Showing posts with label ဟာသ-Funny. Show all posts
Showing posts with label ဟာသ-Funny. Show all posts

Friday, March 21, 2014

နိုင်ငံရေးကာတွန်းများ (၂၀၁၄ မတ် ၂၁ စုစည်းတင်ပြမှု)


ပို့စ်တွေ မတင်ဖြစ်တာလည်း အတော်ကြာသွားပြီဆိုတော့ ဘယ်ကနေစပြီး ပြန်ရေးရမလဲ မသိဘူး။ စာမေးပွဲ ကိစ္စတွေကြောင့် မြန်မာ့နိုင်ငံရေးနဲ့လည်း နှစ်ပတ်လောက် အဆက်ပြတ်သလို ဖြစ်သွားခဲ့ရတယ်။ အဲဒီတော့ မြန်မာ့နိုင်ငံရေးကိုလည်း မတို့မထိချင်သေးဘူး။ အခုမှ သတင်းဟောင်းတွေ၊ ဆောင်းပါးဟောင်းတွေ၊ နာမည်ကြီး ဖေ့စ်ဘုတ်တွေရဲ့ အရေးအသားတွေကို ပြန်ဖတ်နေရတယ်။ ဖတ်လို့လည်းကောင်းတယ်၊ စိတ်ဝင်စားစရာလည်း ကောင်းတယ်။ အခုတော့ ဘော်ချက်တယ်ပဲပြောပြော၊ အလွယ်လိုက်တယ်ပဲ ပြောပြော၊ ပြောချင်သလိုသာ ပြောကြပါတော့။ ပို့စ်တစ်ခု မဖြစ်မနေ တင်ချင်တဲ့အတွက် သဘောကျလို့ စုစည်းထားတဲ့ ကာတွန်းလေးတွေကို တင်ပေးလိုက်ပါတယ်။ ဖတ်ဖူးပြီးသူ အများစု ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခေါက် ထပ်ဖတ်ကြည့်ကြပါဦး။ မဖတ်ဖူးသူတွေအတွက် သဘောကျ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း။

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။

(၁) ပထမဆုံးအနေနဲ့ အဖြေမျိုးစုံ ဆိုတဲ့ ကာတွန်းတစ်ကွက်ကို တင်ပြချင်ပါရဲ့။ ဒီနေ့ခေတ် မြန်မာ့နိုင်ငံရေးမှာ အဖြေတွေနဲ့ ပတ်သက်လို့ ပြောစရာရှိတဲ့ နေရာဆိုလို့ လွှတ်တော်မှာ မေးခွန်း မေးမြန်းခြင်း၊ ဖြေကြားခြင်း ဆိုတဲ့နေရာ တစ်ခုပဲ ရှိတယ်လို့ မြင်ပါတယ်။ အဲဒီတော့ ကာတွန်းဆရာဟာ လွှတ်တော်မှာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ လာဖြေကြတဲ့ အဖြေတွေအပေါ်မှာ သဘောမကျတဲ့အတွက် ဝေဖန်တာလို့ မှတ်ယူပါတယ်။ မီဒီယာအများစုကလည်း လွှတ်တော်မှာ ဖြေဆိုကြတဲ့ အဖြေအများစုဟာ တိတိကျကျ ရှင်းရှင်းလင်းလင်း မရှိလှဘဲ ဟိုလိုလို ဒီလိုလိုတွေ များတယ်လို့ ဝေဖန်ကြမြဲ ဖြစ်ပါတယ်။ လွှတ်တော်အလေ့အကျင့် ၄ နှစ်ပင် မပြည့်တတ်သေးတဲ့ ကာလမှာ ယခုလို ဖြစ်နေတာကို ကျွန်တော်တို့တစ်တွေ စိတ်ရှည်သည်းခံ ကြရမယ်လို့ မှတ်ယူပါတယ်။ တဖြည်းဖြည်းနဲ့တော့ ပြောင်းလဲလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကာတွန်းဆရာရဲ့ သရော်ချက်ကလည်း ထိမိပါရဲ့ဗျာ။ မြန်မာစကားရဲ့ ဝေါဟာရ ကြွယ်ဝမှုကြောင့်လည်း စိတ်ဝင်စားစရာ ကောင်းလို့နေပြန်ပါရော။

 

(၂) ဒီကာတွန်း တစ်ပုဒ်ကလည်း မြန်မာ့နိုင်ငံရေးမှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေကို သရော်ထားတာပါ။ သူတို့တွေ ပြောခဲ့တဲ့စကားတွေ၊ အခြားသူတွေ ပြောကြတဲ့ ကောလာဟလတွေ အပေါ်မှာ အခြေတည်ပြီး ကာတွန်းဆရာက ပုံဖော်ထားပါတယ်။ သူ့စကားနဲ့ သူ့ရာဇ၀င်ကို သိသူများအဖို့ ဘာကို ဆိုလိုတယ်ဆိုတာ အလွယ်တကူ သိနိုင်ပေမယ့် မြန်မာ့နိုင်ငံရေးနဲ့ အတန်အသင့် စိမ်းသူများအဖို့ ကာတွန်းဆရာက ဘယ်သူတွေကို သရော်ထားတယ်ဆိုတာ သိနိုင်ဖို့ ခက်ခဲပါတယ်။ မြန်မာနိုင်ငံတွင်းမှာ နေသူတွေပင်လျှင် သတင်းဂျာနယ် စုံလင်အောင် မဖတ်ဖူးသူ၊ အင်တာနက် ဖေ့စ်ဘုတ်ကို အမြဲတစေ သုံးစွဲသူမဟုတ်သူ ဖြစ်ပါလျှင် အားလုံးကို နားလည်နိုင်မည် မဟုတ်ပါ။


(၃) ဒါကလည်း အပေါ်က ကာတွန်းနဲ့ သဘောတရား အတူတူပါပဲ။ အစိုးရ တာဝန်ရှိသူအချို့ရဲ့ ပြောစကားတွေကို အခြေတည်ပြီး ကာတွန်းဆရာက သရော်ထားတာပါ။ တာဝန်ရှိသူတွေရဲ့ ပြောစကားတွေဟာ ဟာသတွေပါပဲလို့ အတိအလင်းကို ဝေဖန်ထားလေရဲ့။


(၄) နာမည်ကြီး အစိုးရတာဝန်ရှိသူ ၄ ဦးရဲ့ စကားတွေကို ပေါင်းစပ်ပြီး ကာတွန်းဆွဲထားတာ သဘောကျစရာ ကောင်းပါတယ်။ ကြံကြံဖန်ဖန် စဉ်းစားတတ်ပါပေ့လို့ပဲ ရေရွတ်ရမယ် ထင်ပါရဲ့။ ထမင်းတစ်နပ် လျှော့စားခိုင်းတာရယ်၊ မြေမပိုင်ပါဘူးဆိုတာရယ်၊ ပါးရိုက်မယ်ဆိုတာရယ်၊ နွားနို့သောက်ပါ ဆိုတာရယ်ကို ရောသမမွှေ လုပ်လိုက်တဲ့အခါ အောက်မှာမြင်ရတဲ့ ကာတွန်းလေး ဖြစ်လာတာပါပဲ။


(၅) အပေါ်ကကာတွန်းမှာ ပါတဲ့စကား ၄ ခွန်းကို နောက်ထပ် ကာတွန်းဆရာတစ်ယောက်က နောက်ထပ် အိုင်ဒီယာတစ်မျိုးနဲ့ တင်ပြသရော်လိုက်ပုံကလည်း စိတ်ဝင်စားစရာပါ။ နောင်တစ်ချိန်မှာ ကိုယ့်သားသမီး၊ မြေးမြစ်တွေက ဒီကာတွန်းတွေကို ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်အနေနဲ့ ပြန်လှန်ကြပြီး ကိုယ့်ကိုယ်များ လာမေးကြရင် ဘယ်လိုများ ပြန်ဖြေရပါလိမ့်။ ထမင်းတစ်နပ် ကိစ္စရဲ့ အပြည့်အစုံကို ပြောပြရမှာလား၊ မြေတစ်ကွက်မပိုင်ဘူးဆိုတဲ့ ၀န်ကြီးအကြောင်း ရှင်းပြရမှာလား၊ နယ်လှည့်ပြီး ပါးရိုက်ရဲတယ်လို့ ပြောတဲ့စကားတစ်ခွန်းကိုပဲ ကွက်ပြီးတော့ မီးမောင်းထိုးပြရမှာလား၊ နွားနို့သောက်ခိုင်းတာကို ဟာသတစ်ခုလုပ်ပြီး ပြန်ပြောရမှာလား၊ သို့လော သို့သော မေးခွန်းတွေနဲ့ ကျွန်တော်ကိုဉာဏ် ခေါင်းခြောက်မိကြောင်းပါ။ ဟာသအနေနဲ့ ဒီကာတွန်းတွေကို လက်ခံနိုင်ပေမယ့် သမိုင်းတစ်ခု ဖြစ်သွားမှာကိုတော့ စိုးရိမ်မိတယ်။ အဲဒီပြောစကားတွေရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို ပြည့်ပြည့်စုံစုံ မတင်ပြဘဲ လိုတဲ့အပိုင်းလေးကို ကွက်ပြီးတော့ ပြောတဲ့အခါ အဓိပ္ပါယ် တစ်မျိုးပေါက်ပါတယ်။

 

(၆) သမ္မတကြီးရဲ့ အရက်မသောက်နဲ့၊ နွားနို့သောက်လို့ ပြောတဲ့စကားကို မီဒီယာမျိုးစုံမှာ ဟာသအဖြစ် ပြောကြ၊ သရော်ကြတာ အတော်ကြီးကို အံ့သြစရာ ကောင်းမိပါတယ်။ အင်တာနက်ပေါ်က မြန်မာစာနဲ့ ရေးသားဖြန့်ဝေကြတဲ့ မီဒီယာတွေမှာလည်း နွားနို့တွေ အလျှံအပယ်၊ နွားနို့တွေ တရွှဲရွှဲနဲ့ပေါ့ဗျာ။ အပြင်က လဘက်ရည်ဆိုင်တွေမှာ တကယ်ပဲ သမ္မတကြီး ၀မ်း ဆိုတဲ့ အသုံးအနှုန်း တွင်ကျယ်နေပြီလားဆိုတာ ကျွန်တော် အတည်မပြုနိုင်သေးပါ။ အခုထိတော့ ကျွန်တော်သိသမျှ လဘက်ရည်ဆိုင်များတွင် ထိုကဲ့သို့ မမှာ၊ မပြောကြပါခင်ဗျား။

 

(၇) ဒါကတော့ နောက်ဆုံးထွက် ဟာသဗားရှင်း အသစ်ပေါ့လေ။ မနေ့တစ်နေ့ကမှ ထွက်လာတဲ့ ညွှန်ကြားချက်တစ်ခုကို အကြောင်းပြုပြီး ကာတွန်းဆရာက သရော်ထားတာပါ။ ဆွဲထားတဲ့ ပုံလေးတွေက ဘာမျှ အထူးအထွေ မပါပေမယ့် ရေးထားတဲ့ စာလေးက ထိရောက်ပါတယ်။ အိမ်သာဘေးမှာ ရေပုံးလေး ချထားတာကို ပြတယ်။ နောက်က သတိပေးစာက ကိစ္စပြီးလျှင် ၃ ပုံး လောင်းပါတဲ့။ ရိုးရိုးလေးတွေးရင် ရိုးရိုးလေးပေါ့လေ။ နိုင်ငံရေးလေး ထည့်တွေးတော့လည်း သဘောကျစရာ၊ ပြုံးချင်စရာလေးဗျ။ ၀န်ထမ်းတွေအနေနဲ့ လက်ဆောင်ပစ္စည်းတွေကို လက်ခံတဲ့အခါ ငွေကျပ် ၃ သိန်းအောက်ပဲ ယူရမယ်လို့ ညွှန်ကြားချက် ထွက်တယ်ဆိုတဲ့ သတင်းလေးကို ကာတွန်းဆရာ သရော်လိုက်၊ ကလိလိုက်ပုံက အောက်မှာမြင်ရတဲ့ အတိုင်းပါပဲခင်ဗျာ။


အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်၊ သောကြာနေ့။
နံနက် ၇ နာရီ ၃၀ မိနစ်။

Sunday, August 25, 2013

အားလပ်ရက်အတွက် အရက်ဟာသလေးတွေပါ


တစ်ခုပဲရှိတယ်
လူတစ်ယောက်သည် နာရီအတော်ကြာအောင် ဘားကောင်တာတွင်ရပ်လျက် အရက်ဆိုင်ရှင်အား သူ့စွမ်းဆောင်မှုကြီးများအကြောင်း ပြောပြနေ၏။
ကဲ... ကဲ... စွမ်းဆောင်မှုတွေအကြောင်း ကြားရတာ များနေပါပြီ။ ခင်ဗျားမစွမ်းဆောင်နိုင်တာတွေကိုလည်း တစ်လှည့် ကြားပါရစေဦး ဟု ဆိုင်ရှင်က တောင်းဆိုလိုက်ရာ ထိုလူက...
တစ်ခုပဲရှိတယ်... ကျုပ် အရက်ဖိုး မပေးနိုင်ဘူး တဲ့။

မသေဘဲ ဘ၀ပြောင်း
တစ်ခွက်ဝင်သွားတော့ ၁၀ နှစ် ငယ်သွားတယ်လို့ သူခံစားရတယ်။ နှစ်ခွက်ဝင်သွားတော့ လူသစ်တစ်ယောက် ဖြစ်သွားတယ်လို့ သူခံစားရတယ်။ သုံးခွက်ဝင်သွားတဲ့အခါ ကလေးငယ်လေး ပြန်ဖြစ်သွားတယ်လို့ သူခံစားရတယ်။ အဲဒီ ခံစားမှုနဲ့ပဲ သူ့အိမ်အရောက် ၀မ်းလျားထိုးသွားတော့တာပါပဲ။

အမူးပြေအောင်လုပ်နည်း
အတော်မူးနေသူတစ်ဦးက စားပွဲထိုးကို သူ့စားပွဲသို့ ခေါ်လိုက်၏။
ဒီမှာ... ကိုယ်နည်းနည်းလွန်သွားတယ်ကွာ။ မြန်မြန်အမူးပြေသွားအောင် တစ်ခုခု မင်း ကိုယ့်ဆီ ယူလာပေးပါလား။
ဟာ... ရပါတယ်ဆရာ၊ ကျွန်တော် ဆရာ့ဘီလ် ယူခဲ့ပါ့မယ်။

မင်းက ဘယ်လိုလဲ
ပင်လယ်ထဲကျသွားသူ - ကယ်ကြပါဦး၊ ကယ်ကြပါဦး၊ ကျုပ် ရေမကူးတတ်ဘူး။
ကုန်းပေါ်က အမူးသမား - ဘယ်လိုလဲကွ၊ ငါဆို တယောမထိုးတတ်ပါဘူးကွာ၊ ဒါပေမယ့် မင်းလိုတော့ အော်ဟစ်ပြီး ကြော်ငြာမောင်းခတ် မနေဘူးဟေ့။

[ခင်မောင်တိုး (မိုးမိတ်) ရဲ့ ဟာသစာအုပ်ထဲက ပြန်လည်ကူးယူဖော်ပြတာပါ]

Saturday, August 17, 2013

ပေါပါတယ်


တစ်ခါက ဂျပန်တစ်ယောက်၊ အင်ဒိုနီးရှားတစ်ယောက်နှင့် ပြင်သစ်တစ်ယောက်တို့ ပင်လယ်တွင်းရှိ လှေတစ်စီးပေါ် ရောက်နေကြသည်။ လှေမှာ သေးငယ်နေ၍ ၀န်ပေါ့သွားစေရန်အတွက် မလိုအပ်သည့် ပစ္စည်းများကို ပင်လယ်တွင်း ပစ်ချခဲ့ရန် ဆုံးဖြတ်လိုက်ကြသည်။

ပထမဆုံး ကိုဂျပန်က သူဝတ်ထားသည့် ရိုးရာဝတ်စုံ၊ စီဒီကက်ဆက်၊ ဟိုင်ဖိုင်ရေဒီယို၊ ကင်မရာ စသည်တို့ကို ချွတ်ယူ၍ ပင်လယ်ထဲ စွန့်ပစ်လိုက်သည်။
အင်ဒို+ပြင်သစ်။ ခင်ဗျား ဘာလို့ ဒီအဖိုးတန်ပစ္စည်းတွေ လွှင့်ပစ်လိုက်ရတာလဲ။
ဂျပန်။ အို ဒီပစ္စည်းတွေက ဘာလုပ်ဖို့လဲဗျာ။ ကျွန်တော်တို့နိုင်ငံမှာ ပေါလွန်းလို့။

နောက် ကိုအင်ဒိုက သူဝတ်ထားသည့် ပါတိတ်အင်္ကျီနှင့် ပါတိတ်ပုဆိုးကိုချွတ်ကာ ရေထဲလွှင့်ပစ်ပြန်သည်။
ဂျပန်+ပြင်သစ်။ အဖိုးတန်ပါတိတ်တွေဗျာ။ ဘာဖြစ်လို့လဲ။
အင်ဒို။ ပါတိတ်ဆိုတာများဗျာ။ ကျွန်တော်တို့တိုင်းပြည်မှာ ပေါမှပေါ။

ကိုပြင်သစ် မတ်တတ်ထရပ်လိုက်သည်။ ဘောင်းဘီဇစ်ကိုဖွင့်ကာ ပင်လယ်ထဲ အပေါ့စွန့်ပစ်လိုက်သည်။
ဂျပန် + အင်ဒို။ ဟာ... ခင်ဗျား ဘာလုပ်တာလဲ။
ပြင်သစ်။ ကျွန်တော်တို့ဆီမှာ ရှူးရှူးက အပေါဆုံး။

Tuesday, July 23, 2013

ကျွန်တော်နှင့် မတော်တရော်များ


အထူးအဆန်းတော့ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ အဆီအငေါ် မတည့်မှုတွေပါပဲ။ ကျွန်တော့်တစ်ယောက်တည်းကျမှ ထူးပြီးတော့ ဖြစ်နေ၊ တွေ့နေ၊ မြင်နေ၊ ကြားနေရတာတော့ မဟုတ်ပါဘူးလေ။ ဒါပေမယ့် ရင်ထဲမှရှိနေတာထက် စကားလုံးတွေအဖြစ် အသွင်ပြောင်းလိုက်တော့ သက်သာရာရသလို ဖတ်ရသူတွေအတွက်လည်း ခံစားမှုတစ်ခုခု ရလိမ့်မယ်ထင်လို့ ရေးလိုက်တာပါ။ တွေးမြင်ခံစားပုံ မတူခဲ့ရင်လည်း အံ့သြစရာတော့ မရှိပါဘူး။ ခင်ဗျားက ခင်ဗျား၊ ကျွန်တော်က ကျွန်တော်ပဲလေ။ မဟုတ်ဘူးလား။

(က)
ဟိုးတလောလေးက ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကလည်း ရယ်ရမလား၊ ဆဲရမလား မသိတော့ပါဘူးဗျာ ဆိုတဲ့သတင်းတစ်ပုဒ်ပါပဲ။ တခြားမဟုတ်ပါဘူး။ မီးကင်းစောင့်တဲ့ မီးကင်းတဲ မီးလောင်သတဲ့လေ။ ရပ်ကွက်က အလှည့်ကျတာဝန်ကျသူတွေ (အများစုကတော့ လူငှားစောင့်ကြတာပါပဲ)က ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ အိပ်မောကျနေချိန်မှာ မီးရေးကင်းရေးအတွက် စောင့်ကြည့်ရာနေရာဖြစ်တဲ့ မီးကင်းတဲက မီးလောင်တယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့ဗျာ။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းက မီးကင်းတဲတွေရဲ့ လုပ်ဆောင်မှုတွေ၊ စွမ်းဆောင်မှုတွေနဲ့ ပတ်သက်ပြီး အကောင်းမြင်တာ ကြားရခဲပေမယ့် ယနေ့အချိန်အထိ အဲဒီမီးကင်းတဲတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါနေဆဲဖြစ်တာနဲ့ ရပ်ကွက်ထဲမှာ ခန့်ခန့်ကြီး ယနေ့အထိ ရှိနေသေးတာကတော့ စဉ်းစားစရာပါပဲ။

