Wednesday, June 12, 2013

ကာတွန်းလေးတွေခံစား၊ အတွေးများပွားကြရအောင်


ကျွန်တော်ကြိုက်တဲ့ ကာတွန်းလေးတွေကို စုစုစည်းစည်းနဲ့ မကြာခဏ တင်ပေးဖူးပါတယ်။ ဟိုကဒီက ဖတ်ရသမျှတွေထဲက ကျွန်တော့်ရင်ကို လာထိတဲ့ ကာတွန်းတွေ ဆိုပါတော့။ ကျွန်တော့်အကြိုက် တင်တာဖြစ်တဲ့အတွက် မိတ်ဆွေတွေနဲ့ အကြိုက်မတူတာ၊ အမြင်မတူတာတွေလည်း ရှိခဲ့မှာပါပဲ။ ဒါပေမယ့် ရသတစ်ခုမဟုတ် တစ်ခုကတော့ ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ မူလကာတွန်းတွေက ကောင်းနေပြီးသားကိုး။ ကာတွန်းလေးတွေတင်တိုင်း ကျွန်တော့်အမြင်လေးတွေကို ရေးဖြစ်ပါတယ်။ အချို့ကလည်း အဲဒီလို ရေးထားတာကို မကြိုက်လှဘူး။ ကျွန်တော်က ကာတွန်းနဲ့ပတ်သက်ပြီး ရေးထားလေတော့ အဲဒီကာတွန်းကို ခံစားတဲ့အခါ ဘောင်ခတ်ထားသလို ခံစားရတယ်တဲ့။ ဘာမှမရေးထားမှ ကိုယ်ကြိုက်သလို ကိုယ့်အတွေးနဲ့ကိုယ် လွတ်လွတ်လပ်လပ် ခံစားလို့ ရပါသတဲ့။ ကျွန်တော်လက်ခံပါတယ်။ သို့သော် အချို့သောသူတွေအတွက်ကျတော့ ရေးထားတာလေးတွေကို ဖတ်ပြီးတော့ အခြားသော ခံစားမှုတွေကို ဆင့်ပွားယူတတ်ကြတာမို့ ကျွန်တော်လည်း ထည့်ရေးဖြစ်တာပါ။ ကျွန်တော်ကတော့ ဒီလိုတွေးမိတယ်၊ ခင်ဗျားတို့လည်း ဒီလိုပဲတွေးကြဗျာလို့တော့ ဆိုလိုတာမဟုတ်မှန်း နားလည်ပေးနိုင်ကြမယ်ထင်ပါတယ်။ အခုလည်း အချို့သော ကာတွန်းလေးတွေကို စုစည်းပေးလိုက်ပါတယ်။ ကျွန်တော့်ဉာဉ်အတိုင်း နည်းနည်းလေးတော့ တို့ထိလိုက်ပါသေးတယ်။

(က)
နိုင်ငံရေးသမားကြောက်ရောဂါ ရနေရှာသူရဲ့ အတွေးလို့ အမည်ပေးချင်တယ်။ မိတ်ဆွေကရော ကာတွန်းထဲကလိုလူပဲလား။ 

(ခ)
ကာတွန်းကိုကြည့်ပြီးတော့ မရယ်နိုင်ဘူး။ မအီမလည်ကြီး ခံစားရတယ်။ အလွန်လိမ္မာသော လူမိုက်တစ်ယောက်အကြောင်း ရေးခိုင်းရင်လည်း ဒီလိုမျိုးဖြစ်မယ်ထင်ပါရဲ့။ 

(ဂ)
ဒီကာတွန်းကိုကြည့်ပြီး ကျွန်တော်တွေးမိတာက ငါးမျှားနေတဲ့လူဟာ အောက်ကတဲလေးထဲမှာသာဆိုရင် အခုလိုမျိုး ဘယ်မျှားနိုင်မလဲဆိုတာပါပဲ။ အပေါ်ကိုရောက်သွားလို့ မျှားနေတာလား၊ အဲဒီလိုမျှားရင်းနဲ့ အပေါ်ရောက်သွားတာလားဆိုတာကတော့ ကာတွန်းဆရာပဲ သိလိမ့်မယ်ထင်ပါရဲ့။ 

(ဃ)
ကာတွန်းထဲက ကျည်ဆန်တွေကို ကျွန်တော်လည်းကြောက်တယ်။ ကျွန်တော်ကတော့ ဆီးရီးယားလမ်းညွှန်ဆိုင်းဘုတ်နေရာမှာ ကမ္ဘာ့မြေပုံကိုတောင် ပြောင်းပြီးတော့ တပ်လိုက်ချင်သေးတယ်။

(င)
တွေးရင်တွေးသလောက်၊ မြင်ရင်မြင်သလောက် သဘောကျတဲ့ ကာတွန်းလေးပါ။ ကာတွန်းထဲမှာ အားလုံးပါပြီးသားမို့ အထူးအထွေ ရှင်းပြဖို့ကို မလိုတာပါ။ 

(စ)
ကြိုးကိုင်၊ လက်ရှိ စတဲ့စကားလုံးလေးတွေနဲ့ ကာတွန်းဆရာရဲ့ ထေ့ငေါ့သွားပုံလေးက ပြောင်မြောက်ပါပေ့ဗျာ။ ဦးသိန်းစိန် အစိုးရမို့ပေါ့ဗျာ။ ၂၀၁၀ မတိုင်မီ ကာလများဆိုရင်တော့ ဒါမျိုးကာတွန်းက ဘယ်ပြောကောင်းလိုက်မလဲ။ တစ်ဆက်တည်း အငြိမ့်တွေမှာ လူရွှင်တော် ပြက်လုံးထုတ်တတ်တဲ့ ဟာသတစ်ခုကို သွားသတိရတယ်။ တစ်ယောက်က မကောင်းတဲ့အကြောင်းတွေ လျှောက်ပြောတယ်။ အခြားလူတွေက အေးအေးဆေးဆေးပဲ။ ပြီးတော့မှ ပြောခဲ့တဲ့လူက မင်းကိုပြောနေတာကွ ဆိုတော့မှ အော်... ငါ့ကိုပြောနေတာလား၊ ငါ့ကိုပြောလို့ပြောမှန်းတောင် မသိဘူး။ စသဖြင့်ပေါ့။ ကျွန်တော်ပြောချင်တာကို ဆက်တွေးကြည့်ပေါ့ဗျာ။

(ဆ)
ခေါင်းစဉ်နဲ့တင် အမှတ်ပြည့်ပေးလိုက်တယ်။ ဘာတဲ့... ညှော်လစီ တဲ့။ ရေးထားတာကလည်း ပညာသား ပါပါပေ့ဗျာ။ တွေးကြည့် ခံစားကြည့်ပါဦး။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics