Showing posts with label funny. Show all posts
Showing posts with label funny. Show all posts

Thursday, January 15, 2015

လူပြောများနေတဲ့ အနုပညာ


Cristina Guggeri ဆိုတဲ့ အမျိုးသမီး ပန်းချီပညာရှင်တစ်ဦး ဖန်တီးထားတဲ့ အနုပညာလက်ရာတွေဟာ အခုလောလောဆယ် အွန်လိုင်းပေါ်မှာ လူပြောများလို့ နေပါတယ်။ ဖန်တီးသူက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အဲဒီပုံတွေကို The Daily Duty လို့ နာမည်ပေးထားတဲ့ အယ်လ်ဘမ်နဲ့ ပြန်လည်ဝေမျှခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာတော့ အဲဒီဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုကြတာ သိပ်မတွေ့ရဘဲ အခြားလူမှုကွန်ရက် စာမျက်နှာတွေမှာတော့ ချီးကျူးကြတာရော၊ ရှုံ့ချကြတာရော၊ ဝေဖန်ကြတာရော စုံလင်နေတာ တွေ့မြင်ရပါတယ်။ အချို့က ဆန်းသစ်တဲ့ ဖန်တီးမှုတွေအဖြစ် ချီးကျူးကြပြီး အချို့ကတော့ လက်ခံဖို့ အနည်းငယ် ခက်ခဲကြောင်း ဝေဖန်ကြပါတယ်။ ပြင်းပြင်းထန်ထန် ဝေဖန်ကြသူတွေကတော့ ဘာသာရေးအမြင်နဲ့ ကြည့်ကြသူတွေပါ။ သူတို့တွေ ပြောတာကတော့ ပုပ်ရဟန်းမင်းကြီးလို၊ ဒလိုင်းလားမားလို ပုဂ္ဂိုလ်မျိုးတွေကို အခုလို ရေးဆွဲထားတာဟာ အနည်းငယ် စော်ကားသလို၊ လှောင်ပြောင်သလို ဖြစ်စေတယ်လို့ ထောက်ပြကြသလို စော်ကားသလို ဖြစ်စေတယ်လို့လည်း မြင်ကြသူတွေ ရှိကြပါတယ်။ အချို့တွေကတော့ ရယ်စရာတစ်ခု၊ ဆန်းသစ်မှုတဲ့ ဖန်တီးမှုတစ်ခုအဖြစ်သာ ရှုမြင်ကြတာကို တွေ့ရပါတယ်။

ပြည်ပမှာ အခြေစိုက်တဲ့ မြန်မာသတင်းဌာနတစ်ခုက အဲဒီဖန်တီးမှုတွေကို ပြန်လည်ဝေမျှရာမှာ ကွန်းမန့်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အပြိုင်အဆိုင် တိုက်ခိုက်နေကြတာကို မြင်တွေ့ရပါတယ်။ သတင်းဌာနက ရေးသားရာမှာလည်း မြန်မာနိုင်ငံမှာသာဆို ဒီလိုပုံမျိုးတွေ ရေးဆွဲခဲ့ရင် ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ ဖွ ပေးထားတာကို ဖတ်ရပါတယ်။ အဲဒါကို ထောက်ခံတဲ့လူတွေက မြန်မာနိုင်ငံက လူတွေက အနုပညာကို နားမလည်သလို၊ မခံစားတတ်သလို၊ အမြင်မကျယ်သလို အပြစ်တင် ဝေဖန်ကြပြီး မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးတွေလည်း အခုဖန်တီးမှုတွေမှာ ပြထားသလို နေ့စဉ်အလုပ်တွေ လုပ်နေကြတာပဲ။ သူတို့ကိုလည်း အဲဒီလိုဆွဲရင် လက်ခံရမယ်လို့ ပြောဆိုကြပါတယ်။ ဒီအမြင်ကို ကန့်ကွက်ကြသူတွေကတော့ အနောက်ယဉ်ကျေးမှုနဲ့ အရှေ့တိုင်းယဉ်ကျေးမှုကို တန်းမညှိဖို့နဲ့ ဓလေ့ ထုံးတမ်း ယဉ်ကျေးမှု အစဉ်အလာတွေ မတူညီတာကို နားလည်ကြဖို့ ပြန်လည်ဖြေရှင်းကြပါတယ်။ အချို့တွေကတော့ လူငယ်ပီပီ ပွင့်ပွင့်လင်းလင်းပဲ အဆိုပြု ကြပါတယ်။ ဒီလို ဖန်တီးမှု အနုပညာတွေကို လက်ခံတယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုပဲ အရင်ဆုံး ဆွဲကြည့်ပါလားတဲ့။

ကျွန်တော့်အမြင်ကတော့ အဲဒီဖန်တီးမှုတွေထဲက လူတွေနေရာမှာ ကိုယ့်အဖေ၊ ကိုယ့်အမေ၊ ကိုယ့်ဇနီး၊ ကိုယ့်သမီးဖြစ်နေရင် ဘယ်လိုမျက်စိနဲ့ ကြည့်ကြမလဲလို့ မေးခွန်းထုတ်ချင်တာပါပဲ။ ဒီလိုပုံတွေကို ဧည့်ခန်းထဲချိတ်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ကြည့်ရှုခံစားနိုင်လောက်တဲ့အထိ ကျွန်တော်ကိုဉာဏ် အနုပညာအခံ မရှိတာ၊ အမြင်မကျယ်တာ၊ ခေတ်မမီတာကိုတော့ နားလည်ပေးကြပါဗျာ။

လူပြောများနေတဲ့ အနုပညာ ဖန်တီးမှုလေးတွေကို ကြည့်ရှုခံစားကြည့်ပါဦး။ ပုံတွေအားလုံးကို မူလဖန်တီးသူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ (Cristina Guggeri) ကနေ ကူးယူထားတာ ဖြစ်ပါတယ်။










Saturday, August 17, 2013

ပေါပါတယ်


တစ်ခါက ဂျပန်တစ်ယောက်၊ အင်ဒိုနီးရှားတစ်ယောက်နှင့် ပြင်သစ်တစ်ယောက်တို့ ပင်လယ်တွင်းရှိ လှေတစ်စီးပေါ် ရောက်နေကြသည်။ လှေမှာ သေးငယ်နေ၍ ၀န်ပေါ့သွားစေရန်အတွက် မလိုအပ်သည့် ပစ္စည်းများကို ပင်လယ်တွင်း ပစ်ချခဲ့ရန် ဆုံးဖြတ်လိုက်ကြသည်။

ပထမဆုံး ကိုဂျပန်က သူဝတ်ထားသည့် ရိုးရာဝတ်စုံ၊ စီဒီကက်ဆက်၊ ဟိုင်ဖိုင်ရေဒီယို၊ ကင်မရာ စသည်တို့ကို ချွတ်ယူ၍ ပင်လယ်ထဲ စွန့်ပစ်လိုက်သည်။
အင်ဒို+ပြင်သစ်။ ခင်ဗျား ဘာလို့ ဒီအဖိုးတန်ပစ္စည်းတွေ လွှင့်ပစ်လိုက်ရတာလဲ။
ဂျပန်။ အို ဒီပစ္စည်းတွေက ဘာလုပ်ဖို့လဲဗျာ။ ကျွန်တော်တို့နိုင်ငံမှာ ပေါလွန်းလို့။

နောက် ကိုအင်ဒိုက သူဝတ်ထားသည့် ပါတိတ်အင်္ကျီနှင့် ပါတိတ်ပုဆိုးကိုချွတ်ကာ ရေထဲလွှင့်ပစ်ပြန်သည်။
ဂျပန်+ပြင်သစ်။ အဖိုးတန်ပါတိတ်တွေဗျာ။ ဘာဖြစ်လို့လဲ။
အင်ဒို။ ပါတိတ်ဆိုတာများဗျာ။ ကျွန်တော်တို့တိုင်းပြည်မှာ ပေါမှပေါ။

ကိုပြင်သစ် မတ်တတ်ထရပ်လိုက်သည်။ ဘောင်းဘီဇစ်ကိုဖွင့်ကာ ပင်လယ်ထဲ အပေါ့စွန့်ပစ်လိုက်သည်။
ဂျပန် + အင်ဒို။ ဟာ... ခင်ဗျား ဘာလုပ်တာလဲ။
ပြင်သစ်။ ကျွန်တော်တို့ဆီမှာ ရှူးရှူးက အပေါဆုံး။

Friday, July 19, 2013

Azarni Day


The New Light of Myanmar သတင်းစာရဲ့ မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ အသုံးအနှုန်းလေးကို သဘောကျလွန်းလို့ ပြန်လည်ဝေမျှပါတယ်။ ကျွန်တော်ကိုဉာဏ် ဘာမျှ မပြောလိုပါ။ ပညာရှင်တို့၏ အရာသာဖြစ်ကြောင်း နှလုံးသွင်းပါသည်။ ပညာရှင်များသာ ဆက်လက်ငြင်းခုန်ကြပါကုန်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ကတော့ ပြောရှာပါသည်။ R Zarni လို့ မရေးတဲ့အတွက် ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်။ သူပြောသလို R Zarni Day ဆိုရင်တော့ ဥသြမဆွဲဘဲ ×× ညနေခင်းရဲ့ လေပြည်ထဲမှာ ×× မင်းဆံနွယ်တွေ တောင်ပံဖြန့်တဲ့အခါ ×× ပန်းပွင့်လေးတွေ ရှက်သွေးဖြာ ×× ကျေးငှက်ကလေးတွေ တေးမဆိုတော့ပါ ××  စသဖြင့် "ဂန္ထ၀င် ဆည်းဆာ" တွေဘာတွေ တစ်နိုင်ငံလုံး ဟဲနေရပါဦးမယ်။ ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ဝေတဲ့ သတင်းစာက အရေးအသားဖြစ်တာမို့ နောင်များကြုံကြိုက်လို့ အာဇာနည်နေ့လို့ ရေးစရာရှိရင် Azarni Day လို့ပဲ ရေးပါတော့မယ်။ အားလုံးအတွက် အလွယ်တကူဖြစ်အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျား။ :D

Monday, May 06, 2013

လတ်တလော နာမည်အကြီးဆုံး Nicky


Facebook တစ်ခွင် ပြဲပြဲစင်အောင် တလဲလဲ ဖြစ်သွားစေခဲ့သည့် ချာတိတ်လေးတစ်ယောက်။ အံ့သြစရာတော့ ကောင်းသည်။ ဘာမျှမဟုတ်သည့် ဗီဒီယိုဖိုင်လေးတစ်ခု၊ စာသားလေးတစ်ခုနှင့် အင်တာနက်ပေါ်က မြန်မာအသိုင်းအ၀န်းအကြားတွင် ပေါ်ပြူလာ ဖြစ်သွားရသည်။ အဲဒီချာတိတ်ရဲ့ စန်းဟု ဆိုရမည်ထင်သည်။ အသံတွေကတော့ မျိုးစုံဖြစ်သည်။ မျိုးစုံဖြစ်လောက်အောင်လည်း အဲဒီချာတိတ်က လုပ်ထားသည်ကိုး။ မြန်မာ့အင်တာနက်သမိုင်းမှာ သူလည်း အထင်ကရ ဖြစ်ခဲ့ပေသမို့ မှတ်တမ်းတင်ထားလိုက်ပါတယ်။

