Thursday, February 07, 2013
မန်လည်ဆရာတော်ရဲ့ ပညာ အပေါင်း နှလုံးသား၊ မောင်သာချို
Posted by Ko Nyan Posted Time 9:30 AM 1 Comment(s)
Labels စာအုပ်မှတ်စုများ, အောင်မြင်ရေး-Success
Saturday, December 29, 2012
အကောင်းဆုံးထက် ပိုကောင်းအောင်
Posted by Ko Nyan Posted Time 8:53 AM 0 Comment(s)
Labels စာအုပ်မှတ်စုများ, မြန်မာ-Myanmar, အောင်မြင်ရေး-Success
Sunday, November 04, 2012
စိတ်၏အမိန့်၊ ပီမိုးနင်း
Posted by Ko Nyan Posted Time 1:15 PM 0 Comment(s)
Labels စာအုပ်မှတ်စုများ, စု၊ တု၊ ပြု, ဗဟုသုတ-Knowledge, အောင်မြင်ရေး-Success
Friday, August 24, 2012
ပညာဟူသည် မြတ်ရွှေအိုး - ဒေါက်တာ မြင့်မြင့်ခင်
Posted by Ko Nyan Posted Time 1:36 AM 1 Comment(s)
Labels Political, စာအုပ်မှတ်စုများ, စု၊ တု၊ ပြု, မြန်မာ-Myanmar, အောင်မြင်ရေး-Success, နိုင်ငံရေး
Saturday, August 04, 2012
၃၈ ဖြာ မင်္ဂလာ
၂။ ပဏ္ဍိတာနဉ္စသေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း၊
၃။ ပူဇာစပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း၊
၎။ ပတိရူပဒေသ၀ါသောစ = သင့်တင့်သောအရပ်၌ နေထိုင်ခြင်း၊
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှုရှိသောသူဖြစ်ခြင်း၊
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာဆောက်တည်ခြင်း၊
၇။ ဗာဟုဿစ္စ = အကြားအမြင် များသောသူဖြစ်ခြင်း၊
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း၊
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရားရှိခြင်း၊
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း၊
၁၁။ မာတာပိတု ဥပဌာန = အမိအဘတို့ကို ကောင်းစွာလုပ်ကျွေးခြင်း၊
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း၊
၁၃။ အနာကုလကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာပြုခြင်း၊
၁၄။ ဒါနဉ္စ = အလှူပေးခြင်း၊
၁၅။ ဓမ္မစရိယ = မြတ်သောအကျင့်တို့ကို ကျင့်ခြင်း၊
၁၆။ ဉာတကာနဉ္စသင်္ဂဟ = ဆွေးမျိုးတို့အား ထောက်ပံ့ခြင်း၊
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကိုပြုခြင်း၊
၁၈။ ပါပအာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း၊
၁၉။ ပါပ၀ိရတီ = မကောင်းမှုမှ အထူးရှောင်ကြဉ်ခြင်း၊
၂၀။ မဇ္ဇပါနသံသမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့မလျော့ခြင်း၊
၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း၊
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း၊
၂၄။ သန္တုဌီ = ရောင့်ရဲလွယ်ခြင်း၊
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကိုသိခြင်း၊
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သောအခါ၌ သူတော်ကောင်းတရားကို နာယူခြင်း၊
၂၇။ ခန္တီ = သည်းခံခြင်း၊
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း၊
၂၉။ သမဏာနဉ္စ ဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း၊
၃၀။ ကာလေနဓမ္မသာကစ္ဆာ = သင့်တင့်လျောက်ပတ်သောအခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း၊
၃၁။ တပေါ = ခြိုးခြံစွာကျင့်ခြင်း၊
၃၂။ ဗြဟ္မစရိယ = မြတ်သောအကျင့်တို့ကို ကျင့်ခြင်း၊
၃၃။ အရိယသစ္စာန ဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း၊
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ = နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း၊
၃၅။ န ကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ်မရှိခြင်း၊
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း၊
၃၇။ ၀ိရဇံ = လောကဓံတရားတို့နှင့်တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း၊
၃၈။ ခေမံ = လောကဓံတရားတို့နှင့်တွေ့သော် စိတ်၌ ဘေးမရှိခြင်း။
အညွှန်း - သုခမှတ်စု
Posted by Ko Nyan Posted Time 9:56 PM 1 Comment(s)
Labels စာအုပ်မှတ်စုများ, ဗဟုသုတ-Knowledge, ဘာသာရေး-Religious, အောင်မြင်ရေး-Success
Saturday, November 06, 2010
တစ်ကြိမ်မှာ တစ်ခု - ဖေမြင့်
ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။
နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်သွားရင်းက ဟိုးအဝေးဆီမှာ လူတစ်ယောက် လှမ်းမြင်ရသည်။ နည်းနည်းနီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲ လွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက် လုပ်နေသည်။
ကျွန်တော်တို့မိတ်ဆွေ သူ့အနား ရောက်သွားပြီး သေသေချာချာကြည့်တော့ လှိုင်းနှင့်ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော်တို့မိတ်ဆွေ စဉ်းစားမရ ဖြစ်သွားသည်။ သို့နှင့် သူ့ကို နှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။ “မသိလို့ မေးပါရစေဗျာ၊ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်”
“ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ပေးနေတာလေ၊ ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ အခု ဒီရေကျချိန် သောင်ပြင်ပေါ်မှာ တင်ကျန်ခဲ့တဲ့ကောင်တွေဟာ ရေတက်တဲ့အချိန်ရောက်အောင် ဒီမှာ အကြာကြီး စောင့်နေရမှာ၊ ဒါပေမယ့် အဲဒီလောက်ကြာရင် အောက်စီဂျင်ပြတ်ပြီး သေမှာပဲ”
“ဟုတ်ကဲ့၊ အဲဒါတော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်” ကျွန်တော်တို့မိတ်ဆွေက ဆိုသည်။ “ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီး ရှိနေမှာပေါ့ဗျာ၊ အဲဒီကောင်တွေ အားလုံး ခင်ဗျား ဘယ်လို လိုက်ကောက်မလဲ၊ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျာ၊ ပြီးတော့ စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်း တစ်လျှောက်လုံးဆိုရင် ခုလို သဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာ ရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ၊ သူ့သဘာဝနဲ့သူ ဖြစ်နေတာ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေ ထူးခြား ပြောင်းလဲသွားနိုင်မလဲ”
ဒေသခံပုဂ္ဂိုလ်က ပြုံးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်တယ်။ ထို့နောက် “တခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ” ဟု ဆိုကာ ပင်လယ်ရေထဲ လှမ်းပစ်ထည့်လိုက်လေသည်။
မူရင်း - Jack Canfield နှင့် Mark V. Hansen တို့၏ One at a time
Posted by Ko Nyan Posted Time 6:04 AM 0 Comment(s)
Labels အောင်မြင်ရေး-Success
Wednesday, November 03, 2010
ရတနာ့သုတ်ဖြင့် ဝေသာလီကို အလှဆင်ခြင်း - ဓမ္မစေတီဆရာတော် ဦးကောသလ္လ
အခုဖော်ပြမယ့်ပို့စ်ဟာ စာအုပ်ထဲက ပြန်လည်ကူးယူဖော်ပြတာ မဟုတ်ပါဘူး။ ဓမ္မစေတီဆရာတော်ရဲ့ တရားခွေတွေကို နာကြားရင်းနဲ့ ကျွန်တော်မှတ်သားခဲ့တဲ့ မှတ်စုလေးတွေကို ပြန်လည်ဝေငှတာပါ။ ပို့စ်ခေါင်းစဉ်ဟာ ဆရာတော်ဦးကောသလ္လ ဟောကြားခဲ့တဲ့ တရားခွေရဲ့ နာမည်ဖြစ်ပါတယ်။ ဖတ်တဲ့လူတွေအတွက် တစ်ခုခု အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် မှတ်စုစာအုပ်ထဲမှာ ကျွန်တော်မှတ်ထားသလိုပဲ ပြန်တင်ပေးလိုက်ပါတယ်။ (၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီ ၅ မိနစ်) မှာ ဗီစီဒီခွေနဲ့ နာယူမှတ်သားခဲ့တဲ့ တရားဖြစ်ပါတယ်။ ဖတ်ရှုဆင်ခြင်ပြီး အတွေးကောင်း၊ အတွေးမြတ်များ ကိန်းအောင်းနိုင်ကြပါစေလို့ စိတ်ရည်သန်လျက်.....။
နိကာယ် = စုဆောင်းခြင်း
ဓမ္မသံဂါဟက = တရားတော်များကို စုဆောင်းထားသူ
ပဋ္ဌာန်း = ပ (အများကြီး) + ဋ္ဌာန်း (အကြောင်းများရှိ)
ပဗ္ဗဇ္ဇ = ရဟန်းခံတယ်။
ဒုလ္လဘ = သိမ်သမုတ်တယ်။
ပဋ္ဌာန်းဆိုသည်မှာ....
၁။ အကြောင်းတရားတွေ အများကြီး
၂။ အဲဒါတွေကို ကုသိုလ်၊ အကုသိုလ်၊ ကဗျာကထာတွေနဲ့ ဝေဖန်ရ
၃။ သဗ္ဗညုတဉာဏ်ရဲ့ ကျက်စားရာဖြစ်တယ်။
(ပဋ္ဌာန်းကို ဘယ်သူမှ ပြည့်စုံအောင် မသိနိုင်ဘူး။ သဗ္ဗညုတရှိမှသာ သိနိုင်)
ကျောင်းလှူတာဟာ အမြိုက်နိဗ္ဗာန်ချမ်းသာကို ပေးလှူရာ ရောက်ပါတယ်။
စေတနာ သဒ္ဓါတရား ကောင်းရုံ၊ ပေးလှူရုံနဲ့ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ဘူး။
ကုသိုလ် = အပြစ်ကင်း၊ ကောင်းကျိုးပေး။
ပဋ္ဌာန်းတွင် ကျေးဇူးတရားသည် [ကောင်းတာ၊ ဆိုးတာ] နှစ်မျိုးစလုံးကို ပြဆိုသည်။
တံတားဆောက်တာ ကျေးဇူးပဲ...
ဒါပေမယ့် တံတားကို မပြုပြင်ဘဲ ပစ်ထားရင် ကျေးဇူးမဲ့ပါတယ်...။
ဟေတုပစ္စယောဝါဒကို အခြေပြုပြီး အိုင်းစတိုင်းက Relativity Theory ကို တီထွင်ခဲ့တာ။
ဗုဒ္ဓရဲ့ တရားဓမ္မတွေကို လေ့လာဖို့အတွက် (၉) ဌာန ရှိပါတယ်။
၁။ သရဏဂုံ
၂။ သိက္ခာပုဒ် ၁၀ ပါး
၃။ ၃၂ ကောဋ္ဌာန
၎။ ကုမာရ - ပညာ
၅။ မင်္ဂလသုတ်
၆။ ရတနသုတ်
၇။ တိလောသုတ္တ
၈။ နိယိကန္ဒ
၉။ မေတ္တာသုတ်
သရဏဂုံဆိုတာ... First essential thing ဖြစ်တယ်။
သရဏဂုံပျက်ရင် ထေရ၀ါဒ မဟုတ်တော့ဘူး။
“သီလ” is A, B, C, D of Buddhism. (အရှင်သိဒ္ဓိလ)
တရား တစ်ပါး - အာဟာရ
တရား နှစ်ပါး - နာမ် ရုပ် ၂ ပါး
တရား သုံးပါး - ဝေဒနာ ၃ ပါး
တရား လေးပါး - သစ္စာလေးပါး
တရား ငါးပါး - ဥပါဒါန်ခန္ဓာ ၅ ပါး
လူ့ခန္ဓာကိုယ်မှာ ၃၂ ဌာန ရှိတယ်။
32 parts of body တွေဟာ
မူလနေရာမှာရှိရင် OK
နေရာရွေ့သွားရင် Not OK
အမှန်တရားအတွက်ဆိုရင် တစ်ခုခုတော့ စွန့်ရတယ်...
အသက်
ဂုဏ်သိက္ခာ
ငွေကြေး
တစ်ခုခုပေါ့။
မင်္ဂလသုတ် - ကိုယ့်ဘာသာကိုယ် စောင့်ရှောက်ဖို့ (အတ္တ ရက္ခ)
ရတနသုတ် - လောကကြီးကို စောင့်ရှောက်ဖို့ (ပါရာ ရက္ခ)
တိလောကုတ္တ - နံရံ၏ အခြားတစ်ဖက် (အခြားလူတွေကို ကုသိုလ်အမျှ ပေးဝေဖို့)
နိယိကန္ဓ - ပစ္စည်းဥစ္စာတွေ ပြည့်စုံဖို့
မေတ္တာသုတ် - ဒေါသတွေ ပယ်နိုင်ဖို့
Democracy is like your little child.
ကလေးတွေဟာ သူတို့မိခင်ရဲ့ ရင်ခွင်တွင်းကို ရောက်တဲ့အခါ Nuclear Bomb ကိုတောင် မကြောက်တော့ဘူး။ အမေ့ရင်ခွင်ဆိုတာ ဘာအန္တရာယ်မှ မသက်ရောက်တဲ့ ငြိမ်းချမ်းရာ၊ အားကိုးရာ နေရာပါ...။
မင်းကျင့်တရား (၁၀) ပါး
၁။ ဒါန (ပေးကမ်းခြင်း)
၂။ သီလ (ဆောက်တည်ခြင်း)
၃။ ပဋိစာဂ (စွန့်ကြဲခြင်း)
၎။ အဇ္ဇ၀ါ (ဖြောင့်မတ်ခြင်း)
၅။ မတ္တ၀ါ (နူးညံ့သိမ်မွေ့ခြင်း)
၆။ တပ (ဥပုသ်သီတင်း ဆောက်တည်ခြင်း)
၇။ အဒေါသ (ဒေါသ မထွက်ခြင်း)
၈။ အကောဒ (မေတ္တာထားခြင်း)
၉။ အ၀ိဒေါ (ကရုဏာထားခြင်း)
၁၀။ ခန္တီ (သည်းခံခြင်း)
နှစ်ဆန်းတစ်ရက်နေ့မှာ သံပုံးတီးပြီး မောင်းတာဟာ ထေရ၀ါဒ မဟုတ်ဘူး။
မယာယန အယူတွေဖြစ်တယ်။ မေတ္တာသုတ်မှာ မပါဘူး။
မလုပ်ပါနဲ့။
အိမ်ကို သန့်သန့်ရှင်းရှင်း ထားပါ။
ဒါမှ နတ်ကောင်းနတ်မြတ်တွေ လာချင်/နေချင်မှာပေါ့။
အဲဒီအခါ ဘယ်နတ်ဆိုးတွေ နေဦးမလဲ။
ဆွေမျိုး
ဧည့်ကူ
မျိုးကွယ်သူ
မင်းမူ
နတ်များ
ဗလိငါး မှတ်သားအပ်စဖွယ်။
ရတနာ့သုတ်ရဲ့ တန်ဖိုး...
လေးစား
မြတ်နိုး
အဖိုးထိုက်တန်
တုမဲ့ဟန်နှင့်
မြင်ရန်ခဲလတ်
သူမြတ်တို့သာ သုံးဆောင်ရာ ရတနာအနှစ်မှာ။
မင်းက မင်းကျင့်တရားဆယ်ပါးနဲ့ ညီနေပြီဆိုရင် ပြည်သူတွေ ဂရုစိုက်ပါ။
တရားဓမ္မတွေ မမေ့နဲ့။
ဒါမှ တိုင်းပြည် တိုးတက်မယ်။
တရားဓမ္မဆိုတာ သူတော်ကောင်းတွေရဲ့ ပစ္စည်းပါ။
လိုသလို သုံးလို့ ရပါတယ်။
သင်္ကြန်မှာ ရေလောင်းတဲ့ကိစ္စကို စဉ်းစားကြပါ။
အခု ကမ္ဘာမှာ ရေချိုတွေ ရှားနေပြီ။
Posted by Ko Nyan Posted Time 7:45 AM 2 Comment(s)
Tuesday, November 02, 2010
စာဖတ်ခြင်းကြောင့် အကျိုးကျေးဇူး ခံစားကြရသူများ
* * * * * * * *
Forward Mail ကနေ ဖတ်ရတဲ့စာပါ။ ဘယ်သူရေးထားတယ်၊ ဘယ်စာအုပ်ကလည်းဆိုတာ မပါတဲ့အတွက် ဒီအတိုင်းပဲ တင်ပေးလိုက်ပါတယ်။
Posted by Ko Nyan Posted Time 7:15 AM 1 Comment(s)
Labels စာအုပ်မှတ်စုများ, အောင်မြင်ရေး-Success
Sunday, October 31, 2010
ကြည်ညိုဖွယ်ရာ မြတ်သာသနာ - ဓမ္မစေတီဆရာတော် ဦးကောသလ္လ
အခုဖော်ပြမယ့်ပို့စ်ဟာ စာအုပ်ထဲက ပြန်လည်ကူးယူဖော်ပြတာ မဟုတ်ပါဘူး။ ဓမ္မစေတီဆရာတော်ရဲ့ တရားခွေတွေကို နာကြားရင်းနဲ့ ကျွန်တော်မှတ်သားခဲ့တဲ့ မှတ်စုလေးတွေကို ပြန်လည်ဝေငှတာပါ။ ပို့စ်ခေါင်းစဉ်ဟာ ဆရာတော်ဦးကောသလ္လဟောကြားခဲ့တဲ့ တရားခွေရဲ့ နာမည်ဖြစ်ပါတယ်။ ဖတ်တဲ့လူတွေအတွက် တစ်ခုခု အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် မှတ်စုစာအုပ်ထဲမှာ ကျွန်တော်မှတ်ထားသလိုပဲ ပြန်တင်ပေးလိုက်ပါတယ်။ (၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၁ မိနစ်) မှာ ဗီစီဒီခွေနဲ့ နာယူမှတ်သားခဲ့တဲ့ တရားဖြစ်ပါတယ်။ ဖတ်ရှုဆင်ခြင်ပြီး အတွေးကောင်း၊ အတွေးမြတ်များ ကိန်းအောင်းနိုင်ကြပါစေလို့ စိတ်ရည်သန်လျက်.....။
ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာဝင် ဆိုပြီး ရှိရာမှာ...
တတိယအချက်ဟာ ပြောစရာရှိနေတယ်။
သာသနာတော်နှစ် ၂၃၈ ခုနှစ် (BC 306) မှာ ဗြဟ္မဇာလ သုတ္တန်ကြီး (မြတ်သောပိုက်ကွန်) ကို ဟောကြားခဲ့တယ်။
သာသနာတော်နှစ် ၂၃၁၂ ခုနှစ်မှ မြန်မာနိုင်ငံကို သာသနာ တိတိကျကျ ရောက်လာတယ်။
သံဃာယနာ တင်တဲ့အခါ
ပထမဆုံး ၀ိနည်း
ဒုတိယ သုတ္တန်ကို တင်ပါတယ်။
သုတ္တန်တွေထဲမှာမှ ဗြဟ္မဇာလသုတ်ကို အရင်ဆုံးတင်ပါတယ်။
မဟာဂန္ဓာရုံဆရာတော်
မင်းကွန်းဆရာတော်
စတဲ့ဆရာတော်တွေဟာ သုတဘုရားတွေ ဖြစ်ပါတယ်။
မင်းကွန်းဆရာတော်ကြီး ပေါ်ပေါက်ခဲ့တဲ့အတွက် ဗုဒ္ဓဘာသာရဲ့ သမိုင်းနဲ့ အခြားဘာသာတွေရဲ့ ဗုဒ္ဓဘာသာအပေါ်အမြင်တွေ ပြောင်းလဲလာရပါတယ်။
ဥပါလိ ဂါထာ (၁၀)ခု သိပ်လှတယ်။ ခက်လည်း ခက်တယ်။ ကမ္ဘာက သိပ်အံ့သြတယ်။
ရောဂါပြီးတဲ့ လူတစ်ယောက်ဟာ ဘယ်အဆိပ်ကိုကိုင်ကိုင် ဘာမှ မဖြစ်ဘူး။
အတွင်းကို မြင်အောင်ကျင့်ပါ။
အပြင်ပန်းကိုပဲ မကျင့်ပါနဲ့။
တရားကောင်းဆိုတာ စ၊ လယ်၊ ဆုံး သုံးပါးလုံး ကောင်းရပါတယ်။
ဓမ္မကထိက (၄) မျိုး ရှိတယ်။
၁။ နည်းနည်းဟောတယ်၊ အကျိုးရှိတယ်။
၂။ နည်းနည်းဟောတယ်၊ အကျိုးမရှိဘူး။
၃။ များများဟောတယ်၊ အကျိုးရှိတယ်။
၎။ များများဟောတယ်၊ အကျိုးမရှိဘူး။
နံပါတ် (၁) နဲ့ (၃) ကို ကိုးကွယ်ဆည်းကပ်ပါ။
မကောင်းတဲ့တရားဆိုတာ
၁။ မကောင်းသဖြင့်ဟော။
၂။ ကောင်းကောင်း မသိ။
၃။ သံသရာမှ မလွတ်မြောက်နိုင်။
၎။ ကိလေသာ ငြိမ်းအေးမှု မဖြစ်နိုင်။
၅။ ဘုရားမဟုတ်တဲ့ ပုဂ္ဂိုလ်တွေ ဟောပြောထား။
၆။ တည်ရာ မှီရာ မဖြစ်။
၇။ သံသရာတစ်လျှောက်လုံးအတွက် မှီခိုအားထားရာ မဖြစ်။
ပစ္စည်းဆိုတာ....
သူများ မလိုချင်လို့ ပစ်လိုက်တဲ့ဟာတွေကို ကိုယ်က ဆီးပြီး ဖမ်းဖမ်းနေတာကို ပြောတာ။
နိဗ္ဗာနံ (နိဗ္ဗာန်) ဆိုသော စကားလုံးကို
(ကိလေသာများ ငြိမ်းအေးသည်ဟု အဓိပ္ပါယ်ရ)
သာသနာတော်ပြင်ပတွင် ဘယ်မှာမှ ရှာလို့မရဘူး။
၃၂၂၉ ကြိမ် ရှိတယ်။
စာအုပ်ပေါင်း ၁၅၇ အုပ်မှာ တွေ့နိုင်တယ်။
မြတ်စွာဘုရားဟောကြားတာ ၈၃၇ ကြိမ် ရှိတယ်။
စာအုပ်ပေါင်း ၄၀ မှာ ဟောခဲ့တယ်။
ပါဠိတော် ၄၀ မှာ ၈၃၇ ကြိမ်တိုင်တိုင် နိဗ္ဗာန်ဆိုတဲ့ စကားကို ဟောခဲ့ပါတယ်။
May they listen to the Dhamma.
May they understand to the Dhamma.
May they practice to the Dhamma.
Posted by Ko Nyan Posted Time 7:03 AM 0 Comment(s)
Friday, October 29, 2010
After You - ဦးဘုန်း (ဓာတု-မန္တလေး)
ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန် နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကို သွားမယ့်လေယာဉ်ကို ကျွန်တော်စောင့်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကိုဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခုရှိတယ်။ အဲဒီ တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်းဆက်ဖို့ စောင့်နေတဲ့သူ လေးငါးယောက်လောက် ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကို မပြီးနိုင်ဘူး။ မိနစ် ၂၀ လောက် ကြာမှ နောက်တစ်ယောက် အလှည့်ရောက်တော့တယ်။ အဲဒီတစ်ယောက်ကလည်း ဖုန်းပြောလိုက်တာ အကြာကြီးပဲ။
ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြောနေတဲ့ လူတွေကိုကြည့်ပြီး “အားနာမှု မရှိလိုက်ကြတာ” လို့ ခံစားရတယ်။
ဒီလိုနဲ့ မန္တလေးကို သွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ” က ကြေညာပါတယ်။ မန္တလေးကိုသွားမယ့် ခရီးသည်တွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကိုသွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီးခရီးသည်တွေ သယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့ လေယာဉ်ဆီကို ကျွန်တော်ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနား အပေါက်က ကျွန်တော်တို့ တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီး တက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ကိုယ် ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။
ဖြစ်ချင်တော့ ကျွန်တော့်ဘေးက ထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကို ဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက် အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကို တွန်းပြီး အစားအသောက် လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ်ပေါင်မုန့် တစ်လုံးစီ လိုက်ပြီးဝေတယ်။
ကျွန်တော့်ရဲ့ ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက် လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီး တစ်တန်း၊ တစ်ခုံပြီး တစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ် ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက်တယ်။ တကယ်တော့ အဲဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှ ယူရမှာ။ ဒါပေမယ့် ကျွန်တော်ကအရင် လက်ကို လှမ်းလိုက်တယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။
“After you”
အဲဒီစကားကို ကြားကြားချင်း ကျွန်တော်နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော် စဉ်းစားမိတယ်။
“After you” တဲ့။
After ဆိုတာ... ပြီးနောက်။
You ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။
ဒီတော့ “After you” ဆိုတာ “မင်းပြီးမှ” လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး” ပါတယ်။ “မင်းအရင်လုပ်” ပါ။ ဒီလိုသဘောဆောင်တဲ့ အင်္ဂလိပ် ခေတ်ပေါ်စကားတစ်ခုပါ။
ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။
ကျွန်တော်ဟာ “After me” သမားပဲ။
ကျွန်တော်ဟာ မီးရထားလက်မှတ် တန်းစီရင်လည်း ငါရဖို့...။
ဘတ်(စ်)ကား စီးရင်လည်း ငါအရင်တက်ဖို့။ ငါအရင် နေရာရဖို့။
ကားမောင်းရင်လည်း လမ်းဆုံမှာ ငါအရင် ကူးဖို့။ ငါအရင် ဖြတ်ဖို့။
လမ်းကူးရင်လည်း ငါအရင် ဟိုဘက်ရောက်ဖို့...။
အလုပ်လျှောက်ရင်လည်း ငါအရင် အလုပ်ရဖို့...။
ငါအဆင်ပြေဖို့...။
“After me”....
“After me”....
“After me”....
ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။
တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။
ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့ စကားဟာ မှတ်သားလောက်ပါတယ်။
“After you” ဆိုတဲ့စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစားဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်း သဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်း သဘောတွေ ပါဝင်နေတယ်။
အဖေက ၀င်ပြောတယ်။
“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ် မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ “After me” ပဲ။ “အသက်တွေ ကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေ ကြီးလေလေ တပ်မက်မှုတွေ များလေလေ” ဆိုရင် ဒါဟာ တော်တော် ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီး ရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေ နည်းလာပြီး “After you” သမားတွေ များလာရင်တော့ အရမ်း ပျော်စရာကောင်းမှာပဲနော်။
သူကလည်း ကိုယ့်အပေါ် “After you”
ကိုယ်ကလည်း သူ့အပေါ် “After you”
မိဘကလည်း သားသမီးအပေါ် “After you”
သားသမီးကလည်း မိဘအပေါ် “After you”
လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”
လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”
ဆရာကလည်း တပည့်အပေါ် “After you”
တပည့်ကလည်း ဆရာ့အပေါ် “After you”
အပြန်အလှန် “After you” ဆိုတဲ့ ၀န်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။
* * * * * * * * * *
Google Buzz မှာ ဖတ်လိုက်ရတဲ့ စာတစ်ပုဒ်ပါ။ သဘောကျလွန်းလို့ ပြန်လည်ဝေငှတာပါ။ ရွှေမန္တလေးဂျာနယ်၊ အမှတ် (၂၇၁) မှာ ပါတဲ့စာလို့ သိရပါတယ်။ ကျွန်တော်ကိုယ်တိုင် ဖတ်ရတာမဟုတ်ဘဲ သူများတင်ပေးတာကို တစ်ဆင့်ပြန်ဖတ်ရတာ ဖြစ်တဲ့အတွက် ခေါင်းစဉ်တွေ၊ နေရာတွေ ကွဲလွဲနေခဲ့ရင်၊ လွဲမှားနေခဲ့ရင် နားလည်ပေးကြဖို့ တောင်းပန်ပါတယ်။ မိတ်ဆွေတွေအားလုံး ဖတ်သင့်တယ်ထင်လို့ ပြန်လည်ဝေငှခြင်းသက်သက်ပါ။ အများစုက ဖတ်ပြီးသားလည်း ဖြစ်ကောင်းဖြစ်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် နောက်တစ်ခေါက် ထပ်ဖတ်ဖြစ်တော့ နောက်တစ်ခေါက် အတွေးကောင်းလေးတွေ ရနိုင်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ အချို့သော စာလုံးပေါင်း အမှားလေးတွေနဲ့ စာကြောင်းအနေအထားတွေကို ပြင်လိုက်တာကလွဲလို့ Google Buzz မှာ ကျွန်တော်ဖတ်ခဲ့ရတဲ့အတိုင်း ပြန်လည်ဝေငှပါတယ်။
Posted by Ko Nyan Posted Time 6:40 AM 1 Comment(s)
Thursday, October 28, 2010
မာတောဝါဒ ဆုံးမစာ
ရိုညွတ်ကြည်စွာ၊ မြတ်ဆရာ၌၊ မကွာထံပါး၊ ပျပ်ဝပ်တွားလျက်၊ တည်ကြားကြုံ့ကြုံ့၊ မယွင်းယုံ့လျှင်၊ နှုတ်တုံ့မလှန်၊ ပန်းသို့ပန်၍၊ နေဟန်ကျစ်လျစ်၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ မြုတေလျှံပြေး၊ ကျောက်ကောင်းသွေးသို့၊ ပြန်မေးပျော်မွေ့၊ မငြီးငွေ့ဘဲ၊ တစ်နေ့သုံးခေါက်၊ ၀င်ရောက်ခစား၊ ၀တ်ငါးပါးလည်း၊ မမှားကျင့်နေ၊ ပြည့်စုံစေမှ၊ ခွဲဝေစိတ်ဖန်၊ အတန်တန်ကို၊ မကျန်ထိုးထွင်း၊ သိစေလျင်းသော်၊ မယွင်းမချွတ်၊ ပုဒ်ပါဋ္ဌ်ဂါထာ၊ အလင်္ကာနှင့်၊ ကဗျာရတု၊ ဖတ်ရွတ်မူလည်း၊ ငါးခုရပ်ဋ္ဌာန်၊ ကာရန်ပိုဒ်ပြည့်၊ ဓိပ္ပါယ်ရှည်လျက်၊ မျှော်ကြည့်ဉာဏ်မြူး၊ သူ့ထက်ထူးအောင်၊ မလူးမလွန့်၊ စက်နှယ်ရွန့်၍၊ ကွန့်ကွန့်နှုတ်ဝယ်၊ ပြတ်စေမင်း။
(၂)
လူရေးလူရာ၊ အဖြာဖြာ၌၊ လိမ္မာသိစေ၊ တတ်ကြောင်းဖွေ၍၊ မနေကြိုးကုတ်၊ အားအန်ထုတ်လျက်၊ မယုတ်စေထ၊ ၀ီရိယနှင့်၊ လုံ့လပင်ခိုင်၊ သံကျောက်တိုင်သို့၊ ခက်ဆိုင်ပညာ၊ ချိုမြတ်စွာသား၊ ချမ်းသာသီးပွင့်၊ ထူးထက်မြင့်တည့်၊ ထပ်ဆင့်ပွားလှောင်၊ သားထွေးမောင်လျင်၊ မရှောင်မပြေး၊ ကြိုးနှယ်ထွေးလော့၊ လက်ရေးလက်သား၊ စသည်များလည်း၊ မလျားမထောင့်၊ မမျှောင့်မယွင်း၊ မချွန်းမရှည်၊ မလည်မယိမ်း၊ မတိမ်းမငဲ့၊ မရွဲ့မစောင်း၊ မပျောင်းမယွတ်၊ မပွတ်မတွန့်၊ မလွန့်မထွတ်၊ မယှက်မမြှေး၊ မထွေးမပူး၊ မလူးမနွဲ့၊ မကျဲမစိတ်၊ မလိပ်မခွေ၊ တင့်ကြောင်းဝေမှ၊ အနေရှုအီ၊ ရွဲလုံးစီသို့၊ တညီသေချာ၊ အက္ခရာနှင့်၊ ရှေ့လာအမြစ်၊ အရစ်အပင့်၊ အဆင့်အတင်၊ အငင်အဆွဲ၊ တံခွန်ဝှဲလည်း၊ မလွှဲနှိုင်းညှိ၊ စက်ဖြင့်တိသို့၊ တရှိပုံတူ၊ တတ်ကြောင်းမူ၍၊ မြင်သူနှလုံး ဆွတ်စေမင်း။
(၃)
လောကလူတွင်၊ လမ်းသို့ထင်သည်၊ ဂုဏ်အင်ပညာ၊ မရှိရှာက၊ စေပါလက်သုတ်၊ လွန်ညံ့ယုတ်သား၊ မှိတ်တုတ်မီးခဲ၊ မပြောင်ရဲသို့၊ ဖန်လဲခေါက်ခေါက်၊ သူ၏နောက်ဝယ်၊ ချွေးပေါက်ကျယို၊ ဖတ်ဖတ်စိုမျှ၊ သက်ဖိုပန်းပင်၊ မရွှင်ပြောင်းနွမ်း၊ တသမ်းသမ်းနှင့်၊ ၀န်ထမ်းလှေခတ်၊ ဖြစ်တို့တတ်ရှင့်၊ တမှတ်မယွင်း၊ ပညာကင်းက၊ ရွှေဟင်္သာလယ်၊ ဗျိုင်းသဖွယ်လျှင်၊ ပွဲလယ်မတ်လတ်၊ မလျှောက်မတ်ရှင့်၊ မြ၀တ်ဆံရည်၊ သို့ဖြစ်သည်ကြောင့်၊ အရှည်အတို၊ တတ်ထိုထိုဝယ်၊ ကော်ကျိုသောလား၊ မှုန့်မှုန့်တွားအောင်၊ ကြိုးစားမပျင်း၊ သင်မှတ်ခြင်းဖြင့်၊ ရှင်းလင်းသေချာ၊ အရာရာကို၊ လိုခါစမ်းတိုင်း ရစေမင်း။
(၄)
မကောင်းမှုညစ်၊ သူမိုက်စစ်နှင့်၊ အချစ်ဖွဲ့ငြား၊ ပေါင်းယှက်မှား၍၊ ကျေထွားပျက်စီး၊ ထုံးတသီးလည်း၊ အစီးငါးရာ၊ လှည်းများစွာတွင်၊ ဘဏ္ဍာရောင်းဝယ်၊ ကုန်စလယ်နှင့်၊ အကျယ်ဉာဏ်အား၊ ရှေ့တည့်သွားသည်၊ ယောက်ျားလှည်းမှူး၊ ငရဲဘူးကို၊ ဘီလူးဖမ်းစား၊ ရွတ်ရွတ်ဝါး၍၊ လှည်းသားငါးရာ၊ တူမကွာလျှင်၊ ခန္ဓာပျက်ရှုံး၊ အသက်ဆုံး၏၊ နှလုံးကြွပ်ဆတ်၊ ဇာတသတ်ကား၊ ဒေ၀ဒတ်ကြီး၊ ခင်ပွန်းမီးကို၊ ထံနီးတစိ၊ ပေါင်းယှက်မိ၍၊ သက်ရှိစိုးရိမ်၊ ခန္ဓာငြိမ်လည်း၊ ပါယ်အိမ်ခေါင်းအုံး၊ မီးလျှံဖုံး၏၊ ရှေးထုံးလမ်းပြ၊ သာဓကကို၊ ယူဆမြော်ထောက်၊ ထိတ်လန့်ကြောက်၍၊ ထပ်လှောက်တုန်ဧ မြစေမင်း။
Posted by Ko Nyan Posted Time 8:00 PM 0 Comment(s)
Wednesday, October 27, 2010
စွမ်းရည်ပြည့်ဝ ထေရ၀ါဒ - ဓမ္မစေတီဆရာတော် ဦးကောသလ္လ
ပထမဆုံး နိဒါန်းပျိုးပါရစေ။
အခုဖော်ပြမယ့်ပို့စ်ဟာ စာအုပ်ထဲက ပြန်လည်ကူးယူဖော်ပြတာ မဟုတ်ပါဘူး။ ဓမ္မစေတီဆရာတော်ရဲ့ တရားခွေတွေကို နာကြားရင်းနဲ့ ကျွန်တော်မှတ်သားခဲ့တဲ့ မှတ်စုလေးတွေကို ပြန်လည်ဝေငှတာပါ။ ပို့စ်ခေါင်းစဉ်ဟာ ဆရာတော်ဦးကောသလ္လဟောကြားခဲ့တဲ့ တရားခွေရဲ့ နာမည်ဖြစ်ပါတယ်။ ဖတ်တဲ့လူတွေအတွက် တစ်ခုခု အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် မှတ်စုစာအုပ်ထဲမှာ ကျွန်တော်မှတ်ထားသလိုပဲ ပြန်တင်ပေးလိုက်ပါတယ်။ အတွေးကောင်း၊ အတွေးမြတ်များ ကိန်းအောင်းနိုင်ကြပါစေလို့ စိတ်ရည်သန်လျက်.....။
၁။ သဒ္ဒါဗိုလ်
၂။ ၀ီရိယဗိုလ်
၃။ သတိဗိုလ်
၎။ သမာဓိဗိုလ်
၅။ ပညာဗိုလ်
စွမ်းရည် (၄)ရပ်နှင့် ပြည့်ဝသော ထေရ၀ါဒ
၁။ ပညာစွမ်းရည် (ပညာ)
၂။ ၀ီရိယစွမ်းရည် (၀ီရိယ)
၃။ အပြစ်မရှိတဲ့စွမ်းရည် (အန၀ိဇ္ဇ)
၎။ ချီးမြှောက်တဲ့စွမ်းရည် (သင်္ဂဟ)
အပြစ်မရှိပေမယ့် ကောင်းကျိုးမဖြစ်ရင် “ကုသိုလ်” မဟုတ်ဘူး။
အပြစ်မရှိဘူး.... ကောင်းကျိုးပေးရင် မှီဝဲရမယ့်တရား ဖြစ်တယ်....။
ကောင်းတာရော ဆိုးတာရော နှစ်မျိုးလုံးကို သိရမယ်....
ပြီးမှ ကောင်းတာကို လုပ်ရမယ်....
မကောင်းမှုများ ရှောင်ရှားပယ်ခွာ
ကောင်းမှုအပေါင်း စုဆောင်းကြပါ
မိမိစိတ်ရင်း သန့်ရှင်စေရာ
ဤသုံးပါး ဘုရားသာသနာ...။
ကုသိုလ်က အစုန်လမ်း
အကုသိုလ်က အဆန်လမ်း။
စိတ်က (၂)ခုပဲ ဖြစ်တယ်။
1. I want to do good deeds.
2. I want to do evil deeds.
ကုသိုလ်ရနိုင်တဲ့ အကြောင်း (၅) ချက်
၁။ သင်ယူ
၂။ နာကြား
၃။ မေးမြန်း
၎။ ဆွေးနွေး
၅။ ကြံစည်
မင်းမြှောက် ခိုးယူ
မိုးကူ လေဖျက်
ပွဲမထွက်... (စရန်ပါဆုံးတယ်)
ဉာဏ် + ကာယကံ + ဉာဏ်
ဉာဏ် + ၀စီကံ + ဉာဏ်
ဉာဏ် + မနောကံ + ဉာဏ်
အဲဒီလို ပြု၊ ပြော၊ ကြံစည်တဲ့အခါ အပြစ်မရှိတော့ဘူး။
ပေးကမ်းရက်ရော ချစ်ဖွယ်ပြော၍
သူ့ကျိုးပြုမူ ကိုယ်တူထားမှု
ဤလေးခု မှတ်ရှုသင်္ဂဟာ။
အလှူအားလုံးထဲတွင် ဓမ္မဒါနသည် အမြတ်ဆုံး။
ထပ်ခါထပ်ခါ တရားဟောမှုသည် ချစ်ဖွယ်စကားထဲတွင် အမြတ်ဆုံး။
သဒ္ဓါမရှိတဲ့သူ ရှိလာအောင်
သီလမရှိတဲ့သူ ရှိလာအောင်
စွန့်ကျဲမှုမရှိတဲ့သူ ရှိလာအောင်
ပညာမရှိတဲ့သူ ရှိလာအောင်
အဲဒီလိုအလုပ်တွေကို လုပ်ပေးတဲ့သူဟာ သူများအကျိုးကို ဆောင်ရွက်သူများတွင် အမြတ်ဆုံးဖြစ်သည်။
ရဟန္တာ - ရဟန္တာ အချင်းချင်း
ဆရာ - ဆရာ အချင်းချင်း
သမ္မတ - သမ္မတ အချင်းချင်း
လူ - လူ အချင်းချင်း
အပြန်အလှန် လေးစားကြရမယ်။
အရိယာပုဂ္ဂိုလ်တွေကို ဆည်းကပ်ရင်/ စကားနားထောင်ရင် ဘေး (၅) မျိုး ကင်းတယ်။
၁။ အသက်မွေးမှုဘေး
၂။ ကျော်ဇောမဲ့တဲ့ဘေး
၃။ ပရိသတ်ကို ကြောက်ရွံ့တဲ့ဘေး
၎။ သေဘေး
၅။ ဒုက္ခဘေး
Posted by Ko Nyan Posted Time 7:15 AM 0 Comment(s)
Friday, October 22, 2010
လက်ဆောင် - ဖေမြင့်
ဘတ်စ်ကားတစ်စီးပေါ်မှာ…
အဘိုးကြီးတစ်ယောက် ပန်းလှလှတစ်စည်း ကိုင်လျက် လိုက်ပါလာသည်။ သူနှင့် လူသွားလမ်းခြားလျက် တစ်ဖက်ထိုင်ခုံမှာ မိန်းကလေးတစ်ယောက် ထိုင်နေသည်။
ကောင်မလေး မျက်လုံးတွေက ပန်းတွေဆီပဲ တရစ်ဝဲ၀ဲ ဖြစ်နေသည်။
