Showing posts with label SEA Games. Show all posts
Showing posts with label SEA Games. Show all posts

Friday, December 18, 2009

Latest News of 25th SEA Games


၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကတော့ လာအိုနိုင်ငံတွင် အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်ပါသည်။ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုအခြေအနေမှာ-

dec18.jpg

မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ရယူပေးထားကြသူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) လင်းအောင် (သေနတ်ပစ်)၊ အမျိုးသား မီတာ ၅၀ မှောက်လျက်ပစ်
(၂) မြန်မာအမျိုးသေနတ်ပစ်အသင်း၊ အမျိုးသား မီတာ ၅၀ မှောက်လျက်ပစ် အသင်းလိုက် (လင်းအောင်၊ အောင်ငြိမ်းနီ၊ အောင်သူရ)
(၃) ဇေဇေလတ် (အလေးမ)၊ အမျိုးသမီး ၆၉ ကီလိုအထက်
(၄) အောင်ခိုင် (ပြေးခုန်ပစ်)၊ အမျိုးသား မီတာ ၅၀၀၀
(၅) ယမင်းကေခိုင် (တိုက်ကွန်ဒို)၊ တစ်ဦးချင်း Poomsae အလှပြ
(၆) မြန်မာပိုက်ကျော်ခြင်းအဖွဲ့၊ အမျိုးသမီးကွင်းသွင်းခြင်းခတ် (နိုင်နိုင်ဝင်း၊ ကြူကြူသင်း၊ ဆုသဉ္ဖာနိုင်၊ နွယ်နွယ်ထွေး၊ ဖြူဖြူသန်း၊ မေဇင်ဖြိုး)
(၇) ကေခိုင်မျိုးထွန်း (ပြေးခုန်ပစ်)၊ အမျိုးသမီး ၂၀ ကီလိုမီတာ လမ်းလျှောက်
(၈) မြန်မာအမျိုးသမီးမြှားပစ်အသင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ
(၉) ဟိန်းလတ်ဇော် (ဂျူဒို)၊ အမျိုးသား ၅၅-၆၀ ကီလိုတန်း
(၁၀) ဇင်လင်းအောင် (ဂျူဒို)၊ အမျိုးသား ၈၁-၉၀ ကီလိုတန်း
(၁၁) မြန်မာပိုက်ကျော်ခြင်းအဖွဲ့၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ (ကြူကြူသင်း၊ မေဇင်ဖြိုး၊ ဖြူဖြူသန်း)
(၁၂) မြန်မာပိုက်ကျော်ခြင်းအဖွဲ့၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ (စည်သူလင်း၊ ဇော်လတ်၊ အောင်ချိုမြင့်)

အမျိုးသားဘောလုံးပြိုင်ပွဲတွင်-
(ပထမရွှေတံဆိပ်) - မလေးရှား
(ဒုတိယငွေတံဆိပ်) - ဗီယက်နမ်
(တတိယကြေးတံဆိပ်) - စင်ကာပူ

အမျိုးသမီးဘောလုံးပြိုင်ပွဲတွင်-
(ပထမရွှေတံဆိပ်) - ဗီယက်နမ်
(ဒုတိယငွေတံဆိပ်) - ထိုင်း
(တတိယကြေးတံဆိပ်) - မြန်မာ

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်၊ သောကြာနေ့။
ည ၁၀ နာရီ ၅၇ မိနစ်တွင်ပြီး၏။
ကိုးကား - www.laoseagames2009.com

Thursday, December 17, 2009

SEA Games ပြိုင်ပွဲ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုအခြေအနေ


ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

dec17.jpg

မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ရယူပေးထားကြသူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) လင်းအောင် (သေနတ်ပစ်)၊ အမျိုးသား မီတာ ၅၀ မှောက်လျက်ပစ်
(၂) မြန်မာအမျိုးသေနတ်ပစ်အသင်း၊ အမျိုးသား မီတာ ၅၀ မှောက်လျက်ပစ် အသင်းလိုက်
(၃) ဇေဇေလတ် (အလေးမ)၊ အမျိုးသမီး ၆၉ ကီလိုအထက်
(၄) အောင်ခိုင် (ပြေးခုန်ပစ်)၊ အမျိုးသား မီတာ ၅၀၀၀
(၅) ယမင်းကေခိုင် (တိုက်ကွန်ဒို)၊ တစ်ဦးချင်း Poomsae အလှပြ
(၆) မြန်မာပိုက်ကျော်ခြင်းအဖွဲ့၊ အမျိုးသမီးကွင်းသွင်းခြင်းခတ်
(၇) ကေခိုင်မျိုးထွန်း (ပြေးခုန်ပစ်)၊ အမျိုးသမီး ၂၀ ကီလိုမီတာ လမ်းလျှောက်
(၈) မြန်မာအမျိုးသမီးမြှားပစ်အသင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ
(၉) ဟိန်းလတ်ဇော် (ဂျူဒို)၊ အမျိုးသား ၅၅-၆၀ ကီလိုတန်း
(၁၀) ဇင်လင်းအောင် (ဂျူဒို)၊ အမျိုးသား ၈၁-၉၀ ကီလိုတန်း

Latest Medal Tally


၂၅ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် နိုင်ငံအလိုက် ဆုတံဆိပ်ရရှိထားမှု နောက်ဆုံးအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

dec17i.jpg

မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ရယူပေးထားကြသူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) လင်းအောင် (သေနတ်ပစ်)၊ အမျိုးသား မီတာ ၅၀ မှောက်လျက်ပစ်
(၂) မြန်မာအမျိုးသေနတ်ပစ်အသင်း၊ အမျိုးသား မီတာ ၅၀ မှောက်လျက်ပစ် အသင်းလိုက်
(၃) ဇေဇေလတ် (အလေးမ)၊ အမျိုးသမီး ၆၉ ကီလိုအထက်
(၄) အောင်ခိုင် (ပြေးခုန်ပစ်)၊ အမျိုးသား မီတာ ၅၀၀၀
(၅) ယမင်းကေခိုင် (တိုက်ကွန်ဒို)၊ တစ်ဦးချင်း Poomsae အလှပြ
(၆) မြန်မာပိုက်ကျော်ခြင်းအဖွဲ့၊ အမျိုးသမီးကွင်းသွင်းခြင်းခတ်
(၇) ကေခိုင်မျိုးထွန်း (ပြေးခုန်ပစ်)၊ အမျိုးသမီး ၂၀ ကီလိုမီတာ လမ်းလျှောက်
(၈) မြန်မာအမျိုးသမီးမြှားပစ်အသင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ
(၉) ဟိန်းလတ်ဇော် (ဂျူဒို)၊ အမျိုးသား ၅၅ ကီလိုနှင့် ၆၀ ကီလိုကြား

Tuesday, December 15, 2009

25th SEA Games News, Results


အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ရလဒ်များ
၁။ ဗီယက်နမ် ၄ - ၁ စင်ကာပူ
၂။ မလေးရှား ၃ - ၁ လာအို

အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် (၁၆-၁၂-၂၀၀၉) ရက်နေ့တွင် ထိုင်း နှင့် ဗီယက်နမ်တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အမျိုးသားဘောလုံးပြိုင်ပွဲတွင်မူ တတိယနေရာလုပွဲအဖြစ် (၁၇-၁၂-၂၀၀၉)ရက်နေ့တွင် လာအိုနှင့် စင်ကာပူ၊ ဗိုလ်လုပွဲအဖြစ် ထိုနေ့တွင်ပင် ဗီယက်နမ်နှင့် မလေးရှားတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

နိုင်ငံအလိုက် ဆုတံဆိပ်ရရှိထားမှုအခြေအနေ

dec15.jpg

မြန်မာအသင်းအတွက် ရွှေတံဆိပ်ရယူပေးထားသူများမှာ-
(၁) လင်းအောင် (သေနတ်ပစ်)၊ အမျိုးသား မီတာ ၅၀ မှောက်လျက်ပစ်
(၂) မြန်မာသေနတ်ပစ်အဖွဲ့၊ အမျိုးသား မီတာ ၅၀ မှောက်လျက်ပစ် အသင်းလိုက်
(၃) ဇေဇေလတ် (အလေးမ)၊ အမျိုးသမီး ၆၉ ကီလိုအထက်
(၄) အောင်ခိုင် (ပြေးခုန်ပစ်)၊ အမျိုးသား မီတာ ၅၀၀၀
(၅) ယမင်းကေခိုင် (တိုက်ကွန်ဒို)၊ တစ်ဦးချင်း Poomsae အလှပြ
(၆) မြန်မာပိုက်ကျော်ခြင်းအဖွဲ့၊ အမျိုးသမီးကွင်းသွင်းခြင်းခတ်
(၇) ကေခိုင်မျိုးထွန်း (ပြေးခုန်ပစ်)၊ အမျိုးသမီး ၂၀ ကီလိုမီတာ လမ်းလျှောက်

25th SEA Games Medal Tally (Dec 14)


medalsdec14.jpg

မြန်မာအသင်းမှ ရရှိထားသော ရွှေတံဆိပ် (၆)ခုမှာ အောက်ပါအတိုင်းဖြစ်သည်-
(၁) လင်းအောင် (သေနတ်ပစ်)၊ အမျိုးသား မီတာ ၅၀ မှောက်လျက်ပစ်
(၂) မြန်မာသေနတ်ပစ်အဖွဲ့ (သေနတ်ပစ်)၊ အမျိုးသား မီတာ ၅၀ မှောက်လျက်ပစ် အသင်းလိုက်
(၃) ဇေဇေလတ် (အလေးမ)၊ အမျိုးသမီး ၆၉ ကီလိုအထက်
(၄) အောင်ခိုင် (ပြေးခုန်ပစ်)၊ အမျိုးသား မီတာ ၅၀၀၀
(၅) ယမင်းကေခိုင် (တိုက်ကွန်ဒို)
(၆) မြန်မာအသင်း (ခြင်းခတ်)၊ အမျိုးသမီးကွင်းသွင်းခြင်းခတ်

Source: www.laoseagames2009.com

Monday, December 14, 2009

အားလုံးကနိုင်ချင်ကြသတဲ့လား - ကိုဉာဏ် (ပန်းလောင်မြေ)


wanttowin.png
အမှန်အတိုင်းပြောရရင် မြန်မာအမျိုးသား ဘောလုံးအသင်းသော်လည်းကောင်း၊ အမျိုးသမီးအသင်းသော်လည်းကောင်း အခုကျင်းပနေတဲ့ ၂၅ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်သွားခဲ့ရင်၊ အောင်မြင်မှုရခဲ့ရင် ဒီဆောင်းပါးကို ရေးဖြစ်မှာမဟုတ်ပါဘူး။ အရင်ကတည်းက စိတ်ထဲမှာရှိပြီးသား အတွေးတစ်ခုကို ရေးမယ်ရေးမယ်နဲ့ တေးထားခဲ့တာ ကြာပါပြီ။ အခုတော့ အကြောင်းတရားတွေ တိုက်ဆိုင်လာတဲ့အတွက် ရေးလိုက်ပါပြီ။

စကားတစ်ခွန်းကြောင့်
ကျွန်တော်ဟာ ဘောလုံးကို အင်မတန်မှကို ခုံမင်နှစ်သက်တဲ့ လူတစ်ယောက်ပါ။ ကိုယ်တိုင်လည်း ဘောလုံးကစားရတာကို ရူးသွပ်သလို စလောင်းကလာတဲ့ပွဲတွေကို အားပေးကြည့်ရှုရတာကိုလည်း စွဲလန်းနှစ်ခြိုက်သူပါ။ မြန်မာအများစု အကြိုက်ဆုံးဖြစ်တဲ့ အင်္ဂလန်က မန်ချက်စတာ ယူနိုက်တက်ဟာ ကျွန်တော့်ရဲ့ ထာဝရဖေးဘရိတ်အသင်းပေါ့။ နိုင်ငံအသင်းတွေကိုတော့ သိပ်ပြီးစွဲစွဲလန်းလန်း ကြိုက်လှတယ်မရှိပါဘူး။ ဘရာဇီးလ်ရဲ့ ကစားဟန်တွေ၊ ကျွမ်းကျင်မှုတွေကို ကြိုက်တယ်။ အင်္ဂလန်ရဲ့ ခွန်အားသုံးကန်တင်ပြေးကို သဘောကျတယ်။ ဟော်လန်ရဲ့ တိုတယ်ဖွတ်ဘော(လ်)ကို စွဲလန်းခဲ့ဖူးတယ်။ အခုနောက်ပိုင်း အိုင်ဗရီကို့စ်တို့၊ ကင်မရွန်းတို့ရဲ့ ကစားဟန်တွေကိုလည်း နှစ်ခြိုက်မိပြန်ပါရော။ ဒါပေမယ့်လို့ မြန်မာအသင်းဆိုရင်တော့ လူကြီးအသင်းပဲဖြစ်ဖြစ်၊ ကလေးအသင်းပဲဖြစ်ဖြစ် ကန်ပြီဆိုတာနဲ့ နိုင်စေချင်တဲ့စိတ်နဲ့ အားပေးတော့တာပါပဲ။ ဒါကလည်း အထူးအဆန်းတော့မဟုတ်ပါဘူး။ မြန်မာအားလုံး ဒီစိတ်နဲ့ ဒီလိုပဲ အားပေးကြမှာပဲမဟုတ်လား။ အားလုံးသိတဲ့အတိုင်းပဲ အခုနောက်ပိုင်း မြန်မာအသင်းဆိုတာကလည်း ၁၉၉၃ ခုနှစ် စင်ကာပူပွဲတုန်းသဲာ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ ၀င်းအောင်၊ အောင်ကျော်ကျော်၊ တင်မြင့်အောင်၊ သန်းဝေ၊ စိုးနိုင် စတဲ့ မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမားတွေရဲ့ အစွမ်းနဲ့ ငွေတံဆိပ်လေး ရခဲ့တာလေ။ အဲဒီနောက်တော့ ပြိုင်သမျှပြိုင်ပွဲမှန်သမျှ မနိုင်တာနဲ့၊ အခြေမလှတာနဲ့၊ အုပ်စုကထွက်ရတာနဲ့၊ ဒိုင်ညစ်တာခံရတာနဲ့ ခေါင်းစဉ်မျိုးစုံအောက်မှာ အရှုံးတလည်လည် ဖြစ်နေခဲ့ရတာလေ။ မြန်မာပွဲကြည့်ရင် ရောဂါရလို့ မကြည့်တော့ဘူးဆိုတဲ့လူတွေလည်း ဘောလုံးပွဲလာရင် မနေနိုင်ပါဘူး။ တီဗီရှေ့၊ စလောင်းရှေ့ အပြေးရောက်သွားတာပါပဲ။ အော်ဟစ်ဆဲဆို အားပေးသံတွေနဲ့ ညံသွားရတာပါပဲ။ အဲဒီအထဲမှာ ကျွန်တော်လည်း ပါခဲ့တာပေါ့ဗျာ။ မြန်မာအသင်းနိုင်ရင် ပျော်ခဲ့ရသလို မြန်မာအသင်းရှုံးတဲ့အခါများမှာလည်း စိတ်ညစ်ခဲ့ရ၊ အားမလိုအားမရဖြစ်ပြီး တီဗီရှေ့မှာ ဆဲဆိုလိုက်နဲ့ပေါ့။ ဒါပေမယ့်… ဒါပေမယ့်ပေါ့လေ တစ်ခုသောကာလမှာ ဆရာထွန်းလှအောင်ရဲ့ စကားတစ်ခွန်းကြောင့် အဲဒီနောက်ပိုင်း မြန်မာဘောလုံးပွဲကြည့်တိုင်း ဘယ်တော့မှ မဆဲတော့ပါဘူး။

