Tuesday, July 09, 2013

ဆိတ်သုဉ်းခြင်း လေးမျိုး


အပုတ္တကံ ဃရံ သုညံ၊
ရဋ္ဌံ သုညံ အရာဇကံ။
အသိပ္ပည မုခံ သုညံ၊
သဗ္ဗသုညံ ဒလိဒ္ဒကံ။

သားငယ်သမီးငယ် မရှိသောအိမ်သည် သာယာပျော်ရွှင်ဖွယ် မရှိဘဲ ဆိတ်သုဉ်းနေ၏။
မင်းမရှိသော တိုင်းပြည်သည် တည်ငြိမ်အေးချမ်းမှု မရှိဘဲ ဆိတ်သုဉ်းနေ၏။
ပညာမတတ်သော သူ၏ ပါးစပ်သည် အသံမထွက်ဝံ့ဘဲ ဆိတ်သုဉ်းနေ၏။
ဆင်းရဲသောသူ၏ အိမ်မှာ အ၀င် အထွက် ဆက်ဆံသူမရှိဘဲ ဆိတ်သုဉ်းနေ၏။

Monday, July 08, 2013

အန်ဒီမာရေးရဲ့ ၀င်ဘယ်(လ်)ဒန်အောင်ပွဲ



၂၀၁၃ ခုနှစ် ၀င်ဘယ်(လ်)ဒန် တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်းပွဲစဉ် ဗိုလ်လုပွဲမှာ အိမ်ရှင်ကစားသမား အန်ဒီမာရေးက ကမ္ဘာ့နံပါတ်တစ် ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်ကို ၆-၄၊ ၇-၅၊ ၆-၄ နဲ့ သုံးပွဲပြတ် အနိုင်ရရှိပြီး အင်္ဂလိပ်တွေရဲ့ ၇၇ နှစ်ကြာ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးခဲ့သည်။ ဂျိုကိုဗစ်အနေဖြင့် ပုံမှန်လက်စွမ်းတွင် ရှိနေခဲ့သော်လည်း မာရေး၏ စိတ်ဓာတ်တင်ကစားမှု၊ ပရိသတ်၏ ဖိအားပေးမှုတို့ကြောင့် အမှားများခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် အပိုင်ရမှတ်အဖြစ် တွက်ဆထားသည့် အသည်းအသန် ဘောလုံးများကို မာရေးက အမှားအယွင်း အနည်းဆုံးဖြင့် ပြန်လည်ဆယ်ယူပြီး အမှတ်ရယူသွားခဲ့ခြင်းများက ဂျိုကိုဗစ်ကို ဖိအားများစေခဲ့သည်ဟု ထင်ပါသည်။ တင်းနစ်အရည်အသွေးနှင့် ပတ်သက်၍ မည်သူက သာသည်ဆိုသည်မှာ ပြောလို့ရကောင်းသည် မဟုတ်သော်လည်း ဗိုလ်လုပွဲတွင် ကစားသွားခဲ့သည့် အနေအထားအရမူ အိမ်ရှင်တစ်နိုင်ငံလုံး၏ မျှော်လင့်ချက်အဖြစ် ကစားခဲ့ရသည့် မာရေးက စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် အဆများစွာ သာလွန်ခဲ့သည်ဟု မြင်ပါသည်။ နှစ်ဦးလုံးအနေဖြင့် ရှိသမျှပညာစွမ်း၊ ရှိသမျှအင်အားဖြင့် အလျှော့မပေးစတမ်း ယှဉ်ပြိုင်ခဲ့ကြသည်မှာ တကယ်ပင် ရသမြောက်လှပါသည်။ စပေးဘောလုံး ရသည့်သူက အဆိုပါပွဲငယ်အတွက် အနိုင်ရရှိရန် အမြဲတစေ ရုန်းကန်ခဲ့ရခြင်းကလည်း ထူးခြားမှုတစ်ရပ် ဖြစ်ခဲ့ပါသည်။ မာရေးနှင့် ဂျိုကိုဗစ်တို့၏ ဗိုလ်လုပွဲစဉ်သို့ ဗြိတိန်နာမည်ကျော် အများအပြား လာရောက်အားပေးခဲ့ကြသည်ကို တွေ့ရပါသည်။ အထူးသဖြင့် အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကိုယ်တိုင် လာရောက်အားပေးခဲ့ခြင်းက ထူးခြားမှုတစ်ရပ် ဖြစ်ပါသည်။ ရွန်းနေဇနီးမောင်နှံ၊ ဗစ်တိုးရီးယားဘက်ဟမ်းနှင့် အခြားသော နာမည်ကျော် များကိုလည်း တွေ့မြင်ခဲ့ရသည်။ ဗိုလ်လုပွဲစဉ်၏ စိတ်လှုပ်ရှားမှုနှင့် ရင်ခုန်မှု အပေးစွမ်းဆုံး အခိုက်အတန့်မှာ အန်ဒီမာရေး ချန်ပီယံအဖြစ် အောင်ပွဲခံစေခဲ့သည့် ပွဲငယ်ဖြစ်ပါသည်။ ၄၀-၀ အထိ အမှတ်ရရှိထားသည့် မာရေးအနေဖြင့် ချန်ပီယံပွိုင့် ၃ ကြိမ် ရရှိခဲ့သော်လည်း လိုအပ်သည့်အမှတ်ကို မရရှိခဲ့သည့်အပြင် ဂျိုကိုဗစ်ကို break point ၃ ကြိမ်အထိ ပြန်ပေးခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။ ဂျိုကိုဗစ်အနေဖြင့် ချန်ပီယံဖြစ်ခွင့်အတွက် မျှော်လင့်ချက် မရှိသလောက် အနေအထားဆိုသည်ကို သဘောပေါက်ထားပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အလွယ်တကူ အရှုံးမပေးဘဲ နောက်ဆုံးအချိန်အထိ မာရေးကို စိန်ခေါ်သွားခဲ့သည်မှာ ကြည့်ရှုသူအားလုံးအတွက် ရင်ခုန်သံမြန်စေခဲ့ပါသည်။ ပွဲအပြီးတွင် အရှုံးအတွက် ရဲရဲဝံ့ဝံ့ ကျေကျေနပ်နပ် ရင်ဆိုင်သွားသော ဂျိုကိုဗစ်ကို လေးစားမိသကဲ့သို့ အိမ်ရှင်ပရိသတ်များအတွက် မထင်မှတ်လောက်အောင် စိတ်ဓာတ်တင်ပြီး ရေကုန်ရေခန်း ကစားသွားခဲ့သော အန်ဒီမာရေးကိုလည်း ချီးကျူးမိပါသည်။ ၀င်ဘယ်(လ်)ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်နှင့် မာရေး နှစ်ဦးလုံး ကောင်းခဲ့ကြပါသည်၊ အစွမ်းကုန် ကြိုးစားခဲ့ကြပါသည်။ သို့သော် မာရေးအတွက် ထိုက်တန်သည့် အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်မှာ တစ်ကမ္ဘာလုံးမှ ပရိသတ်များအတွက် အငြင်းပွားစရာ မရှိခဲ့ပါပေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်၊ တနင်္လာနေ့
နံနက် ၀၀ နာရီ ၂၃ မိနစ်တွင် ပြီး၏။

Sunday, July 07, 2013

ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်ဝန်းကျင်တွင် ပေါက်ကွဲမှု ၉ ခု ဖြစ်ပွားခဲ့ခြင်း


 
ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ဗုဒ္ဓဂါယာပရ၀ုဏ်အတွင်းရှိ မဟာဗောဓိ စေတီအနီး ဖြစ်ပွားခဲ့သော ဆက်တိုက်ဗုံးပေါက်ကွဲမှုများကြောင့် ကမ္ဘာလှည့်ခရီးသွား ၂ ဦး အပါအ၀င် လူ ၅ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ဗုဒ္ဓဂါယာ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ စေတီပရ၀ုဏ်နှင့် မဟာဗောဓိညောင်ပင်အနီး နံနက် ၅ နာရီခွဲနှင့် ၆ နာရီအကြား ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။ ပေါက်ကွဲမှုများသည် ပြင်းထန်မှုမရှိကြောင်းနှင့် မဟာဗောဓိ စေတီတော်အား ထိခိုက်မှုမရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြပါသည်။ မဟာဗောဓိညောင်ပင်သည် ထိခိုက်မှုလုံးဝမရှိဘဲ ဘေးကင်းလုံခြုံစွာရှိပါကြောင်း ဗုဒ္ဓဂါယာရဲတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူက ပြောကြားခဲ့ပါသည်။ ထိပ်တန်းရဲအရာရှိကြီးများသည် ပေါက်ကွဲမှုဖြစ်ပွားရာ မဟာဗောဓိ စေတီတော်သို့ ရောက်ရှိခဲ့ကြသကဲ့သို့ ပတ္တနားမှ မှုခင်းဆိုင်ရာ ပညာရှင်များသည်လည်း လာရောက်လျက်ရှိပါသည်။ မဟာဗောဓိစေတီတော်သည် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုပြုလုပ်မည့် စာရင်းတွင် ပါရှိနေကြောင်း အိန္ဒိယထောက်လှမ်းရေးက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါသည်။

မူရင်းသတင်း

Friday, July 05, 2013

မနေထိုက်သော အရပ် ၂


ယသိံ္မ ပဒေသေ န မာနော၊
န ပေမံ န စ ဗန္ဓ၀ါ။
န္စ ၀ိဇ္ဇာဂမော ကောစိ၊
န တတ္ထ ဒိဝသံ ၀သေ။

မိမိကို မြတ်နိုးသူ
မိမိကို ချစ်ခင်သူ
အားကိုးရသည့် ဆွေမျိုး
အတတ်ပညာသင်ပေးမည့်သူ
ဤလေးမျိုး မရှိသောအရပ်၌ တစ်ရက်ကလေးမျှ မနေရာ။

Wednesday, July 03, 2013

ဗိုလ်ချုပ်ကို အားနာတယ် - ခင်မောင်ညို (ဘောဂဗေဒ)


ကျွန်တော့်ခမျာ၊ ထမင်းလေး တစ်လုတ်နှစ်လုတ်အတွက် စာလေးဘာလေးရေး၊ အယ်ဒီတာလေးဘာလေး လုပ်မိပါတယ်၊ အရေးထဲ ဗိုလ်ချုပ်အောင်ဆန်းလောင်းလျာ၊ အယ်ဒီတာလို ဖြစ်ချင်နေသလား မသိဘူးဆိုတဲ့ စွပ်စွဲချက်က ထပ်တိုးလာ။ ဘယ့်နှယ်ဗျာ မိုးကြိုးပစ်မှာ ကြောက်ပါတယ်၊ ကျွန်တော်ဒီလောက်ထိ ဘယ်မိုက်မဲပါ့မလဲ။

အခြေအနေချင်းကလည်း တခြားစီပါ၊ ဗိုလ်ချုပ်က အင်္ဂလိပ်အစိုးရကို ဆန့်ကျင်တာ၊ ကျွန်တော်က ဘယ်သူ့မှ ဆန်ကျင်ရဲတာမဟုတ်။ တစ်ယောက်ယောက်ကို အားနာလို့ အကာအကွယ်ပေးတာမျိုးလည်း မလုပ်နိုင်၊ ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်၊

ဂျာနယ်ထဲ ထည့်မိတဲ့ ဆောင်းပါးက ဘယ်သူမှ မထိခိုက်၊ ဘယ်သူမှလည်း ဂရုမစိုက်၊ ဗိုလ်ချုပ်နဲ့ ဦးညိုမြတို့လို တက္ကသိုလ်တစ်ခုလုံး လှုပ်သွားဖို့ဆိုတာ အသာထား၊ အိမ်က တက္ကသိုလ်ဆရာမနဲ့ တက္ကသိုလ်ကျောင်းသူတောင် မဖတ်မိ။ ဒါပေမယ့် စွဲချက်ကျတော့၊ အဲဒီဆောင်းပါးနဲ့ မပတ်သက်၊ ဆောင်းပါးရေးတဲ့သူရဲ့ တခြားဆောင်းပါးကို အကြောင်းပြုပြီး စွဲချက်တပ်ခံရတဲ့ဘ၀ ရောက်တာပါ။ ဒါကြောင့် အရေးယူခံရမယ့် ကိန်းလဲမမြင်၊ ဟီးရိုးလည်းမဖြစ်ချင်၊ ကိုယ့် အရေးယူလည်း ဘယ်သူမှ ဂရုစိုက်မှာမဟုတ်။

ပြီးတော့ (ဗိုလ်ချုပ်)က သိလျက်နဲ့မဖော်တာ၊ ကိုယ်ကဖြင့် အယ်ဒီချာဆိုတော့ သိကိုမသိတာ၊ ဒါပေမယ့် ကိုယ်သိတယ်လို့ စွတ်ပြီးအထင်ကြီးနေကြတော့၊ ကိုယ့်ကိုမဲမှန်း သိပေမယ့်၊ ခပ်တည်တည်နဲ့ မကြောက်ချင်ယောင် ဆောင်နေရတာ။ ကိုယ်နဲ့ ရင်ဆိုင်ရတဲ့သူကလည်း အင်တာနက်မှာ ရှာမတွေ့ဘူးဆိုတာနဲ့ ရှာမတွေ့ရင် ကိုယ်ရေးတယ် ဖြစ်တော့မယ်ဆိုပြီး၊ မနည်းလိုက်ရှာရတာ။ တွေ့လို့တော်သေးရဲ့၊ ဖြုတ်များချထားရင် ကိုယ်ဒုက္ခရောက်ဦးမယ်။

အံ့သြစရာကောင်းတာက မသိပါဘူးဆိုတဲ့သူကို ၀ိုင်း သဲသဲ မည်းမည်း ဖြစ်နေပြီး၊ သိပါတယ်ဆိုတဲ့ သူတွေက ဘာမျှ သက်သေမပြနိုင်ဘူးတဲ့။ သိတဲ့သူတွေတောင် သက်သေမပြနိုင်တဲ့ကိစ္စ၊ မသိပါဘူးလို့ ပြောတဲ့သူက၊ ဘယ်လိုလုပ် ဖော်ထုတ်ရမှာလဲ ပြောကြပါဦး။

ကိုယ့် ပုံနှိပ်ဂျာနယ်မှာ ထည့်လိုက်မိတဲ့ စာရေးသူရဲ့ တခြားဆောင်းပါးအတွက်၊ ကိုယ့်မှာ တာဝန် ဘယ်လိုရှိတယ်ဆိုတော့ ကိုယ့်ဉာဏ်နဲ့တော့၊ ဘယ်လိုမှ စဉ်းစားမရပါဘူး။ ကြည့်ရတာတော့၊ အစကတည်းက စီရင်ချက် ချထားပြီးသားထင်ပါရဲ့။

ကြုံတုန်းပြောပါရစေ၊ ဗိုလ်ချုပ်နဲ့ ဖြစ်ဖြစ်၊ ဗိုလ်ချုပ်သမီးနဲ့ ဖြစ်ဖြစ်၊ ယှဉ်ရလောက်အောင် မမိုက်မဲပါကြောင်း။

၂.၇.၂၀၁၃

ဒေါက်ဆိတ်နဲ့ပတ်သက်ပြီး ဘောညိုက ဒီလိုရှင်းတယ်


၁။ ဒေါက်တာဆိတ်ဖွားရေးသော ဆောင်းပါးများ(အင်တာနက်)သည် ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်သည်ဟုဆိုပြီး ဂျာနယ်တစ်စောင်က ၎င်းတို့ သံသယရှိသူများကို လိုက်လံစွပ်စွဲမှုများ ပြုလုပ်ခဲ့ပါသည်။

၂။ ထိုအချိန်တွင် ဒေါက်တာဆိတ်ဖွား ရေးသားသော ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော် တာဝန်ယူ ထုတ်ဝေသော စာစောင်တွင် ပုံနှိပ်ဖော်ပြခဲ့ပါသည်။ ထိုဆောင်းပါးသည် မည်သူ့ကိုမျှ ထိခိုက်နစ်နာစေခြင်း မရှိပါ။

၃။ ထိုဆောင်းပါးကို အကြောင်းပြု၍ ဒေါက်တာဆိတ်ဖွားသည် ကျွန်တော်သော်လည်းကောင်း၊ ကျွန်တော်နှင့် နီးစပ်သူသော်လည်းကောင်း ဖြစ်ရမည်၊ အကြောင်းပြန်ကြားပေးပါဟူ၍ စာတစ်စောင် ကျွန်တော့်ကို ပေးပို့ခဲ့သကဲ့သို့၊ ၎င်းတို့၏ ဂျာနယ်တွင်လည်း ကျွန်တော့်ကို ထိပါးပုတ်ခတ်သော သတင်းများ၊ ဆောင်းပါးများ သိက္ခာမဲ့စွာ ရေးသားဖော်ပြလာခဲ့ပါသည်။ သို့သော် မည်သို့မျှ တုံ့ပြန်ခြင်း မပြုခဲ့ပါ။

၎။ ထိုမျှသာမက ဂျာနယ်ထုတ်ဝေရန် တာဝန်ပေးသော ဌာနကိုပါ ဆွဲထည့်ကာ အစိုးရဌာနတစ်ခုမှ တိုက်ခိုက်သယောင် စွပ်စွဲပြောဆိုမှုများ ပြုလုပ်လာခဲ့ပါသည်။ နောင်တွင်လည်း အကြောင်းအမျိုးမျိုးဖြင့် အစိုးရဌာနများကို စွပ်စွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။