ခဏနေတော့ မှတ်တိုင်တစ်တိုင်မှာ ဘတ်စ်ကား ရပ်သည်။
အဘိုးကြီးက အလျင်စလို ထကာ ပန်းစည်းကို ကောင်မလေးလက်ထဲ ထိုးထည့်သည်။ “ယူပါကွာ… မင်း ကြည့်ရတာ ပန်းသိပ်ချစ်ပုံရတယ်၊ မင်းကို ပေးခဲ့တဲ့အကြောင်း သိရရင် အဘဇနီးကလည်း ၀မ်းသာမှာပါ။ အဘ သူ့ကို ပြောပြလိုက်ပါ့မယ်”
ကောင်မလေး ပန်းစည်းကို ယူလိုက်ပြီး အဘိုးကြီး ကားပေါ်က ဆင်းသည်ကို လိုက်ကြည့်နေသည်။ ဘတ်စ်ကား ရပ်သည့်နေရာက သုသာန်တံခါးဝအနီးမှာ ဖြစ်သည်။ သုသာန်ထဲသို့ အဘိုးကြီး ၀င်သွားတာ သူမြင်လိုက်ရသည်။
Posted by Ko Nyan Posted Time 10:33 AM 0 Comment(s)
Labels စာအုပ်မှတ်စုများ, အောင်မြင်ရေး-Success
Tuesday, October 19, 2010
လက်ဖက်ရည်ဆိုင်၊ စာကြည့်တိုက်နှင့် စာဖတ်ခြင်း - ကိုဉာဏ် (ပန်းလောင်မြေ)
ဒီပို့စ်ကို ရေးရခြင်းရည်ရွယ်ချက်က မနေ့ညက လက်ဖက်ရည်ဆိုင် ထိုင်တဲ့အချိန်မှာ ကြားခဲ့ရတဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်ကိုဉာဏ် အတွေးပွားခဲ့ရတာလေးတွေကို ဖွင့်အံချင်လို့ရယ်ပါ။ ဒါပေမယ့်လည်း ရေးမယ်လို့ စိတ်ကူးပြီးတော့ နိဒါန်းပျိုးဖို့ စဉ်းစားတဲ့အခါ လက်ဖက်ရည်ဆိုင်အကြောင်းကို မပြောမဖြစ် ပြောရဦးမှာမို့ လက်ဖက်ရည်ဆိုင်နဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေကို ကျွန်တော် မြင်၊ တွေ့၊ ခံစား၊ တွေးမိသလို ရေးဖြစ်လိုက်ပါတယ်။
ကျွန်တော်နှင့် လက်ဖက်ရည်ဆိုင်
ကျွန်တော်ဟာ လက်ဖက်ရည်ကို စွဲစွဲမြဲမြဲ မသောက်ရမနေနိုင် ကြိုက်နှစ်သက်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့် ညနေခင်း ထမင်းစားပြီးချိန်တွေမှာ လက်ဖက်ရည်ဆိုင် မသွားရဘူးဆိုရင်တော့ နေမသိထိုင်မသာ ဖြစ်နေတတ်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့အတူ စကားဝိုင်းဖွဲ့ ပြောဆိုရတာ၊ ငြင်းခုံဆွေးနွေးရတာ၊ သတင်းတွေ၊ အသိပညာတွေ ဖလှယ်ရတာကို စွဲမက်ခုံမင်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိပါတယ်။ ကိုယ်သိထားတဲ့ အကြောင်းအရာတစ်ခုကို အခြားလူတွေသိအောင် တစ်ဆင့်ပြန်ပြောရတာ ကျွန်တော်နှစ်ခြိုက်ပါတယ်။ အဲဒီလို ပြောပြတဲ့အခါ ပြန်ကြားရတဲ့ သူတို့တွေရဲ့ တုံ့ပြန်မှုတွေကို ပိုမက်မောပါတယ်။ အကြောင်းအရာတစ်ခုကို ကိုယ်မြင်တာနဲ့ မတူကွဲပြားခြားနားတဲ့ အမြင်တွေ၊ မှတ်ချက်တွေ၊ ငြင်းခုံမှုတွေများ ကြားရတယ်ဆိုရင် အင်မတန်မှကို ပျော်ရွှင်ရပါတယ်။ ဘာလို့များ ငါ အဲဒီလို မတွေးခဲ့မိပါလိမ့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်ခဲ့ရတာတွေလည်း မရေနိုင်တော့ပါဘူး။ ဘာပဲပြောပြော လူပေါင်းစုံရဲ့ အတွေးအခေါ်၊ အသိအမြင်တွေကို အမြဲမပြတ် သိခွင့်၊ ကြားခွင့် ရနေတဲ့အတွက် ကျွန်တော့်အတွက် အဖိုးတန်တာ အမှန်ပါပဲ။ ကိုယ့်ရှုထောင့်တစ်ခုတည်းကနေပဲ တွေးတာထက်စာရင် သူများတွေကရော ဘယ်လိုတွေးသလဲလို့ သိခွင့်ရတာဟာ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်ပါပဲ။ အဲဒါကြောင့်လည်း အခြားသူတွေက မကြာခဏ မေးငေါ့တတ်ကြတဲ့ လက်ဖက်ရည်ဆိုင်မှာ အချိန်ဖြုန်းခြင်းဆိုတဲ့ အလုပ်ကြီးကို ကျွန်တော်ကိုဉာဏ် စွဲစွဲမြဲမြဲ မက်မက်မောမော လုပ်ဖြစ်နေတာ ထင်ပါရဲ့။
လက်ဖက်ရည်ဆိုင်ဆိုတာ အချိန်ဖြုန်းတဲ့နေရာ
အဲဒီလိုပြောတဲ့လူတွေကိုလည်း အပြစ်မတင်ပါဘူး။ သူတို့အမြင်မှာလည်း လက်ဖက်ရည်ဆိုင်ထိုင်တာဟာ အချိန်ကို ဖြုန်းတီးနေခြင်းလို့ မြင်ကြမှာပါပဲ။ အဲဒီအချိန် တစ်နာရီအတွင်းမှာ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်နိုင်တယ်၊ တရားဓမ္မတစ်ပုဒ်ကို နာကြားနိုင်တယ်၊ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို (ပန်းချီဆွဲတာ၊ စာရေးတာ၊ ကဗျာစပ်တာ၊ သီချင်းရေးတာ စသဖြင့်ပေါ့လေ) လုပ်နိုင်တယ်၊ ဒါမှမဟုတ် အေးအေးဆေးဆေး အနားယူနိုင်တယ် စသဖြင့် တွေးကြမှာပါပဲ။ လူဆိုတာ ကိုယ့်အတွေးနဲ့ကိုယ်ပဲလေ။ အဲဒီအတွက် ဘယ်သူ့ဘယ်သူကိုမှ အပြစ်တင်မနေပါနဲ့။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်၊ ကိုယ့်ခံယူချက်နဲ့ကိုယ် လုပ်ကိုင်ဆောင်ရွက်နေကြတာကိုး။ ပတ်ဝန်းကျင်အတွက်၊ လောကအတွက် အကျိုးယုတ်စေမယ့် ကိစ္စမျိုးကို လုပ်နေတာမျိုးဆိုရင်တော့ တားသင့်ရင် တားရမှာပေါ့လေ။
လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု
တစ်ချိန်တုန်းက ကျွန်တော်ကိုယ်တိုင်လည်း လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို ငြင်းဆန်ရှုံ့ချခဲ့သူ တစ်ယောက်ပါ။ လက်ဖက်ရည်ဆိုင်မှာ ဟေးလေးဝါးလေးနဲ့ အချိန်ဖြုန်းနေတဲ့ လူငယ်တွေကို မြင်ရတိုင်း နှာခေါင်းရှုံ့ခဲ့သူ၊ မျက်စောင်းထိုးခဲ့သူပါ။ အခုတော့ အဲဒီလို မဖြစ်တော့ဘူးလို့ ဆိုလိုတာမဟုတ်ပါ။ အချို့အချို့သော ဝေလေလေ လူငယ်တွေကို မြင်ရတဲ့အခါမှာတော့ မဆီမဆိုင် ဘေးကနေပြီး စိတ်တိုမိ၊ ဒေါသထွက်မိ နေသေးတာပါပဲ။ ဒါပေမယ့် လက်ဖက်ရည်ဆိုင် ထိုင်တဲ့လူတိုင်းဟာ အားအားလျားလျား လေကုန်ခံပြီး အချိန်ဖြုန်းနေကြတာပဲဆိုတဲ့ အမြင်ကတော့ ပျောက်သွားပါပြီ။ လက်ဖက်ရည်ဆိုင် ထိုင်တဲ့လူတွေမှာ သူ့ရည်ရွယ်ချက်နဲ့သူ ရှိကြသူတွေချည်းပဲလို့ မြင်မိပါတယ်။ အဲဒီလိုဆိုတော့ စောစောက ကျွန်တော်ပြောခဲ့တဲ့စကားနဲ့ ရှေ့နောက်မညီလိုက်တာလို့ ထောက်စရာဖြစ်ပါတယ်။ ဟုတ်ကဲ့… ရှေ့နောက်ညီအောင် ရှင်းရရင်တော့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းနေတဲ့ လူတွေမှာတောင်မှ အချိန်ကုန်ပြီးရောဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ဆိုချင်တာပါ။ ကောင်းမွန်တဲ့ရည်ရွယ်ချက် ဟုတ်တာ၊ မဟုတ်တာကို ပြောလိုရင်းမဟုတ်ပါ။
တချို့တွေက လက်ဖက်ရည်သောက်၊ မုန့်စားရင်း ဗိုက်ထဲကို အစာဖြည့်ချင်လို့ လက်ဖက်ရည်ဆိုင်ကို လာကြတယ်။ အချို့တွေကျတော့ လက်ဖက်ရည်ကို စွဲစွဲမြဲမြဲ မသောက်ရမနေနိုင်လို့ လာသောက်ကြတာ။ အချို့ကျတော့ လက်ဖက်ရည်ဆိုင်ကို စုရပ်တစ်ခုအဖြစ် သဘောထားပြီး အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေ၊ ရပ်ရွာရဲ့ သာရေးနာရေးကိစ္စတွေကို တိုင်ပင်ဆွေးနွေးကြတာ။ အချို့ကျတော့လည်း အိမ်မှာဆိုရင် တစ်ယောက်တည်းမို့ စကားပြောဖော်မရှိ၊ တိုင်ပင်စရာလူ မရှိတဲ့အတွက် လက်ဖက်ရည်ဆိုင်မှာ တွေ့တဲ့လူနဲ့ အလ္လာပသလ္လာပ စကားပြောဆိုရင်း အထီးကျန်မှုကို ဖြေဖျောက်ကြတာ။ ကျွန်တော့်လိုမျိုး အချို့အချို့တွေကတော့ လက်ဖက်ရည်ဆိုင်ကို ကုန်ကြမ်းရှာတဲ့ နေရာတစ်ခုအဖြစ် သဘောထားပြီး ထိုင်ကြတာပေါ့ဗျာ။
ကျွန်တော်အကြိုက်ဆုံး နေရာနှစ်ခု
အခုရေးနေတဲ့စာနဲ့ ဘာမှမဆိုင်ပေမယ့် စကားစပ်မိတုန်းမို့ ပြောချင်လေးတစ်ခု ရှိသေးရဲ့ဗျာ။ အခြားမဟုတ်ပါဘူး။ ကျွန်တော်က စာရေးချင်သူဆိုတော့ စာရေးဖို့အတွက် မလုပ်မဖြစ် လုပ်ရတဲ့အလုပ်ကတော့ စဉ်းစားခြင်းပါပဲ။ ဘာအကြောင်းအရာကို ရေးရမလဲဆိုတာကို စဉ်းစားရတာဟာ စာရေးတဲ့လူအတွက် အင်မတန်မှ အရေးကြီးတဲ့ အချက်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ အင်မတန်မှ ကြုံတောင့်ကြုံခဲဆိုသလို တစ်ခုခုကို ချရေးရင်းနဲ့ မရည်ရွယ်ဘဲ လက်ကအလိုလို ရေးစရာတွေ ပေါ်လာတာမျိုးကို ကြုံရတတ်ပါတယ်။ အများအားဖြင့်တော့ ကိုယ်ရေးမယ့် စာတစ်ခုကို စိတ်ကူးထဲမှာ အကြမ်းထည်ပြီးတဲ့အထိ စိတ်ကူးနဲ့ရေးကြည့်ပြီးမှ စာရေးရတာချည်းပါပဲ။ အခြားစာရေးသူတိုင်းလည်း ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ပြောချင်တာက ကျွန်တော်ရေးခဲ့သမျှ စာတွေအများစုကို စိတ်ကူးမိတာ၊ ရေးဖို့အတွေးရတဲ့ အဓိကနေရာနှစ်ခု ရှိပါတယ်။ အဲဒါကိုပြောချင်တာပါ။ အခြားမဟုတ်ပါဘူး။ လက်ဖက်ရည်ဆိုင်နဲ့ အိမ်သာပါ။
အဲဒီလိုပြောတော့ အချို့တွေက ရယ်ချင်ကြပါလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ မရယ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ဖက်ရည်ဆိုင်နဲ့ အိမ်သာဟာ ကျွန်တော့်အတွက် စဉ်းစားခြင်းအမှုကို အေးအေးဆေးဆေး အချိန်ပေးပြီး ပြုနိုင်စေတဲ့ နေရာတွေ ဖြစ်နေလို့ပါပဲ။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းနဲ့ လမ်းပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ လူတွေကို ကြည့်နေရင်းနဲ့လည်း ရေးစရာတွေ ပေါ်လာတတ်ပါတယ်။ လက်ဖက်ရည်ဆိုင်ရှေ့က ဆိုင်ကယ်နဲ့အဖြတ်၊ ကားနဲ့အဖြတ်၊ မြင်းလှည်းနဲ့အဖြတ်မှာ ပြောသွားကြတဲ့ စကားတွေထဲက တစ်ခွန်းစ၊ နှစ်ခွန်းစကို အမှတ်မထင် ကြားလိုက်ရင်းနဲ့လည်း ရေးစရာကုန်ကြမ်း ရချင်ရတတ်တာမျိုးပါ။ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်ထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်းနဲ့ သူများတွေပြောတဲ့ စကားသံတွေကို နားထောင်ရင်း၊ သူတို့လှုပ်ရှားနေသမျှကို လိုက်ကြည့်ရင်းနဲ့လည်း ရေးစရာတွေ တွေးမိတတ်ပါတယ်။ တစ်ခါတလေတော့လည်း မှာထားတဲ့ လက်ဖက်ရည်ခွက်က တစ်ကျိုက်မှ မသောက်ရသေးဘဲ အတွေးတွေ ရွက်လွှင့်ပြီး တမေ့တမော ထိုင်မိနေတတ်တာမျိုးလည်း ရှိပါရဲ့ဗျာ။
အိမ်သာတက်ရင်းနဲ့ စာရေးဖို့ အတွေးရတာ၊ စဉ်းစားမိတာ၊ အိမ်သာတက်ရင်း စာအုပ်တွေဖတ်ရတဲ့ အကျိုးကျေးဇူးတွေကို ဒီပို့စ်မှာ မရေးတော့ပါဘူး။ ကျွန်တော့်အတွက် ရေးစရာဆိုပေမယ့် ဒီစာကို ဖတ်နေရတဲ့သူ အတွက်ကျတော့ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို ဖြစ်နေမှာမျိုးကို မလိုလားလို့ပါ။ အဲဒီအကြောင်းကို သီးခြားရေးပါဦးမယ်။
