Monday, August 26, 2013
မင်္ဂလသုတ် ပါဠိတော် နိဒါန်း (BLESSINGS Introduction)
Posted by Ko Nyan Posted Time 10:30 AM 0 Comment(s)
Labels ဗဟုသုတ-Knowledge, ဘာသာရေး-Religious
Thursday, July 25, 2013
အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ရေးပတ်သက်၍ လတ်တလော ကျွန်တော်ဖတ်မိသော စာတစ်ပုဒ်
..............
.................
Posted by Ko Nyan Posted Time 7:11 AM 1 Comment(s)
Monday, July 22, 2013
ဝါဆိုလပြည့် (ဓမ္မစကြာနေ့)
Posted by Ko Nyan Posted Time 10:51 AM 1 Comment(s)
Labels ဘာသာရေး-Religious, အထိမ်းအမှတ်နေ့များ
Wednesday, July 17, 2013
ဒီနေ့အတွက် သတင်းလူသား (ဇူလိုင် ၁၆၊ ၂၀၁၃)
Posted by Ko Nyan Posted Time 12:41 AM 0 Comment(s)
Labels ဘာသာရေး-Religious, သတင်း-News, နိုင်ငံရေး
Monday, July 15, 2013
မျိုးစောင့်ဥပဒေကို ဖတ်ဖူးစေချင်လို့ပါ
Posted by Ko Nyan Posted Time 10:00 AM 0 Comment(s)
Labels Myanmar, Political, ဘာသာရေး-Religious, မြန်မာ-Myanmar, နိုင်ငံရေး
Tuesday, July 02, 2013
ထောင်ချောက်ထဲ တိုးဝင်တော့မှာလား - သူရိန်လှိုင်ဝင်း
ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ မဟုတ်မမှန် ဝေဖန်ထားတဲ့ TIME မဂ္ဂဇင်းနဲ့ ပတ်သက်လို့လည်း NLD ထောက်ခံသူအချို့ရဲ့ သဘောထားဟာ ဗုဒ္ဓဘာသာဝင်အများစု တုံ့ပြန်တဲ့ သဘောထားကို ဆန့်ကျင်နေပြန်တယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင် ၈၅ ရာခိုင်နှုန်းကျော် နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ TIME မဂ္ဂဇင်းရဲ့ စွပ်စွဲဝေဖန်မှုတွေဟာ ဦးဝီရသူ တစ်ယောက်တည်းသာမဟုတ်ဘဲ အခြားဗုဒ္ဓဘာသာများကိုပါ နှိမ့်ချသလို ဖြစ်နေတယ်။ ဒီအတွက် ဗုဒ္ဓဘာသာဝင်အများစုဟာ မကျေမနပ်နဲ့ ဆန့်ကျင်ကန့်ကွက်ကြတယ်။ ဒါပေမယ့် ဒီတစ်ခါမှာလည်း NLD ထောက်ခံသူတွေဟာ မလိုလားအပ်တဲ့ ထိပ်တိုက်ရင်ဆိုင်မှု တစ်ခုကိုပြုလုပ်ပြီး TIME မဂ္ဂဇင်းကို အားပေးထောက်ခံခဲ့ကာ TIME မဂ္ဂဇင်းကို ကန့်ကွက်တဲ့ Campaign ကိုတောင် ရှုတ်ချပြစ်တင်ခဲ့တယ်။ TIME ကိုကန့်ကွက်ခဲ့ကြတာဟာ ဦးဝီရသူကို ထိခိုက်တာ တစ်ချက်တည်းကြောင့် မဟုတ်ပါဘူး။ နောက်ကွယ်က အကြောင်းရင်းတွေကို မဖော်ပြဘဲ ဗုဒ္ဓဘာသာကိုသာ သေးသိမ်အောင် စော်ကားတဲ့ ပုတ်ခတ်မှုတွေကြောင့်လည်း ပါပါတယ်။ မြန်မာနိုင်ငံဟာ ဘာသာရေးအရ ယုံကြည်မှုပြင်းထန်ပြီး လူဦးရေသိပ်သည်းဆလည်း များလွန်းတဲ့ နိုင်ငံတွေကြားက တစ်နိုင်ငံပါ။ ဒီလိုအချိန်မှာ လုံးဝ ဘာသာရေး အမျိုးသားရေးမပါတဲ့ နိုင်ငံရေးဆိုတာဟာ မဖြစ်နိုင်သေးဘူး။ ဒီအတွက် ညှိနှိုင်းယူရမယ့်အစားကို လစ်ဘရယ်လို့ ယူဆထားတဲ့ NLD ထောက်ခံသူတွေဟာ Total Secularism ကိုင်တွယ်ပြီး အမျိုးသားရေးဝါဒီတွေအပေါ်မှာ အပြင်းအထန် တိုက်ခိုက်နေတာဟာ လူထုအားတွေ အများကြီး ဆုံးရှုံးသွားနိုင်တဲ့အတွက် နိုင်ငံရေးအရ ပါးရည်နပ်ရည် မရှိဘူး ဆိုရမယ်ထင်တယ်။ လစ်ဘရယ်တွေဟာ တချို့ကိစ္စတွေမှာ လက်ရှောင်နေသင့်တဲ့အစား မိုက်မိုက်ကန်းကန်းကို ပြည်သူနဲ့ ထိပ်တိုက်တွေ့နေတယ်။
အတိုက်အခံဟာ တိုင်းရင်းသားအရေးတွေနဲ့ ပတ်သက်လို့ ထောင်ချောက်တစ်ခု မိခဲ့တယ်။ အစိုးရစီမံကိန်းတွေနဲ့ ပတ်သက်လို့ ထောင်ချောက်တစ်ခုမိတယ်၊ နောက်တစ်ခါ ခိုးဝင်ဘင်္ဂါလီအရေးနဲ့ ပတ်သက်လို့ ထောင်ချောက်တစ်ခု ထပ်မိပြန်တယ်။ အခုချိန်ထိတော့ အတိုက်အခံဟာ ဒီထောင်ချောက်တွေ အပေါ်မှာ ခံနိုင်ရည် ရှိသေးတယ်။ လူထုအားကို ရထားတဲ့ အဓိကပါတီကြီး တစ်ခုအဖြစ် ဆက်လက် ရပ်တည်နေသေးတယ်။ ဒါပေမယ့် ကိစ္စတစ်ခု ဖြစ်ပြီးတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်မှာ ယုံကြည်ထောက်ခံမှုတွေ ကျကျလာတာကို တွေ့မြင်နိုင်မှာပါ။ NLD ဟာ ၂၀၁၅ မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ချင်တယ်ဆိုရင် ဒါတွေကို သတိပြုမှဖြစ်လိမ့်မယ်။ ဒီထောင်ချောက်တွေ အကုန်လုံးဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ရဲ့ Landslide အနိုင်ရလိုက်ခြင်းကြောင့် ၂၀၁၅ မှာ NLD အပေါ် တရားနည်လမ်းနဲ့ အသာရလာဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို သိသွားတဲ့အချိန်ကစပြီး ဖြစ်လာရတာပါ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ဖြေရှင်းရခက်တဲ့ အကြီးမားဆုံး ထောက်ချောက်တစ်ခုနဲ့ ကြုံတွေ့နေရပါပြီ။ အခုလို အမျိုးသားရေးဝါဒကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် လူကြိုက်နည်းအောင် လုပ်လာတာဟာ ထောင်ချောက်တစ်ခု ဖြစ်တယ်ဆိုတာ အသိသာကြီးပါ။ လက်ရှိမှာလည်း NLD လစ်ဘရယ်များနဲ့ အမျိုးသားရေးဝါဒီတွေအကြား အတော်ကြီးကို အမုန်းပွားနေကြပြီ။ အမျိုးသားရေးဝါဒီတွေအနေနဲ့ NLD အပေါ် ထောက်ခံမှု ကျဆင်းလာနေပြီ။ ဒီအချိန်မှာ NLD အနေနဲ့ ထောင်ချောက်တိုင်းကို ငါအင်အားကြီးတာပဲဆိုပြီး တိုးလို့မရနိုင်ဘူး။ အခုလည်း ဒီအမျိုးသားရေး ထောင်ချောက်ကို NLD ဟာ သိသိကြီးနဲ့ ၀င်တိုးနေပြန်တယ်။ စည်းရုံးညှိနှိုင်း လုပ်ဆောင်ရမယ့်အစား NLD ဘက်တော်သားတွေဟာ အမျိုးသားရေးဝါဒီတွေအပေါ်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတယ်။ အထူးသဖြင့်တော့ သံဃာတော်တွေ အပေါ်မှာပါ စော်ကားမှုတွေ ပြုလုပ်လာခြင်းက NLD အနေနဲ့ ထောင်ချောက်ထဲကို တိုးဝင်နေတယ်ဆိုတာကို ပိုသိသာလာတယ်။ အာဏာရှင်တွေ ကိုင်အသုံးချနေတဲ့ အမျိုးသားရေးဝါဒအပေါ် လျှော့တွက်လိုက်ခြင်းဟာ NLD ကျဆုံးခန်း ဖြစ်သွားဖို့အတွက် လမ်းစဖြစ်သွားမှာကို တကယ်စိုးရိမ်မိတယ်။ ကျွန်တော်ဟာ လူမှန်းသိတတ်စ အရွယ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီအပေါ်မှာ စိတ်ရောကိုယ်ပါ နှစ်သက်သဘောကျခဲ့သူ တစ်ယောက်ပါ။ ကျွန်တော်ဟာ နိုင်ငံရေး ကျွမ်းကျင်သူတစ်ယောက် မဟုတ်ပါဘူး၊ ဘာသာရေး ကျွမ်းကျင်သူတစ်ယောက်လည်း မဟုတ်ပါဘူး။ ဒီအဖြစ်အပျက်တွေ၊ ဒီအကြောင်းအရာတွေဟာ လူငယ်တစ်ယောက်အနေနဲ့ မြင်မိတဲ့အရာတွေပါ။ ဒါပေမယ့် ကျွန်တော်လို လူငယ်တစ်ယောက်တောင် တွေ့မြင်နိုင်တဲ့ NLD ကို မဲဖယ်နေတာ သိသာလွန်းတဲ့ ထောင်ချောက်တွေကို ဘာ့ကြောင့် NLD နဲ့ NLD ဘက်တော်သားတွေ သိသိကြီး တိုးဝင်နေတာလဲ ဆိုတာကိုတော့ တကယ်နားမလည်နိုင်ဘူး။
အမျိုးသားရေးဝါဒီဆိုတာ နိုင်ငံတိုင်းမှာ ရှိမှာပါပဲ။ အမေရိကန်ကို ဒီမိုကရေစီ ရှေ့ဆောင်နိုင်ငံအဖြစ် သတ်မှတ်မယ်ဆိုရင် အမေရိကန်က ရီပတ်ပလေကန်တွေဟာ အမျိုးသားရေးဝါဒီတွေ များတယ်ဆိုတာ အသိသာကြီးပါ။ ဒါပေမယ့် သူတို့တိုင်းပြည်အတွက် ညှိနှိုင်းဆောင်ရွက်နေကြတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ဘက်နှစ်ဘက် ရှိနေတယ်ဆိုပေမယ့် အဓိကက နိုင်ငံအတွက်ဆိုတဲ့ ရည်ရွယ်ချက်ရှိရင် ကျန်တဲ့ မတူညီတာတွေကို ညှိနှိုင်းအဖြေရှာရမှာပါ။ ဒါပေမယ့် တစ်ဘက်တော့ ပြုတ်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အခုလိုမျိုး သံဃာတော်တွေ အပါအ၀င် အမျိုးသားရေးဝါဒီတွေအပေါ် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေပြုလုပ်ရင်း အစွန်းရောက်တွေအဖြစ် ပုံဖော်လာနေတဲ့ NLD ရဲ့ ဘက်တော်သားတွေကြောင့် NLD ဟာ ပုံရိပ်ထိခိုက်လာနိုင်ပါတယ်။ ပြည်သူတွေနဲ့ ထိပ်တိုက်တိုးလာနိုင်တယ်။ ဒါဆိုရင် ၂၀၁၅ အတွက် NLD ရဲ့ မျှော်လင့်ချက်ဟာ ထိခိုက်သွားနိုင်တဲ့အတွက် NLD အနေနဲ့ ထောင်ချောက်ထဲကို မတိုးဝင်သွားဖို့ မျှော်လင့်ပါတယ်။
Source: https://www.facebook.com/thurein.hlaingwin
