတ်သား လိုက်နာစ၇ာ ကောင်းလိုက်တာ။
ReplyDelete