Wednesday, August 11, 2010

Waka Waka အတွက် အပြိုင်အဆိုင် ကြေညာကြပြီ


အစကတော့ တင်ပေးဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် ဂျာနယ်တွေထဲမှာ သတင်းလိုတစ်မျိုး၊ ဆောင်းပါးလိုတစ်သွယ်၊ အင်တာဗျူးလိုတစ်ဖုံ အမျိုးမျိုးအထွေထွေ ရေးသားနေကြလေတော့ စိတ်အချဉ်ပေါက်ပြီး တင်ပေးလိုက်တာပါ။ သတင်းစာထဲမှာ အပြိုင်အဆိုင် ကြေညာကြတာဆိုတော့ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်လိုဇာတ်သိမ်းကြမလဲ ဆိုတာကိုလည်း စိတ်ဝင်စားပါတယ်။ အဲဒါကြောင့် တမင်ကို တင်ပေးလိုက်တာပါ။ ပြောချင်တာတွေ ရှိပေမယ့် မဆီမဆိုင် ကြားက၀င်ပြီး ဖွသလို၊ ဘေးတီးပေးသလို ဖြစ်နေမှာစိုးလို့ မပြောတော့၊ မရေးတော့ပါဘူး။ မူရင်းအဆိုရှင် Shakira ခမျာ Waka Waka သီချင်းမှာပါတဲ့ တီးလုံးတစ်ခုအတွက် တရားဆိုင်ရမလိုလို၊ ပိုက်ဆံလျော်ရမလိုလို ဖြစ်နေချိန်မှာ ကျွန်တော်တို့ဆီကလူတွေ လုပ်ချလိုက်ပုံကလည်း တကယ့်ကို အံ့သြရလောက်ပါတယ်ဗျာ။ ဒီကြားထဲ မေခလာရဲ့ ရှေ့နေတွေက သတင်းစာမှာ ကြေညာဖို့အတွက် ကြေညာချက်ကို သေချာမှဖတ်ရဲ့လား၊ စစ်ဆေးရဲ့လားလို့ သံသယဖြစ်မိတယ်။ [ငွေကျပ် သိန်း ၈၀၀၀၀၀၀ ကို စရန်အဖြစ်ပေးအပ်၍ငွေကျပ် သိန်း ၈၀ ကို စရန်အဖြစ်ပေးအပ်၍၊ ငွေကျပ် ၈၀၀၀၀၀၀ ကို စရန်အဖြစ်ပေးအပ်၍ ဆိုတဲ့စကားရပ်တွေဟာ အဓိပ္ပါယ်တွေ အများကြီး ကွာခြားတယ်ဆိုတာကို သတိမပြုမိကြတာလား မသိပါဘူးဗျာ။ ကြေညာချက်မှာ သူတို့ရေးထားတာက စာလုံးအနီနဲ့ ပြထားတဲ့ စကားရပ်ပါ။ ကြေညာချက်မှာ မပြင်ဘဲ သတင်းစာထဲကအတိုင်းပဲ ကူးရေးပေးထားပါတယ်။ ကျွန်တော်က သေချာတော့ နားမလည်ပါဘူး။ ဒါပေမယ့် တရားဥပဒေနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ စကားလုံးတစ်လုံးချင်းစီဟာ အဓိပ္ပါယ်ရှိတယ်လို့ ကြားဖူးလို့်ပါ။ ရှေ့နေတွေကို ပြောတတ်ကြတဲ့ ငိုစားရယ်စားဆိုတဲ့ အဓိပ္ပါယ်ကို အခုမှ ခပ်ရေးရေး သဘောပေါက်တယ်။] သတင်းစာတွေမှာ သူတို့ကြေညာထားတာတွေကိုသာ ဖတ်ကြည့်ပါတော့ဗျာ။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အများသိစေရန် သတိပေးကြေညာချက်
တေးရေးအောင်နိုင်စန်းရေးသားသော ကွင်းဘေးကစောင့်မယ် (၀ါကာဝါကာ)၊ တို့နံပါတ်ဝမ်း၊ ဂိုးသွင်းကောင်းတဲ့ကိုကို(၂) တေးသီချင်း စုစုပေါင်း သုံးပုဒ်အား ၁၁-၇-၂၀၁၀ ရက်တွင် တေးထုတ်လုပ်သူ မူပိုင် ဒေါ်မီးမီး ၈/မထန (နိုင်) ၀၁၁၅၆၈ က တေးရေးသူနှင့် တိုက်ရိုက်တွေ့ဆုံပြီး ထိုက်သင့်သော အနုပညာကြေးကို အပြည့်အ၀ တစ်လုံးတစ်ခဲတည်း လက်ရောက်ပေးချေ ၀ယ်ယူထားပြီး ဖြစ်ပါသည်။ ထိုသီချင်းများအပါအ၀င် တေးစီးရီးတစ်ခွေစာကို Lazy Club တေးဂီတအဖွဲ့နှင့် Pro စတူဒီယိုတွင် အသံသွင်းယူနိုင်ရန် တေးထုတ်လုပ်သူ မူပိုင် ဒေါ်မီးမီးက တေးသံရှင် မေခလာသို့ ငွေကျပ်သိန်း ၈၀ ကို စရန်အဖြစ် ပေးအပ်၍ စီစဉ်ဆောင်ရွက်စေခဲ့ပါသည်။ သီဆိုမည့် တေးသံရှင်များကို တေးထုတ်လုပ်သူမှ ရွေးချယ်နေဆဲ ဖြစ်ပါသည်။ ဤသို့ စီစဉ်ဆောင်ရွက်နေစဉ်အတွင်း တေးထုတ်လုပ်သူ မူပိုင် ဒေါ်မီးမီး၏ တရားဝင်စာဖြင့် ရေးသားခွင့်ပြုချက်မရရှိဘဲ ပြင်ပတွင် အခကြေးငွေဖြင့် သီဆိုခြင်း၊ ရုပ်မြင်သံကြား ရိုက်ကူးထုတ်လွှင့်ခြင်း၊ အသံသွင်းစတူဒီယို၌ အသံသွင်းယူခြင်း၊ တီးလုံးများကို ပြင်ဆင်ခြင်း၊ ဆင်တူယိုးမှားပြုလုပ်ခြင်း၊ ပြင်ပသို့ ကူးယူခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ထိုသို့ပြုလုပ်နိုင်ရန် အားပေးကူညီခြင်း စသည်တို့ မပြုလုပ်ကြရန် သတိပေးကြေညာအပ်ပါသည်။ တားမြစ်ထားပါလျက် မလိုက်နာ ဖောက်ဖျက်ပါက တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။
တေးထုတ်လုပ်သူ မူပိုင် ဒေါ်မီးမီး၏ လွှဲအပ်ညွှန်ကြားချက်အရ-
ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း)
ဖုန်း-၀၉-၅၁၈၁၁၈၅၊ ၇၃၀၇၀၄၃၃၊ ၆၅၃၅၇၅၊ လိုင်းခွဲ-၃၄၀