လက်ဖက်ရည်ဆိုင် ပေါမှပေါ
လက်ဖက်ရည်ဆိုင်အကြောင်း ဆက်ရမယ်ဆိုရင် ကျွန်တော်လက်လှမ်းမီသလောက် အတွေ့အကြုံလေးနဲ့ ပြောရမယ်ဆိုရင် မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင်မရှိတဲ့ ရပ်ကွက်၊ ကျေးရွာ၊ မြို့ဆိုတာ ရှိမှရှိပါ့မလားလို့ တွေးမိပါတယ်။ ကျေးရွာတိုင်း စာကြည့်တိုက်တစ်ခု ရှိရမည်ဆိုတဲ့ စီမံချက်နဲ့ လုပ်ဆောင်နေတာတွေကို မြင်နေ၊ ကြားနေ၊ ဖတ်နေရပါတယ်။ ကျွန်တော်စဉ်းစားမိတာ တစ်ခုက လက်ဖက်ရည်ဆိုင်နဲ့ စာကြည့်တိုက်တွေကို တွဲပေးလို့ မရနိုင်ဘူးလား ဆိုတာကိုပါ။
စာဖတ်တာကောင်းပါတယ်၊ ဒါပေမယ့်
ကျွန်တော့်အတွေးက ဒီလိုပါခင်ဗျ။ စာဖတ်တာဟာ မကောင်းဘူးလား။ ကောင်းတာပေါ့ခင်ဗျာ။ ချွင်းချက်မရှိကို ကောင်းပါတယ်။ ဘယ်လိုစာပေတွေ၊ ညာလိုစာပေတွေ ဆိုတာမျိုးတွေ ကျွန်တော်မပြောသေးပါဘူး။ စာဖတ်တယ်ဆိုတာ တစ်ခုတည်းနဲ့တင် ပြောနေတာပါ။ ကောင်းတဲ့စာပဲဖြစ်ဖြစ်၊ မကောင်းတဲ့စာပဲဖြစ်ဖြစ် စာဖတ်တဲ့လူဟာ စာမဖတ်တဲ့ လူထက်တော့ သာတာအမှန်ပါပဲ။ ထားပါတော့ဗျာ။ ဆက်ပြောရမယ်ဆိုရင် စာဖတ်တာဟာ ကောင်းပါတယ်။ ဒါပေမယ့် ဖတ်ဖို့စာတွေ ကောင်းဖို့လည်း လိုသေးတာကိုးခင်ဗျ။ အဲဒီတော့ ခင်ဗျားကပြောလိမ့်မယ်။ ဒါများ ဘာခက်တာမှတ်လို့၊ ဖတ်စရာ စာအုပ်ကောင်းတွေမှ အများကြီးပဲလို့။ ဟုတ်ပါတယ်၊ မြန်မာလို ရေးထားတဲ့ ဖတ်စရာ စာအုပ်ကောင်းတွေဟာ သေသွားတဲ့အထိ ဖတ်လို့မကုန်အောင် များပြားလှပါတယ်။ ဒါပေမယ့် အဲဒီလို ဖတ်လို့ကောင်းတဲ့ စာအုပ်တွေဟာ ဈေးနှုန်းကလည်း အင်မတန်ကောင်းတာကိုးဗျ။
ကျွန်တော်ပြောတာတွေက ပြောရင်းကနေ ဟိုရောက်လိုက်၊ ဒီရောက်လိုက် ဖြစ်သွားမယ်ထင်ပါရဲ့။ ဒါပေမယ့် အစအဆုံး ဖတ်ပြီးရင်တော့ ကျွန်တော်ပြောချင်နေတာတွေ၊ ကျွန်တော်တွေးမိနေတာတွေဟာ ဘာတွေလဲဆိုတာ စာဖတ်သူ နားလည်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က အရေးအသား ကျွမ်းကျင်လွန်းတဲ့ စာရေးဆရာ မဟုတ်လေတော့ အစီအစဉ်မကျ၊ အရေးအသားမပြေပြစ်၊ ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေခဲ့ရင် အနည်းငယ် သည်းခံပြီးတော့ ဖတ်ပေးစေချင်ပါတယ်။ ကျွန်တော်သေသေချာချာ တွေးမိတဲ့အရာ၊ ယုံကြည်တဲ့အရာကို ရေးနေတာ ဖြစ်တဲ့အတွက် ကျွန်တော့်ရင်ထဲက ခံစားချက်ဟာ စာဖတ်သူရဲ့ ရင်ထဲကို Heart to Heart ရောက်သွားမယ်လို့ ယုံကြည်ပါတယ်။ ရေးနေတာကို ဆက်ပါ့မယ်။
သိချင်စိတ်များနှင့် ပြည့်နေသော လူဆိုသည့်သတ္တ၀ါ
စောစောကပြောသလို လူတိုင်း စာဖတ်ကြပါ၊ စာဖတ်ကြပါလို့ တိုက်တွန်းကြပါတယ်။ ကျွန်တော့်အမြင် ပြောရမယ်ဆိုရင် စာမဖတ်ချင်တဲ့လူ မရှိဘူးခင်ဗျ။ အဲဒီလိုဆိုတော့ အချို့က ငြင်းချင်ကြလိမ့်မယ်။ ဘယ်သူကတော့ စာဖတ်တာကို လုံးဝကို ၀ါသနာမပါတာကွလို့။ ဟုတ်ကဲ့… ဒီလို စဉ်းစားရအောင်ပါ။ လူတိုင်းမှာ သူ့စိတ်ဝင်စားမှုနဲ့သူတော့ ရှိကြပါတယ်။ ဆိုပါတော့ဗျာ… လူပြိန်းကြိုက် ခပ်ပေါပေါဥပမာနဲ့ပဲ ပြောကြရအောင်ပါ။ ရုပ်ရှင် မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေ အကြောင်းကို စိတ်ဝင်စားတဲ့လူပဲ ဆိုပါတော့။ (ဒီလိုရေးတဲ့အတွက် ကျွန်တော့်ကို မေတ္တာတော်တွေ အတုံးလိုက်၊ အတစ်လိုက်၊ အထုပ်လိုက်၊ အထည်လိုက် ပို့သကြမှာကိုလည်း မျှော်လင့်ထားကြောင်းပါ။ ဤကား စကားချပ်) ဘယ်မင်းသားက ဘယ်မင်းသမီးနဲ့ ဘာဖြစ်နေတာတဲ့ ဆိုတာမျိုးကို သူစိတ်ဝင်စားမှာ အသေအချာပါပဲ။ အဲဒီလို စိတ်ဝင်စားတယ်ဆိုတာဟာ စာဖတ်ချင်တာနဲ့ အတူတူပါပဲ။
ကိုဉာဏ်ရာ… မင်းဟာကလည်း ရှုပ်နေတာပဲလို့ မတွေးပါနဲ့ဗျာ။ စောစောကလို သတင်းမျိုးကို စိတ်ဝင်စားတော့ အဲဒီသတင်းအကြောင်း သိတဲ့လူပြောတာကို သူနားထောင်မှာပါပဲ။ ပြီးရင် သူ့အမြင်၊ သူ့မှတ်ချက်၊ သူသိထားတာတွေကို ပြောမှာပါပဲ။ ဒါဟာ စာဖတ်ခြင်းပါပဲ။ ဒါပေမယ့် သူကိုယ်တိုင် စာဖတ်တာ မဟုတ်ပါဘူး။ အခြားသူဖတ်တာကတစ်ဆင့် သူက ပြန်သိခြင်းပါပဲ။ တစ်ဆင့်ခံ စာဖတ်ခြင်းပေါ့ခင်ဗျာ။ အဲ… အဲဒီလိုလူမျိုးကိုပဲ စောစောကသတင်းကို ရော့.. ဒီဂျာနယ်ထဲမှာ ဒီလိုရေးထားတယ်၊ ဓာတ်ပုံနဲ့ ဒီလိုပါတယ်ကွဆိုရင် အဲဒီလူဟာ သေချာပေါက် အဲဒီဂျာနယ်ကို လှန်ကြည့်၊ ဖတ်ကြည့်မှာ အသေအချာပါပဲ။ အသေးစိတ် ရှင်းပြရမယ်ဆိုရင် မဆုံးနိုင်တာမို့ ဒီအကြောင်းကို ဒီလောက်နဲ့ပဲ ရပ်ပါရစေ။ ကျွန်တော်ဘာပြောချင်တယ်ဆိုတာ အတန်ငယ်တော့ဖြင့် ရိပ်စားမိမယ် ထင်ပါရဲ့။
ဘယ်လောက်ပဲ မအားလပ်တဲ့လူတွေ ဖြစ်နေပါစေ။ စာဖတ်တာကို ၀ါသနာပါသူချည်းပါပဲ။ ဥပမာတွေ နည်းနည်းပြောပါရစေ။ တစ်နေကုန် အိမ်ထဲကအိမ်ပြင် မထွက်နိုင်အောင် အလုပ်ရှုပ်နေတဲ့ အိမ်ရှင်မတစ်ယောက်ဟာ အင်္ကျီတွေ မင်စွန်းသွားရင် ဘယ်လိုလျှော်ရမလဲ၊ သံပုရာသီးကို အရည်ပိုထွက်အောင် ဘယ်လိုညှစ်ရမလဲ၊ အသားတွေကို အကြာကြီးခံအောင် ဘယ်လိုလုပ်ရသလဲ၊ ဘုရားပန်းအိုးတွေ ကြေးညှိတက်နေရင် ဘယ်လိုတိုက်ချွတ်ရသလဲ၊ ၀မ်းကိုက်တာပျောက်ချင်ရင် ကိုယ့်ဝန်းကျင်မှာရှိတဲ့ ဘယ်လိုအရွက်မျိုးကို စားနိုင်သလဲ၊ အသားတွေ မြန်မြန်နူးချင်ရင် ဘာထည့်ပြီး ချက်ရသလဲ စသည်စသည့်ဖြင့် သိချင်ကြသူချည်းပါပဲ။ တစ်နေကုန် ဖုန်းတစ်လုံး၊ ကားတစ်စီးနဲ့ အလုပ်ရှုပ်နေတဲ့ ပွဲစားလို လူမျိုးတွေကရော စာဖတ်တာ ၀ါသနာမပါဘူးလား။ ကြည့်ရအောင်ပါ။ ဘယ်မြို့မှာ ဘာလေလံပွဲရှိတယ်၊ ဘယ်ကားဈေးက ဘယ်လောက်ဖြစ်နေပြီ၊ ဘယ်မြို့မှာ ဘာလိုင်စင်တွေ ချပေးနေတယ်၊ ဘာဈေးနှုန်းကတော့ တက်သွားတယ်၊ ကျသွားတယ်၊ ရာသီဥတုကြောင့် စိုက်ခင်းအခြေအနေတွေ ဘယ်လိုရှိတယ်၊ ကမ္ဘာ့အရေးအခင်းကြောင့် ဘာပစ္စည်းတွေ ဈေးနှုန်းပြောင်းသွားတယ်၊ ဘယ်နိုင်ငံက မြန်မာပြည်မှာလာပြီး ရင်းနှီးမြှုပ်နှံမယ်၊ ဒါဆိုရင် ဘာတွေအလားအလာ ကောင်းနိုင်တယ် စသည်စသည်ဖြင့် သိချင်ကြတာပါပဲ။ နောက်ဆုံး ဆိုက်ကားနင်းနေတဲ့လူ၊ အငှားကားမောင်းနေတဲ့လူတောင်မှ ဘယ်နေ့မှာ ဘယ်ဘောလုံးပွဲရှိတယ်၊ ဘယ်ဘောလုံးသမားက ဒဏ်ရာရနေတယ်၊ ဘယ်အသင်းကတော့ ဘယ်သူ့ကိုဝယ်လိုက်တယ်၊ ဒီနေ့ကန်မယ့်ပွဲကို ဘယ်ဂျာနယ်က ဘယ်လိုခန့်မှန်းထားတယ် စသည်ဖြင့် စိတ်ဝင်စားကြတာပါပဲ။
စာအုပ်တွေရဲ့တန်ဖိုး
ကျွန်တော်ပြောခဲ့သမျှတွေကို ပြန်စဉ်းစားကြည့်ရင် အဲဒီလို သိချင်တာတွေအားလုံးကို ကျွန်တော်တို့တွေ ဘယ်ကနေ ရယူနိုင်သလဲ။ စာအုပ်တွေထဲမှာ ရှိပါတယ်။ အကြောင်းအရာအမျိုးမျိုး၊ အတွေ့အကြုံအမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ဗဟုသုတအမျိုးမျိုးဟာ စာအုပ်တွေထဲမှာ ရှိနေကြပါတယ်။ ဒါဆိုရင် ကျွန်တော်ပြောခဲ့သလို လူတိုင်းဟာ သိချင်စိတ်တွေနဲ့ ပြည့်နေကြတာဆိုတော့ အဲဒီလိုသိနိုင်တဲ့ စာအုပ်တွေကို ဖတ်ချင်စိတ် ရှိကြမယ်ဆိုတာ မလွဲလောက်ဘူး ထင်ပါရဲ့။ ဒါကြောင့် ကျွန်တော်က ရဲရဲဝံ့ဝံ့ ပြောတာပါ။ လူတိုင်းမှာ စာဖတ်ချင်စိတ် (သိချင်စိတ်) ရှိကြပါတယ်။
ဒီနေ့ခေတ် ဂျာနယ်တွေ သိပ်အဖိုးတန်တယ် (ဈေးကြီးတယ်)
ဒီနေ့ဂျာနယ်တစ်စောင်ရဲ့ ပျမ်းမျှဈေးနှုန်းဟာ ၅၀၀ ၀န်းကျင်မှာ ရှိပါတယ်။ တစ်နေ့ဝင်ငွေ ၁၅၀၀ ကျပ်ပဲ ရှိတဲ့လူတစ်ယောက်ဟာ ဂျာနယ်တစ်စောင် ၀ယ်ဖတ်ဖို့အတွက် ဘယ်လောက်စဉ်းစားရမလဲဆိုတာ စာဖတ်သူပဲ စဉ်းစားကြည့်ပါ။ ၁၀ ယောက်လောက်စုပြီး ၀ယ်ဖတ်ရင် အဆင်ပြေမှာပေါ့လို့ ပြောမယ့်လူတွေ၊ အကြံပေးမယ့်လူတွေ ရှိမှာပါပဲ။ အဲဒီဆယ်ယောက်ဟာ ၀ါသနာ ၁၀ မျိုးဖြစ်နေရင် ဘယ်နှယ့်လုပ်ကြမတုန်း။ တစ်ယောက်က ဘောလုံး၊ တစ်ယောက်က အနုပညာ၊ တစ်ယောက်က ဈေးကွက်၊ တစ်ယောက်က နိုင်ငံရေး၊ တစ်ယောက်က သတင်းမှသတင်း၊ တစ်ယောက်က အလှအပ၊ တစ်ယောက်က နည်းပညာ၊ တစ်ယောက်က မှုခင်းသတင်း၊ တစ်ယောက်က ကျန်းမာရေး၊ ကဲ… မခက်ချေဘူးလား။ အဲဒါကြောင့်ပြောပါတယ်။ စာဖတ်တာကောင်းတယ်။ စာအုပ်တွေ၊ ဂျာနယ်တွေလည်း ကောင်းကြတယ်။ အဲ… ဈေးနှုန်းတွေလည်း ကောင်းကြတယ်လေ။ (ဒါတောင် ပိုက်ဆံရှိပေမယ့် ၀ယ်ဖတ်လို့မရတဲ့ နေရာတွေအကြောင်း မပြောသေးပါဘူး။)
စာကြည့်တိုက်တွေကို အားကိုးရမလား
အမေရိကန်သမ္မတကြီး လင်ကွန်းဟာ ဘယ်နှမိုင်ဝေးတဲ့ နေရာမှာရှိတဲ့ စာကြည့်တိုက်မှာ စာအုပ်တွေ သွားငှားဖတ်တယ်။ မြန်မာပြည်က အထင်ကရ စာရေးဆရာကြီးဟာ စာဖတ်ချင်လွန်းလို့ ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုဒုက္ခတွေကြားကနေ ခရီးအဝေးကြီးသွားပြီး စာဖတ်ခဲ့တယ်။ ဘယ်ပညာရှင်ကြီးဟာ သူ့ဘ၀ရဲ့ အချိန်အများစုကို စာကြည့်တိုက်ထဲမှာ မြှုပ်နှံထားခဲ့တယ် စသည်ဖြင့် ပြောကြ၊ ဆိုကြ၊ ထောက်ပြကြ၊ ရေးသားကြမယ့်သူတွေ ရှိပါလိမ့်မယ်။ ဟုတ်ကဲ့… သူတို့က သူတို့ပါခင်ဗျာ။ ဒီနေ့ခေတ်မှာ တစ်ပတ်လောက် အလုပ်မလုပ်ဘဲ စာကြည့်တိုက်ထဲမှာချည်း သွားထို်င်ပြီး စာဖတ်နေလို့ရှိရင် အဲဒီလူဟာ ပညာရှင်ကြီး၊ သူဌေးကြီး၊ နိုင်ငံ့ခေါင်းဆောင်ကြီး ဖြစ်မဖြစ်တော့ ကျွန်တော်မသိပါဘူး။ သေချာတာကတော့ တစ်ပတ်လောက် ဘာမှမစားဘဲ အာဟာရပြတ်ပြီး သေနိုင်တာပါပဲ။ ကျွန်တော်တို့ နိုင်ငံရယ်မှ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလိုမှာ လူတိုင်းလူတိုင်းဟာ နေ့စဉ်လှုပ်ရှားရုန်းကန်ပြီး ဘ၀တိုက်ပွဲ ၀င်နေကြရတာပါ။ နေ့စဉ် အလုပ်မလုပ်တဲ့လူဟာ သူ့ဘ၀ရပ်တည်ချက်အတွက် ခက်ခဲစေတဲ့ အချိန်ကာလကြီးပါ။ ဒါဖြင့် ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီးတွေက စာဖတ်နိုင်တာပေါ့လို့ ပြောစရာရှိပါတယ်။ မထင်လိုက်ပါနဲ့၊ ကျားကြီးရင် ခြေရာလည်း ကြီးတယ်လေဗျာ။