Posted by Ko Nyan Posted Time 9:10 AM 0 Comment(s)
Labels Internet, ဘာသာရေး-Religious, နိုင်ငံရေး
Monday, June 24, 2013
ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းနေသောအခါ
When Buddhist Go Bad
By Hannah Beech (Monday, July 1, 2013)
(တိုက်ရိုက် ဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သွေးပူနေကြပါတယ်။ ဒါ့အပြင် များစွာသော မွတ်စလင်သွေးတွေလည်း မြေခခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်းက ဗုဒ္ဓဘာသာဝင် လူရမ်းကားအုပ်စုတွေဟာ လူနည်းစုဘာသာဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ မူဆလင်တွေ ဆယ်ဂဏန်းလောက် သေဆုံးခဲ့ရတယ်လို့ ပြောသော်လည်း နိုင်ငံတကာလူ့အခွင့်အရေး လုပ်ဆောင်သူတွေကတော့ သေဆုံးခဲ့တဲ့ အရေအတွက် ရာဂဏန်းအထိရှိတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ အဆိုပါ အကြမ်းဖက်မှု အများစုဟာ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားခဲ့တာပါ။ ရိုဟင်ဂျာ ဆိုတာကတော့ မြန်မာနိုင်ငံရဲ့ အနောက်ပိုင်း အစွန်အဖျားမှာ နေထိုင်တဲ့ နိုင်ငံမဲ့ မွတ်စလင်လူမျိုးစုဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂကနေ ယုံကြည်မှုအရ နှိပ်စက်ခံရဆုံး လူမျိုးစုအဖြစ် သတ်မှတ်ခံထားရသူတွေပါ။ ထိုကဲ့သို့ သွေးထွက်သံယို အကြမ်းဖက်မှုတွေဟာ ဦးဝီရသူ နေထိုင်ပြီး သွေးထိုးလှုံ့ဆော်တဲ့တရားတွေ ဟောကြားနေခဲ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းအထိ ပျံ့နှံ့လာခဲ့ပါတယ်။ အစွန်းရောက် ဘုန်းကြီးတွေဟာ သန်း ၆၀ သော မြန်မာပြည်သူရဲ့ ၅ ရာခိုင်နှုန်းရှိတဲ့ မွတ်စလင်တွေကို နိုင်ငံနဲ့ယဉ်ကျေးမှုကို ခြိမ်းခြောက်နေသူအဖြစ် ရှုမြင်ကြပါတယ်။ ''မွတ်စလင်တွေရဲ့ မွေးဖွားနှုန်းဟာ အရမ်းကိုလျင်မြန်ပြီး ကျွနု်ပ်တို့ရဲ့ သမီးပျိုတွေကို ခိုးယူနေကြပါတယ်။ အဓမ္မကျင့်ကြံနေကြပါတယ်'' ဟု ဦးဝီရသူက စာရေးသူကို ပြောပြပါတယ်။ ''သူတို့တွေက ကျွန်ုပ်တို့ရဲ့ နိုင်ငံကို သိမ်းပိုက်ဖို့ ကြံရွယ်နေကြပါတယ်။ ဒါကို လက်သင့်မခံနိုင်ပါဘူး။ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ဆက်လက်ထိန်းသိမ်းထားရမှာပါ''
ဒီလိုအမုန်းစကားတွေဟာ လူမျိုးစု ၁၃၅ ခုကျော် နေထိုင်နေပြီး ရာစုနှစ်ဝက်ခန့် အာဏာရှင်စနစ်ရဲ့ ချုပ်ကိုင်မှုကနေ မကြာသေးမီကမှ လွတ်မြောက်လာတဲ့ နိုင်ငံတစ်ခုရဲ့ ထိရှလွယ်တဲ့ နိုင်ငံရေးစနစ်ကို ခြိမ်းခြောက်နေပါတယ်။ အာဏာရှင် လက်ထက်တုန်းကပင် ပြဋ္ဌာန်းမှုမရှိခဲ့တဲ့ တစ်မိသားစုကို ကလေး ၂ ယောက်သာ ယူခွင့်ရှိသည်ဆိုသည့် ပိတ်ပင်မှုကို အချို့သော အစိုးရအရာရှိတွေက ရိုဟင်ဂျာမိသားစုတွေအပေါ် ပြဋ္ဌာန်းဖို့ ကြိုးစားနေကြပါတယ်။ နိုင်ငံရဲ့ မြောက်ဖျားပိုင်းမှာ နေထိုင်တဲ့ ခရစ်ယာန်လူမျိုးစုတွေရဲ့အဆိုအရ အစိုးရစစ်တပ်နဲ့ ခရစ်ယာန်အများစုပါဝင်တဲ့ ကချင်လက်နက်ကိုင်တွေကြားက တိုက်ပွဲတွေဟာ ဘာသာရေးမတူညီမှုကနေ ပေါက်ဖွားလာတယ်လို့ သိရပါတယ်။
အစွန်းရောက်ဗုဒ္ဓ၀ါဒဟာ အာရှရဲ့ ဒေသအများစုမှာ ပေါ်ထွက်လာနေပါတယ်။ ယခုနှစ် သီရီလင်္ကာမှာ ထိပ်တန်းအစိုးရ အရာရှိတွေနဲ့ နီးစပ်တဲ့ အမျိုးသားရေး ဗုဒ္ဓ၀ါဒီအုပ်စုတွေဟာ သြဇာကြီးမားလာပြီး ဘုန်းတော်ကြီးတွေကနေ မွတ်စလင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးဖို့ လှုံ့ဆော်လာကြပါတယ်။ ၂၀၀၄ ခုနှစ်ကစလို့ လူပေါင်း ၅၀၀၀ လောက် သေဆုံးခဲ့ရတဲ့ မွတ်စလင် သောင်းကျန်းမှုတွေရှိတဲ့ ထိုင်းနိုင်ငံ တောင်ဘက်ဖျားမှာလည်း ထိုင်းစစ်တပ်က အရပ်သားတွေကို ပြည်သူ့စစ်အဖြစ် သင်တန်းပေးခဲ့ပြီး ဘုန်းကြီးတွေ ဆွမ်းခံထွက်တဲ့အချိန်မှာ ဘေးကနေ ၀န်းရံပေးကြပါတယ်။ ဒီလိုမျိုး လုပ်ဆောင်ဖို့အတွက် သူတို့ရဲ့ယုံကြည်မှုက တောင်းဆိုနေပါတယ်။ အဆိုပါ စစ်သားတွေနဲ့ (လက်နက်သယ်ဆောင်တဲ့) အချို့ဘုန်းကြီးတွေဟာ ထိုင်းနိုင်ငံရှိ လူနည်းစု မွတ်စလင်တွေကို ဖယ်ကျဉ်ထားသလို ပိုမို ခံစားရစေပါတယ်။
အဲဒီ့နိုင်ငံတွေမှာ အစွန်းရောက်ဗုဒ္ဓ၀ါဒ ပေါ်ထွက်လာတဲ့ သမိုင်းကြောင်း သီးခြားစီရှိသော်လည်း များပြားလာတဲ့ အင်တာနက် အသုံးပြုမှုတွေကြောင့် ဖေ့ဘုတ်နဲ့ တွစ်တာမှတစ်ဆင့် တစ်ဖက်သတ် အမုန်းပွားမှုတွေနဲ့ ကောလာဟလတွေ ပိုမိုလျင်မြန်စွာ ပျံ့နှံ့လာပါတယ်။ အကြမ်းဖက်မှုတွေဟာ အလွယ်တကူပင် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ကူးစက်လာပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား သိန်းနဲ့ချီရှိနေတဲ့ မလေးရှားနိုင်ငံမှာ ဇွန်လအတွင်းက ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားအချို့ အသတ်ခံရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အသတ်ခံရတဲ့အတွက် လက်စားချေမှုလည်း ဖြစ်နိုင်ပါတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောခဲ့ပါတယ်။
ဘာသာရေး အစွန်းရောက်မှုတွေ စတင်ပေါ်ထွက်လာခဲ့တဲ့ ကာလတုန်းက ဟိန္ဒူအမျိုးသားရေးဝါဒီတွေ၊ မွတ်စလင် စစ်သွေးကြွတွေ၊ အစွန်းရောက် ခရစ်ယာန်တွေနဲ့ ရှေးရိုးစွဲ ဂျူးတွေ ထွန်းကားခဲ့တဲ့အချိန်မှာ ဗုဒ္ဓဘာသာဟာ အဆိုပါစက်ကွင်းကနေ လွတ်မြောက်နေခဲ့ပါတယ်။ ကမ္ဘာ့အသိုင်းအ၀ိုင်းအတွက်တော့ အကြမ်းမဖက်ရေး၊ မေတ္တာထားရေးတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်က ပွင့်ထွန်းခဲ့တဲ့ ဂေါတမမြတ်စွာဘုရားရဲ့ အဆုံးအမတွေကနေ ပေါ်ထွက်ခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ အဓိပ္ပါယ် တစ်ထပ်တည်းကျခဲ့ပါတယ်။ ဒါပေမယ့် အခြားဘာသာဝင်တွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘုန်းကြီးတွေဟာလည်း နိုင်ငံရေးနဲ့ ဂိုဏ်ဂဏစွဲ အချောင်သမားဝါဒရဲ့ လွှမ်းမိုးမှုကို မလွန်ဆန်နိုင်ခဲ့ပါဘူး။
အာရှဟာ နယ်ချဲ့တွေနဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်ခဲ့တဲ့ အချိန်တုန်းက ဗုဒ္ဓဘာသာ ဘုန်းကြီးတွေဟာ သူတို့ရဲ့ သြဇာနဲ့ များပြားတဲ့အရေအတွက်ကို အသုံးပြုပြီး နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ကြဖူးပါတယ်။ အချို့သော ဘုန်းကြီးတွေဟာ နယ်ချဲ့ဆန့်ကျင်ရေးအတွက် အသားအရေ ချုံးချုံးကျတဲ့အထိ အစာငတ်ခံကာ အသက်စတေး ခဲ့ကြဖူးပါတယ်။ အထင်ရှားဆုံးလို့ ခေါ်ဆိုနိုင်တဲ့ လုပ်ဆောင်မှုတစ်ခုကတော့ လွန်ခဲ့တဲ့ နှစ် ၅၀ က တောင်ဗီယက်နမ် အစိုးရရဲ့ ဖိနှိပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဆေးဂုံမြို့မှာ ဘုန်းတော်ကြီး Thich Quang Duc ရဲ့ တင်ပလ္လင်ခွေထိုင်ပြီး မိမိကိုယ်ကို ဓာတ်ဆီလောင်းပြီး မီးရှို့ကာ အသေခံဆန္ဒပြမှုပဲ ဖြစ်ပါတယ်။ ၂၀၀၇ ခုမှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဦးဆောင်ခဲ့ကြပါတယ်။ အဆိုပါ ဘုန်းတော်ကြီးတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်သားတွေကလွဲလို့ အဲဒီ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သပိတ်မှောက် ဆန္ဒပြမှုကို ကမ္ဘာတစ်ဝှန်းလုံးရဲ့ စာနာမှုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် လူမှုလှုပ်ရှားမှုတွေ အဆုံးသတ်ချိန်မှာ နိုင်ငံရေး စစ်သွေးကြွမှုတွေ ပေါ်ထွက်လာပါသလား။ ဘယ်ဘာသာရေးမဆို ၎င်းရဲ့အခြေခံမူဝါဒတွေနဲ့ ဆန့်ကျင်တဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုခံသွားရရင် အဖျက်အင်အားတစ်ရပ်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အခုအချိန်ဟာ ဗုဒ္ဓဘာသာရဲ့အလှည့် ရောက်လာပါပြီ။
