Thursday, August 19, 2010

ကျွန်တော်တို့ ကမ္ဘာကြီး ဘာလဲ... ဘယ်လဲ?


ဒီပုံလေးကို ကြည့်ပြီးတဲ့အချိန်မှာ ပြောစရာစကား ဆွံ့အခဲ့ရပါတယ်ဗျာ။ ပထမဆုံး ဒီပုံလေးကို ဖန်တီးထားသူရဲ့ အတွေးစိတ်ကူးကို လေးစားလို့မဆုံး၊ ချီးကျူးလို့ မဆုံးပါဘူး။ ဆောင်းပါးတစ်ပုဒ်စာလောက် ရေးလို့မကုန်၊ စာအုပ်တစ်အုပ်စာလောက် ဖွဲ့လို့မနိုင်တဲ့ အကြောင်းအရာတွေကို ပုံလေးတစ်ပုံတည်းမှာ ပြောပြသွားနိုင်တာ အံ့သြစရာလို့တောင် ဆိုချင်ပါတယ်။ ပုံကောင်းကောင်းတစ်ပုံဟာ စကားလုံးတွေအများကြီးကို ကိုယ်စားပြုတယ်ဆိုတာကို ဒီပုံလေးက သက်သေပြနေသလိုပါပဲ။ ပထမတော့ ပေါ့ပေါ့းပါးပါးလေး ကြည့်လိုက်ပါ။ ဒုတိယအကြိမ်မှာ နည်းနည်းလေး စဉ်းစားကြည့်ပါ။ တတိယအကြိမ်မှာ ဖန်တီးထားသူ ပြောချင်တဲ့စကားလေးတွေကို ကြားယောင်လာအောင် နားထောင်လိုက်ပါ။ စတုတ္ထအကြိမ်မှာတော့ အံ့သြစိတ်နဲ့အတူ အခြားမိတ်ဆွေ သူငယ်ချင်းတွေကိုလည်း မျှဝေခံစားပြီး ဆွေးနွေးပြောဆိုနိုင်ပါတယ်။ ဒီပုံလေးကို တစ်ကြိမ်တည်းကြည့်ရုံနဲ့တော့ ပေးချင်တဲ့ message ကို မရနိုင်ဘူး ဆိုတာကိုတော့ ဘလော့ဂ်ဖတ်သူတွေအပေါ် မိကျောင်းမင်း ရေခင်းပြတာ မဟုတ်ဘဲ စေတနာတရားနဲ့ ကြိုတင်သတိပေးစကား ဆိုပါရစေနော်။ နားလည်နိုင်ကြမယ် ထင်ပါရဲ့။ ခံစားကြည့်ရှုကြပါဦး။

ourworld.gif

သဘောကျတယ်ဆိုရင် အခြားသူတွေကိုလည်း လက်တို့လိုက်ပါဦးဗျာ။ ဒီပုံကို Google Buzz ကနေ ရတာပါ။ ဘယ်သူဖန်တီးထားမှန်း မသိပေမယ့် သဘောကျလွန်းလို့ အဲဒီဖန်တီးသူကို ဒီနေရာကနေ လက်ဆွဲနှုတ်ဆက်ပြီး ချီးကျူးစကား ဆိုလိုက်ပါတယ်ဗျာ။ သြော်... ကြည့်ဖူးပြီး၊ မြင်ဖူးပြီးသူတွေ အတွက်တော့ စိတ်မရှိပါနဲ့ဗျာ။ ကျွန်တော်ကိုဉာဏ်က အခုမှ မြင်ဖူးကြည့်ဖူးတဲ့အတွက် မသိသေးသူတွေကို ပြန်လည်ဝေမျှရတာပါ။ ကျေနပ်ပျော်ရွှင်နိုင်ကြပါစေဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ သြဂုတ် ၁၉ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၂ နာရီ ၃၄ မိနစ်။

No comments:

Post a Comment

 
Web Statistics