Thursday, August 12, 2010

ဓမ္မပဒဂါထာ (၄၂)


ဒိသော ဒိသံ ယံ တံ ကယိရာ၊ ဝေရီ ၀ါ ပန ဝေရိနံ။
မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော နံ တတော ကရေ။

စိတ်သာသူခိုး၊ စိတ်သာရန်သူ
သူခိုးတစ်ယောက်က
သူခိုးတစ်ယောက်အပေါ်
ရန်သူတစ်ယောက်က
ရန်သူတစ်ယောက်အပေါ်
ပြုလုပ်နိုင်တဲ့
ပျက်စီးဆုံးရှုံးခြင်းထက်
အထင်မှားတဲ့စိတ်က
စိတ်ထားမှားတဲ့သူကို
အဆပေါင်းများစွာ
ပိုပြီးပျက်စီးဆုံးရှုံးအောင်
ပြုလုပ်နိုင်ပါတယ်။

No comments:

Post a Comment

 
Web Statistics