အမုန်းမန္တန်
မန္တလေးမြို့ရှိ မစိုးရိမ်တိုက်သစ်တွင် တင်ပလ္လင်ခွေ ချိတ်ထိုင်လျက် လူအရွယ် ၎င်း၏ဓာတ်ပုံများ ချိတ်ထားသော နံရံရှေ့ စင်မြင့်ပေါ်မှ ဦးဝီရသူက သူ၏ကမ္ဘာ့အမြင်ကို ပြောပြခဲ့ပါတယ်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ အနက်ရောင် မွတ်စလင်သွေး စွန်းနေတဲ့သူ ဖြစ်ပါတယ်။ ကုလသမဂ္ဂကို အာရပ်တွေက လွှမ်းမိုးထားတယ်လို့ သူယုံကြည်ပါတယ်။ ဒါပေမယ့်လည်း အာရပ် အကြမ်းဖက်သမားတွေနဲ့ သူ့ကိုယ်သူ နှိုင်းယှဉ်ပြတာကိုတော့ အပြစ်မမြင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ မွတ်စလင် ၉၀ ရာခိုင်နှုန်းလောက်ဟာ အစွန်းရောက်လူဆိုးတွေ ဖြစ်တယ်လို့ ဦးဝီရသူက ပြောပါတယ်။ ၎င်းဟာ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့လို့ ၂၀၀၃ ခုနှစ်က ထောင်ဒဏ်ချခံရဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အခုအချိန်မှာ ဗုဒ္ဓရဲ့ ဂုဏ်ရည်တွေကို ဖော်ညွှန်းတဲ့ သင်္ကေတဖြစ်တဲ့ ၉၆၉ ဆိုတဲ့ နံပါတ်ကို အသုံးပြုပြီး လှုပ်ရှားမှုတစ်ခုကို ခုချိန်မှာ ဦးဆောင်လုပ်ကိုင်နေပါတယ်။ အဲဒီလှုပ်ရှားမှုဟာ ဗုဒ္ဓဘာသာဝင်အားလုံး သွေးစည်းညီညွတ်ဖို့ လှုံ့ဆော်နေပါတယ်။ ''အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ရေးဟာ ဒီမိုကရေစီရေးထက် ပိုပြီးအရေးကြီးတယ်လို့'' သူက ပြောပါတယ်။
ဦးဝီရသူကို သာမန်ပညာမတတ်ဘဲ မွေးချင်း ၈ ယောက်မှာ မိဘက ငွေကြေးမတတ်နိုင်လို့ ဘုန်းကြီးကျောင်းမှာ ကြီးပြင်ခဲ့ရသူ တစ်ယောက်အနေနဲ့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် ဦးဝီရသူဟာ သြဇာကြီးမားပြီး သူ့ရဲ့ဟောကြားချက်တွေဟာ လူအများကြား ပျံ့နှံ့နေပါတယ်။ နိုင်ငံရဲ့ လူများစု ဗမာလူမျိုးတွေနဲ့ ဗုဒ္ဓဘာသာဝင် အာရှနိုင်ငံတွေကြားမှာ ၎င်းတို့ရဲ့ ဘာသာကို အခြားဘာသာတွေက တိုက်ခိုက်နေတယ်ဆိုတဲ့ ခံစားချက်လေးတစ်ခု ရှိနေပါတယ်။ ယခင် ဗုဒ္ဓဘာသာနိုင်ငံတွေ ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတို့ဟာ အခုအချိန်မှာ အစ္စလာမ်နိုင်ငံတွေ ဖြစ်နေကြပါပြီ။ ဒါ့ကြောင့် တခြား ဗုဒ္ဓဘာသာနိုင်ငံတွေလည်း အလားတူ ကြုံတွေ့ရမယ်လို့ ထင်မြင်နေကြပါတယ်။ သက်သေအထောက်အထား မရှိသည့်တိုင်အောင် အမျိုးသားရေး ဗုဒ္ဓ၀ါဒီတွေဟာ ဒေသခံမွတ်စလင်တွေရဲ့ လူဦးရေတိုးပွားနှုန်းဟာ ၎င်းတို့ရဲ့ မွေးဖွားနှုန်းထက် အဆမတန် များပြားမြန်ဆန်နေပြီး အရှေ့အလယ်ပိုင်းဒေသက ပိုက်ဆံအထောက်အပံ့တွေက ဗလီသစ်တွေ တည်ဆောက်ဖို့ ပံ့ပိုးနေတယ် ဆိုတာတွေကို စိုးရိမ်နေကြပါတယ်။
၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ခဲ့ပြီး စစ်အာဏာရှင်က စစ်တပ်တစ်မတ်သား အစိုးရစနစ်ကို တည်ထောက်ပေးခဲ့ချိန်ကစလို့ ပြည်သူအနည်းစုသာ စစ်တပ်ရဲ့ ဖိနှိပ်ခဲ့မှုတွေအတွက် အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီလိုလုပ်ဆောင်မှုဟာ ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ်သည်းခံမှုကို ပြသနေတာပါပဲ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ဖြစ်ပေါ်စေမယ့် အစွန်းရောက် ၀ါဒတွေကို ပျိုးထောင်ပေးမိပါတယ်။ ဒီပြဿနာဟာ ယခင်နှစ်က မြန်မာနိုင်ငံ အနောက်ဘက်အစွန်းကနေ စတင်ခဲ့တာပါ။ အဲဒီမှာ ဖြစ်ပျက်ခဲ့တဲ့ မွတ်စလင်တွေနဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင်တွေကြားက အကြမ်းဖက်မှုတွေကြောင့် မွတ်စလင်အများစုနဲ့ ဗုဒ္ဓဘာသာဝင် အနည်းငယ်ရဲ့ အသက်အိုးအိမ်တွေ ပျက်စီးခဲ့ရပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ရဲ့ အစီရင်ခံစာအရ ဓားကိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ရိုဟင်ဂျာကျေးရွာတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ကျေးရွာတစ်ခုတွင် မွတ်စလင် အယောက် ၇၀ ကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဒီသွေးထွက်သံယို အကြမ်းဖက်မှုတွေဟာ အစိုးရရဲ့ အထိန်းအကွပ်မရှိဘဲ နိုင်ငံရဲ့ အခြားဒေသတွေကိုပါ ဆက်လက်ပျံ့နှံ့ခဲ့ပါတယ်။ မတ်လအတွင်းမှာ ဆယ်ဂဏန်းထက် မနည်းတဲ့လူတွေ အသတ်ခံရပြီး ထောင်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို ဗလီတွေလည်း မီးရှို့ခံခဲ့ရပါတယ်။ ကလေးတွေကို ခုတ်ထစ်သတ်ဖြတ်တာတွေ အမျိုးသမီးတွေကို မီးရှို့သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ကြပါတယ်။ အချို့ကိစ္စတွေမှာ ဘုန်းကြီးတွေကိုယ်တိုင် သွေးဆူနေတဲ့ ဗုဒ္ဓဘာသာဝင်တွေကို လှုံ့ဆော်နေတာ တွေ့ခဲ့ကြရပါတယ်။
မတ်လကုန်လောက်မှာ မိတ္ထီလာမြို့ရဲ့ အဝေးပြေးကားဝင်းအနီးမှာ နေ့ပေါင်းများစွာကြာအောင် မီးရှို့ဖျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။ ဘုန်းတော်ကြီးတစ်ပါး အသတ်ခံရပြီးတဲ့နောက်မှာ မွတ်စလင်ရပ်ကွက်တွေကို ဗုဒ္ဓဘာသာဝင် လူအုပ်တွေက ၀င်ရောက်ဖျက်ဆီးခဲ့ပါတယ်။ (တရားဝင် ထုတ်ပြန်ချက်များအရ ဗုဒ္ဓဘာသာဝင် နှစ်ဦးနဲ့ မွတ်စလင် အယောက် ၄၀ အသတ်ခံရတယ်လို့ သိရပါတယ်။) မွတ်စလင် ထောင်ပေါင်းများစွာကိုတော့ ဒုက္ခသည်စခန်းတွေအတွင်း ထားရှိခဲ့ပြီး သတင်းထောက်တွေ ၀င်ခွင့်မရရှိခဲ့ပါဘူး။ ကျွန်မက ၁၅ နှစ်အရွယ် Abdul Razak Shahban ရဲ့ မိသားစုနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ အဆိုပါ ၁၅ နှစ်သားဟာ အသတ်ခံရတဲ့ ဒေသခံကျောင်းသား အယောက် ၂၀ ထဲက တစ်ဦးဖြစ်ပါတယ်။ ရာဇတ်ကိုယ်တိုင်လည်း သူ့ရဲ့ခေါင်းကို သံချွန်နဲ့ အရိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ ''ကျွန်မသားဟာ မွတ်စလင်ဖြစ်လို့ အသတ်ခံရတာပါ။ တခြားဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။'' ဟု ရာဇတ်ရဲ့ မိခင်က ဗလီတစ်ခုရဲ့ ပြာပုံဘေးမှာ ပြောကြားခဲ့ပါတယ်။
ဘုန်းကြီးကျောင်းနဲ့ နိုင်ငံတော်အစိုးရ
အစ္စလာမ်ကို လက်စားချေလိုစိတ်နဲ့ ဗုဒ္ဓဘာသာ လွှမ်းမိုလိုမှုတို့ကြောင့် Bodu Bala Sena (BBS) ဆိုတဲ့ အဖွဲ့အစည်းကို သီရိလင်္ကာမှာ ထူထောင်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာအင်အားစု တပ်မတော်လို့ အဓိပ္ပါယ်ရတဲ့ အဆိုပါအဖွဲ့ဟာ သီရိလင်္ကာမှာ အင်အားအကြီးဆုံး ဗုဒ္ဓဘာသာ အဖွဲ့အစည်းတစ်ခု ဖြစ်လာပါတယ်။ ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ အဆိုပါအဖွဲ့ရဲ့ နှစ်ပတ်လည်ညီလာခံကို မြို့တော် ကိုလံဘိုအနီးမှာ ကျင်းပခဲ့ပြီး ဘုန်းကြီးအပါး ၁၀၀ ကျော်ကနေ ဦးဆောင်ပြီး မြို့ကိုလှည့်ပတ်ခဲ့ပါတယ်။ အခြားကိုးကွယ်သူတွေကလည်း သာသနာ့အလံတွေ ကိုင်ဆောင်ပြီး ညာလက်တွေကို ရင်ဖက်မှာကပ်ပြီး သာနာကိုကာကွယ်ဖို့ သစ္စာဆိုကြပါတယ်။ လွန်ခဲ့သည့် တစ်နှစ်ကျော်ကမှ တည်ထောင်ခဲ့သည့် ယင်းအဖွဲ့က ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ သီရိလင်္ကာမှာ ဗုဒ္ဓဘာသာ အမြစ်တွယ်ဖို့ လိုအပ်တယ်လို့ ခံယူထားပါတယ်။ ဒါ့အပြင် အစိုးရကျောင်းတွေမှာ ဘုန်းကြီးတွေကို သမိုင်းဘာသာရပ် သင်ကြားစေပြီး ဆာရီဝတ်ဆင်မှုကို ဥပဒေအရပိတ်ပင်ဖို့ တောင်းဆိုကြပါတယ်။ တကယ်တော့ သီရိလင်္ကာလူဦးရေရဲ့ ၉ ရာခိုင်နှုန်းဟာ မွတ်စလင်တွေ ဖြစ်ပါတယ်။ BBS ရဲ့ အထွေအထွေ အတွင်းရေးမှူးနဲ့ ဘုန်းကြီးဖြစ်သူ Galaboda Aththe Gnanasara Thero က နှစ်ပတ်လည်ညီလာခံတွင် ''ဒါဟာ ဗုဒ္ဓဘာသာအစိုးရ၊ ဒါဟာ ဗုဒ္ဓဘာသာနိုင်ငံတော်'' ဟု ပြောကြားခဲ့ပါတယ်။