( ခ )
7Day Daily သတင်းစာထဲမှာပါတဲ့ ကာတွန်းတစ်ကွက်ကြောင့် ကျွန်တော့်မှာ အတော်လေးကို ဒေါသထွက်မိတယ်။ ကာတွန်းရေးတဲ့လူက ပညာအရည်အချင်းနည်းပါးလို့၊ ဟိုလူပြော ဒီလူပြော ရပ်ထဲရွာထဲစကားကို ကာတွန်းဆွဲပြီး သရုပ်ဖော်တယ်ဆိုပေမယ့် နေ့စဉ်သတင်းစာထုတ်နေတဲ့ အယ်ဒီတာချုပ်တွေ၊ အယ်ဒီတာအဖွဲ့တွေကတော့ ဒီကာတွန်းဟာ ထည့်သင့်တယ်၊ မထည့်သင့်ဘူး၊ ကာတွန်းရည်ရွယ်ချက်ဟာ ကောင်းတယ်၊ မကောင်းဘူး၊ အများပြည်သူအတွက် အကျိုးရှိတယ်၊ မရှိဘူး၊ စသဖြင့်ပေါ့လေ စဉ်းစားတည်းဖြတ်သင့်တယ်လို့ ထင်မိပါတယ်။ ကာတွန်းကို အရင်ဆုံး ကြည့်စေချင်ပါတယ်။


ပထမဆုံး ဝေဖန်ချင်တာက ကာတွန်းရေးတဲ့လူပဲ။ ဗဟုသုတလည်းမရှိ၊ ပညာအရည်အချင်းလည်း မရှိဘဲ ဟိုလူပြော ဒီလူပြော ကြားဖူးနားဝနဲ့ ကာတွန်းကို ရေးတယ်လို့ ကျွန်တော်က ဒဲ့(တဲ့)ပဲ ပြောချင်တယ်။ ကာတွန်းရဲ့ အဓိပ္ပါယ်ဟာ ဘယ်အထိ ရောက်သွားသလဲဆိုတာကိုတောင် အဲဒီကာတွန်းရေးတဲ့လူ သိရဲ့လားလို့ သံသယဖြစ်မိတာအမှန်ပဲ။ သမ္မတမို့ မဝေဖန်ရဘူးလို့ ကျွန်တော်ပြောနေတာ မဟုတ်ပါဘူး။ အာဇာနည်နေ့မှာ သမ္မတကြီး ဦးသိန်းစိန် ဘယ်ရောက်နေလဲ ဆိုတာကိုတောင် မသိတဲ့သူက ခေတ်ကို သရော်တဲ့၊ ခေတ်ကိုထင်ဟပ်တဲ့ ကာတွန်းမျိုး ရေးချင်တယ်ဆိုတာ သူငယ်တန်းကလေးက အင်္ဂလိပ်ဝတ္ထုစာအုပ်ကို ဟိုလှန်ဒီလှန် လျှောက်လှန်ပြီး အရုပ်ရှာနေသလို ဖြစ်နေတော့မှာပေါ့ဗျ။ အဲဒါကိုပဲ ကြည့်စမ်း.... ဒီကလေးက ငယ်ငယ်လေးပဲရှိသေးတယ်၊ အင်္ဂလိပ်ဝတ္ထုတွေတောင် ဖတ်ချင်နေပြီ ဆိုပြီးတော့ မျက်စိမှိတ်ပြီး လက်ခုပ်တီးမယ့်အထဲမှာ ကျွန်တော်မပါဘူး။ ဒီကာတွန်းကို ထည့်ပေးတဲ့ 7Day Daily သတင်းစာက အယ်ဒီတာအဖွဲ့လည်း သောက်ရူးတွေပဲ။ အလကားလူတွေ... တတ်လို့လုပ်စားတာ မဟုတ်ဘူး၊ ငတ်လို့ လုပ်စားနေတဲ့လူတွေ။ နိုင်ငံရေးတိုက်ကွက်တွေ အမျိုးမျိုးကြားမှာ လက်ရှိအစိုးရကို အတိုက်အခံလုပ်နေတဲ့ လူတွေပြောတဲ့ စကားတွေနဲ့ မှိုင်းမိနေတဲ့လူတွေ။ ဟေ့... ဦးသိန်းစိန် လုံးဝဥဿုံ ကောင်းတယ်လို့ ကျုပ်ဆိုတဲ့ ကိုဉာဏ် ဘယ်တုန်းကမျှ မပြောခဲ့ဘူး၊ ဦးသိန်းစိန်လောက် တော်တဲ့လူ မြန်မာပြည်မှာ မရှိဘူးလို့ ကျုပ်တစ်ခါမျှ မပြောခဲ့ဘူး၊ ဦးသိန်းစိန်ဟာ သူတော်ကောင်းကြီးကွ၊ မပြစ်မှားကောင်းဘူးလို့လည်း ကျုပ်ကိုဉာဏ် တစ်ခါမျှ မပြောခဲ့ဘူး။ ဒါပေမယ့် ကျုပ်တို့နိုင်ငံရဲ့ သမ္မတကြီးတစ်ဦးအနေနဲ့ သူ့အပေါ်မှာ လေးစားမှုရှိတယ်၊ ယုံကြည်မှုရှိတယ်၊ မျှော်လင့်ချက်ရှိတယ်။ တိုင်းပြည်အတွက် သူကြိုးစားနေတယ်ဆိုတာကို သံသယ လုံးဝမရှိဘူး။ မှားချင်မှားမယ်၊ မှန်ချင်မှန်မယ်။ ကိုယ်တွေအတွက်၊ ကိုယ့်တိုင်းပြည်တွက် လက်ရှိအချိန်မှာ တာဝန်ယူပြီး ထမ်းဆောင်ကြိုးပမ်းနေတဲ့ ကိုယ့်နိုင်ငံက သမ္မတအပေါ်ကိုတောင် မလေးစားနိုင်တဲ့လူတွေက ဘယ်သူ့အပေါ်ကို လေးစားချင်သေးတာလဲ။ အာဇာနည်နေ့တုန်းက ဦးသိန်းစိန် ဘယ်ရောက်နေသလဲ၊ ဘယ်လိုပြုမူဆောင်ရွက်ခဲ့သလဲ ဆိုတာကိုတောင် သတင်းမသိတဲ့ ကာတွန်းရေးတဲ့သူနဲ့ အဲဒီကာတွန်းကို ခွင့်ပြုပေးရဲတဲ့ သတင်းစာကို ကျုပ်တို့က ချီးကျူးရမှာလား။ ရှင်းရှင်းပြောရရင် ဒါ ကျုပ်တို့နိုင်ငံရဲ့ အကြီးအကဲကို အသရေဖျက်တာပဲ၊ ဂုဏ်သတင်းကျဆင်းအောင် လုပ်ဆောင်တာပဲ။ 7Day လည်း တဖြည်းဖြည်းနဲ့ ကြောင်ချေးဖြစ်လာပါပြီ။ သမ္မတကို ပေါ်တင်ကြီး စော်ကားတဲ့၊ အသရေဖျက်တဲ့ ဒီလို ကာတွန်းမျိုးကျတော့ ၀မ်းသာအားရ ထည့်ပေးတယ်။ နိုဘယ်လ်ဆုရှင်တွေကို သရော်တဲ့ သဘောမျိုးပါတဲ့ ဆရာဘစီရဲ့ ဆောင်းပါးမှာကျတော့ မဆီမဆိုင် ကွင်းစကွင်းပိတ်ထဲမှာ သရော်စာဖြစ်ပါကြောင်း၊ စာရေးသူ၏ အာဘော်သာ ဖြစ်ပါကြောင်းဆိုပြီး ရှင်းလင်းချက် ရေးထားတယ်။ အဲဒီတစ်ခုတည်းနဲ့ ပြောနေတာ မဟုတ်ဘူး၊ ဆရာမောင်သာချိုရေးတဲ့ သရော်စာကိုလည်း ထိုနည်းလည်းကောင်းပဲ။ ဆောင်းပါးနာမည်က (သူတို့ပြောသလိုဆိုရင် သရော်စာနာမည်က) ငါမကောင်း ငါ့အကြောင်းရေးနှင့် စုံနံ့သာမြိုင်နေ့စဉ် တဲ့။ ရေးသူက ဂျက်ကွမ်းခြံကုန်း။ နေ့စဉ်သတင်းစာအကြောင်း သရော်ထားတဲ့ သရော်စာဆောင်းပါးပေါ့။ အောက်ဆုံးမှာ 7Day က ဘာရေးထားတဲ့ဆိုတော့ (ဤသရော်စာစုသည် ဂျက်ကွမ်းခြံကုန်း၏ အာဘော်သာ ဖြစ်ပါသည်။) တဲ့။ အဲဒါ ဘာသဘောလဲဗျ... ဟင်...။ ခင်ဗျားတို့ ဘယ်လိုထင်တုန်း။ ကိုယ့်သတင်းစာက တာဝန်မခံနိုင်ရင်၊ တာဝန်မခံရဲရင် မထည့်နဲ့ပေါ့ဗျာ။ အခုတော့ အဲဒီသရော်စာနဲ့ ပတ်သက်ပြီး ကိစ္စအ၀၀ဟာ ကျွန်တော်တို့နဲ့ ဘာမျှမဆိုင်ဘူး၊ စာရေးတဲ့သူနဲ့ပဲ ဆိုင်တယ်လို့ ပေါ်တင်ကြီး တာဝန်ရှောင်လွှဲတာ၊ မျက်နှာလွှဲခဲပစ်တာ မဟုတ်ဘူးလား။ အခြား ရှိသေးတယ်.... ရှိသေးတယ်..။ နောက်ကြုံမှ ထပ်ပြောမယ်။ နည်းနည်းချင်းပဲ ပြောတော့မယ်။ 7Day ကို ကျွန်တော်စောင့်ကြည့်နေတာ အတော်ကြာပြီ။ ခင်ဗျားတို့နဲ့ ကျွန်တော်ကိုဉာဏ် လောင်းကြေးတစ်ခုလောက် ထပ်လိုက်ချင်သေးတယ်။ ၂၀၁၄ နှစ်ကုန်ပိုင်းရောက်တာနဲ့ အဲဒီ 7Day သတင်းစာနဲ့ ဂျာနယ်ဟာ သမ္မတလောင်းတစ်ယောက်ကို ပေါ်တင်ကြီး လော်ဘီလုပ်လိမ့်မယ်ဗျာ။ သတ္တိမခေသူများ၊ မယုံကြည်သူများ၊ ဘာလဲဟဆိုသူများ ကျွန်တော်နှင့် ကြိုက်ကြေးထပ်နိုင်ပါသည်။ အခုကာတွန်းဆိုတာ ခြေဆင်းလောက်ပဲ ရှိသေးတယ်ဆိုတာ ကျွန်တော်ကိုဉာဏ် ကောင်းကောင်းတွေးနိုင်ပါသည်။ :D

( ဂ )
မနေ့ညက 5 Plus လိုင်းကနေ လားရှိုးသိန်းအောင်ရဲ့ နှုတ်မဆက်နဲ့ ငိုချင်တယ် ဖျော်ဖြေပွဲကို ပြန်လွှင့်ပေးတာ ကြည့်လိုက်ရပါတယ်။ အရမ်းသဘောကျတဲ့ အဆိုတော်ဖြစ်လို့ အစအဆုံး ထိုင်ကြည့်ဖြစ်တယ်။ အစီအစဉ်တင်ဆက်သူဖြစ်တဲ့ ကောင်လေးနဲ့ ကောင်မလေးရယ်၊ 5 Plus က အင်တာဗျူးလိုက်လုပ်တဲ့ ကလေးမလေးရယ်ဟာ ဘာပြောကြတယ်ထင်သလဲ။ အစ်ကိုကြီး လားရှိုးသိန်းအောင်၊ အစ်ကိုကြီး လားရှိုးသိန်းအောင် တဲ့။ သူတို့တွေကိုကြည့်တော့ နနွင်းနံ့တောင် မစင်သေးဘူး။ အသက်ကလေးတွေရှိလှ ၂၀ ကျော်ပေါ့။ ၃၀ ၀န်းကျင် တစ်ယောက်မျှ မပါဘူး၊ သေချာတယ်။ ဒင်းတို့က လားရှိုးသိန်းအောင်ကို အစ်ကိုကြီးဆိုတော့ ကျုပ်ကိုများတွေ့ရင် မောင်လေးများ လုပ်ကြဦးမလားမသိ။ ရှိုးပွဲကိုလာကြည့်တဲ့ ပရိသတ်အများစုက အဘိုးကြီး၊ အဘွားကြီးတွေ၊ သူတို့ငယ်ငယ်လေးကတည်း သဘောကျတဲ့ အဆိုတော်ကို လာအားပေးတာတဲ့။ ခင်သီတာထွန်းတောင် ပါသေးတယ်။ ကဲ... အဲဒီလို အဆိုတော်ကြီးကို အစ်ကိုကြီး၊ အစ်ကိုကြီးဆိုတော့ ကျုပ်မှာလေ ဖျော်ဖြေပွဲကြည့်ရတာနဲ့ မတူဘဲ Mr.Bean ကို စီးရီးလိုက် ထိုင်ကြည့်နေမိသလို ဖြစ်နေတော့တာပါပဲ။ ဆံပင်ဖြူဖြူ၊ နှုတ်ခမ်းမွှေးဖြူဖြူနဲ့ လားရှိုးသိန်းအောင်ကို အစ်ကိုကြီး လားရှိုးသိန်းအောင်လို့ အသက် ၂၀ ကျော်လေးတွေက ခေါ်နေမှတော့ ခင်ဗျားကုသိုလ်ကံ ကြီးလှချည်လား ကိုဂျင်မီဂျက်ရယ်လို့ပဲ ရေရွတ်မိပါတော့တယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ အင်္ဂါနေ့။
မွန်းလွဲ ၁၂ နာရီ ၁၈ မိနစ်တွင်ပြီး၏။

Friday, July 19, 2013

Azarni Day


The New Light of Myanmar သတင်းစာရဲ့ မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ အသုံးအနှုန်းလေးကို သဘောကျလွန်းလို့ ပြန်လည်ဝေမျှပါတယ်။ ကျွန်တော်ကိုဉာဏ် ဘာမျှ မပြောလိုပါ။ ပညာရှင်တို့၏ အရာသာဖြစ်ကြောင်း နှလုံးသွင်းပါသည်။ ပညာရှင်များသာ ဆက်လက်ငြင်းခုန်ကြပါကုန်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ကတော့ ပြောရှာပါသည်။ R Zarni လို့ မရေးတဲ့အတွက် ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်။ သူပြောသလို R Zarni Day ဆိုရင်တော့ ဥသြမဆွဲဘဲ ×× ညနေခင်းရဲ့ လေပြည်ထဲမှာ ×× မင်းဆံနွယ်တွေ တောင်ပံဖြန့်တဲ့အခါ ×× ပန်းပွင့်လေးတွေ ရှက်သွေးဖြာ ×× ကျေးငှက်ကလေးတွေ တေးမဆိုတော့ပါ ××  စသဖြင့် "ဂန္ထ၀င် ဆည်းဆာ" တွေဘာတွေ တစ်နိုင်ငံလုံး ဟဲနေရပါဦးမယ်။ ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ဝေတဲ့ သတင်းစာက အရေးအသားဖြစ်တာမို့ နောင်များကြုံကြိုက်လို့ အာဇာနည်နေ့လို့ ရေးစရာရှိရင် Azarni Day လို့ပဲ ရေးပါတော့မယ်။ အားလုံးအတွက် အလွယ်တကူဖြစ်အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျား။ :D

Monday, July 15, 2013

ကာတွန်းထဲက နိုင်ငံရေး၊ နိုင်ငံရေးထဲက ကာတွန်း


(က)
တစ်ချိန်တစ်ခါတုန်းက ဟော်လေတကြိုး ဟိုးလေးတကြော် နာမည်ကျော်ခဲ့တဲ့ ကြွေးကြော်သံတစ်ခုကို ပြောပြချင်ပါတယ်။ စာဖတ်သူလည်း ကြားဖူး၊ သိဖူးပြီးသား ဖြစ်မှာပါ။ ဘာတဲ့... မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည် တဲ့။ ကဲ.. ဘယ်လောက်များ အားပါလိုက်သလဲ၊ ဘယ်လောက်များ ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေခဲ့သလဲ။ ကျုပ်ဆိုတဲ့ ကိုဉာဏ်ဖြင့် ငယ်ငယ်တုန်းက ကျန်တဲ့ဟာတွေသာ မမှတ်မိရင်နေမယ်၊ ကိုဗဟိန်းရဲ့ ကြွေးကြော်သံဖြစ်တဲ့ မြင်းခွာတစ်ချက်ပေါက်လျှင် ဆိုတာတော့ဖြင့် သိပ်ကိုလွှတ်ပြီး မှတ်မိတာပေါ့ဗျာ။ အဲဒီသင်ခန်းစာကို သင်ခါစကများဆိုရင် သူငယ်ချင်းတွေနဲ့တွေ့တိုင်း မြင်းစီးဟန်လုပ်ပြီး ကြုံးဝါးခဲ့ဖူးတာ အမှတ်ရမိတယ်။ ဟော... အခုများတော့ နည်းပညာခေတ်ကြီးထဲကို ရောက်လာပြီလေ။ ကြွေးကြော်သံတွေလည်း ပြောင်းသွားရှာပြီ။ ၂၁ ရာစုခေတ်ရဲ့ မြန်မာ့ကြွေးကြော်သံက Enter တစ်ချက်ခေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည် တဲ့။ ကဲ.. ဘယ်လောက်များ ခေတ်မီပြီး စိတ်ဝင်စားဖို့ကောင်းသလဲ။ ခေတ်နဲ့အံကျမှ တကယ့်ကိုအံဝင်ခွင်ကျ။ မြန်မာပြည်မှာ ဖြစ်ပျက်နေသမျှ ပဋိပက္ခတွေမှာ တကယ့်မြေပြင်လက်တွေ့ထက် အင်တာနက်တိုက်ပွဲ၊ တစ်နည်းပြောရရင် ဆိုက်ဘာတိုက်ပွဲတွေက ပိုမိုပြင်းထန်တယ်ဆိုတာကို ကာတွန်းဆရာ တွေးတတ်၊ ရေးတတ်လိုက်ပုံက အဲဒီကာတွန်းကို ကြည့်နေရင်းနဲ့ မသိမသာ ခေါင်းကလေးတောင် ရှောင်လိုက်မိပါသေးရဲ့။ :D

( ခ )
ဒီရက်ပိုင်းအတွင်း အင်တာနက်ပေါ်မှာ မြို့မေတ္တာတွေ အတုံးလိုက်အတစ်လိုက် ခံယူနေတဲ့ မင်းသားလေးဖြစ်တဲ့ ရိုတကို ကျွန်တော့်မိတ်ဆွေတွေ သိကြမှာပေါ့။ ထူးထူးခြားခြား ဘယ်သူမှ မလုပ်ရဲတဲ့ စက်ဆီပို့စ်ဆိုတဲ့ ဓာတ်ပုံတွေကြောင့် နေ့ချင်းညချင်း အင်တာနက်မင်းသားကြီး ဖြစ်သွားရပါရောလား။ အဘယ်သို့သော နှုတ်ခမ်းနီမလေးတွေက သဘောကျသလဲဆိုတာ မသိပေမယ့် အများစုကတော့ ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြတာကို တွေ့ရပါတယ်။ အချို့ကလည်း ရိုတဘက်ကနေ ခုခံပြောဆိုကြတာ တွေ့ရပါတယ်။ ဘာပဲပြောပြော မြန်မာ့မျက်စိ၊ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုနဲ့တော့ ရိုတရဲ့ ဓာတ်ပုံတွေဟာ အလှကြည့်ရဲစရာ မရှိသေးဘူး ဆိုတာပါပဲ။ အဲဒီဓာတ်ပုံတွေပါတဲ့ ဂျာနယ်ကို အိမ်ကဧည့်ခန်းထဲမှာ မိသားစု အတူဖတ်နိုင်ပါ့မလား၊ ကြည့်နိုင်ပါ့မလား စဉ်းစားကြည့်ရုံနဲ့ မလွယ်လှပါဘူးဗျာ။ ကဲ... လေကြောမရှည်တော့ပါဘူး။ ရိုတရဲ့ ဓာတ်ပုံတွေ ပေါ်လာတဲ့နေ့မှာပဲ ချက်ချင်းဆိုသလို တက်လာခဲ့တဲ့ အင်တာနက်က ဓာတ်ပုံကလည်း လူကြိုက်များလွန်းလှသဗျာ။ မိတ်ဆွေတွေအားလုံး ကြည့်ဖူးပြီးသား ဖြစ်မယ်ဆိုတာ သိပေမယ့် မှတ်တမ်းတစ်ခုအနေနဲ့ သိမ်းဆည်းချင်တဲ့အတွက် ပြန်လည်တင်ပေးလိုက်ပါတယ်။ ဆွဲထားတဲ့ ကာတွန်းပုံလေးကို သေချာကြည့်လေ ရင်ထဲမှာ သဘောကျပြီး ရယ်မိပြုံးမိလေပါပဲ။ ဆွဲတတ်ပါပေ့ ကာတွန်းဆရာရယ်လို့ပဲ ပြောပါရစေ။ ဝေါ့ ဆိုပြီး အန်နေတဲ့ခွေးကလည်း ဘာသရုပ်ပါသလဲ မမေးပါနဲ့။ ရယ်ကြပြုံးကြရမှာပါ။ :D

( ဂ )
အခြားနိုင်ငံတွေမှာ အဲဒီစကားဟာ ဘာမျှဆန်းတဲ့စကား မဟုတ်ပါဘူး။ သာမန်ပြောရိုးပြောစဉ် စကားတစ်ခုပါပဲ။ အကိုးအကားတစ်ခုအနေနဲ့ ပြောတယ်ဆိုရင်လည်း ကိုးကားတယ်ဆိုရုံလောက်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာတော့ အဲဒီစကားတစ်ခွန်းဟာ အများကြီးကို အဓိပ္ပါယ်သက်ရောက်ပါတယ်။ ကောင်းတဲ့ဘက်က မဟုတ်ဘဲ သရော်စရာ၊ ခနဲ့စရာ၊ ဟာသလုပ်စရာအဖြစ် နာမည်ကျော်တာကို အနောက်နိုင်ငံသားတွေများသိရင် ဘယ်လိုပြောကြမယ် မသိပါဘူး။ ဟုတ်တယ်လေ... သူတို့ကို အဲဒီစကားရဲ့ မူလအင်္ဂလိပ်ဘာသာအတိုင်း ပြောပြလိုက်၊ သူတို့က အင်း.. ဟုတ်တယ်လေ၊ အဲဒါ ဘယ်သူပြောခဲ့တာပေါ့၊ အဲဒါ ဘာအဓိပ္ပါယ်ပေါ့၊ အဲဒါအမှန်ပေါ့၊ အဲဒီအတိုင်း ဖြစ်ရမှာပေါ့၊ အဲဒီစကားဟာ လူတိုင်းအတွက်လေ၊ အဲဒီစကားဟာ... စသဖြင့် စသဖြင့် ပြောရိုးပြောစဉ်တွေ ပြောကြပါလိမ့်မယ်။ သြော်... ဘာစကားများပါလိမ့်ဆိုပြီး သို့လော၊ သို့လော ဖြစ်နေပြီထင်ပါရဲ့။ ဆောရီးပါဗျာ၊ တောင်းပန်ပါတယ်။ ကျွန်တော်ကိုဉာဏ်က လေနည်းနည်း ရှည်တတ်လေတော့ သည်းခံပေးပါဗျာ။ အခြားမဟုတ်ပါဘူး။ အားလုံးသိတဲ့ "No one is above the Law ဥပဒေအထက်မှာ ဘယ်သူမျှ မရှိဘူးပေါ့" ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ အဲဒီစကားကို ပြောလိုက်ပြီဆိုတာနဲ့ နောက်ဆက်တွဲ ကြားရမယ့်ဟာတွေက အများကြီးပဲ။ ဥပမာတွေ ပြောပြမယ်။ ဥပမာတွေနော်... ကျွန်တော်ကိုဉာဏ် ထွင်ပြီးပြောတာ တစ်ခုမှ မရှိဘူး။ ၁။ ဥပေဒအထက်မှာ ဘယ်သူမှမရှိဘူး၊ အေး... ပြောတဲ့လူတော့ရှိတယ်။ ၂။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး၊ အေး.. ဥပဒေအောက်မှာလည်း ဘယ်သူမှမရှိဘူး။ ၃။ No one is above the law ဆိုတာ ဥပဒေအထက်မှာ နံပါတ် ၁ ရှိတယ်လို့ ပြောတာတဲ့။ ကဲ... တော်ပါပြီဗျာ၊ ဒီလောက်ဆိုရင် ဒီထက်ရေးရင်လည်း ကျွန်တော်ကိုဉာဏ်တစ်ယောက် ခန့်ဖြိုးသီချင်းကို စာသားပြောင်းဆိုနေရမယ်။ ခန့်ဖြိုးကတော့ မျောက်ဖြစ်ချင်တယ်တဲ့။ ကိုဉာဏ်က ဆိတ်ဖြစ်ချင်တယ်လို့ အော်နေရဦးမယ်။ ဥပဒေအထက်မှာ ဘယ်သူမျှ မရှိရဘူးဆိုရင် လုံးဝ မရှိရဘူးပဲ။ ဘာမျှလာပြောမနေနဲ့။ အဲဒါကို ကာတွန်းဆရာ ထေ့ထားပုံလေးက ဘယ်လောက်တောင် သဘောကျဖို့ကောင်းသလဲဆိုတာ ခံစားကြည့်ပါဦး။ :D

(ဃ)
ဆုံးသွားရှာပြီဖြစ်တဲ့ ဆရာအောင်ထွဋ်ကိုတောင် သတိရမိတယ်။ သူမကြာခဏ ပြောနေခဲ့တဲ့ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုတဲ့စကားကို ပြန်ကြားယောင်မိတယ်။ သူ့ခမျာလည်း သေသာသွားရရှာတယ်... မြန်မာပြည်အရေးအတွက် စိတ်ဖြောင့်ခဲ့မှာ မဟုတ်ပါဘူး။ အင်း.. ဒါပေမယ့် အခုတော့ တမလွန်ကနေ မြန်မာပြည်ကို လှမ်းကြည့်ပြီး သူကျေနပ်နေမှာပါ။ သူအမြဲတစေ တိုက်တွန်းခဲ့တဲ့ အရွေ့တစ်ခုရောက်အောင် တက်ညီလက်ညီ တွန်းကြရမယ်ဆိုတာကို အခုလက်ရှိ မြန်မာအင်စတီကျူးရှင်းတွေအားလုံး စိတ်ပါလက်ပါ တွန်းနေကြပုံများ ပျော်စရာတောင် ကောင်းသေးတော့တယ်။ မြန်မာ့အရွေ့အတွက် ကိုယ်နိုင်ရာနိုင်ရာကို တစ်တပ်တစ်အား ကျရာနေရာကနေ တွန်းနေလိုက်ကြပုံကို ကာတွန်းဆရာ မှတ်တမ်းတင်လိုက်ပုံက သဘောကျမိရုံတင်မဟုတ်ဘူး၊ လက်ခုပ်များတောင် တီးပေးလိုက်ချင်သေးရဲ့။ ဘရာဗို... ဘရာဗို...။ ကဲ... ကျွန်တော်တို့တွေလည်း ကျရာနေရာကနေ ၀င်တွန်းလိုက်ကြရအောင်ဗျာ။ ညီစေနော်... စမယ်... ရယ်ဒီ... ၀မ်း... တူး... သရီး..... တွန်းးးးးးးးးးးးးးးးးးး။ :D

( င )
အင်တာနက်က ဆောင်းပါးတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ဆိုပေမယ့် စာပိုဒ်တစ်ပိုဒ်၊ စာပိုဒ်တစ်ပိုဒ်ဆိုပေမယ့် စာကြောင်းတစ်ကြောင်း၊ စာကြောင်းတစ်ကြောင်းဆိုပေမယ့် စကားလုံးတစ်လုံး၊ စကားလုံးတစ်လုံးဆိုပေမယ့် အာ... မသိတော့ဘူးဗျာ။ ကြက်ဥနဲ့ကြက်မ ဘယ်ဟာက အရင်စဖြစ်သလဲ ဆိုတာကိုပဲ ကျွန်တော်ကိုဉာဏ် သုတေသန လုပ်ချင်တော့တယ်။ ဒေါက်တာဆိတ်ဖွားဆိုတဲ့ ဘယ်သူမှန်း မသိတဲ့လူကို (ကျွန်တော်တို့ မသိတာကိုပြောတာပါ၊ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ အားလုံးသိတယ် ပြောကြတာပဲ) လွှတ်တော်မှာ အရေးတယူလုပ်ပြီး ကိုယ်စားလှယ်တွေ မြောက်များစွာပါဝင်တဲ့ နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးရသလဲ ဆိုတာကိုတော့ တွေးလည်းမတွေးချင်ဘူး၊ တွေးလည်းမတွေးတတ်ဘူးဗျာ။ ကျွန်တော်တို့ငယ်ငယ်က ပြောဖူးတဲ့ ဟာသစကားတစ်ခွန်းရှိတယ်။ သိပ်ပြီးတော့ သတ္တိပြတတ်တဲ့၊ ဆောင့်ကြွားကြွားနိုင်တဲ့ သူငယ်ချင်းတွေဆိုရင် ပြောတတ်ကြတဲ့ စကားတစ်ခွန်းပေါ့။ ပြန်ပြီးတော့ ဖောက်သည်ချပါရစေ။ ဒီလိုပါ... ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်၊ မြွေပွေးကစ်ဆင်ရိုက်မယ်၊ ခြင်္သေ့ကိုခေါင်းပုတ်မယ်၊ ကျားကိုအမြီးဆွဲမယ်၊ နဂါးကို သွားကြားထိုးမယ်၊ ၀က်ဝံကို လက်ဆွဲနှုတ်ဆက်မယ်ဆိုပြီး ဟိုတစ်နေ့က လူပေါ်ကို အိမ်မြောင်ပြုတ်ကျလို့ အကြောက်လွန်ပြီး မေ့လဲသွားတာ မနည်းနှာနှပ်ယူရတယ် ဆိုတာမျိုးပါ။ အခုလည်း ကျွန်တော်တို့ လွှတ်တော်ကြီးက တိုင်းသိပြည်သိ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၊ တိုင်းသိပြည်သိ ဟိုလူ့မေး၊ ဒီလူ့မေးလုပ်၊ တိုင်းသိပြည်သိ ဘယ်သူဘယ်ဝါဆိုတာ သိပါပြီပြော၊ တိုင်းသိပြည်သိ ဘယ်လိုအရေးယူလို့ ရပါတယ်လို့ လေသံတွေပစ်၊ တိုင်းသိပြည်သိ ဘယ်နေ့အစည်းအဝေးမှာ ထုတ်ဖော်ကြေညာပါမယ်လို့ ပြောလိုပြော၊ ဟော... တကယ်တမ်းလည်းကျရော အားလုံးသိတဲ့အတိုင်းပဲ။ နဂိုကတည်းက မလိုအပ်တာကို ရှဥ့်အ၀ှာ အနာလုပ်ခဲ့တာဆိုတော့ ဒီလိုပဲ အဆုံးသတ်လိုက်တာ သဘာဝတော့ ကျပါတယ်လေ။ ဒေါက်တာဆိတ်ဖွားနဲ့ ပတ်သက်ပြီး အောက်ကကာတွန်းလေးက တွေးစရာ ကောင်းသမို့ ပြန်လည်ဝေမျှလိုက်ပါတယ်။ မိတ်ဆွေတို့လည်း သဘောကျမယ်ထင်ပါရဲ့။ တိုးတိုးတော့ ရယ်ကြပါဗျာ။ ပြီးတော့ လျှောက်ပြီးတော့လည်း မဖွကြပါနဲ့။ ကျွန်တော်က ကြောက်တတ်လို့ပါ။ မထူးပါဘူးဗျာ... တစ်ခါတည်းပဲ တောင်းပန်ထားလိုက်မယ်။ အပေါ်တွင် ရေးသားခဲ့သည်များ၌ မြန်မာနိုင်ငံ၏ အာဏာအရှိဆုံး လွှတ်တော်ကြီးနှင့် ပြည်သူ့ရင်းနှစ်သည်းခြာ ကိုယ်စားလှယ်ကြီးများအပေါ် ထိပါးစော်ကားသည့် အသုံးအနှုန်းများ ပါဝင်နေခဲ့သည်ဆိုပါက အပြစ်တော်မမြင်ဘဲ နားလည်ပေးစေချင်ကြောင်း တောင်းပန်လိုက်ပါသည်။ :D

( စ )
အက်(ဒ်)၀ပ်စနိုဒန်ဆိုတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ၀ီစီမှုတ်ချက်ဟာ ဘယ်လောက်ပြင်းထန်ပြီး ဘယ်လောက် တာသွားခဲ့သလဲဆိုတာ အားလုံးအသိမို့ အထူးအထွေ ရှာမရှည်တော့ပါဘူး။ တစ်နေ့က တင်တဲ့ နိုင်ငံတကာသတင်းပို့စ်မှာလည်း သူ့အကြောင်း အတော်များများ ရေးထားပြီးပြီမို့ ထပ်ပြီးတော့ မပြောတော့ပါဘူး။ ကာတွန်းလေးကို သဘောကျလို့ ပြန်ဝေမျှလိုက်တာပါ။ ၀ီစီမှုတ်လို့ ထွက်လာတဲ့ အသံလှိုင်းတွေကို မြင်ရဲ့မဟုတ်လား။ သဘောပေါက်... သဘောပေါက်...။ :D
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၊ တနင်္လာနေ့။
နံနက် ၂ နာရီ ၁၉ မိနစ်တွင်ပြီး၏။

Wednesday, July 10, 2013

ဆူပူလှုပ်ရှား နိုဗယ်ဆုရှင်များ၊ ဘစီ


အသရေဖျက်မှုနဲ့ တရားမစွဲဖို့ ကြိုတင်တောင်းပန်ပါရစေ။ မြင်မိတာပြောခြင်းဟာ အပြစ်မဖြစ်တန်ရာဘူး ထင်လို့ပါ။ အထင်လွဲ၊ အမြင်လွဲ၊ အချစ်မွဲကြတဲ့ ကနေ့သံသရာခရီးသွားတွေကြားမှာ အမုန်းတရား ပွားနေကြတာမို့ ကြို၍ တောင်းပန်ထားခြင်းပါခင်ဗျ။

အထင်လွဲစရာဖြစ်တယ်ဆိုရင်လည်း သည်းခံပါ။ ဘ၀င်ဟပ်ပြီး ကျေနပ်ဖွယ်ဖြစ်ရင်လည်း ပုဆိုးခြုံထဲမှာ လက်ခုပ်ကလေးကို အသံမထွက်အောင်တီး၍ ဘစီကိုဂုဏ်ပြုပါ။ နို့မဟုတ်ရင်လည်း တိတ်တိတ်နေပြီး စိတ်ကျေနပ်အောင်သာဆဲပါ။ တစ်ဆိတ် ဖေ့စ်ဘွတ်ခ်မှာ မဖွကြပါနဲ့ ခင်ဗျာ။

အင်း... ကမ္ဘာကြီးကလည်း တလှုပ်လှုပ်ရယ်။ ဟိုတိုင်းပြည်မယ် ဆန္ဒတွေပြလို့ မငြိမ်မသက် ဖြစ်လာဖြစ်ရဲ့။ ဒီတိုင်းပြည်မယ် ကားဗုံးခွဲလို့ လူဘယ်နှယောက် သေသတဲ့။ နောက်တစ်ခါ ဘယ်နိုင်ငံက လွှတ်တော်ထဲမယ် ရန်ဖြစ်ကြလို့ဆိုလား။ ငြိမ်းချမ်းခြင်းဟာ ဘယ်နေရာမှ မရှိပါကလားလို့ သံဝေဂပွားပြီးနေမှ တော်မယ့်အဖြစ်။

ငြိမ်းချမ်းရေးဟာ ဒီကမ္ဘာမှာ အမြဲလိုအပ်နေပါတယ်။ တည်ငြိမ်မှုကင်းမဲ့တဲ့ တိုင်းပြည်အချို့ရဲ့ အပူမီးဟာ အခြားသော ကမ္ဘာ့တိုင်းပြည်များကိုလည်း ကူးစက်နိုင်ပါတယ်။ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားဟာ ပေါင်ကျိုးနိုင်တယ်ဆိုတာ ရှေးလူကြီးတွေ နှစ်ရာနဲ့ချီပြီးပြောတဲ့ စကားပါ။ ဒါကို အနောက်တိုင်းက ဋီကာချဲ့တဲ့အခါ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်ခြင်းဆိုလား၊ ဘိုလိုပြောရင် ဂလိုဘယ်လိုက်ဇေးရှင်းလို ဖြစ်စဉ်ဆိုသဟာပေါ့။

ဆိုလိုရင်းကတော့ အိမ်နီးချင်းတိုင်းပြည်မှာ စစ်ဖြစ်နေတာဟာ ကျုပ်တို့နဲ့ အဝေးကြီးပါလို့ တွေးနေလို့ ခေတ်မမီတော့တဲ့အချိန် ဖြစ်သဗျာ။ အိမ်ရှေ့ပူဟာ အိမ်နောက်မှာလည်း မချမ်းသာနိုင်ပါဘူး။ ကမ္ဘာရဲ့ ဘယ်နေရာမှာ ငြိမ်းချမ်းရေးမရှိဘူးဆိုရင် ကျုပ်တို့မှာလည်း ငြိမ်းချမ်းခြင်း မရှိနိုင်ပါဘူး။

ကျုပ်တို့ရဲ့ ရွှေပြည်ကြီးမှာလည်း ရန်ဖြစ်တဲ့နေရာမယ် ကမ္ဘာနဲ့ ရင်ပေါင်တန်းနေတယ် ပြောရမလားပဲ။ တိုင်းတုန်ပြည်တုန် ဟိုးလေးတကျော် ပဋိပက္ခကြီးတွေ ဖြစ်နေတဲ့ ကနေ့အချိန်မှာ ကျုပ်တို့ဟာ ငြိမ်းချမ်းရေးကို ပိုပြီး တောင့်တနေမိပါတယ်။ ငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေမယ့် စိတ်ကူးတွေကိုလည်း တွေးမိပါတယ်။ ငြိမ်းချမ်းရေးဟာ အရေးကြီးတဲ့အကြောင်း မငြိမ်းချမ်းတဲ့အခါ ပိုသိလာတဲ့ စကားရှိမို့လား။

ကျုပ်လည်း ပဋိပက္ခတွေနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရမှ ငြိမ်းချမ်းရေးကို သဘောပေါက်လာလို့လား မသိဘူး။ ကမ္ဘာကိုလည်း လှမ်းကြည့်တယ်။ ကျုပ်တို့ထက်တောင် ဆိုးသေးတယ်။ တချို့နေရာတွေမှာ သတ်ဖြတ်နေလိုက်ကြတာ။ မငြိမ်မသက် ဖြစ်နေလိုက်ကြတာ။ ငြိမ်းချမ်းခြင်းမရှိ ဖြစ်နေလိုက်ကြတာ။

လူဆိုတာ ကူကယ်ရာမဲ့နေချိန်မှာ အားကိုးရာရှာစမြဲပါပဲ။ ဒီကမ္ဘာမယ် ငြိမ်းချမ်းသာယာရေးအတွက် ဆောင်ကြဉ်းပေးနိုင်မယ့် လူပုဂ္ဂိုလ်တွေကို တောင့်တမြဲမို့လား။ ဒါနဲ့ ကျုပ်လည်း ရေနစ်သူဟာ အားကိုးရာအဖြစ် ကောက်ရိုးတစ်မျှင်ကိုဖြစ်စေ ဖမ်းဆုပ်ရသေးတာဆိုတော့ တွေးမိတွေးရာ တွေးမိပါသဗျ။ တခြား ဟုတ်ပါရိုးလားဗျာတို့။ ဒိုင်းနမိုက်နဲ့ ကြွယ်ဝချမ်းသာသွားတဲ့ အဲဖရက်နိုဗယ်ဟာ သူသေခါနီးမှာ အမြင်မှန်တစ်ခု ရခဲ့သဗျ။ အဲဒါကတော့ လူသတ်လက်နက် ထုတ်လုပ်မှုကရရှိတဲ့ ပိုင်ဆိုင်မှုတွေကို အရင်းအနှီးပြုပြီး ကမ္ဘာအတွက် ကောင်းရာကောင်းကြောင်း သယ်ပိုးထမ်းဆောင်ကြတဲ့သူတွေကို ထိုက်တန်တဲ့ဆုများ ချီးမြှင့်ဖို့ အမိန့်ရှိသွားတယ်။

ဒါနဲ့ နိုဗယ်ဆု ရွေးချယ်ရေးကော်မတီက ကမ္ဘာတစ်ဝန်းက ထိုက်တန်သူတွေကို ရွေးချယ်ပြီး နှစ်စဉ် နိုဗယ်ဆုတွေ ချီးမြှင့်တယ်။ စာပေ၊ ဆေးသိပ္ပံနဲ့ အခြားသောဆုများအပြင် အရေးကြီးဆုံးနဲ့ လူသိအများဆုံးကတော့ ငြိမ်းချမ်းရေးနိုဗယ်ဆု ဖြစ်ပါတယ်။ ဂုဏ်ယူလောက်တဲ့ ဒီဆုကို လက်ဝယ်ပိုင်ပိုင် ရရှိတဲ့သူတွေဟာ ကမ္ဘာမယ် မနည်းတော့ပါဘူး။ ဂုဏ်ယူဖွယ် အဖြစ်ကတော့ ကျုပ်တို့တိုင်းပြည်က ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဖြစ်လို့ပါပဲ။

ဘာပဲဖြစ်ဖြစ် ဒေါသကြီးသူတွေ ပတ်လည်ဝိုင်းနေတဲ့ ကျုပ်တို့ လူ့အသိုင်းအ၀ိုင်းမှာ ငြိမ်းချမ်းရေး လိုလားသူတွေ ရှိနေတာဟာ အားတက်စရာပါပဲ။ အဖျက်အင်အားစုက ဘယ်လောက်ပဲ အားကောင်းမောင်းသန် ရှိနေပါစေ။ ငြိမ်းချမ်းရေးနှလုံးသားကို ရိုက်မချိုနိုင်ဘူးလို့ အားတက်ချင်စရာပါပဲ။

အချိန်တွေ ကြာလာတာနဲ့အမျှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အရေအတွက် ကမ္ဘာမှာ များလာပါတယ်။ ငြိမ်းချမ်းရေးသမားတွေ များလာတာလည်း အမှန်ပဲ။ ငြိမ်းချမ်းရေးသမားထက် အရေအတွက်များတာကတော့ အကြမ်းဖက်၊ အစွန်းရောက်၊ စစ်သွေးကြွနဲ့ အမျိုးသားရေးစိတ် ပြင်းထန်သူတွေပဲလေဗျာ။

ဒီနေရာမှာ ကျုပ်တွေးနေမိတာ တစ်ခုရှိသဗျ။ ပြီးတော့ နည်းနည်း ဘ၀င်မကျ ဖြစ်မိတာလေးပေါ့ခင်ဗျာ။ အနှီလို တလှုပ်လှုပ် ဖြစ်နေတဲ့ လက်ရှိကမ္ဘာအနေအထားမှာ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ငြိမ်းချမ်းရေးစကားကို မကြားရတာကတော့ အတော်ထူးတယ်။ ကမ္ဘာတစ်ဝန်းမှာ ပုံသဏ္ဌာန်မျိုးစုံနဲ့ ဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေဟာ ဘယ်လုပ်နေကြသလဲ။

သိကြတဲ့အတိုင်း ဟိုတလောလေးတုန်းက မြောက်ကိုရီးယားက တောင်ကိုရီးယားကို စိန်ခေါ်လိုက်တယ်။ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်၊ နျူကလီးယားလက်နက်နဲ့ ပစ်မယ်လုပ်လို့ တစ်ကမ္ဘာလုံး တုန်လှုပ်သွားသေးတယ်။ အနှီလို တင်းမာနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေက ကြားဝင်ဖျန်ဖြေတာ၊ ငြိမ်းချမ်းရေးအတွက် နှိုးဆော်တာလုပ်တယ်လို့ ကျုပ်ဖြင့် မတွေ့မိဘူး။ အမှတ် မမှားရင်ပေါ့လေ။ အခု ဆီးရီးယားအရေးမှာလည်း အဲသလိုပဲ။

ကျုပ်တို့ဆီမှာလည်း အလားတူပဲဗျာ။ ပဋိပက္ခတွေဖြစ်နေလိုက်တာ။ နောက်တစ်ခါ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး ပြောဆိုနေကြလို့ အဆင်မသင့်ရင် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာဖွယ်ရှိတဲ့ အနေအထားမှာ ငြိမ်းချမ်းရေးသမားတွေဟာ ဘာမှ ၀င်ရောက်ပြောဆိုခြင်း၊ ထင်မြင်ချက်ပေးခြင်း၊ ဝေဖန်ပြောဆိုခြင်း မပြုကြတာဟာ ထူးဆန်းမနေဘူးလား။

အနှီလိုဆိုရင် အခုတစ်လော ပြောပြောနေတဲ့ တိတ်ဆိတ်နေသူတွေ စာရင်းမှာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တွေကိုလည်း ထပ်ဖြည့်ရလိမ့်မယ် ထင်သဗျ။ အဲဖရက်နိုဗယ်ကတော့ ငြိမ်းချမ်းရေးဆု ပေးမယ်ဆိုတဲ့အခါ ကမ္ဘာမယ် စစ်မက်နဲ့ ငြိမ်းချမ်းရေးကို ဟန့်တားမယ့်သူ၊ ကာကွယ်နိုင်မယ့် သူတွေနဲ့ ကာကွယ်ပေးတဲ့သူတွေကို ရည်စူးခဲ့တာမို့လား။

ဒါပေမယ့် ပြောင်းပြန်တွေးကြည့်ရင် ဒီလိုလည်း ဖြစ်နိုင်သေးတယ်ဆိုတဲ့ အဖြေတစ်ခုရတယ်။ အဲဒါက အခုနောက်ပိုင်း နိုဗယ်ငြိမ်းချမ်းရေးဆုတွေပေးတာဟာ ဦးတည်ချက် နည်းနည်းပြောင်းသွားတာ သတိထားမိတယ်ဗျ။ ငြိမ်းချမ်းရေးလိုလားသူ၊ တိုက်တွန်းသူများထက် ငြိမ်းချမ်းရေးကို ဖျက်ဆီးဖွယ် ရှိတဲ့သူတွေကိုချိန်ပြီး ပေးနေတာမျိုး တွေ့လာရလို့ပါ။ ရွှေပြားသူခိုးကို ဘုရားလူကြီး ခန့်လိုက်သလိုပေါ့ဗျာ။ လူကြီးဖြစ်သွားတော့ သူခိုးပေမယ့် လူရိုသေအောင် နေရတဲ့အခြေအနေ ဖြစ်လာအောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာမျိုး ဖြစ်နိုင်သဗျ။ ဒါကြောင့် အိုဘားမားဟာ သူ့ရဲ့ သမ္မတရာထူး လက်ခံပြီးစ ကမ္ဘာကို ဘာမှ လုပ်မပြရသေးခင်မှာတင် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ပေးလိုက်တာပေါ့။ သူက စူပါပါဝါ အဏုမြူလက်နက် နိုင်ငံတော်ရဲ့ ရေမြေ့သခင်ဆိုတော့ သူ့ကို ဘုရားလူကြီး ခန့်လိုက်တဲ့သဘော ဖြစ်နိုင်တယ်ဗျ။

အာရပ်နဲ့အစ္စရေး နောင်ဂျန်ချနေချိန်မှာ အာရပ်ခေါင်းဆောင် အာရာဖတ်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့နှစ်ဦးဟာ ငြိမ်းချမ်းရေးနိုဗယ်ဆု ပူးတွဲရဖူးတယ်။ ကမ္ဘာကို အိပ်ရေးပျက်အောင် ဆူပူနေတဲ့သူတွေကို ဆုပေးလိုက်တဲ့သဘော မဖြစ်နိုင်ဘူးလား။ ဒါနဲ့ဆက်စပ်ပြီး ကျုပ်စဉ်းစားကြည့်တယ်။ မြောက်ကိုရီးယားက ခေါင်းဆောင်လေး ကင်ဂျုံအန်ကိုများ ငြိမ်းချမ်းရေးနိုဗယ်ဆု ပေးလိုက်ရင် ဘယ်နှယ့်နေမလဲ။

ပြီးတော့ ဘင်လာဒင်နဲ့ သူ့ရဲ့ အယ်လ်ကိုင်ဒါအဖွဲ့ကို ငြိမ်းချမ်းရေးနိုဗယ်ဆုများ အစကတည်းက ပေးထားလိုက်မယ်ဆိုရင် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးဟာ တစ်မျိုးတစ်မည်အားဖြင့် တိုးတက်ကောင်း တိုးတက်လာနိုင်တယ်။ ဒီကနေ့ ဟန်ရေးတပြပြနဲ့ ဆူပူလှုပ်ရှား အကြမ်းဖက်သမား အတော်များများကိုလည်း နိုဗယ်ဆုပေးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းခိုင်းလိုက်ရင် ဘယ်နှယ့်နေတုံး။

မဟုတ်ဘူးလားဗျာ။ ကနေ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေ ရှိနေတော့ကော ငြိမ်းချမ်းရေးစကား ကြားရလို့လား။ မကြားရတာထက်စာရင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ဒေသတွင်း တည်ငြိမ်မှုတွေကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့လူတွေ၊ အဖွဲ့အစည်းတွေကို ပေးလိုက်ပြီး ချွေးသိပ်လိုက်ရင် မကောင်းဘူးလား။

ဒီကိစ္စမှာ အငြင်းပွားစရာ တစ်ခုတော့ရှိတယ်။ တော်ကြာ ငြိမ်းချမ်းရေးနိုဗယ်ဆုလိုချင်လို့ တမင်တကာကို ဆူပူလှုပ်ရှားတဲ့ အဖျက်သမားတွေရဲ့ အင်အားဟာ တိုးပွားလာမယ်။ အနှီလိုများဆို ခက်ရချည်ရဲ့လို့ ပူပင်ကြောင့်ကြသူများ ရှိလာနိုင်ပါရဲ့။ ဒါလည်း မပူပါနဲ့။ ဘယ်အရာမဆို ဘေးထွက်ဆိုးကျိုးကတော့ အနည်းနဲ့အများ ရှိကြတာချည်းပါပဲ။

တကယ်လို့ အဲဒီလို လိုချင်သူတွေ များမယ်ဆိုရင်လည်း ဆူပူလှုပ်ရှား အကြမ်းဖက်သမားများအတွက် နိုဗယ်ဆုတစ်ခု ဖန်တီးပြီး ထပ်တိုးချီးမြှင့်ဖို့ နိုဗယ်ဆုကော်မတီကို ကျုပ်တို့ မေတ္တာရပ်ခံလိုက်တာပေါ့လေ။ ငြိမ်းချမ်းရေးနိုဗယ်ဆုနဲ့အပြိုင် ဆူပူလှုပ်ရှားနိုဗယ်ဆု ဆိုသဟာမျိုးပေါ့။ အဲဒီလို ဆူပူလှုပ်ရှားနိုဗယ်ဆု ကိုများ ရွေးချယ်ပေးအပ်မယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်တွေက ဘယ်သူတွေများ ရရှိမလဲဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်မှာ။

ကျုပ်ဖြင့် မြင်ယောင်ပါသေးတယ်။ သေချာတာက အဲဒီအချိန်ကျ ကျုပ်တို့တိုင်းပြည်မှာလည်း နိုဗယ်ဆုရှင်တွေ အတော်များများ ပေါ်ထွက်လာမယ် ဆိုတာပါပဲ။ ကျုပ်တို့အဖို့ ဂုဏ်ယူစရာကြီးနေမှာပေါ့။

ကျုပ်ရဲ့ ဒီလို သရော်တော်တော် ရေးတာကိုဖတ်ပြီး နိုဗယ်ဆုရွေးချယ်ရေးကော်မတီက စိတ်ဆိုးမာန်ဆိုးနဲ့ ကန့်ကွက်လာမယ်ဆိုရင် ဘယ်နှယ့်လုပ်ရမလဲ။ ဒီဆောင်းပါးကို ထည့်သွင်းဖော်ပြတဲ့ သတင်းစာတိုက်ရှေ့မှာ ဆန္ဒပြကြမလားမသိဘူး။

(ဤစာစုသည် သရော်စာဖြစ်ပြီး စာရေးသူဘစီ၏ အာဘော်အတိုင်းသာ ဖြစ်ပါသည်)

-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-

ကျွန်တော်ကိုဉာဏ် ပြောချင်တာ
ပထမဆုံးပြောချင်တာက ဒီဆောင်းပါးဟာ (သတင်းစာကပြောသလိုဆိုရင် ဒီသရော်စာဟာ) [7Day Daily သတင်းစာ အမှတ် ၇၃၊ ဇူလိုင် ၆၊ ၂၀၁၃၊ စာမျက်နှာ ၂၀] မှာပါတဲ့ဟာကို ပြန်လည်စာရိုက်ပြီး ကူးယူဖော်ပြတယ်ဆိုတာပါပဲ။

ဒုတိယအချက် အဲဒီသတင်းစာထဲမှာပါတဲ့ အခြားဆောင်းပါးတွေအားလုံး 7Day News ရဲ့ Facebook စာမျက်နှာဟာ အကုန်တင်ပေးထားပါတယ်။ ဒီစာကိုတော့ တင်ပေးခြင်းမရှိပါဘူး။ အစတုန်းက ဒီစာလေးကို သဘောကျပြီး 7Day News ရဲ့ Facebook ကနေ ပြန်ကူးပြီး တင်ပေးမယ်ပေါ့လေ။ အခုတော့ ကိုယ်တိုင်ပဲ အစအဆုံးရိုက်ပြီး မိတ်ဆွေတွေဖတ်ဖြစ်အောင် တင်ပေးလိုက်ပါတယ်။

အွန်လိုင်းမှာ ဒီစာကို မတင်ရခြင်းရည်ရွယ်ချက်ဟာ ဘာများလဲ။ 7Day News က မတင်ပေးရဲလို့လား။ စာရေးသူ ဘစီက မတင်ခိုင်းလို့လား။ ဒါမှမဟုတ် ဖြစ်လာမယ့် ဝေဖန်မှုတွေကို မခံရဲလို့လား၊ မခံနိုင်လို့လား။ ကျုပ်တို့နိုင်ငံမှာ ဘယ်သူ့ကိုတော့ မထိရဲဘူး၊ မဝေဖန်ရဲဘူးဆိုရင်တော့ အလကားနေရင်း ဂျာနယ်တွေ၊ စာစောင်တွေထဲမှာ ဒီမိုကရေစီ၊ ဒီမိုကရေစီဆိုပြီး လျှောက်ရေးမနေနဲ့တော့။ ခေတ်သစ်အာဏာရှင်စနစ် ဆိုတာကို မြဲမြဲသာမှတ်ထား။ သရော်စာရေးပါတယ်ဆိုမှပဲ ဘယ်သူ့ကိုပဲ သရော်သရော်ပေါ့၊ ဘာကိစ္စ 7Day က အလကားနေရင်း ကြားထဲကနေ စိတ်ပူနေရတာလဲ။ စာအဆုံးမှာ ကွင်းစကွင်းပိတ်နဲ့ မှတ်ချက်ရေးတာကိုလည်း လုံးဝ သဘောမကျဘူး။ ရေးသမျှစာတိုင်းဟာ စာရေးသူရဲ့ အာဘော်ဆိုတာ သိပြီးသားပဲ။ အချို့သော အယ်ဒီတာတွေအလိုကျ၊ သူဌေးအလိုကျ ရေးပေးရတဲ့ လူတွေကလွဲရင်ပေါ့လေ။

7Day News ကတော့ သူတို့အတွက် သူတို့ကာတယ်လို့ထင်မှာပဲ။ ကျွန်တော့်အမြင်ကတော့ စာရေးသူကို အချွန်နဲ့မလိုက်တယ်လို့ ခံစားရတယ်။ ဘုန်းတော်ဘွဲ့တွေချည်းပဲ ဖတ်ရတာကို သဘောမကျဘူး၊ အားလုံးကောင်းပါသည်ခင်ဗျား ဆိုတာတွေကိုလည်း လက်မခံဘူး စသဖြင့် တွင်တွင်အော်နေတဲ့ ခေတ်ကြီးထဲမှာ နိုဗယ်ဆုရှင်တွေကို သရော်တဲ့သဘောလေး ရေးတာလောက်ကိုများ ဘုရားရဟန္တာကို ပြစ်မှားတဲ့ပုံစံမျိုး ကြောက်လန့်နေတယ်ဆိုရင်တော့ သေချာတယ်... ခေတ်နောက်ပြန် ဆွဲနေတာ အစိုးရမဟုတ်ဘူး၊ ဦးသိန်းစိန်မဟုတ်ဘူး၊ ခင်ဗျားတို့ ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။

Tuesday, June 11, 2013

အရှက်ကိုလုံစေရန် အလို့ငှာ


(တစ်)
လူသားတို့ အဘယ်ကြောင့် အ၀တ်အစား ၀တ်ပါလိမ့်။ ဟုတ်ကဲ့ အကြောင်းတရား နှစ်ရပ်အပေါ်၌ အခြေတည်ကာ အ၀တ်အစား ၀တ်ကြပါ၏ဟု အကျွန်ုပ် ဂျက်ကွမ်းခြံကုန်း အဖြေထုတ်လိုပါရဲ့ သပ္ပူရိသအနွယ်ဝင် သူတော်စင် စာရှုသူငဲ့လေ။

မဆွက အကျွန်ုပ်တို့သည် မိမွေးတိုင်း ဖမွေးတိုင်း အနေအထားဖြင့် လောကကို အံတုတုံ့ပြန်ခဲ့ကြသည်ကို တရားအရှိ အများအသိပင် ဖြစ်ကြပါသည် တမုံ့။ ကျောက်ခေတ်လူသားတို့မှာ အဘယ်ဘဇာသော အ၀တ်အထည် ရှိပါလိမ့်မတုန်း အရပ်ကတို့ငဲ့လေ။ သို့ပါ၍ လူမှာအ၀တ် တောင်းမှာအကွပ်ဆိုသော စကားပုံလည်း ကျောက်ခေတ်၌ ဘယ်မှာ ပေါ်ပေါက်ပါလိမ့်မတုန်း အဆွေစာရှုသူ။

အသို့နှင့် နောင်သော် သစ်ရွက်သစ်ခက်ကလေးများဖြင့် မိမိကိုယ်မိမိ ဖုံးကွယ်ကြရပါ၏။ အနို့နောက် ကျွဲသားရေ၊ နွားသားရေ၊ ကျားသားရေ၊ ဆိတ်သားရေများကို ခုတ်ကာထစ်ကာ ဖြတ်တောက်ကာဖြင့် ကိုယ့်ဥစ္စာကိုယ် ၀ှက်သိုလာကြရပြန်ပါ၏။ နောင်တွင်ကား ၀ါဂွမ်းကို ရက်လုပ်ခြင်းအတတ်ကို တတ်မြောက်လာပြီးသည်၏ သကာလ၌၀ယ်မူ အင်္ကျီလုံချည်၊ ဘောင်းဘီပုဆိုး၊ ထဘီအမျိုးမျိုးတို့ကို ရက်လုပ်ပြီးသည့်သကာလ ၀တ်စားလာကြသည်မှာ ယနေ့ထိတိုင်အောင်ပင်။