စာကြည့်တိုက်နဲ့ လက်ဖက်ရည်ဆိုင် ဘယ်လိုကွာ
ကဲ… နည်းနည်းလေး ဆက်စပ်ကြည့်ရအောင်ဗျာ။ စာကြည့်တိုက်တွေမှာ အဖိုးတန်စာအုပ်တွေ၊ နေ့စဉ်ထုတ် သတင်းစာတွေ၊ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ၊ လစဉ်ထုတ် မဂ္ဂဇင်းတွေ အခမဲ့ ဖတ်ရှုနိုင်တယ်။ ဒါပေမယ့် အဲဒီစာအုပ်တွေ၊ ဂျာနယ်တွေ၊ စာစောင်တွေကို ဖတ်ချင်တဲ့အခါ အဲဒီနေရာကို သီးသန့်သွားရတယ်။ မှတ်ပုံတင်ရတယ်။ ဟိုဖြည့်ဒီဖြည့်တွေ ဖြည့်ရတယ်။ တစ်ခါတလေမှာ ဟိုပေးဒီပေးတွေလည်း ပေးရတတ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆီက စာကြည့်တိုက်တွေဟာ သွားချင်စရာ မကောင်းပါဘူး။ ကျွန်တော်ဆိုလိုတာက ဘယ်လိုလူပဲဖြစ်ဖြစ် လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ဝင်သောက်ဖို့၊ မသောက်ဘူးဆိုရင်တောင် ခဏ၀င်ထိုင်ပြီး ရေနွေးကြမ်းသောက်ဖို့၊ တစ်ဆိုင်လုံး လူပြည့်နေရင်တောင် စားပွဲဝိုင်းတစ်ခုခုရဲ့ နေရာလွတ်တစ်ခုခုမှာ ဒီနေရာမှာ ထိုင်ပါရစေနော်ဆိုပြီး ခွင့်တောင်းပြီး ၀င်ထိုင်ဖို့ ၀န်မလေးကြပါဘူး။ လက်ဖက်ရည်ဆိုင်ဆိုတာ လူတိုင်းအတွက် တံခါးဖွင့်ထားတဲ့နေရာတစ်ခုလို့ ခံယူထားကြတာကြောင့် ဖြစ်ပါတယ်။ အဲဒီဆိုင်မှာ ဘယ်သူတွေထိုင်နေလို့ မသွားရဲဘူး၊ ဘယ်လိုလူမျိုးတွေပဲ အဲဒီလက်ဖက်ရည်ဆိုင်မှာ ထိုင်တတ်ကြတာ စတဲ့ သိမ်ငယ်စိတ်တွေ မရှိတတ်ကြပါဘူး။ ခပ်လွယ်လွယ်ပြောရရင် လက်ဖက်ရည်ဆိုင်ဆိုတာ လူတိုင်းအတွက် တကယ့်ကို ပြောမနာဆိုမနာ ငယ်ပေါင်းရောင်းရင်း ဘော်ဒါကြီးလို့ ခံစားမှတ်ယူကြတာပါပဲ။
အဲ… စာကြည့်တိုက်တွေကျတော့ အဲဒီလို မဟုတ်ဘူးခင်ဗျ။ သွားချင်စရာကောင်းတဲ့ အချက်အလက်တွေ နည်းပါးနေတတ်တယ်။ အကြောင်းအချက် အမျိုးမျိုးနဲ့ တသီးတခြား ဖြစ်နေတတ်ပါတယ်။ လက်ဖက်ရည်ဆိုင်ရဲ့ အားသာချက်တွေကို ပြောခဲ့ပြီးဖြစ်တဲ့အတွက် ဆက်စပ်စဉ်းစားပြီး နားလည်ကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို ဆိုတဲ့အတွက် စာကြည့်တိုက်တွေကို စော်ကားတာ မဟုတ်ပါဘူး။ စာကြည့်တိုက်နဲ့ လက်ဖက်ရည်ဆိုင်ရဲ့ သဘောသဘာဝဟာ မတူကွဲပြားခြားနားတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ စာကြည့်တိုက်ဆိုတာ ဆိတ်ဆိတ်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့ စာဖတ်ရတဲ့နေရာ။ လက်ဖက်ရည်ဆိုင်ဆိုတာက အဲဒါနဲ့ ဆန့်ကျင်ဘက်။
ဆူညံလို့ စာဖတ်လို့မရတာမဟုတ်ဘူး၊ စာတကယ်မဖတ်လို့ ဆူညံနေတာ
ဒါပေမယ့် အဲဒီအယူအဆက တစ်သက်လုံး ကျွန်တော်တို့ ခံယူလာခဲ့တဲ့ အတွေးအခေါ်အဟောင်းကြီးပါ။ ကျွန်တော်ကတော့ အဲဒီအယူအဆကို ဆန့်ကျင်ပါတယ်။ စာကြည့်တိုက်ဆိုတာ ငြိမ်သက်ပြီး သရဲခြောက်မတတ် တိတ်ဆိတ်နေရမယ် ဆိုတဲ့အယူအဆကို လက်မခံပါ။ ဆိတ်ဆိတ်ငြိမ်ငြိမ်၊ အေးအေးဆေးဆေးမှ စာဖတ်လို့ရတယ်ဆိုတဲ့ အယူအဆကို ကျွန်တော်လက်မခံပါ။ ရထားတွေပေါ်မှာ၊ မြေအောက်ရထားတွေပေါ်မှာ၊ ဘတ်စ်ကားတွေပေါ်မှာ ခရီးသွားရင်း စာမဖတ်ကြဘူးလား၊ လက်ဖက်ရည်ဆိုင်မှာ စာမဖတ်ကြဘူးလား၊ ရှေ့တန်းစစ်မြေပြင်က ဗုံးသံတွေ၊ သေနတ်သံတွေကြားမှာ စာမဖတ်ကြဘူးလား။ ကျွန်တော့်အမြင်ကတော့ ဖတ်နေတဲ့စာထဲမှာ တကယ်ပဲ အာရုံဝင်စားနေတယ်ဆိုရင် အခြားသောအသံတွေဟာ အလိုလို အသံမဲ့နေပါလိမ့်မယ်။ ကိုယ့်ရဲ့စိတ်ကလေးက တစ်နေရာတည်းမှာ ရှိနေဖို့ပဲ လိုတာပါ။
ဒါဖြင့်ရင် စာဖတ်ခြင်းဟာ လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာလည်း လုပ်လို့ရတဲ့အလုပ်ပဲ။ စာဖတ်တာကို ဘယ်နေရာမှဖတ်မှ၊ ဘယ်လိုအနေအထားမှာဖတ်မှ၊ ဘယ်လိုအချိန်မှာဖတ်မှ စသည်ဖြင့် သတ်မှတ်မနေကြပါနဲ့။ အဲဒါတွေက အခွံအကာတွေသာ ဖြစ်ပါတယ်။ အနှစ်သာရက စာဖတ်ဖို့ပဲ ဖြစ်ပါတယ်။ ဘယ်နေရာမှာပဲဖတ်ဖတ် စာဖတ်ဖြစ်ဖို့ကသာ အဓိကပါ။
ကျွန်တော့်အတွေးတွေ
မြို့တိုင်းရွာတိုင်းမှာ တည်ထောင်ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်တွေကို လက်ဖက်ရည်ဆိုင်တွေနဲ့ တွဲဖွင့်ရင်ဖွင့်၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်တွေဘေးမှာ ဖွင့်လှစ်ရင် မကောင်းဘူးလား။ လက်ဖက်ရည်သောက်ရင်း သီချင်းနားထောင်မယ့်အစား စာကြည့်တိုက်က ဂျာနယ်တစ်စောင်ကို ဆွဲယူဖတ်ရှုနိုင်တာပေါ့။ ရသမျှအချိန်လေးမှာ ပညာရပ်ဆိုင်ရာ စာအုပ်တစ်ခုခုကို လေ့လာနိုင်တာပေါ့။ ငြင်းရင်းခုံရင်းနဲ့ ကိုးကားစရာလိုလာရင် ဘေးနားမှာပဲ အလွယ်တကူ ရှာဖွေပြောဆိုနိုင်တာပေါ့။ ကဲ… အဆင်မပြေဘူးလား။ လက်ဖက်ရည်ဆိုင်က တကယ့်ဘော်ဒါကြီး၊ စာကြည့်တိုက်ဆိုတာက ရတနာသိုက်၊ အဲဒီနှစ်ခု ပူးပေါင်းမိတဲ့အခါ အကျိုးမဖြစ်ထွန်းနိုင်ဘူးလား။
အကျိုးရှိမယ်ဆိုရင် ကိုယ့်ပေါင်က အသားကိုတောင် လှီးထုတ်ရတယ်
တစ်ခါတလေမှာ စည်းကမ်းတွေ၊ ဘောင်တွေကို လျစ်လျူရှုသင့်ရင် ရှုရမယ်လို့ ကျွန်တော်ထင်ပါတယ်။ စည်းပျက်ကမ်းပျက် ဖြစ်လို့ရတယ်လို့ ဆိုလိုတာမဟုတ်ပါ။ ဆိုပါတော့ လက်ဖက်ရည်ဆိုင်ဘေးမှာ စာကြည့်တိုက် ဖွင့်တဲ့အတွက် စာအုပ်တွေ ပေရေကုန်မှာ၊ စည်းကမ်းမရှိသူတွေကြောင့် ပျက်စီးပျောက်ဆုံးမှာ စတာစတာတွေကို စဉ်းစားနေမယ်ဆိုရင်တော့ ကျွန်တော့်အတွေးဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ လူတိုင်းလူတိုင်း စာဖတ်ကြစေချင်တယ်။ ဖတ်လို့ရအောင်လည်း ဖန်တီးပေးကြစေချင်တယ်။ ၅၀၀ ကျပ်တန် ဂျာနယ်တစ်စောင် ပျက်စီးပျောက်ဆုံးသွားတာထက် လူတစ်ယောက်ဖြစ်စေ၊ နှစ်ယောက်ဖြစ်စေ အဲဒီဂျာနယ်က အသိအမြင်တစ်ခုခု၊ အကျိုးကျေးဇူးတစ်ခုခု ရလိုက်တာက ပိုပြီးကျေနပ်စရာကောင်းတယ်၊ တန်ဖိုးထားအပ်တယ်လို့ မြင်မိပါတယ်။ မဆီမဆိုင်လို့ ဆိုရမလားပဲ။ တွေးမိတာတစ်ခုက မျက်နှာအစားထိုး ကုသတဲ့အခါ၊ လက်အစားထိုး ကုသတဲ့အခါမျိုးတွေမှာ ပေါင်ကအသားကိုလှီးပြီး အစားထိုးကုသတာကို သတိရမိတယ်။
ကျွန်တော့်အိပ်မက်
နိဂုံးချုပ်ပါ့မယ်။ ကျွန်တော်တို့နိုင်ငံမှာ လက်ဖက်ရည်ဆိုင်တွေက စာကြည့်တိုက်ဆန်လာတဲ့အချိန်၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်နဲ့ စာကြည့်တိုက်တွေ တွဲဖွင့်နိုင်တဲ့အချိန်၊ ဒါမှမဟုတ် စာကြည့်တိုက်တွေက လက်ဖက်ရည်ဆိုင်ဆန်လာပြီး မွေ့လျော်ပျော်မွေ့ဖွယ် ကောင်းတဲ့နေရာတွေ ဖြစ်လာတဲ့အချိန်ဟာ မြန်မာနိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာမယ်လို့ ယုံကြည်နေမိကြောင်းပါခင်ဗျာ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ အင်္ဂါနေ့။
နေ့လည် ၃ နာရီ ၁၇ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 4:12 PM 1 Comment(s)
Labels ကျွန်တော့်အတွေးများ, ဆောင်းပါး-Article, အောင်မြင်ရေး-Success
မယားဆိုးလင် အိမ်မခင် (သို့မဟုတ်) မယားဂျီကျ လင်နေမရ
လျှပ်တစ်ပြက်ဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၇)၊ စာမျက်နှာ (၂၀) မှာ ဖတ်လိုက်ရတဲ့ ဆောင်းပါးတစ်ပုဒ်ကို သဘောကျလို့ ပြန်လည်ဝေမျှလိုက်တာပါ။ ခေါင်းစဉ်က "လင်နှင့်မယား အချစ်ပွား ဂျီတိုက်ခြင်းဖယ်ရှား" တဲ့။ ရွတ်လို့ဆိုလို့ကောင်းသလို ခပ်ဆန်းဆန်းလေးခင်ဗျ။ ရေးတဲ့လူက ဦးဟန်ညွန့် (ဥပဒေ) ပါ။ သူကလည်း သူဖတ်ခဲ့ရတဲ့ စာအုပ်တစ်အုပ်ကို ပြန်ညွှန်းထားကြောင်း ရေးထားပါတယ်။ သူပြန်ညွှန်းတဲ့စာအုပ်က ဆရာချစ်စံဝင်း ရဲ့ "တူနှစ်ကိုယ်ချစ်" တဲ့။ ၁၉၉၃ ခုနှစ်က ထုတ်ဝေခဲ့တဲ့ စာအုပ်လို့ ရှင်းပြထားပါတယ်။ အဲဒီအထဲကမှ သူသဘောကျတာလေးတွေကို ထုတ်နုတ်ပြီး ရေးသားတင်ပြထားတာပါ။ ကျွန်တော်ကိုဉာဏ်ကလည်း သူထုတ်နုတ်တင်ပြထားတဲ့အထဲကမှ ထပ်ပြီးတော့ ထုတ်နုတ်ပြီး (ထပ်ဆင့်ထုတ်နုတ်ပြီး) သဘောကျတာလေးတွေကို ဘလော့ဂ်မိတ်ဆွေတွေအတွက် ပြန်လည်ဝေငှလိုက်ခြင်းဖြစ်ကြောင်းပါ။ ပို့စ်ခေါင်းစဉ်ကိုတော့ ကျွန်တော်စိတ်ကူးမိသလို ပေးလိုက်ရခြင်းကို နားလည်ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
* * * * * *
(ပို့စ်ခေါင်းစဉ်ကို မယားဆိုးလင် တအင်အင်လို့ ပေးခဲ့ပေမယ့် တစ်ယောက်ပြီးတစ်ယောက် ဘာအဓိပ္ပါယ်လဲလို့ မေးလာကြပါတယ်။ ကျွန်တော်လည်း အမှန်အတိုင်းပဲ ပြန်ဖြေရတာပေါ့။ လင်ဆိုးမယား တဖားဖားတို့၊ သားဆိုးမအေ တပေပေတို့ စတာတွေကို အတုယူပြီး မယားဆိုးလင် တအင်အင်လို့ ရေးလိုက်တာပါ။ အခုတော့ ပို့စ်နဲ့ သက်ဆိုင်မယ်ထင်ပြီး ပိုကောင်းမယ်ထင်တဲ့ ခေါင်းစဉ်တစ်ခု စဉ်းစားမိတာကြောင့် အခု အဲဒီအတိုင်းပဲ ပြောင်းရေးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။)
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ အင်္ဂါနေ့။
ဇနီးက မြည်တွန်တောက်တီးနေသဖြင့် အိမ်ကထွက်ပြေးဖို့ ကြံမိသော လင်သားယောက်ျားများ ရှိတတ်ပါ၏။ ဥပမာ - ကမ္ဘာကျော် ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း ဖြစ်ပါ၏။
တော်စတွိုင်းနှင့် ဇနီးတို့သည် တစ်ဦးနှင့်တစ်ဥိး ညားခါစ အလွန်ချစ်ခင်စုံမက်၏။ ပစ္စည်းကလည်း ချမ်းသာ၊ ဂုဏ်ဒြပ်ကလည်း ရှိ၊ သူတို့ဇနီးမောင်နှံသည် လိုလေသေးမရှိ ဖြစ်ခဲ့၏။ အလွန်ပျော်ရွှင်ဖွယ်ကောင်းသော အိမ်ထောင်ရေးဖြစ်၏။