BBS အဖွဲ့ဝင်တွေလို သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေက ၂၆ နှစ်ကြာ တမီးလ်အီလန် ဟိန္ဒူကျားသူပုန်တွေကို လွန်ခဲ့တဲ့ လေးနှစ်အကြာက ရှင်းလင်းပြီးတဲ့နောက်မှာ လူနည်းစု မွတ်စလင်နဲ့ ခရစ်ယာန်တွေဘက်ကို မြားဦးလှည့်လာပါတယ်။ ရှေးရိုးစွဲသမ္မတ Mahinda Rajapaksa ကို ၂၀၀၅ ခုနှစ်က ရွေးကောက်ခံရပြီးတဲ့အချိန်မှာ အစွန်းရောက် ဗုဒ္ဓ၀ါဒီ အုပ်စုတွေဟာ ပိုမိုအင်အားကြီးမားလာခဲ့ပါတယ်။ မကြာသေးမီ လများအတွင်းက သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာ မွတ်စလင်ပိုင် အထည်ဆိုင်၊ ခရစ်ယာန် သင်းအုပ်ဆရာပိုင် အိမ်နဲ့ မွတ်စလင် သားသတ်ရုံတစ်ခုကို ၀င်ရောက်စီးနင်းမှုများ ပါဝင်ပါတယ်။ ဘုန်းကြီးတွေကိုယ်တိုင် ဒီဖြစ်စဉ်တွေမှာ ပါဝင်ကြောင်း ရုပ်သံမှတ်တမ်းတွေ တွေ့ရှိသည့်တိုင်အောင် မည်သူ့ကိုမျှ အရေးယူခြင်း မရှိခဲ့ပါ။ တကယ်တော့ ဘုန်းကြီးကျောင်းတွေနဲ့ နိုင်ငံတော် အစိုးရဟာ သီရိလင်္ကာမှာ တစ်နေ့တစ်ခြား ပိုပြီးနီးကပ် လာနေပါတယ်။ ဘုန်းကြီးတွေ ကြီးစိုးတဲ့ ပါတီကိုယ်တိုင်က ညွန့်ပေါင်းအစိုးရတွင်းမှာ ပါဝင်နေပါတယ်။ မတ်လတွင်းက BBS က တည်ထောင်ထားတဲ့ Buddhist Leadership Academy ရဲ့ ဖွင့်ပွဲအခမ်းအနားမှာ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရသူဟာ ကာကွယ်ရေးဝန်ကြီး Gotabhaya Rajapaksa ဖြစ်နေပါတယ်။ သူက လက်ရှိသမ္မတနဲ့ ညီအစ်ကိုတော်စပ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဖွင့်ပွဲမှာ ''ဘုန်းကြီးတွေက အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက် နေတာပါ'' လို့ ပြောကြားခဲ့ပါတယ်။
ဆွမ်းနဲ့သေနတ်
ထိုင်းနိုင်ငံရဲ့ တောင်ဘက်အစွန်းပိုင်းက ဘုန်းကြီးတွေဟာ အကူအညီ လိုအပ်နေပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကြောင့် အချို့ဟာ ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေးတရားနဲ့ ဆန့်ကျင်လုပ်ဆောင် လာကြပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ် အစောပိုင်းက ထိုင်းနိုင်ငံကနေ မသိမ်းပိုက်ခင် အချိန်အထိ Pattani, Yala နဲ့ Narathiwat ဒေသတွေဟာ ယခင်က မလေးရှားနိုင်ငံရဲ့ လက်အောက်ခံ ဆူလတန်အဖြစ် ရှိနေခဲ့ပါတယ်။ အဲဒီဒေသတွေရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းဟာ မွတ်စလင်တွေ ဖြစ်ကြပါတယ်။ ၂၀၀၄ ခုနှစ်မှာ ခွဲထွက်ရေး လှုပ်ရှားမှုတွေ အင်အားကြီးမား လာချိန်မှာတော့ ဗုဒ္ဓဘာသာဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ရှိလာပါတယ်။ သူတို့တွေဟာလည်း အစိုးရနဲ့ ပတ်သက်တဲ့ ကျောင်းဆရာတွေ၊ စစ်သားတွေနဲ့ အခြားပြည်သူ့ဝန်ထမ်းတွေ ဖြစ်နေလို့ပါပဲ။ ဘုန်းကြီးတွေကိုလည်း တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ အခုချိန်မှာ ထိုင်းစစ်တပ်နဲ့ အခြားလုံခြုံရေး အင်အားစုတွေဟာ ဘုန်းကြီးကျောင်းတွေထဲကို ၀င်ရောက်နေရာ ယူထားကြပါတယ်။ ထို့အပြင် မနက်ပိုင်း ဆွမ်းခံထွက်ချိန်မှာ စစ်သားတွေက ဘုန်းတော်ကြီးတွေ ဘေးကနေ ခြံရံလိုက်ပါ ပေးကြပါတယ်။ ''ကျွန်တော်တို့မှာ ရွေးစရာ မရှိပါဘူး။ ဗုဒ္ဓဘာသာကို လက်နက်နဲ့ ခွဲခြားလို့ မရတော့ပါဘူး'' လို့ စစ်ဗိုလ်ဖြစ်သူ Sawai Kongsit က ပြောပါတယ်။
Pattani မြို့ရှိ Lak Muang ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီး ၁၁ ပါးရှိပြီး စခန်းချ နေထိုင်တဲ့စစ်သား အယောက် ၁၀၀ လောက် ရှိပါတယ်။ ဘုန်းကြီးကျောင်းတွင်းရှိ ဘုရားစေတီမှာ ထိုင်းခြေလျင်တပ်ခွဲ အမှတ် ၂၃ အတွက် ယာယီစစ်စခန်းတစ်ခု ချထားပြီး စေတီရဲ့ ပတ်လည်မှာ ရွက်ဖျင်တဲတွေ ထိုးထားကြပါတယ်။ နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဘာသာဝင် ထောင်ပေါင်းများစွာဟာ အဆိုပါ ဘုန်းကြီးကျောင်းမှာ ပြည်သူ့စစ်သင်တန်း တက်ရောက်ကြပါတယ်။ အဆိုပါ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ၀ါတော် ၁၆ ၀ါရ Prapaladsuthipong Purassaro က သင်္ဃန်းစစည်းတဲ့ အချိန်ကစလို့ ပစ္စတိုသုံးလက် ပိုင်ဆိုင်ကြောင်း ပြောပါတယ်။ ''ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့တော့ အပြစ်မကင်းဘူးလို့ ခံစားမိပါတယ်။ ဒါပေမယ့် ဦးဇင်းတို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လိုပါတယ်။'' လို့ ပြောပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ စစ်သားတွေ ဘုန်းကြီးကျောင်းတွင်းမှာရှိမှ လုံခြုံတယ်လို့ ခံစားရမယ်ဆိုရင် မွတ်စလင် လူထုအတွက်တော့ တခြားအဓိပ္ပာယ် သက်ရောက်နေပါတယ်။ ''စစ်သားတွေ ဘုန်းကြီးကျောင်းထဲကို ဖိတ်ခေါ်ခြင်းဟာ ဘာသာရေးနဲ့ စစ်တပ်ကို ရောထွေးလိုက်တာပါပဲ'' လို့ အိုင်ဟိုင်းအိုး တက္ကသိုလ်မှ လက်ထောက်ကထိကနဲ့ ထိုင်းတောင်ပိုင်း ဘာသာရေး ပဋိပက္ခအကြောင်း စာအုပ်ရေးသားသူ Michael Jerryson က ပြောပါတယ်။ ''ဗုဒ္ဓဘာသာဝင်တွေက ကျွန်မတို့ ထိုင်းလူမျိုး ဖြစ်တယ်လို့ ဘယ်တော့မှ သတ်မှတ်မှာ မဟုတ်ဘူး။ ဒါကျွန်မတို့ရဲ့ နိုင်ငံပါပဲ။ ဒါပေမယ့် ကျွန်မတို့ကို လူစိမ်းတွေကို ဆက်ဆံနေကြပါတယ်'' လို့ အခြားအကြမ်းဖက်မှုဖြင့် သံသယရှိသူ ၁၅ ဦးနှင့်အတူ ထိုင်းနိုင်ငံ ရေတပ်စခန်းတစ်ခုကို ၀င်ရောက်စီးနင်းစဉ်က အသတ်ခံရသူ၏ မိခင်ဖြစ်သူ Sumoh Maken က ပြောပါတယ်။ နောက်ဆုံးမှာတော့ မွတ်စလင်တွေလည်း တောင်ပိုင်းမှာ ကြောက်ရွံ့နေကြပါတယ်။ သူတို့တွေဟာ အကြမ်းဖက်ခံရမှုတွေမှာ ဗုဒ္ဓဘာသာဝင်တွေထက် ပိုပြီးသေဆုံးကြပါတယ်။ ဗုံးခွဲမှုတွေနဲ့ အစိုးရနဲ့ ပတ်သက်တယ်ဆိုတဲ့ ကောလဟာလတွေကြောင့် အသတ်ခံနေကြရပါတယ်။ (လူဦးရေ အချိုးအရ ပြန်ကြည့်ရင်တော့ သေဆုံးတဲ့ ဗုဒ္ဓဘာသာဝင် အရေအတွက်က ပိုများပါတယ်။) ဒါပေမယ့် ဘုန်းကြီးတိုင်း ဘုန်းကြီးတိုင်းက ဗလီတွေမှာ လက်နက်တွေ ဖွက်ထားတယ် ဒါမှမဟုတ် ဗလီဆရာတိုင်း သေနတ်ကိုင်ဆောင်ကြတယ်လို့ ပြောပါတယ်။ ''အစ္စလာမ်ဟာ အကြမ်းဖက်မှုကို အားပေးတဲ့ ဘာသာတစ်ခု ဖြစ်တယ်။ ဒါကို လူတိုင်းသိပါတယ်'' လို့ စစ်သားလူထွက် ဘုန်းကြီးဖြစ်သူ Phratong Jiratamo က ပြောပါတယ်။
ဒီလိုသဘောထားဟာ မြန်မာဘင်လာဒင် ထောက်ခံမယ့် ရပ်တည်ချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဦးဝီရသူဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို သူ့ရဲ့ ငြိမ်းချမ်းတဲ့ ဘာသာရေးနည်းလမ်းအရ ဘယ်လို လက်ခံနိုင်သလဲဆိုတာ စဉ်းစားမိပါတယ်။ ''ဗုဒ္ဓဘာသာမှာ ဦးဇင်းတို့ကနေ အကြမ်းဖက်လို့တော့ မရပါဘူး။ ဒါပေမယ့် ကိုယ့်အသိုင်းအ၀ိုင်းကို ကာကွယ်ပိုင်ခွင့် ရှိပါတယ်'' လို့ ဦးဇင်းက ပြောပါတယ်။ ညနေပိုင်းတွင် ဦးဝီရသူက တရားနာ ပရိသတ်တွေကို ဟောကြားရာတွင် ပြုံးရွှင်နေတဲ့ အိမ်ရှင်မတွေ၊ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေ၊ အဖွားအိုတွေနဲ့ အခြားတရားနာ ပရိသတ်တွေကို သူ့နောက်ကနေ ရွတ်ဆိုခိုင်းတာကတော့ ''ဗမာလူမျိုးစုအတွက် အသက်ပေး စွန့်လွှတ်ပါမည်'' ပဲ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ်မှု စိတ်ဓာတ်ဟာ လူနည်းစုမှာသာ ကျန်ရှိနေပါတော့တယ်။ ၂၀၁၁ ခုနှစ်တုန်းက Lak Muang ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီး Watcharapong Suttha ဟာ စစ်သားတွေခြံရံပြီး မနက်ဆွမ်းခံ ကြွချိန်မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ ဘုန်းကြီးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းဟာ ဗုံးဆံတွေကြောင့် အမာရွတ်တွေနဲ့ ပြည့်နှက်နေပါတယ်။ အခု အသက် ၂၉ နှစ်ရှိပြီး လူထွက်လိုက်တဲ့ အချိန်ထိတိုင်အောင် ကျီးကန်းတောင်းမှောက် မျက်လုံးတွေ၊ ချုပ်ရာအပြည့်နဲ့ ခန္ဓာကိုယ်တွေကြောင့် စိတ်ဖိစီးမှု ခံစားနေရပါတယ်။ ဒါပေမယ့် သူဒီလို တိုက်ခိုက်ခံရတဲ့အတွက် အစ္စလာမ်ဘာသာ တစ်ခုလုံးကို အပြစ်မတင်ပါဘူး။ ''အစ္စလာမ်ဆိုတာ ငြိမ်းချမ်းတဲ့ ဘာသာတစ်ခုပါ။ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာတွေ လိုပါပဲ။ မွတ်စလင်တွေကို အပြစ်တင်နေရင် သူတို့ကလည်း ကျွန်တော်တို့ကို အပြစ်ပြန်တင်မှာပဲ။ ဒီလိုဆိုရင် အကြမ်းဖက်မှု သံသရာ ဘယ်တော့မှ ဆုံးမှာမဟုတ်တော့ပါဘူး'' လို့ ပြောခဲ့ပါတယ်။