[၂၀၁၀ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ-၁၇]

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

တေးရေးအောင်နိုင်စန်းနှင့် ဒေါ်မီးမီး၏ လွှဲအပ်ညွှန်ကြားချက်အရ
ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)၏ ၃-၈-၂၀၁၀ ရက်ထုတ်
မြန်မာ့အလင်းသတင်းစာကြေညာချက်အပေါ် သတိပေးတားမြစ်ခြင်း
တေးသံရှင်မေခလာ ၁၂/အစန(နိုင်)၁၅၆၅၉၃ ၏ ဆဋ္ဌမမြောက် (VCD)ကာရာအိုကေအဖြစ် မှော်ဆရာ Goal Waka Waka အခွေမူပိုင် တေးသံရှင်မေခလာအား ဒါရိုက်တာ ဦးရန်ကျော်မှ တေးသံရှင်မေခလာ အပါအ၀င် အခြားတေးသံရှင် ကိုးဦးဖြင့် အသံသွင်းထုတ်ဝေရန် စီစဉ်ဆောင်ရွက်ရာတွင် တေးသံရှင်မေခလာ ကိုယ်တိုင်သီဆိုမည့် တေးရေးအောင်နိုင်စန်း၏ ကွင်းဘေးနားကစောင့်နေမယ် - Waka Waka၊ တို့နံပါတ်ဝမ်း၊ ဂိုးသွင်းကောင်းတဲ့ကိုကို(၂) တေးစာသားသုံးပုဒ်အား ၁-၇-၂၀၁၀ ရက်တွင် အနုပညာကြေး ငွေကျပ် ၅၀၀၀၀၀ ကို တေးသံရှင်မေခလာထံမှ တေးရေးအောင်နိုင်စန်းကိုယ်တိုင် လက်ခံရယူပြီး စာပေစိစစ်ရေးသို့ တင်သွင်းသည့် တေးရေးသူ ခွင့်ပြုချက်ပုံစံတွင် ၀န်ခံလက်မှတ် ရေးထိုးပေးခဲ့ပြီး ဖြစ်ပါသည်။ တေးစီးရီးတစ်ခုလုံးကို Lazy Club တေးဂီတအဖွဲ့နှင့် တီးခတ်ရာ တေးသံရှင်မေခလာကိုယ်တိုင် တီးဝိုင်းကြေး အကျေအလည် ပေးချေပြီးဖြစ်သည့်အပြင် အသံသွင်းရန် (Pro Studio) သို့လည်း စတူဒီယိုကြေး အကျေအလည် ပေးချေပြီး ဖြစ်ပါသည်။