မြန်မာအသင်း
ကိုယ့်မြန်မာအသင်းကို နိုင်စေချင်တာ၊ ဖလားရစေချင်တာဟာ မြန်မာပီသတာပဲဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ့်နိုင်ငံအသင်းကို အားပေးကြမှာပဲမဟုတ်လား။ ဒါပေမယ့် အားပေးတဲ့နေရာမှာ တရားမျှတမှုရှိဖို့တော့ လိုပါတယ်။ ကိုယ့်နိုင်ငံအသင်းက ဘရာဇီးလ်လို၊ စပိန်လို၊ အာဂျင်တီးနားလို အသင်းမျိုးလည်းမဟုတ်ပါဘဲ ဘယ်အသင်းနဲ့ကန်ကန် နိုင်စေချင်နေရင်တော့ မျက်ကန်းမျိုးချစ်လို့ ဆိုရပါလိမ့်မယ်။ "ငါ့အသင်းမှ ငါ့အသင်း"လို့ မျက်စိမှိတ်ပြီး အော်နေရင်တော့ အခြားလူတွေက မသိမသာရယ်ကြပါလိမ့်မယ်။ ဘယ်အသင်းနဲ့ကန်ကန် နိုင်စေချင်တဲ့စိတ်ရှိတာ ကောင်းပါတယ်။ နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ အားပေးတာလည်း ကောင်းတာပေါ့။ ဒါပေမယ့် မနိုင်ရကောင်းလားဆိုပြီး အပြစ်တင်မယ်၊ ဝေဖန်မယ်ဆိုရင်တော့ မကောင်းတော့ပါဘူး။ သူ့အိုးနဲ့သူဆန် တန်ရုံပဲရတတ်တာဟာ လောကသဘာဝပဲ ဖြစ်ပါတယ်။ ထိုင်းအသင်းနဲ့ကန်ရင် မနိုင်ဘူးဆိုပါတော့၊ ရှင်းနေတာပဲ…။ ထိုင်းအသင်းလောက်မကောင်းလို့ပေါ့။ သူတို့ကိုနိုင်ချင်ရင် သူတို့ထက်ကောင်းအောင် ကြိုးစားပေါ့။ ကန်တဲ့လူတွေကို အားမလိုအားမရဖြစ်ရင် ကိုယ်ကိုယ်တိုင်ကန်တတ်အောင် ကြိုးစားပေါ့။ ဒီလိုဆိုတဲ့အတွက် ဘုပြောနေတယ်လို့ မထင်စေလိုပါ။ ပြောချင်တာက ဘေးကနေကြည့်ပြီးအားပေးနေတဲ့ ကိုယ်တွေတောင်မှ ဒီလောက်စိတ်ဓာတ်ပြင်းထန် နိုင်ချင်စိတ်တွေပြင်းပြနေရင် တကယ်ဝင်ကန်နေရတဲ့ ကစားသမားတွေက ကိုယ်တွေထက် ပိုမယ်ဆိုတာ သံသယဖြစ်စရာမရှိပါ။ စောစောက ကျွန်တော်ပြောခဲ့သလို စင်ကာပူအသင်းနဲ့ကန်ရင် သူတို့လည်း နိုင်ချင်တာပါပဲ၊ ဒါပေမယ့် စင်ကာပူက ကိုယ်တွေထက်ပိုကောင်းနေတဲ့အခါ စိတ်သွားတိုင်းကိုယ်မပါ ဖြစ်ရပြီး အရှုံးကို ရင်ဝယ်ပိုက်ရတယ်ဆိုတာကို နားလည်ပေးစေလိုတာပါ။ အဓိကပြောချင်တာကတော့ ဘောလုံးပွဲမှာ မြန်မာအသင်း မအောင်မြင်တဲ့အတွက် တစ်နိုင်ငံလုံးရဲ့ ဒေါသတွေ၊ ဝေဖန်ပြစ်တင်မှုတွေ၊ ရှုံ့ချမှုတွေဟာ ဘောလုံးသမားတွေ၊ နည်းပြတွေဆီကိုပဲ ပုံချနေတာကို ကျွန်တော်က သဘောမတူတာပါ။