မှန်၏။ ကျွန်ုပ်၏စကားကို ပြန်ကောက်ရချေရသော် အ၀တ်အစားဝတ်ခြင်း၌ အကြောင်းနှစ်ရပ်တို့ ပေါင်းစပ်ပါဝင်နေ၏။ ပထမ အကြောင်းရပ်မှာကား အရှက်ကို ဖုံးကွယ်လိုခြင်း ဖြစ်ချေ၏။ အနို့နောက် ဒုတိယ အကြောင်းရပ်မှာကား ရာသီဥတု ပူမှုအေးမှု အစုစုကို အံတုလိုခြင်းပင် ဖြစ်ဘိတော့ချေသည် မဟုတ်တုံသလော။

(နှစ်)
ကျွန်ုပ် အထက်တွင် တင်ပြဘိသကဲ့သို့ အ၀တ်အစားဝတ်ခြင်း၌ အရှက်ကို ကာကွယ်ရန်၊ ရာသီဥတုကို အံတုရန် စသည့် အကြောင်းနှစ်ရပ်တို့ ပေါင်းစပ်ပါဝင်နေချေလင့်ကစား ယခုတစ်မူ တစ်မျိုးဖြစ်ရပြန်ချေပြီတမုံ။

စကတ်တွေကို ဖြဲကြပါ၏။ ထဘီတွေကို ခွဲကြပါ၏။ ဘောင်းဘီကလေးတွေ တကယ့်မှ တိုနန့်နန့်ကလေးတွေ။ အင်္ကျီနှင့် ဘောင်းဘီကြား၌ ဗိုက်သားကြီးတွေ ၀င်းမွတ်နေပုံမှာ တုလွတ်ကင်းသည့် ဘောလုံးကွင်းကြီးများ ပမာနှယ်တကား။

အချို့မိန်းကလေးတို့ကား စွပ်ကျယ်ချိုင်းပြတ်ကလေးတွေနှင့်။ အချို့ကမူ ထဘီရင်ရှားထားသည့်နှယ် ကြိုးပျောက်ဆိုလား ဘာဆိုလား ကျောသား ရင်သား မခွဲခြားသည့် ဒီဇိုင်းတွေနှင့်။ အကုန်လုံး ပေါ်တော့မတတ် ကွင်းခနဲ၊ ရှင်းခနဲ ၀တ်ဆင်ကြသည့် ယနေ့ကမ္ဘာဝယ် အရှက်ကိုလည်း ဖုံးကွယ်ရန် စိတ်ကူးရှိကပုံ မရကြရှာတော့။ ပူမှုအေးမှု ရာသီနှင့်ဥတုကိုလည်း ဂရုမထားကြရှာတော့။ ဘယ့်နှာကြောင့် အ၀တ် ၀တ်ဆင်နေကြသေးသနည်း။

သို့စဉ်အခိုက် နိုင်ငံတကာသတင်းတစ်ပုဒ်က ကျွန်ုပ် ဂျက်ကွမ်းခြံကုန်း၏ စာဖတ်စားပွဲခုံပေါ်သို့ လာဆိုက်၏။

(သုံး)
မှုတ်ဆေးအင်္ကျီဟူသတည်း။
မှန်ချေ၏။ မှုတ်ဆေးအင်္ကျီ ကိုယ်လုံးအလှ ကွက်တိကြွရွနေစေရန်အလို့ငှာ မှုတ်ဆေးအင်္ကျီ ထွင်လိုက်ပြန်ပြီတဲ့။ အင်ပီးရီးယဲကောလိပ်က ဒေါက်တာ မာနယ်တောရက်စ်ဆိုသူက ၁၀ နှစ်တိုင်တိုင် အချိန်ယူပြီးသည်ရှိသော် ၎င်းမှုတ်ဆေးအင်္ကျီကို တီထွင်လိုက်သည်ဟူသတတ်။

အကြင်လူပုဂ္ဂိုလ်တစ်ဦးသည် မှုတ်ဆေးအင်္ကျီဝတ်လိုသော် ရှေးဦးစွာ ကိုယ်တုံးလုံးချွတ်။ ၎င်းနောက် မှုတ်ဆေးဗူးဖြင့် ခန္ဓာကိုယ် အထက်ပိုင်းကို လိုက်ဖျန်း။ ဖိုင်ဘာအရည်များ ထွက်လာပြီးနောက် ကိုယ်ခန္ဓာ စွတ်စို၍ သွားသည်ရှိသော် ခေတ္တခဏ စောင့်ဆိုင်း။ အတန်ငယ်အကြာ၌ ဖိုင်ဘာအရည်များ ခြောက်သည်နှင့် အင်္ကျီဖြစ်သွားချေပြီ။ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကား ပလတ်စတစ် လောင်းထားသည့်နှယ် အတိအကျ အမိအရပါပေ။ တစ်ခါဖျန်းသော် ၁၀ ဒေါ်လာ ကျသင့်လေသတဲ့။ ရေခဲတုံးများ ကပ်ထားသည့်သဖွယ် အေးမြ၍နေလေသတဲ့။

နောင်သော် မှုတ်ဆေးဘောင်းဘီပါ ထွက်ပေါ်၍ လာတော့ချေမည်။ အောက်ပိုင်းကို မှုတ်ဆေးနှင့် လိုက်ဖျန်းရမည့်ကိစ္စ။

အနို့သော် အရှက်လုံဖို့ကိစ္စ။
မှုတ်ဆေးဖျန်းနေစဉ် ကာလမှာတော့ ရှက်တော်မမူနဲ့လေပေါ့။ အပေါ်လည်းဖျန်း၊ အောက်လည်းဖျန်း ဖိုင်ဘာအရည်နဲ့ ပန်းပေးမယ့်ဥစ္စာ။ တစ်ခါဖျန်းလျှင် ၁၀ ဒေါ်လာဆိုတော့ ခဏခဏတော့ ဖျန်း၍ မဖြစ်ချေလေဘူးပေါ့။

ကဲ.... ခေတ်မီနည်းစနစ်နှင့် အရှက်ကို ကာကွယ်ရန်အလို့ငှာ ပထမဦးစွာ တစ်ကိုယ်လုံး ချွတ်ချလိုက်ကြပါစို့ရဲ့။
[ကူးတို့ဆိပ်က မှို့အိတ်၊ ဂျက်ကွမ်းခြံကုန်း မှ ပြန်လည်ကူးယူဖော်ပြပါသည်။]

Wednesday, May 15, 2013

Fight ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးဖွ ရောဂါရခြင်း



Fight ဂျာနယ်အယ်ဒီတာကြီး ဦးဖွသည် ချောင်းဆိုးသဖြင့် ဓာတ်မှန်ရိုက်ရာမှ အဆုတ်တွင် အလုံးသေးသေးလေး တစ်လုံး တွေ့သဖြင့် ကင်ဆာအထူးကု ဆရာဝန်တစ်ဦး၏ ဆေးခန်းသို့ ရောက်လာလေသည်။

“လာဗျာ… ဦးဖွထိုင်ပါ။ လူကိုတော့ မမြင်ဖူးသေးဘူး။ နာမည်ကတော့ ကြားဖူးနေတာကြာပါပြီ” ဟု ကင်ဆာဆရာဝန်က ကြိုဆိုလေ၏။ ရောဂါရာဇ၀င်ကို မေးမြန်း၍ ဓာတ်မှန်နှင့် လိုအပ်သည်များကို ကြည့်ရှူစစ်ဆေးပြီးသည့်အခါ ဆရာဝန်က ဦးဖွကို ပြောလေသည်။

“ကဲ..ဦးဖွ။ ရင်ဘတ်ထဲက အကျိတ်လေးကိုတော့ ကင်ဆာလို့ထင်တယ်။ ကင်ဆာလို့ ကျွန်တော်မပြောသေးဘူးနော် ဦးဖွ။ အသားစ ယူဖို့လိုတယ်။ ကွန်ပြူတာဓာတ်မှန် ရိုက်ဖို့လိုတယ်။ ကျွန်တော့်အတွေ့အကြုံအရ ကင်ဆာထင်ပေမယ့် နောက် ကင်ဆာမဟုတ်ဘူး အဖြေထွက်လာရင် ကျွန်တော့်နာမည်ကြီး ဂျာနယ်ထဲ ပါလာဦးမယ်။ ကင်ဆာလို့ ညာကုတဲ့ ကင်ဆာဆရာဝန်ဆိုပြီး။ ဒီတော့ ခင်ဗျား အသားစယူဖို့ ဓာတ်မှန်ဆရာဝန်တစ်ယောက်ဆီလွှဲလိုက်မယ်။ သူက ကွန်ပြူတာဓာတ်မှန် အကူအညီနဲ့ ခင်ဗျားရင်ဘတ်ထဲက အကျိတ်ကို အပ်ကလေးနဲ့ စုပ်ပြီး အသားစယူပေးလိမ့်မယ်။” ဟုပြောဆိုလျက် လွှတ်လိုက်လေသည်။

ဦးဖွသည် ဓာတ်မှန်ဆရာဝန်ဆီ ရောက်လာသည်။ ဓာတ်မှန်ဆရာဝန်က “ကဲ..ဦးဖွ။ ခင်ဗျားရင်ဘတ်ထဲက အကျိတ် ကလေးကို ကွန်ပြူတာဓာတ်မှန် အကူအညီနဲ့ အပ်နဲ့စုပ်ပြီး အသားစယူပေးမယ်။ ဒီမှာ ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖတ်ပါ။ ပြီးရင် လက်မှတ်ထိုးပါ။ ဒီထဲမှာရေးထားတဲ့အတိုင်း အဆုတ်ထဲကအကျိတ်ကို အပ်နဲ့ထိုးပြီး အသားစယူရင် ၂% က အဆုတ်ထဲ သွေးယိုတတ်တယ်။ ကျွန်တော့်ဓာတ်မှန်ဆရာဝန် သက်တမ်းတစ်လျှောက်တော့ ၉၈ ယောက် အသားစ ယူပေးခဲ့ပြီးပြီ။ ဘာမှမဖြစ်ခဲ့ဖူး။ ကဲ.. ဒီအန္တရာယ်ကို သိရှိကြောင်း လက်မှတ်ထိုးပါ” ဦးဖွသည် ရင်ဘတ်ကအောင့်သလို၊ ကျောက အောင့်သလို အောင့်သက်သက်ဖြင့် စာကိုဖတ်ရှုပြီး လက်မှတ်ထိုးလိုက်ရလေသည်။

အသားစယူခြင်းသည် အဆင်ပြေချောမောစွာ ပြီးဆုံးသွားလေသည်။ နောက်အပတ် အသားစ အဖြေရသည့်အခါ ဦးဖွသည် ကင်ဆာဆရာဝန်ထံ ပြန်သွားသည်။ ကင်ဆာဆရာဝန်က တစ်ရက်ကို လူနာ ၃၀ သာ လက်ခံသည်ဆိုသည်။ ဦးရာလူစနစ်၊ ကြိုတင်ဘွတ်ကင်စနစ် မရှိသဖြင့် ဦးဖွသည် နှစ်နာရီ၊ သုံးနာရီခန့် ကြိုသွားရလေသည်။ ဦးဖွ မ၀င်ခင် မိသားစုအိမ်သားများက ဆရာဝန်နှင့် အရင်တွေ့ရန် ၀င်သွားကြလေသည်။

ကင်ဆာဆရာဝန်က ပြန်ဖြေသည်။ “တခြားသူဆိုရင်တော့ ရမယ်။ ဦးဖွ ဆိုရင်တော့ မညာနိုင်ဘူးဗျ။ တော်ကြာ သူ့မှာ ကင်ဆာဖြစ်နေတာကို ဆရာဝန်က ထိန်ချန်တယ်ဆိုပြီး တရားစွဲ၊ ဂျာနယ်ထဲ ထည့်တဲ့အခါကျတော့ ခင်ဗျားတို့ တာဝန်ယူမှာလား။”

ဆရာဝန်သည် ဦးဖွကို ပြောလေသည်။ “ဦးဖွ ..ခင်ဗျားဆီမှာ အဆုတ်ကင်ဆာတော့ ဖြစ်နေပြီ။ အသားစအဖြေက ကင်ဆာပဲ။ ဘယ်လောက်နေရမလဲ ခင်ဗျားသိချင်နေပြီ မဟုတ်လား။  ရှင်းပြမယ်။ ဆေးဘယ်လို ကုရမယ်။ ဘယ်လောက် နေရမယ်ဆိုတာ သိချင်ရင် ကင်ဆာပျံ့နှံ့မှုနှုန်းကို သိအောင်လုပ်ရတယ်။ ခင်ဗျား တစ်ကိုယ်လုံးကို ကွန်ပျူတာဓာတ်မှန် ရိုက်မယ်။ အဲ.. ခေါင်းတော့ မပါသေးဘူး။ အဲ.. ခင်ဗျား ခေါင်းကိုက်တယ်ဆိုတာနဲ့ ခေါင်းကိုပါ ရိုက်မယ်။ အဲဒီကွန်ပျူတာဓာတ်မှန် အဖြေထွက်မှ ခင်ဗျားသိချင်တာတွေ ပြောနိုင်မယ်။ ကဲ.. ဘာမေးဖို့ ရှိသေးလဲ။”

“ဆရာ ဘာလို့ လူနာအများကြီး မကြည့်တာလဲဆရာ။ ပြချင်တဲ့ လူနာတွေက အများကြီး။ ဆေးခန်းကလည်း ဒီတစ်ခုတည်း ထိုင်တယ်ဆိုတော့”

“အထူးကုဆရာဝန်တစ်ယောက် ဆေးခန်းတစ်ခုပဲ ထိုင်ရမယ်လို့ ခင်ဗျားတို့ပဲ ရေးခဲ့တာမဟုတ်လား။ ကျွန်တော်က ဆေးရုံမှာလည်း လူနာတွေ ကြည့်ရသေးတယ်ဗျ။ အခွန်ဆောင်ရလွန်းလို့ ဆရာဝန်အလုပ်ကို ဘယ်သူမှ မလုပ်ချင်လို့ ဆေးရုံမှာ ဆရာဝန်အင်အား မပြည့်စုံဘူး။ ပြီးတော့ ဆရာဝန်ကြီးလူတန်းစား ဖျောက်ဖျက်ရေးဆိုပြီး ခင်ဗျားတို့ ဦးဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြလို့ အထူးကုဆရာဝန်မှန်သမျှ ဆရာဝန်ကြီး မဖြစ်တော့ဘူးလေ။ ကျေနပ်တယ်မဟုတ်လား။ ကျွန်တော့်ကိုကြည့်၊ နိုင်ငံခြားပြန် ကင်ဆာအထူးကု ဆရာဝန်ကလေးပဲ။ ဆရာဝန်ကြီး မဟုတ်ဘူး”

ဦးဖွသည် ထိုဆရာဝန် ဘာတွေပြောနေပါလိမ့်ဟု တွေးတောပြီး အိမ်ပြန်လာခဲ့သည်။ နောက်နေ့ ကွန်ပျူတာဓာတ်မှန် ပြန်ရိုက်တော့လည်း လက်မှတ်ထိုးခိုင်းတာ ၀ါသနာပါသည့် ဓာတ်မှန်ဆရာဝန်နှင့် ပြန်တွေ့ရပြန်သည်။

“ကဲ..ဦးဖွ။ ထုံးစံအတိုင်းပဲ။ တစ်ကိုယ်လုံး ကွန်ပျူတာဓာတ်မှန် ရိုက်ရမှာဆိုတော့ ဓာတ်မှန်ပုံထွက်ကောင်းအောင် Contrast ဆိုတဲ့ ဆေးတစ်မျိုးထိုးပြီး ရိုက်ရမယ်။ အဲဒီဆေးနဲ့ မတည့်တဲ့နှုန်းက ၀.၅ % ရှိတယ်။ ခင်ဗျားကို မထိုးခင်မှာ တည့်၊ မတည့် အရင်စမ်းမှာပါ။ ဒါပေမယ့် အဲဒီဆေးတွေ ထိုးပြီးရင် ကျောက်ကပ်ပျက်စီးသွားတတ်တာ ရှိသေးတယ်။ သူလည်း ရာခိုင်နှုန်း နည်းနည်းပါပဲ။ ကဲ.. သိရှိကြောင်း လက်မှတ်ထိုးပါဦး။ ကျွန်တော့်မှာ ခင်ဗျားလက်မှတ်တွေ အကုန်ရှိတယ်နော်။ နောက်… ဆေးထိုးပြီး ကျောက်ကပ်ဒဏ်ရာရတော့မှ ကင်ဆာကြောင့် ဘာမှမဖြစ်ဘဲ ဓာတ်မှန်ဆရာဝန်လုပ်လို့ ဓာတ်မှန်ရိုက်ပြီး ဒုက္ခရောက်ရတယ် အပြောခံနေရဦးမယ်”

ဦးဖွသည် လက်မှတ်ထိုး အတော်ဝါသနာကြီးတဲ့ ဆရာဝန်ဟု သုံးသပ်လျက် လက်မှတ်ထိုးရပြန်လေသည်။

နောက်တစ်ရက်မှာ ကင်ဆာဆရာဝန်ဆီ ပြန်ရောက်လာသည်။ ထုံးစံအတိုင်း အစောကြီး ကြိုသွားရသည်။ အထူးကု ဆရာဝန်ကြီးတွေ ဆေးခန်းပေါင်းများစွာမှာ လူနာတွေ တိုးကျိပ်စောင့်ရသလို အခု အထူးကုဆရာဝန်ကြီးလူတန်းစား မရှိတော့သော်လည်း အခြေအနေက ပိုဆိုးနေပါလားဟု တွေးနေမိသည်။
ကင်ဆာဆရာဝန်သည် ဦးဖွ၏ ကွန်ပျူတာဓာတ်မှန်ကိုကြည့်ပြီး ပြောသည်။ “ပုံမှန်လူနာဆိုရင်တော့ ဒီလိုအဆင့်မျိုးက ခွဲစိတ်ဆရာဝန်ဆီလွှဲ၊ အဆုတ်က အလုံးလေးကို ခွဲထုတ်လိုက်ရင် လုံလောက်ပြီ။ ဒါပေမယ့် အခုက ခင်ဗျားဆိုတော့။ PET scan ဆိုတဲ့ဟာ နိုင်ငံခြားမှာ သွားရိုက်လိုက်ဦးဗျာ။ ဖြစ်နိုင်ချေ နည်းသော်လည်းပဲ မသင်္ကာစရာ အကျိတ်လေးတွေ ဗိုက်ထဲမှာ တွေ့နေရတယ်။ PET scan ဆိုရင်တော့ ပိုရှင်းတယ်။ မရိုက်လို့တော့ မရဘူး။ တော်ကြာ… ခွဲစိတ်ပြီးနောက် နှစ်လ၊ သုံးလ အဲဒီအကျိတ်တွေကြီးလာရင် ကင်ဆာအဆင့်(၄) ဖြစ်သွားမယ်။ အဲဒီအခါကျရင် အဆုတ်ကင်ဆာ အဆင့်(၄)ကြီးကို ငွေလိုချင်လို့ ခွဲစိတ်ဆရာဝန်နဲ့ ကင်ဆာဆရာဝန် ပေါင်းခွဲတယ် ဖြစ်နေမယ်။ ဒီတော့ နိုင်ငံခြားမသွားနိုင်ရင် ဒီမှာ လက်မှတ်ထိုး။ ဆရာဝန်က PET scan လိုအပ်ကြောင်း ရှင်းပြသော်လဲပဲ မိမိဆန္ဒအလျောက် မသွားခဲ့ပါလို့ရေး” ဟုဆိုလျက် ကင်ဆာဆရာဝန်က ရှည်လျားစွာရှင်းပြသည်။