တိုင်းမ် မဂ္ဂဇင်းရဲ့ အရှေ့အာရှဆိုင်ရာ သတင်းထောက်ဖြစ်ပြီး တိုင်းမ်၏ တရုတ်ဌာန အကြီးအကဲ ဖြစ်သည်။ လက်ရှိ ဘေဂျင်းမြို့တော်တွင် နေထိုင်လျက်ရှိပြီး ယခင်က ဘန်ကောက်၊ ရှန်ဟိုင်းနှင့် ဟောင်ကောင်တို့အတွက် အခြေစိုက် လုပ်ကိုင်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် Excellence in Reporting News, Honourable Mention, in the Society of Publishers in Asia Awards for Editorial Excellence (SOPA) Awards ဆုအား ဆိုင်ကလုန်းနာဂစ်နှင့် ပတ်သက်ပြီး ရေးသားမှုအတွက် ရရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Honourable Mention for Best Opinion Writing ဆုအား ရရှိခဲ့သည်။
၁၉၉၅ ခုနှစ်တွင် Colby College မှ U.S. News & World Report and Asian media outlets ဘာသာရပ်များဖြင့် ဘွဲ့ရခဲ့သည်။ ၁၉၉၄ တွင် မေရီလင်း တက္ကသိုလ်မှ ပေးအပ်သော Harry S. Truman ပညာသင်ဆု ရရှိခဲ့သည်။
Posted by Ko Nyan Posted Time 7:46 AM 0 Comment(s)
Labels ဘာသာရေး-Religious, မြန်မာ-Myanmar, နိုင်ငံရေး
Thursday, March 07, 2013
မင်းတုန်းမင်း၏ သာသနာပြုအမိန့်တော်
- လူများကို ဆေးကုပေးခြင်း၊ [မိဘ၊ ကိုးကွယ်ရာမဲ့ဖြစ်၍ ကျောင်းရောက်လာသူ၊ ကျောင်းတာဝန် ထမ်းဆောင်နေသော ကပ္ပိယ စသူ၊ ရန်မူမည့် မင်း၊ ခိုးသား၊ ဓားပြ၊ သူပုန် ဤသူများကို ဆေးကုပေးကောင်း၏။ အခြားသူများကို ဆေးမကုကောင်း။]
- လူတို့၏ စေတမန်လုပ်ခြင်း၊ (လူတို့က စေလွှတ်သဖြင့် တစ်ရွာမှ တစ်ရွာသို့ ခရီးရှည်သွား၍ စာပေးစာယူ၊ စကားပေး စကားယူပြုခြင်း၊) [ရတနာသုံးပါးနှင့်စပ်သော ကိစ္စမှတစ်ပါး အခြားကိစ္စ၌ မပြုရ]
- လူတို့၏ အစေအခိုင်း ခံခြင်း၊ [ဟိုနား သည်နား ခရီးအတိုသွား၍ ယူစရာ ငင်စရာတို့ကို ယူပေးဖို့ရန် အစေအခိုင်းခံခြင်း။]
- အနာကို ဓားနှင့် ခွဲပေးခြင်း၊
- ဆေးလိမ်းပေးခြင်း
- ပျို့အန်ဆေးပေးခြင်း
- ၀မ်းလျှောဆေးပေးခြင်း
- နှာဆေးပေးခြင်း
- မျက်စဉ်းဆေးပေးခြင်း
- ဆေးဝါးပေးခြင်း
- သစ်ရွက် (အိမ်မိုးဖို့ရာ သက်ကယ် ဓနိ စသည်) ပေးခြင်း
- ပန်း
- စားဖွယ်သစ်သီး
- ရေချိုးဆပ်ပြာ
- တံပူ (သွားပွတ်တံ)
- မျက်နှာသစ်ရေ
- မျက်နှာချေမှုန့် (ပေါင်ဒါ)
- မြေညက်ပေးခြင်း
- မိမိကိုယ်ကို အောက်ချခြင်း၊ [စကားပြောသည့်အခါ မိမိကိုယ် အောက်ချ၍ လူတို့ကို မြှောက်ပင့်ကာ (ကျုပ်၊ ခင်ဗျား စည်ဖြင့် သုံးနှုန်း၍) ပြောခြင်း။]
- အနပ်နည်းပါး၍ မနပ်များသော ပဲနောက်ဟင်းကဲ့သို့ အမှန် နည်းပါး၍ အမှားများသော စကားကို ပြောခြင်း၊
- ကလေးထိန်းများကဲ့သို့ လူတို့၏ ကလေးများကို ချီပွေ့ချော့မြှူခြင်း၊
Posted by Ko Nyan Posted Time 10:29 AM 0 Comment(s)
Labels ဘာသာရေး-Religious, မြန်မာ-Myanmar
Wednesday, March 06, 2013
ငြင်းဆန်၍ မရပါ
တလှုပ်လှုပ်နဲ့၊ မအားကြသည့်
ပုရွက်ဆိတ်များ၊ ပမာလားသို့
ဇနီးမယား၊ သမီးသားအတွက်
မအားလပ်ငြား အို....လူသား....။
မအားမလပ်၊ အကြောင်းရပ်ကြောင့်
မြတ်စွာဗုဒ္ဓ၊ ဟောညွှန်ပြသည့်
ဓမ္မသစ္စာ၊ ၀ိပဿနာကို
အတန်တန်ပင်၊ ရှေးယခင်က
ကြိုတင်အလုပ်၊ သင်အားထုတ်ဖို့
စေတနာဆန္ဒ၊ မေတ္တာလှဖြင့်
ဂါရ၀ရှေးရှု၊ တိုက်တွန်းပြုလည်း
သင်လျင်အတန်တန် လွန်ငြင်းဆန်ခဲ့....။
သမ္ပဇဉ်သတိ၊ ဉာဏ်ဖြင့်ညှိလော့
ဘယ်တော့ သင်တို့အားမည်နည်း....။
သင့်ကိုခေါ်ရန်၊ အချိန်တန်ပြီ
သင့်ထံသို့သာ၊ သေမင်းလာသော်
ဇနီးမယား၊ သမီးသားတွက်
ဥစ္စာငွေကြေး၊ မပြည့်သေး၍
မလိုက်လိုသေး၊ မအားသေးပါ
ခွင့်ပေးပါဟု၊ မေတ္တာရပ်ခံ
သင်ငြင်းဆန်၍ ရမည်လား....။
Posted by Ko Nyan Posted Time 12:18 AM 0 Comment(s)
Labels ကဗျာ-Poem, ဘာသာရေး-Religious
Sunday, January 06, 2013
Wednesday, August 22, 2012
ခက်ခက်ခဲခဲသဘောမှန်ကိုရှာ၍ကြည့်
- သူတော်ကောင်းစကားကို ပြောတတ်သော်လည်း သူတော်ကောင်းအကျင့်ကို မကျင့်တတ်။
- စာကို ဖတ်တတ်သော်လည်း စာသဘောကို သိအောင်မကြိုးစား။
- သူတစ်ပါးက လိမ်ညာမှာကို ကြောက်သော်လည်း မိမိကိုယ်မိမိ လိမ်ညာနေတာမကြောက်။
- သူတစ်ပါးကို သနားဖို့တတ်သော်လည်း မိမိကိုယ်ကိုယ် သနားဖို့မတတ်။
- မိမိကိုယ်ကိုယ် အကျဉ်းထောင်ကျမှာကို ကြောက်၏၊ စိတ်အကျဉ်းထောင်ကျနေသည်ကို မသိ။
- လွတ်လပ်မှုကို လူတိုင်းလိုလား၏၊ မိမိစိတ်မှာ လွတ်လပ်သူဖြစ်အောင် မကြိုးစား။
- သူများအထင်ကြီးဖို့ကို လိုလား၏၊ မိမိကိုယ်ကိုယ် လေးစားရမှန်းမသိ။
- သူတစ်ပါးမှားသည်ကို မြင်၏၊ မိမိမှားသည်ကို မမြင်။
- သူတစ်ပါးကို ဆုံးမဖို့တတ်၏၊ မိမိကိုယ်မိမိ ဆုံးမဖို့မတတ်။
- သူများမကောင်းပြောမှာကို မကြောက်နှင့်၊ မိမိစိတ်မှာ မကောင်းဖြစ်မှာကိုသာကြောက်။
- ငွေကြေး ဆင်းရဲမှာကို မကြောက်နဲ့၊ အသိဉာဏ်ဆင်းရဲမှာကိုကြောက်။
- ဥစ္စာပစ္စည်း ဆင်းရဲလို့ သူတော်ကောင်း အပြစ်မမြင်၊ အသိဉာဏ်ဆင်းရဲမှ သူတော်ကောင်း အပြစ်မြင်သည်။
- ကုသိုလ်လိုချင်၍ အလှူလုပ်၏၊ အကုသိုလ်ကို မရှောင်ကြဉ်၍ အလှူမဖြစ်။
- နတ်ပြည်ကို ရောက်ချင်၍ ကောင်းမှုကိုပြု၏၊ အကုသိုလ်ဖြစ်သည်ကို နားမလည်၍ အပါယ်ကိုလား၏။
- ဘုရားကို ရိုသေလေးစား၏၊ ဘုရားစကားကို နားထောင်ရမှန်းမသိ။
- နိဗ္ဗာန်ကို လိုချင်၏၊ ဘုရားသွားရာလမ်းသို့ လိုက်ရမှာကြောက်၏။
- သူတော်ကောင်းတရားကို သိချင်၍ တရားနာ၏၊ လူမိုက်တို့၏ အကျင့်ကို မရှောင်၍ တရားနှင့်ဝေး၏။
- ဗုဒ္ဓဘာသာကို မကောင်းပြောလျှင် မုန်း၏၊ ဗုဒ္ဓတားမြစ်ထားသောတရားကို နေ့စဉ်ပြုလုပ်၏။
- တိုင်းပြည်ကို ကောင်းစေချင်၏၊ မိမိအိမ်မှာမိမိ ကောင်းအောင်နေဖို့ထိုင်ဖို့ မတတ်။
- ရပ်ရွာများ အေးချမ်းသာယာစေချင်၏၊ ရပ်ရွာအကျိုးကို ဆောင်ရွက်လိုစိတ် လုံးဝမရှိ။
- ကျန်းမာရေးကောင်းစေချင်၏၊ ကျန်းမာအောင် နေထိုင်စားသောက်ဖို့ မတတ်၊။
- အသက်အရွယ်က တဖြည်းဖြည်း ကြီးလာ၏၊ အသိဉာဏ်က တဖြည်းဖြည်း ကြီးမလာ၊ လောဘ၊ ဒေါသသာ တဖြည်းဖြည်း ကြီးထွားလာသည်။
- ကိုယ့်အမှားကို မမြင်ဘဲ သူတစ်ပါးအမှားကိုကြည့်ပြီး အပြစ်တင်နေတာ အကျိုးမရှိ၊ မကောင်းမှုကို မိမိမှစ၍ သိလျှင်သိချင်း ရပ်ပါ၊ မှန်ကန်သော အသိဉာဏ်သည် တန်ဖိုးမဖြတ်နိုင်၊ အမြင်မှန်၊ အတွေးမှန်၊ အလုပ်မှန်မှသာ လူ့ဘ၀၌ အဆင်ပြေနိုင်သည်၊ သိပြီးတော့ မလုပ်ရင် မသိသေးလို့ပါ၊ နည်းနည်းသိ နည်းနညည်းလုပ်၊ များများသိ များများလုပ်ပါ။
- လူတွေ ဒုက္ခများနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေးဟာ မရှိမဖြစ် လိုအပ်တယ်၊ ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် ကိုယ်တိုင် ငြိမ်းချမ်းရမယ်၊ တစ်ဦးချင်း တာဝန်ယူရမယ်၊ တစ်ဦးချင်း တာဝန်ယူမှုမရှိဘဲ ကမ္ဘာကြီး ငြိမ်းချမ်းမှု မရနိုင်။
- တန်ဖိုးရှိသော အလုပ်ကို ပြုလုပ်ရခြင်းသည် ကောင်း၏၊ တန်ဖိုးမရှိသော အလုပ်ကို ရှောင်ကြဉ်ခြင်းက ပို၍ ကောင်း၏။
- သူတော်ကောင်းနှင့် ပေါင်းရတာ ကောင်း၏၊ သူယုတ်မာနှင့် မပေါင်းရတာက ပို၍ ကောင်း၏။
- ဤလောကကြီးထဲမှာ လူကောင်းများ ဆရာဖြစ်သလို လူမိုက်လည်း ဆရာဖြစ်နိုင်သည်။