အားလုံးကနိုင်ချင်သတဲ့လား
အခု လာအိုဆီးဂိမ်းမှာ လာအိုကိုသရေကျတယ်၊ တစ်နိုင်ငံလုံး ကြွက်ကြွက်ညံသွားတယ်။ စင်ကာပူကိုလည်း သရေကျရော ဘယ်လိုမှ ထိန်းလို့မရတော့ဘူး။ ရပ်ကွက်မှာ၊ လမ်းပေါ်မှာ၊ လက်ဖက်ရည်ဆိုင်မှာ၊ ရုံးပေါ်မှာ၊ ကားပေါ်မှာ၊ နောက်ဆုံး အင်တာနက်စာမျက်နှာတွေပေါ်မှာ မြန်မာအသင်းနဲ့ပတ်သက်လို့ ပြောကြဆိုကြရေးကြသားကြတာများ ကြောက်ဖို့တောင်ကောင်းတယ်။ အင်တာနက်စာမျက်နှာတစ်ခုက ကွန်းမန့်တွေမှာ တစ်ချို့တွေရေးထားတာများဆိုရင် မြန်မာတွေရေးထားတာမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်။ ကစားသမားတွေကိုတောင် သုတ်သင်ပစ်ချင်စိတ် ရှိနေကြပြီလားလို့ မေးချင်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအကြောင်းအားလုံးရဲ့ အရင်းခံက ကိုယ့်မြန်မာအသင်းကို အားလုံးက နိုင်စေချင်ကြတာပါ။ မြန်မာလူမျိုးတွေဖြစ်တဲ့အတွက် မြန်မာအသင်းကို နိုင်စေချင်ကြတာဟာ သဘာဝကျတယ်လို့ ဆိုချင်ပါတယ်။

ဘောလုံးသမားတွေက မေးကြမယ်ဆိုရင် ဘယ်လိုဖြေကြမလဲ
ကဲ.. အခုတော့ ဘောလုံးသမားတွေနေရာကနေ စဉ်းစားကြည့်ရအောင်ပါ။ ဟုတ်ပြီ… ဘောလုံးသမားတွေဟာ နိုင်ငံ့လက်ရွေးစင်အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်နေကြတယ်။ မြန်မာအသင်းကရှုံးတယ်။ မအောင်မြင်ဘူး။ သူတို့တွေညံ့တယ်လို့ ပရိသတ်တွေနဲ့ တစ်နိုင်ငံလုံးက ဝေဖန်ကြတယ်။ သူတို့ကလည်း အဲဒီအရှုံးအတွက် သူတို့တွေညံ့ကြောင်း လက်ခံပါတယ်။ ဒါပေမယ့် ခင်ဗျားကိုလည်း သူတို့က ပြန်လည်မေးခွန်းထုတ်ခွင့်ရှိတယ်။ ဆိုပါတော့… ခင်ဗျားဟာ မြန်မာအသင်းကို အရူးအမူးအားပေးတဲ့ လယ်သမားတစ်ယောက် ဆိုပါတော့။ ခင်ဗျားနဲ့ ထိုင်းနိုင်ငံက လယ်သမားတစ်ယောက်၊ ဒါမှမဟုတ် ဗီယက်နမ်က လယ်သမားတစ်ယောက် ပြိုင်ရင် ဘယ်သူနိုင်မယ်ထင်သလဲဗျ။ အာစီယံနိုင်ငံထဲက ဘယ်လယ်သမားနဲ့ဖြစ်ဖြစ် ကျွန်တော်ပြိုင်ဝံ့တယ်ဆိုတဲ့ လယ်သမား ရှိသလားလို့ သူတို့မေးရင် ဘယ်လိုဖြေမလဲဟင်။ ထားပါတော့… ခင်ဗျားဟာ တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်နေနိုင်သေးတာပဲ။ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေက တက္ကသိုလ်ကျောင်းသားတွေနဲ့ ခင်ဗျားနဲ့ယှဉ်ရင် ခင်ဗျားက သာပါတယ်၊ အနိုင်ရမှာပါလို့ ခင်ဗျားပြောဝံ့ပါသလား။ ဒီလိုမှမဟုတ်ဘူး ခင်ဗျားက ဂျာနယ်လစ်တစ်ယောက် ဆိုပါတော့။ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တွေက ဂျာနယ်လစ်တွေထက် ခင်ဗျားက ပိုတော်ပါတယ်လို့ လက်မထောင်ဝံ့ပါသလား။ အခြားသော စီးပွားရေးလုပ်ငန်းရှင်တွေ၊ ၀န်ထမ်းတွေ၊ အရာရှိတွေ၊ စာရေးစာချီတွေ၊ အလုပ်သမားတွေကရော အခြားသောနိုင်ငံကသူတွေနဲ့ယှဉ်ရင် ပိုတော်တယ်၊ ပိုတတ်တယ်၊ ပိုထက်တယ်၊ ပိုပြီးလာဘ်မြင်တယ်လို့ ကြွေးကြော်ဝံ့ပါသလားလို့ မေးလာပါပြီရဲ့။ ဘယ်လိုဖြေကြမလဲဗျာ။ သူများကို မပြောပြရင်တောင် ကိုယ့်ဘာသာကိုယ် စိတ်ထဲမှာ တိုးတိုးလေး ဖြေကြည့်ကြစေချင်ပါတယ်။

တွေးကြည့်ရင်
ကိုရီးယားက ၁၉ နှစ်သမီးက အာကာသကနေ ပြန်လာခဲ့ပြီ။ တစ်ကမ္ဘာလုံး လူပြောအများဆုံးဖြစ်နေတဲ့ Facebook ကို တည်ထောင်တဲ့လူက အသက် ၃၀ တောင်မကျော်သေးတဲ့ လူငယ်တစ်ယောက်။ အဲဒီလိုအချိန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံက ၁၉ နှစ်သားတွေက မိဘဆီကရသမျှကို လက်ဖြန့်တောင်းပြီး အပေါင်းအသင်းတွေ ဝေးလားဝါးလားနဲ့ ဟိုယောင်ယောင်ဒီယောင်ယောင် လုပ်လို့ကောင်းနေတုန်း။ ရည်မှန်းဆိုတာ ဂျိုနဲ့လားလို့ မေးလို့ကောင်းနေတုန်း။ လူငယ်တွေဆိုတာကလည်း ရတဲ့အလုပ်ကို ဖင်မြဲအောင်လုပ်ဖို့ထက် ဟိုဟာလေးပေါ်ပင်လုပ်ချင်၊ ဒီဟာလေးပေါ်ပင်လုပ်ချင်နဲ့ သစ်ကိုင်းကူးနေတာနဲ့ပဲ အချိန်ကုန်နေရတယ်။ လမ်းသစ်ထွင်လျှောက်ဖို့အသာထား၊ ရှေ့ကဖောက်ခဲ့ပြီးသား လမ်းကိုတောင် ဖြောင့်အောင်မလျှောက်ချင်ကြဘူး။ အဲဒီလိုအခြေအနေမှာ ကိုယ့်ဘာသာကိုယ်တော့ ဘယ်နိုင်ငံက လူငယ်နဲ့ပြိုင်ပြိုင်၊ လူကြီးနဲ့ပြိုင်ပြိုင် နိုင်အောင်ကြိုးစားမယ်၊ ပိုတော်အောင် ဖြည့်တင်းထားမယ်ဆိုတဲ့ စိတ်မရှိဘဲ ဘောလုံးအသင်းရှုံးတာကိုပဲ ၀ိုင်းဆဲနေကြတာ၊ လက်ညှိုးဝိုင်းထိုးနေကြတာဟာ တရားမျှတမှုရှိရဲ့လားလို့ တွေးကြည့်ရင် ရှက်စရာကောင်းလှပါတယ်။