၅။ ကျန်ဂျာနယ်များက ၎င်းတို့၏ သတင်းကို အတည်ပြုနိုင်ခြင်းမရှိဘဲ မိတ္တူကူးခဲ့ကြသဖြင့် အခြေအမြစ် မခိုင်မာသော သတင်းသည် ကျယ်ပြန့်လာခဲ့ပါသည်။

၆။ ကံအားလျော်စွာ ကျွန်တော်သည် "ဒေါက်တာ ဆိတ်ဖွား" သည် မည်သူမည်ဝါဖြစ်ကြောင်း မသိရှိခဲ့ပါ။ ကျွန်တော်မဟုတ်ကြောင်း အကြိမ်ကြိမ် ရှင်းပြခဲ့ပြီးလည်း ဖြစ်ပါသည်။ ယခင်အစိုးရ လက်ထက်ကပင် ပြောသင့်ပြောထိုက်၊ ရေးသင့်ရေးထိုက်သည်တို့ကို အမြဲရေးသားခဲ့ပါသည်။ ကျွန်တော် တာဝန်မယူနိုင်သော ဆောင်းပါးတစ်ပုဒ်မျှ မရှိပါ။

၇။ အကယ်၍ ဒေါက်တာဆိတ်ဖွားသည် မည်သူမည်ဝါဖြစ်ကြောင်း ကျွန်တော်သိရှိထားလျှင်လည်း အယ်ဒီတာ တစ်ယောက်၏ ကျင့်ဝတ်ကို ထိန်းသိမ်းသည့်သူ တစ်ယောက်ဆိုလျှင် ထုတ်ဖော်ပြောဆိုမည် မဟုတ်ပါ။ အခြားအယ်ဒီတာ တစ်ဦးတစ်ယောက်ကိုလည်း ၎င်း၏ကျင့်ဝတ်ကို ချိုးဖျက်စေရန် တိုက်တွန်းလိမ့်မည် မဟုတ်ပါ။

၈။ ယခုအချိန်အထိ ဒေါက်တာဆိတ်ဖွား၏ "ဥပဒေအထက်ကလွှတ်တော်" ဆောင်းပါးကို ဖတ်ဖူးကြသူ မများလှပါ။ လွှတ်တော်က စုံစမ်းမည်ဆိုသည့်အခါ ဒေါက်တာဆိတ်ဖွားသည် နာမည်ကျော်ကြားကာ ဟီးရိုးသဖွယ် ဖြစ်လာခဲ့ပါသည်။ စုံစမ်းရေးကော်မရှင်အပေါ် ပြစ်တင်ဝေဖန်ချက်များသည် အင်တာနက်ပေါ်တွင် သာမက ပုံနှိပ်စာများ၊ ကာတွန်းများအထိ ပျံ့နှံ့လာခဲ့ပါသည်။

၉။ စုံစမ်းရေးကော်မရှင်နှင့် ပထမအကြိမ် တွေ့ဆုံစဉ်က ဒေါက်တာဆိတ်ဖွားက လွှတ်တော်ကို မြောင်းထဲရောက်အောင် မလုပ်နိုင်ကြောင်း၊ မြောင်းထဲ ရောက်၊ မရောက်သည် လွှတ်တော်အပေါ်တွင် သော်လည်းကောင်း၊ ပြည်သူလူထုက ဆုံးဖြတ်ရမည့်ကိစ္စသာ ဖြစ်မည်ကိုလည်းကောင်း တင်ပြခဲ့ပါသည်။ သို့ပါ၍ အခြား အရေးတကြီးကိစ္စများကို အလေးထားဆောင်ရွက်ပါရန် မေတ္တာရပ်ခံခဲ့ပါသည်။ သို့သော် ရွေးချယ်ခွင့်၊ ဆုံးဖြတ်ခွင့်မှာ လွှတ်တော်၌သာရှိကြောင်း ပြောကြားခဲ့ပါသည်။

၁၀။ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌက ဒေါက်တာဆိတ်ဖွား ကော်မရှင်နှင့်ပတ်သက်၍ ရေးသားကြသည်များကို စုစည်းပေးရန်၊ ကျွန်တော့်အား ပြောကြားခဲ့သော်လည်း ကော်မရှင်အဖွဲ့ဝင်လည်း မဟုတ်၊ ပြင်ပမှ သာမန် ပြည်သူပြည်သားတစ်ယောက်သာ ဖြစ်ခြင်းကြောင့် ကျွန်တော့်တွင် တာဝန်မရှိပါ။

၁၁။ ယခုနောက်ပိုင်းတွင် လွှတ်တော်ကော်မရှင် အဖွဲ့ဝင်များ၏ ဝေဖန်ချက်များ (မှန်၊ မမှန် မသိပါ)ကို ပင်လျှင် စာနယ်ဇင်းများတွင် တွေ့မြင်လာရပါသည်။

၁၂။ အဆိုးဆုံး ဝေဖန်ချက်တစ်ခုမှာ "ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါ ဖြစ်သည်ကို သိရှိကြောင်း၊ လွှတ်တော်သို့ စာရေးပို့လိုက်ပါက လွှတ်တော်က ချက်ချင်းခေါ်မည်ဖြစ်၍ လွှတ်တော်သို့ ရောက်ဖူးနိုင်ကြောင်း" လွှတ်တော်က ဒေါက်တာဆိတ်ဖွား အမည်ကြားသိရန် အသည်းအသန် ကြိုးစားနေသလို ရေးသားထားခြင်း ဖြစ်သည်။

ထိုမှတစ်ဆင့် မိမိတို့နှင့် မသင့်မြတ်သူများကိုပါ စွပ်စွဲခြင်း၊ အမည်စာရင်းပေးခြင်းများ ဖြစ်ပေါ်လာမည့် အန္တရာယ် ရှိနေပါသည်။

ထို့အပြင် ဤဆောင်ရွက်ချက်သည် ပါတီတစ်ခုအတွင်း အားပြိုင်ပွဲ၊ အားစမ်းပွဲ ဖြစ်သည်ဟူ၍လည်းကောင်း၊ လွှတ်တော်ကို စာနယ်ဇင်းလောကက ဝေဖန်မှု မပြုလုပ်ရဲစေရန် ခြိမ်းခြောက်မှု တစ်ခုအဖြစ်လည်းကောင်း၊ ရှုမြင်ဝေဖန်မှုများကို တွေ့လာရပါသည်။

၁၃။ ယေဘုယျအားဖြင့်ပြောရလျှင် ဒေါက်တာဆိတ်ဖွား၏ ရေးသားချက်ကြောင့် ကိုယ်ကျိုးစီးပွား ထိခိုက်သူဟု ယူဆရသော အင်အားကြီး စာနယ်ဇင်းတစ်စောင်မှအပ အခြားပုဂ္ဂိုလ်များက ကော်မရှင်၏ ကြိုးစားအားထုတ် အပင်ပန်းခံနေမှုများကို ဘ၀င်ကျကြပုံ မရပါ။
၁၄။ လွှတ်တော် စုံစမ်းရေးကော်မရှင်က မိမိတို့တွင် စုံစမ်းဖော်ထုတ်နိုင်သော နည်းပညာ ရှိပြီးဖြစ်သည်ဟု ပြောဆိုပါသည်။ ကျွန်တော်သိသမျှ ထိုနည်းပညာ မပေါ်ပေါက်သေးပါ။

၁၅။ အင်တာနက်ကို လွတ်လပ်စွာ အသုံးမပြုနိုင်ချိန်က ကြားခံ (Proxy) ၀က်ဘ်ဆိုက်များမှတစ်ဆင့် အသုံးပြုသောအခါ လူက ရန်ကုန်တွင် သုံးနေသော်လည်း ကျွန်တော်၏ လိပ်စာက ရုရှရောက်လိုက်၊ ပြင်သစ်ရောက်လိုက် ဖြစ်နေသည်ကို တွေ့ရဖူးပါသည်။

၁၆။ ကျွန်တော့်အနေဖြင့် နည်းပညာအရ မည်သူမည်ဝါ ဖြစ်သည်ဟု တိတိကျကျ IP Address ဖော်ပြနိုင်စွမ်း ရှိသည်ဟု မယုံကြည်ပါ။

၁၇။ ထို့အတူပင် ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များကြောင် အမြင်စောင်းသူများကို လက်ညှိုးထိုးပြမည့် အန္တရာယ်လည်း ရှိနေပါသည်။ (ယခုပင်လျှင် ကျွန်တော်ကိုယ်တိုင် မဆီမဆိုင် ပါဝင်ပတ်သက်နေရသည်မှာ သာဓကတစ်ခု ဖြစ်ပါသည်။)

၁၈။ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်များသည် ကြီးမားသော ဉာဏ်ပညာဖြင့် အဂတိတရားကင်းစွာ သစ္စာ၊ သမာဓိ၊ မေတ္တာတရားတို့ကို အခြေပြု၍ အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ်ကို ချင့်ချိန် ဆုံးဖြတ်နိုင်ကြမည်ဟု မျှော်လင့်ပါသည်။

၁၉။ ယခင် အစည်းအဝေးတွင် ကျွန်တော်၏ "ထွက်ချက်"ကို လက်မှတ်ရေးထိုးရန် ယူလာစဉ်က ကျွန်တော်ကိုယ်တိုင်ပင် နားမလည်၊ ရှုပ်ထွေးနေသည့် အရေးအသားများကို တွေ့ခဲ့ရပါသည်။ ထိုသည်မှာ အသံသွင်းရာမှ စာအဖြစ် ပြောင်းရာတွင် ဖြစ်တတ်သောသဘော ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်တော်၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖြစ်စေရန် လေးစားစွာ စာဖြင့် တင်သွင်းခြင်း ဖြစ်ပါသည်။

၁၈ ရက်၊ မတ်လ၊ ၂၀၁၃

Tuesday, July 02, 2013

ဒေါက်တာဆိတ်ဖွားနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်နာယကရဲ့ ဆုံးဖြတ်ချက်


အင်တာနက်တွင်ဖော်ပြပါရှိသော ဒေါက်တာဆိတ်ဖွား၏ Above The Law ခေါင်းစဉ်ပါ ဝေဖန်ချက်နှင့်စပ်လျဉ်းသည့် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက၏ ဆုံးဖြတ်ချက်ကို ရှင်းလင်းတင်ပြရာတွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း (၃) နံပါတ် (၈) နာယက၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပိုဒ်ခွဲ (ဂ) တွင် လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိပါးစေသော ရေးသားပြောဆိုမှုနှင့် လွှတ်တော်အတွင်း ဆောင်ရွက်ချက်များကို အထင်မြင်မှားစေသော ရေးသားမှုများနှင့် မည်သို့မည်ပုံ အရေးယူရမည်ကို ဆုံးဖြတ်ခြင်းဟု ပြဋ္ဌာန်းထားရှိခြင်းနှင့်အညီ ဤဆုံးဖြတ်ချက်ကို ချမှတ်ပါကြောင်း။

ယခုကိစ္စဟာ ဥပဒေပြုရေးအဖွဲ့အစည်းနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းတို့အကြား အယူအဆ ကွဲပြားနေတဲ့ အခြေအနေတစ်ရပ်တွင် တစ်ဖက်နှင့်တစ်ဖက် အထင်အမြင် လွဲမှားစေရန် ရန်တိုက်ပေးတဲ့သဘော သက်ရောက်နေပါကြောင်း၊ လွှတ်တော်တွင် ကော်မရှင်ဖွဲ့စည်းပေးရန် ထောက်ခံမဲများသည့်အတွက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့ အပါအ၀င် ၁၇ ဦးဖြင့် ၇-၂-၂၀၁၃ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ယနေ့တွင် ကော်မရှင်၏ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ ကြားနာခဲ့ပြီးဖြစ်ပါကြောင်း၊ ကော်မရှင်၏ အစီရင်ခံစာပါ အချက်အလက်များကို လေ့လာခြင်းအားဖြင့် ဒေါက်တာဆိတ်ဖွားသည် ၀ါဒဖြန့်ချိရေး အုပ်စုတစ်စုဝင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ကြောင်း၊ ယင်း၏ ရေးသားချက်နှင့် အကိုးအကားမှာလည်း လွှတ်တော်၏ လုပ်ငန်းများကို တည့်မတ်ပေးလိုသော စေတနာအမှန်ဖြင့် ဝေဖန်ထောက်ပြခြင်းမျိုး မဟုတ်ဘဲ အဂတိတရား တစ်ပါးပါးကို အဓိပတိထား၍ စိတ်လက်မာန်ပါ ရေးသားပုတ်ခတ်ခြင်းသာဖြစ်ကြောင်း ပေါ်လွင်ပါကြောင်း၊ မူလက ဒေါက်တာဆိတ်ဖွား ဆိုသူကို ဖော်ထုတ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်အသီးသီးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ဓလေ့ထုံးတမ်းများနှင့် စနစ်တကျရှင်းပြရန် နာယက ရည်သန်သော်လည်း ဒေါက်တာဆိတ်ဖွား ဆိုသူသည် မိမိရေးသားချက်၏ အမှန်တရားကို တာဝန်ယူ၍ ရင်ဆိုင်ဖြေရှင်းရဲသူ မဟုတ်သည့်အပြင် လွှတ်တော်တွင် လာရောက်ဖြေကြားသူတစ်ဦး၏ အသုံးအနှုန်းအရ ဆိုရပါမူ အမှောင်ထဲမှ ခဲဖြင့်ပစ်သူသာဖြစ်သောကြောင့် လွှတ်တော်က ရှင်းလင်းပြရန် လိုအပ်ခြင်းမရှိကြောင်း တွေ့ရှိရကြောင်း။

ကော်မရှင်၏ မေးမြန်းချက်များအပေါ် လာရောက်ဖြေကြားမှုများကို လေ့လာကြည့်ရာတွင် စာအရေးအသားကို ကြည့်တာနဲ့ ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာသိကြောင်း၊ ဒေါက်တာဆိတ်ဖွားသည် မည်သူဖြစ်နိုင်ကြောင်းကို ပတ်ဝန်းကျင် သက်သေအထောက်အထားများဖြင့် ထွက်ဆိုသူများ ရှိသော်လည်း ဒေါက်တာဆိတ်ဖွားသည် မည်သူဖြစ်သည်ကို တိတိပပ ဖွင့်ဟဖော်ထုတ်ခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် လွှတ်တော်က စုံစမ်းသည်ကိုပင် ဖော်ထုတ်ခြင်း မပြုသည်မှာ လက်ရှိကာလတွင် ဒေါက်တာဆိတ်ဖွားသည် စွမ်းရည်သတ္တိ တစ်ခုခု သို့မဟုတ် အားနာထောက်ထားလောက်သည့် အကြောင်းအရာ တစ်ရပ်ရပ်ကို ပိုင်ဆိုင်ထားသူ ဖြစ်နိုင်ကြောင်းဖြင့် ခန့်မှန်းနိုင်ပါကြောင်း။

လွှတ်တော်သည် အစိုးရတစ်ရပ်ကဲ့သို့ ဖော်ထုတ်နိုင်ခြင်း မရှိသည့်အတွက် ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်နိုင်ခြင်း မရှိစေကာမူ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပေါ်ပေါက်တတ်စမြဲ ဓမ္မတာကြောင့် ယင်း၏ ကျူးလွန်မှုသည် မပျောက်မပျက် တည်ရှိနေမည်ဖြစ်ကြောင်း။

ဂျာနယ်တွင် ရေးသားခဲ့သည့် ဒေါက်တာဆိတ်ဖွား၏ ဆောင်းပါးတစ်ပုဒ်အား ခြေရာကောက်ရာ ဂျာနယ်အယ်ဒီတာချုပ်က အဆိုပါဆောင်းပါးကို အင်တာနက်မှ ကူးယူပြီး ဂျာနယ်တိုက်သို့ ဂျီမေးလ်ဖြင့် ပေးပို့သည်မှာ မိမိကိုယ်တိုင် ဖြစ်ပါကြောင်း ပြောကြားချက်သည် ဒေါက်တာဆိတ်ဖွားကို သိရှိသော်လည်း ခြေရာဖျောက်သည့် သဘောဖြင့် ပြောကြားသည်ဟု ယူဆပါကြောင်း၊ လွှတ်တော်နှင့် ပတ်သက်ခြင်းမရှိသည့် ဆောင်းပါးကိုရေးသော ဒေါက်တာဆိတ်ဖွားအမည်ခံ ပုဂ္ဂိုလ်မှာ မည်သူမည်ဝါမှန်း သိသော်လည်း အွန်လိုင်းပေါ်တွင် ရေးသားသော ဒေါက်တာဆိတ်ဖွားမှာ တစ်ဦးတည်း ဟုတ် မဟုတ် မိမိ မသိကြောင်းသာ ဖြေကြားခဲ့ပါကြောင်း။

ထိုသို့ ဖြေကြားပါက ကွင်းဆက်မိသွားမည်ကို စိုးရိမ်သဖြင့် အယ်ဒီတာချုပ်ကပင် အနစ်နာခံသည့်အနေဖြင့် ဖြေကြားသွားသည်မှာ ပေါ်လွင်ပါကြောင်း။

ဒေါက်တာဆိတ်ဖွား၏ ၀က်ဘ်ဆိုက်တွင် ၂၀-၁-၂၀၁၃ ရက်နေ့က တင်ထားသော တောင်းပန်ခြင်းကို လက်ခံသော်လည်း စာနယ်ဇင်းသမားဟူသည် အမှန်ကို အမှန်အတိုင်း ရေးရမည်၊ ရေးသားသည်ကိုလည်း အထောက်အထား ခိုင်ခိုင်မာမာဖြင့် မှန်ကန်ကြောင်း တာဝန်ယူရမည်ဖြစ်သည်၊ နောက်နောင်တွင် ဤကဲ့သို့ လုံးဝမပြုရန် ပြည်ထောင်စုလွှတ်တော် နာယကအနေဖြင့် သတိပေးလိုက်သည်။

[မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၂ ရက်၊ အင်္ဂါနေ့၊ အတွဲ (၅၂)၊ အမှတ် (၂၇၀) မှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်။]

ဒေါက်တာဆိတ်ဖွားက လွှတ်တော်ကို တောင်းပန်သတဲ့လား



မနက်က တီဗီကိုဖွင့်တဲ့အချိန်မှာ SkyNet ရဲ့ နံနက်ခင်းသတင်း တင်ဆက်မှုကို အခြားအလုပ်တစ်ခု လုပ်နေရင်းနဲ့ နားထောင်လိုက်ရတယ်။ အဲဒီမှာ သတင်းဖတ်တဲ့ ကလေးမက လွှတ်တော်သတင်းတစ်ပုဒ်ကို ဖတ်ပြတယ်။ ဒေါက်တာဆိတ်ဖွားကိစ္စဆိုပါတော့။ အလုပ်တစ်ဖက်နဲ့မို့ လှည့်မကြည့်နိုင်အားဘူး။ နားထောင်နေရင်း၊ နားထောင်နေရင်းနဲ့ မဟုတ်သေးပါဘူးလို့ စိတ်ထဲမှာ ထင့်ခနဲဖြစ်သွားတယ်။ ဒေါက်တာဆိတ်ဖွားရဲ့ တောင်းပန်ခြင်းကို လက်ခံတယ်ဆိုပြီး ကြားလိုက်မိလို့ပါ။ ဆိတ်ဖွားဘယ်တုန်းကများ တောင်းပန်ပါလိမ့်ဆိုပြီး ဇဝေဇ၀ါ ဖြစ်သွားရတယ်။ ဖြစ်ချင်တော့ အဲဒီသတင်းကို နားထောင်ပြီးတဲ့အချိန်မှာ သတင်းစာက မရောက်သေးဘူး။ လည်တမော့မော့နဲ့ သတင်းစာကို စောင့်ရတယ်။ အင်တာနက်ပေါ်မှာတော့ ဟိုကရေး ဒီကရေးနဲ့ တက်နေပါပြီ။ ဒါပေမယ့် သတင်းစာမှာ ဖော်ပြထားတာက ပိုပြီးတော့ အကိုးအကားပြုလို့ ကောင်းမယ်ထင်လို့ တမင်စောင့်နေခဲ့တာပါ။

သတင်းစာသမားကို တွေ့လိုက်ရတော့ ၀မ်းသာအားရဖြစ်သွားရတယ်။ သတင်းစာပို့တဲ့လူကတောင် ကြောင်တောင်တောင်တွေဖြစ်လို့။ တစ်နေ့တစ်နေ့ သူ့ကိုတွေ့တိုင်း "ရက်ကျော်ကြီး လာပြီကိုးလို့ ခနဲ့နေကျလူက ဒီနေ့ကျမှ ၀မ်းသာအားရ ကြိုနေလေတော့ သူ့ခမျာ အတော်ကြီးကို ကြောင်စီစီ ဖြစ်သွားရှာမှာပဲ" လို့ တွေးလိုက်မိတယ်။ တတ်နိုင်ဘူး။ ကိုယ်က သိချင်တာ ရှိနေတာကိုး။ သတင်းစာမှာ လွှတ်တော်သတင်းကို အရင်ဆုံး ရှာဖတ်ရတယ်။ တ၀ကြီး ဖတ်လိုက်ရပါတယ်။ ဆိတ်ဖွားနဲ့ ပတ်သက်တဲ့ဟာကို သီးသန့်တင်ပေးပါ့မယ်။

အခုပို့စ်မှာ ကျွန်တော်ပြောချင်တာက ပြည်ထောင်စုလွှတ်တော် နာယကကြီးရဲ့ အသုံးအနှုန်းနဲ့ ပတ်သက်လို့ပါ။ ဒေါက်တာဆိတ်ဖွားရဲ့ ၀က်ဘ်ဆိုဒ်မှာ ၂၀-၁-၂၀၁၃ ရက်နေ့က တင်ထားတဲ့ တောင်းပန်ခြင်းကို လက်ခံသော်လည်း တဲ့။ ကျွန်တော် အတော်ကြီးကို နားမလည်နိုင် ဖြစ်သွားရတယ်။ နာယကကြီးကို အဲဒီလိုပြောဖို့ ဘယ်သူကများ၊ ဘယ်ပညာရှိကများ အချွန်နဲ့မပြီး ရေးပေးလိုက်ပါလိမ့်ဗျာ။ အရင်တုန်းက လွှတ်တော်ကို ဝေဖန်တယ်၊ သရော်တယ်ဆိုတာကို လက်မခံတာကို မပြောလိုဘူး။ ထားတော့... ရေးတဲ့လူမှာ အပြစ်ရှိတယ်ပေါ့။ အခုကိစ္စကတော့ လွှတ်တော်ကိုယ်တိုင်ကိုက ဒေါက်တာဆိတ်ဖွားပြောသလို ဖြစ်နေပါတယ်ဆိုတာကို ကိုယ့်ဘာသာကိုယ် အထုပ်ဖြည်ပြလိုက်တာလို့ မြင်တယ်ဗျာ။ အတော်စိတ်ညစ်သွားတယ်။

ဒေါက်တာဆိတ်ဖွား ကွယ်ရာကနေ ရယ်နေမလား။
ဒေါက်တာဆိတ်ဖွား ကွယ်ရာကနေ ပြုံးနေမလား။
ဒေါက်တာဆိတ်ဖွား ကွယ်ရာကနေ လှောင်နေမလား။
ဒေါက်တာဆိတ်ဖွား ကွယ်ရာကနေ ဟားတိုက်နေမလား။

ကျွန်တော့်ရဲ့အတွေး၊ ကျွန်တော့်ရဲ့အမြင်ဟာ မှန်ကန်ပါတယ်လို့ ကျွန်တော်တစ်ဖက်သတ် မပြောလိုပါဘူး။ စာဖတ်သူကိုယ်တိုင်ပဲ ဒေါက်တာဆိတ်ဖွားရဲ့ တောင်းပန်စာကို ပြန်ဖတ်ကြည့်စေချင်ပါတယ်။ အေးလေ၊ တောင်းပန်ထားတာပဲလို့ စာဖတ်သူက မြင်တယ်ဆိုရင်တော့ ကျွန်တော်လွဲနေတာ ဖြစ်ပါလိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းပြည်အတွက် နေ့မနား၊ ညမအား အလုပ်လုပ်နေကြရရှာလေတော့ သရော်စာဆိုတာ ဘာလဲဆိုတာကိုတောင် သေသေချာချာ မသိကြရှာဘူးလို့ပဲ ကျွန်တော်က မြင်မိပါတယ်။

ဒေါက်တာဆိတ်ဖွားရဲ့ တောင်းပန်ခြင်း ပို့စ်ကို မြန်မာစာဌာနကိုပို့ပြီး နည်းနည်းပါးပါးလေးများ မေးမြန်းကြည့်ချင်စိတ် မပေါ်မိဘူးလားလို့ ကျွန်တော်ကိုဉာဏ်က မေးလိုက်ချင်ပါတယ်။ နောက်ဆုံး ဘယ်သူ့ကိုမျှ မမေးချင်ဘူးဆိုရင်တောင် မောင်သာချိုလောက်ခေါ်ပြီး ဒီလိုစာကို ဘယ်လိုခေါ်သတုံးကွဲ့ ဆိုရင်လည်း သိနိုင်လောက်တာမျိုးပါ။

လွှတ်တော်က တာဝန်ရှိသူတွေဟာ ဒေါက်တာဆိတ်ဖွားရဲ့ ဘလော့ဂ်ကို ကိုယ်တိုင်ဖတ်ဖူးရဲ့လားဆိုတာ သံသယဖြစ်မိတယ်။ ဘာကြောင့်လဲဆိုတော့ သူများက ပရင့်ထုတ်ပေးတာကိုပဲ ဖတ်မယ်ဆိုရင်တော့ ဘလော့ဂ်မှာ သိသာစေချင်တာလေးတွေ၊ အထူးပြုချင်တာလေးတွေကို အရောင်တွေနဲ့ ရေးတာတို့၊ ဖော်ပြတာတို့ကို မြင်ရ၊ သိရမှာ မဟုတ်လို့ပါ။

နောက်ထပ် ပြောချင်တဲ့ အသုံးအနှုန်းတစ်ခုက စာနယ်ဇင်းသမားဟူသည် တဲ့။ ဘာလဲဗျ.. အဲဒီစကားရဲ့ အဓိပ္ပါယ်က။ ဘယ်သူဘယ်ဝါဆိုတာ မပြောနိုင်တဲ့ကိစ္စကို စာနယ်ဇင်းသမားဟူသည် ဆိုတော့။ ဟားဟားဟား။ အတော်နောက်တဲ့ လွှတ်တော်ပဲဗျ။ အင်တာနက်သုံးတဲ့လူတိုင်း ဘလော့ဂ်တစ်ခု တည်ဆောက်ပြီး ရေးလို့ရနေတဲ့ခေတ်မှာ ဘယ်သူမှန်း မပြောနိုင်ပေမယ့် စာနယ်ဇင်းသမားလို့ တပ်အပ် ပြောနိုင်တာကတော့ သိပ်ပြီးတော့ တော်လွန်းပါတယ်ဗျာ။ ဟဲဟဲ... ဒီလိုလေး ဂုဏ်ပြုလိုက်တယ်။ "ဘယ်သူဘယ်ဝါဆိုတာလဲ သေသေချာချာ မပြောနိုင်ဘဲနဲ့ စာနယ်ဇင်းသမားပီပီလို့ ပြောရဲတဲ့ လွှတ်တော်နာယကကြီးကို သားသိပ်မုန်းတာပဲ မေမေ..."။ :D

ကဲပါလေ... မှတ်တမ်းတင်ထားထိုက်တယ်လို့ ထင်တဲ့အတွက် ကျွန်တော့်ဘလော့ဂ်မှာ မှတ်တမ်းတင်လိုက်ပါတယ်။ ပျင်းတဲ့အခါတိုင်း ပြန်ဖတ်ပြီး ရယ်ရပြုံးရတာပေါ့ဗျာ။

ဟားဟားဟားဟားဟား.... ဆိတ်ဖွားဆိုတဲ့လူရေ... အခြားပို့စ်တွေကို ကျွန်တော်ဘာမျှ မပြောလိုဘူး။ ဒီ တောင်းပန်ခြင်းဆိုတဲ့ ပို့စ်တစ်ခုတည်းနဲ့တင် တိတိကျကျပြောရရင် နောက်ဆုံးတစ်ပိုဒ်တည်းနဲ့တင် ခင်ဗျားကို လေးစားတယ်ဗျာ။ (ကျော်ဟိန်း လေသံဖြင့်ဖတ်ရန်)

ဒေါက်တာဆိတ်ဖွားရဲ့ ၂၀-၁-၂၀၁၃ ရက်နေ့က တင်ထားတဲ့ တောင်းပန်ခြင်း ပို့စ်ကိုလည်း ပြန်လည်ဖော်ပြလိုက်ပါတယ်။


တောင်းပန်ခြင်း
ဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည်၊ အင်တာနက်စာမျက်နှားများ၊ လူမှုကွန်ယက်များ၊ သတင်းမီဒီယာများတွင် အတော်ပင်ပြန့်နှံ့နေခဲ့ပါသည်  ထိုပြန့်နှံ့မှုသည် လွှတ်တော်တွင် ဒေါက်တာစိုးရင်က အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ  ဝေဖန်ချက်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးပါရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ ကော်မရှင်ဖွဲ့စည်းပြီး ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆိုကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစပြုကြောင်း အများသိရှိပြီး ဖြစ်ပါသည်။

သို့အတွက်ကြောင့် ဒေါက်တာဆိတ်ဖွားဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုဒေါက်တာဆိတ်ဖွားဆိုသူက လွှတ်တော်အပေါ် မည်သို့များ ပြန်လည်တုန့်ပြန်လာမည် ဆိုသည့်ကိစ္စမှာလည်း  အများစိတ်ဝင်စားသော ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါသည်။ ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများကို "အပေါင်းပါများ" ဟု သုံးနှုံးခဲ့ခြင်းမှာ ကျွန်ုပ်၏ အမှားဖြစ်ကြောင်း ၀န်ခံပါသည်။ အမှားကို အမှားမှန်းသိသဖြင့် ၀န်ခံခြင်းသည် မင်္ဂလာတရားတော်နှင့် ညီသောကိစ္စတစ်ရပ်သာ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် "အပေါင်းပါ" ဟု ခေါ်ထိုက်သူများမဟုတ်ပဲ၊ အများပြည်သူလက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုကရေစီနည်းကျ လွတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပြည်သူများက ဆန္ဒစစ် ဆန္ဒမှန်များဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်ကြီးများ ဖြစ်ပါကြောင်းနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို အဂတိတရားကင်းကင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေကြသည့်  နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်များဖြစ်ပါကြောင်း ပြင်ဆင် ဖေါ်ပြအပ်ပါသည်။

Telenor နှင့် Ooredoo မြန်မာပြည်မှာ လုပ်ကိုင်ခွင့်ရပြီ



Telenor Group
Telenor Group ဟာဆိုရင် Norway နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ အခု ၃၀ ထဲက တစ်ခုဖြစ်ပြီး ကမ္ဘာ့အဆင့်မှာဆိုရင်တော့ အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။ ၁၈၅၅ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး တစ်နှစ်ကို အမြတ်ငွေ ၇.၂ ဘီလီယံ ရရှိကာ ဝန်ထမ်းပေါင်း ၃သောင်းကျော်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။

Norway နိုင်ငံတွင်သာမက ဥရောပနဲ့ အာရှမှာလည်း Telenor Group အမည်နဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးနေပြီး အဲဒီ ဆက်သွယ်ရေးဝန်ဆောင်မှုတွေထဲမှာ Internet Broadband ဝန်ဆောင်မှု Mobile Telecommunication ဝန်ဆောင်မှု Internet TV ဝန်ဆောင်မှု IPTV ဝန်ဆောင်မှု အစရှိတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပြုလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ အခုဖော်ပြပေးတဲ့ ဝန်ဆောင်မှုတွေအပြင် အခြားဝန်ဆောင်မှုတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။

အဲဒီ ဝန်ဆောင်မှုတွေကတော့ Fixed-Line Internet (xDSL, VOIP), Machine-to-Machine (R&D Project) နဲ့ Satellite Broadcast အစရှိတဲ့ ဝန်ဆောင်မှုတွေပဲဖြစ်ပါတယ်။

Broadband Interent ဝန်ဆောင်မှုမှာဆိုရင်တော့ အိမ်တွေမှာ အသုံးပြုတဲ့ TV Cable က တစ်ဆင့် Broadband Internet Connection ကို ဝန်ဆောင်မှုပေးနေပြီး Fiber Internet ဝန်ဆောင်မှုကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။

Mobile Telecommunication ဝန်ဆောင်မှုတွေမှာ ဆိုရင်တော့ mobile telephony နဲ့ data(4G or LTE) ဝန်ဆောင်မှုတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။

Norway, Denmark, Sweden, Serbia, Ukraine, Hungary, Montenegro, Thailand, Malaysia, Bangladesh, India နဲ့ Pakistan နိုင်ငံတွေမှာပါ Mobile Operator အဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။
Telenor Group ဟာ အခုဆိုရင် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးကုမ္ပဏီအတွက် tender ခေါ်ယူမှုမှာ အောင်မြင်ခဲ့ပြီး သူ့ရဲ့တရားဝင် website မှာတော့ အခုလို ပြောကြားထားပါတယ်။

၁။ HSPA or 3G နဲ့ LTE အဆင်သင့်ဖြစ်နေတဲ့ နည်းပညာများကို အသုံးပြုပြီး ငါးနှစ်တာ ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ အသုံးပြုနိုင်မယ့် Mobile Network တစ်ခုကို တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။

၂။ Mobile ဝန်ဆောင်မှုတွေအပါအဝင် Voice နဲ့ Data ကို ၂၀၁၄ ခုနှစ်အတွင်း စတင်ဝန်ဆောင်မှု ပေးနိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။

၃။ မြန်မာနိုင်ငံအတွင်းမှ ပညာရှင်များအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။

Telenor Group ရဲ့ မြန်မာနိုင်ငံအတွက် ဆက်သွယ်ရေးဝန်ဆောင်မှု အကောင်းဆုံးပေးစွမ်းနိုင်မှုကို Strategic Plan ၄ ခု ခွဲခြားသတ်မှတ်ထားပါတယ်။

၁။ နည်းပညာအရ အဆင့်မြင့်ပြီး ကြီးမားချဲ့ထွင်နိုင်မယ့် Mobile Network ကို တည်ဆောက်ပေးခြင်း။

၂။ တစ်နိုင်ငံလုံးအတွင်း ကြီးမားကျယ်ပြန့်တဲ့ Network ချိတ်ဆက်မှုကို စတင်ကာ ထို Network မှတစ်ဆင့် လူတန်းစားအစုံ အသုံးပြုနိုင်မယ့် Mobile ဝန်ဆောင်မှုအမျိုးမျိုးပေးခြင်း။