သူ့ရဲ့ ဂီတဗီဒီယိုဖိုင်
ဒီဗီဒီယိုဖိုင်ကို Youtube မှာ ကြည့်ရှုတဲ့သူ အရေအတွက်က ၇ သောင်း ကျော်သွားပြီ။ ဒါတောင် ဖဘကနေ ဖြန့်နေတာတွေ၊ ကြည့်နေတာတွေ မပါသေးဘူး။ ဘယ်လောက် အံ့သြဖို့ကောင်းတဲ့ ပေါက်ချက်လဲ။ ရှုစားပါဦးနော်။

သူ့ရဲ့ သီချင်းစာသား
နင်ငါ့ကို ချစ်လည်း
by - Nicky + Kaung Htet"
Intro - နင်ငါ့ကို ချစ်လည်းလေ...လည်းလေ...လည်းလေ...နင်ငါ့ကို ချစ်လည်းလေ...လည်းလေ

V1 - နင်ငါ့ကို ချစ်လည်းလေ... ငါတို့မှပြဿနာ မင်းမိဘနဲ့အသိုင်းအဝိုင်းတွေကြားထဲ ဆက်သွားလို့မဖြစ်ပါ... ငါတို့နှစ်ယောက် လမ်းခွဲရင်ကောင်းမယ်..hay now u know girl... ဒို့နှစ်ယောက်ကံကြမ္မာရယ် မုန်တိုင်းထဲမျောခဲ့

Cho: နင်ငါ့ကို ချစ်လည်းလေဆုံဆည်းဖို့မဖြစ်နိုင် အကာအစီးတွေများခဲ့ ဘယ်လိုလုပ်မလဲ နင်ငါ့ကိုချစ်လည်းလေ ..တယောက်ထဲနေရစ်တော့ ငါဘာမှ မတတ်နိုင် ကောင်မလေးရေ.. နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ ချစ်လဲ ချစ်လဲ
နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ ချစ်လဲ ချစ်လဲ

V2 - I'll be your soldier,fighting every second of the day for your dreams, girl
ဒါကအတွေးထဲမှာ အပြင်မှာ တကယ်ကိုဘာမှမလုပ်နိုင်တဲ့ကောင်ပဲ နင်ငါကိုမုန်းပါ နင်ထားသွားလဲငါကျန်ခဲ့မှာ ငါရဲ့ အပြစ်ပဲ

Cho: နင်ငါ့ကို ချစ်လည်းလေဆုံဆည်းဖို့မဖြစ်နိုင် အကာအစီးတွေများခဲ့ ဘယ်လိုလုပ်မလဲ နင်ငါ့ကိုချစ်လည်းလေ ..တယောက်ထဲနေရစ်တော့ ငါဘာမှ မတတ်နိုင် ကောင်မလေးရေ.. နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ ချစ်လဲ ချစ်လဲ
နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ ချစ်လဲ ချစ်လဲ

Rap: Yeah ..Yo !! I love you hay girl friend
ငါမှ အရည်အချင်းမရှိတာ.. ဘယ်သူတွေ ကျိန်စာတွေ တိုက်ခဲ့လဲ...ငါတို့ ချစ်လျက်နဲ့ ဝေးရ.. နှစ်ဖက်လုံးက အတားအဆီးတွေနဲ့ တစ်နေ့တော့ဝေးရမှာပဲ ဆုံဆည်းဖို့ မဖြစ်နိင်ပေမယ့် ငါတို့  ချစ်လျက်ပါပဲ ဒါကိုဘယ်သူမှ မသိခဲ့ပေမယ်... ဒို့နှစ်ယောက်ပဲ သိခဲ့တယ် နှစ်ကိုယ်ကြားပဲပြောခဲ့တဲ့ မုသားမပါတဲ့ ဆိုတဲ့စကားလည်း... အခုတော့ ဘယ်တွေရောက် ဘယ်ဆီဘယ်မှာပျောက် မိဘတွေရဲ့ ကြားဖြတ်မှုကြောင့် လေလွင့်ရင်းနဲ့ဂေါက် မင်းလေးဘယ်ဆီရောက်... ဘယ်သူတွေ ဘာတွေပြောပြော.... နင်လေ ဘာတွေဖေါဖေါ မင်းနားပဲရှိနေရင် ငါ့အတွက်တော့သေပျော်ပြီ မင်းလေးပြန်လာကွယ် ငါ့စိတ်ကပြောချင်ပေမယ့် မင်းလေးစိတ်ကြောင့်ရူး now I become a fool .. I have no idea you go far and now I am a fool fool fool fool

Cho: နင်ငါ့ကိုချစ်လည်းလေ ဆုံဆည်းဖို့မဖြစ်နိုင် အကာအစီးတွေများခဲ့ ဘယ်လိုလုပ်မလဲ နင်ငါ့ကိုချစ်လည်းလေ... တစ်ယောက်တည်းနေရစ်တော့ ငါဘာမှမတတ်နိုင် ကောင်မလေးရေ.. နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ ချစ်လဲ ချစ်လဲ
နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ ချစ်လဲ ချစ်လဲ
နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ ချစ်လဲ ချစ်လဲ
နင်ငါ့ကို ချစ်လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ (ငါကိုချစ်လယ်လဲ့) ချစ်လဲ ချစ်လဲ (ငါကိုချစ်လယ်လဲ့) ချစ်လဲ (ချစ်လယ်လဲ့) ချစ်လဲ
(ငါကိုချစ်လယ်လဲ့)

သူ့အကြောင်း 7Day News Daily မှာ ရေးထားတဲ့သတင်း

သူ့သီချင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပြုထားတဲ့ Comment အချို့
  • အကြံပေးချင်တာတစ်ခုက နောက် ဘယ်တော့မှ C# ထက်မြင့်တဲ့ key နဲ့ မဆိုပါနဲ့။
  • လုပ်ရဲတာတော့ကောင်းပါတယ် ဒါပေမယ့် မြန်မာနိင်ငံ ဂီတလောကကို စော်ကားလိုက်သလို ခံစားလိုက်ရတယ်။ တော်တော်များများက နိုင်ငံတကာထက် မသာတောင် လိုက်မီအောင် လုပ်နေကြတာကို.. ဒင်းက... ဘယ်ကောင်များ လှော်လိုက်လဲ မသိဘူးနော် လုပ်ရက်တယ်။
  • Comments ‌တွေ‌ရော၊ အဆိုအက‌ရော‌ ရေ‌ရေလည်‌လည်‌လည်‌ ‌ရီရတယ်‌ဗျာ အ‌တော်‌‌နောက်‌တဲ့လူ‌တွေ ‌ဆက်‌လုပ်‌ စိတ်‌ညစ်‌ရင်‌ကြည့်‌မယ်‌။
  • ကောင်းပါတယ် နောက်သီချင်းတွေ ဆက်လုပ်ပါ အကို့သီချင်းကို ကျွန်တော် သွားလေရာ ဖုန်းနဲ့ ယူသွားပါတယ် စိတ်ညစ်ရင် ကြည့်ပြီး အသားကုန် ရီရပါတယ် .. Rapping ဆိုတဲ့ တစ်ယောက်ရဲ့ style ကို ကြိုက်ပါတယ် ကြိုးစားပါ ရာဇာနေ၀င်းတောင် အဆိုတော်မင်းသား ဖြစ်သေးတာပဲ အကိုလည်း ဖြစ်ထွန်းနိုင်ပါတယ်…. style pan နဲ့ ဒွန့်တာတွေကိုလည်း ကြိုက်ပါတယ်။ ကျွန်တော်တောင် ပုဆိုးနဲ့ အိမ်မှာ လိုက်ဒွန့်ကြည့်ပါသေးတယ် ဘယ်သူမှ မရီကြပါဘူး အကို့လို ပါရမီမရှိလို့ နေမှာပေါ့နော် အားပေးနေပါတယ် ရီမောခြင်းသည် အသက်ကိုရှည်စေပါသည် :3 :3 :3 :
  • ဆလိုင်းဖွားထောင်းထက် သာသွားပြီ…..။
  • Nicky မင်းဖေ့ဘွတ်မှာတော့ နာမည်ကြီးသွားပြီကွ။ ဆက်ကြိုးစားဖို့ကတော့ မင်းအပိုင်းပဲ။ နောက်တစ်ခါ Key မှန်အောင်တော့ ဆိုကွာ။ အိန်းအိန်းလိုတော့ လူစောက်မြင်ကတ်အောင်တော့ မနေနဲ့ကွ။ Fighting !!!!
  • Nicky lal lal lal lal lal lal lal lal lal lal sout yuu yuu yuu yuu yuu yuu gyi gyi gyi gyi gyi gyi phit thi phit thi ^-^
  • ကောင်းပါတယ် ဆက်လက်ကြိုးစားသွားပါ သူများတွေပြောတာ မယုံပါနဲ့ တက်လမ်းမြင်တယ်။ featuring လည်း အရမ်းကောင်းတယ် :)
  • သေချင်းဆိုး မွေးကတည်းက အသေလေးမွေးလာရမှာ။
  • ဆက်ကြိုးစားရင် ရပါတယ် ဒါပေမယ့် လဲလဲလဲလဲ ဆိုတဲ့နေရာကြီး မပါရင်ကောင်းမယ်။
  • လေပါတယ်ကွာ ဘာတွေလဲ ငါဖြင့်ဒါကြည့်ပြီး ရှက်လိုက်တာကွာ ငါက Justin bieber ကို အရမ်းမကြိုက်ပါဘူးဟ but အရမ်းတော့ သနားသွားပြီ :-(
  • စိတ်ညစ်တိုင်း ပြန်ပြန်ကြည့်မိပါတယ် .. ရယ်ရလို့ .. ကြိုက်တယ် .. :D
  • ဒါနဲ့ပါဆို လွန်ခဲ့တဲ့ ၄ ရက်လောက်ကတည်းကနေ ခုထိ .အကြိမ် ၂၀ လောက်တော့ ရှိပြီထင်တယ်.. ဒါတောင် အိမ်မှာ ဒေါင်းထားသေးတယ်....။ ကြည့်လို့ကို အားမရဘူး ဖြစ်နေတယ်.. ဘာလို့ အဲလောက်တောင် ကောင်းရတာလဲဟင်။ အကို့ရဲ့ အိပ်ချင်ပြေလေးရယ်.. :) FIGHTING with MUSIC
  • မိုက်ဟ...ဒါနဲ့...အိန်အိန်းတပည့်လားးးးး လားလားလားလားလားလားးးးးးး xD
  • vedio ရော comment တွေရော တောက်ကျိုးနည်း ရယ်ရတယ် လဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲ လဲလဲသဗျို့။
  • လူငယ်လေးတစ်ယောက် သူ့ဘာသာသူ ရူးသွပ်ထားတာဗျာ၊ ဘယ်သူ့မှ စော်ကားထားတာ မဟုတ်ဘူး၊ ရာဂသွေးဆောင်မှု မပါဘူး၊ ရန်လိုတဲ့ စာသားအပြုအမူ မပါဘူး၊ ဟိုစောင်းဆို ဒီစောင်းဆိုမှုတွေ လုပ်ထားတာ မပါဘူး၊ သူ့ယုံကြည်ချက် သူ့ရိုးသားမှုနဲ့ သူ့စာမျက်နှာ သူဖွင့်နေတာ။ ခင်ဗျားတို့ ကြည့်ချင်ရင်ကြည့် မကြည့်ချင်ရင်လည်း မကြည့်လို့ရတယ်။ နောက်ချင်စရာဖြစ်နေလို့ စနောက်တာကိုတော့ နားလည်လို့ ရသေးတယ်။ လူငယ်တစ်ယောက်ရဲ့ ရူးသွပ်မှု ယုံကြည်မှုကိုတော့ ခေါင်းမဖော်နိုင်အောင် ရိုင်းစိုင်းဆဲဆိုကြတာကတော့ ကိုယ်တိုင်ကိုယ်က အောက်တန်း သိပ်ကျတာကို ပြတာပဲ။
  • ဟဟဟဟ မ​နေနိုင်​လွန်းလို့ ဝင်​ရီသွားတယ်​….. ​ပေါချက်​က​တော့ လန်​ထွက်​​နေတာပဲ ..။
  • ၀ါသနာကိုတော့ ချီးကျူးပါတယ်...... အောင်မြင်နိုင်ပါတယ်....... ဖြစ်ကတတ်ဆန်းတော့မလုပ်သင့်ဘူး.... အနုပညာဆိုတာ ၀ါသနာ အရင်းခံတာပါ။
  • အန်ချင်စိတ်ကိုမြိုသိပ်လို့ မနည်းကြိတ်မှိတ်ကြည့်ခဲ့သည် အိမ်မက်ဆုံရာတွင် ဝင်ပြိုင်သင့်သည် အနည်းဆုံး ဖိနပ်ပျံများ ဆုချခံရမည်။
  • မြန်မာကို ကမ္ဘာကသိအောင် ဖော်ထုတ်လိုက်ခြင်းပေါ့။
  • လဲလဲလဲလဲလဲလဲလဲလဲလဲ.....သေလိုက်။
  • ဟား ဟား ဟား(Fokker လေသံဖြင့်) သုံးခါ လာရီသွားတယ်။ ဒါပဲ
  • ဒီ မဆလာသယ်တဲ့ရုပ်ပေါက်နေတဲ့နှစ်ကောင် မင်းတို့ တွေလဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လေဖြတ်ပြီး ရှောသွားအုံးမယ်နော်လို့  ကိုကျော်သူမှ အသင့်စောင့်နေမည်ဖြစ်ကြောင်း အထူးသတိပေး ပြောကြားလိုက်သည်။ ပုံ / သောက်ရမ်းကို အားပေးသူများ
  • Mr.Nicky လို အသံကောင်းရုပ်ဖြောင့်စတိုင်မိုက်တဲ့သူတောင် << YES
  • လောလောဆယ် ၀င်ကြည့်သူ 51703(4.5.2013) ရှိနေပြီဖြစ်တဲ့ Nicky ရဲ့ နင်ငါ့ကိုချစ်လည်း MTV ကို youtube မှာ ကြည့်ဖြစ်ပါတယ်။ FB လောကမှာ လဲလဲလဲလဲလဲလဲလဲတွေ တသောသော သွန်းဖြိုးစေနိုင်ခဲ့တဲ့ သီချင်းပေါ့။ စာတန်းမထိုးပါ။ မော်ဒယ်တွေ လှပတဲ့ ရှုခင်းတွေ မပါပါ။ တီးဝိုင်းအကောင်းစားတွေ အသံသွင်းစက် အမိုက်စားတွေ သုံးမထားပါ။ အနုပညာ ဖန်တီးမှုအရ အားနည်းပေမယ့် ရိုးသားမှု အဆင့်ကမြင့်တယ်။ ဆက်လက်ကြိုးစား သွားစေချင်ပါတယ်။
  • ပေါရဲတဲ့သတ္တိကိုတော့ ချီးကျုးပါတယ်....CM နဲ့ Video File နှစ်ခုပေါင်းလိုက်တော့ အကြည်တော် ဝတ္ထုတောင်ဖတ်စရာမလိုတော့ဘူး....လူရွှင်တော်ရွှေဖလားမှာ သွားပြိုင်သင့်တယ်..
  • ခုတော့ သိသွားပြီ ..။ နာမည်ကြီးဖို့က တော်လွန်းမှ တတ်လွန်းမှ မဟုတ်ဘူးဆိုတာ ..။ ပေါက်ကရ လုပ်ရင်းလဲ လဲ လဲ လဲ လဲ လဲ နာမည်ကြီးသွားတတ်တာပဲ ......။ :D
  • ဟီးဟီးဟီး။ လဲလဲလဲလဲ မသိရင်​ ခေတ်မမီတော့ဘူး။ လူချင်းတွေ့ရင် ဒါပဲေ​ပြာ​ဖြစ်​နေတယ်။ ဒါလဲ သီချင်းအမျိုးအစား အသစ်ပဲ။
  • ကြိုက်ပါတယ်...ဘာဘဲပြောပြော စိတ်ဝင်စားအောင်နဲ့ ရီရအောင်လုပ်နိုင်တယ်... လဲလဲလဲလဲလဲလဲမှ မသိရင် ခေတ်မမှီတော့သလိုဘဲဘဲဘဲဘဲဘဲဘဲဘဲဘဲ။
  • ညစ်ပါရယ် ဘာပြောပြော နောက်ကနေ တလဲလဲနဲ့ လိုက်လိုက်ပိတ်နေလို့ ဘာပြောရမှန်းမသိပဲ ရီနေရတော့တယ်ေိခိ
  • ကောင်မလေးရဲ့မိဘတွေ ဘာလို့သဘောမတူလဲ လဲ လဲ လဲ လဲ လဲ လဲ ဆိုတာကို အပြည့်အ၀ နားလည် လည် လည် လည် လည်သွားပြီ....
  • လန် ထွက်နေတာပဲ တရေးနိုးတောင် ထရီရတယ် အခု စကားပြောရင်တောင် လဲလဲလဲလဲလဲ မပါအောင် တော်တော် လိုက်ထိန်းနေရတယ် ခလိ ခလိ ခလိ LOL ကတော့ သွားပါပြီ ပျောက်တော့မှာပဲ Fb မှာလဲ…. လဲလဲလဲလဲလဲလဲ တွေချည်းပဲ ပေါချက်က 9 လောက်ရှိတယ် ရီရလို့ ကျေးဇူးတင်ပါတယ်
  • တစ်ခုလောက် သိချင်တယ်။ ဘယ်သူများ မြောက်ပေးလိုက်တာလဲဟင် ???? ဘာလို့ပဲဖြစ်ဖြစ် Nicky အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ် ၃ ရက်လောက်နဲ့  အဲလောက် လူသိမယ်လို့ ကိုယ်ကိုကိုယ်တောင် မထင်ထားဘူးမလား?? အကောင်းဆုံးလုပ်ပြီး အချိန်တိုနဲ့ လူတွေအများကြီးကို ဖမ်းစားဆွဲဆောင်တာကိုတော့ တကယ်အမှန်တိုင်းပြောတာ အရမ်းအံသြမိတယ်။ လူတိုင်းပါးစပ်ဖျားမှာ လဲလဲလဲလဲလဲလဲလဲ ဆိုတာကို ပြောအောင်လုပ်နိုင်လို့ Respect !!!!!!! Lolz. Lolz နည်းနည်းတော့ ဂေါက်သွားသလိုပဲ ကြည့်ရင်းနဲ့  heeeheee lolz
  • Oh Ko Nicky ဆက်လက်ကြိုးစားပါ...အကို့ လဲလဲလဲလဲ က အသေမိုက်တယ်တယ်တယ်တယ် XD အကို ဆက်လက် လဲလဲလဲလဲလဲ နိုင်ပါစေ... we are your biggest fan~ တစ်အိမ်သားလုံး အကို့ သီချင်းကို အသဲစွဲပါပဲ... အခုဆို Lyrics တောင် ကျက်နေတာာ... တော်တော်ခက်တာပဲ ဆိုကြည့်မှ သိတယ်... XD
  • အတော်စွမ်းတဲ့ nicky ပါလား FB တခုလုံး လဲကုန်ပြီ .. hak.hak .. :salute xD
  • lol .. lol .. lol .. laugh out loud .. lol lol lol :P
  • တော်တော်တော်တော်တော် ပေါပေါပေမယ့်မယ့်မယ့် လဲလဲလဲလဲ ဆိုဆိုဆိုပြီးတင်တင်တင်ရဲရဲရဲ တာတာတာတာ လေးလေးလေးလေး စားစားပါတယ်တယ်တယ်။အာနာနာနာနာ သောအားဖြင့် ဘယ်တော့တော့တော့မှ မဆိုဆိုဆို ပါနဲ့ တောင်းတောင်းတောင်း ပန်ပါ တယ်တယ်တယ်။။။။။။။။။
  • ဟေ့ကောင်ရေ ငါတို့မှာ အိန်အိန်း တစ်ယောက်နဲ့တင် တော်တော် ခေါင်းရှုပ်နေရတဲ့ကြားထဲကွာ။ ခွီးလိုမှပဲ။ ကိုယ့်ဘာသာကိုယ် ဂိမ်းဆော့နေစမ်းပါကွာ။ အသားလွတ် အဆဲမခံချင်ပါနဲ့။
  • ဘယ်လိုပြောရမှန်းတောင် သိတော့ဘူး..........အခုတော့ fb နဲ့ You Tube မှာ ပြိုင်ဘက်မရှိ.....
  • ထိုးတဲ့အခန်း တော်တော်လေးကို ပီပြင်ပါတယ်ဗျာ...
  • လက်သီးနဲ့ မဟုတ်ဘဲ လက်ညှိုးနဲ့ဆို ပိုပြီး ပီပြင်သွားပါလိမ့်မယ်... :)
  • ဘယ်သူ ဘာပြောပြော ခုအားလုံး လဲလဲလဲလဲလဲလဲ နေတာပဲ
  • ခင်ဗျားပေါပါတယ် အဲ ဒါပေမယ့် ပေါရဲတဲ့ သတ္တိကို လေးစားတယ် xP
  • စိတ်ညစ်တဲ့ အချိန်တိုင်း ဖြေဖျောက်စရာ entertainment လို့ပဲ သဘောထားပါတယ်
  • အနည်းဆုံး အိန်းအိန်းတို့လို မဟုတ်တာပဲ ကျေးဇူးတင်ရမလိုလို
  • နာမည်ကြီးသွားတဲ့အတွက် ဂုဏ်ယူပါတယ်
  • ဆက်ပေါပါ....ပိုးစိုးပက်စက်ပေါပါ
  • အရူးထတာက နာမည်ကြီးစေတယ် လူတွေကို ပျော်စေတယ်လို့ 
  • စောက်ရူးဆက်ထလိုက်စမ်းပါဗျာ
  • internet bill nha myaw tal . . မင်းတို့ ခေတ်ဆိုတော့လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ
  • လုပ်ပေါ့ကွာ . ထိုးတဲ့ အခန်းမှာ တိုက်ပေါ်က နေ
  • လွင့်သွားရမှာ
  • အခု ခင်ဗျားတို့ရဲ့ ပါးစပ်ဖျားတွေမှာ အဲ့ကောင်သီချင်းတွေ မသိမသာလေးတွေ ရေရွတ်မိနေပြီမလား.....
  • မနေ့ကရော ဒီနေ့ရော ပေါင်းလိုက်ရင် ၉ ခါရှိပြီ။ ကြည့်လို့ မဝသေးဘူး။ တခါတလေ လိုက်တောင် ဆိုမိနေသေးတယ်။ စာသားတွေက အရမ်းမိုက်တယ်။ I'll be your soldier ဆိုလား ဘာဆိုလားပဲ
  • nicky.... nicky... comment တွေကတော့ အားရစရာပဲ မိုက်တယ်ကွာ နောက်ဆုံးထိုးတဲ့အခန်းမှာ တကယ်တိုက်ပေါ်က လွင့်သွားရမှာ အဲဒါမှ ပိုပီပြင်မှာ
  • ဘာကြီးလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲ  :)
  • ဟော် ဟော် နောက်ဆုံး ထိုးခံရတာ ဘာကြောင့်လဲဆိုတာ ငါသိပြီ .. မင်းက ဒီသီးချင်းကို ပရိသတ်တွေ မကြိုက်ဖူးဆိုတာသိလို့… နောက်ဆုံး ပရိသတ်တွေ စိတ်ကျေနပ်စေဖို့ အထိုးခံလိုက်တဲ့ သဘောကိုး……
  • ရှူးတောင်ထွက်တယ်....
  • သူ့ ကြီးတော် ကြောင်ခေါ်နေတဲ့အသံကိုကြားပြီး သီချင်း idea ရသွားတာနဲ့ တူတယ်....
  • လဲလဲလဲတွေအရမ်းများနေတော့ မိုက်တယ် မင်းအရမ်းလဲနေတော့ FACEBOOK ပေါ်က ငါတို့က အဲ့လိုလဲတာတွေမြင်ပြီး အာရုံတွေနောက်ပြီး ခေါင်းတွေကိုက်လာလို့  လဲပြီး သွားပြီ နစ်ကီရေ... ပေါချက်ကတော့ 9 လောက်ရှိတယ် အဟက်အဟက်
  • အဟက် ... comment တွေ ကြည့်ပြီ ဘယ်က ဘယ်လို စပြောရမှန်းတောင် မသိတော့ဘူး ကွာ ...
  • ကောင်းပါတယ် .. ပုံစံသစ် လေးပေါ့ လဲ လဲ လဲ လဲ ..
  • နောက်တစ်ပုဒ်ကျ .. ပြဲ ပြဲ ပြဲ ပြဲ လေးဘာလေး ထည့်ဆိုဖို့ အစီအစဉ်ရှိလား .. ဟင် ..
  • ဆက်ဆို ဆက်ဆို .. ဒါမှ မြန်မာနိုင်ငံကလူတွေ .. ရယ်ရမှာ ..
  • ဘယ်လိုပြောမလဲဆိုတော့ . ဗဲရီးဂွတ်ပေါ့နော် .. အသံကလည်းကောင်း အကကလည်းကောင်း ..
  • မကြာခင် နာမည်ကြီးလာမှာပါ .. အဖေ့ခြေရာ အဖိုးခြေရာလည်း .. အမီနင်းနိုင်တယ်နော် ( အဖိုး နေရဲမာန်နဲ့ အဖေ အိန်အိန်းလေ) ခိခိ တော်ပါတယ် တော်ပါတယ် ..
  • performance နဲ့ idea တော့ စောက်ရမ်းမိုက်ပါတယ် သားကြီး... အသံလေးကတော့ နဲနဲ လေ့ကျင့်ဖို့လိုလိမ့်မယ်... ကောင်းတယ်ဆိုလဲလဲလဲလဲလ ဆက်လုပ်ပေါ့ကွာ..
  • သားကြီး...စိတ်ဓာတ်မကျနဲ့ ... မင်း JB နဲ့ တစ်ထေရာတည်းပဲ.... အသံလေးပဲကွာတာ...
  • performance က အရမ်းမိုက်တယ်ကွာ.... dressing ကလည်း စောက်ရမ်းပြည့်တယ်....
  • ကြိုးစားကွာ...... နွားဖြစ်လိမ့်မယ် ~~ မွဲပြီးတော့
  • နာတောင် မူးလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲ ချင်တွားဒယ်....... ငိငိငိ :P
  • မိုက်တယ်ကွာ .... Wiz Khalifa တောင် Featuring ၀င်လုပ်ပေးထားတယ်...... haaahaa
  • rap ဆိုတဲ့ကောင်ကိုတော့စောက်ရမ်းခိုက်သွားပြီ...........ha ha...
  • Nicky ရေ... မင်းကို လူတွေက လှောင်သလိုလို ပြောင်သလိုလိုတော့ လုပ်နေကြပြီ...
  • အဲဒီလူတွေပဲ ထပ်တလဲလဲလဲလဲလဲလဲလဲလဲ ကြည့်နေကြတာ...အဲဒီထဲမှာ ငါလည်းလည်းလည်းလည်း ပါပါတယ်... ဘာပဲဖြစ်ဖြစ်... လူတွေအတွက် Entertainment တစ်ခုကိုတော့ မင်း Create လုပ်သွားနိုင်တယ်... Big Congrats!!!! Keep it up!
  • ငါ့ညီ.. အိပ်မက်ဆုံရာ ၀င်ပြိုင်ကြည့်ပါလား လား
  • မြန်မာဂီတလောက Top (100) မှာ Top 1 ရှေ့က
  • (၀) ချိပ်သွားသော သီချင်းလေးပါ
  • ကဲ စိုင်းစိုင်းတို့ ရဲလေးတို့ ဆိုတေးတို့ရဲ့အဆိုဆရာ
  • အိန်အိန်းရဲ့ အကနည်းပြ ကိုနစ်ကီဖြစ်ပါတယ်
  • အရမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်း ကောင်းပါသည် ROFL
  • JB ကတော့.. သူ့သံစဉ်ကြီးနဲ့.. တလဲ လဲ လဲ လဲ လဲ လုပ်နေတာကို... တွေ့ပြီး သတ်သေနေဦးမယ်.... လေတယ်.... ပေါချက်က 9 လောက်ရှိတယ်... ဓာတ်ပုံတွေကလည်း.... ဆော်လန်းလန်းလေးတွေ ပုံတွေဘယ်က download ဆွဲပြီး ထည့်ထားလဲတော့ မသိဘူး.... စိတ်ပိန်လိုက်တာ.... ကိုယ်တိုင်ရေး... ကိုယ်တိုင်ဆို... ကိုယ်တိုင်... ဒါရိုက်တာလုပ်... ကိုယ်တိုင်ပဲကြည့်ပြီး ယဉ်ယဉ်လေးနဲ့.. တလဲ လဲ လဲ လဲ လဲ.... လုပ်နေလိုက်တော့.. အဲ့ဒီတိုက်ပေါ်ကနေ ခုန်ချလိုက်ရမှာ..... ငပေါရေ.....။
  • မြန်မာနိုင်ငံရဲ့ ဂီတလောကအတွက် အဲ့လို ပါရမီရှင်တစ်ယောက်ပေါ်ထွန်းလာတာ ဂုဏ်ယူစရာပါပဲဗျာ..... တကယ်ဝမ်းသာပါတယ်.... congratulation ပါ ကို nicky...... ဆက်သာလုပ်ဗျာ..... JB တို့ one direction တို့ လူမုန်းနည်းသွားလိမ့်မယ်ဗျ..... FIGHTING! ! !
  • ဂုဏ်ယူပါတယ်ကွာ.. မျက်ရည်များတောင်လည်မိတယ်...။ သောက်ကျိုးနည်းကို ထောက်ခံပါတယ်.. ဆက်လုပ်ဖို့...။ ဟေဟေး
  • hee hee.. သီချင်းရယ်ရတာထက်.. Comment တွေဖတ်ပြီး အူပါနာတယ်.... သားကြီးရာ..မင်း သီချင်း အောင်မြင်ချက်က 9 လောက် ရှိတယ်.. လေတာပေါ့ ငါ့သားရာ... မြှောက်ပေးတာတော့မဟုတ်ဘူး ဆက်သာလုပ်...သားကြီး. လူတွေလဲ ဒီလိုအပျင်းပြေ ဟာသလေး ဘာလေးကြည့်ရတော့ ပျော်ကြတာပေါ့ကွာ.
  • ဘယ်လိုပြောရမလဲ ပေါ့နော် . . . ဒီလိုမျိုး တစ်ခါမှ ရှိခဲ့လိမ့်မယ်လို့  ထင်တောင် မထင်တောင် မထင်ရတဲ့ သီချင်းမျိုးကို တစ်ခါမှ မကြားဖူးလောက်တဲ့ အသံမျိုး နဲ့  တစ်ခါမှ မတွေ့ ခဲ့ဖူးတဲ့ Performance နဲ့  ပေါင်းစပ်တင်ဆက်လိုက်တဲ့ အခါ . . . အင်း . . . နောက်တစ်ခါ မမြင်ရ မကြားရပါစေ နဲ့ လို့  ဆုတောင်းမိတယ်ဗျာ . . .
  • ကောင်းပါတယ်..ကောင်းပါတယ်....(စိတ်ပျက်ဖို့)....
  • အသံက ရှားရှားပါးပါးပဲနော်....လည်ချောင်းကွဲသံနဲ့ပဲ....
  • အက ကလည်းအရမ်းကောင်းတာပဲနော်.....နော်နော်...ဒါပဲနော်...
  • နောက်တစ်ခါ...ကျရင်....အခွေထွက်မယ်ဆိုရင်ကြိုပြောနော်...ကြိုရယ်ထားလို့ရအောင်.....အဟဲ...
  • ဟဲဟဲဟဲဟဲ ဟဲ အဟဲ အဟဲ....ဟဲဟဲ.ဟဲ.. ဒါနဲ့ ညီသီချင်းဆိုရင် ကောင်းတယ်လို့.. ဘယ်သူများ မြှောက်ပေးလိုက်တာလဲဟင်..... အဲ့ကောင်ကို သတ်ချင်လို့ပါ... ညီအမှားမဟုတ်ပါဘူး.....
  • ညီလေး ဘာမှအားငယ်စရာမလိုပါဘူးကွာ။ ဒီလိုပါပဲ လူတွေကပြောတတ်ကြတာပါပဲ။ လူတွေစကားနားမယောင်နဲ့နော် ညီ။ မှားလိမ့်မယ်။ အဲဒါ အဆင်းဘီးတတ်နေတာလို့ခေါ်တယ်။ အကြံပေးရရင်တော့ နောက်ဆက်မလုပ်နဲ့ပေါ့ကွာ။ အားမငယ်နဲ့ ကြိုးစားတို့ ဘာတို့ ပြောကြတာတွေ လုံးဝနားမယောင်နဲ့နော် ညီ။ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ။ လိမ္မာပါတယ်ကွာ နော်။ စိတ်ဆင်းရဲလို့ပါ။ တောင်းပန်ပါတယ် အားတော့နာပါသော်လဲ လဲလဲ လဲလဲ လဲလဲ လဲလဲ :D
  • ငါတို့နှစ်ယောက်ဘာလို့ဝေးရတာလဲလဲလဲလဲလဲလဲလဲ သိလား....ကြောင်တောင်ကန်းကန်းကန်းကန်း ဖြစ်နေနေနေနေနေ လို့လို့လို့လို့ သိပီလား...
  • အကို တို.နှစ်ယောက်......ခွေ ထုတ်ဖို. အစီအစဉ်မရှိဘူးလားဗျ...........ကျွန်တော် စပွန်ဆာပေးချင်လို.ဗျ........ သီချင်းစာသားရော အသံရော တီလုံးတွေ ကော ၀တ်ပုံစားပုံတွေ က အစ အရမ်း မိုက်လို. .....ထုတ်ဖို.အစီအစဉ်ရှိရင် ဆက်သွယ်ပေးပါဗျာ.........:P XD
  • ဘုရားဘုရား ဒ်ီတပုဒ်ထဲမှတ်တာ......ဆိုထားတာတွေမနည်းပါလားးးလားးးလားးးလားးးလားးး ဟ
  • မှားပါတယ်။ ငါကိုကမှားပါတယ်။ နိုပ်မိတဲ့ငါ့လက်ကိုပဲ အပြစ်တင်ရတော့မယ်။ နေ့ချင်းညချင်း နာမည်ကြီးလာတဲ့ အဆိုတော်ဆိုလို့ ဝင်ကြည့်မိတာ  လက်စတတ်တော့ လျှောက်သီးဆေးပြားရောင်းတဲ့ ဟာတွေထက်တောင် ဆိုးရွားနေသေးတယ်။
  • သောက်ခွက်ပြောင်တယ်.....ထမင်းစားပြီး ကြည့်လိုက်တာ ဗိုက်တောင်နာတယ်။
  • လေးစားတယ်.. ဖင်ဘဲ စောင့်ကန်ချင်တယ်..... :3
  • ကျေးဇူးကြောင့် မျက်ရည်ကျအောင် ရယ်မိပါတယ်။
  • ..သေရောကွာ...သေသင့်ပါတယ်ကွာ... လာကြည့်မိတဲ့ ငါသေသင့်ပါတယ်ကွာ.. တကယ်ပါ.. ငါမှာသွားတယ်ကွာ.. သေသင့်ပါတယ်ကွာ..။
  • စာသားလေးတွေတော့မဆိုးပါဘူး........key မကိုက်တာရယ် recording တွေမကောင်းတာတွေကြောင့် ဂွမ်းတယ် ထင်ရတာပါ၊ သေချာ rec ကောင်းကောင်း tempo တကျလေး ဖြစ်မယ်ဆိုရင်တော့ နားထောင်ကောင်းလောက်မယ်။ ဒါပေမယ့် အရုပ်တွေတော့ မကြည့်ကြနဲ့ပေါ့ဗျာ............
  • သူ့ ဘာသာသူ ၀ါသနာပါလို့ ရိုက်တင်တာ။ အတင်းလဲ ၀င်မကြည့်ခိုင်းဘဲနဲ့ ..နေရဲမာန်တို့ စောသက်တို့လို့ billboard တွေနဲ့ လူတွေကို မျက်စိဒုက္ခ၊ ကြော်ငြာတွေနဲ့ နားဒုက္ခ officially မှ မပေးသေးတာ။ entertainment တစ်မျိုးလို့ ပဲ သတ်မှတ်ပါတယ်။
  • ဟိုလေ..ဒါမျိုးတွေ မတင်ပါနဲ့လား.. ခွီးးး... အူကိုတက်နေတာပဲ >.<
သူမှီငြမ်းထားတယ်ဆိုတဲ့ မူရင်းသီချင်း
နောက်ဆုံးမှ ပြရတာကို တစ်မျိုးမထင်ပါနဲ့ဗျာ။ ဒီသီချင်းကို အရင်ပြလိုက်ရင် ကိုနစ်ကီရဲ့ သီချင်းကြောင့် JB သီချင်းကိုတောင် နားထောင်ချင်စိတ် မရှိတော့မှာစိုးလို့ပါ။ :D :P