ဆရာထွန်းလှအောင်
အပေါ်မှာ ကျွန်တော်ပြောခဲ့သလို အရင်တုန်းကတော့ ကျွန်တော်လည်း ဘောလုံးပွဲကြည့်ရင်း ပါးစပ်သေနတ်တွေ ပစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဆရာထွန်းလှအောင်နဲ့ တွေ့တဲ့တစ်နေ့ကပေါ့ဗျာ။ ကျွန်တော်က "မြန်မာအသင်းကလည်း အားပေးရကျိုးကို မနပ်ပါဘူးဆရာရယ်။ အမြဲတမ်းကို ရှုံးနေတော့တာပါပဲ"လို့ ပြောမိတော့ ဆရာထွန်းလှအောင် ပြန်ပြောတဲ့ စကားလေးက စိတ်ဝင်စားစရာပါ။ "စင်ကာပူက မင်းအသက်အရွယ် လူငယ်တစ်ယောက်နဲ့ အခုမင်းလုပ်နေတဲ့ Field မှာ ပြိုင်ရင် မင်းနိုင်မယ်ထင်သလား"တဲ့။ ကျွန်တော်ဆွံ့အသွားမိပါတယ်။ တစ်ခါမှ ကျွန်တော်မတွေးမိတဲ့ အတွေးတံခါးကို ဆရာက အသာလေးဖွင့်ပေးလိုက်တာပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

တိုက်တွန်းလိုပါတယ်
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒေသတွင်းက အခြားသောအချို့နိုင်ငံတွေထက်စာရင် အများကြီးကို နောက်ကျပြီး ကျန်နေခဲ့ပါပြီ။ လူညံ့တွေ ပြောနေကျစကားဖြစ်တဲ့ အုပ်ချုပ်သူကြောင့်ပါ၊ စနစ်ကြောင့်ပါ ဆိုတာတွေက အပ်ကြောင်းထပ်နေခဲ့ပါပြီ။ အဲဒါကို ကိုယ်တွေက ပြင်လို့ရတာမှမဟုတ်တာပဲ။ ပြည်တွင်းမှာ အဲဒါတွေကို လက်ညှိုးထိုးပြတယ်ပဲထားပါတော့။ ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာတွေမှ အများကြီးပါပဲ။ ဘယ်သူများ ချွန်ထွက်လာတာ၊ ထူးထူးခြားခြား ကမ္ဘာသိ အောင်မြင်လာတာ ရှိသလဲဗျာ။ ကျွန်တော်မသိတဲ့ ရှိနေတဲ့လူဆိုရင်လည်း လက်ဆယ်ချောင်းမပြည့်လောက်ဘူး ထင်ပါတယ်။ ဘယ်သူ့ကြောင့်မို့၊ ဘယ်နိုင်ငံမှာနေလို့၊ ဘယ်နေရမှာရောက်နေလို့ဆိုတဲ့ ဆင်ခြေတွေက မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာသလိုပါပဲ။ သေချာပေါက် ကိုယ်ပြင်လို့ရတာက ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ်ကရော အခြားနိုင်ငံသားတွေလိုမျိုး ပြည့်ဝရင့်ကျက်တဲ့ နိုင်ငံသားကောင်းတစ်ယောက် ဟုတ်ရဲ့လား၊ တိုင်းပြည်အတွက် မရှိမဖြစ် အားကိုးရတဲ့ လူတော်လူကောင်းတစ်ယောက် ဟုတ်ရဲ့လားလို့ မေးကြည့်သင့်ကြပါတယ်။ ကြိုးစားသင့်ကြပါတယ်။ ကိုယ့်အချင်းချင်းပဲ နေရာလုလိုက်၊ မျက်စောင်းထိုးလိုက်၊ စားမာန်ခုတ်လိုက်၊ လက်ညှိုးထိုးလိုက် လုပ်မနေကြပါနဲ့။ "ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်"ဆိုတဲ့ သီချင်းစာသားအတိုင်း ကမ္ဘာလုံးအတိုင်းအတာနဲ့ယှဉ်ပြီး အမြင်ကျယ်ကျယ်နဲ့ မြန်မာနိုင်ငံသားအားလုံး ညီညာဖြဖြ ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်၊ တနင်္လာနေ့။
နေ့လည် ၁ နာရီ ၃၀ မိနစ်တွင်ပြီး၏။

Sunday, December 13, 2009

ဆီးဂိမ်းပြိုင်ပွဲ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု


medalsdec13.jpg

25th SEA Games, Football Results (Women)


အမျိုးသမီးပြိုင်ပွဲ
(၁) ထိုင်း ၁၄ - ၀ မလေးရှား
(၂) လာအို ၁ - ၁ မြန်မာ
(၃) ထိုင်း ၂ - ၂ မြန်မာ
(၄) ဗီယက်နမ် ၈ - ၀ မလေးရှား
(၅) မြန်မာ ၁ - ၁ ဗီယက်နမ်
(၆) ထိုင်း ၄ - ၁ လာအို
(၇) လာအို ၅ - ၀ မလေးရှား
(၈) ဗီယက်နမ် ၂ - ၂ ထိုင်း
(၉) ဗီယက်နမ် ၃ - ၀ လာအို
(၁၀) မြန်မာ ၇ - ၁ မလေးရှား

womenfootball.jpg

အမျိုးသမီးအသင်းများ၏ အုပ်စုပတ်လည်အဆင့်ပြိုင်ပွဲများ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ အမှတ်အများဆုံး အသင်းနှစ်သင်းဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်တို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါသည်။

မြန်မာအမျိုးသမီးအသင်းကတော့ တတိယကြေးတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။ ရှုံးပွဲမရှိဖြင့် ဖြစ်ပါသည်။ (၃)ပွဲသရေ၊ (၁)ပွဲနိုင် ရလဒ်ဖြင့် ဖြစ်ပါသည်။ များစွာနစ်နာလှပါသည်။ ရွှေရနိုင်သည့် ခြေစွမ်းအပြည့်ရှိသော အသင်းဖြစ်ပါလျက် လိုအပ်သည့်နိုင်ပွဲများ မယူနိုင်ခဲ့ခြင်းအတွက် မြန်မာအမျိုးသမီး ဘောလုံးအသင်းကိုယ်စား စိတ်မကောင်းဖြစ်ရပါသည်။ သူတို့နှင့်ထပ်တူ ၀မ်းနည်းရပါသည်။ သို့သော် မြန်မာအမျိုးသမီးအသင်း၏ အနိုင်မခံ၊ အရှုံးမပေး ရေကုန်ရေခန်းယှဉ်ပြိုင်ခဲ့သော တိုက်ပွဲဝင်စိတ်ဓာတ်အတွက် ချီးကျူးမိပါသည်။ မှတ်တမ်းတင်အပ်ပါသည်။ ရှေ့ပွဲတွင် ကစားခဲ့သော ပွဲစဉ်တွင် ဗီယက်နမ်အသင်းက လာအိုအသင်းကို အနိုင်ရသွားသည်ကို သိပါလျက်၊ မိမိတို့အသင်း ဗိုလ်လုပွဲတက်ခွင့် မရှိတော့သည်ကို သိပါလျက်နှင့် အခွင့်အရေး ရှိသေးသည့်ပမာ အားကြိုးမာန်တက်ကစားရင်း မြန်မာ့ဂုဏ်ကို ဆောင်ခဲ့ကြသော အမျိုးသမီးဘောလုံးအသင်းကို အလေးအနက် ဦးညွတ်မိပါသည်။