၃။ မြန်မာ့ Mobile ဈေးကွက်အတွင်း ထိပ်ဆုံးမှ ရပ်တည်ကာ အရည်အသွေး မြင့်မားပြီး သင့်တင့်လျောက်ပတ်တဲ့ Mobile ဝန်ဆောင်မှုများကိုပေးခြင်း။

၎။ အရည်အသွေးကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်ကာ ဝယ်ယူအသုံးပြုသူတွေအတွက် အကောင်းဆုံး အတွေ့အကြုံကို ရရှိစေပြီး မြန်မာနိုင်ငံမှ ဝယ်ယူအသုံးပြုသူများကို သစ္စာစောင့်သိမှုနှင့်အတူ ယုံကြည်မှုတစ်ခုကို တည်ဆောက်ကာ အကောင်းဆုံး ဆောင်ရွက်ပေးခြင်း

အစရှိတဲ့ Strategic Plan ၄ ခု သတ်မှတ်ပြီး အကောင်အထည်ဖော်မှာဖြစ်တယ်လို့ Telenor Group က တရားဝင်ပြောကြားခဲ့ပါတယ်။

Ooredoo
ကာတာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။ ယခင်ကုမ္ပဏီအမည်မှာ ကာတာတယ်လီကွန်း (Qtel) ဟု ဖြစ်သော်လည်း ၂၀၁၃ ခုနှစ် မတ်လမှစ၍ Ooredoo ဟု အမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ စကားလုံး၏ အဓိပ္ပါယ်မှာ "I want" ဟူ၍ ဖြစ်သည်။ ရုံးချုပ်သည် ကာတာနိုင်ငံ ဒိုဟာမြို့တွင် တည်ရှိသည်။ ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ သံတမန်မှာ ဘာစီလိုနာ ကစားသမား မက်ဆီ ဖြစ်သည်။

ထောင်ချောက်ထဲ တိုးဝင်တော့မှာလား - သူရိန်လှိုင်ဝင်း


အခုတလောမှာ အင်တာနက်လူမှုကွန်ရက်တွေပေါ်မှာ အမျိုးသားရေးဆန်တဲ့ ဦးဝီရသူကို အကြောင်းပြုပြီး သံဃာထုအပေါ်မှာ ရိုင်းစိုင်းစွာစော်ကားမှုတွေ အတော်ကြီးကို များပြားလာတာကို တွေ့မြင်ခဲ့ရတယ်။ လစ်ဘရယ်လို့ ကိုယ့်ကိုကိုယ် အမည်တပ်ထားသူတွေဟာ စည်းလွတ်ဝါးလွတ်ကိုပဲ သံဃာထုအပေါ်ကို တိုက်ခိုက်လာခဲ့တာကို မမြင်ချင်ဘဲ မြင်တွေ့နေရတယ်။ ၀မ်းနည်းစရာ အကောင်းဆုံးကတော့ သံဃာထုအပေါ်မှာ မိုက်ရိုင်းစွာ စော်ကားလာသူတွေဟာ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ရဲ့ သတင်းတွေ၊ ဓါတ်ပုံတွေကို တင်လေ့ရှိတဲ့ ခွန်ဒီးယမ်၊ ဒီမိုဖက်တီးလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကလူတွေ ဖြစ်နေတာပါပဲ။ အများအားဖြင့် သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဘော်တွေကိုသာ တင်ပြလေ့ရှိတဲ့အတွက် ဒီလိုမျိုး သံဃာထုအပေါ် ရိုင်းစိုင်းစွာ စော်ကားပြီး အမျိုးသားရေးကိစ္စနဲ့ ထိပ်တိုက်တွေ့နေတာဟာလည်း ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားလိုမျိုး လူတွေထင်မြင်လာကြတယ်။


မြန်မာနိုင်ငံမှာ အမျိုးသားရေးဝါဒီဆန်တဲ့ အင်စတီကျူးရှင်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ စစ်တပ်ပါ။ နောက်တစ်ခုကတော့ သံဃာ့အဖွဲ့အစည်းပါ။ ဘာသာရေးခေါင်းဆောင်တွေ ဖြစ်နေတဲ့အတွက် သံဃာတော်တွေဟာ အမျိုးဘာသာစောင့်ရှောက်ရေးအတွက် အမျိုးသားရေးဝါဒီတွေ ဖြစ်လာကြပါတယ်။ သံဃာတော်တွေဟာ တိုက်ရိုက်မဲပေးပိုင်ခွင့် မရှိဘူး၊ ဒါပေမယ့် ဒီသံဃာတော်တွေဟာ မဲပေးပိုင်ခွင့် ရှိသူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ထိ ရှိနိုင်တဲ့ ပြည်သူတွေအပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ ကျေးလက်တောရွာတွေမှာ သံဃာတော်တွေဟာ ဆုံးမပြုပြင်သူတွေ၊ လမ်းညွှန်သင်ကြားပေးသူတွေပါ။ အရင်တုန်းကတည်းက သံဃာအဖွဲ့အစည်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို လိုလားလက်ခံကြတယ်။ ဒီအကြောင်းဟာ NLD အတွက် ၁၉၉၀ နဲ့ ၂၀၁၂ Landslide နိုင်ရခြင်းရဲ့ အကြောင်းရင်းတွေ ဖြစ်လာပါတယ်။ ဒါပေမယ့် အခုတော့ NLD နဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းဟာ အမျိုးသားရေးဝါဒီဆန်တဲ့ ဦးဝီရသူနဲ့ လစ်ဘရယ်ဝါဒကို အကြောင်းပြုပြီး သံဃာတော်တွေနဲ့ ထိပ်တိုက်တိုးလာတယ်။ မြန်မာပြည်မှာ သံဃာတော် ငါးသိန်းကျော် ရှိပါတယ်။ ဒီထဲမှာ ၀ိနည်းမလေးစား မလိုက်နာတဲ့ သံဃာဟာ ဆယ်ရာခိုင်နှုန်းထက် မပိုနိုင်ပါဘူး။ ဒါ့ကြောင့်သာ အခုချိန်ထိ မြန်မာနိုင်ငံဟာ ထေရ၀ါဒနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေတာပါ။ အခုလို အနည်းစု သံဃာကိုထောက်ပြီး ဘာသာရေး ပုတ်ခတ်မှုတွေ လုပ်လာတာ၊ သံဃာထုနဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားလာတာ၊ အမျိုးသားရေးဝါဒကို အစွန်းရောက်အဖြစ် ပုံဖော်လာတာတွေဟာ NLD အတွက် ကောင်းတဲ့အလားအလာ တစ်ခုမဖြစ်နိုင်ပါဘူး။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ မဟုတ်မမှန် ဝေဖန်ထားတဲ့ TIME မဂ္ဂဇင်းနဲ့ ပတ်သက်လို့လည်း NLD ထောက်ခံသူအချို့ရဲ့ သဘောထားဟာ ဗုဒ္ဓဘာသာဝင်အများစု တုံ့ပြန်တဲ့ သဘောထားကို ဆန့်ကျင်နေပြန်တယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင် ၈၅ ရာခိုင်နှုန်းကျော် နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ TIME မဂ္ဂဇင်းရဲ့ စွပ်စွဲဝေဖန်မှုတွေဟာ ဦးဝီရသူ တစ်ယောက်တည်းသာမဟုတ်ဘဲ အခြားဗုဒ္ဓဘာသာများကိုပါ နှိမ့်ချသလို ဖြစ်နေတယ်။ ဒီအတွက် ဗုဒ္ဓဘာသာဝင်အများစုဟာ မကျေမနပ်နဲ့ ဆန့်ကျင်ကန့်ကွက်ကြတယ်။ ဒါပေမယ့် ဒီတစ်ခါမှာလည်း NLD ထောက်ခံသူတွေဟာ မလိုလားအပ်တဲ့ ထိပ်တိုက်ရင်ဆိုင်မှု တစ်ခုကိုပြုလုပ်ပြီး TIME မဂ္ဂဇင်းကို အားပေးထောက်ခံခဲ့ကာ TIME မဂ္ဂဇင်းကို ကန့်ကွက်တဲ့ Campaign ကိုတောင် ရှုတ်ချပြစ်တင်ခဲ့တယ်။ TIME ကိုကန့်ကွက်ခဲ့ကြတာဟာ ဦးဝီရသူကို ထိခိုက်တာ တစ်ချက်တည်းကြောင့် မဟုတ်ပါဘူး။ နောက်ကွယ်က အကြောင်းရင်းတွေကို မဖော်ပြဘဲ ဗုဒ္ဓဘာသာကိုသာ သေးသိမ်အောင် စော်ကားတဲ့ ပုတ်ခတ်မှုတွေကြောင့်လည်း ပါပါတယ်။ မြန်မာနိုင်ငံဟာ ဘာသာရေးအရ ယုံကြည်မှုပြင်းထန်ပြီး လူဦးရေသိပ်သည်းဆလည်း များလွန်းတဲ့ နိုင်ငံတွေကြားက တစ်နိုင်ငံပါ။ ဒီလိုအချိန်မှာ လုံးဝ ဘာသာရေး အမျိုးသားရေးမပါတဲ့ နိုင်ငံရေးဆိုတာဟာ မဖြစ်နိုင်သေးဘူး။ ဒီအတွက် ညှိနှိုင်းယူရမယ့်အစားကို လစ်ဘရယ်လို့ ယူဆထားတဲ့ NLD ထောက်ခံသူတွေဟာ Total Secularism ကိုင်တွယ်ပြီး အမျိုးသားရေးဝါဒီတွေအပေါ်မှာ အပြင်းအထန် တိုက်ခိုက်နေတာဟာ လူထုအားတွေ အများကြီး ဆုံးရှုံးသွားနိုင်တဲ့အတွက် နိုင်ငံရေးအရ ပါးရည်နပ်ရည် မရှိဘူး ဆိုရမယ်ထင်တယ်။ လစ်ဘရယ်တွေဟာ တချို့ကိစ္စတွေမှာ လက်ရှောင်နေသင့်တဲ့အစား မိုက်မိုက်ကန်းကန်းကို ပြည်သူနဲ့ ထိပ်တိုက်တွေ့နေတယ်။

အတိုက်အခံဟာ တိုင်းရင်းသားအရေးတွေနဲ့ ပတ်သက်လို့ ထောင်ချောက်တစ်ခု မိခဲ့တယ်။ အစိုးရစီမံကိန်းတွေနဲ့ ပတ်သက်လို့ ထောင်ချောက်တစ်ခုမိတယ်၊ နောက်တစ်ခါ ခိုးဝင်ဘင်္ဂါလီအရေးနဲ့ ပတ်သက်လို့ ထောင်ချောက်တစ်ခု ထပ်မိပြန်တယ်။ အခုချိန်ထိတော့ အတိုက်အခံဟာ ဒီထောင်ချောက်တွေ အပေါ်မှာ ခံနိုင်ရည် ရှိသေးတယ်။ လူထုအားကို ရထားတဲ့ အဓိကပါတီကြီး တစ်ခုအဖြစ် ဆက်လက် ရပ်တည်နေသေးတယ်။ ဒါပေမယ့် ကိစ္စတစ်ခု ဖြစ်ပြီးတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်မှာ ယုံကြည်ထောက်ခံမှုတွေ ကျကျလာတာကို တွေ့မြင်နိုင်မှာပါ။ NLD ဟာ ၂၀၁၅ မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ချင်တယ်ဆိုရင် ဒါတွေကို သတိပြုမှဖြစ်လိမ့်မယ်။ ဒီထောင်ချောက်တွေ အကုန်လုံးဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ရဲ့ Landslide အနိုင်ရလိုက်ခြင်းကြောင့် ၂၀၁၅ မှာ NLD အပေါ် တရားနည်လမ်းနဲ့ အသာရလာဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို သိသွားတဲ့အချိန်ကစပြီး ဖြစ်လာရတာပါ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ဖြေရှင်းရခက်တဲ့ အကြီးမားဆုံး ထောက်ချောက်တစ်ခုနဲ့ ကြုံတွေ့နေရပါပြီ။ အခုလို အမျိုးသားရေးဝါဒကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် လူကြိုက်နည်းအောင် လုပ်လာတာဟာ ထောင်ချောက်တစ်ခု ဖြစ်တယ်ဆိုတာ အသိသာကြီးပါ။ လက်ရှိမှာလည်း NLD လစ်ဘရယ်များနဲ့ အမျိုးသားရေးဝါဒီတွေအကြား အတော်ကြီးကို အမုန်းပွားနေကြပြီ။ အမျိုးသားရေးဝါဒီတွေအနေနဲ့ NLD အပေါ် ထောက်ခံမှု ကျဆင်းလာနေပြီ။ ဒီအချိန်မှာ NLD အနေနဲ့ ထောင်ချောက်တိုင်းကို ငါအင်အားကြီးတာပဲဆိုပြီး တိုးလို့မရနိုင်ဘူး။ အခုလည်း ဒီအမျိုးသားရေး ထောင်ချောက်ကို NLD ဟာ သိသိကြီးနဲ့ ၀င်တိုးနေပြန်တယ်။ စည်းရုံးညှိနှိုင်း လုပ်ဆောင်ရမယ့်အစား NLD ဘက်တော်သားတွေဟာ အမျိုးသားရေးဝါဒီတွေအပေါ်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတယ်။ အထူးသဖြင့်တော့ သံဃာတော်တွေ အပေါ်မှာပါ စော်ကားမှုတွေ ပြုလုပ်လာခြင်းက NLD အနေနဲ့ ထောင်ချောက်ထဲကို တိုးဝင်နေတယ်ဆိုတာကို ပိုသိသာလာတယ်။ အာဏာရှင်တွေ ကိုင်အသုံးချနေတဲ့ အမျိုးသားရေးဝါဒအပေါ် လျှော့တွက်လိုက်ခြင်းဟာ NLD ကျဆုံးခန်း ဖြစ်သွားဖို့အတွက် လမ်းစဖြစ်သွားမှာကို တကယ်စိုးရိမ်မိတယ်။ ကျွန်တော်ဟာ လူမှန်းသိတတ်စ အရွယ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီအပေါ်မှာ စိတ်ရောကိုယ်ပါ နှစ်သက်သဘောကျခဲ့သူ တစ်ယောက်ပါ။ ကျွန်တော်ဟာ နိုင်ငံရေး ကျွမ်းကျင်သူတစ်ယောက် မဟုတ်ပါဘူး၊ ဘာသာရေး ကျွမ်းကျင်သူတစ်ယောက်လည်း မဟုတ်ပါဘူး။ ဒီအဖြစ်အပျက်တွေ၊ ဒီအကြောင်းအရာတွေဟာ လူငယ်တစ်ယောက်အနေနဲ့ မြင်မိတဲ့အရာတွေပါ။ ဒါပေမယ့် ကျွန်တော်လို လူငယ်တစ်ယောက်တောင် တွေ့မြင်နိုင်တဲ့ NLD ကို မဲဖယ်နေတာ သိသာလွန်းတဲ့ ထောင်ချောက်တွေကို ဘာ့ကြောင့် NLD နဲ့ NLD ဘက်တော်သားတွေ သိသိကြီး တိုးဝင်နေတာလဲ ဆိုတာကိုတော့ တကယ်နားမလည်နိုင်ဘူး။

အမျိုးသားရေးဝါဒီဆိုတာ နိုင်ငံတိုင်းမှာ ရှိမှာပါပဲ။ အမေရိကန်ကို ဒီမိုကရေစီ ရှေ့ဆောင်နိုင်ငံအဖြစ် သတ်မှတ်မယ်ဆိုရင် အမေရိကန်က ရီပတ်ပလေကန်တွေဟာ အမျိုးသားရေးဝါဒီတွေ များတယ်ဆိုတာ အသိသာကြီးပါ။ ဒါပေမယ့် သူတို့တိုင်းပြည်အတွက် ညှိနှိုင်းဆောင်ရွက်နေကြတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ဘက်နှစ်ဘက် ရှိနေတယ်ဆိုပေမယ့် အဓိကက နိုင်ငံအတွက်ဆိုတဲ့ ရည်ရွယ်ချက်ရှိရင် ကျန်တဲ့ မတူညီတာတွေကို ညှိနှိုင်းအဖြေရှာရမှာပါ။ ဒါပေမယ့် တစ်ဘက်တော့ ပြုတ်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အခုလိုမျိုး သံဃာတော်တွေ အပါအ၀င် အမျိုးသားရေးဝါဒီတွေအပေါ် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေပြုလုပ်ရင်း အစွန်းရောက်တွေအဖြစ် ပုံဖော်လာနေတဲ့ NLD ရဲ့ ဘက်တော်သားတွေကြောင့် NLD ဟာ ပုံရိပ်ထိခိုက်လာနိုင်ပါတယ်။ ပြည်သူတွေနဲ့ ထိပ်တိုက်တိုးလာနိုင်တယ်။ ဒါဆိုရင် ၂၀၁၅ အတွက် NLD ရဲ့ မျှော်လင့်ချက်ဟာ ထိခိုက်သွားနိုင်တဲ့အတွက် NLD အနေနဲ့ ထောင်ချောက်ထဲကို မတိုးဝင်သွားဖို့ မျှော်လင့်ပါတယ်။

Source: https://www.facebook.com/thurein.hlaingwin

မနေထိုက်သော အရပ် ၁


ဓန၀ါ သုတ၀ါ ရာဇာ
နဒီ ၀ဇ္ဇော စိမေပဉ္စ။
ယတ္ထ ဒေသေ န ၀ိဇ္ဇန္တိ
န တတ္ထ ဒိဝသံ ၀သေ။

ပစ္စည်းဥစ္စာ ချမ်းသာသောသူ၊
အကြားအမြင် များသောသူ၊
မင်းနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းအောင် အုပ်ချုပ်သူ၊
သောက်သုံးရေ လုံလောက်စွာရသော မြစ်ချောင်း၊
တတ်ကျွမ်းသော ဆေးဆရာ၊
ဤငါးမျိုး မရှိသော အရပ်၌ တစ်ရက်တာမျှ မနေရာ။

Ms.Hannah Beech (TIME Magazine) သို့ အိတ်ဖွင့်ပေးစာ


ခင်မင်ရပါသော နှမတော် ဟန်နာဘိခ်ထံ အမျိုးသားရေးဝါဒီ ဦးပဉ္စင်း ဦးဝီရသူ စာရေးလိုက်ပါတယ်။

မင်း ငါ့ဆီလာစဉ်တုန်းက မင်းနှင့် မင်းရဲ့ဓာတ်ပုံဆရာအပေါ် ငါတို့ ဧည့်ဝတ်ကျေပွန်ခဲ့တယ်နော်။ မင်းတို့ ဖြစ်စေချင်တာအားလုံးကို ငါအကုန် ကူညီခဲ့တယ်ဆိုတာလည်း မင်းသိမှာပါ။ မင်းတို့သတင်းသမားတွေ သတင်းမှန်သိစေချင်တဲ့ စိတ်ရင်းစေတနာကောင်းတစ်ခုတည်းနဲ့ ငါတို့ မင်းကိုကူညီခဲ့ကြတာပါ။ မင်းတို့နိုင်ငံကြီးသားတွေကို လေးစားလို့ မင်းတို့ TIME ဌာနကြီးကို အထင်ကြီးလို့၊ မင်းတို့ လိမ်လိမ့်မယ် မထင်လို့၊ သတင်းသမားကျင့်ဝတ်ကို ဖောက်ဖျက်လိမ့်မယ် မထင်လို့ ငါတို့ မင်းကို ကူညီခဲ့ကြခြင်းဖြစ်ပါတယ်။ အခုမှ မင်းဟာ ငါ့အတွက် ဧည့်ဆိုးမှန်း သိလိုက်ရပါတယ်။ မင်းမျက်နှာပေါ်က လှပတဲ့အပြုံးရဲ့နောက်ကွယ်က အမုန်းတရားတွေကို မြင်အောင် ငါမကြည့်နိုင်ခဲ့ဘူး။ နူးညံ့တဲ့ မင်းရဲ့အမူအရာတွေအောက်က အကြင်နာတရားကင်းမဲ့မှုတွေကို မြင်အောင်ငါမကြည့်နိုင်ခဲ့ဘူး။ ချိုသာတဲ့စကားတွေထဲက ဓားသွားလိုရက်စက်မှုတွေကိုလည်း မြင်အောင် ငါမကြည့်နိုင်ခဲ့ဘူး။ မင်းလို နူးညံ့သိမ်မွေ့ပြီး ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်မှာ ကမ္ဘာနဲ့ချီပြီး ရက်စက်ရဲလောက်တဲ့ အာဃာတနှလုံးသားမျိုး ရှိလိမ့်မယ်လို့ ငါမထင်ခဲ့တာဟာ မင်းပြောသလို ငါဟာ အခြေအနေမဲ့ ဘဝကလာတဲ့ ရဟန်းတစ်ပါး ဖြစ်နေလို့ပဲ ယူဆရပါတော့မယ်။ ဗမာဘင်လာဒင်တို့၊ နာဇီလက်သစ်တို့၊ နာဇီကတုံးတို့၊ မြန်မာ အိုစမာတို့ဟာ facebook မှာ ကုလားတွေပေးထားတဲ့ နာမည်တွေပါလို့ မင်းကို ငါပြောခဲ့ရဲ့သားနဲ့ မင်းက The Buddhist Monk, The Title "Burmese Binladen" လို့ သုံးရက်တယ်နော်။ ရှေ့မှာတုန်းက The Buddhist Monk လို့ သုံးထားပြီးမှ With the man in burgundy robes လို့ တမင်ရည်ရွယ်ချက်ရှိရှိ သုံးထားတာကို တွေ့ရပြန်တော့ မင်းကိုယ်မင်း မင်းဘဝရဲ့သရုပ်မှန်ကို ဝန်ခံလိုက်တာလို့ပဲ အောက်မေ့မိတယ်။ ဘာကြောင့်လဲ ဆိုတော့ မင်းဟာ ငါထင်ထားသလို လူကြီးလူကောင်းတစ်ယောက် မဟုတ်တော့ဘဲ အစွန်းရောက်ကုလားတွေနဲ့ တစ်တန်းစားတည်း ဖြစ်နေလို့ပါ။ ကုလားတွေလည်း ငါ့ကို မင်းလိုဘဲ သင်္ကန်း ခဏခဏ ချွတ်ခိုင်းနေကြလို့ပါ။ ပြီးတော့ ဘုန်းကြီးတစ်ပါးအဖြစ် အသိအမှတ်မပြုဘဲ သင်္ကန်းဝတ်လို့ ခေါ်ဝေါ်ကြလို့ပါ။ ငါ့တရားတွေက မင်းပြောသလို အမုန်းတရားတွေနဲ့ တောက်လောင်နေတာ မဟုတ်ပါဘူး။ မင်းရဲ့ရေးသားချက်တွေကမှ အမုန်းတရားတွေ ပြည့်နှက်နေခဲ့တာပါ။ ကောက်ချက်ချလွဲမှားတာ၊ နားလည်မှုလွဲမှားတာတွေကို ခွင့်လွတ်လို့ ရတယ်နော်။ ငါ့ကိုပစ်မှတ်ထား တိုက်ခိုက်နေမှန်း မင်းစကားလုံးတွေက သက်သေပြနေတယ်ဆိုတာ မင်း ငြင်းဦးမှာလား မိန်းကလေး။ မင်းပြောတဲ့စကားနှင့် ငါဟောတဲ့တရားတွေကို အသေအချာပြန်ပြီး တိုက်ဆိုင်ကြည့်ပါဦး။

Now is not the time for calm.
Now is the time to rise up to make your blood boil. (အဲ့ဒါ မင်းစကား)။
၉၆၉ ဟာ ငြိမ်းချမ်းရေးအတွက်
ထမ်းရွက်ထိုက်တဲ့ ဂုဏ်တော်တွေ။
အမျိုးဘာသာ သာသနာအတွက်ကို
အကြမ်းမဖက်ဖို့ ပုံဖော်နေ။
ရတနာသုံးပါး ဦးထိပ်ထားလို့
ရိုးသား၊ နိုးကြား၊ ကြိုးစားလေ။
အမျိုးသားရေး သွေးမအေးပဲ
အမြဲတစေ နွေးပါစေ။

ဒါကိုကြည့်ရင် မင်းကိုယ်တိုင်က တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ ပေါ်လွင်တယ်နော်။ ဥပဒေမဲ့ အကြမ်းဖက်တုန့်ပြန်တာတွေ မလုပ်ဖို့ ဟောကြားနေတဲ့ ငါ့ကို မင်းကအကြမ်းဖက်သမားလို့ စွပ်စွဲခဲ့တယ်။ ရိုးသားဖို့၊ နိုးကြားဖို့၊ ကြိုးစားဖို့ တိုက်တွန်းတဲ့ ငါ့ကို မင်းက ထချဖို့၊ စတိုက်ဖို့၊ တိုက်တွန်းလှုံ့ဆော်တဲ့ပုံစံမျိုး ချိုးသွားခဲ့ပြန်တယ်။ ငါက သွေးမအေးစေနဲ့ သွေးနွေးစေကြဖို့ ဟောတာကို မင်းက သွေးဆူသွေးပွက်အောင် လုပ်ခိုင်းတဲ့ ရန်တိုက်ပေးတဲ့ပုံစံမျိုး လုပ်သွားခဲ့ပြန်တယ်။ တတ်လည်း တတ်နိုင်တဲ့ မိန်းကလေးပဲနော်။

(ဆက်လက်ဖော်ပြပါမည်။)

မေတ္တာမပျက် ချစ်ခင်လျက်
(အကြမ်းဖက်သမားကြီး)
ဦးပဉ္စင်း
ဦးဝီရသူ
25.6.2013- PM- 11:37
Open Letter to "Ms. Hannah Beech (TIME Magazine)
Dear Sister Ms. Hannah Beech,
I nationalist Buddhist Monk U Wira Thu is writing this letter to you. When you came to us, we had treated you and your photographer with hospitability. You know we had done our best to help you and your photographer to get what you want.
We had helped you only with the good volition that we want the media and correspondents get the true facts.
We helped you because we respect western liberal media like Times and we expected you wouldn’t make lies to the people of the world. And we did not think you wouldn’t break ethic and responsibility of media.
Now I know that you are the worst visitors we have ever had.
I could not see the hatred behind your smiles. I could not see your ruthlessness under your tender actions.
I could not see your deceit under your sweet words it is like blade covered by honey.
I did not think that a gentle and beautiful girl like you have the ruthless heart of performing savages attack on us to be heard all over the world. I could not think that because of my background may be as you said I was a vagabond.
I had told you that those names such as Shaved Head Nazi, Neo Nazi, Burmese Bin Laden were given by Muslims on Facebook. And then liberal media like you dare use the word like “The Buddhist Monk, The Title "Burmese Binladen"
I believe (think) you admit your dirty mind by deliberately using the word “The Buddhist Monk” then followed by the word “With the man in burgundy robes.” You are not a lady with high moral ground and you are same as dirty minded as extremists all over the world. Muslims are also like you want me to strip of the robe. They do not revere me as a Monk and call me “the man in the robe.”
My preaching is not burning with hatred as you say. Only your writing is full of hate speech.
We can forgive the misunderstanding. We can forgive wrong conclusion. But will you deny that your hatred words targeted me to tarnish my reputation.
Please recheck your words and the words that I preached.
“Now is not the time for calm.”
“Now is the time to rise up to make your blood boil.” These are your words.
Now I show my words.
969 is for peace,
We should preserve these noble reputations of Buddha, Dhamma and Sangha.

For our National cause, our Culture and our Faith,
We will avoid terror act.
Upholding three gems (Buddha, Dhamma, Sangha)
We will perform with honesty, diligence and determined attempts.
For our national cause,
We will carry out it warmly without ignorance.”

These are my words. It is clear that you made savage attack against me by comparing my words and your words.

I preach people not to react with lawlessness, but you accused me of terrorist. You tried to draw a picture of me as a person who aggravate the situation by hate speech and fuelling to make offensive attack, where I am preaching people to perform with honesty, diligence and determined attempts to preserve our value. I preach people to carry out national cause warmly without ignorance, than you gave the world bad impression of me who is trying to boil the blood of people.
You dare do that.
With sustained loving-kindness,
Ven. Wira Thu

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းအား ကန့်ကွက်


နေပြည်တော် ဇွန် ၂၃

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူအား မျက်နှာဖုံးတင်၍ "THE FACE OF BUDDHIST TERROR" ဆောင်းပါးအား ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် ဘာသာရေးခွဲခြားမှုမရှိဘဲ လွတ်လပ်စွာကိုးကွယ်ခွင့် ပြုထားသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံသားအများစုက ယုံကြည်လေးမြတ်စွာ ကိုးကွယ်ကြသော်လည်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေ၊  ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်” ဟူ၍ ပြဋ္ဌာန်းထားသည်။

ဗုဒ္ဓဘာသာသာသနာသည် ကံနှင့် ကံ၏ အကျိုးကိုလည်းကောင်း၊ ကိုယ်တိုင် ကျင့်ကြံအားထုတ်၍ ရရှိသည့် အသိအမြင်ကို အခြေခံ၍လည်းကောင်း ရွေးချယ်ဆုံးဖြတ်ခွင့်ပေးထားသည့် မြင့်မြတ်သော ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် ဘာသာတရား ဖြစ်သည်။ ဗုဒ္ဓ၏ သားတော်များဖြစ်သည့် သံဃာတော်များသည်လည်း (၂၂၇) သွယ်သော သိက္ခာပုဒ်တို့ကို လိုက်နာစောင့်ထိန်းကြရပြီး သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် နှစ်ပေါင်းထောင်နှင့်ချီ၍ ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ်ခဲ့ကြသူများ ဖြစ်သည်။

ထို့ပြင် “၉၆၉” အမှတ်တံဆိပ်သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော် (၉) ပါး၊ ဗုဒ္ဓတရားတော်၏ ဂုဏ်တော် (၆) ပါးနှင့် သံဃာတော်တို့၏ ဂုဏ်တော် (၉) ပါးကို ကိုယ်စားပြုသော၊ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကိုးကွယ်သည့် ရတနာသုံးပါးကို ရည်ညွှန်းသည့် သင်္ကေတ အမှတ်တံဆိပ်ဖြစ်ပြီး ငြိမ်းချမ်းရေးသင်္ကေတ ဖြစ်သည့်အားလျော်စွာ ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် သက်ဆိုင်ရာသံဃာ့အဖွဲ့အစည်းများက အလေးထား မေတ္တာရပ်ခံလျက် ရှိသည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီလူ့ဘောင်သို့ အသွင်ကူးပြောင်းစ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်း မလိုလားအပ်သော ပဋိပက္ခများ ဆက်လက် ဖြစ်ပေါ်လာခြင်း မရှိစေရန် နိုင်ငံတော်အစိုးရ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများနှင့် ပြည်သူများပူးပေါင်း၍ ကြိုးပမ်းတည်ဆောက်နေသော အချိန်ဖြစ်သည်။ ကိုးကွယ်ယုံကြည်ချက်ဆိုင်ရာ ကိစ္စရပ်များသည် သိမ်မွေ့နက်နဲသော အကြောင်းခြင်းရာများဖြစ်၍ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု၊ ဘာသာသာသနာများအကြား အပြန်အလှန် လေးစားယုံကြည်မှုတို့နှင့်အတူ အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း တွေ့ရသည်။

တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသားအများစု ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာသာသနာတော်အပေါ် အထင်အမြင် လွဲမှားစေပြီး လက်ရှိဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရသည်။

သို့ဖြစ်၍ THE FACE OF BUDDHIST TERROR  ဆောင်းပါး ရေးသားဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 အား ကန့်ကွက်ကြောင်း ဖော်ပြအပ်ပါသည်။

Monday, July 01, 2013

အိပ်ချိန် လေးမျိုး


ဧကယာမံ သယေ ရာဇာ၊
ဒွိယာမညေ၀ ပဏ္ဍတော။
ဃရာဝါသော တိယာမောဝ၊
စတုယာမော တု ယာစကော။

မင်းသည် ည၏ လေးပုံတစ်ပုံသာ အိပ်ရာ၏။
ပညာရှိသည် ည၏ နှစ်ပုံတစ်ပုံသာ အိပ်ရာ၏။
အိမ်ထောင်သည်များသည် ည၏ လေးပုံသုံးပုံ အိပ်ကြရာ၏။
သူတောင်းစားတို့သည်ကား တစ်ညလုံး အိပ်နိုင်ကြပေ၏။

Wednesday, June 26, 2013

မြက်နုကြိုက် နွားအိုကြီး


အတိမဟလကော ပေါသော၊
အာနေတိ တိမ္ဗရုတ္ထနိံ။
တဿာ ဣဿာ န သဒ္ဒမာတိ၊
တံ ပရာဘ၀တော မုခံ။

အလွန် အိုမင်းပြီဖြစ်သော ယောက်ျားသည် တည်သီးလောက်သာ သားမြတ်ရှိသော အပျိုငယ်ကလေးကို လက်ထပ်ယူ၏။ ထိုမယားငယ်လေးနားသို့ ယောက်ျားများ ကပ်လာမည့်ဖြစ်အင်ကို မကြည့်ရက်လို မနာလိုသဖြင့် လုံးလုံးစိတ်မချပေ။
ဤအမှုသည် ပျက်စီးခြင်း၏ အကြောင်းတစ်ခုပါပေတည်း။

Tuesday, June 25, 2013

ဟင်...... အားလုံးကို ရှုပ်နေတာပဲ


ဟင်.......... အားလုံးကို ရှုပ်နေတာပဲ....။

တစ်မျိုးမထင်ကြပါနဲ့ခင်ဗျာ။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သေပြီဆရာသီချင်းကို နားထောင်ရင် ဟိုလိုက်ညည်း ဒီလိုက်ညည်း ညည်းနေရင်းနဲ့ ဒီပို့စ်ကို ရေးရတာမို့ ရေးတဲ့အချိန်နဲ့ အဲဒီစာသား ရောက်တဲ့အချိန်က တိုက်ဆိုင်သွားလို့ သုံးလိုက်မိတာပါ။ အင်း... ပြောမယ့်သာ ပြောရတာပါလေ။ လက်ရှိမြန်မာ့နိုင်ငံရေးကလည်း တိမ်တောင်လား၊ ကြက်ဥလား၊ ဘာမှန်းကို မသိတော့ပါဘူး။ ကိုယ့်ဘာသာကိုယ်လည်း အခုလိုမျိုး သပွတ်အူကို အသိုက်ဆောက်တဲ့ကိစ္စတွေ၊ ကုလားမုတ်ဆိတ်မှာ သန်းရှာတဲ့ကိစ္စတွေကိုမှ ဘာဖြစ်လို့ စိတ်ဝင်စားမိနေသလဲ မစဉ်းစားတတ်တော့ဘူး။ အားလုံးကို ရှုပ်နေတာပဲ။

