Sunday, August 15, 2010

ဓမ္မပဒဂါထာ (၄၄)


ကော ဣမံ ပထ၀ိံ ၀ိစေဿတိ၊
ယမလောကဉ္စ ဣမံ သဒေ၀ကံ။
ကော ဓမ္မပဒံ သုဒေသိတံ၊
ကုသလော ပုပ္ဖမိဝ ပစေဿတိ။

ပန်းကောင်းပွင့်စေ ခန္ဓာမြေ
ရုပ်နာမ်ခန္ဓာဆိုတဲ့
ဒီအတွင်းမြေကို
ဘယ်သူထိုးထွင်းပြီး
သိနိုင်မလဲ။
ယမမင်းပိုင်နက်
အပါယ်လေးဘုံနဲ့
လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံကို
ဘယ်သူစိစစ်ပြီး
သိနိုင်မလဲ။
ပန်းကုံးကျွမ်းကျင်သူတစ်ယောက်
ပန်းကောင်းတွေ
ရွေးချယ်သလိုမျိုး
တရားကောင်းတရားစုတွေကို
ဘယ်သူရွေးချယ်ပြီး
သိမြင်နိုင်ပါ့မလဲ။

No comments:

Post a Comment

 
Web Statistics