နိဂုံး
သူယုံကြည်တဲ့အတိုင်း လုပ်ခဲ့တာတစ်ခုကို ရဲရဲဝံ့ဝံ့ ပြသရဲတာကို လေးစားပါတယ်။ သူက အတည်ပေါက် လုပ်ထားတာ ဖြစ်ပေမယ့် ကိုယ်တွေအတွက် ဟာသမြောက်နေတာ အမှန်ပါပဲ။ လဲလဲလဲလဲကို ကျွန်တော်လည်း အပျော်သဘောနဲ့ ပြောဖြစ်နေတာ အမှန်ပါ။ ကြည့်တိုင်း ရယ်ရတဲ့အတွက် ခဏခဏ ကြည့်ဖြစ်တာကိုလည်း ၀န်ခံပါတယ်။ သူဖြစ်ချင်သလို မဟုတ်ပေမယ့် ပေါက်သွားတာကတော့ အသေအချာပါပဲ။ ကျွန်တော်ကိုဉာဏ်ကို ဘယ်သူဆိုတာ၊ စာဖတ်သူ ခင်ဗျားကို ဘယ်သူဆိုတာ လူတွေ မသိရင်သာ ရှိကြမယ်။ နစ်ကီလို့ ပြောလိုက်တာနဲ့ လဲလဲလဲလဲလဲလဲလဲလဲ ဆိုပြီး လူတိုင်းနီးပါး သိကြပါလိမ့်မယ်။ Oppa Nicky Style ပေါ့ဗျာ။ Bravo Nicky!

Thursday, March 28, 2013

ရယ်စရာ၊ ပြုံးစရာ၊ တွေးစရာ ဟာသများ


(၁)
အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေ ရေးဆွဲဖို့ ၁၇၈၇ ခုနှစ်မှာ ဂျော့ဝါရှင်တန်ခေါင်းဆောင်ပြီး အစည်းအဝေးတစ်ခုကို ကျင်းပခဲ့တယ်။ အဲဒီ သမိုင်းတွင်တဲ့ အစည်းအဝေးမှာ ၀ါရှင်တန် စကားများများ မပြောဘူး။ ရေငုံနှုတ်ပိတ် နေတာများတယ်။ ဒါပေမယ့် တစ်ယောက်ကစပြီး အမေရိကန်စစ်တပ်ရဲ့ စစ်သားဦးရေကို ၅၀၀၀ သာ ကန့်သတ်ထားကြောင်း အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးဆွဲဖို့ အကြံပေးတယ်။ ဒီမှာတင် ၀ါရှင်တန် ရေငုံနှုတ်ပိတ် မနေနိုင်တော့ဘူး။
ဒီလိုဆိုရင် ဘယ်နိုင်ငံခြား တိုင်းပြည်ကမျှ ကျွန်ုပ်တို့ အမေရိကန်ပြည်ထောင်စုကို စစ်သားအင်အား ၃၀၀၀ ထက်ပိုသော စစ်တပ်ဖြင့် မကျူးကျော်၊ မတိုက်ခိုက်ရ ဆိုတဲ့အချက်ကိုပါ အခြေခံဥပဒေထဲမှာ ရေးထည့်လိုက်ပါ။
လို့ ဒေါမာန်ပါပါ ထပြောချပစ်လိုက်လေရဲ့။

(၂)
လင်ကွန်းရဲ့ အကြံပေးပုဂ္ဂိုလ်တချို့က ကျွန်အားလုံး လွတ်လပ်ကြပြီလို့ ပြောပြတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ဖို့ တိုက်တွန်းပြောဆိုကြတယ်။ ဒီတော့ သမ္မတလင်ကွန်းက သူတို့ လွတ်လပ်ကြပြီလို့ ပြောရုံနဲ့တော့ သူတို့ကို လွတ်လပ်သွားအောင် ဖန်တီးပြုလုပ်ပေးရာ မကျပါဘူး လို့ တုံ့ပြန်ပြောဆိုလိုက်တယ်။ လင်ကွန်းက ဆက်ပြီး ဥပမာထုတ်ပြန်တယ်။
သိုးတစ်ကောင်ရဲ့အမြီးကို ခင်ဗျားတို့က ခြေထောက်တစ်ချောင်းလို့ ခေါ်မယ်ဆိုရင် သိုးမှာ ခြေထောက် ဘယ်နှချောင်း ရှိမလဲ။
ငါးချောင်း ရှိမှာပေါ့။
မဟုတ်ဘူး။ သိုးတစ်ကောင်မှာ ခြေထောက် လေးချောင်းပဲ ရှိတယ်။ အမြီးတစ်ချောင်းကို ခြေထောက်ပါလို့ ပြောရုံနဲ့ အဲဒီအမြီးတစ်ချောင်းက ခြေထောက် ဖြစ်မသွားဘူးလေ။