ဒီလိုနှင့် ဦးဖွသည် ခွဲစိတ်ဆရာဝန်ထံ ရောက်လာရပြန်သည်။ ခွဲစိတ်ဆရာဝန်က “ကဲလာ ဦးဖွ၊ ကျွန်တော့်သူငယ်ချင်း ကင်ဆာအထူးကုကတော့ ခင်ဗျားမျက်နှာမြင်တိုင်း သူ့စာတွေ မေ့မေ့သွားတယ်ပြောတယ်။ ခင်ဗျားကို ခွဲစိတ်မှုအကြောင်း ရှင်းပြမယ်”

သဘောကောင်းပုံရသည့် ခွဲစိတ်ဆရာဝန်သည် ခွဲစိတ်မှုအကြောင်း ဦးဖွကို ရှင်းပြလေသည်။
“အရင်တုန်းကတော့ ဦးဖွရယ်… ဒီလို အကျိတ်အရွယ်လောက်ဆို ရင်ဘတ်ဖွင့်ပြီး ခွဲစရာမလိုဘူး။ Video-assisted Thorascopic Surgery (VATS) ခေါ်တဲ့ မှန်ပြောင်းလေးထည့်ပြီး အကျိတ်လေးကို ခွဲထုတ်လိုက်လို့ရတယ်။ အခုတော့ အဲဒီလိုခွဲတတ်တဲ့ ဆရာဝန်က တစ်နှစ်ကို အခွန်သိန်းတစ်ရာဆိုတော့ ပြေးပြီဗျ။ ဟိုမှာက ဒီထက် လစ ၁၀ ဆ၊ အဆ ၂၀ ပိုများပေမယ့် အခွန်က ဒီလောက်မများဘူးလေ။ ပြီးတော့ လူနာတစ်ယောက်ခွဲပြီး ထွက်လာပြီဆို မီဒီယာတွေက လူနာနားမှာ ဘာဖြစ်လေမလဲဆိုပြီး ၀ိုင်းအုံနေကြတော့ သူလည်း မခံနိုင်တော့ဘူး ထင်ပါရဲ့ဗျာ”

ခွဲစိတ်ဆရာဝန်က ဆက်ပြောသည်။ “ကျွန်တော်လား… ဟဲဟဲ… ကျွန်တော့်ကိုတော့ ဘယ်သူမှ မတိုင်ကြဘူးဗျ။ တိုင်လည်း အရေးမယူရဘူးလို့ အထက်လူကြီးများက အမိန့်ထုတ်ထားတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ကျွန်တော် တစ်ယောက်တည်း အဆုတ်ခွဲတတ်တဲ့ဆရာဝန် ရှိတော့တာကိုး။ ကျွန်တော့်သူငယ်ချင်း  ကင်ဆာဆရာဝန်ကတော့ ခင်ဗျားကိုတွေ့ရင် စာတွေ မေ့မေ့ကုန်တယ်ဆိုလား။ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူးဗျာ။ အခြေအနေတွေက ဒီလိုရှိတာကိုး။ ကျွန်တော်က ကြောက်စရာ မလိုဘူးလေ”

နောက်တစ်နေ့တွင် အယ်ဒီတာကြီး ဦးဖွကို သူ့အခန်းထဲတွင်ပင် ဆွဲကြိုးချလျက် သေဆုံးနေသည်ကို တွေ့ရသည်။ သူရေးထားခဲ့သည့် စာထဲတွင် အကျိတ်သေးသေးလေးအတွက် ရင်ဘတ်တစ်ခုလုံး ဖွင့်ပြီးခံရမှာ အလွန်ကြောက်မိကြောင်း၊ သွားတိုင်း လက်မှတ်ထိုးနေရသည့် ဓာတ်မှန်ဆရာဝန်နှင့်လည်း ထပ်မတွေ့ချင်တော့ကြောင်း၊ သေစကားချည်း လွှတ်ပြောတတ်ပြီး သူ့ကိုမြင်လျှင် ဂျာနယ်ထဲအထည့်ခံရမှာ အလွန်ကြောက်သော ကင်ဆာဆရာဝန်နှင့်လည်း စကားမပြောချင်တော့ကြောင်း စသည်ဖြင့် ရေးသားထားလေသည်။

ဦးဖွ၏ ရေးသားထားချက်များကို သူ၏ ဂျာနယ်တိုက်က အထူးသတင်းအဖြစ် (ထည့်စရာသတင်းမရှိသောကြောင့်) ခေါင်းစီဆောင်းပါးအဖြစ် ထည့်လိုက်လေရာ Fight ဂျာနယ်ကြီး ရောင်းမလောက်အောင် ပေါက်သွားပါကြောင်း။

(တာဝန်သိ စေတနာရှင် ဆရာဝန်တစ်ဦး၏ ပြောပြမှုကို အခြေခံလျက် ပျော်ရွှင်ရယ်မောနိုင်ကြစေရန် ရေးပါသည်)
ဒေါက်တာ လွှမ်းမိုးဟန် 
၂၈/၄/၂၀၁၃

Monday, May 06, 2013

လတ်တလော နာမည်အကြီးဆုံး Nicky


Facebook တစ်ခွင် ပြဲပြဲစင်အောင် တလဲလဲ ဖြစ်သွားစေခဲ့သည့် ချာတိတ်လေးတစ်ယောက်။ အံ့သြစရာတော့ ကောင်းသည်။ ဘာမျှမဟုတ်သည့် ဗီဒီယိုဖိုင်လေးတစ်ခု၊ စာသားလေးတစ်ခုနှင့် အင်တာနက်ပေါ်က မြန်မာအသိုင်းအ၀န်းအကြားတွင် ပေါ်ပြူလာ ဖြစ်သွားရသည်။ အဲဒီချာတိတ်ရဲ့ စန်းဟု ဆိုရမည်ထင်သည်။ အသံတွေကတော့ မျိုးစုံဖြစ်သည်။ မျိုးစုံဖြစ်လောက်အောင်လည်း အဲဒီချာတိတ်က လုပ်ထားသည်ကိုး။ မြန်မာ့အင်တာနက်သမိုင်းမှာ သူလည်း အထင်ကရ ဖြစ်ခဲ့ပေသမို့ မှတ်တမ်းတင်ထားလိုက်ပါတယ်။

သူ့ရဲ့ ဂီတဗီဒီယိုဖိုင်
ဒီဗီဒီယိုဖိုင်ကို Youtube မှာ ကြည့်ရှုတဲ့သူ အရေအတွက်က ၇ သောင်း ကျော်သွားပြီ။ ဒါတောင် ဖဘကနေ ဖြန့်နေတာတွေ၊ ကြည့်နေတာတွေ မပါသေးဘူး။ ဘယ်လောက် အံ့သြဖို့ကောင်းတဲ့ ပေါက်ချက်လဲ။ ရှုစားပါဦးနော်။

သူ့ရဲ့ သီချင်းစာသား
နင်ငါ့ကို ချစ်လည်း
by - Nicky + Kaung Htet"
Intro - နင်ငါ့ကို ချစ်လည်းလေ...လည်းလေ...လည်းလေ...နင်ငါ့ကို ချစ်လည်းလေ...လည်းလေ

V1 - နင်ငါ့ကို ချစ်လည်းလေ... ငါတို့မှပြဿနာ မင်းမိဘနဲ့အသိုင်းအဝိုင်းတွေကြားထဲ ဆက်သွားလို့မဖြစ်ပါ... ငါတို့နှစ်ယောက် လမ်းခွဲရင်ကောင်းမယ်..hay now u know girl... ဒို့နှစ်ယောက်ကံကြမ္မာရယ် မုန်တိုင်းထဲမျောခဲ့

Cho: နင်ငါ့ကို ချစ်လည်းလေဆုံဆည်းဖို့မဖြစ်နိုင် အကာအစီးတွေများခဲ့ ဘယ်လိုလုပ်မလဲ နင်ငါ့ကိုချစ်လည်းလေ ..တယောက်ထဲနေရစ်တော့ ငါဘာမှ မတတ်နိုင် ကောင်မလေးရေ.. နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ ချစ်လဲ ချစ်လဲ
နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ ချစ်လဲ ချစ်လဲ

V2 - I'll be your soldier,fighting every second of the day for your dreams, girl
ဒါကအတွေးထဲမှာ အပြင်မှာ တကယ်ကိုဘာမှမလုပ်နိုင်တဲ့ကောင်ပဲ နင်ငါကိုမုန်းပါ နင်ထားသွားလဲငါကျန်ခဲ့မှာ ငါရဲ့ အပြစ်ပဲ

Cho: နင်ငါ့ကို ချစ်လည်းလေဆုံဆည်းဖို့မဖြစ်နိုင် အကာအစီးတွေများခဲ့ ဘယ်လိုလုပ်မလဲ နင်ငါ့ကိုချစ်လည်းလေ ..တယောက်ထဲနေရစ်တော့ ငါဘာမှ မတတ်နိုင် ကောင်မလေးရေ.. နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ ချစ်လဲ ချစ်လဲ
နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ ချစ်လဲ ချစ်လဲ

Rap: Yeah ..Yo !! I love you hay girl friend
ငါမှ အရည်အချင်းမရှိတာ.. ဘယ်သူတွေ ကျိန်စာတွေ တိုက်ခဲ့လဲ...ငါတို့ ချစ်လျက်နဲ့ ဝေးရ.. နှစ်ဖက်လုံးက အတားအဆီးတွေနဲ့ တစ်နေ့တော့ဝေးရမှာပဲ ဆုံဆည်းဖို့ မဖြစ်နိင်ပေမယ့် ငါတို့  ချစ်လျက်ပါပဲ ဒါကိုဘယ်သူမှ မသိခဲ့ပေမယ်... ဒို့နှစ်ယောက်ပဲ သိခဲ့တယ် နှစ်ကိုယ်ကြားပဲပြောခဲ့တဲ့ မုသားမပါတဲ့ ဆိုတဲ့စကားလည်း... အခုတော့ ဘယ်တွေရောက် ဘယ်ဆီဘယ်မှာပျောက် မိဘတွေရဲ့ ကြားဖြတ်မှုကြောင့် လေလွင့်ရင်းနဲ့ဂေါက် မင်းလေးဘယ်ဆီရောက်... ဘယ်သူတွေ ဘာတွေပြောပြော.... နင်လေ ဘာတွေဖေါဖေါ မင်းနားပဲရှိနေရင် ငါ့အတွက်တော့သေပျော်ပြီ မင်းလေးပြန်လာကွယ် ငါ့စိတ်ကပြောချင်ပေမယ့် မင်းလေးစိတ်ကြောင့်ရူး now I become a fool .. I have no idea you go far and now I am a fool fool fool fool

Cho: နင်ငါ့ကိုချစ်လည်းလေ ဆုံဆည်းဖို့မဖြစ်နိုင် အကာအစီးတွေများခဲ့ ဘယ်လိုလုပ်မလဲ နင်ငါ့ကိုချစ်လည်းလေ... တစ်ယောက်တည်းနေရစ်တော့ ငါဘာမှမတတ်နိုင် ကောင်မလေးရေ.. နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ ချစ်လဲ ချစ်လဲ
နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ ချစ်လဲ ချစ်လဲ
နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ ချစ်လဲ ချစ်လဲ
နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ (ငါကိုချစ်လယ်လဲ့) ချစ်လဲ ချစ်လဲ (ငါကိုချစ်လယ်လဲ့) ချစ်လဲ (ချစ်လယ်လဲ့) ချစ်လဲ
(ငါကိုချစ်လယ်လဲ့)

သူ့အကြောင်း 7Day News Daily မှာ ရေးထားတဲ့သတင်း

သူ့သီချင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပြုထားတဲ့ Comment အချို့
  • အကြံပေးချင်တာတစ်ခုက နောက် ဘယ်တော့မှ C# ထက်မြင့်တဲ့ key နဲ့ မဆိုပါနဲ့။
  • လုပ်ရဲတာတော့ကောင်းပါတယ် ဒါပေမယ့် မြန်မာနိင်ငံ ဂီတလောကကို စော်ကားလိုက်သလို ခံစားလိုက်ရတယ်။ တော်တော်များများက နိုင်ငံတကာထက် မသာတောင် လိုက်မီအောင် လုပ်နေကြတာကို.. ဒင်းက... ဘယ်ကောင်များ လှော်လိုက်လဲ မသိဘူးနော် လုပ်ရက်တယ်။
  • Comments ‌တွေ‌ရော၊ အဆိုအက‌ရော‌ ရေ‌ရေလည်‌လည်‌လည်‌ ‌ရီရတယ်‌ဗျာ အ‌တော်‌‌နောက်‌တဲ့လူ‌တွေ ‌ဆက်‌လုပ်‌ စိတ်‌ညစ်‌ရင်‌ကြည့်‌မယ်‌။
  • ကောင်းပါတယ် နောက်သီချင်းတွေ ဆက်လုပ်ပါ အကို့သီချင်းကို ကျွန်တော် သွားလေရာ ဖုန်းနဲ့ ယူသွားပါတယ် စိတ်ညစ်ရင် ကြည့်ပြီး အသားကုန် ရီရပါတယ် .. Rapping ဆိုတဲ့ တစ်ယောက်ရဲ့ style ကို ကြိုက်ပါတယ် ကြိုးစားပါ ရာဇာနေ၀င်းတောင် အဆိုတော်မင်းသား ဖြစ်သေးတာပဲ အကိုလည်း ဖြစ်ထွန်းနိုင်ပါတယ်…. style pan နဲ့ ဒွန့်တာတွေကိုလည်း ကြိုက်ပါတယ်။ ကျွန်တော်တောင် ပုဆိုးနဲ့ အိမ်မှာ လိုက်ဒွန့်ကြည့်ပါသေးတယ် ဘယ်သူမှ မရီကြပါဘူး အကို့လို ပါရမီမရှိလို့ နေမှာပေါ့နော် အားပေးနေပါတယ် ရီမောခြင်းသည် အသက်ကိုရှည်စေပါသည် :3 :3 :3 :
  • ဆလိုင်းဖွားထောင်းထက် သာသွားပြီ…..။
  • Nicky မင်းဖေ့ဘွတ်မှာတော့ နာမည်ကြီးသွားပြီကွ။ ဆက်ကြိုးစားဖို့ကတော့ မင်းအပိုင်းပဲ။ နောက်တစ်ခါ Key မှန်အောင်တော့ ဆိုကွာ။ အိန်းအိန်းလိုတော့ လူစောက်မြင်ကတ်အောင်တော့ မနေနဲ့ကွ။ Fighting !!!!
  • Nicky lal lal lal lal lal lal lal lal lal lal sout yuu yuu yuu yuu yuu yuu gyi gyi gyi gyi gyi gyi phit thi phit thi ^-^
  • ကောင်းပါတယ် ဆက်လက်ကြိုးစားသွားပါ သူများတွေပြောတာ မယုံပါနဲ့ တက်လမ်းမြင်တယ်။ featuring လည်း အရမ်းကောင်းတယ် :)
  • သေချင်းဆိုး မွေးကတည်းက အသေလေးမွေးလာရမှာ။
  • ဆက်ကြိုးစားရင် ရပါတယ် ဒါပေမယ့် လဲလဲလဲလဲ ဆိုတဲ့နေရာကြီး မပါရင်ကောင်းမယ်။
  • လေပါတယ်ကွာ ဘာတွေလဲ ငါဖြင့်ဒါကြည့်ပြီး ရှက်လိုက်တာကွာ ငါက Justin bieber ကို အရမ်းမကြိုက်ပါဘူးဟ but အရမ်းတော့ သနားသွားပြီ :-(
  • စိတ်ညစ်တိုင်း ပြန်ပြန်ကြည့်မိပါတယ် .. ရယ်ရလို့ .. ကြိုက်တယ် .. :D
  • ဒါနဲ့ပါဆို လွန်ခဲ့တဲ့ ၄ ရက်လောက်ကတည်းကနေ ခုထိ .အကြိမ် ၂၀ လောက်တော့ ရှိပြီထင်တယ်.. ဒါတောင် အိမ်မှာ ဒေါင်းထားသေးတယ်....။ ကြည့်လို့ကို အားမရဘူး ဖြစ်နေတယ်.. ဘာလို့ အဲလောက်တောင် ကောင်းရတာလဲဟင်။ အကို့ရဲ့ အိပ်ချင်ပြေလေးရယ်.. :) FIGHTING with MUSIC
  • မိုက်ဟ...ဒါနဲ့...အိန်အိန်းတပည့်လားးးးး လားလားလားလားလားလားးးးးးး xD
  • vedio ရော comment တွေရော တောက်ကျိုးနည်း ရယ်ရတယ် လဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲ လဲလဲသဗျို့။
  • လူငယ်လေးတစ်ယောက် သူ့ဘာသာသူ ရူးသွပ်ထားတာဗျာ၊ ဘယ်သူ့မှ စော်ကားထားတာ မဟုတ်ဘူး၊ ရာဂသွေးဆောင်မှု မပါဘူး၊ ရန်လိုတဲ့ စာသားအပြုအမူ မပါဘူး၊ ဟိုစောင်းဆို ဒီစောင်းဆိုမှုတွေ လုပ်ထားတာ မပါဘူး၊ သူ့ယုံကြည်ချက် သူ့ရိုးသားမှုနဲ့ သူ့စာမျက်နှာ သူဖွင့်နေတာ။ ခင်ဗျားတို့ ကြည့်ချင်ရင်ကြည့် မကြည့်ချင်ရင်လည်း မကြည့်လို့ရတယ်။ နောက်ချင်စရာဖြစ်နေလို့ စနောက်တာကိုတော့ နားလည်လို့ ရသေးတယ်။ လူငယ်တစ်ယောက်ရဲ့ ရူးသွပ်မှု ယုံကြည်မှုကိုတော့ ခေါင်းမဖော်နိုင်အောင် ရိုင်းစိုင်းဆဲဆိုကြတာကတော့ ကိုယ်တိုင်ကိုယ်က အောက်တန်း သိပ်ကျတာကို ပြတာပဲ။
  • ဟဟဟဟ မ​နေနိုင်​လွန်းလို့ ဝင်​ရီသွားတယ်​….. ​ပေါချက်​က​တော့ လန်​ထွက်​​နေတာပဲ ..။
  • ၀ါသနာကိုတော့ ချီးကျူးပါတယ်...... အောင်မြင်နိုင်ပါတယ်....... ဖြစ်ကတတ်ဆန်းတော့မလုပ်သင့်ဘူး.... အနုပညာဆိုတာ ၀ါသနာ အရင်းခံတာပါ။
  • အန်ချင်စိတ်ကိုမြိုသိပ်လို့ မနည်းကြိတ်မှိတ်ကြည့်ခဲ့သည် အိမ်မက်ဆုံရာတွင် ဝင်ပြိုင်သင့်သည် အနည်းဆုံး ဖိနပ်ပျံများ ဆုချခံရမည်။
  • မြန်မာကို ကမ္ဘာကသိအောင် ဖော်ထုတ်လိုက်ခြင်းပေါ့။
  • လဲလဲလဲလဲလဲလဲလဲလဲလဲ.....သေလိုက်။
  • ဟား ဟား ဟား(Fokker လေသံဖြင့်) သုံးခါ လာရီသွားတယ်။ ဒါပဲ
  • ဒီ မဆလာသယ်တဲ့ရုပ်ပေါက်နေတဲ့နှစ်ကောင် မင်းတို့ တွေလဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လေဖြတ်ပြီး ရှောသွားအုံးမယ်နော်လို့  ကိုကျော်သူမှ အသင့်စောင့်နေမည်ဖြစ်ကြောင်း အထူးသတိပေး ပြောကြားလိုက်သည်။ ပုံ / သောက်ရမ်းကို အားပေးသူများ
  • Mr.Nicky လို အသံကောင်းရုပ်ဖြောင့်စတိုင်မိုက်တဲ့သူတောင် << YES
  • လောလောဆယ် ၀င်ကြည့်သူ 51703(4.5.2013) ရှိနေပြီဖြစ်တဲ့ Nicky ရဲ့ နင်ငါ့ကိုချစ်လည်း MTV ကို youtube မှာ ကြည့်ဖြစ်ပါတယ်။ FB လောကမှာ လဲလဲလဲလဲလဲလဲလဲတွေ တသောသော သွန်းဖြိုးစေနိုင်ခဲ့တဲ့ သီချင်းပေါ့။ စာတန်းမထိုးပါ။ မော်ဒယ်တွေ လှပတဲ့ ရှုခင်းတွေ မပါပါ။ တီးဝိုင်းအကောင်းစားတွေ အသံသွင်းစက် အမိုက်စားတွေ သုံးမထားပါ။ အနုပညာ ဖန်တီးမှုအရ အားနည်းပေမယ့် ရိုးသားမှု အဆင့်ကမြင့်တယ်။ ဆက်လက်ကြိုးစား သွားစေချင်ပါတယ်။
  • ပေါရဲတဲ့သတ္တိကိုတော့ ချီးကျုးပါတယ်....CM နဲ့ Video File နှစ်ခုပေါင်းလိုက်တော့ အကြည်တော် ဝတ္ထုတောင်ဖတ်စရာမလိုတော့ဘူး....လူရွှင်တော်ရွှေဖလားမှာ သွားပြိုင်သင့်တယ်..
  • ခုတော့ သိသွားပြီ ..။ နာမည်ကြီးဖို့က တော်လွန်းမှ တတ်လွန်းမှ မဟုတ်ဘူးဆိုတာ ..။ ပေါက်ကရ လုပ်ရင်းလဲ လဲ လဲ လဲ လဲ လဲ နာမည်ကြီးသွားတတ်တာပဲ ......။ :D
  • ဟီးဟီးဟီး။ လဲလဲလဲလဲ မသိရင်​ ခေတ်မမီတော့ဘူး။ လူချင်းတွေ့ရင် ဒါပဲေ​ပြာ​ဖြစ်​နေတယ်။ ဒါလဲ သီချင်းအမျိုးအစား အသစ်ပဲ။
  • ကြိုက်ပါတယ်...ဘာဘဲပြောပြော စိတ်ဝင်စားအောင်နဲ့ ရီရအောင်လုပ်နိုင်တယ်... လဲလဲလဲလဲလဲလဲမှ မသိရင် ခေတ်မမှီတော့သလိုဘဲဘဲဘဲဘဲဘဲဘဲဘဲဘဲ။
  • ညစ်ပါရယ် ဘာပြောပြော နောက်ကနေ တလဲလဲနဲ့ လိုက်လိုက်ပိတ်နေလို့ ဘာပြောရမှန်းမသိပဲ ရီနေရတော့တယ်ေိခိ
  • ကောင်မလေးရဲ့မိဘတွေ ဘာလို့သဘောမတူလဲ လဲ လဲ လဲ လဲ လဲ လဲ ဆိုတာကို အပြည့်အ၀ နားလည် လည် လည် လည် လည်သွားပြီ....
  • လန် ထွက်နေတာပဲ တရေးနိုးတောင် ထရီရတယ် အခု စကားပြောရင်တောင် လဲလဲလဲလဲလဲ မပါအောင် တော်တော် လိုက်ထိန်းနေရတယ် ခလိ ခလိ ခလိ LOL ကတော့ သွားပါပြီ ပျောက်တော့မှာပဲ Fb မှာလဲ…. လဲလဲလဲလဲလဲလဲ တွေချည်းပဲ ပေါချက်က 9 လောက်ရှိတယ် ရီရလို့ ကျေးဇူးတင်ပါတယ်
  • တစ်ခုလောက် သိချင်တယ်။ ဘယ်သူများ မြောက်ပေးလိုက်တာလဲဟင် ???? ဘာလို့ပဲဖြစ်ဖြစ် Nicky အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ် ၃ ရက်လောက်နဲ့  အဲလောက် လူသိမယ်လို့ ကိုယ်ကိုကိုယ်တောင် မထင်ထားဘူးမလား?? အကောင်းဆုံးလုပ်ပြီး အချိန်တိုနဲ့ လူတွေအများကြီးကို ဖမ်းစားဆွဲဆောင်တာကိုတော့ တကယ်အမှန်တိုင်းပြောတာ အရမ်းအံသြမိတယ်။ လူတိုင်းပါးစပ်ဖျားမှာ လဲလဲလဲလဲလဲလဲလဲ ဆိုတာကို ပြောအောင်လုပ်နိုင်လို့ Respect !!!!!!! Lolz. Lolz နည်းနည်းတော့ ဂေါက်သွားသလိုပဲ ကြည့်ရင်းနဲ့  heeeheee lolz
  • Oh Ko Nicky ဆက်လက်ကြိုးစားပါ...အကို့ လဲလဲလဲလဲ က အသေမိုက်တယ်တယ်တယ်တယ် XD အကို ဆက်လက် လဲလဲလဲလဲလဲ နိုင်ပါစေ... we are your biggest fan~ တစ်အိမ်သားလုံး အကို့ သီချင်းကို အသဲစွဲပါပဲ... အခုဆို Lyrics တောင် ကျက်နေတာာ... တော်တော်ခက်တာပဲ ဆိုကြည့်မှ သိတယ်... XD
  • အတော်စွမ်းတဲ့ nicky ပါလား FB တခုလုံး လဲကုန်ပြီ .. hak.hak .. :salute xD
  • lol .. lol .. lol .. laugh out loud .. lol lol lol :P
  • တော်တော်တော်တော်တော် ပေါပေါပေမယ့်မယ့်မယ့် လဲလဲလဲလဲ ဆိုဆိုဆိုပြီးတင်တင်တင်ရဲရဲရဲ တာတာတာတာ လေးလေးလေးလေး စားစားပါတယ်တယ်တယ်။အာနာနာနာနာ သောအားဖြင့် ဘယ်တော့တော့တော့မှ မဆိုဆိုဆို ပါနဲ့ တောင်းတောင်းတောင်း ပန်ပါ တယ်တယ်တယ်။။။။။။။။။
  • ဟေ့ကောင်ရေ ငါတို့မှာ အိန်အိန်း တစ်ယောက်နဲ့တင် တော်တော် ခေါင်းရှုပ်နေရတဲ့ကြားထဲကွာ။ ခွီးလိုမှပဲ။ ကိုယ့်ဘာသာကိုယ် ဂိမ်းဆော့နေစမ်းပါကွာ။ အသားလွတ် အဆဲမခံချင်ပါနဲ့။
  • ဘယ်လိုပြောရမှန်းတောင် သိတော့ဘူး..........အခုတော့ fb နဲ့ You Tube မှာ ပြိုင်ဘက်မရှိ.....
  • ထိုးတဲ့အခန်း တော်တော်လေးကို ပီပြင်ပါတယ်ဗျာ...
  • လက်သီးနဲ့ မဟုတ်ဘဲ လက်ညှိုးနဲ့ဆို ပိုပြီး ပီပြင်သွားပါလိမ့်မယ်... :)
  • ဘယ်သူ ဘာပြောပြော ခုအားလုံး လဲလဲလဲလဲလဲလဲ နေတာပဲ
  • ခင်ဗျားပေါပါတယ် အဲ ဒါပေမယ့် ပေါရဲတဲ့ သတ္တိကို လေးစားတယ် xP
  • စိတ်ညစ်တဲ့ အချိန်တိုင်း ဖြေဖျောက်စရာ entertainment လို့ပဲ သဘောထားပါတယ်
  • အနည်းဆုံး အိန်းအိန်းတို့လို မဟုတ်တာပဲ ကျေးဇူးတင်ရမလိုလို
  • နာမည်ကြီးသွားတဲ့အတွက် ဂုဏ်ယူပါတယ်
  • ဆက်ပေါပါ....ပိုးစိုးပက်စက်ပေါပါ
  • အရူးထတာက နာမည်ကြီးစေတယ် လူတွေကို ပျော်စေတယ်လို့ 
  • စောက်ရူးဆက်ထလိုက်စမ်းပါဗျာ
  • internet bill nha myaw tal . . မင်းတို့ ခေတ်ဆိုတော့လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ
  • လုပ်ပေါ့ကွာ . ထိုးတဲ့ အခန်းမှာ တိုက်ပေါ်က နေ
  • လွင့်သွားရမှာ
  • အခု ခင်ဗျားတို့ရဲ့ ပါးစပ်ဖျားတွေမှာ အဲ့ကောင်သီချင်းတွေ မသိမသာလေးတွေ ရေရွတ်မိနေပြီမလား.....
  • မနေ့ကရော ဒီနေ့ရော ပေါင်းလိုက်ရင် ၉ ခါရှိပြီ။ ကြည့်လို့ မဝသေးဘူး။ တခါတလေ လိုက်တောင် ဆိုမိနေသေးတယ်။ စာသားတွေက အရမ်းမိုက်တယ်။ I'll be your soldier ဆိုလား ဘာဆိုလားပဲ
  • nicky.... nicky... comment တွေကတော့ အားရစရာပဲ မိုက်တယ်ကွာ နောက်ဆုံးထိုးတဲ့အခန်းမှာ တကယ်တိုက်ပေါ်က လွင့်သွားရမှာ အဲဒါမှ ပိုပီပြင်မှာ
  • ဘာကြီးလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲ  :)
  • ဟော် ဟော် နောက်ဆုံး ထိုးခံရတာ ဘာကြောင့်လဲဆိုတာ ငါသိပြီ .. မင်းက ဒီသီးချင်းကို ပရိသတ်တွေ မကြိုက်ဖူးဆိုတာသိလို့… နောက်ဆုံး ပရိသတ်တွေ စိတ်ကျေနပ်စေဖို့ အထိုးခံလိုက်တဲ့ သဘောကိုး……
  • ရှူးတောင်ထွက်တယ်....
  • သူ့ ကြီးတော် ကြောင်ခေါ်နေတဲ့အသံကိုကြားပြီး သီချင်း idea ရသွားတာနဲ့ တူတယ်....
  • လဲလဲလဲတွေအရမ်းများနေတော့ မိုက်တယ် မင်းအရမ်းလဲနေတော့ FACEBOOK ပေါ်က ငါတို့က အဲ့လိုလဲတာတွေမြင်ပြီး အာရုံတွေနောက်ပြီး ခေါင်းတွေကိုက်လာလို့  လဲပြီး သွားပြီ နစ်ကီရေ... ပေါချက်ကတော့ 9 လောက်ရှိတယ် အဟက်အဟက်
  • အဟက် ... comment တွေ ကြည့်ပြီ ဘယ်က ဘယ်လို စပြောရမှန်းတောင် မသိတော့ဘူး ကွာ ...
  • ကောင်းပါတယ် .. ပုံစံသစ် လေးပေါ့ လဲ လဲ လဲ လဲ ..
  • နောက်တစ်ပုဒ်ကျ .. ပြဲ ပြဲ ပြဲ ပြဲ လေးဘာလေး ထည့်ဆိုဖို့ အစီအစဉ်ရှိလား .. ဟင် ..
  • ဆက်ဆို ဆက်ဆို .. ဒါမှ မြန်မာနိုင်ငံကလူတွေ .. ရယ်ရမှာ ..
  • ဘယ်လိုပြောမလဲဆိုတော့ . ဗဲရီးဂွတ်ပေါ့နော် .. အသံကလည်းကောင်း အကကလည်းကောင်း ..
  • မကြာခင် နာမည်ကြီးလာမှာပါ .. အဖေ့ခြေရာ အဖိုးခြေရာလည်း .. အမီနင်းနိုင်တယ်နော် ( အဖိုး နေရဲမာန်နဲ့ အဖေ အိန်အိန်းလေ) ခိခိ တော်ပါတယ် တော်ပါတယ် ..
  • performance နဲ့ idea တော့ စောက်ရမ်းမိုက်ပါတယ် သားကြီး... အသံလေးကတော့ နဲနဲ လေ့ကျင့်ဖို့လိုလိမ့်မယ်... ကောင်းတယ်ဆိုလဲလဲလဲလဲလ ဆက်လုပ်ပေါ့ကွာ..
  • သားကြီး...စိတ်ဓာတ်မကျနဲ့ ... မင်း JB နဲ့ တစ်ထေရာတည်းပဲ.... အသံလေးပဲကွာတာ...
  • performance က အရမ်းမိုက်တယ်ကွာ.... dressing ကလည်း စောက်ရမ်းပြည့်တယ်....
  • ကြိုးစားကွာ...... နွားဖြစ်လိမ့်မယ် ~~ မွဲပြီးတော့
  • နာတောင် မူးလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲ ချင်တွားဒယ်....... ငိငိငိ :P
  • မိုက်တယ်ကွာ .... Wiz Khalifa တောင် Featuring ၀င်လုပ်ပေးထားတယ်...... haaahaa
  • rap ဆိုတဲ့ကောင်ကိုတော့စောက်ရမ်းခိုက်သွားပြီ...........ha ha...
  • Nicky ရေ... မင်းကို လူတွေက လှောင်သလိုလို ပြောင်သလိုလိုတော့ လုပ်နေကြပြီ...
  • အဲဒီလူတွေပဲ ထပ်တလဲလဲလဲလဲလဲလဲလဲလဲ ကြည့်နေကြတာ...အဲဒီထဲမှာ ငါလည်းလည်းလည်းလည်း ပါပါတယ်... ဘာပဲဖြစ်ဖြစ်... လူတွေအတွက် Entertainment တစ်ခုကိုတော့ မင်း Create လုပ်သွားနိုင်တယ်... Big Congrats!!!! Keep it up!
  • ငါ့ညီ.. အိပ်မက်ဆုံရာ ၀င်ပြိုင်ကြည့်ပါလား လား
  • မြန်မာဂီတလောက Top (100) မှာ Top 1 ရှေ့က
  • (၀) ချိပ်သွားသော သီချင်းလေးပါ
  • ကဲ စိုင်းစိုင်းတို့ ရဲလေးတို့ ဆိုတေးတို့ရဲ့အဆိုဆရာ
  • အိန်အိန်းရဲ့ အကနည်းပြ ကိုနစ်ကီဖြစ်ပါတယ်
  • အရမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်း ကောင်းပါသည် ROFL
  • JB ကတော့.. သူ့သံစဉ်ကြီးနဲ့.. တလဲ လဲ လဲ လဲ လဲ လုပ်နေတာကို... တွေ့ပြီး သတ်သေနေဦးမယ်.... လေတယ်.... ပေါချက်က 9 လောက်ရှိတယ်... ဓာတ်ပုံတွေကလည်း.... ဆော်လန်းလန်းလေးတွေ ပုံတွေဘယ်က download ဆွဲပြီး ထည့်ထားလဲတော့ မသိဘူး.... စိတ်ပိန်လိုက်တာ.... ကိုယ်တိုင်ရေး... ကိုယ်တိုင်ဆို... ကိုယ်တိုင်... ဒါရိုက်တာလုပ်... ကိုယ်တိုင်ပဲကြည့်ပြီး ယဉ်ယဉ်လေးနဲ့.. တလဲ လဲ လဲ လဲ လဲ.... လုပ်နေလိုက်တော့.. အဲ့ဒီတိုက်ပေါ်ကနေ ခုန်ချလိုက်ရမှာ..... ငပေါရေ.....။
  • မြန်မာနိုင်ငံရဲ့ ဂီတလောကအတွက် အဲ့လို ပါရမီရှင်တစ်ယောက်ပေါ်ထွန်းလာတာ ဂုဏ်ယူစရာပါပဲဗျာ..... တကယ်ဝမ်းသာပါတယ်.... congratulation ပါ ကို nicky...... ဆက်သာလုပ်ဗျာ..... JB တို့ one direction တို့ လူမုန်းနည်းသွားလိမ့်မယ်ဗျ..... FIGHTING! ! !
  • ဂုဏ်ယူပါတယ်ကွာ.. မျက်ရည်များတောင်လည်မိတယ်...။ သောက်ကျိုးနည်းကို ထောက်ခံပါတယ်.. ဆက်လုပ်ဖို့...။ ဟေဟေး
  • hee hee.. သီချင်းရယ်ရတာထက်.. Comment တွေဖတ်ပြီး အူပါနာတယ်.... သားကြီးရာ..မင်း သီချင်း အောင်မြင်ချက်က 9 လောက် ရှိတယ်.. လေတာပေါ့ ငါ့သားရာ... မြှောက်ပေးတာတော့မဟုတ်ဘူး ဆက်သာလုပ်...သားကြီး. လူတွေလဲ ဒီလိုအပျင်းပြေ ဟာသလေး ဘာလေးကြည့်ရတော့ ပျော်ကြတာပေါ့ကွာ.
  • ဘယ်လိုပြောရမလဲ ပေါ့နော် . . . ဒီလိုမျိုး တစ်ခါမှ ရှိခဲ့လိမ့်မယ်လို့  ထင်တောင် မထင်တောင် မထင်ရတဲ့ သီချင်းမျိုးကို တစ်ခါမှ မကြားဖူးလောက်တဲ့ အသံမျိုး နဲ့  တစ်ခါမှ မတွေ့ ခဲ့ဖူးတဲ့ Performance နဲ့  ပေါင်းစပ်တင်ဆက်လိုက်တဲ့ အခါ . . . အင်း . . . နောက်တစ်ခါ မမြင်ရ မကြားရပါစေ နဲ့ လို့  ဆုတောင်းမိတယ်ဗျာ . . .
  • ကောင်းပါတယ်..ကောင်းပါတယ်....(စိတ်ပျက်ဖို့)....
  • အသံက ရှားရှားပါးပါးပဲနော်....လည်ချောင်းကွဲသံနဲ့ပဲ....
  • အက ကလည်းအရမ်းကောင်းတာပဲနော်.....နော်နော်...ဒါပဲနော်...
  • နောက်တစ်ခါ...ကျရင်....အခွေထွက်မယ်ဆိုရင်ကြိုပြောနော်...ကြိုရယ်ထားလို့ရအောင်.....အဟဲ...
  • ဟဲဟဲဟဲဟဲ ဟဲ အဟဲ အဟဲ....ဟဲဟဲ.ဟဲ.. ဒါနဲ့ ညီသီချင်းဆိုရင် ကောင်းတယ်လို့.. ဘယ်သူများ မြှောက်ပေးလိုက်တာလဲဟင်..... အဲ့ကောင်ကို သတ်ချင်လို့ပါ... ညီအမှားမဟုတ်ပါဘူး.....
  • ညီလေး ဘာမှအားငယ်စရာမလိုပါဘူးကွာ။ ဒီလိုပါပဲ လူတွေကပြောတတ်ကြတာပါပဲ။ လူတွေစကားနားမယောင်နဲ့နော် ညီ။ မှားလိမ့်မယ်။ အဲဒါ အဆင်းဘီးတတ်နေတာလို့ခေါ်တယ်။ အကြံပေးရရင်တော့ နောက်ဆက်မလုပ်နဲ့ပေါ့ကွာ။ အားမငယ်နဲ့ ကြိုးစားတို့ ဘာတို့ ပြောကြတာတွေ လုံးဝနားမယောင်နဲ့နော် ညီ။ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ။ လိမ္မာပါတယ်ကွာ နော်။ စိတ်ဆင်းရဲလို့ပါ။ တောင်းပန်ပါတယ် အားတော့နာပါသော်လဲ လဲလဲ လဲလဲ လဲလဲ လဲလဲ :D
  • ငါတို့နှစ်ယောက်ဘာလို့ဝေးရတာလဲလဲလဲလဲလဲလဲလဲ သိလား....ကြောင်တောင်ကန်းကန်းကန်းကန်း ဖြစ်နေနေနေနေနေ လို့လို့လို့လို့ သိပီလား...
  • အကို တို.နှစ်ယောက်......ခွေ ထုတ်ဖို. အစီအစဉ်မရှိဘူးလားဗျ...........ကျွန်တော် စပွန်ဆာပေးချင်လို.ဗျ........ သီချင်းစာသားရော အသံရော တီလုံးတွေ ကော ၀တ်ပုံစားပုံတွေ က အစ အရမ်း မိုက်လို. .....ထုတ်ဖို.အစီအစဉ်ရှိရင် ဆက်သွယ်ပေးပါဗျာ.........:P XD
  • ဘုရားဘုရား ဒ်ီတပုဒ်ထဲမှတ်တာ......ဆိုထားတာတွေမနည်းပါလားးးလားးးလားးးလားးးလားးး ဟ
  • မှားပါတယ်။ ငါကိုကမှားပါတယ်။ နိုပ်မိတဲ့ငါ့လက်ကိုပဲ အပြစ်တင်ရတော့မယ်။ နေ့ချင်းညချင်း နာမည်ကြီးလာတဲ့ အဆိုတော်ဆိုလို့ ဝင်ကြည့်မိတာ  လက်စတတ်တော့ လျှောက်သီးဆေးပြားရောင်းတဲ့ ဟာတွေထက်တောင် ဆိုးရွားနေသေးတယ်။
  • သောက်ခွက်ပြောင်တယ်.....ထမင်းစားပြီး ကြည့်လိုက်တာ ဗိုက်တောင်နာတယ်။
  • လေးစားတယ်.. ဖင်ဘဲ စောင့်ကန်ချင်တယ်..... :3
  • ကျေးဇူးကြောင့် မျက်ရည်ကျအောင် ရယ်မိပါတယ်။
  • ..သေရောကွာ...သေသင့်ပါတယ်ကွာ... လာကြည့်မိတဲ့ ငါသေသင့်ပါတယ်ကွာ.. တကယ်ပါ.. ငါမှာသွားတယ်ကွာ.. သေသင့်ပါတယ်ကွာ..။
  • စာသားလေးတွေတော့မဆိုးပါဘူး........key မကိုက်တာရယ် recording တွေမကောင်းတာတွေကြောင့် ဂွမ်းတယ် ထင်ရတာပါ၊ သေချာ rec ကောင်းကောင်း tempo တကျလေး ဖြစ်မယ်ဆိုရင်တော့ နားထောင်ကောင်းလောက်မယ်။ ဒါပေမယ့် အရုပ်တွေတော့ မကြည့်ကြနဲ့ပေါ့ဗျာ............
  • သူ့ ဘာသာသူ ၀ါသနာပါလို့ ရိုက်တင်တာ။ အတင်းလဲ ၀င်မကြည့်ခိုင်းဘဲနဲ့ ..နေရဲမာန်တို့ စောသက်တို့လို့ billboard တွေနဲ့ လူတွေကို မျက်စိဒုက္ခ၊ ကြော်ငြာတွေနဲ့ နားဒုက္ခ officially မှ မပေးသေးတာ။ entertainment တစ်မျိုးလို့ ပဲ သတ်မှတ်ပါတယ်။
  • ဟိုလေ..ဒါမျိုးတွေ မတင်ပါနဲ့လား.. ခွီးးး... အူကိုတက်နေတာပဲ >.<
သူမှီငြမ်းထားတယ်ဆိုတဲ့ မူရင်းသီချင်း
နောက်ဆုံးမှ ပြရတာကို တစ်မျိုးမထင်ပါနဲ့ဗျာ။ ဒီသီချင်းကို အရင်ပြလိုက်ရင် ကိုနစ်ကီရဲ့ သီချင်းကြောင့် JB သီချင်းကိုတောင် နားထောင်ချင်စိတ် မရှိတော့မှာစိုးလို့ပါ။ :D :P