ဦးသိန်းစိန် က ပြည်သူတွေက ဆန္ဒရှိရင် နောက်ထပ်သမ္မတသက်တမ်းအတွက် သူစဉ်းစားပါ့မယ်။ တာဝန်ပေးမယ်ဆိုရင်တော့ လုပ်ပါ့မယ်လို့ ပြောတယ်။
ဟော... ဦးရွှေမန်းကတော့ ပြည်သူတွေ ဆန္ဒရှိတာ၊ မရှိတာကို စကားထဲတောင် ထည့်မပြောဘူး။ သူကတော့ ပြောင်ပဲ၊ ပွင့်ပွင့်လင်းလင်းပဲ။ ၂၀၁၅ မှာ သူသမ္မတဖြစ်ချင်တယ်တဲ့။
ဟင်.......... အားလုံးကို ရှုပ်နေတာပဲ....။

ဦးရွှေမန်း အမေရိကန်မှာ ပြောခဲ့တဲ့ သမ္မတလုပ်ချင်တယ်ဆိုတာတို့၊ အန်အယ်လ်ဒီနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ကောင်းဖွဲ့နိုင်တယ်တို့ဆိုတာ သူ့သဘောနဲ့သူ ပြောခဲ့တာဖြစ်လို့ မြန်မာပြည် ပြန်ရောက်ရင် ပါတီကို ပြန်ရှင်းရမယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ လျှမ်းလျှမ်းတောက် ခေါင်းဆောင်ပိုင်းက ရာဇသံပေးသဗျ။
ဟော... ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဦးဌေးဦးကတော့ ဦးရွှေမန်း ပြောခဲ့သမျှဟာ ပါတီသဘောထား အတိုင်းသာ ဖြစ်ကြောင်းဆိုပြီး ပြန်ပြောပြန်သဗျ။
ဟင်.......... အားလုံးကို ရှုပ်နေတာပဲ....။

ဦးရွှေမန်း က အမေရိကန်မှာ ပြောခဲ့တယ်။ ၉၆၉ လှုပ်ရှားမှုတွေကို စီစဉ်နေသူတွေ၊ ထောက်ပံ့နေသူတွေ၊ ပါဝင်ဆောင်ရွက်နေကြသူတွေကို အရေးယူနိုင်အောင် ဆောင်ရွက်သွားမယ်တဲ့။
သမ္မတရုံးရဲ့ တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်မှာ ၉၆၉ ဆိုတာ ဘယ်လိုအမှတ်သင်္ကေတပါ ဆိုတာကိုတောင် ထည့်ပြီးတော့ ရှင်းပြထားလိုက်သေးတယ်။ (အဲဒီ ၉၆၉ အကြောင်း ရှင်းပြထားတဲ့ စာပိုဒ်မပါရင် အဲဒီထုတ်ပြန်ချက်က အားလုံးအိုကေပဲ။) သမ္မတရုံးဆိုတော့ ဦးသိန်းစိန်ရဲ့ ရုံးပေါ့နော်။
ဟင်.......... အားလုံးကို ရှုပ်နေတာပဲ....။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ လွှတ်တော်မှာတင်ခဲ့တဲ့ အဆိုနဲ့ပတ်သက်ပြီး တင်တဲ့အချိန်ကတည်းက တင်တဲ့လူကပြောတာ အဲဒီလိုမဟုတ်ပါဘူး၊ ကျွန်တော်ကိုဉာဏ် စကိုင်းနတ်ကနေ အဲဒီအဆိုတင်တဲ့ကိစ္စကို ကိုယ်တိုင်ကြည့်ခဲ့တာပါ၊ မီဒီယာတွေမှာ ဖော်ပြနေတဲ့ စကားလုံး၊ အဓိပ္ပါယ် လုံးဝမပါပါဘူး စသဖြင့်ပေါ့။ အလကားနေရင်း ကျုပ်ကို ဆဲကြတာပဲ အဖတ်တင်တယ်။
ဟော.. အခုတော့ ဇာတ်လမ်းကစပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့အတွက် ကော်မတီ၊ ကော်မရှင် ဖွဲ့ရမယ်လို့ ပြောခဲ့တာမဟုတ်ပါဘူး၊ ပြင်စရာလိုရင် ပြင်မယ်၊ ပြင်စရာ မလိုသေးရင် မပြင်ပါဘူးလို့ ထပ်ပြောကြပြန်တော့ ဘာဖြစ်လို့ ဆီပူအိုးထဲ ရေစက်ကျသလို ရှဲရှဲ၊ ဖျစ်ဖျစ် ဖြစ်နေကြရတာလဲ။ နဂိုကတည်းက အဆိုတင်ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ကော်မရှင်ဖွဲ့ပေးပါ၊ ဘာတွေပြင်မယ်ဆိုတာ လေ့လာဖို့အတွက် ကော်မတီဖွဲ့ပေးပါလို့ ပြောခဲ့တာမှ မဟုတ်ပဲ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေ့လာဖို့အတွက်လို့ပဲ ပြောခဲ့ကြတာပါ။ အခုမှ တစ်ယောက်တစ်မျိုး ဘာတွေပြောနေကြမှန်းကို မသိတော့ဘူး။
ဟင်.......... အားလုံးကို ရှုပ်နေတာပဲ....။

တပ်မတော်အစိုးရ လက်ထက်ကတည်းက တရုတ်နိုင်ငံက အမြဲတမ်းအားပေးရပ်တည်လို့ဆိုပြီး တရုတ်ကို မုန်းလိုက်ကြတာများ ပြောမနေနဲ့တော့။ မြန်မာ့သယံဇာတတွေကို တရုတ်က ပေါပေါလောလောနဲ့ အလကားမတ်တင်း ရနေတာကိုလည်း ကျွန်တော်ကိုဉာဏ် သိပါတယ်၊ မကျေနပ်ပါဘူး။ သို့သော် တရုတ်က အလကားနေရင်း ဒီဟာတွေကို သူ့သဘောနဲ့သူ လာယူတာမှ မဟုတ်တာပဲ။ ငွေ သို့မဟုတ် အခြားတစ်ခုခု ပေးပြီးမှသာ ရကြတာပါ။ နည်းတာများတာ အသာထား။ ကိုယ့်ဆီကလူတွေက မရောင်းဘဲ၊ မပေးဘဲ၊ သဘောမတူဘဲ တရုတ်က မြန်မာပြည်ထဲဝင်ပြီး စိတ်ထင်တိုင်း ယူခဲ့တာမှ မဟုတ်တာပဲ။ ခဲလုံးတွေကိုပဲ လိုက်နေရင်တော့ နောက်ထပ်ခဲတွေ၊ ခဲတွေ ထပ်လာနေဦးမှာပဲ။ အဲဒီခဲကို ပစ်တဲ့လူတွေကို မရှာနိုင်သေးသရွေ့ပေါ့။ ပြောချင်တာက မြန်မာမှန်ရင် တရုတ်ကို မုန်းရမယ်ဆိုတဲ့ အတွေးအခေါ် ၀င်ကုန်ကြတာပဲ။
အခု ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်က ချဉ်းကပ်လာပြီ။ ဒေါ်စုကြည်ဟာ နိုင်ငံရေးပါးဝတဲ့ လူတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒါကြောင့် တရုတ်ဆိုတဲ့ အိမ်နီးချင်းနိုင်ငံကို အလကားနေရင်း ဖယ်ကြဉ်လို့မရဘူး၊ မတည့်လို့မရဘူး၊ မဆက်ဆံလို့မရဘူး စသဖြင့်ပေါ့ လုပ်လို့မရဘူးဆိုတာ သူသိမှာပဲ။ ထားပါတော့.. ဒေါ်စုကြည်က တရုတ်နဲ့ ဆက်ဆံရေး ပြေလည်တယ် ဆိုပါစို့။ တရုတ်ကလည်း ဒေါ်စုကြည်ကို အလေးထားပြီး ဆက်ဆံတယ်ဆိုပါစို့။ အဲဒီအချိန်ကျရင်ရော တရုတ်သည် ဘုံရန်သူဆိုတဲ့စိတ်နဲ့ သွားကြဦးမှာလား။
ဟင်.......... အားလုံးကို ရှုပ်နေတာပဲ....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်၊ အင်္ဂါနေ့။
မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင်ပြီး၏။

Monday, June 24, 2013

ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းနေသောအခါ


ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းနေသောအခါ
When Buddhist Go Bad

By Hannah Beech (Monday, July 1, 2013)
(တိုက်ရိုက် ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရဲ့ ဘင်လာဒင်လို့ သမုတ်ခံရတဲ့ ဘုန်းတော်ကြီးရဲ့ မျက်နှာဟာ ရုပ်ပွားတော်တစ်ခုကဲ့သို့ တည်ကြည် ငြိမ်သက်လျက်စွာနဲ့ တရားကို စတင်ဟောကြားပါတယ်။ သူ့ရဲ့ရှေ့မှောက်မှာ ကိုးကွယ်သူ ရာပေါင်းများစွာဟာ လက်အုပ်ချီပြီး ထိုင်နေကြပါတယ်။ သူတို့တွေရဲ့ကျောပြင်မှာတော့ ချွေးတွေစီးကျနေပါတယ်။ တရားနာ ပရိတ်သတ်ကြီးက သင်္ဃန်းဝတ်ရဟန်းနဲ့အတူ ရွတ်ဖတ်သံတွေဟာ မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းအတွင်းကနေ လွင့်ပျံ့နေပါတယ်။ မန္တလေးဟာ ရန်ကုန်မြို့ပြီးရင် မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် ဖြစ်ပါတယ်။ အဆိုပါ မြင်ကွင်းကတော့ စိတ်ကြည်နူး ချမ်းမြေ့ဖွယ်ရာ ကောင်းပေမယ့် ဦးဝီရသူရဲ့ တရားတွေကတော့ မုန်းတီးမှုတွေ ရောယှက်နေပါတယ်။ ''ခုချိန်ဟာ ငြိမ်သက်နေရမယ့် အချိန်မဟုတ်ပါဘူး'' ဟု သက်တော် ၄၆နှစ် အရွယ်ရှိ အဆိုပါဘုန်းတော်ကြီးက မြွက်ကြားပါတယ်။ မိနစ် ၉၀ လုံးလုံး တရားဟောကြားတဲ့အထဲမှာ ဗုဒ္ဓဘာသာလူများစုရှိတဲ့နိုင်ငံမှာ လူနည်းစုမွတ်စလင်တွေကို မုန်းတီးဖို့ ထည့်သွင်းဟောကြားနေပါတယ်။ ''အခုအချိန်မှာ အားလုံး နိုးကြားနေဖို့၊ သတိရှိဖို့ လိုပါတယ်''

မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သွေးပူနေကြပါတယ်။ ဒါ့အပြင် များစွာသော မွတ်စလင်သွေးတွေလည်း မြေခခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်းက ဗုဒ္ဓဘာသာဝင် လူရမ်းကားအုပ်စုတွေဟာ လူနည်းစုဘာသာဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ မူဆလင်တွေ ဆယ်ဂဏန်းလောက် သေဆုံးခဲ့ရတယ်လို့ ပြောသော်လည်း နိုင်ငံတကာလူ့အခွင့်အရေး လုပ်ဆောင်သူတွေကတော့ သေဆုံးခဲ့တဲ့ အရေအတွက် ရာဂဏန်းအထိရှိတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ အဆိုပါ အကြမ်းဖက်မှု အများစုဟာ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားခဲ့တာပါ။ ရိုဟင်ဂျာ ဆိုတာကတော့ မြန်မာနိုင်ငံရဲ့ အနောက်ပိုင်း အစွန်အဖျားမှာ နေထိုင်တဲ့ နိုင်ငံမဲ့ မွတ်စလင်လူမျိုးစုဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂကနေ ယုံကြည်မှုအရ နှိပ်စက်ခံရဆုံး လူမျိုးစုအဖြစ် သတ်မှတ်ခံထားရသူတွေပါ။ ထိုကဲ့သို့ သွေးထွက်သံယို အကြမ်းဖက်မှုတွေဟာ ဦးဝီရသူ နေထိုင်ပြီး သွေးထိုးလှုံ့ဆော်တဲ့တရားတွေ ဟောကြားနေခဲ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းအထိ ပျံ့နှံ့လာခဲ့ပါတယ်။ အစွန်းရောက် ဘုန်းကြီးတွေဟာ သန်း ၆၀ သော မြန်မာပြည်သူရဲ့  ၅ ရာခိုင်နှုန်းရှိတဲ့ မွတ်စလင်တွေကို နိုင်ငံနဲ့ယဉ်ကျေးမှုကို ခြိမ်းခြောက်နေသူအဖြစ် ရှုမြင်ကြပါတယ်။ ''မွတ်စလင်တွေရဲ့ မွေးဖွားနှုန်းဟာ အရမ်းကိုလျင်မြန်ပြီး ကျွနု်ပ်တို့ရဲ့ သမီးပျိုတွေကို ခိုးယူနေကြပါတယ်။ အဓမ္မကျင့်ကြံနေကြပါတယ်'' ဟု ဦးဝီရသူက စာရေးသူကို ပြောပြပါတယ်။ ''သူတို့တွေက ကျွန်ုပ်တို့ရဲ့ နိုင်ငံကို သိမ်းပိုက်ဖို့ ကြံရွယ်နေကြပါတယ်။ ဒါကို လက်သင့်မခံနိုင်ပါဘူး။ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံအဖြစ်  ဆက်လက်ထိန်းသိမ်းထားရမှာပါ''

ဒီလိုအမုန်းစကားတွေဟာ လူမျိုးစု ၁၃၅ ခုကျော် နေထိုင်နေပြီး ရာစုနှစ်ဝက်ခန့် အာဏာရှင်စနစ်ရဲ့ ချုပ်ကိုင်မှုကနေ မကြာသေးမီကမှ လွတ်မြောက်လာတဲ့ နိုင်ငံတစ်ခုရဲ့ ထိရှလွယ်တဲ့ နိုင်ငံရေးစနစ်ကို ခြိမ်းခြောက်နေပါတယ်။ အာဏာရှင် လက်ထက်တုန်းကပင် ပြဋ္ဌာန်းမှုမရှိခဲ့တဲ့ တစ်မိသားစုကို ကလေး ၂ ယောက်သာ ယူခွင့်ရှိသည်ဆိုသည့် ပိတ်ပင်မှုကို အချို့သော အစိုးရအရာရှိတွေက ရိုဟင်ဂျာမိသားစုတွေအပေါ် ပြဋ္ဌာန်းဖို့ ကြိုးစားနေကြပါတယ်။ နိုင်ငံရဲ့ မြောက်ဖျားပိုင်းမှာ နေထိုင်တဲ့ ခရစ်ယာန်လူမျိုးစုတွေရဲ့အဆိုအရ အစိုးရစစ်တပ်နဲ့ ခရစ်ယာန်အများစုပါဝင်တဲ့ ကချင်လက်နက်ကိုင်တွေကြားက တိုက်ပွဲတွေဟာ ဘာသာရေးမတူညီမှုကနေ ပေါက်ဖွားလာတယ်လို့ သိရပါတယ်။

အစွန်းရောက်ဗုဒ္ဓ၀ါဒဟာ အာရှရဲ့ ဒေသအများစုမှာ ပေါ်ထွက်လာနေပါတယ်။ ယခုနှစ် သီရီလင်္ကာမှာ ထိပ်တန်းအစိုးရ အရာရှိတွေနဲ့ နီးစပ်တဲ့ အမျိုးသားရေး ဗုဒ္ဓ၀ါဒီအုပ်စုတွေဟာ သြဇာကြီးမားလာပြီး ဘုန်းတော်ကြီးတွေကနေ မွတ်စလင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးဖို့ လှုံ့ဆော်လာကြပါတယ်။ ၂၀၀၄ ခုနှစ်ကစလို့ လူပေါင်း ၅၀၀၀ လောက် သေဆုံးခဲ့ရတဲ့ မွတ်စလင် သောင်းကျန်းမှုတွေရှိတဲ့ ထိုင်းနိုင်ငံ တောင်ဘက်ဖျားမှာလည်း ထိုင်းစစ်တပ်က အရပ်သားတွေကို ပြည်သူ့စစ်အဖြစ် သင်တန်းပေးခဲ့ပြီး ဘုန်းကြီးတွေ ဆွမ်းခံထွက်တဲ့အချိန်မှာ ဘေးကနေ ၀န်းရံပေးကြပါတယ်။ ဒီလိုမျိုး လုပ်ဆောင်ဖို့အတွက် သူတို့ရဲ့ယုံကြည်မှုက တောင်းဆိုနေပါတယ်။ အဆိုပါ စစ်သားတွေနဲ့ (လက်နက်သယ်ဆောင်တဲ့) အချို့ဘုန်းကြီးတွေဟာ ထိုင်းနိုင်ငံရှိ လူနည်းစု မွတ်စလင်တွေကို ဖယ်ကျဉ်ထားသလို ပိုမို ခံစားရစေပါတယ်။