(၃)
၁၉၂၉ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်တရားပွဲများ စတင်ချိန်မှာ သမ္မတကူးလစ် (အမေရိကန်ပြည်ထောင်စု၏ ၃၀ ဦးမြောက် သမ္မတ) ကို နောက်တစ်ကြိမ် အရွေးခံဖို့ အစီအစဉ်ရှိမရှိ မေးကြတယ်။
ပြန်အရွေးခံဖို့လမ်းကို ကျုပ်မရွေးဘူး။
သတင်းထောက်တစ်ယောက်ကလည်း ပထမအမေးသဘောဆောင်တဲ့ မေးခွန်းတစ်ခုကို မေးပါတယ်။
မစ္စတာကူးလစ်ခင်ဗျား၊ ခင်ဗျားအနေနဲ့ နောက်ထပ် သမ္မတ မဖြစ်ချင်ဘူးလား။
မဖြစ်ချင်ပါဘူး။ တိုးတက်ဖို့ အခွင့်အလမ်း ဘာမျှမရှိဘူး။
လို့ သမ္မတက ဖြေလိုက်လေရဲ့။

(၄)
သမ္မတ ထရူးမင်းက ပြောတယ်။
လက်တစ်ဖက်တည်းပါတဲ့ အကြံပေးပုဂ္ဂိုလ် တစ်ဦးကို ကျုပ်လိုချင်တယ်။ အခု ကျုပ်ရဲ့ အကြံပေးပုဂ္ဂိုလ်တွေ ပြောပြောနေကြတာက တစ်ဖက်မှာ ဒီလိုရှိတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ ....... တွေချည်းပဲ။ ကျုပ်လိုတာက လိုရင်း၊ တိုရှင်း အဖြေမျိုးပေးနိုင်တဲ့ အကြံပေးပုဂ္ဂိုလ်ပဲ။

(၅)
သမ္မတနစ်ဆင်ဟာ အမြဲလိုလို ကွန်ဂရက်နဲ့ အဆင်မပြေဘူး။ တစ်ခါတော့ သူက
ကွန်ဂရက်ဟာ သိပ်ကို အဖြတ်အတောက်တွေ များလွန်းတယ်။ တကယ်လို့များ သူတို့က ပညတ်တော်ဆယ်ပါးအတွက် မဲပေးရမယ်ဆိုရင် ပညတ်တော် ရှစ်ပါးလောက်ပဲ ကျန်လိမ့်မယ်။
လို့ ရိလိုက်ပါသတဲ့။

[ခင်မောင်တိုး (မိုးမိတ်) ရဲ့ အမေရိကန်သမ္မတတို့ရဲ့ ဟာသများစာအုပ်မှ အချို့ကို ပြန်လည်ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။]

Sunday, March 10, 2013

ကာတွန်းကြိုက်သူတွေအတွက်တော့ ကာတွန်းပါပဲ၊ နိုင်ငံရေးရှုထောင့်က ကြည့်တော့လည်း


ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးဟာ အင်မတန်မှကို ရှုပ်ထွေးပါတယ်။ ပျော်စရာပြောဖို့နည်းပြီး စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ၊ စိတ်ညစ်ညူးစရာများသာ ပြောစရာများပါတယ်။ မြန်မာ့နိုင်ငံရေးလို့ ဆိုလိုက်တာနဲ့ တစ်ခုခုတော့ စိတ်ညစ်ရမှာ၊ အလိုမကျဖြစ်ရမှာ၊ စိတ်တိုရမှာ အသေအချာပါပဲ။ ဒါဟာ ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ ပျော်စရာတွေချည်းပဲ ကြုံချင်၊ ပြောချင်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဖြစ်နေတာတွေက ဖြစ်သင့်တာထက်ပိုပြီး အနုတ်သဘောဆောင်နေ သလားဆိုတဲ့ မေးခွန်းကို မကြာခဏ တွေးမိနေလို့ပါ။ ကဲပါလေ.... နိုင်ငံရေးက ရှုပ်ထွေးတာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူတွေက ရှုပ်ထွေးတာပဲဖြစ်ဖြစ် နိုင်ငံရေး စိတ်ဝင်စားသူတွေ အတွက်ကတော့ အကြောင်းအရာတိုင်းက စိတ်ဝင်စားစရာ၊ လေ့လာစရာ၊ သင်ခန်းစာယူစရာ ဖြစ်မှာပါပဲ။ တစ်ပတ်တာလုံး နိုင်ငံရေးအတွေးတွေ၊ နိုင်ငံရေးသတင်းတွေနဲ့ မွန်းကြပ်လာခဲ့တဲ့ မိတ်ဆွေတွေကို ကျွန်တော်ကြိုက်လွန်းလို့ သိမ်းထားမိတဲ့ ကာတွန်းလေးတွေ တင်ပေးလိုက်ပါတယ်။ ဖတ်ဖူးပြီးသား ဖြစ်ဖို့များပါတယ်။ ဒါပေမယ့် နောက်တစ်ခေါက် ပြန်ခံစားတော့လည်း နောက်တစ်မျိုးများ ခံစားရမလားဆိုတဲ့ အတွေးနဲ့ ပြန်တင်ပေးတာလည်း ပါပါတယ်။ မဖတ်ဖူးသေးသူတွေ အတွက်ကတော့ သဘောကျမှာ အသေအချာပါ။ ခေတ်ကိုထင်ဟပ်တဲ့ ကာတွန်းလေးတွေပါ။ သြော်... ကျွန်တော်ကိုဉာဏ်ရဲ့ အမြင်၊ အတွေးလေးတွေကိုလည်း ရေးပေးလိုက်ပါတယ်။ အမြင်မတူတာတွေ သေချာပေါက် ရှိမှာပါပဲ။ အဲဒီလို ရှိခဲ့ရင်လည်း ကိုယ့်အမြင်နဲ့ကိုယ်သာ ခံစားနိုင်ကြပါကြောင်းခင်ဗျာ။ ကာတွန်းကြိုက်သူတွေအတွက်တော့ ကာတွန်းလေးတွေပါပဲ။ ဒါပေမယ့် နိုင်ငံရေးရှုထောင့်က မြင်ကြည့်တဲ့အခါကျတော့လည်း....။

(က) 
အဆိုအမိန့်တွေ.... အဆိုအမိန့်တွေ...
မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင် သိသူတိုင်းကတော့ ကာတွန်းမှာပါတဲ့ စကားလုံးတွေအားလုံးကို နားလည်ကြပါလိမ့်မယ်။ ဒီဘက်ခေတ်ကျမှ မွေးဖွားလာတဲ့ ညီငယ်၊ ညီမငယ်တွေဆိုရင်တော့ စာဖတ်နာသူတွေကလွဲရင် ကျန်တဲ့လူတွေဟာ အကုန်လုံးကို နားလည်နိုင်လိမ့်မည် မဟုတ်ပါ။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူများ ဆိုရင်တော့ အကုန်လောက်နီးနီး နားလည်ကြပါလိမ့်မယ်။ ကာတွန်းဆရာရဲ့ ရည်ရွယ်ချက်ဟာ ဘယ်လိုဆိုတာ အမျိုးမျိုး အဓိပ္ပါယ် ဖွင့်နိုင်ပါလိမ့်မယ်။ သာမန်အားဖြင့်တော့ ဒီကာတွန်းကို နိုင်ငံရေးကာတွန်းအဖြစ် မှတ်ယူနိုင်ကြပါတယ်။ ကျွန်တော်ကိုဉာဏ်ရဲ့ အမြင်ကတော့ အစိုးရကိုဆန့်ကျင်ရင် နိုင်ငံရေးလုပ်တယ်လို့ ခံယူထားတဲ့ ကာတွန်းဆရာတစ်ယောက်ရဲ့ လက်ရာလို့ပဲ သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုကာတွန်းမှာပါတဲ့ အဆိုအမိန့်ဆိုတဲ့ စကားတွေအားလုံးဟာ မြန်မာ့နိုင်ငံရေးမှာ အုပ်ချုပ်သူနေရာက တာဝန်ယူခဲ့သူတွေ၊ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ဝင်တွေရဲ့ စကားတွေသာ ဖြစ်နေလို့ပါပဲ။ ကာတွန်းဆရာဟာ တကယ်ပဲ ပြောစမှတ်ဖြစ်တဲ့ စကားတွေကို သရော်ချင်တယ်ဆိုရင် အနည်းဆုံးတော့ ကာတွန်း ၄ ကွက်လောက် ဆွဲရပါလိမ့်မယ်။ အခုကာတွန်းထဲမှာ မပါဘဲ ဟာသမြောက်တဲ့ အဆိုအမိန့်တွေကို ပြောခဲ့တဲ့ အတိုက်အခံတွေ၊ နိုင်ငံရေးသမားတွေ၊ ဒီမိုလုပ်စားတွေ၊ စာရေးဆရာတွေရဲ့ စကားတွေလည်း ရှိသေးတာမို့ပါ။ တချို့စကားတွေဆို အခုကာတွန်းမှာ ပါတာထက်တောင် ပြောင်မြောက်ပါသေးတယ်။ ဖတ်တဲ့လူတွေအတွက်တော့ ရယ်ရပါလိမ့်မယ်၊ ပြုံးရပါလိမ့်မယ်၊ ဒေါသထွက်ရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကိုဉာဏ် အတွက်ကတော့ ဒီကာတွန်းဟာ မမြင်မစမ်းနဲ့ ဆင်ကိုစမ်းပြီး ကိုယ်ထင်ရာကို ကာတွန်းရေးထားတဲ့ ပုဏ္ဍားတစ်ယောက်ရဲ့ လက်ရာလို့ပဲ ဝေဖန်ချင်ပါတယ်။ သူ့ရဲ့ ဗဟုသုတနဲ့ စိတ်ကူးအတွက်တော့ ချီးကျူးလိုက်ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ အဆိုအမိန့်တွေ စုံလင်ချင်တယ်ဆိုရင်တော့ သူ့လိုမျိုး ပုဏ္ဍားကာတွန်းဆရာ နောက်ထပ် ၅ ယောက် လိုသေးကြောင်းပါခင်ဗျား။