နိဂုံး
သူယုံကြည်တဲ့အတိုင်း လုပ်ခဲ့တာတစ်ခုကို ရဲရဲဝံ့ဝံ့ ပြသရဲတာကို လေးစားပါတယ်။ သူက အတည်ပေါက် လုပ်ထားတာ ဖြစ်ပေမယ့် ကိုယ်တွေအတွက် ဟာသမြောက်နေတာ အမှန်ပါပဲ။ လဲလဲလဲလဲကို ကျွန်တော်လည်း အပျော်သဘောနဲ့ ပြောဖြစ်နေတာ အမှန်ပါ။ ကြည့်တိုင်း ရယ်ရတဲ့အတွက် ခဏခဏ ကြည့်ဖြစ်တာကိုလည်း ၀န်ခံပါတယ်။ သူဖြစ်ချင်သလို မဟုတ်ပေမယ့် ပေါက်သွားတာကတော့ အသေအချာပါပဲ။ ကျွန်တော်ကိုဉာဏ်ကို ဘယ်သူဆိုတာ၊ စာဖတ်သူ ခင်ဗျားကို ဘယ်သူဆိုတာ လူတွေ မသိရင်သာ ရှိကြမယ်။ နစ်ကီလို့ ပြောလိုက်တာနဲ့ လဲလဲလဲလဲလဲလဲလဲလဲ ဆိုပြီး လူတိုင်းနီးပါး သိကြပါလိမ့်မယ်။ Oppa Nicky Style ပေါ့ဗျာ။ Bravo Nicky!

Thursday, March 28, 2013

ရယ်စရာ၊ ပြုံးစရာ၊ တွေးစရာ ဟာသများ


(၁)
အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေ ရေးဆွဲဖို့ ၁၇၈၇ ခုနှစ်မှာ ဂျော့ဝါရှင်တန်ခေါင်းဆောင်ပြီး အစည်းအဝေးတစ်ခုကို ကျင်းပခဲ့တယ်။ အဲဒီ သမိုင်းတွင်တဲ့ အစည်းအဝေးမှာ ၀ါရှင်တန် စကားများများ မပြောဘူး။ ရေငုံနှုတ်ပိတ် နေတာများတယ်။ ဒါပေမယ့် တစ်ယောက်ကစပြီး အမေရိကန်စစ်တပ်ရဲ့ စစ်သားဦးရေကို ၅၀၀၀ သာ ကန့်သတ်ထားကြောင်း အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးဆွဲဖို့ အကြံပေးတယ်။ ဒီမှာတင် ၀ါရှင်တန် ရေငုံနှုတ်ပိတ် မနေနိုင်တော့ဘူး။
ဒီလိုဆိုရင် ဘယ်နိုင်ငံခြား တိုင်းပြည်ကမျှ ကျွန်ုပ်တို့ အမေရိကန်ပြည်ထောင်စုကို စစ်သားအင်အား ၃၀၀၀ ထက်ပိုသော စစ်တပ်ဖြင့် မကျူးကျော်၊ မတိုက်ခိုက်ရ ဆိုတဲ့အချက်ကိုပါ အခြေခံဥပဒေထဲမှာ ရေးထည့်လိုက်ပါ။
လို့ ဒေါမာန်ပါပါ ထပြောချပစ်လိုက်လေရဲ့။

(၂)
လင်ကွန်းရဲ့ အကြံပေးပုဂ္ဂိုလ်တချို့က ကျွန်အားလုံး လွတ်လပ်ကြပြီလို့ ပြောပြတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ဖို့ တိုက်တွန်းပြောဆိုကြတယ်။ ဒီတော့ သမ္မတလင်ကွန်းက သူတို့ လွတ်လပ်ကြပြီလို့ ပြောရုံနဲ့တော့ သူတို့ကို လွတ်လပ်သွားအောင် ဖန်တီးပြုလုပ်ပေးရာ မကျပါဘူး လို့ တုံ့ပြန်ပြောဆိုလိုက်တယ်။ လင်ကွန်းက ဆက်ပြီး ဥပမာထုတ်ပြန်တယ်။
သိုးတစ်ကောင်ရဲ့အမြီးကို ခင်ဗျားတို့က ခြေထောက်တစ်ချောင်းလို့ ခေါ်မယ်ဆိုရင် သိုးမှာ ခြေထောက် ဘယ်နှချောင်း ရှိမလဲ။
ငါးချောင်း ရှိမှာပေါ့။
မဟုတ်ဘူး။ သိုးတစ်ကောင်မှာ ခြေထောက် လေးချောင်းပဲ ရှိတယ်။ အမြီးတစ်ချောင်းကို ခြေထောက်ပါလို့ ပြောရုံနဲ့ အဲဒီအမြီးတစ်ချောင်းက ခြေထောက် ဖြစ်မသွားဘူးလေ။

(၃)
၁၉၂၉ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်တရားပွဲများ စတင်ချိန်မှာ သမ္မတကူးလစ် (အမေရိကန်ပြည်ထောင်စု၏ ၃၀ ဦးမြောက် သမ္မတ) ကို နောက်တစ်ကြိမ် အရွေးခံဖို့ အစီအစဉ်ရှိမရှိ မေးကြတယ်။
ပြန်အရွေးခံဖို့လမ်းကို ကျုပ်မရွေးဘူး။
သတင်းထောက်တစ်ယောက်ကလည်း ပထမအမေးသဘောဆောင်တဲ့ မေးခွန်းတစ်ခုကို မေးပါတယ်။
မစ္စတာကူးလစ်ခင်ဗျား၊ ခင်ဗျားအနေနဲ့ နောက်ထပ် သမ္မတ မဖြစ်ချင်ဘူးလား။
မဖြစ်ချင်ပါဘူး။ တိုးတက်ဖို့ အခွင့်အလမ်း ဘာမျှမရှိဘူး။
လို့ သမ္မတက ဖြေလိုက်လေရဲ့။

(၄)
သမ္မတ ထရူးမင်းက ပြောတယ်။
လက်တစ်ဖက်တည်းပါတဲ့ အကြံပေးပုဂ္ဂိုလ် တစ်ဦးကို ကျုပ်လိုချင်တယ်။ အခု ကျုပ်ရဲ့ အကြံပေးပုဂ္ဂိုလ်တွေ ပြောပြောနေကြတာက တစ်ဖက်မှာ ဒီလိုရှိတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ ....... တွေချည်းပဲ။ ကျုပ်လိုတာက လိုရင်း၊ တိုရှင်း အဖြေမျိုးပေးနိုင်တဲ့ အကြံပေးပုဂ္ဂိုလ်ပဲ။

(၅)
သမ္မတနစ်ဆင်ဟာ အမြဲလိုလို ကွန်ဂရက်နဲ့ အဆင်မပြေဘူး။ တစ်ခါတော့ သူက
ကွန်ဂရက်ဟာ သိပ်ကို အဖြတ်အတောက်တွေ များလွန်းတယ်။ တကယ်လို့များ သူတို့က ပညတ်တော်ဆယ်ပါးအတွက် မဲပေးရမယ်ဆိုရင် ပညတ်တော် ရှစ်ပါးလောက်ပဲ ကျန်လိမ့်မယ်။
လို့ ရိလိုက်ပါသတဲ့။

[ခင်မောင်တိုး (မိုးမိတ်) ရဲ့ အမေရိကန်သမ္မတတို့ရဲ့ ဟာသများစာအုပ်မှ အချို့ကို ပြန်လည်ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။]

Wednesday, March 06, 2013

အချိန်တိုင်းမ်ကို စိန်ရိုင်းလို သွေးခဲ့သောကျွန်ုပ်၊ ဂျက်ကွမ်းခြံကုန်း


သုံးခွန်းတိတိ။ မှန်ပါ၏ သုံးခွန်းတိတိ။ ဂျာနယ်ဘုတ်အုပ်စာရွက်ကို ကိုင်ဆောင်၍ ဖတ်ရှုနေပြီးသည့်သကာလ ကျွန်ုပ် ဆက်တိုက်ကြီးဆိုသလို ကြိုက်သွားပြီ၊ ကြိုက်သွားပြီဟု အော်ထည့်လိုက်မိသည်မှာ တကယ့်ကို သုံးခွန်းတိတိ ဖြစ်ပါ၏။ ဟုတ်ကဲ့ သုံးခွန်းတိတိ။

ဤနေရာ၌ အဆွေ အသင် မောင်ရင် ဂျက်ကွမ်းခြံကုန်းသည် ဂျာနယ်ဘုတ်အုပ်စာမျက်နှာပေါ်၌ ဘဇာသို့သော အကြောင်းအရာကို ဖတ်ရှုလိုက်မိသောကြောင့် သို့ကလို၊ အနို့ကလို ကြိုက်သွားပြီဟု အော်ဟစ်ဘိသနည်းဟု အမေးစကား ရှိလာနိုင်ပါ၏။ ဤတွင် ကျွန်ုပ်ဖြေကြားလိုသည်မှာ တစ်ခွန်းတည်းသာ ရှိပါ၏။ ဂျူလီယန်အက်ဆန်း (Julian Assange) ဟူလို။

မှန်ပါ၏။ ယခု ပစ္စက္ခမျက်မှောက်ကာလ၌ ဟော့ (Hot) အဖြစ်ဆုံး လူသားတစ်ယောက်ကို ပြပါဟုဆိုလျှင် အသက် ၃၉ နှစ်အရွယ် သြစတြေးလျနိုင်ငံသား အနှီလူရွယ် ဂျူလီယန်အက်ဆန်း (Julian Assange) ကိုပင် ညွှန်ပြရမည် ဖြစ်ပါ၏။ သူကား တိုင်းကျော်၊ ပြည်ကျော်၊ ကမ္ဘာကျော် ၀ီကီလိခ် (Wikileaks) ဟူသည့် ၀က်ဘ်ဆိုက်ကို တည်ထောင်ထားသူ ဖြစ်ပါ၏။ ယခုအခါ သူ့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပုဂ္ဂိုလ်များ မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်ကုန်ကြရသည်မှာ လူတိုင်းအသိပင်ဖြစ်ပါ၏။

အနှီကွန်ပျူတာတစ္ဆေသရဲ ဂျူလီယန်အက်ဆန်း (Julian Assange) ကား ကမ္ဘာအနှံ့ရှိ အမေရိကန်သံရုံး အသီးသီးမှ ကန့်သတ်အဆင့်ရှိသော သံရုံးမှတ်တမ်းဆိုင်ရာ အချက်အလက်တို့ကို ထုတ်ပြန်လိုက်လေရာ မဟာလျှို့ဝှက်မှုတို့ ပေါက်ကွဲပွင့်အန် ထွက်ကျလာတော့ကာ မျက်နှာပူစရာတို့ ဖြစ်လာကြရချေကပြီ။ ဂျူလီယန်အက်ဆန်း (Julian Assange)ကား သူ့၌ အချက်အလက်ပေါင်း နှစ်သိန်းခန့်ရှိကြောင်းနှင့် ယခု ထုတ်ပြန်ဖွင့်ချလိုက်သည်မှာ ထောင်ဂဏန်းမျှသာရှိသေးကြောင်း ခပ်တင်းတင်း ဆိုလိုက်ချေသောအခါ ကမ္ဘာ့ထိပ်သီးပုဂ္ဂိုလ်တို့ ပို၍သာလျှင် ပြူးတူးပျာတာ ဖြစ်ကြရကုန်ပါ၏။ မိုက်ပါပေ့ အသင် ဂျူလီယန်အက်ဆန်း (Julian Assange) ငဲ့လေ။ ထား။

ကျွန်ုပ်ကား ထိုအနှီ ဂျူလီယန်အက်ဆန်းနှင့် ပတ်သက်၍ အခိုက်ကြီးခိုက်၊ အကြိုက်ကြီးကြိုက်သွားမိသော အချက်တစ်ချက် ရှိပါ၏။ ယင်းမှာ အခြားမဟုတ်။ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်သော အကျင့်။ ကြည့်စမ်းပါလေ ထိုဝီကီလိခ် ၀က်ဘ်ဆိုက်၏ ဦးဆောင်ပုဂ္ဂိုလ် ထိုလူရွယ်ကလေးသည် ဆံပင်ညှပ်ဆိုင်သို့ ဘယ်သောအခါမျှ မသွားပါလေတဲ့။ ဆံပင်ညှပ်ဆိုင်၌ နာရီဝက် တစ်နာရီ ထိုင်နေရခြင်းသည် အချိန်ကုန်သည် ဟူသတတ်။ သို့ဖြစ်ရာ သူသည် ဆံသဆရာကို အိမ်သို့ခေါ်၍ ညှုပ်လေ့ရှိပြီး ခေါင်းအညှပ်ခံနေရစဉ် ထိုပုဂ္ဂိုလ် လုပ်ကိုင်ဆောင်ရွက်နေသည်က ကွန်ပျူတာကီးဘုတ် (Key board) ပေါ်၌ လက်ကလေးများကို ပြေးလွှားဆော့ကစားနေခြင်းဟူလို။

ကျွန်ုပ် ဤစာလွှာ ပထမကနဦး၌ ကြိုက်သွားပြီ၊ ကြိုက်သွားပြီနှင့် သုံးကြိမ်တိတိ အော်ဟစ်မိကြောင်း ဖော်ပြထားခဲ့သည်မှာ ယင်း၎င်းအချက်ကြောင့် ဖြစ်ပါ၏။ ခေါင်းအညှပ်ခံရင်း ကွန်ပျူတာကိုင်နေမှတော့ တော်ပေတော့မပေါ့ဟု နှလုံးသွင်းမိကာ ကျွန်ုပ်သည်လည်း စာရေးဆရာပီပီ အချိန်ကို အအားမထားတော့ဘဲ ဘုတ်အုပ်စာပေများကို ဖတ်ရှုတော့အံ့ဟု သန္နိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တော့ကာ လက်တွေ့အကောင်အထည် ဖော်မိခဲ့ပါတော့၏။

စဉ်းငယ်ခန့် မျှဝေပါရစေ။

ကျွန်ုပ်ကား အချိန်ကို အကျိုးရှိရှိ အသုံးချကာ ဂျူလီယန်အက်ဆန်းပမာ ကျင့်ကြံတော့ပေအံ့ဟု ဆုံးဖြတ်ပြီးသည့် နေ့မှစကာ ကျွန်ုပ်၏ သွားလေရာပါသော ဘက်အိတ် (BAG)ထဲ၌ ဘုတ်အုပ်အထူကြီးများကို ထည့်၍ ယူဆောင်သွားပြီးလျှင် အချိန်ရလျှင်ရသလို ဖတ်ရှုလေ့လာ၍သာ နေတော့ပါ၏။ ကျွန်ုပ်သည် အမေရိကန် စာရေးဆရာမ မာဂရက်မစ်ချယ်(Margaret Michell) ၏ Gone with the wind ခေါ် လေရူးသုန်သုန် ဘုတ်အုပ်ကြီးကို ရွှေဂုံတိုင်မီးပွိုင့်၌ ဘတ်စ်ကား မီးနီမိ၍နေစဉ် ဖတ်ပစ်လိုက်၏။ အနို့အတူ ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း၏ War and Peace ခေါ် စစ်နှင့် ငြိမ်းချမ်းရေး ဘုတ်အုပ်ကြီးကိုလည်း လှည်းတန်းမီးပွိုင့်၌ မီးနီမိနေစဉ်တွင် ဖတ်ရှုပစ်လိုက်ခဲ့ခြင်း ဖြစ်ပါ၏။ ဆရာကြီး ရွှေဥဒေါင်း၏ ဘ၀တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ကို တယ်လီဖုန်း Bill ဆောင်ရန် စောင့်ဆိုင်းနေစဉ်၊ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုများကို တာမွေဈေးမှတ်တိုင်၌ ဘတ်စ်ကားရပ်ထားစဉ်၊ စာရေးဆရာမ M.M.Kaye ၏ Far Pavilione ခေါ် ရွှေပြည်တော်မျှော်တိုင်းဝေး ဘုတ်အုပ်ကြီးကို မီတာခပေးရန် စောင့်ဆိုင်းနေစဉ် စသည်၊ စသည်ဖြင့် အချိန် အလဟဿမထားဘဲ အသုံးချ ဖတ်ရှုပစ်ခဲ့ရာ စာပေဖတ်ရှုလေ့လာခြင်း လမ်းကြောင်းမှာ အတော့်ကိုပင်လျှင် ခရီးပေါက်၍ ပြီးမြောက်ခဲ့ပါချေ၏။

ဂျူလီယန်အက်ဆန်းတစ်ယောက် ကွန်ပျူတာကိုင်ရင်းနှင့် ဆံပင်အညှပ်ခံသလို အချိန်ကို အကျိုးရှိရှိ အသုံးချခြင်းဖြင့် ပေါက်မြောက်ထူးချွန်သော ဘ၀သို့ မဆိုင်းမတွ ရောက်ရှိသွားနိုင်ပါကြောင်း ကျွန်ုပ်၏ ကိုယ်တွေ့ကို အခြေခံကာ တင်ဆက်ခဲ့ရပါကြောင်းဟူလို။

[ဂျက်ကွမ်းခြံကုန်း၏ ကူးတို့ဆိပ်ကမှို့အိတ် စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်] 

 
Web Statistics