တေးသံရှင်မေခလာသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၈ နှစ်မှစ၍ တေးစီးရီးခြောက်ခွေကို မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ပူးပေါင်းပါဝင်ပတ်သက်ခြင်း မရှိဘဲ မိမိတစ်ဦးတည်း မူပိုင်အဖြစ် ထုတ်ဝေလာခဲ့သည်ကို တေးချစ်ပရိသတ်များ အပါအ၀င် ပြည်သူများ သိရှိပြီးဖြစ်ပါသည်။

ဒေါ်မီးမီးဆိုသူသည် တေးထုတ်လုပ်သူတစ်ဦး လုံးဝမဟုတ်သကဲ့သို့ တေးသံရှင် မေခလာသို့ ငွေကျပ် သိန်း ၈၀၀၀၀၀၀ ကို စရန်အဖြစ်ပေးအပ်၍ စီစဉ်ဆောင်ရွက်နေကြောင်း၊ တေးသံရှင်များကို ရွေးချယ်နေဆဲဖြစ်ကြောင်း အပါအ၀င် အခြားတားမြစ် ကြေညာချက်များသည် တေးသံရှင် မေခလာ၏ တေးချစ်ပရိသတ်အပါအ၀င် အခြားပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေခြင်း၊ မူပိုင်နာမည်ပျက်မရှိ၊ ဂုဏ်သိက္ခာရှိသော မူပိုင်တေးထုတ်လုပ်သူတစ်ဦး၏ အခြားသူထံမှ ငွေကြေးပါဝင်ဆက်နွယ်ခြင်း လုံးဝမရှိဘဲ တေးစီးရီးထုတ်လုပ်ရန် အများသူငှာ ငွေကြေးဖြင့် သုံးစွဲထုတ်လုပ်သည့်  သဘောသက်ရောက်စေရန် ရည်ရွယ်ချက်ဖြင့် ကြေညာခြင်း၊ တေးစီးရီးပေါင်းများစွာကို ထုတ်ဝေခဲ့ဖူးသူ၏ ဂုဏ်သိက္ခာကို ငွေကြေးပေးအပ်၍ ထုတ်လုပ်သူအဖြစ် ဆက်ခံဆောင်ရွက်သူသဖွယ် ကြေညာချက်မှာ ထုတ်လုပ်သူ တေးသံရှင်မေခလာ၏ အမည်ကောင်းသတင်းနှင့် ဂုဏ်သိက္ခာကို တမင်ညှိုးနွမ်းစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကြေညာခြင်းဖြစ်၍ ဤကြေညာချက်ပါသည့်ရက်မှ ရက်သတ္တပတ်အတွင်း ကြေညာချက်အား ရုပ်သိမ်း၍ ၀န်ချတောင်းပန်ချက် ပြုလုပ်ပေးပါရန် ကျွန်ုပ်မှတစ်ဆင့် တောင်းဆိုလိုက်ပါသည်။ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ပြစ်မှုကြောင်းအရလည်းကောင်း၊ တရားမကြောင်းအရလည်းကောင်း ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ-
ဦးကိုကို B.A (Law) LL.B တရားရုံးချုပ်ရှေ့နေကြီး၊ .................... ဒေါ်ခင်ခင်ဇော် (LL.B, LL.M)၊ တရားရုံးချုပ်ရှေ့နေ
အမှတ် ၂၇ (ဘီ)၊ ပထမထပ်၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
(တေးသံရှင်မေခလာ၏ တရားရုံးချုပ်ရှေ့နေများ)

5 comments:

  1. Anonymous3:31 PM

    စိတ်ပျက်ဖို့ ကောင်းလိုက်တာနော် ... တကယ်ဆို သူတို့ လည်း သူများဟာ ကော်ပီထားတာပဲကို

    ReplyDelete
  2. Anonymous7:28 PM

    Daw Mie Mie, as long as this song is copy , u have no copyright
    dont understand law and announce to public. follish

    ReplyDelete
  3. Anonymous7:31 PM

    stupid

    ReplyDelete
  4. Anonymous9:29 AM

    Hay!!!
    What is going on there? This is not your song.

    ReplyDelete
  5. Anonymous2:29 PM

    မေခလာကို ကျွန်တော်ပြောချင်တာက .. Waka Waka ဆိုတဲ့ သီချင်းလို ကော်ပီသီချင်းဆိုမယ့် အစား “မောင့်ဘောလုံးကြီး အသည်းမှာစူး ရူးရလေတော့သည်” ဆိုပြီး မာမာအေးရဲ့ မောင့်အချစ်မြှားစူးကို စာသားပြန်ပြောင်းဆိုတာမှ ကိုယ်ပိုင်သံစဉ် ဖြစ်အုံးမယ် ထင်တယ် ဗျာ။

    ReplyDelete

 
Web Statistics