- လူကောင်းသည် ကောင်းတာကို သင်၏၊ လူမိုက်သည် မကောင်းတာကို သင်၏၊ သင်သည် ကြိုက်တာကို သင်နိုင်သည်။
- အမှောင်ထု ဖုံးလွှမ်းနေတဲ့အချိန်မှာ အလင်းရောင်လိုအပ်တယ်၊ အမှားများနေတဲ့အချိန်မှာ အမှန်ဆိုတာ လိုအပ်တယ်၊ အစဉ်အလာက အရေးမကြီး၊ အမှန်တရားက အရေးကြီးပါတယ်။
- တရားကို ဟောသူလည်း များ၏၊ နာသူလည်း များ၏၊ မတရားကို ဟောသူလည်း မရှိ၊ နာသူလည်း မရှိ၊ ထို့ကြောင့် မတရားကိုသိသူ အလွန်နည်းပါး၏။ တရားကိုသိလျှင် အေးချမ်း၏၊ မတရားကို မသိလျှင် မအေးချမ်းနိုင်၊ လောကကြီး ပျက်စီးမှာကို ကြောက်၏၊ လောကကြီးကို ၀ိုင်းပြီး လူတိုင်းလိုလို ဖျက်နေကြ၏၊ လောကကို မိမိအတွက် အသုံးချ၏၊ မိမိကို လောကအတွက် အသုံးချဖို့ ၀န်လေး၏၊ လောကကြီးကို မိမိက မစောင့်ထိန်းလျှင် လောကကြီးကလည်း မိမိကို စောင့်ထိန်းလိမ့်မည်မဟုတ်။
- မကြားဟန်ဆောင်နေသူလောက် နားပင်းသူ မရှိ။
- မမြင်ဟန်ဆောင်နေသူလောက် မျက်စိကန်းသူ မရှိ။
- သိဟန်ဆောင်နေသူလောက် မသိသူ မရှိ။
- အို ရခိုင်သူ ရခိုင်သားအပေါင်းရို့ မကြာခင် လောကကြီး ပျက်စီးလိမ့်မည်၊ အချိန်မီ ၀ိုင်းဝန်းထိန်းသိမ်းကတ်ပါ၊ ဤလောကကြီးအတွင်းမှာ မှီတင်းနေထိုင်ကြသော လူတိုင်းမှာ တာဝန်ရှိပါသည်။
- တရားစခန်းကိုဝင်၍ တရားရှာကြ၏၊ ခန္ဓာထဲကိုဝင်၍ တရားမရှာကြ၊ တရားစခန်းက သင်ပြသော စကားကို နားလည်နိုင်၏၊ ခန္ဓာကသင်ပြသော စကားကို နားမလည်နိုင်။
- မိမိကိုယ်မိမိ သိပြီးဟုထင်၍ တပည့်များကိုရှာကြီး တရားဟော၏၊ တပည့်များသောဆရာ ဖြစ်နိုင်၏၊ ဆရာများများရှာ၍ တရားမနာသဖြင့် ဆရာများသောတပည့် မဖြစ်နိုင်၊ ဆရာများ၍ အပြစ်မရှိ တပည့်များက အပြစ်ရှိသည်၊ ဆရာများ၍ သားမသေ၊ ဆရာမှားမှ သားသေမည်၊ တပည့်များမှာထက် တပည့်မှားမှာကို ကြောက်ပါ။
- တရားသည် စာအုပ်ထဲမှာ မရှိ ဉာဏ်ထဲမှာရှိ၏၊ စာကိုသင်၍ ရ၏၊ တရားကို သင်၍ မရ၊ ဉာဏ်နှင့်ကျင့်မှ ရမည်၊ စာသည် တရားမဟုတ်၊ တရားသည် စာမဟုတ် စာကပညတ်၊ တရားက ပရမတ်၊ ပရမတ်ကို မသိလျှင် ပညတ်က ဖိထားမည်၊ ပညတ်ကို မြင်နိုင်၏၊ ပရမတ်ကို မမြင်နိုင်၊ မြင်နိုင်တာက မရှိ၊ မမြင်နိုင်တာက ရှိ၏၊ ရှိတာကိုမမြင်၊ မရှိတာကို မြင်၏၊ လူတိုင်း လူတိုင်း မရှိသော ပညတ်နှင့် အချိန်ကုန် ခံနေကြ၏။ အမှန်ရှိသော ပရမတ်ကို ထုတ်ဖော်၍ ပြောသူမရှိ၊ ထို့ကြောင့် ပရမတ်ကို ထုတ်ဖော်၍ ပြခဲ့သော ဗုဒ္ဓ၏ တရားနှင့် တဖြည်းဖြည်း ဝေးလေ၏။
- ဤအဆင့်ကို နားမလည်လျှင်၊ သဘောမပေါက်လျှင် အပင်ပန်းမခံနှင့်၊ သဘောပေါက်အောင် ဆရာကောင်းကို ချဉ်းကပ်၍ ဉာဏ်နား ဉာဏ်မျက်စိကို ဖွင့်၍ကြည့်မှ အမှားအမှန်ကို မြင်နိုင်သည်။
Posted by Ko Nyan Posted Time 2:09 PM 0 Comment(s)
Labels ကိုယ်ရေးကိုယ်တာ, စာအုပ်မှတ်စုများ, ဘာသာရေး-Religious, အဆိုအမိန့်များ-Motto
Saturday, August 04, 2012
၃၈ ဖြာ မင်္ဂလာ
၂။ ပဏ္ဍိတာနဉ္စသေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း၊
၃။ ပူဇာစပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း၊
၎။ ပတိရူပဒေသ၀ါသောစ = သင့်တင့်သောအရပ်၌ နေထိုင်ခြင်း၊
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှုရှိသောသူဖြစ်ခြင်း၊
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာဆောက်တည်ခြင်း၊
၇။ ဗာဟုဿစ္စ = အကြားအမြင် များသောသူဖြစ်ခြင်း၊
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း၊
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရားရှိခြင်း၊
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း၊
၁၁။ မာတာပိတု ဥပဌာန = အမိအဘတို့ကို ကောင်းစွာလုပ်ကျွေးခြင်း၊
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း၊
၁၃။ အနာကုလကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာပြုခြင်း၊
၁၄။ ဒါနဉ္စ = အလှူပေးခြင်း၊
၁၅။ ဓမ္မစရိယ = မြတ်သောအကျင့်တို့ကို ကျင့်ခြင်း၊
၁၆။ ဉာတကာနဉ္စသင်္ဂဟ = ဆွေးမျိုးတို့အား ထောက်ပံ့ခြင်း၊
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကိုပြုခြင်း၊
၁၈။ ပါပအာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း၊
၁၉။ ပါပ၀ိရတီ = မကောင်းမှုမှ အထူးရှောင်ကြဉ်ခြင်း၊
၂၀။ မဇ္ဇပါနသံသမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့မလျော့ခြင်း၊
၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း၊
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း၊
၂၄။ သန္တုဌီ = ရောင့်ရဲလွယ်ခြင်း၊
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကိုသိခြင်း၊
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သောအခါ၌ သူတော်ကောင်းတရားကို နာယူခြင်း၊
၂၇။ ခန္တီ = သည်းခံခြင်း၊
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း၊
၂၉။ သမဏာနဉ္စ ဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း၊
၃၀။ ကာလေနဓမ္မသာကစ္ဆာ = သင့်တင့်လျောက်ပတ်သောအခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း၊
၃၁။ တပေါ = ခြိုးခြံစွာကျင့်ခြင်း၊
၃၂။ ဗြဟ္မစရိယ = မြတ်သောအကျင့်တို့ကို ကျင့်ခြင်း၊
၃၃။ အရိယသစ္စာန ဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း၊
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ = နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း၊
၃၅။ န ကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ်မရှိခြင်း၊
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း၊
၃၇။ ၀ိရဇံ = လောကဓံတရားတို့နှင့်တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း၊
၃၈။ ခေမံ = လောကဓံတရားတို့နှင့်တွေ့သော် စိတ်၌ ဘေးမရှိခြင်း။
အညွှန်း - သုခမှတ်စု
Posted by Ko Nyan Posted Time 9:56 PM 1 Comment(s)
Labels စာအုပ်မှတ်စုများ, ဗဟုသုတ-Knowledge, ဘာသာရေး-Religious, အောင်မြင်ရေး-Success
Tuesday, July 17, 2012
ကာလာမသုတ်တော်
( အရှင်ဇနကာဘိဝံသ ၏ အနာဂတ်သာသနာရေး စာအုပ်မှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်။ )
Posted by Ko Nyan Posted Time 1:12 AM 0 Comment(s)
Labels စာအုပ်မှတ်စုများ, ဗဟုသုတ-Knowledge, ဘာသာရေး-Religious
Sunday, July 08, 2012
နှစ်ကျိပ်ရှစ်ဆူသော ဘုရားများ
နှစ်ကျိပ်ရှစ်ဆူသော ဘုရားများကို အစဉ်အားဖြင့် ဖော်ပြရလျှင် အောက်ပါအတိုင်း ဖြစ်ပါတယ်-
၁။ တဏှင်္ကရာ
၂။ မေဓင်္ဂရာ
၃။ သရဏှင်္ဂရာ
၎။ ဒီပင်္ကရာ
၅။ ကောဏ္ဍည
၆။ မင်္ဂလ
၇။ သုမန
၈။ ရေ၀တ
၉။ သောဘိတ
၁၀။ အနောမဒဿီ
၁၁။ ပဒုမ
၁၂။ နာရဒ
၁၃။ ပဒုမုတ္တရ
၁၄။ သုမေဓာ
၁၅။ သုဇာတာ
၁၆။ ပိယဒဿီ
၁၇။ အတ္ထဒဿီ
၁၈။ ဓမ္မဒဿီ
၁၉။ သိဒ္ဓတ္ထ
၂၀။ တိဿ
၂၁။ ဖုဿ
၂၂။ ၀ိသဿီ
၂၃။ သိခီ
၂၄။ ဝေဿဘူ
၂၅။ ကကုသန်
၂၆။ ကောဏဂုံ
၂၇။ ကဿပ
၂၈။ ဂေါတမ
ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့ ထွန်းပါစေ....။
Posted by Ko Nyan Posted Time 6:00 AM 0 Comment(s)
Labels စာအုပ်မှတ်စုများ, စု၊ တု၊ ပြု, ဗဟုသုတ-Knowledge, ဘာသာရေး-Religious
Thursday, February 10, 2011
လူတို့နှင့်သက်ဆိုင်သော ရဟန်းဝိနည်းများ
ဦးဇင်းMA - တချို့မြို့တွေကို ဆရာတော် သံဃာတော်များ ကြွလာတဲ့အခါမှာ ဒကာမကြီးတွေက ဆံပင်ဖြန့်ခင်းပြီးတော့မှ ကြိုဆိုတာမျိုး တွေ့ဖူးပါတယ်ဘုရား။ အဲဒါရော ကုသိုလ် ဖြစ်နိုင်ပါသလားဘုရား။ အာပတ်များ သင့်နေမလားဘုရား။
