Tuesday, August 17, 2010

ဓမ္မပဒဂါထာ (၄၅)


သေခေါ ပထ၀ိံ ၀ိစေဿတိ၊
ယမလောကဉ္စ ဣမံ သဒေ၀ကံ။
သေခေါ ဓမ္မပဒံ သုဒေသိတံ၊
ကုသလော ပုပ္ဖမိဝ ပစေဿတိ။

ခန္ဓာမြေမှာ ပန်းပွင့်စေသူ
ရုပ်နာမ်ခန္ဓာဆိုတဲ့
ဒီအတွင်းမြေကို
အကျင့်သိက္ခာရှိတဲ့သူ
ထိုးထွင်းပြီး သိနိုင်ပါတယ်။
ယမမင်းပိုင်နက်
အပါယ်လေးဘုံနဲ့
လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံကို
အကျင့်သိက္ခာရှိတဲ့သူ
စိစစ်ပြီး သိနိုင်ပါတယ်။
ပန်းကုံးကျွမ်းကျင်သူတစ်ယောက်
ပန်းကောင်းတွေ
ရွေးချယ်သလိုမျိုး
တရားကောင်းတရားစုတွေကို
အကျင့်သိက္ခာရှိတဲ့သူ
ရွေးချယ်ပြီး
သိမြင်နိုင်ပါတယ်။

No comments:

Post a Comment

 
Web Statistics