အဲဒီ့နိုင်ငံတွေမှာ အစွန်းရောက်ဗုဒ္ဓ၀ါဒ ပေါ်ထွက်လာတဲ့ သမိုင်းကြောင်း သီးခြားစီရှိသော်လည်း များပြားလာတဲ့ အင်တာနက် အသုံးပြုမှုတွေကြောင့် ဖေ့ဘုတ်နဲ့ တွစ်တာမှတစ်ဆင့် တစ်ဖက်သတ် အမုန်းပွားမှုတွေနဲ့ ကောလာဟလတွေ ပိုမိုလျင်မြန်စွာ ပျံ့နှံ့လာပါတယ်။ အကြမ်းဖက်မှုတွေဟာ အလွယ်တကူပင် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ကူးစက်လာပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား သိန်းနဲ့ချီရှိနေတဲ့ မလေးရှားနိုင်ငံမှာ ဇွန်လအတွင်းက ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားအချို့ အသတ်ခံရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အသတ်ခံရတဲ့အတွက် လက်စားချေမှုလည်း ဖြစ်နိုင်ပါတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ဘာသာရေး အစွန်းရောက်မှုတွေ စတင်ပေါ်ထွက်လာခဲ့တဲ့ ကာလတုန်းက ဟိန္ဒူအမျိုးသားရေးဝါဒီတွေ၊ မွတ်စလင် စစ်သွေးကြွတွေ၊ အစွန်းရောက် ခရစ်ယာန်တွေနဲ့ ရှေးရိုးစွဲ ဂျူးတွေ ထွန်းကားခဲ့တဲ့အချိန်မှာ ဗုဒ္ဓဘာသာဟာ အဆိုပါစက်ကွင်းကနေ လွတ်မြောက်နေခဲ့ပါတယ်။ ကမ္ဘာ့အသိုင်းအ၀ိုင်းအတွက်တော့ အကြမ်းမဖက်ရေး၊ မေတ္တာထားရေးတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်က ပွင့်ထွန်းခဲ့တဲ့ ဂေါတမမြတ်စွာဘုရားရဲ့ အဆုံးအမတွေကနေ ပေါ်ထွက်ခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ အဓိပ္ပါယ် တစ်ထပ်တည်းကျခဲ့ပါတယ်။ ဒါပေမယ့် အခြားဘာသာဝင်တွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘုန်းကြီးတွေဟာလည်း နိုင်ငံရေးနဲ့ ဂိုဏ်ဂဏစွဲ အချောင်သမားဝါဒရဲ့ လွှမ်းမိုးမှုကို မလွန်ဆန်နိုင်ခဲ့ပါဘူး။

အာရှဟာ နယ်ချဲ့တွေနဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်ခဲ့တဲ့ အချိန်တုန်းက ဗုဒ္ဓဘာသာ ဘုန်းကြီးတွေဟာ သူတို့ရဲ့ သြဇာနဲ့ များပြားတဲ့အရေအတွက်ကို အသုံးပြုပြီး နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ကြဖူးပါတယ်။ အချို့သော ဘုန်းကြီးတွေဟာ နယ်ချဲ့ဆန့်ကျင်ရေးအတွက် အသားအရေ ချုံးချုံးကျတဲ့အထိ အစာငတ်ခံကာ အသက်စတေး ခဲ့ကြဖူးပါတယ်။ အထင်ရှားဆုံးလို့ ခေါ်ဆိုနိုင်တဲ့ လုပ်ဆောင်မှုတစ်ခုကတော့ လွန်ခဲ့တဲ့ နှစ် ၅၀ က တောင်ဗီယက်နမ် အစိုးရရဲ့ ဖိနှိပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဆေးဂုံမြို့မှာ ဘုန်းတော်ကြီး Thich Quang Duc ရဲ့ တင်ပလ္လင်ခွေထိုင်ပြီး မိမိကိုယ်ကို ဓာတ်ဆီလောင်းပြီး မီးရှို့ကာ အသေခံဆန္ဒပြမှုပဲ ဖြစ်ပါတယ်။ ၂၀၀၇ ခုမှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဦးဆောင်ခဲ့ကြပါတယ်။ အဆိုပါ ဘုန်းတော်ကြီးတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်သားတွေကလွဲလို့ အဲဒီ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သပိတ်မှောက် ဆန္ဒပြမှုကို ကမ္ဘာတစ်ဝှန်းလုံးရဲ့ စာနာမှုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် လူမှုလှုပ်ရှားမှုတွေ အဆုံးသတ်ချိန်မှာ နိုင်ငံရေး စစ်သွေးကြွမှုတွေ ပေါ်ထွက်လာပါသလား။ ဘယ်ဘာသာရေးမဆို ၎င်းရဲ့အခြေခံမူဝါဒတွေနဲ့ ဆန့်ကျင်တဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုခံသွားရရင် အဖျက်အင်အားတစ်ရပ်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အခုအချိန်ဟာ ဗုဒ္ဓဘာသာရဲ့အလှည့် ရောက်လာပါပြီ။

အမုန်းမန္တန်
မန္တလေးမြို့ရှိ မစိုးရိမ်တိုက်သစ်တွင် တင်ပလ္လင်ခွေ ချိတ်ထိုင်လျက် လူအရွယ် ၎င်း၏ဓာတ်ပုံများ ချိတ်ထားသော နံရံရှေ့ စင်မြင့်ပေါ်မှ ဦးဝီရသူက သူ၏ကမ္ဘာ့အမြင်ကို ပြောပြခဲ့ပါတယ်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ အနက်ရောင် မွတ်စလင်သွေး စွန်းနေတဲ့သူ ဖြစ်ပါတယ်။ ကုလသမဂ္ဂကို အာရပ်တွေက လွှမ်းမိုးထားတယ်လို့ သူယုံကြည်ပါတယ်။ ဒါပေမယ့်လည်း အာရပ် အကြမ်းဖက်သမားတွေနဲ့ သူ့ကိုယ်သူ နှိုင်းယှဉ်ပြတာကိုတော့ အပြစ်မမြင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ မွတ်စလင် ၉၀ ရာခိုင်နှုန်းလောက်ဟာ အစွန်းရောက်လူဆိုးတွေ ဖြစ်တယ်လို့ ဦးဝီရသူက ပြောပါတယ်။ ၎င်းဟာ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့လို့ ၂၀၀၃ ခုနှစ်က ထောင်ဒဏ်ချခံရဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အခုအချိန်မှာ ဗုဒ္ဓရဲ့ ဂုဏ်ရည်တွေကို ဖော်ညွှန်းတဲ့ သင်္ကေတဖြစ်တဲ့ ၉၆၉ ဆိုတဲ့ နံပါတ်ကို အသုံးပြုပြီး လှုပ်ရှားမှုတစ်ခုကို ခုချိန်မှာ ဦးဆောင်လုပ်ကိုင်နေပါတယ်။ အဲဒီလှုပ်ရှားမှုဟာ ဗုဒ္ဓဘာသာဝင်အားလုံး သွေးစည်းညီညွတ်ဖို့ လှုံ့ဆော်နေပါတယ်။ ''အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ရေးဟာ ဒီမိုကရေစီရေးထက် ပိုပြီးအရေးကြီးတယ်လို့'' သူက ပြောပါတယ်။

ဦးဝီရသူကို သာမန်ပညာမတတ်ဘဲ မွေးချင်း ၈ ယောက်မှာ မိဘက ငွေကြေးမတတ်နိုင်လို့ ဘုန်းကြီးကျောင်းမှာ ကြီးပြင်ခဲ့ရသူ တစ်ယောက်အနေနဲ့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် ဦးဝီရသူဟာ သြဇာကြီးမားပြီး သူ့ရဲ့ဟောကြားချက်တွေဟာ လူအများကြား ပျံ့နှံ့နေပါတယ်။ နိုင်ငံရဲ့ လူများစု ဗမာလူမျိုးတွေနဲ့ ဗုဒ္ဓဘာသာဝင် အာရှနိုင်ငံတွေကြားမှာ ၎င်းတို့ရဲ့ ဘာသာကို အခြားဘာသာတွေက တိုက်ခိုက်နေတယ်ဆိုတဲ့ ခံစားချက်လေးတစ်ခု ရှိနေပါတယ်။ ယခင် ဗုဒ္ဓဘာသာနိုင်ငံတွေ ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတို့ဟာ အခုအချိန်မှာ အစ္စလာမ်နိုင်ငံတွေ ဖြစ်နေကြပါပြီ။ ဒါ့ကြောင့် တခြား ဗုဒ္ဓဘာသာနိုင်ငံတွေလည်း အလားတူ ကြုံတွေ့ရမယ်လို့ ထင်မြင်နေကြပါတယ်။ သက်သေအထောက်အထား မရှိသည့်တိုင်အောင် အမျိုးသားရေး ဗုဒ္ဓ၀ါဒီတွေဟာ ဒေသခံမွတ်စလင်တွေရဲ့ လူဦးရေတိုးပွားနှုန်းဟာ ၎င်းတို့ရဲ့ မွေးဖွားနှုန်းထက် အဆမတန် များပြားမြန်ဆန်နေပြီး အရှေ့အလယ်ပိုင်းဒေသက ပိုက်ဆံအထောက်အပံ့တွေက ဗလီသစ်တွေ တည်ဆောက်ဖို့ ပံ့ပိုးနေတယ် ဆိုတာတွေကို စိုးရိမ်နေကြပါတယ်။

၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ခဲ့ပြီး စစ်အာဏာရှင်က စစ်တပ်တစ်မတ်သား အစိုးရစနစ်ကို တည်ထောက်ပေးခဲ့ချိန်ကစလို့ ပြည်သူအနည်းစုသာ စစ်တပ်ရဲ့ ဖိနှိပ်ခဲ့မှုတွေအတွက် အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီလိုလုပ်ဆောင်မှုဟာ ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ်သည်းခံမှုကို ပြသနေတာပါပဲ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ဖြစ်ပေါ်စေမယ့် အစွန်းရောက် ၀ါဒတွေကို ပျိုးထောင်ပေးမိပါတယ်။ ဒီပြဿနာဟာ ယခင်နှစ်က မြန်မာနိုင်ငံ အနောက်ဘက်အစွန်းကနေ စတင်ခဲ့တာပါ။ အဲဒီမှာ ဖြစ်ပျက်ခဲ့တဲ့ မွတ်စလင်တွေနဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင်တွေကြားက အကြမ်းဖက်မှုတွေကြောင့် မွတ်စလင်အများစုနဲ့ ဗုဒ္ဓဘာသာဝင် အနည်းငယ်ရဲ့ အသက်အိုးအိမ်တွေ ပျက်စီးခဲ့ရပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ရဲ့ အစီရင်ခံစာအရ ဓားကိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ရိုဟင်ဂျာကျေးရွာတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ကျေးရွာတစ်ခုတွင် မွတ်စလင် အယောက် ၇၀ ကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဒီသွေးထွက်သံယို အကြမ်းဖက်မှုတွေဟာ အစိုးရရဲ့ အထိန်းအကွပ်မရှိဘဲ နိုင်ငံရဲ့ အခြားဒေသတွေကိုပါ ဆက်လက်ပျံ့နှံ့ခဲ့ပါတယ်။ မတ်လအတွင်းမှာ ဆယ်ဂဏန်းထက် မနည်းတဲ့လူတွေ အသတ်ခံရပြီး ထောင်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို ဗလီတွေလည်း မီးရှို့ခံခဲ့ရပါတယ်။ ကလေးတွေကို ခုတ်ထစ်သတ်ဖြတ်တာတွေ အမျိုးသမီးတွေကို မီးရှို့သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ကြပါတယ်။ အချို့ကိစ္စတွေမှာ ဘုန်းကြီးတွေကိုယ်တိုင် သွေးဆူနေတဲ့ ဗုဒ္ဓဘာသာဝင်တွေကို လှုံ့ဆော်နေတာ တွေ့ခဲ့ကြရပါတယ်။

မတ်လကုန်လောက်မှာ မိတ္ထီလာမြို့ရဲ့ အဝေးပြေးကားဝင်းအနီးမှာ နေ့ပေါင်းများစွာကြာအောင် မီးရှို့ဖျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။ ဘုန်းတော်ကြီးတစ်ပါး အသတ်ခံရပြီးတဲ့နောက်မှာ မွတ်စလင်ရပ်ကွက်တွေကို ဗုဒ္ဓဘာသာဝင် လူအုပ်တွေက ၀င်ရောက်ဖျက်ဆီးခဲ့ပါတယ်။ (တရားဝင် ထုတ်ပြန်ချက်များအရ ဗုဒ္ဓဘာသာဝင် နှစ်ဦးနဲ့ မွတ်စလင် အယောက် ၄၀ အသတ်ခံရတယ်လို့ သိရပါတယ်။) မွတ်စလင် ထောင်ပေါင်းများစွာကိုတော့ ဒုက္ခသည်စခန်းတွေအတွင်း ထားရှိခဲ့ပြီး သတင်းထောက်တွေ ၀င်ခွင့်မရရှိခဲ့ပါဘူး။ ကျွန်မက ၁၅ နှစ်အရွယ် Abdul Razak Shahban ရဲ့ မိသားစုနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ အဆိုပါ ၁၅ နှစ်သားဟာ အသတ်ခံရတဲ့ ဒေသခံကျောင်းသား အယောက် ၂၀ ထဲက တစ်ဦးဖြစ်ပါတယ်။ ရာဇတ်ကိုယ်တိုင်လည်း သူ့ရဲ့ခေါင်းကို သံချွန်နဲ့ အရိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ ''ကျွန်မသားဟာ မွတ်စလင်ဖြစ်လို့ အသတ်ခံရတာပါ။ တခြားဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။'' ဟု ရာဇတ်ရဲ့ မိခင်က ဗလီတစ်ခုရဲ့ ပြာပုံဘေးမှာ ပြောကြားခဲ့ပါတယ်။

ဘုန်းကြီးကျောင်းနဲ့ နိုင်ငံတော်အစိုးရ
အစ္စလာမ်ကို လက်စားချေလိုစိတ်နဲ့ ဗုဒ္ဓဘာသာ လွှမ်းမိုလိုမှုတို့ကြောင့် Bodu Bala Sena (BBS) ဆိုတဲ့ အဖွဲ့အစည်းကို သီရိလင်္ကာမှာ ထူထောင်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာအင်အားစု တပ်မတော်လို့ အဓိပ္ပါယ်ရတဲ့ အဆိုပါအဖွဲ့ဟာ သီရိလင်္ကာမှာ အင်အားအကြီးဆုံး ဗုဒ္ဓဘာသာ အဖွဲ့အစည်းတစ်ခု ဖြစ်လာပါတယ်။ ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ အဆိုပါအဖွဲ့ရဲ့ နှစ်ပတ်လည်ညီလာခံကို မြို့တော် ကိုလံဘိုအနီးမှာ ကျင်းပခဲ့ပြီး ဘုန်းကြီးအပါး ၁၀၀ ကျော်ကနေ ဦးဆောင်ပြီး မြို့ကိုလှည့်ပတ်ခဲ့ပါတယ်။ အခြားကိုးကွယ်သူတွေကလည်း သာသနာ့အလံတွေ ကိုင်ဆောင်ပြီး ညာလက်တွေကို ရင်ဖက်မှာကပ်ပြီး သာနာကိုကာကွယ်ဖို့ သစ္စာဆိုကြပါတယ်။ လွန်ခဲ့သည့် တစ်နှစ်ကျော်ကမှ တည်ထောင်ခဲ့သည့် ယင်းအဖွဲ့က ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ သီရိလင်္ကာမှာ ဗုဒ္ဓဘာသာ အမြစ်တွယ်ဖို့ လိုအပ်တယ်လို့ ခံယူထားပါတယ်။ ဒါ့အပြင် အစိုးရကျောင်းတွေမှာ ဘုန်းကြီးတွေကို သမိုင်းဘာသာရပ် သင်ကြားစေပြီး ဆာရီဝတ်ဆင်မှုကို ဥပဒေအရပိတ်ပင်ဖို့ တောင်းဆိုကြပါတယ်။ တကယ်တော့ သီရိလင်္ကာလူဦးရေရဲ့ ၉ ရာခိုင်နှုန်းဟာ မွတ်စလင်တွေ ဖြစ်ပါတယ်။ BBS ရဲ့ အထွေအထွေ အတွင်းရေးမှူးနဲ့ ဘုန်းကြီးဖြစ်သူ Galaboda Aththe Gnanasara Thero က နှစ်ပတ်လည်ညီလာခံတွင် ''ဒါဟာ ဗုဒ္ဓဘာသာအစိုးရ၊ ဒါဟာ ဗုဒ္ဓဘာသာနိုင်ငံတော်'' ဟု ပြောကြားခဲ့ပါတယ်။

