Saturday, August 14, 2010

လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များ သတ်မှတ်ကြေညာပြီ


ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
ကြေညာချက်အမှတ် (၉၀/၂၀၁၀)
၁၃၇၂ ခုနှစ်၊ ၀ါခေါင်လဆန်း ၃ ရက်
(၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၁၃ ရက်)
လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များ သတ်မှတ်ကြေညာခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် အောက်ပါနေ့ရက်များကို သတ်မှတ်ကြေညာလိုက်သည်-
(က)လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင် တင်သွင်းနိုင်သည့် နေ့ရက်၁၃၇၂ ခုနှစ်၊ ၀ါခေါင်လဆန်း ၆ ရက်
(၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၁၆ ရက်)
(ခ)လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်သည့် နောက်ဆုံးနေ့ရက်၁၃၇၂ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၅ ရက်
(၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၃၀ ရက်)
(ဂ)လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ရက်၁၃၇၂ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၁၂ ရက် မှ တော်သလင်းလဆန်း ၂ ရက်အထိ
(၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၆ ရက် မှ
၁၀ ရက်အထိ)
(ဃ)လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်၁၃၇၂ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၉ ရက်
(၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်)

(ပုံ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

No comments:

Post a Comment

 
Web Statistics