Saturday, August 14, 2010

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် သတ်မှတ်ကြေညာပြီ


ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
ကြေညာချက်အမှတ် (၈၉/၂၀၁၀)
၁၃၇၂ ခုနှစ်၊ ၀ါခေါင်လဆန်း ၃ ရက်
(၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၁၃ ရက်)
လွှတ်တော် အသီးသီးအတွက်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ
ကျင်းပမည့်နေ့ရက် သတ်မှတ်ကြေညာခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၈ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄(ဂ) နှင့် နည်းဥပဒေ ၁၆(က) တို့အရ ၁၃၇၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက် (၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်) တနင်္ဂနွေနေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတ်မှတ်ကြေညာလိုက်သည်။
(ပုံ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

Union of Myanmar
Union Election Commission
Nay Pyi Taw
Notification No. 89/2010
3rd Waxing of Wagaung, 1372 ME
(13 August 2010)

The announcement of the date to hold the multiparty democracy general elections for the respective Hluttaws
The Union Election Commission exercising the duties and powers contained in the Article 8 of the Union Election Commission Law announces that it will hold the multiparty democracy general elections for the respective Hluttaws on Sunday, the 1st waxing of Tazaungmone, 1372 ME (7 November 2010) in accordance with the Article 34 (c) of the respective Hluttaw Election Laws and Rules 16(a).
By order
Sd/Thein Soe
Chairman
Union Election Commission

notification892010.jpg

No comments:

Post a Comment

 
Web Statistics