Wednesday, August 11, 2010

ဘ၀အတွက် အင်္ဂလိပ်စကားလုံး (၁၀)လုံး


တစ်
အက္ခရာတစ်လုံးတည်းရှိတဲ့ တစ်ကိုယ်ကောင်းအဆန်ဆုံး စကားလုံးကတော့ "ငါ" ပါ။ အဲဒါကို ရှောင်ကြဉ်ပါ။
The most selfish one-letter word is 'I'. Avoid it.

နှစ်
အက္ခရာနှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာ အကောင်းဆုံးစကားလုံးကတော့ "ငါတို့" ပါ။ အဲဒါကို အသုံးပြုပါ။
The most satisfying two-letter word is 'WE'. Use it.

သုံး
အက္ခရာသုံးလုံးနဲ့ ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံး စကားလုံးက "အတ္တ" ပါ။ အဲဒီစိတ်ကို ပယ်သတ်လိုက်ပါ။
The most poisonous three-letter word is 'EGO'. Kill it.

လေး
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံး စကားလုံးကတော့ "ချစ်ခြင်းမေတ္တာ" ပါ။ အဲဒါကို တန်ဖိုးထားပါ။
The most used four-letter word is 'LOVE'. Value it.

ငါး
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံး စကားလုံးကတော့ "အပြုံး" ပါ။ အမြဲတမ်းဆောင်ထားရမယ့် အရာပါ။
The most pleasing five-letter word is 'SMILE'. Keep it.

ခြောက်
အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံး ပျံ့နှံ့လွယ်တဲ့ စကားလုံးကတော့ "ကောလာဟလ" ပါ။ အဲဒါကို လျစ်လျူရှုပါ။
The fastest spreading six-letter word is 'RUMOUR'. Ignore it.

ခုနစ်
အက္ခရာခုနစ်လုံးနဲ့ ဖွဲ့စည်းထားပြီး အပြင်ထန်ဆုံး ကြိုးစားရယူရတဲ့ စကားလုံးကတော့ "အောင်မြင်မှု" ပါ။ အရယူပါတဲ့။
The hardest working seven-letter word is 'SUCCESS'. Achieve it.

ရှစ်
အက္ခရာရှစ်လုံးနဲ့ ဖွဲ့စည်းထားပြီး ဒုက္ခအပေးဆုံး စကားလုံးကတော့ "မနာလိုဝန်တိုမှု" ပါ။ အဲဒါကိုတော့ ဝေးဝေးရှောင်ပါ။
The most troublesome eight-letter word is 'JEALOUSY'. Distance it.

ကိုး
အက္ခရာကိုးလုံးနဲ့ တည်ဆောက်ထားတဲ့ အင်အားအရှိဆုံး စကားလုံးကတော့ "အသိပညာဗဟုသုတ" ပါ။ ကြိုးစားရယူပါ။
The most powerful nine-letter word is 'KNOWLEDGE'. Acquire it.

တစ်ဆယ်
အက္ခရာဆယ်လုံးနဲ့ ဖွဲ့စည်းထားပြီး မရှိမဖြစ် အလိုအပ်ဆုံး စကားလုံးကတော့ "ယုံကြည်မှု" ပါ။ အဲဒါကို တည်ဆောက်ယူပါ။
The most essential ten-letter word is 'CONFIDENCE'. Build it.

မှတ်ချက်
ဖော်ဝက်ဒ်မေးလ်တစ်ခုကို ဆီလျော်အောင် ပြန်ပြင်ပြီး တင်ပေးလိုက်တာပါ။

1 comment:

  1. ကောင်းလိုက်တဲ့အတွေး
း)

    ReplyDelete

 
Web Statistics