( ခ )
အတိုက်အခံဆိုတာ ဒီလိုမျိုးလား
ဆရာကြီးဦးဘဂျမ်းရဲ့ ကာတွန်းလက်ရာပါ။ ဦးဘဂျမ်းဟာ ဘာဖြစ်လို့ အဲဒီလောက် နာမည်ကျော်ရသလဲဆိုတာ ဒီကာတွန်းတစ်ကွက်တည်းနဲ့တင် သိနိုင်လောက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရေးဆွဲခဲ့တဲ့ ကာတွန်းတစ်ကွက်ဟာ ဒီနေ့အထိ မှန်ကန်နေဆဲ၊ ထင်ဟပ်နေဆဲ၊ မီးမောင်းထိုးပြနိုင်နေဆဲ ဖြစ်တယ်ဆိုတာ မြင်နိုင်ပါတယ်။ နောက်တစ်ခု ကျွန်တော်တွေးမိတာက နိုင်ငံရေးဆိုတဲ့ သဘောတရားကိုက အဲဒီလိုမျိုးလား ဆိုတာကိုပါ။ ဉာဏ်မမီတာကို မစဉ်းစားဘဲ စာတွေ့၊ ကိုယ်တွေ့နဲ့ ကိုယ်လက်လှမ်းမီသလောက်ပဲ ပြောရမယ်ဆိုရင်တော့ အခုကာတွန်းထဲက အဖြစ်အပျက်တွေဟာ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ကွက်တိဒက်ထိပါပဲဗျာ။ လွတ်လပ်ရေးရပြီးစ ကာလကတည်းက မှန်ကန်ခဲ့တဲ့ ကာတွန်းထဲက ဒဿနဟာ ယနေ့ ၂၁ ရာစုခေတ်၊ သမ္မတကြီး ဦးသိန်းစိန်ခေတ်၊ ဒီမိုကရေစီလမ်းပေါ်ကို လှမ်းတက်နေတဲ့ ခေတ်အထိ မှန်ကန်နေဆဲ ဖြစ်နေတာကတော့ ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ချီးကျူးရမှာလား၊ ဒီနိုင်ငံရေး mind-set ကို မပြောင်းလဲနိုင်သေးတဲ့ ကိုယ့်လူမျိုးတွေကိုပဲ အပြစ်တင်ရမှာလား၊ ဒါမှမဟုတ် ဥပေက္ခာပြုပြီး ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား ဆိုတာကတော့ စာဖတ်သူတို့ရဲ့ အတွေးအကြံများ အတိုင်းသာ ဖြစ်ပါစေဗျာ....။ ဒီနေရာမှာ ကျွန်တော်ကိုဉာဏ်ပြောတဲ့ မြန်မာ့နိုင်ငံရေး mind-set ကို ကာတွန်းထဲမှာ မြင်အောင်ကြည့်စေချင်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ ကိုဉာဏ်ဆိုတဲ့ နလပိန်းတုံးကောင်ဟာ နိုင်ငံရေးမှာ အတိုက်အခံမရှိရဘူးလို့ ပြောနေတယ်ဆိုပြီး စာဖတ်သူတွေအတွက် ဒေါသပွားစရာ ဖြစ်နေမှာ စိုးရိမ်လို့ရယ်ပါ။ နိုင်ငံရေးလုပ်ရင် အတိုက်အခံဆိုတာ ကြုံကြရမှာပဲဆိုတာ ကျွန်တော်ကိုဉာဏ်က သိပ်လက်ခံသပေါ့ဗျာ။ ကျွန်တော်လက်မခံတာက ဦးဘဂျမ်းပြောတဲ့ အတိုက်အခံတွေကိုပါ။ အားလုံးမြင်နိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်းပါဗျာ....။

( ဂ )
ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်း
ကျွန်တော်ကိုဉာဏ် ရှင်းပြစရာ မလိုလောက်အောင်ကို နားလည်လွယ်တဲ့ ကာတွန်းလေးပါဗျာ။ ဆရာဟာကျူလီကို ဒီနေရာကနေ ချီးကျူးလိုက်ပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးကို ဘယ်လိုနားလည်သလဲလို့ ကျွန်တော့်ကို တစ်ယောက်ယောက်ကများ လာမေးခဲ့မယ်ဆိုရင် ကျွန်တော်က ဒီကာတွန်းလေးကို ပြလိုက်ချင်တယ်။ စကားပေါင်း တစ်သိန်း၊ စကားပေါင်း တစ်သန်း၊ စကားပေါင်း ကုဋေ ပြောနေတဲ့ ကာတွန်းလေးပါဗျာ။ လက်ရှိမြန်မာ့နိုင်ငံရေးဆိုတဲ့ အကြောင်းအရာကြီး တစ်ခုလုံးကို ဒီကာတွန်း တစ်ကွက်တည်းနဲ့ ဖော်ကျူးထားတယ်လို့ ကျွန်တော်ကပြောရင် ကိုဉာဏ်ဆိုတဲ့ကောင်ဟာလေ သိပ်ပြီးတော့ သောက်ပိုပြောတတ်တာပဲလို့ ကျွန်တော့်သူငယ်ချင်းတွေက သြဘာပေးကြမှာကို မြင်ယောင်ပါသေးရဲ့ဗျာ။ စေ့စေ့တွေးရင် ရေးရေးပေါ်တယ်ဆိုတဲ့ စကားပုံရှိပါတယ်။ ကျွန်တော်ကတော့ ဒီကာတွန်းကို ဖတ်ပြီးတဲ့အချိန်မှာ စေ့စေ့တွေး ရှင်းရှင်းပေါ်လို့ စကားပုံအသစ်တစ်ခု သုံးလိုက်မိပါသဗျို့။ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေကြတဲ့ stakeholders တွေအားလုံး သတိပြုမိနိုင်ကောင်းရဲ့လို့ မျှော်လင့်မိပါတယ်ဗျာ။

(ဃ)
ကျွန်တော်တို့ကိုများ စောင်းပြောလေရော့သလား
အင်း... ကိုဉာဏ်ဆိုတဲ့ကောင်က ဘာမဟုတ်၊ ညာမဟုတ်၊ မလောက်လေး၊ မလောက်စားနဲ့ ဒီကာတွန်းကို ချီးကျူးပြန်ရင်လည်း မြင်းထိန်းငတာတော့ ဖြစ်တော့မယ်ထင်ပါရဲ့ဗျာ။ အဲဒီတော့ ဘာမှမပြောတော့ဘူး။ တစ်ခုပဲပြောချင်တယ် ဒီကာတွန်းဟာ မြန်မာတွေအတွက်တင်မဟုတ်ဘူး၊ ကမ္ဘာလုံးဆိုင်ရာ အမှန်တရားတစ်ခု ဖြစ်တယ်ဆိုတာပါ။ ဒီကာတွန်းရဲ့ စကားပြောတွေကို အင်္ဂလိပ်လို ပြောင်းလိုက်ရင် ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကဖြစ်ဖြစ် နားလည်တဲ့၊ လက်ခံတဲ့ အကြောင်းအရာတစ်ခုပါ။ ကာတွန်းဆရာကတော့ မြန်မာတွေအတွက် ရည်ရွယ်ပြီး ရေးဆွဲထားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အရမ်းကို အမှန်တရားနဲ့ နီးစပ်ပြီး ရသမြောက်နေတဲ့အတွက် အဖိုးတန်လွန်းလှပါတယ်။ လူတစ်ယောက်ချင်းအတွက်၊ အဖွဲ့အစည်းတစ်ခုချင်းအတွက်၊ ဒေသတစ်ခုချင်းအတွက်၊ နိုင်ငံတစ်ခုချင်းအတွက် အားလုံးအတွက် သက်ဆိုင်တဲ့ ကာတွန်းတစ်ကွက်လို့ ကျွန်တော်ကိုဉာဏ်က ညွှန်းဆိုပါရစေ။ ကာတွန်းထဲအတိုင်း မဖြစ်အောင်တော့ဖြင့်.....။

( င )
သူများယောင်လို့ လိုက်ယောင်တာ မဟုတ်ရပါဘူးဗျာ
အတော်တွေးတတ်တဲ့ ကာတွန်းဆရာဗျာ...။ ကျွန်တော့်မှာ ဖတ်တဲ့အကြိမ်တိုင်း ပြုံးရရယ်ရတာချည်းပဲ။ ဘယ်အချိန်ဖတ်ဖတ် သဘောကျနေမိတယ်။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ကလိလိုက်ပုံလေးက တကယ့်ကို ပြောင်မြောက်ပါပေတယ် ကော့မှူးဖိုးကျော်ရယ်။ ဒီလိုဆွဲဖို့ ရခဲ့တဲ့ အိုင်ဒီယာကိုလည်း သဘောကျမိပါတယ်၊ ချီးကျူးမိပါတယ်။ အတင်းကလိထိုး၊ အတင်းဝါဒဖြန့်တဲ့ ကာတွန်းတွေထက်စာရင် ဒီလိုမျိုး တစိမ့်စိမ့်တွေးရတဲ့၊ ဒီလိုမျိုး မသိမသာသရော်တဲ့ ကာတွန်းတွေကို သိပ်သဘောကျတယ်။ အထူးသဖြင့် ကာတွန်းထဲက လူတွေရဲ့ မျက်နှာပေးတွေက ဘယ်လောက်တောင် ပီပြင်သလဲဆိုရင် ကာတွန်းကိုကြည့်နေရင်းနဲ့ ဒင်းတို့က ကျွန်တော့်ဘေးမှာလာပြီး ကျွန်တော့်ကို ပြောပြ၊ ပြုံးပြနေသလားတောင် ထင်မိတယ်။ ဟက်ဟက်ပက်ပက် ရယ်မိကြောင်းပါခင်ဗျား...။

