Thursday, June 17, 2010

ဘားရက်အိုဘားမားရဲ့ လူမသိ၊ သူမသိ အချက်အလက်များ


barackobamaa.jpg
  1. အိုဘားမားဟာ ပင့်ကူလူသား (Spider Man) နဲ့ ကိုနန် (Conan the Barbarian) ကာတွန်းစာအုပ်တွေကို စုဆောင်းသူဖြစ်ပါသတဲ့။
  2. အထက်တန်းကျောင်းတုန်းက သူ့သူငယ်ချင်းတွေ သူ့ကိုခေါ်ကြတဲ့ နာမည်ပြောင်က O'Bomber တဲ့။ သူ့ရဲ့ ဘတ်စ်ကတ်ဘောစွမ်းရည်ကြောင့်လို့ ဆိုပါတယ်။
  3. အိုဘားမားဟာ ဟယ်ရီပေါ်တာ စာအုပ်အားလုံးကို ဖတ်ရှုသူပါတဲ့။
  4. သူဆယ်ကျော်သက်အရွယ်တုန်းက Baskin-Robbins ရေခဲမုန့်ဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးပါသတဲ့။
  5. သမ္မတရွေးကောက်ပွဲ မ၀င်ခင်တုန်းက သူ့ဇနီးမီရှယ်လ်ကို ဆေးလိပ်ဖြတ်ပါမယ်လို့ ကတိပေးခဲ့ပါသတဲ့။ ဒါပေမယ့် အဲဒီကတိ မတည်ပါဘူး။
  6. ကျောင်းသားဘ၀တုန်းက အကြွေးတွေကို သူ့ရဲ့စာအုပ် ထုတ်ဝေဖို့ လက်မှတ်ထိုးတဲ့ လွန်ခဲ့တဲ့ ခြောက်နှစ်ကမှ ပြန်ဆပ်ခဲ့တာပါတဲ့။
  7. အိုဘားမားဟာ ဘယ်သန်ဖြစ်ပါတယ်။
  8. မိုဟာမက်အလီကိုယ်တိုင် လက်မှတ်ထိုးပေးထားတဲ့ အနီရောင် လက်ဝှေ့အိတ်တစ်စုံ သူ့မှာ ရှိပါသတဲ့။
  9. စပိန်စကား ပြောနိုင်ပါတယ်။
  10. စာလုံးဆက်ကစားခြင်း (Scrabble) နဲ့ ပိုကာ (Poker) ကစားရတာကို သဘောကျသူ ဖြစ်ပါတယ်။
  11. ကော်ဖီလုံးဝမကြိုက်ပါဘူးတဲ့။ အရက်ကိုတော့ တစ်ခါတရံမှသာ သောက်သုံးတတ်ပါသတဲ့။
  12. Apple Mac Laptop ကို အသုံးပြုပါတယ်တဲ့။
  13. သူ့ဆံပင်တွေကို တစ်ပတ်တစ်ခါ ညှပ်လေ့ရှိပါတယ်။ ညှပ်တဲ့အခါမှာ ချီကာဂိုမှာရှိတဲ့ ဆံပင်ညှပ်ဆရာ ဇာရစ်(ဖ)ဆိုသူနဲ့ ညှပ်လေ့ရှိပါသတဲ့။ ဆံပင်ညှပ်ခကတော့ ၂၁ ဒေါ်လာ ကျသင့်ပါသတဲ့။
  14. ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့အဘွား သူ့ကိုခေါ်တဲ့ နာမည်ပြောင်က "ဘာ" တဲ့။
  15. အိမ်ဖြူတော်မှာ ဘတ်စ်ကတ်ဘောကွင်းတစ်ခု ဆောက်ဖို့အတွက် သူစီစဉ်နေပါသတဲ့။
*********************
အင်တာနက်မှာတွေ့တဲ့အချက်တွေထဲက ကျွန်တော်စိတ်ဝင်စားတာလေး ၁၅ ချက်ကိုပဲ ရွေးထုတ်ပြီး ဘာသာပြန်ထားတာပါ။ အပြည့်အစုံကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၇ ရက်၊ ကြာသပတေးနေ့။
ညနေ ၃ နာရီ ၀၈ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics