Monday, April 01, 2013

နေပြည်တော်ခရိုင် ပြင်ဆင်ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
နေပြည်တော်၊ ၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၄ ရက်
(၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်)
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နေပြည်တော်ခရိုင်အား တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ စုစုပေါင်း မြို့နယ် ၈ မြို့နယ်ဖြင့် ဖွဲ့စည်းထားရာမှ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ် စုစုပေါင်း ၄ မြို့နယ်တို့ကို စုစည်း၍ နေပြည်တော်မြောက်ပိုင်းခရိုင် (ဥတ္တရခရိုင်) အဖြစ်လည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် စုစုပေါင်း ၄ မြို့နယ်တို့ကို စုစည်း၍ နေပြည်တော်တောင်ပိုင်းခရိုင် (ဒက္ခိဏခရိုင်) အဖြစ်လည်းကောင်း အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည် -


ယခင်နေပြည်တော်ခရိုင်အဖြစ် ဖွဲ့စည်းခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအား ပယ်ဖျက်လိုက်သည်။

အထက်ဖော်ပြပါအတိုင်း နေပြည်တော်ကောင်စီနယ်မြေအတွင်း နေပြည်တော်ခရိုင်အား နေပြည်တော်မြောက်ပိုင်းခရိုင် (ဥတ္တရခရိုင်) နှင့် နေပြည်တော်တောင်ပိုင်းခရိုင် (ဒက္ခိဏခရိုင်) အဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းလိုက်သဖြင့် နေပြည်တော်မြောက်ပိုင်းခရိုင် (ဥတ္တရခရိုင်) နှင့် နေပြည်တော် တောင်ပိုင်းခရိုင် (ဒက္ခိဏခရိုင်) အတွင်း ပါဝင်သည့် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ ဖွဲ့စည်းတည်ရှိမှု ဧရိယာအကျယ်အ၀န်းနှင့် နယ်နိမိတ် အလားအလာသတ်မှတ်ချက်သည် နေပြည်တော် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အမှုတွဲတွင် ပါရှိသည့်အတိုင်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊
ပြည်ထောင်စုဝန်ကြီး၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
ပြည်ထဲရေးဝန်ကြီးဌာန။
[၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ထုတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း၊ အတွဲ ၆၆၊ အမှတ် ၁၂ မှ]

No comments:

Post a Comment

 
Web Statistics