ပြိုင်ပွဲမှန်လျှင် အနိုင်နှင့်အရှုံးဟူ၍ ရှိစမြဲဖြစ်ရာ မြန်မာအမျိုးသမီးအသင်းသည် အောင်မြင်စွာရှုံးနိမ့်ခြင်းဟု ဆိုချင်ပါသည်။ မြန်မာလူမျိုးတစ်ဦးအနေဖြင့် ကျွန်တော်ကျေနပ်ပါသည်။ သူတို့၏ ကြိုးစားအားထုတ်မှုများအတွက် ကျွန်တော်ဂုဏ်ယူပါသည်။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်၊ တနင်္ဂနွေနေ့။
ည ၁၀ နာရီ ၀၅ မိနစ်တွင် ပြီး၏။
ကိုးကား - www.laoseagames2009.com

Friday, December 11, 2009

SEA Games Medal Tally


medals.jpg

25th SEA Games Football Results


အမျိုးသားပြိုင်ပွဲ
(၁) မလေးရှား ၁၁ - ၀ အရှေ့တီမော (အုပ်စု-က)
(၂) ထိုင်း ၁ - ၁ ဗီယက်နမ် (အုပ်စု-က)
(၃) ထိုင်း ၄ - ၀ ကမ္ဘောဒီးယား (အုပ်စု-က)
(၄) ဗီယက်နမ် ၄ - ၀ အရှေ့တီမော (အုပ်စု-က)
(၅) စင်ကာပူ ၂ - ၂ အင်ဒိုနီးရှား (အုပ်စု-ခ)
(၆) လာအို ၁ - ၁ မြန်မာ (အုပ်စု-ခ)
(၇) ဗီယက်နမ် ၃ - ၁ မလေးရှား (အုပ်စု-က)
(၈) ကမ္ဘောဒီးယား ၄ - ၁ အရှေ့တီမော (အုပ်စု-က)
(၉) စင်ကာပူ ၂ - ၁ မြန်မာ (အုပ်စု-ခ)
(၁၀) လာအို ၂ - ၀ အင်ဒိုနီးရှား (အုပ်စု-ခ)
(၁၁) ထိုင်း ၉ - ၀ အရှေ့တီမော (အုပ်စု-က)
(၁၂) မလေးရှား ၄ - ၀ ကမ္ဘောဒီးယား (အုပ်စု-က)
(၁၃) မြန်မာ ၃ - ၁ အင်ဒိုနီးရှား (အုပ်စု-ခ)
(၁၄) လာအို ၀ - ၀ စင်ကာပူ (အုပ်စု-ခ)
(၁၅) ဗီယက်နမ် ၆ - ၁ ကမ္ဘောဒီးယား (အုပ်စု-က)
(၁၆) မလေးရှား ၂ - ၁ ထိုင်း (အုပ်စု-က)

footballgroup.jpg

အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပြီးဆုံးသွားပြီဖြစ်ရာ အုပ်စု(က)မှ ဗီယက်နမ်နှင့် မလေးရှား၊ အုပ်စု(ခ)မှ လာအိုနှင့် စင်ကာပူအသင်းတို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားကြသည်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ယှဉ်ပြိုင်ကြမည့် အသင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
(၁) ဗီယက်နမ် နှင့် စင်ကာပူ
(၂) လာအို နှင့် မလေးရှား

အမျိုးသမီးပြိုင်ပွဲ
(၁) ထိုင်း ၁၄ - ၀ မလေးရှား
(၂) လာအို ၁ - ၁ မြန်မာ
(၃) ထိုင်း ၂ - ၂ မြန်မာ
(၄) ဗီယက်နမ် ၈ - ၀ မလေးရှား
(၅) မြန်မာ ၁ - ၁ ဗီယက်နမ်
(၆) ထိုင်း ၄ - ၁ လာအို
(၇) လာအို ၅ - ၀ မလေးရှား
(၈) ဗီယက်နမ် ၂ - ၂ ထိုင်း

*** အမျိုးသမီးပြိုင်ပွဲမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့မှု အခြေအနေဖြစ်ပါသည်။

Tuesday, December 08, 2009

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ရလဒ်များ (၈-၁၂-၂၀၀၉)


အမျိုးသားပြိုင်ပွဲ
ထိုင်း ၉ - ၀ အရှေ့တီမော (အုပ်စု-က)
မလေးရှား ၄ - ၀ ကမ္ဘောဒီးယား (အုပ်စု-က)

အမျိုးသမီးပြိုင်ပွဲ
မြန်မာ ၁ - ၁ ဗီယက်နမ်
ထိုင်း ၄ - ၁ လာအို

Monday, December 07, 2009

25th SEA Games, Football Results


အမျိုးသားပြိုင်ပွဲ
(၁) မလေးရှား ၁၁ - ၀ အရှေ့တီမော (အုပ်စု-က)
(၂) ထိုင်း ၁ - ၁ ဗီယက်နမ် (အုပ်စု-က)
(၃) ထိုင်း ၄ - ၀ ကမ္ဘောဒီးယား (အုပ်စု-က)
(၄) ဗီယက်နမ် ၄ - ၀ အရှေ့တီမော (အုပ်စု-က)
(၅) စင်ကာပူ ၂ - ၂ အင်ဒိုနီးရှား (အုပ်စု-ခ)
(၆) လာအို ၁ - ၁ မြန်မာ (အုပ်စု-ခ)
(၇) ဗီယက်နမ် ၃ - ၁ မလေးရှား (အုပ်စု-က)
(၈) ကမ္ဘောဒီးယား ၄ - ၁ အရှေ့တီမော (အုပ်စု-က)
(၉) စင်ကာပူ ၂ - ၁ မြန်မာ (အုပ်စု-ခ)
(၁၀) လာအို ၂ - ၀ အင်ဒိုနီးရှား (အုပ်စု-ခ)

အမျိုးသမီးပြိုင်ပွဲ
(၁) ထိုင်း ၁၄ - ၀ မလေးရှား
(၂) လာအို ၁ - ၁ မြန်မာ
(၃) ထိုင်း ၂ - ၂ မြန်မာ
(၄) ဗီယက်နမ် ၈ - ၀ မလေးရှား

