Friday, August 13, 2010

အကျမတော်လျှင် - မြန်မာ့အသံကျော်ဦး


အုတ်ခဲပေါ်မှ၊ သူချော်ကျသည်
ခြေမနည်းနည်း ကွဲသွား၏။

စားပွဲပေါ်မှ၊ သူလိမ့်ကျသည်
ခါးကနည်းနည်း မျက်သွား၏။

ခေါင်မိုးထိပ်မှ၊ သူပြုတ်ကျသည်
ဒုက္ခပင်လယ် ဝေသတည်း။

သြော်....
ပို၍မြင့်လေ၊ ပိုနာလေသည်
မသွေလောက ဖြစ်စဉ်တည်း။

1 comment:

  1. Anonymous1:24 AM

    very good! thank you for sharing.

    ReplyDelete

 
Web Statistics