Tuesday, August 21, 2012

Photo News from Internet (August 21, 2012)


(၁)
(ရန်ကုန်မြို့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားအချို့ သြဂုတ်လ ၁၉ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ဆုံးဖြတ်ချက်များ ထောက်ခံတဲ့အကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ ရခိုင် တိုင်းရင်းသားတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ မပြုလုပ်ကြဖို့နဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ဆူပူမှုတွေဖြစ်အောင် မလုပ်ကြဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်)

(၂)
 (ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းတောင်ပိုင်းရပ်ကွက် ရေကြီးနေမှု မြင်ကွင်းဖြစ်ပါတယ်)

(၃)
(ပြည်ထောင်စုလွှတ်တော်မှာ ဒုတိယသမ္မတသစ် ဦးဉာဏ်ထွန်း ကျမ်းသစ္စာကျိန်ဆိုနေတာ ဖြစ်ပါတယ်)

(၄)
 (လားရှိုးမြို့ ရေကြီးမှုမှာ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြတဲ့ပုံ ဖြစ်ပါတယ်)

(၅)
(ဒေါက်တာမျိုးမြင့် ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး ဒေါက်တာကျော်ရင်လှိုင်၊ ဆရာမောင်ဝံသ၊ ဇာဂနာ၊ ကိုကိုကြီး (၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့) စတဲ့ ပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်းပြီး သမ္မတလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်၏ သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် အစည်းအဝေး ပြုလုပ်နေတဲ့ပုံ ဖြစ်ပါတယ်)

(၆)
(လွတ်လပ်တဲ့ ရိုဟင်ဂျာနိုင်ငံ ထူထောင်ထားပါသတဲ့)

(၇)
(နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ သတင်းစာရှင်းလင်းပွဲ ဖြစ်ပါတယ်။ စတင်ဖွဲ့စည်းပြီးချိန်ကတည်းက ပထမဆုံးအကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲလည်း ဖြစ်ပါတယ်။ အဲဒီအခမ်းအနားမှာ သူတို့ခုံရုံးအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသာ တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ လွှတ်တော်တွေက ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေဟာ ပြည်ထောင်စုအဆင့် ဖြစ်တယ်ဆိုတာ ကလောင်ကျွံပြီး ရေးသားထားခြင်းသာဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်က စွပ်စွဲထားတဲ့ အချက်များတွင် မည်သည့်အချက်ကိုမျှ ကျူးလွန်ထားခြင်း မရှိကြောင်း၊ သူတို့တွေ နုတ်ထွက်သွားလျှင်ပင် ယခု ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ခြင်း မပြုသရွေ့ အတည်ဖြစ်နေမည်သာ ဖြစ်ပါကြောင်း ဖြေကြားသွားသည်ဟု သိရှိရပါသည်)

သတင်းဓာတ်ပုံများအတွက် အင်တာနက်ပေါ်မှ သတင်းဌာနများမှသာ ရယူထားခြင်း ဖြစ်ပါသည်။ အမည်နာမ ဖော်ပြထားခြင်း မပြုနိုင်ခဲ့သည့်အတွက် တောင်းပန်အပ်ပါသည်။ 

No comments:

Post a Comment

 
Web Statistics