BBS အဖွဲ့ဝင်တွေလို သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေက ၂၆ နှစ်ကြာ တမီးလ်အီလန် ဟိန္ဒူကျားသူပုန်တွေကို လွန်ခဲ့တဲ့ လေးနှစ်အကြာက ရှင်းလင်းပြီးတဲ့နောက်မှာ လူနည်းစု မွတ်စလင်နဲ့ ခရစ်ယာန်တွေဘက်ကို မြားဦးလှည့်လာပါတယ်။ ရှေးရိုးစွဲသမ္မတ Mahinda Rajapaksa ကို ၂၀၀၅ ခုနှစ်က ရွေးကောက်ခံရပြီးတဲ့အချိန်မှာ အစွန်းရောက် ဗုဒ္ဓ၀ါဒီ အုပ်စုတွေဟာ ပိုမိုအင်အားကြီးမားလာခဲ့ပါတယ်။ မကြာသေးမီ လများအတွင်းက သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာ မွတ်စလင်ပိုင် အထည်ဆိုင်၊ ခရစ်ယာန် သင်းအုပ်ဆရာပိုင် အိမ်နဲ့ မွတ်စလင် သားသတ်ရုံတစ်ခုကို ၀င်ရောက်စီးနင်းမှုများ ပါဝင်ပါတယ်။ ဘုန်းကြီးတွေကိုယ်တိုင် ဒီဖြစ်စဉ်တွေမှာ ပါဝင်ကြောင်း ရုပ်သံမှတ်တမ်းတွေ တွေ့ရှိသည့်တိုင်အောင် မည်သူ့ကိုမျှ အရေးယူခြင်း မရှိခဲ့ပါ။ တကယ်တော့ ဘုန်းကြီးကျောင်းတွေနဲ့ နိုင်ငံတော် အစိုးရဟာ သီရိလင်္ကာမှာ တစ်နေ့တစ်ခြား ပိုပြီးနီးကပ် လာနေပါတယ်။ ဘုန်းကြီးတွေ ကြီးစိုးတဲ့ ပါတီကိုယ်တိုင်က ညွန့်ပေါင်းအစိုးရတွင်းမှာ ပါဝင်နေပါတယ်။ မတ်လတွင်းက BBS က တည်ထောင်ထားတဲ့ Buddhist Leadership Academy ရဲ့ ဖွင့်ပွဲအခမ်းအနားမှာ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရသူဟာ ကာကွယ်ရေးဝန်ကြီး Gotabhaya Rajapaksa ဖြစ်နေပါတယ်။ သူက လက်ရှိသမ္မတနဲ့ ညီအစ်ကိုတော်စပ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဖွင့်ပွဲမှာ ''ဘုန်းကြီးတွေက အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက် နေတာပါ'' လို့ ပြောကြားခဲ့ပါတယ်။

ဆွမ်းနဲ့သေနတ်
ထိုင်းနိုင်ငံရဲ့ တောင်ဘက်အစွန်းပိုင်းက ဘုန်းကြီးတွေဟာ အကူအညီ လိုအပ်နေပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကြောင့် အချို့ဟာ ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေးတရားနဲ့ ဆန့်ကျင်လုပ်ဆောင် လာကြပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ် အစောပိုင်းက ထိုင်းနိုင်ငံကနေ မသိမ်းပိုက်ခင် အချိန်အထိ Pattani, Yala နဲ့ Narathiwat ဒေသတွေဟာ ယခင်က မလေးရှားနိုင်ငံရဲ့ လက်အောက်ခံ ဆူလတန်အဖြစ် ရှိနေခဲ့ပါတယ်။ အဲဒီဒေသတွေရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းဟာ မွတ်စလင်တွေ ဖြစ်ကြပါတယ်။ ၂၀၀၄ ခုနှစ်မှာ ခွဲထွက်ရေး လှုပ်ရှားမှုတွေ အင်အားကြီးမား လာချိန်မှာတော့ ဗုဒ္ဓဘာသာဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ရှိလာပါတယ်။ သူတို့တွေဟာလည်း အစိုးရနဲ့ ပတ်သက်တဲ့ ကျောင်းဆရာတွေ၊ စစ်သားတွေနဲ့ အခြားပြည်သူ့ဝန်ထမ်းတွေ ဖြစ်နေလို့ပါပဲ။ ဘုန်းကြီးတွေကိုလည်း တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ အခုချိန်မှာ ထိုင်းစစ်တပ်နဲ့ အခြားလုံခြုံရေး အင်အားစုတွေဟာ ဘုန်းကြီးကျောင်းတွေထဲကို ၀င်ရောက်နေရာ ယူထားကြပါတယ်။ ထို့အပြင် မနက်ပိုင်း ဆွမ်းခံထွက်ချိန်မှာ စစ်သားတွေက ဘုန်းတော်ကြီးတွေ ဘေးကနေ ခြံရံလိုက်ပါ ပေးကြပါတယ်။ ''ကျွန်တော်တို့မှာ ရွေးစရာ မရှိပါဘူး။ ဗုဒ္ဓဘာသာကို လက်နက်နဲ့ ခွဲခြားလို့ မရတော့ပါဘူး'' လို့ စစ်ဗိုလ်ဖြစ်သူ Sawai Kongsit က ပြောပါတယ်။

Pattani မြို့ရှိ Lak Muang ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီး ၁၁ ပါးရှိပြီး စခန်းချ နေထိုင်တဲ့စစ်သား အယောက် ၁၀၀ လောက် ရှိပါတယ်။ ဘုန်းကြီးကျောင်းတွင်းရှိ ဘုရားစေတီမှာ ထိုင်းခြေလျင်တပ်ခွဲ အမှတ် ၂၃ အတွက် ယာယီစစ်စခန်းတစ်ခု ချထားပြီး စေတီရဲ့ ပတ်လည်မှာ ရွက်ဖျင်တဲတွေ ထိုးထားကြပါတယ်။ နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဘာသာဝင် ထောင်ပေါင်းများစွာဟာ အဆိုပါ ဘုန်းကြီးကျောင်းမှာ ပြည်သူ့စစ်သင်တန်း တက်ရောက်ကြပါတယ်။ အဆိုပါ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ၀ါတော် ၁၆ ၀ါရ Prapaladsuthipong Purassaro က သင်္ဃန်းစစည်းတဲ့ အချိန်ကစလို့ ပစ္စတိုသုံးလက် ပိုင်ဆိုင်ကြောင်း ပြောပါတယ်။ ''ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့တော့ အပြစ်မကင်းဘူးလို့ ခံစားမိပါတယ်။ ဒါပေမယ့် ဦးဇင်းတို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လိုပါတယ်။'' လို့ ပြောပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ စစ်သားတွေ ဘုန်းကြီးကျောင်းတွင်းမှာရှိမှ လုံခြုံတယ်လို့ ခံစားရမယ်ဆိုရင် မွတ်စလင် လူထုအတွက်တော့ တခြားအဓိပ္ပာယ် သက်ရောက်နေပါတယ်။ ''စစ်သားတွေ ဘုန်းကြီးကျောင်းထဲကို ဖိတ်ခေါ်ခြင်းဟာ ဘာသာရေးနဲ့ စစ်တပ်ကို ရောထွေးလိုက်တာပါပဲ'' လို့ အိုင်ဟိုင်းအိုး တက္ကသိုလ်မှ လက်ထောက်ကထိကနဲ့ ထိုင်းတောင်ပိုင်း ဘာသာရေး ပဋိပက္ခအကြောင်း စာအုပ်ရေးသားသူ Michael Jerryson က ပြောပါတယ်။ ''ဗုဒ္ဓဘာသာဝင်တွေက ကျွန်မတို့ ထိုင်းလူမျိုး ဖြစ်တယ်လို့ ဘယ်တော့မှ သတ်မှတ်မှာ မဟုတ်ဘူး။ ဒါကျွန်မတို့ရဲ့ နိုင်ငံပါပဲ။ ဒါပေမယ့် ကျွန်မတို့ကို လူစိမ်းတွေကို ဆက်ဆံနေကြပါတယ်'' လို့ အခြားအကြမ်းဖက်မှုဖြင့် သံသယရှိသူ ၁၅ ဦးနှင့်အတူ ထိုင်းနိုင်ငံ ရေတပ်စခန်းတစ်ခုကို ၀င်ရောက်စီးနင်းစဉ်က အသတ်ခံရသူ၏ မိခင်ဖြစ်သူ Sumoh Maken က ပြောပါတယ်။ နောက်ဆုံးမှာတော့ မွတ်စလင်တွေလည်း တောင်ပိုင်းမှာ ကြောက်ရွံ့နေကြပါတယ်။ သူတို့တွေဟာ အကြမ်းဖက်ခံရမှုတွေမှာ ဗုဒ္ဓဘာသာဝင်တွေထက် ပိုပြီးသေဆုံးကြပါတယ်။ ဗုံးခွဲမှုတွေနဲ့ အစိုးရနဲ့ ပတ်သက်တယ်ဆိုတဲ့ ကောလဟာလတွေကြောင့် အသတ်ခံနေကြရပါတယ်။ (လူဦးရေ အချိုးအရ ပြန်ကြည့်ရင်တော့ သေဆုံးတဲ့ ဗုဒ္ဓဘာသာဝင် အရေအတွက်က ပိုများပါတယ်။) ဒါပေမယ့် ဘုန်းကြီးတိုင်း ဘုန်းကြီးတိုင်းက ဗလီတွေမှာ လက်နက်တွေ ဖွက်ထားတယ် ဒါမှမဟုတ် ဗလီဆရာတိုင်း သေနတ်ကိုင်ဆောင်ကြတယ်လို့ ပြောပါတယ်။ ''အစ္စလာမ်ဟာ အကြမ်းဖက်မှုကို အားပေးတဲ့ ဘာသာတစ်ခု ဖြစ်တယ်။ ဒါကို လူတိုင်းသိပါတယ်'' လို့ စစ်သားလူထွက် ဘုန်းကြီးဖြစ်သူ Phratong Jiratamo က ပြောပါတယ်။

ဒီလိုသဘောထားဟာ မြန်မာဘင်လာဒင် ထောက်ခံမယ့် ရပ်တည်ချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဦးဝီရသူဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို သူ့ရဲ့ ငြိမ်းချမ်းတဲ့ ဘာသာရေးနည်းလမ်းအရ ဘယ်လို လက်ခံနိုင်သလဲဆိုတာ စဉ်းစားမိပါတယ်။ ''ဗုဒ္ဓဘာသာမှာ ဦးဇင်းတို့ကနေ အကြမ်းဖက်လို့တော့ မရပါဘူး။ ဒါပေမယ့် ကိုယ့်အသိုင်းအ၀ိုင်းကို ကာကွယ်ပိုင်ခွင့် ရှိပါတယ်'' လို့ ဦးဇင်းက ပြောပါတယ်။ ညနေပိုင်းတွင် ဦးဝီရသူက တရားနာ ပရိသတ်တွေကို ဟောကြားရာတွင် ပြုံးရွှင်နေတဲ့ အိမ်ရှင်မတွေ၊ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေ၊ အဖွားအိုတွေနဲ့ အခြားတရားနာ ပရိသတ်တွေကို သူ့နောက်ကနေ ရွတ်ဆိုခိုင်းတာကတော့ ''ဗမာလူမျိုးစုအတွက် အသက်ပေး စွန့်လွှတ်ပါမည်'' ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ်မှု စိတ်ဓာတ်ဟာ လူနည်းစုမှာသာ ကျန်ရှိနေပါတော့တယ်။ ၂၀၁၁ ခုနှစ်တုန်းက Lak Muang ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီး Watcharapong Suttha ဟာ စစ်သားတွေခြံရံပြီး မနက်ဆွမ်းခံ ကြွချိန်မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ ဘုန်းကြီးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းဟာ ဗုံးဆံတွေကြောင့် အမာရွတ်တွေနဲ့ ပြည့်နှက်နေပါတယ်။ အခု အသက် ၂၉ နှစ်ရှိပြီး လူထွက်လိုက်တဲ့ အချိန်ထိတိုင်အောင် ကျီးကန်းတောင်းမှောက် မျက်လုံးတွေ၊ ချုပ်ရာအပြည့်နဲ့ ခန္ဓာကိုယ်တွေကြောင့် စိတ်ဖိစီးမှု ခံစားနေရပါတယ်။ ဒါပေမယ့် သူဒီလို တိုက်ခိုက်ခံရတဲ့အတွက် အစ္စလာမ်ဘာသာ တစ်ခုလုံးကို အပြစ်မတင်ပါဘူး။ ''အစ္စလာမ်ဆိုတာ ငြိမ်းချမ်းတဲ့ ဘာသာတစ်ခုပါ။ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာတွေ လိုပါပဲ။ မွတ်စလင်တွေကို အပြစ်တင်နေရင် သူတို့ကလည်း ကျွန်တော်တို့ကို အပြစ်ပြန်တင်မှာပဲ။ ဒီလိုဆိုရင် အကြမ်းဖက်မှု သံသရာ ဘယ်တော့မှ ဆုံးမှာမဟုတ်တော့ပါဘူး'' လို့ ပြောခဲ့ပါတယ်။

Hannah Beech (ဟန်နန် ဘိခ်ျ)

တိုင်းမ် မဂ္ဂဇင်းရဲ့ အရှေ့အာရှဆိုင်ရာ သတင်းထောက်ဖြစ်ပြီး တိုင်းမ်၏ တရုတ်ဌာန အကြီးအကဲ ဖြစ်သည်။ လက်ရှိ ဘေဂျင်းမြို့တော်တွင် နေထိုင်လျက်ရှိပြီး ယခင်က ဘန်ကောက်၊ ရှန်ဟိုင်းနှင့် ဟောင်ကောင်တို့အတွက် အခြေစိုက် လုပ်ကိုင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် Excellence in Reporting  News, Honourable Mention, in the Society of Publishers in Asia Awards for Editorial Excellence (SOPA) Awards ဆုအား ဆိုင်ကလုန်းနာဂစ်နှင့် ပတ်သက်ပြီး ရေးသားမှုအတွက် ရရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Honourable Mention for Best Opinion Writing ဆုအား ရရှိခဲ့သည်။

၁၉၉၅ ခုနှစ်တွင် Colby College မှ U.S. News & World Report and Asian media outlets ဘာသာရပ်များဖြင့် ဘွဲ့ရခဲ့သည်။ ၁၉၉၄ တွင် မေရီလင်း တက္ကသိုလ်မှ ပေးအပ်သော Harry S. Truman ပညာသင်ဆု ရရှိခဲ့သည်။
 
[Eleven Media Group ၏ Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။]

ယောက်ျားဘ၀နှင့် မြဲနေချင်လျှင်


ယော ဣစ္ဆေ ပေါရိသံ ပေါသော၊
ဇာတိံ ဇာတိံ ပုနပ္ပုနံ။
ပရဒါရံ ၀ိ၀ေဇၨယ်၊
ဓောတပါဒေါဝ ကဒ္ဒမံ။

ယောက်ျားသည် ဘ၀တိုင်း ဘ၀တိုင်း အဖန်တလဲလဲ ယောက်ျားဘ၀ကို ရယူချင်လျှင် ခြေထောက်ဆေးထားပြီးသော သူသည် ရွှံ့နွံကို ရှောင်ကြဉ်သကဲ့သို့ သူတစ်ပါး၏ မယားကို ရှောင်ကြဉ်ရာ၏။

Friday, June 21, 2013

The Face of Buddhist Terror


တို့မြန်မာဘုန်းကြီးက တယ်ပြီးတော့ နာမည်ကြီးပါလားဆိုပြီး ဂုဏ်ယူချင်တဲ့လူတွေကိုတော့ ဘာမျှ မပြောလိုတော့ပါဘူး။ အားလုံးက ကိုယ့်အသိနဲ့ကိုယ်၊ ကိုယ့်ပညာနဲ့ကိုယ်၊ ကိုယ့်စိတ်ခံစားမှုနဲ့ကိုယ်မို့ ကိုယ်ဘာသာကိုယ်သာ တွေးဆဆင်ခြင် ပိုင်းခြားဝေဖန် သုံးသပ်ကြပါတော့လို့ပဲ ပြောချင်ပါတယ်။ သူတို့က အင်္ဂလိပ်လိုရေးတာ၊ တစ်ကမ္ဘာလုံးဖြန့်တာ။ ကိုယ့်ဆီကလူတွေက ဘယ်လိုပြန်ပြီး ကမ္ဘာကို ရှင်းပြမလဲဆိုတာ စိတ်ဝင်စားတယ်။ သေချာတာကတော့ ကမ္ဘာသိအောင် ရှင်းပြတာမရှင်းတာ အပထား၊ ပရိုဝီရသူနဲ့ အန်တီဝီရသူတွေတော့ အွန်လိုင်းမှာ ပွဲကြီးပွဲကောင်းစပြီ။ တ၀ကြီး လိုက်ဖတ်ပြီး ရယ်မောလိုက်ပါဦးမယ်။ သူများက လုပ်ရင် အပီအပြင်ပဲ။ ရွေးထားတဲ့ ဓာတ်ပုံကိုပဲကြည့်။ ပေးထားတဲ့ ခေါင်းစဉ်နဲ့ ဓာတ်ပုံနဲ့က ဟပ်မှဟပ်ပဲ။ :D ဓာတ်ပုံအောက်က စာတွေကလည်း Times Magazine ရဲ့ အင်တာနက်စာမျက်နှာကနေပဲ ကူးယူပြီး တင်ပေးထားတာပါ။


U Wirathu, the spiritual leader of the 969 Buddhist Nationalist movement, and his entourage leave after giving a sermon, at a monastery in Mandalay, Myanmar (Burma) on May 22, 2013. U Wirathu is an abbot in the New Maesoeyin Monastery where he leads about 60 monks and has influence over more than 2,500 residing there. He travels the country giving sermons to religious and laypeople encouraging Buddhists to shun Muslim business and communities.

Thursday, June 20, 2013

ယောက်ျားဘ၀ ရချင်လျှင်


ယာ ဣစ္ဆေ ပေါရိသံ နာရီ၊
ဇာတိံ ဇာတိံ ပုနပ္ပုနံ။
သာမိကံ အပစာယေယျ၊
ဣန္ဒံဝ ပါရိစာရိကာ။

အမျိုးသမီးသည် ဘ၀တိုင်း ဘ၀တိုင်း အဖန်တလဲလဲ ယောက်ျားဘ၀ကို ရယူချင်သည်ဆိုပါက သိကြားမင်းကြီးကို နတ်သမီးများက ရိုသေလေးမြတ်စွာ ပြုစုလုပ်ကျွေးကြသကဲ့သို့ မိမိလင်ကို ပြုစုလုပ်ကျွေးရာ၏။

 
Web Statistics