***ဒီဇင်ဘာလ ၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားပြီးမှု အခြေအနေဖြစ်ပါသည်။

Sunday, December 06, 2009

25th SEA Games Football Results


အမျိုးသားဘောလုံးပြိုင်ပွဲ
(၁) စင်ကာပူ ၂ - ၂ အင်ဒိုနီးရှား (အုပ်စု-ခ)
(၂) လာအို ၁ - ၁ မြန်မာ (အုပ်စု-ခ)
(၃) ဗီယက်နမ် ၃ - ၁ မလေးရှား (အုပ်စု-က)
(၄) ကမ္ဘောဒီးယား ၄ - ၁ အရှေ့တီမော (အုပ်စု-က)

အမျိုးသမီးဘောလုံးပြိုင်ပွဲ
(၁) ထိုင်း ၂ - ၂ မြန်မာ
(၂) ဗီယက်နမ် ၈ - ၀ မလေးရှား

Saturday, December 05, 2009

လာအိုဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ရလဒ်များ


အမျိုးသားဘောလုံးပြိုင်ပွဲ၊ အုပ်စု (က)
(၁) မလေးရှား (၁၁)ဂိုး - အရှေ့တီမော (ဂိုးမရှိ)
(၂) ထိုင်း (၁)ဂိုး - ဗီယက်နမ်း (၁)ဂိုး
(၃) ထိုင်း (၄)ဂိုး - ကမ္ဘောဒီးယား (ဂိုးမရှိ)
(၄) ဗီယက်နမ် (၄)ဂိုး - အရှေ့တီမော (ဂိုးမရှိ)

အမျိုးသမီးဘောလုံးပြိုင်ပွဲ
(၁) ထိုင်း (၁၄)ဂိုး - မလေးရှား (ဂိုးမရှိ)
(၂) လာအို (၁)ဂိုး - မြန်မာ (၁)ဂိုး

Tuesday, December 01, 2009

ဆီးဂိမ်းလာပြီ


25th SEA GAMES, LAOS
VIENTIANE 2009
December 9-18


logommt.png

mascotmmt.png

၂၅ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်မှ ၁၈ ရက်နေ့အထိ လာအိုနိုင်ငံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲသို့ အရှေ့တောင်အာရှမှ (၁၁)နိုင်ငံလုံး ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံများမှာ -
(၁) အိမ်ရှင် လာအို
(၂) မြန်မာ
(၃) ထိုင်း
(၄) စင်ကာပူ
(၅) အင်ဒိုနီးရှား
(၆) မလေးရှား
(၇) ကမ္ဘောဒီးယား
(၈) ဖိလစ်ပိုင်
(၉) ဘရူနိုင်း
(၁၀) ဗီယက်နမ်
(၁၁) အရှေ့တီမော တို့ ဖြစ်ကြသည်။

ကျင်းပပြုလုပ်ပေးမည့် အားကစားနည်းများမှာ -
(၁) မြှားပစ်
(၂) ပြေးခုန်ပစ်
(၃) ကြက်တောင်
(၄) သဲသောင်ပြင်ဘောလီဘော
(၅) ဘိလိယက်နှင့် စနူကာ
(၆) လက်ဝှေ့
(၇) စက်ဘီး
(၈) ဘောလုံး
(၉) ဂေါက်သီး
(၁၀) ပန်ခတ်ဆီလတ်
(၁၁) ဂျူဒို
(၁၂) ကရာတေးဒို
(၁၃) မွေထိုင်း
(၁၄) Petanque
(၁၅) Sepak Takraw
(၁၆) သေနတ်ပစ်
(၁၇) Shuttlecock
(၁၈) စားပွဲတင်တင်းနစ်
(၁၉) တိုက်ကွန်ဒို
(၂၀) တင်းနစ်
(၂၁) ဘောလီဘော
(၂၂) ၀ါတာပိုလို
(၂၃) အလေးမ
(၂၄) Wrestling
(၂၅) ၀ူရှူး
(၂၆) Fin Swimming
(၂၇) ရေကူး
(၂၈) ဒိုင်ဗင် တို့ဖြစ်ကြသည်။

အားကစားနည်း (၂၈)မျိုးတွင် ရွှေတံဆိပ် (၃၇၉) ခု၊ ငွေတံဆိပ် (၃၇၉)ခု၊ ကြေးတံဆိပ် (၅၀၃)ခု၊ စုစုပေါင်းဆုတံဆိပ်ပေါင်း (၁၂၆၁)ခု ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါအားကစားနည်းများတွင် ပြေးခုန်ပစ်ပြိုင်ပွဲတစ်ခုတည်းမှ အများဆုံးအဖြစ် ရွှေတံဆိပ်စုစုပေါင်း (၄၅)ခု ပေးအပ်သွားမည်ဖြစ်ပြီး သေနစ်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၃၄)ခုနှင့် ရေကူးပြိုင်ပွဲမှ ရွှေ (၃၂)ဆု ပေးအပ်သွားမည်ဖြစ်သည်။

၁၉၆၁ ခုနှစ်တွင် ရွှေတံဆိပ် (၃၅)၊ ငွေတံဆိပ် (၂၆)၊ ကြေးတံဆိပ် (၄၃)ခုတို့ဖြင့်လည်းကောင်း၊ ၁၉၆၉ ခုနှစ်တွင် ရွှေတံဆိပ် (၅၇)၊ ငွေတံဆိပ် (၄၆)၊ ကြေးတံဆိပ် (၄၆)ခုဖြင့်လည်းကောင်း အိမ်ရှင်အဖြစ် နှစ်ကြိမ်တိုင်တိုင် ဗိုလ်စွဲခဲ့ဖူးသော မြန်မာတို့အနေဖြင့် နောက်ပိုင်းပြိုင်ပွဲများအားလုံးတွင် တစတစကျဆင်းလာခဲ့သည်မှာ စိတ်မကောင်းစရာဖြစ်သည်။ ၁၉၈၁ ခုနှစ်မှစ၍ နောက်ပိုင်းပြိုင်ပွဲများအားလုံးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် (၂၀)ခုပင် ပြည့်အောင်မရတော့သည်မှာ စိုးရိမ်စရာဖြစ်ပါသည်။ ၀ိုင်းဝန်းစဉ်းစားအဖြေရှာကြရမည့် ပြဿနာတစ်ရပ်ဖြစ်ပါသည်။ နောက်ဆုံးအနေဖြင့် ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် (၁၄)၊ ငွေတံဆိပ် (၂၆)၊ ကြေးတံဆိပ် (၄၇)ခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) သာ ရရှိတော့သည်အထိ ဖြစ်နေရသည်မှာ မြန်မာလူမျိုးတစ်ယောက်အနေဖြင့် စိတ်ချမ်းသာဖွယ်မဟုတ်သော အခြေအနေပင် ဖြစ်ပါသည်။ ပို၍ဆိုးသည်မှာ မိမိအထက်မှရှိသော အဆင့်(၆)မှ ဖိလစ်ပိုင်က ရွှေတံဆိပ် (၄၁)ခု ရရှိခဲ့ခြင်းဖြစ်ပါသည်။