တစ်ခါက တော်စတွိုင်းသည် မိမိရေးသားထားသော စာအုပ်များကို အဖိုးအခ မယူဘဲ ပုံနှိပ်ရန် ပေးလိုက်သောအခါ မိန်းမသည် သည်းမခံနိုင်တော့ဘဲ ဆူပူရာမှ တက်သွားခဲ့၏။ အတက်ကျသွားသောအခါ သူသည် ဘိန်းပုလင်းကိုကိုင်၍ သူ့ဟာသူ သတ်သေတော့မည်ဟု ခြိမ်းခြောက်၏။ ထိုနောက်ပိုင်းတွင် မိန်းမသည် တော်စတွိုင်းအား နည်းပေါင်းစုံဖြင့် နားပူနားဆာ လုပ်တော့ရာ အိမ်ထောင်သက် (၄၈)နှစ်တွင် တော်စတွိုင်းသည် သူ့မိန်းမအား မျက်နှာချင်း မဆိုင်ချင်လောက်အောင် စိတ်နာနေတော့၏။ တော်စတွိုင်း အသက် (၈၂) သို့ ရောက်သောအခါ သူသည် ဇနီးမိန်းမ၏ နားပူနားဆာလုပ်မှု၊ ဂျီတိုက်မှုတို့ကို လုံးဝ ခံနိုင်စွမ်းရည် မရှိတော့ဘဲ အိမ်မှ ထွက်ပြေးသွားခဲ့၏။ ထိုညက ဆီးနှင်းများလည်း ပြင်းထန်စွာ ကျလျက်ရှိရာ ခြေဦးတည့်ရာ ထွက်လာခဲ့သော တော်စတွိုင်းသည် အိမ်မှထွက်လာပြီး (၁၁)ရက် အကြာတွင် မီးရထားဘူတာရုံတစ်ခုတွင် အအေးမိကာ သေဆုံးသွားရှာ၏။
တော်စတွိုင်းက သေအံ့ဆဲဆဲတွင် နောက်ဆုံးမေတ္တာရပ်ခံသွားသော စကားတစ်ရပ်မှာ "ကျုပ်မိန်းမကို ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ကျုပ်ဆီကို ခေါ်မလာဖို့ပါပဲ" ဟူ၍ ဖြစ်ပါ၏။
အမေရိကန်သမ္မတကြီး လင်ကွန်း ၏ အဖြစ်အပျက်
ဂျီတိုက်မှုကို ဆရာကြီးတော်စတွိုင်း တစ်ဦးတည်း ခံခဲ့ရသည်မဟုတ်။ လင်ကွန်းဆိုသော အမေရိကန် သမ္မတကြီးသည်လည်း သူ့ဘ၀တွင် ဇနီး၏ အဆိုးဆုံးဂျီတိုက်မှုများကို ခံခဲ့ရသူ ဖြစ်ပါ၏။
လင်ကွန်း၏ ဇနီး မေရီတော့သည် ဂျီတိုက်ရာတွင် ပထမတန်းစားထဲ၌ ပါဝင်သော သမ္မတကတော်တစ်ယောက် ဖြစ်၏။ မေရီတော့က သမ္မတကြီးလင်ကွန်းအား ဘာမှ ဂျီတိုက်စရာမရှိလျှင် "ရှင်ဟာ… နားရွက်ကလည်း ကြီးနေသေးရဲ့၊ နှာခေါင်းကလည်း ကောက်၊ အောက်နှုတ်ခမ်းကြီးကလည်း တွဲကျပြီး ကိုယ်လုံးကိုယ်ပေါက်ဟာ ရှူနာရှိုက်ကုန်းသည်နဲ့ တူတယ်။ လက်တွေ၊ ခြေတွေက သိပ်ကြီးပြီး ခေါင်းကလည်း သိပ်သေးတာပဲ" စသည့် စကားများဖြင့် ဂျီတိုက်နေတတ်၏။
မေရီတော့သည် လင်ကွန်းနှင့် ညားပြီး၍ မကြာမီကာလ၌ လူအများ၏ရှေ့တွင် ကော်ဖီပူပူနှင့် မျက်နှာကို ပက်ဖူး၏။ မစ္စက်လင်ကွန်းသည် အစဉ်သဖြင့် ကျယ်လောင်သောအသံဖြင့် ဒေါသတကြီး အမြဲတမ်း ကြိမ်းမောင်းနေတတ်၏။ မစ္စက်လင်ကွန်းသည် ဒေါသထွက်လာပါက အော်ဟစ်ဆူပူရုံသာမက မကြာခဏ ကိုယ်ထိလက်ရောက် ကျူးလွန်တတ်၏။ ထို့ကြောင့်လည်း လင်ကွန်းသည် ရှေ့နေလိုက်ရာ၌ တစ်နှစ်တွင် ခြောက်လလောက် အိမ်သို့ပြန်မလာဘဲ ဟိုတယ်များတွင် ဖြစ်သလိုတည်းကာ နေတတ်၏။ လင်ကွန်းသည် အလွန်ဝေးလံသော မြို့များမှ ရှေ့နေငှားသူတို့၏ အမှုများကို ၀မ်းမြောက်ဝမ်းသာ လက်ခံ၍ လိုက်တတ်၏။ မိန်းမနှင့် ဝေးဝေးနေရလေ လင်ကွန်းအဖို့ သက်သာရာသက်သာကြောင်း ဖြစ်လေ့ရှိ၏။ ထိုခေတ်က ဟိုတယ်များသည် တည်းခိုချင်စရာ မကောင်းလောက်အောင် အခြေအနေဆိုး၏။ လူများကလည်း မလွှဲသာမှ တည်းခိုတတ်ကြရာ လင်ကွန်းသည်လည်း မလွှဲသာသော လူတစ်ယောက်ဖြစ်ခဲ့၏။ လင်ကွန်းက "နားပူနားဆာ လုပ်ခြင်းသည် အမျိုးသမီးတို့အတွက် သူတို့အား အသည်းကွဲလောက်အောင် ချစ်ပါသည်ဟု ကတိပေးထားသော ယောက်ျားများက ထိုကတိကို ရုပ်သိမ်းကာ ယင်းတို့အနီးမှ ဝေးသည်ထက်ဝေးအောင် ထွက်ပြေးကြ၍ မိမိအား မရှုချင်၊ မမြင်ချင်လောက်အောင် ဖြစ်ရသည်မှလွဲ၍ နားပူနားဆာလုပ်ခြင်းသည် အခြားအကျိုးကျေးဇူး ကြီးကြီးမားမား သိပ်မရှိလှပါ" ဟု ဆိုလေ၏။
Posted by Ko Nyan Posted Time 11:09 AM 0 Comment(s)
Labels စာအုပ်မှတ်စုများ, ဗဟုသုတ-Knowledge, ဆောင်းပါး-Article, အောင်မြင်ရေး-Success
သတ္တိဆိုတာ - ဖေမြင့်
…………
"အဲဒီတော့ ရှင်က ကျွန်မကို သတ္တိရှိတယ်လို့ ယူဆတယ်ပေါ့"
သူမက မေးသည်။
"ဟုတ်တယ်"
"အင်းလေ… ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ ဒါပေမယ့် သတ္တိရှိတယ်ဆိုရင်လည်း အဲဒီလို ရှိလာအောင် နှိုးဆွပေးခဲ့တဲ့ ပုဂ္ဂိုလ်တချို့ကြောင့်လို့ ဆိုရမှာပါ၊ ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ကျွန်မ ပြောပြပါ့မယ်"
အဲဒါနဲ့ သူ့ဆီက သွေးကို သွင်းတဲ့အခါ အစ်မကုတင်ဘေးမှာ သူလည်း ခုတင်တစ်လုံးနဲ့ လှဲရင်း ကြည့်နေတယ်။ ကောင်မလေးပါးပြင်မှာ သွေးရောင်သန်းလာတော့ ကျွန်မတို့ ကြည့်နေသူတွေ အားလုံးနည်းတူ သူလည်း ပြုံးနေတာပဲ၊ အဲဒီနောက်တော့ သူ့မျက်နှာလေးက ဖြူရော်ရော်ဖြစ်လာပြီး အပြုံးလေးလည်း ပြယ်သွားတယ်။ ပြီးတော့ ဆရာဝန်ကို မော့ကြည့်ပြီး တုန်တုန်ယင်ယင် အသံလေးနဲ့ သူ မေးရှာတယ်။ "ကျွန်တော် အခုတစ်ခါတည်း သေသွားတော့မှာလား" တဲ့။
ကလေးက ငယ်တော့ ဆရာဝန်ရှင်းပြတာကို ကောင်းကောင်း သဘောမပေါက်ဘူး။ သူက သူ့အစ်မအတွက် သွေးပေးရမယ်ဆိုတာ သူ့သွေးအားလုံး ဖောက်ပေးလိုက်ရမယ်လို့ ထင်ထားတာကိုး
"အဲဒါပါပဲ၊ သတ္တိစိတ် မွေးပေးတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ခဲ့ရဖူးလို့ ကျွန်မမှာလည်း သတ္တိဆိုတာ ရှိတတ်လာခဲ့တာပါ"
Posted by Ko Nyan Posted Time 10:44 AM 0 Comment(s)
Labels အောင်မြင်ရေး-Success
Monday, October 11, 2010
လူငယ်တွေအတွက် မရှိမဖြစ်အရာနှစ်မျိုး - လူထုစိန်ဝင်း
လူငယ်တွေ ရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာလိုနေလဲ။ ဘာတွေကြိုးစားရမလဲ ဆိုတဲ့မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့သဘော ဆောင်တဲ့အတွက် ၀မ်းသာရပါတယ်။
ချီးကျူးရမယ့်စိတ်
တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာများကိုလည်း ပြောပြပေးပါလို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလားလား တောင်းခံတဲ့ စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ်ဘူး။ ဝေဖန်သူကို "ကက်ကက်လန်" ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့်မှာ ဖြည့်ဆည်းဖို့ လိုအပ်နေတာတွေကို သိချင်စိတ်ရှိတာလည်း ကောင်းတာပဲ။ တစ်ပါးသူကို ထောက်ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ်လိုဖွယ်ကောင်းတယ်။ ပလွှားစိတ် မရှိတာကို ညွှန်ပြတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်တွေနဲ့ "ပလဲနံပသင့်"တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ်သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။
သရေဆိုတာ ပွဲမပြီးတာ
ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံးအချက် ဖြစ်တယ်။ သိရင် သိတယ်။ မသိရင် မသိဘူး။ ကြိုက်ရင် ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကို ညာပြီး သရေထိုးသွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်းစားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင်ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲဆိုကတည်းက အရှုံးအနိုင် သိဖို့လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဘောလုံးပွဲမှာ ပူးတွဲပထမဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှုတူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပိုထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ရတယ်။
ပိုပြီး ရင်းရင်းနှီးနှီး
ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ပိုပြီး ရင်းရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေးသလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က စေတနာမှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာမှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ်တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင်တွေ့တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့စာတွေထဲက သူတို့မကြိုက်တာတွေကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့လိုအပ်တာကို ရှင်းပြလိုက်တယ်။ ဟန်လုပ်ပြီး တစ်ယောက်ကိုတစ်ယောက် "ဗုံနဲ့မြှောက်" နေတာမျိုးတွေ မရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ် ပေါ့ပါးတယ်။ စကားပြောရတာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။
မရှိမဖြစ် နှစ်မျိုး
အဲဒီလို လူငယ်တွေက သူတို့ လူငယ်များအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြတာကိုလည်း ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါတယ်။ မျှော်လင့်ချက် နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်းအတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားရှိမှ လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။ ဒီနှစ်ခု မရှိရင် ပဲ့မပါတဲ့လှေလို ဟိုဘက် မျောလိုက်၊ ဒီဘက်မျောလိုက်နဲ့ ဘယ်သောင်ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ လူရာမ၀င်တဲ့ (Nobody) ယောင်ခြောက်ဆယ်အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။
ရှင်လျက်သေနေသူ