ဦးဇင်း - ဦးခေါင်းမှ အထွဋ်အမြတ်ထားတဲ့ ဆံပင်တွေကိုမှ ဖြန့်ခင်းပြီး ကြိုဆိုတာကတော့ ဒကာမတွေမှာ ကုသိုလ်ဖြစ်သင့်သလောက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာတော် သံဃာတော်တွေမှာက တာဝန်လေးပါတယ်။ အာပတ်တွေ သင့်နိုင်တယ်ဦးဇင်း။
ဦးဇင်းMA - ဒါလည်း ခင်းထားတဲ့ ဆံပင်ကို ထိလိုက်တာနဲ့ အာပတ်သင့်တာလားဘုရား။
ဦးဇင်း - အမျိုးသမီးတို့ရဲ့ ဆံပင်ကို ထိပြီးတော့မှ သာယာမိရင် အာပတ်သင့်နိုင်တာပေါ့။ အင်္ဂါငါးပါးနဲ့ ချိန်ကြည့်ရမယ်။ အင်္ဂါ (၅) ပါးကတော့ ၁။ မနုဿိတ္ထီ (လူမိန်းမဖြစ်ခြင်း)၊ ၂။ က္ကတ္ထိသညီ (လူမိန်းမ ဖြစ်မှန်းသိခြင်း)၊ ၃။ ကာယသံသဂ္ဂရာဂေါ (ကိုင်တာ၊ ဆွဲတာ၊ ထိတာ၊ နမ်းတာ၊ ကိုယ်လက်နှီးနှောတာ၊ လောကအပြုအမူ အားလုံး၌ သာယာသော ရာဂရှိခြင်း)၊ ၄။ တေန ရာဂေန ၀ါယာမော (ထိုရာဂဖြင့် ထိမိအောင် လုံ့လပြုခြင်း) နှင့် ၅။ ဟတ္ထဂ္ဂါဟာဒိသမာပဇ္ဇနံ (လက် စသည်တို့ကို ကိုင်ခြင်း) လို့ စာမှာပြပါတယ်။
ဦးဇင်းMA - မှန်လှပါဘုရား၊ သဘောပေါက်ပါတယ်ဘုရား။
Posted by Ko Nyan Posted Time 11:58 AM 0 Comment(s)
Labels ဘာသာရေး-Religious
Monday, November 08, 2010
ဓမ္မပဒဂါထာ (၁၁၃)
ယော စ ၀ဿသတံ ဇိဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။
ဖြစ်ပျက်မြင်မှ အနေမြတ်
ခန္ဓာငါးပါး
ရုပ်နာမ်နှစ်ပါးတို့ရဲ့
ဖြစ်ခြင်းပျက်ခြင်းကို
မသိမမြင်သူရဲ့
နှစ်ပေါင်းတစ်ရာ
အသက်ရှင်ရခြင်းထက်
ခန္ဓာငါးပါး
ရုပ်နာမ်နှစ်ပါးတို့ရဲ့
ဖြစ်ခြင်းပျက်ခြင်းကို
သိမြင်သူရဲ့
တစ်ရက်တာ
အသက်ရှင်ရခြင်းက
အဆပေါင်းများစွာ
ပိုပြီး မြင့်မြတ်ပါတယ်။
Posted by Ko Nyan Posted Time 6:00 AM 0 Comment(s)
Labels ဓမ္မပဒ, ဘာသာရေး-Religious
Wednesday, November 03, 2010
ရတနာ့သုတ်ဖြင့် ဝေသာလီကို အလှဆင်ခြင်း - ဓမ္မစေတီဆရာတော် ဦးကောသလ္လ
အခုဖော်ပြမယ့်ပို့စ်ဟာ စာအုပ်ထဲက ပြန်လည်ကူးယူဖော်ပြတာ မဟုတ်ပါဘူး။ ဓမ္မစေတီဆရာတော်ရဲ့ တရားခွေတွေကို နာကြားရင်းနဲ့ ကျွန်တော်မှတ်သားခဲ့တဲ့ မှတ်စုလေးတွေကို ပြန်လည်ဝေငှတာပါ။ ပို့စ်ခေါင်းစဉ်ဟာ ဆရာတော်ဦးကောသလ္လ ဟောကြားခဲ့တဲ့ တရားခွေရဲ့ နာမည်ဖြစ်ပါတယ်။ ဖတ်တဲ့လူတွေအတွက် တစ်ခုခု အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် မှတ်စုစာအုပ်ထဲမှာ ကျွန်တော်မှတ်ထားသလိုပဲ ပြန်တင်ပေးလိုက်ပါတယ်။ (၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီ ၅ မိနစ်) မှာ ဗီစီဒီခွေနဲ့ နာယူမှတ်သားခဲ့တဲ့ တရားဖြစ်ပါတယ်။ ဖတ်ရှုဆင်ခြင်ပြီး အတွေးကောင်း၊ အတွေးမြတ်များ ကိန်းအောင်းနိုင်ကြပါစေလို့ စိတ်ရည်သန်လျက်.....။
နိကာယ် = စုဆောင်းခြင်း
ဓမ္မသံဂါဟက = တရားတော်များကို စုဆောင်းထားသူ
ပဋ္ဌာန်း = ပ (အများကြီး) + ဋ္ဌာန်း (အကြောင်းများရှိ)
ပဗ္ဗဇ္ဇ = ရဟန်းခံတယ်။
ဒုလ္လဘ = သိမ်သမုတ်တယ်။
ပဋ္ဌာန်းဆိုသည်မှာ....
၁။ အကြောင်းတရားတွေ အများကြီး
၂။ အဲဒါတွေကို ကုသိုလ်၊ အကုသိုလ်၊ ကဗျာကထာတွေနဲ့ ဝေဖန်ရ
၃။ သဗ္ဗညုတဉာဏ်ရဲ့ ကျက်စားရာဖြစ်တယ်။
(ပဋ္ဌာန်းကို ဘယ်သူမှ ပြည့်စုံအောင် မသိနိုင်ဘူး။ သဗ္ဗညုတရှိမှသာ သိနိုင်)
ကျောင်းလှူတာဟာ အမြိုက်နိဗ္ဗာန်ချမ်းသာကို ပေးလှူရာ ရောက်ပါတယ်။
စေတနာ သဒ္ဓါတရား ကောင်းရုံ၊ ပေးလှူရုံနဲ့ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ဘူး။
ကုသိုလ် = အပြစ်ကင်း၊ ကောင်းကျိုးပေး။
ပဋ္ဌာန်းတွင် ကျေးဇူးတရားသည် [ကောင်းတာ၊ ဆိုးတာ] နှစ်မျိုးစလုံးကို ပြဆိုသည်။
တံတားဆောက်တာ ကျေးဇူးပဲ...
ဒါပေမယ့် တံတားကို မပြုပြင်ဘဲ ပစ်ထားရင် ကျေးဇူးမဲ့ပါတယ်...။
ဟေတုပစ္စယောဝါဒကို အခြေပြုပြီး အိုင်းစတိုင်းက Relativity Theory ကို တီထွင်ခဲ့တာ။
ဗုဒ္ဓရဲ့ တရားဓမ္မတွေကို လေ့လာဖို့အတွက် (၉) ဌာန ရှိပါတယ်။
၁။ သရဏဂုံ
၂။ သိက္ခာပုဒ် ၁၀ ပါး
၃။ ၃၂ ကောဋ္ဌာန
၎။ ကုမာရ - ပညာ
၅။ မင်္ဂလသုတ်
၆။ ရတနသုတ်
၇။ တိလောသုတ္တ
၈။ နိယိကန္ဒ
၉။ မေတ္တာသုတ်
သရဏဂုံဆိုတာ... First essential thing ဖြစ်တယ်။
သရဏဂုံပျက်ရင် ထေရ၀ါဒ မဟုတ်တော့ဘူး။
“သီလ” is A, B, C, D of Buddhism. (အရှင်သိဒ္ဓိလ)
တရား တစ်ပါး - အာဟာရ
တရား နှစ်ပါး - နာမ် ရုပ် ၂ ပါး
တရား သုံးပါး - ဝေဒနာ ၃ ပါး
တရား လေးပါး - သစ္စာလေးပါး
တရား ငါးပါး - ဥပါဒါန်ခန္ဓာ ၅ ပါး
လူ့ခန္ဓာကိုယ်မှာ ၃၂ ဌာန ရှိတယ်။
32 parts of body တွေဟာ
မူလနေရာမှာရှိရင် OK
နေရာရွေ့သွားရင် Not OK
အမှန်တရားအတွက်ဆိုရင် တစ်ခုခုတော့ စွန့်ရတယ်...
အသက်
ဂုဏ်သိက္ခာ
ငွေကြေး
တစ်ခုခုပေါ့။
မင်္ဂလသုတ် - ကိုယ့်ဘာသာကိုယ် စောင့်ရှောက်ဖို့ (အတ္တ ရက္ခ)
ရတနသုတ် - လောကကြီးကို စောင့်ရှောက်ဖို့ (ပါရာ ရက္ခ)
တိလောကုတ္တ - နံရံ၏ အခြားတစ်ဖက် (အခြားလူတွေကို ကုသိုလ်အမျှ ပေးဝေဖို့)
နိယိကန္ဓ - ပစ္စည်းဥစ္စာတွေ ပြည့်စုံဖို့
မေတ္တာသုတ် - ဒေါသတွေ ပယ်နိုင်ဖို့
Democracy is like your little child.
ကလေးတွေဟာ သူတို့မိခင်ရဲ့ ရင်ခွင်တွင်းကို ရောက်တဲ့အခါ Nuclear Bomb ကိုတောင် မကြောက်တော့ဘူး။ အမေ့ရင်ခွင်ဆိုတာ ဘာအန္တရာယ်မှ မသက်ရောက်တဲ့ ငြိမ်းချမ်းရာ၊ အားကိုးရာ နေရာပါ...။
မင်းကျင့်တရား (၁၀) ပါး
၁။ ဒါန (ပေးကမ်းခြင်း)
၂။ သီလ (ဆောက်တည်ခြင်း)
၃။ ပဋိစာဂ (စွန့်ကြဲခြင်း)
၎။ အဇ္ဇ၀ါ (ဖြောင့်မတ်ခြင်း)
၅။ မတ္တ၀ါ (နူးညံ့သိမ်မွေ့ခြင်း)
၆။ တပ (ဥပုသ်သီတင်း ဆောက်တည်ခြင်း)
၇။ အဒေါသ (ဒေါသ မထွက်ခြင်း)
၈။ အကောဒ (မေတ္တာထားခြင်း)
၉။ အ၀ိဒေါ (ကရုဏာထားခြင်း)
၁၀။ ခန္တီ (သည်းခံခြင်း)
နှစ်ဆန်းတစ်ရက်နေ့မှာ သံပုံးတီးပြီး မောင်းတာဟာ ထေရ၀ါဒ မဟုတ်ဘူး။
မယာယန အယူတွေဖြစ်တယ်။ မေတ္တာသုတ်မှာ မပါဘူး။
မလုပ်ပါနဲ့။
အိမ်ကို သန့်သန့်ရှင်းရှင်း ထားပါ။
ဒါမှ နတ်ကောင်းနတ်မြတ်တွေ လာချင်/နေချင်မှာပေါ့။
အဲဒီအခါ ဘယ်နတ်ဆိုးတွေ နေဦးမလဲ။
ဆွေမျိုး
ဧည့်ကူ
မျိုးကွယ်သူ
မင်းမူ
နတ်များ
ဗလိငါး မှတ်သားအပ်စဖွယ်။
ရတနာ့သုတ်ရဲ့ တန်ဖိုး...
လေးစား
မြတ်နိုး
အဖိုးထိုက်တန်
တုမဲ့ဟန်နှင့်
မြင်ရန်ခဲလတ်
သူမြတ်တို့သာ သုံးဆောင်ရာ ရတနာအနှစ်မှာ။
မင်းက မင်းကျင့်တရားဆယ်ပါးနဲ့ ညီနေပြီဆိုရင် ပြည်သူတွေ ဂရုစိုက်ပါ။
တရားဓမ္မတွေ မမေ့နဲ့။
ဒါမှ တိုင်းပြည် တိုးတက်မယ်။
တရားဓမ္မဆိုတာ သူတော်ကောင်းတွေရဲ့ ပစ္စည်းပါ။
လိုသလို သုံးလို့ ရပါတယ်။
သင်္ကြန်မှာ ရေလောင်းတဲ့ကိစ္စကို စဉ်းစားကြပါ။
အခု ကမ္ဘာမှာ ရေချိုတွေ ရှားနေပြီ။
Posted by Ko Nyan Posted Time 7:45 AM 2 Comment(s)
Sunday, October 31, 2010
ကြည်ညိုဖွယ်ရာ မြတ်သာသနာ - ဓမ္မစေတီဆရာတော် ဦးကောသလ္လ
အခုဖော်ပြမယ့်ပို့စ်ဟာ စာအုပ်ထဲက ပြန်လည်ကူးယူဖော်ပြတာ မဟုတ်ပါဘူး။ ဓမ္မစေတီဆရာတော်ရဲ့ တရားခွေတွေကို နာကြားရင်းနဲ့ ကျွန်တော်မှတ်သားခဲ့တဲ့ မှတ်စုလေးတွေကို ပြန်လည်ဝေငှတာပါ။ ပို့စ်ခေါင်းစဉ်ဟာ ဆရာတော်ဦးကောသလ္လဟောကြားခဲ့တဲ့ တရားခွေရဲ့ နာမည်ဖြစ်ပါတယ်။ ဖတ်တဲ့လူတွေအတွက် တစ်ခုခု အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် မှတ်စုစာအုပ်ထဲမှာ ကျွန်တော်မှတ်ထားသလိုပဲ ပြန်တင်ပေးလိုက်ပါတယ်။ (၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၁ မိနစ်) မှာ ဗီစီဒီခွေနဲ့ နာယူမှတ်သားခဲ့တဲ့ တရားဖြစ်ပါတယ်။ ဖတ်ရှုဆင်ခြင်ပြီး အတွေးကောင်း၊ အတွေးမြတ်များ ကိန်းအောင်းနိုင်ကြပါစေလို့ စိတ်ရည်သန်လျက်.....။
ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာဝင် ဆိုပြီး ရှိရာမှာ...