အားကစားတွင်အောင်မြင်ခြင်းသည် နိုင်ငံ၏ဂုဏ်ရောင် ထွန်းပြောင်စေခြင်းပင် ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံကြီးများသည် အားကစားပြိုင်ပွဲများကို အလေးထားယှဉ်ပြိုင်နေကြသည်မှာ အမြင်သာဆုံးဥပမာပင် ဖြစ်ပါသည်။ မချမ်းသာသော်လည်း အပြေးအားကစားဖြင့် ထင်ရှားနေသည့် အီသီယိုပီးယား၊ ကင်ညာ စသည့်နိုင်ငံတို့သည်လည်း အားကစား၏ စွမ်းပကားကို မီးမောင်းထိုးပြနေသကဲ့သို့ပင် ဖြစ်ပါသည်။

၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကတော့ ရောက်ရှိလာခဲ့ပြန်ပါပြီ။ မြန်မာအသင်းသည်လည်း ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် အစစအရာရာ ပြင်ဆင်ပြီးဖြစ်နေပြီဟု ယုံကြည်ပါသည်။ ပြိုင်ပွဲဟုဆိုလိုက်သည်နှင့် ဘောလုံးပြိုင်ပွဲတစ်ခုတည်းကိုသာ စိတ်ဝင်စားကြသော၊ အလေးထားကြသော မြန်မာတို့အတွက် မြန်မာအမျိုးသားနှင့် မြန်မာအမျိုးသမီးဘောလုံးအသင်းတို့က မည်မျှအထိ စိတ်ကျေနပ်မှုပေးကြမည်ကို ကျွန်တော်မသိပါ။ နောက်ဆုံးတွင် မြန်မာဘောလုံးအသင်း (၂)သင်းလုံးက ဗိုလ်စွဲခဲ့လျှင်ပင် ရွှေတံဆိပ် (၂)ခုသာ ရရှိမည်ဖြစ်ပါသည်။ ရွှေတံဆိပ်စုစုပေါင်း (၃၇၉)ခု ပေးသောပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခုရရှိဖို့အတွက် ပြည်တွင်းမှ ဘောလုံးအဖွဲ့ချုပ်နှင့် လုပ်ငန်းရှင်ကြီးများက မည်မျှအထိ ပံ့ပိုးပေးထားကြသည်ကို အားလုံးအသိဖြစ်ပါသည်။

ကျွန်တော့်အနေဖြင့် ပွင့်လင်းစွာပြောရလျှင် လုံးဝတရားမျှတမှုမရှိသော အလုပ်ဟု မြင်မိပါသည်။ ဘောလုံးအားကစားသည် နိုင်ငံ၏ အမျိုးသားအားကစားအသွင် ဆောင်နေသည်ကို ကျွန်တော်နားလည်ပါသည်။ လက်ခံပါသည်။ ကျွန်တော်ကိုယ်တိုင်သည်လည်း ဘောလုံးကိုရူးသွပ်ခုံမင်သူတစ်ဦး ဖြစ်ပါသည်။ သို့သော် နိုင်ငံ၏ အားကစားအဆင့်အတန်း တိုးတက်မှုအတွက် ဘောလုံးတစ်ခုတည်းကိုပဲ ဇောင်းပေးနေ၍ မဖြစ်နိုင်ပါ။ ကြိုးစားအားထုတ်မှု၊ ၀ိုင်းဝန်းပံ့ပိုးမှုများကြောင့် မြန်မာဘောလုံးအသင်းမှ ကစားသမားများအားလုံး စီရိုနယ်လ်ဒို၊ မက်ဆီ၊ မီယာဟမ်းကဲ့သို့ ဘောလုံးသမားများ ဖြစ်ကုန်ကြသည်ဆိုလျှင်ပင် အနိုင်ရ၍ ရမည့်ရွှေတံဆိပ်ဆုသည် (၂)ခုတည်းသာ ဖြစ်ပါသည်။ ထို(၂)ဆု ရသည်ကိုပဲ တစ်နိုင်ငံလုံးက ကျေနပ်ဝမ်းမြောက် ဂုဏ်ယူမဆုံး ဖြစ်နေကြသည်ဆိုလျှင်တော့ ကျွန်တော်မည်သို့မျှ မဆိုချင်တော့ပါ။ ကျွန်တော့်သဘောအရ ပြောရလျှင်တော့ ဘောလုံးကစားသမားများကို ပံ့ပိုးပေးသည့်ငွေကြေးပမာဏအတိုင်းသာ ပြေးခုန်ပစ်၊ ရေကူး၊ သေနတ်ပစ်၊ လက်ဝှေ့၊ တိုက်ကွန်ဒို၊ ဂျူဒို၊ ၀ူရှူး စသည့်အားကစားနည်းများကို ပံ့ပိုးပေးလိုက်လျှင် ဆီးဂိမ်းသာမက ဒေသဆိုင်ရာပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာပြိုင်ပွဲ၊ အိုလံပစ်ပြိုင်ပွဲများတွင်ပါ မြန်မာ့ဂုဏ်ကိုဆောင်ကြမည့် ထူးချွန်သူအားကစားသမားများ ပေါ်ထွက်လာမည်ဟု ယုံကြည်ခြင်းဖြစ်ပါသည်။

ယခုကျင်းပပြုလုပ်မည့်ပြိုင်ပွဲတွင်လည်း မြန်မာအသင်းအနေဖြင့် နိုင်ငံအလိုက် အဆင့်(၈)ထက် ပို၍ကောင်းသော အဆင့်ကို ရနိုင်စရာမရှိဟု မြင်မိပါသည်။ ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် အရှေ့တီမောတို့ မြန်မာအောက်တွင် ရှိနေသေးသည်ကိုပဲ တော်ပေသေးသည်ဟု ဆိုရမလို ဖြစ်နေပါသည်။ ဒါတောင် နောက်နှစ်များဆိုလျှင် အဆိုပါနိုင်ငံများက မြန်မာကို ကျော်တက်ကြတော့မလား မပြောတတ်သေးပါ။ ၀ိုင်းဝန်းစဉ်းစားကြစေလိုပါသည်။ မြန်မာတွေ ဒီလောက်မညံ့ပါ၊ ဒီလောက်မဖျင်းပါ။ သို့သော် ညီညာဖြဖြ စုပေါင်းဖြေရှင်းကြဖို့တော့ လိုပါသည်။

မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေချင်တာ မြန်မာတိုင်းရဲ့ ရင်ထဲကဆန္ဒဆိုတာ ယုံကြည်နေကြောင်းပါခင်ဗျား။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်၊ အင်္ဂါနေ့။
ည ၉ နာရီ ၁၅ မိနစ်တွင် ပြီး၏။
ကိုးကား - http://www.laoseagames2009.com

 
Web Statistics