လူ့ဘ၀ဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ် ရှိနေတာဖြစ်တယ်။ မျှော်လင့်ချက် ကင်းမဲ့တဲ့ဘ၀ဟာ အသက်ရှင်လျက် သေနေတဲ့ဘ၀ ဖြစ်တယ်။ ဘာအနှစ်သာရမှ မရှိဘူး။ အချည်းနှီးပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ တစ်နေ့မှာ ဆင်းရဲတဲ့ဘ၀က လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့် ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်ချက်နဲ့ စိတ်ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ ရှင်လျက် သေနေတဲ့သူပဲ။ ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။ စိတ်ကူးယဉ်တတ်ရမယ်။
အိပ်မက် မက်တတ်ရမယ်
အထူးသဖြင့် လူငယ်မှန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် မဟုတ်ဘူး။ ''ဖြစ်တော့ ဖြစ်ချင်တာပေါ့၊ ဒါပေမယ့်...'' ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမယ့် (but) ဆိုတာ လုံးဝ မရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းသာ ရှိရမယ်။ လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ လုပ်ရင် ဖြစ်တယ်။ သွားရင် ရောက်တယ်။ ယူရင် ရတယ်။ မဉ္ဇူသကနတ်ပန်းကိုမှ ဆွတ်ချင်သလား။ မရမချင်း ဆွတ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရဘဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိဘဲ ရတာကိုပဲ ယူလိုက်ပါတော့မယ် ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းကို မရဘဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့်မယ်။ ခေါင်ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲလုံးဝ အ၀င်ခံမှာ မဟုတ်ဘူး။ ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။
အားကျအတုယူစရာ
လူငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ နောက်တစ်မျိုးက စံပြုပုဂ္ဂိုလ် (Role Model) ဖြစ်တယ်။ ကလေး ဘ၀ကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ် တစ်ဦးဦး ရှိနေသင့်တယ်။ စံပြုပုဂ္ဂိုလ်ကို အားကျအတုယူပြီး ကြိုးစားအားထုတ်မှုဟာ လူတိုင်းအတွက် အရေးပါတယ်။ ရှေးခေတ်က ကိုအောင်ဆန်းတို့၊ ကိုဗဟိန်းတို့ တစ်တွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်ကောလင်းကို အားကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးလိယက်ဖူးချစ်တို့ ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ကြတယ်။ နောက်ခေတ် လူငယ်တွေကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်း စတဲ့ တော်လှန်ရေးသမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျအတုယူခဲ့ကြတယ်။
ဧ၀ရတ်ကို အောင်နိုင်တဲ့ မျက်မမြင်
ကျွန်တော်တို့ ကလေးဘ၀ကဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာပါတဲ့ ရော်ဘင်ဟုဒ်လို၊ အိုင်ဗင်ဟိုလို မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသားတွေကို ကူညီတဲ့ လူစွမ်းကောင်းတွေကို သိပ်အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင်ဟုဒ် လုပ်တမ်းမှ ကစားချင်တယ်။ ထောင်အကြိမ်ကြိမ် ကျခဲ့ရတဲ့ သတင်းသမားတစ်ယောက် ဖြစ်ခဲ့ရတာ ငယ်စဉ်က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟို တို့ကို အားကျအတုယူခဲ့လို့ ထင်ပါရဲ့။ အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလို စံပြုပုဂ္ဂိုလ်မျိုး တော်တော်ရှားပါးတာ တွေ့ရတယ်။ ကျောင်းသင်ဖတ်စာတွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း မတွေ့နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့် မျက်စိနှစ်ဖက်စလုံး မမြင်ရတဲ့သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧ၀ရက်တောင်ထိပ်ကို ရောက်အောင်တက်နိုင်ခဲ့ကြတဲ့ အဖြစ်တွေ၊ ၁၃ နှစ်သမီးလေး တစ်ယောက်တည်း ရွက်လှေတစ်စင်းနဲ့ ကမ္ဘာတစ်ပတ် ပတ်ခဲ့တဲ့ သတင်းတွေ နေ့စဉ် တွေ့မြင်ဖတ်ရှုနေရတယ် မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေအတွက် စံပြုပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့။
သူတော်ကောင်းမကြီး
ဒီလို သတင်းအဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲရောက်အောင် ပို့သင့်ကြပါတယ်။ လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြတဲ့ ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေး အတွက် သူ့ဘ၀တစ်ခုလုံး မြှုပ်နှံပြီး ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်းမကြီး မာသာထရီဇာရဲ့ အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတစ်ခုလုံးက စာသင်ခန်းတွေထဲမှာ ကလေးတွေ ဖတ်ရှုသင်ကြားနေနိုင်အောင် ဆောင်ရွက်သင့်ကြပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်နေ့တခြား တိုးပွားများပြားလာပြီး လူသားတွေ ရိုင်းသထက် ရိုင်းလာနေတဲ့အတွက် ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္တရစ်အရပ်သဖွယ် ဖြစ်နေတဲ့ ခေတ်ကာလကြီးမှာ မာသာထရီဇာဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလားခင်ဗျာ။
Posted by Ko Nyan Posted Time 3:13 PM 1 Comment(s)
Friday, October 08, 2010
မဟတ္တမဂန္ဓီရဲ့ ဖိနပ်တစ်ရန် [နှလုံးသားအာဟာရ ရသစာများ၊ ဖေမြင့်]
တစ်နေ့ မဟတ္တမဂန္ဓီကြီး ခရီးသွားရန် ရထားပေါ်အတက်မှာ သူ၏ ဖိနပ်တစ်ဖက် ကျွတ်ပြီး အောက်ဘက် သံလမ်းပေါ်ကျသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူ ကောက်မယူနိုင်တော့။
ဘေးလူတွေ ငေးကြည့်နေကြဆဲ ဂန္ဓီက အေးအေးဆေးဆေးပင် သူ့မှာ ကျန်နေသေးသည့် ဖိနပ်တစ်ဖက်ကို ချွတ်ကာ စောစောက ကျွတ်ကျခဲ့သည့် နေရာဘက်ဆီသို့ လှမ်းပစ်လိုက်သည်။
"ဟာ... ဘာလုပ်တာလဲ" ခရီးသည်တစ်ယောက်က မေးသည့်အခါ ဂန္ဓီကြီးက ပြုံးပြီး "စောစောက တစ်ဖက်တည်း ကောက်ရမယ့်လူ အခုတော့ တစ်ရန် ရသွားမှာပေါ့ဗျာ၊ အဲဒါဆို သူ စီးလို့ ရသွားပြီ" ဟု ဖြေလေသည်။
Posted by Ko Nyan Posted Time 2:23 PM 0 Comment(s)
Labels အောင်မြင်ရေး-Success
Tuesday, October 05, 2010
ဥပဒေသိက လူရေးလှ - ဦးကျော်ဇေယျ
အမေး။
လူတစ်ဦးသည် မိမိကိုယ်ကို ထိပါးလာလျှင်သော်လည်းကောင်း၊ ထိပါးရန် ခြိမ်းခြောက်လာလျှင်သော်လည်းကောင်း ကာကွယ်ခုခံခွင့် ရှိသလား။
အဖြေ။
ကာကွယ်ခုခံခွင့် ရှိပါသည်။
[မောင်ခွေး(ခ)ထွန်းကြည် နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၄၂၈]
ခွဲစိတ်ကုဆရာဝန် ဦးဖြူက လူနာတစ်ယောက်အား အသက်ရှင်နိုင်ခွင့်မရှိဟု သဘောရကြောင်းကို သဘောရိုးဖြင့် အကြောင်းကြားခြင်းကြောင့် လူနာသည် ထိတ်လန့်၍ သေဆုံး၏။ ဦးဖြူသည် ပြစ်မှုကျူးလွန်ရာ ရောက်ပါသလား။
အဖြေ။
ဦးဖြူသည် ပြစ်မှုကျူးလွန်ရာ မရောက်။
[ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၉၃]
အိမ်လခပေးရန် ပျက်ကွက်သည့် အိမ်ငှားအား လိမ်လည်မှုဖြင့် တရားစွဲနိုင်ပါသလား။
အဖြေ။
လိမ်လည်မှုဖြင့် တရားစွဲဆိုခြင်း မပြုနိုင်။ တရားမကြောင်းအရသာ အရေးယူရမည်။
[ဦးမျိုးသန်း နှင့် ပြည်ထောင်စု၊ ၁၉၇၄၊ တရားရေးစာစောင်၊ အတွဲ ၂၊ စာ ၇]
ဇနီးကို မသင်္ကာသဖြင့် ခရီးထွက်မည်ဆိုပြီး ချောင်းဖမ်းရာ တရားခံအား ညအချိန် အိမ်ပေါ်၌မိသည်။ ထိုစဉ်က တရားလို၏ ဇနီးသည် အိမ်ကို လက်ရှိဖြစ်၍ ဇနီး၏ ခွင့်ပြုချက်အရ လာခြင်းဖြစ်သောကြောင့် တရားခံသည် ကျော်နင်းမှု ကျူးလွန်းခြင်းမဟုတ် ဆိုသည်မှာ မှန်နိုင်သလား။
အဖြေ။
တရားလို၏ ဇနီးသည် အိမ်ကို လက်ရှိဖြစ်သော်လည်း တရားလိုအနေနှင့်လည်း လက်ရှိမဟုတ်ဟု မဆိုနိုင်သည့်အပြင် တရားခံသည် တရားလို၏ဇနီး ဖိတ်ခေါ်၍လာခြင်း ဖြစ်သော်လည်း တရားလို၏ အခွင့်အရေးကို ဆန့်ကျင်ကာ လင်ရှိမယားအား ကျူးလွန်ရန် လာခြင်းဖြစ်၍ ပြစ်မှုကျူးလွန်ရန် အကြံဖြင့် ၀င်ရောက်သည်ဟု ယူဆရမည် ဖြစ်ပေသည်။
[ချာတာဆင်းဒါမိုင်း နှင့် အစိုးရ၊ (၁၉၁၇-၂၀) အထက်မြန်မာပြည်စီရင်ထုံး၊ စာ ၁၉၄]
အစေခံ မဟုတ်ဘဲ အစေခံဖြစ်သည်ဟု ပြောဆိုသုံးနှုန်းခြင်းသည် အသရေဖျက်မှု မြောက်ပါသလား။
အဖြေ။
အသရေဖျက်မှု မြောက်ပေသည်။
[ဒေါ်ချို နှင့် ပြည်ထောင်စု၊ ၁၉၆၅၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၂၃၂]
Posted by Ko Nyan Posted Time 1:06 AM 0 Comment(s)
Labels ဗဟုသုတ-Knowledge, ဥပဒေသိက လူရေးလှ, အောင်မြင်ရေး-Success
Thursday, September 23, 2010
ဧည့်သည်ဝတ်၊ အိမ်ရှင်ဝတ်၊ တယ်လီဖုန်းဆက်သူဝတ်
ဧည့်သည် ၀တ္တရား (၅) ပါး
သင့်တော်ချိန်သွား၊ မေတ္တာပွား၍...
စကားမရှေ(ရှည်)၊ သိမ်မွေ့စေပြီး
ကူလေအိမ့်ရှင်၊ ၀တ်ငါးအင်
အစဉ်မှတ်သား ဧည့်သည်များ။
အိမ်ရှင် ၀တ္တရား (၄) ပါး
ပျူငှာစွာကြို၊ စားစရာကိုကျွေး
နေရာပေး၍၊ နွေးထွေးစကား
ပြောဖော်ကြားမှ၊ လေးပါးစိတ်ဓာတ်
အိမ်ရှင်မှတ်။
တယ်လီဖုန်းဆက်သူ ၀တ္တရား (၅) ပါး
နံပါတ်မှန်ပါ၊ မှားအခါတောင်းပန်
ကိုယ့်နာမည်ပြော၊ စကားကြောမရှေ(ရှည်)
လေသံမကျယ်၊ ဤငါးသွယ်
မှတ်ဖွယ် ဖုန်းဆက်ကြသူများ။
[မှတ်ချက်] - မြန်မာမှုတွင် မိဘ၀တ်ငါးပါး၊ သားသမီးဝတ်ငါးပါး၊ ဆရာ့ဝတ်ငါးပါး၊ တပည့်ဝတ်ငါးပါး စသည်တို့ကို ကဗျာစပ်ဆိုထားခြင်း ရှိသော်လည်း အထက်ပါ မိတ်ဆွေ၊ ဧည့်သည်၊ အိမ်ရှင် တယ်လီဖုန်းဆက်သူတို့၏ ၀တ္တရားများကို စပ်ဆိုထားကြောင်း မတွေ့မိသေးသဖြင့် ဤသို့ရေးစပ်ပါသည်။
Posted by Ko Nyan Posted Time 2:56 PM 0 Comment(s)
Labels အောင်မြင်ရေး-Success