တတိယအချက်ဟာ ပြောစရာရှိနေတယ်။
သာသနာတော်နှစ် ၂၃၈ ခုနှစ် (BC 306) မှာ ဗြဟ္မဇာလ သုတ္တန်ကြီး (မြတ်သောပိုက်ကွန်) ကို ဟောကြားခဲ့တယ်။
သာသနာတော်နှစ် ၂၃၁၂ ခုနှစ်မှ မြန်မာနိုင်ငံကို သာသနာ တိတိကျကျ ရောက်လာတယ်။
သံဃာယနာ တင်တဲ့အခါ
ပထမဆုံး ၀ိနည်း
ဒုတိယ သုတ္တန်ကို တင်ပါတယ်။
သုတ္တန်တွေထဲမှာမှ ဗြဟ္မဇာလသုတ်ကို အရင်ဆုံးတင်ပါတယ်။
မဟာဂန္ဓာရုံဆရာတော်
မင်းကွန်းဆရာတော်
စတဲ့ဆရာတော်တွေဟာ သုတဘုရားတွေ ဖြစ်ပါတယ်။
မင်းကွန်းဆရာတော်ကြီး ပေါ်ပေါက်ခဲ့တဲ့အတွက် ဗုဒ္ဓဘာသာရဲ့ သမိုင်းနဲ့ အခြားဘာသာတွေရဲ့ ဗုဒ္ဓဘာသာအပေါ်အမြင်တွေ ပြောင်းလဲလာရပါတယ်။
ဥပါလိ ဂါထာ (၁၀)ခု သိပ်လှတယ်။ ခက်လည်း ခက်တယ်။ ကမ္ဘာက သိပ်အံ့သြတယ်။
ရောဂါပြီးတဲ့ လူတစ်ယောက်ဟာ ဘယ်အဆိပ်ကိုကိုင်ကိုင် ဘာမှ မဖြစ်ဘူး။
အတွင်းကို မြင်အောင်ကျင့်ပါ။
အပြင်ပန်းကိုပဲ မကျင့်ပါနဲ့။
တရားကောင်းဆိုတာ စ၊ လယ်၊ ဆုံး သုံးပါးလုံး ကောင်းရပါတယ်။
ဓမ္မကထိက (၄) မျိုး ရှိတယ်။
၁။ နည်းနည်းဟောတယ်၊ အကျိုးရှိတယ်။
၂။ နည်းနည်းဟောတယ်၊ အကျိုးမရှိဘူး။
၃။ များများဟောတယ်၊ အကျိုးရှိတယ်။
၎။ များများဟောတယ်၊ အကျိုးမရှိဘူး။
နံပါတ် (၁) နဲ့ (၃) ကို ကိုးကွယ်ဆည်းကပ်ပါ။
မကောင်းတဲ့တရားဆိုတာ
၁။ မကောင်းသဖြင့်ဟော။
၂။ ကောင်းကောင်း မသိ။
၃။ သံသရာမှ မလွတ်မြောက်နိုင်။
၎။ ကိလေသာ ငြိမ်းအေးမှု မဖြစ်နိုင်။
၅။ ဘုရားမဟုတ်တဲ့ ပုဂ္ဂိုလ်တွေ ဟောပြောထား။
၆။ တည်ရာ မှီရာ မဖြစ်။
၇။ သံသရာတစ်လျှောက်လုံးအတွက် မှီခိုအားထားရာ မဖြစ်။
ပစ္စည်းဆိုတာ....
သူများ မလိုချင်လို့ ပစ်လိုက်တဲ့ဟာတွေကို ကိုယ်က ဆီးပြီး ဖမ်းဖမ်းနေတာကို ပြောတာ။
နိဗ္ဗာနံ (နိဗ္ဗာန်) ဆိုသော စကားလုံးကို
(ကိလေသာများ ငြိမ်းအေးသည်ဟု အဓိပ္ပါယ်ရ)
သာသနာတော်ပြင်ပတွင် ဘယ်မှာမှ ရှာလို့မရဘူး။
၃၂၂၉ ကြိမ် ရှိတယ်။
စာအုပ်ပေါင်း ၁၅၇ အုပ်မှာ တွေ့နိုင်တယ်။
မြတ်စွာဘုရားဟောကြားတာ ၈၃၇ ကြိမ် ရှိတယ်။
စာအုပ်ပေါင်း ၄၀ မှာ ဟောခဲ့တယ်။
ပါဠိတော် ၄၀ မှာ ၈၃၇ ကြိမ်တိုင်တိုင် နိဗ္ဗာန်ဆိုတဲ့ စကားကို ဟောခဲ့ပါတယ်။
May they listen to the Dhamma.
May they understand to the Dhamma.
May they practice to the Dhamma.
Posted by Ko Nyan Posted Time 7:03 AM 0 Comment(s)
Wednesday, October 27, 2010
စွမ်းရည်ပြည့်ဝ ထေရ၀ါဒ - ဓမ္မစေတီဆရာတော် ဦးကောသလ္လ
ပထမဆုံး နိဒါန်းပျိုးပါရစေ။
အခုဖော်ပြမယ့်ပို့စ်ဟာ စာအုပ်ထဲက ပြန်လည်ကူးယူဖော်ပြတာ မဟုတ်ပါဘူး။ ဓမ္မစေတီဆရာတော်ရဲ့ တရားခွေတွေကို နာကြားရင်းနဲ့ ကျွန်တော်မှတ်သားခဲ့တဲ့ မှတ်စုလေးတွေကို ပြန်လည်ဝေငှတာပါ။ ပို့စ်ခေါင်းစဉ်ဟာ ဆရာတော်ဦးကောသလ္လဟောကြားခဲ့တဲ့ တရားခွေရဲ့ နာမည်ဖြစ်ပါတယ်။ ဖတ်တဲ့လူတွေအတွက် တစ်ခုခု အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် မှတ်စုစာအုပ်ထဲမှာ ကျွန်တော်မှတ်ထားသလိုပဲ ပြန်တင်ပေးလိုက်ပါတယ်။ အတွေးကောင်း၊ အတွေးမြတ်များ ကိန်းအောင်းနိုင်ကြပါစေလို့ စိတ်ရည်သန်လျက်.....။
၁။ သဒ္ဒါဗိုလ်
၂။ ၀ီရိယဗိုလ်
၃။ သတိဗိုလ်
၎။ သမာဓိဗိုလ်
၅။ ပညာဗိုလ်
စွမ်းရည် (၄)ရပ်နှင့် ပြည့်ဝသော ထေရ၀ါဒ
၁။ ပညာစွမ်းရည် (ပညာ)
၂။ ၀ီရိယစွမ်းရည် (၀ီရိယ)
၃။ အပြစ်မရှိတဲ့စွမ်းရည် (အန၀ိဇ္ဇ)
၎။ ချီးမြှောက်တဲ့စွမ်းရည် (သင်္ဂဟ)
အပြစ်မရှိပေမယ့် ကောင်းကျိုးမဖြစ်ရင် “ကုသိုလ်” မဟုတ်ဘူး။
အပြစ်မရှိဘူး.... ကောင်းကျိုးပေးရင် မှီဝဲရမယ့်တရား ဖြစ်တယ်....။
ကောင်းတာရော ဆိုးတာရော နှစ်မျိုးလုံးကို သိရမယ်....
ပြီးမှ ကောင်းတာကို လုပ်ရမယ်....
မကောင်းမှုများ ရှောင်ရှားပယ်ခွာ
ကောင်းမှုအပေါင်း စုဆောင်းကြပါ
မိမိစိတ်ရင်း သန့်ရှင်စေရာ
ဤသုံးပါး ဘုရားသာသနာ...။
ကုသိုလ်က အစုန်လမ်း
အကုသိုလ်က အဆန်လမ်း။
စိတ်က (၂)ခုပဲ ဖြစ်တယ်။
1. I want to do good deeds.
2. I want to do evil deeds.
ကုသိုလ်ရနိုင်တဲ့ အကြောင်း (၅) ချက်
၁။ သင်ယူ
၂။ နာကြား
၃။ မေးမြန်း
၎။ ဆွေးနွေး
၅။ ကြံစည်
မင်းမြှောက် ခိုးယူ
မိုးကူ လေဖျက်
ပွဲမထွက်... (စရန်ပါဆုံးတယ်)
ဉာဏ် + ကာယကံ + ဉာဏ်
ဉာဏ် + ၀စီကံ + ဉာဏ်
ဉာဏ် + မနောကံ + ဉာဏ်
အဲဒီလို ပြု၊ ပြော၊ ကြံစည်တဲ့အခါ အပြစ်မရှိတော့ဘူး။
ပေးကမ်းရက်ရော ချစ်ဖွယ်ပြော၍
သူ့ကျိုးပြုမူ ကိုယ်တူထားမှု
ဤလေးခု မှတ်ရှုသင်္ဂဟာ။
အလှူအားလုံးထဲတွင် ဓမ္မဒါနသည် အမြတ်ဆုံး။
ထပ်ခါထပ်ခါ တရားဟောမှုသည် ချစ်ဖွယ်စကားထဲတွင် အမြတ်ဆုံး။
သဒ္ဓါမရှိတဲ့သူ ရှိလာအောင်
သီလမရှိတဲ့သူ ရှိလာအောင်
စွန့်ကျဲမှုမရှိတဲ့သူ ရှိလာအောင်
ပညာမရှိတဲ့သူ ရှိလာအောင်
အဲဒီလိုအလုပ်တွေကို လုပ်ပေးတဲ့သူဟာ သူများအကျိုးကို ဆောင်ရွက်သူများတွင် အမြတ်ဆုံးဖြစ်သည်။
ရဟန္တာ - ရဟန္တာ အချင်းချင်း
ဆရာ - ဆရာ အချင်းချင်း
သမ္မတ - သမ္မတ အချင်းချင်း
လူ - လူ အချင်းချင်း
အပြန်အလှန် လေးစားကြရမယ်။
အရိယာပုဂ္ဂိုလ်တွေကို ဆည်းကပ်ရင်/ စကားနားထောင်ရင် ဘေး (၅) မျိုး ကင်းတယ်။
၁။ အသက်မွေးမှုဘေး
၂။ ကျော်ဇောမဲ့တဲ့ဘေး
၃။ ပရိသတ်ကို ကြောက်ရွံ့တဲ့ဘေး
၎။ သေဘေး
၅။ ဒုက္ခဘေး
Posted by Ko Nyan Posted Time 7:15 AM 0 Comment(s)
ဓမ္မပဒဂါထာ (၁၁၁)
ယော စ ၀ဿသတံ ဇီဝေ၊ ဒုပ္ပညော အသမာဟိတော။
ဧကာဟံ ဇီဝိယံ သေယျော၊ ပည၀န္တဿ ဈာယိနော။
သမာဓိပညာရှိမှ အနေမြတ်
စူးစိုက်တည်ငြိမ်မှု
သမာဓိလည်းမရှိ
နားလည်သိမြင်မှု
ပညာဉာဏ်လည်း မရှိသူရဲ့
နှစ်ပေါင်းတစ်ရာ
အသက်ရှင်ရခြင်းထက်
စူးစိုက်တည်ငြိမ်မှု
သမာဓိလည်းရှိ
နားလည်သိမြင်မှု
ပညာဉာဏ်လည်းရှိသူရဲ့
တစ်ရက်တာ
အသက်ရှင်ရခြင်းက
အဆပေါင်းများစွာ
ပိုပြီး မြင့်မြတ်ပါတယ်။
Posted by Ko Nyan Posted Time 7:10 AM 0 Comment(s)
Labels ဓမ္မပဒ, ဘာသာရေး-Religious






