Sunday, August 15, 2010

ဆင်ဖြူတော်တစ်ကောင်၏ ထူးခြားချက်များ


whiteelephant.jpg

(က) မျက်လုံးအိမ်နှင့် မျက်ကြည်လွှာမှာ အဖြူရောင်နှင့် ပန်းရောင်ရှိခြင်း။
(ခ) အာခံတွင်းမှာ ပန်းရောင်ရှိခြင်း။
(ဂ) ပခုံနှစ်ဖက်တွင် အဖြူ/ပန်းရောင် ရစ်သိုင်းခြင်း။
(ဃ) အစွယ်နှစ်ဖက် ၀န်းရစ်ထားသော အရေပြားအရောင်နှင့် ပခုံးအောက် ချိုင်းတစ်ဝိုက် အရေပြားအရောင်တို့ ဆင်တူခြင်း။
(င) လိင်အင်္ဂါများ အဖြူ/ပန်းရောင်ရှိခြင်း။
(စ) ခြေသည်းများ အဖြူ/ပန်းရောင်ရှိခြင်း။
(ဆ) အမွေးများမျာ အလင်းရောင်ခံ၍ကြည့်လျှင် မှန်ကဲ့သို့ အကြည်ရောင်၊ တချို့ပျားရည်အကြည်ရောင် ထွင်းဖောက်မြင်နိုင်ခြင်း။
(ဇ) ခြေသည်း၊ ရင်ဘတ်၊ လည်ရစ် အသားအရောင်သည် ဘေးပတ်လည် အရေပြားအသားရောင်ထက် ဖျော့တော့ခြင်း။
(ဈ) ဦးခေါင်းအတွင်း အနံ့သင်းသော အရည်ထွက်ပေါက်ရှိခြင်း။
(ည) ခန္ဓာကိုယ်ရှိ ချွေးထွက်ပေါက် တစ်ပေါက်မှာ အမွေးနှစ်ချောင်းပူး၊ တစ်ခါတစ်ရံ လေးချောင်းပူးထွက်ရှိပြီး အမွေးနှစ်ချောင်းပူး လေးစုံအထိ ထွက်ပေါ်နိုင်ခြင်း။
(ဋ) ကိုယ်အရောင်မှာ အုန်းခွံရောင်နှင့် မီးခိုပြာရောင် ရောစပ်ထားသော (Chestnut Gray) အရောင်ရှိခြင်း။
(ဌ) သင်းသော ကိုယ်နံ့ရှိခြင်း။
(ဍ) အိပ်စက်သည့်အခါ မင်္ဂလာရှိသော အရပ်မျက်နှာသို့ ခေါင်းတည်အိပ်ခြင်း။
(ဎ) အိပ်စက်စဉ် ညင်သာသော ဟောက်သံသာပြုခြင်း။
(ဏ) ဆင်ပေါက် (Baby Elephant) နို့စို့အရွယ်ငယ် ဖြစ်ပါက မန်ကျည်းသီးမှည့် လေးကီလိုမျှကို ရေနှင့်ဖျော်၍ ညဦးပိုင်း ကိုယ်အနှံ့လိမ်းပေးပြီး မိုးလင်းမှ ရေသန့်စင်ပေးလျှင် မူလဆင်ဖြူတော် အရောင်အသွေးကို ထင်ရှားတွေ့မြင်နိုင်ခြင်း။

၁၉၉၄ ခုနှစ် စာရင်းများအရ အာရှတိုက်တွင် ဆင်ကောင်ရေ ၁၇၀၀၀ ခန့်ရှိကြောင်း၊ မြန်မာနှင့် အိန္ဒိယတွင် ၈၀ ရာခိုင်နှုန်းခန့်ရှိပြီး ကျန်ဆင်များမှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် တရုတ် (ယူနန်)တို့တွင်ရှိကြောင်း သိရှိရပါသည်။ သို့သော် မည်သည့်နိုင်ငံ၊ မည်သည့်နေရာ၊ မည်သည့်လူမျိုးထံကမှ ဆင်ဖြူတော် ပေါ်ထွက်သည့်သတင်း ကြားသိခဲ့ရခြင်း မရှိပါ။

[၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ-၈ ပါ ဝေယံမောင် ၏ အတိတ်ကောင်း၊ နိမိတ်ကောင်းကို ဆောင်ကြဉ်းလာသည့် စတုတ္ထမြောက် ဆင်ဖြူတော်ရတနာ ဆောင်းပါးမှ ပြန်လည်ထုတ်နုတ်ကူးယူဖော်ပြပါသည်။]

No comments:

Post a Comment

 
Web Statistics