( စ )
အတုမြင် အတတ်သင်တဲ့ ကလေးအတွေး
အတုမြင် အတတ်သင်ဆိုတဲ့ စကားပုံကို ချက်ချင်းသတိရတယ်။ ဖြစ်နေတဲ့ခေတ်ကို သာမန် ကလေးတစ်ယောက်နဲ့ အစားထိုးလိုက်တဲ့အခါ အရမ်းကို သဘောကျစရာ ဖြစ်သွားတယ်။ ကလေးအတွေးလေးတွေမို့ ဖတ်မိသူကို ပြုံးစေပျော်စေနိုင်သလို၊ ကာတွန်းဆရာ ပြောချင်တဲ့စကား၊ ပေးချင်တဲ့ message ကို မြင်ယောင်မိပြန်တော့လည်း ရင်မောမိစေပါတယ်။ ဒီကာတွန်းလေးတွေကို ကျွန်တော်သေသေချာချာကို သိမ်းထားရမယ်။ အခုအချိန်မှာ သာမန်ရယ်ရုံ၊ ပြုံးရုံဖြစ်ပေမယ့် ကျွန်တော့်သားသမီးတွေ လက်ထက်ကျရင် ဒီကာတွန်းလေးတွေပြပြီး မြန်မာ့နိုင်ငံရေးမှာ ဒီလိုမျိုး ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်ဆိုတာ ပြောပြရမယ်။ ကျွန်တော်မြင်ယောင်ကြည့်မိတယ်။ ကျွန်တော်က သူတို့လေးတွေကို ဆန္ဒဖော်ထုတ်ပွဲ ပွဲစားတွေရှိခဲ့ဖူးတယ်၊ စီတန်းလှည့်လည်ပွဲ တစ်ပွဲလိုက်ရင် ဘယ်လောက်ဆိုပြီး လုပ်ကိုင်စားသောက်တဲ့လူတွေ ရှိခဲ့ဖူးတယ်၊ တစ်နေရာရာမှာ တစ်ခုခုဖြစ်တာနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ဗီနိုင်းထုတ်ပြီး ကန်ထရိုက်သွင်းတဲ့ စီးပွားရေးသမားတွေ ရှိခဲ့ဖူးတယ်၊ နိုင်ငံမှာ ဘယ်အကြောင်းအရာ ဖြစ်တာနဲ့ ဘယ်ခေါင်းစဉ်တပ်ပြီး ဆန္ဒဖော်ထုတ်ဖို့၊ စီတန်းလှည့်လည်ဖို့ အခါတော်ပေးခဲ့တဲ့ နိုင်ငံရေးပရောဟိတ်တွေ ရှိခဲ့ဖူးတယ်၊ လူစုစုမြင်တာနဲ့ လူစုလူဝေးမြင်တာနဲ့ ခါတော်မီရောက်လာ၊ အစိုးရမကောင်းကြောင်းပြောပြီး အမှတ်ယူ၊ အမြတ်ထုတ်တတ်တဲ့ နိုင်ငံရေးသမားတွေ ရှိခဲ့ဖူးတယ် စတဲ့စတဲ့ အကြောင်းအရာတွေကို ပြောပြလိုက်ရင် ကျွန်တော့်သားသမီးတွေက အတော်ကြီးကို အံ့သြကြမယ် ဆိုတာပါပဲ။ နောက်ဆုံးဗျာ... အပေါ်က ကာတွန်းကို ပြရင်တောင်မှ အဲဒါဘာပြောတာလဲလို့ ပြန်မေးကြမလား မသိပါဘူးဗျာ။ ဒီကာတွန်းကို ကလေးတွေ နားလည်တဲ့ခေတ်မှာ ကျွန်တော်ကိုဉာဏ် အိမ်ထောင်မကျသေးတာ၊ သားသမီး မရှိသေးတာဟာ အတော်ကြီးကို ကုသိုလ်ကံကြီးမားပါပေတယ်လို့ ကိုယ့်ကိုယ်ကိုယ် အားပေးမိကြောင်းပါခင်ဗျား....။ :D

(ဆ)
ဒက်ထိမှန်တဲ့ ဒဲ့ကာတွန်းပဲ
ကာတွန်းအခင်းအကျင်းလေးကို ကြည့်တာနဲ့ နေရာက ဘယ်မှာဆိုတာ သိနိုင်သလို၊ ဇာတ်ကောင်ရဲ့ ၀တ်စားဆင်ယင်ပုံကို မြင်တာနဲ့တင် ဘယ်လူတန်းစားဆိုတာ ချက်ချင်း သိနိုင်တဲ့အကြောင်းအရာပါ။ ဟာကျူလီကတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ အစစ်ခံချင်ပြီလား မသိဘူးလို့ တွေးမိပါတယ်။ သူမို့ မကြောက်မလန့် ပြောရဲ၊ ရေးရဲတယ်။ ကျွန်တော်ကိုဉာဏ်ဖြင့် လွှတ်တော်ဆိုရင် ပြောကိုမပြောရဲတော့ဘူး။ ဟုတ်တယ်လေ... ကျွန်တော်က အလကား အသုံးပြုလို့ရနေတဲ့ ဘလော့ဂ်စပေါ့ဆိုတဲ့ စာမျက်နှာကနေ ဟိုရေးဒီရေး တောင်ရေးမြောက်ရေး ကျွန်တော်တွေးမိတာတွေ၊ မြင်တာတွေ လျှောက်ရေးနေတာတွေကို သူတို့က အတည်အခန့်တွေ တွေးပြီးတော့ သိက္ခာချတယ်တို့၊ စော်ကားတယ်တို့ သတ်မှတ်ပြီး ဟိုရှာဒီရှာ၊ ဟိုစစ်ဒီစစ် လုပ်နေမယ်ဆိုရင် မကောင်းလှဘူး မဟုတ်လား။ ရှေ့မှာလည်း သာဓကတွေ ရှိနေတာကိုး။ သိတယ်ဟုတ်...။ ဆိတ်လေဆိတ်... ကိုဆိတ်ဖွားကို ပြောတာ..။ သူလည်း ကျွန်တော့်လို အလကားရတဲ့ ဘလော့ဂ်ကို ရေးတာပဲ၊ သူမြင်ရာ သူရေးတဲ့ကိစ္စကို စုံခုံတွေဘာတွေ အဖွဲ့ခံလိုက်ရပါရောလား။ အဲဒီတော့ ကျွန်တော်ကိုဉာဏ် လွှတ်တော်ကြီးကို ကြောက်အားပိုမိတာကို နားလည်ကြမယ်ထင်ပါတယ်။ ဆရာ ဟာကျူလီကတော့ တကယ့်အာဂပဲဗျို့။ သူ့လေသံနဲ့ ပြောလိုက်ဦးမယ်။ ဒို့ဟာကျူလီကတော့ ဒီမိုကရေစီခေတ် ရောက်ပြီဆိုပြီး ဒဲ့ကာတွန်းတွေဆွဲပြီး ဒက်ထိအမှန်တွေ ပြောနေတာက အကြောင်းမဟုတ်ဘူး၊ တော်တော်ကြာ ဒီမိုကရေစီကသတ်သတ် ဒို့လွှတ်တော်ကသတ်သတ်ကွ ဒဲ့လာပြောရင် ဒဲ့ဖဲ့မယ်ဆိုပြီး ဒုတ်ထမ်းပြီး လိုက်ရှာမှဖြင့် ဒိုက်ဦးလည်း ပြေးလို့မလွတ်၊ ဒေးဒရဲလည်း မသွားနိုင်ဖြစ်ပြီး ကျော်ဟိန်းရဲ့ ဒိုးရတော့မယ်အချစ်ရေ သီချင်းကို ဒိုးလုံးလေသံနဲ့ဆိုပြီး ဒွန်မောင်းလေဆိပ်ကတစ်ဆင့် ဒိန်းမတ်ကိုသွားရမလား၊ ဒူဘိုင်းကိုဒိုးရမလား ဝေခွဲမရဖြစ်ပြီး ဒွေးနောက်ကိုပဲ လိုက်တော့မယ်လို့ဆုံးဖြတ် ဒိုင်ယာစီပင်တွေသောက်ပြီး ဒန့်သွားမှာစိုးလို့ ဒီက စိုးရိမ်မိတာပါ ဆရာဟာကျူလီရယ်။ :D

( ဇ )
တစ်ဖက်စောင်းနင်း မပြောကြေး၊ မရေးကြေးနော်
မြန်မာပြည်က သတင်းစာတွေ၊ ဂျာနယ်တွေထဲမှာ အဲဒီလို တစ်ဖက်စောင်းနင်း ရေးထားလို့သာ မြန်မာပြည်သူတွေ စောင်းရကြေးဆိုရင် တစ်နိုင်ငံလုံး အစောင်းနိုင်ငံသူ၊ နိုင်ငံသားတွေဖြစ်ပြီး နိုင်ငံနာမည်ကိုလည်း ပြည်ထောင်စုသမ္မတ ဇက်စောင်းနိုင်ငံတော်လို့ ပြောင်းရမယ် ထင်ပါရဲ့ဗျာ။ အစိုးရသတင်းစာလည်း ပြုပြင်ပြောင်းလဲရေးသာ လုပ်နေတာ တချို့နေရာတွေမှာ နှာစေးနေတာ အများကြီး ရှိသေးတယ်။ အလွယ်ဆုံး သင်္ချာနည်းနဲ့ပဲ တွက်ပြမယ်ဗျာ။ သတင်းစာမှာ စာမျက်နှာ ၂၄ ခု ပါတယ်။ ၁၂ ရွက်ကို တစ်ဖက်စောင်းနင်းရေးပြီး ကျန် ၁၂ ရွက်ကို အတည့်ရေးရင်တောင် ဟိုဖက်ဒီဖက် ကျေပါတယ်ဗျ။ အဲဒါဆို ဖတ်ရတဲ့လူလည်း စောင်းလိုက်၊ တည့်လိုက်နဲ့ ကာတွန်းထဲကလို တစ်ဖက်ကြီးတော့ စောင်းမနေတော့ဘူးပေါ့။ ဟိုယိမ်းဒီယိမ်းတော့ ဖြစ်မယ်ထင်တယ်ဗျ။ နော်...။ :D ထားပါလေ... ပြုပြင်ရင်းနဲ့ ကောင်းသွားမယ် မှန်သွားတယ် ထင်ပါရဲ့။ ပုဂ္ဂလိကဂျာနယ်တွေကိုတာ့ ပြောကိုမပြောချင်တော့ဘူး။ ဂျာနယ်တွေ တစ်ဖက်စောင်းတာကိုသာ ဝေဖန်ရမယ်ဆိုရင် ကျွန်တော်တို့ ဘာအလုပ်မျှ လုပ်ရမှာတောင် မဟုတ်ဘူး။ သူတို့ကိုပဲ ထိုင်ဝေဖန်တာနဲ့ပဲ အချိန်ကုန်လိမ့်မယ်။ အချိန်က ကုစားသွားလိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။ ဖြောင့်မတ်မှန်ကန်သော၊ တည့်မတ်သော စတုတ္ထမဏ္ဍိုင်များနှင့် အမြန်ဆုံး ကြုံဆုံရပါလို၏လို့ ဆန္ဒဖြစ်မိကြောင်းပါ...။

( စ် )
ဆိတ်ဟိုဒင်းတွေ တယ်များသကိုး
တွေးပါလေလော့ တွေးလေလော့။ ဒီကာတွန်းမှာ ကျွန်တော်သဘောအကျဆုံးက အမေ၊ အမေဆိုပြီး ပြေးလိုက်တဲ့လူတွေကိုပါ။ သေသေချာချာကြည့်ရင် မြင်နိုင်ပါလိမ့်မယ်။ ကာတွန်းဆရာဟာ ခေတ်ကို သရော်တဲ့နေရာမှာ သူ့ဘေးမှာ အနီးဆုံးရှိနေတဲ့ လောကသားတွေကို အတော်မျက်စိစပါးမွှေး စူးနေပုံရပါတယ်။ ဖြစ်လည်း ဖြစ်လောက်ပါတယ်လေ။ မကြာသေးခင် ၃-၄ နှစ်တုန်းကပဲ ကာတွန်းရဲ့ အပေါ်ကွက်မှာ ရေးထားသလို ဖြစ်ခဲ့သူတွေက ဒီနေ့အချိန်အခါမှာ ကာတွန်းအောက်ကွက်လိုမျိုး နေ့ချင်းညချင်း ပြောင်းသွားတာကို မြင်တွေ့ကြားသိနေရတော့ မနေနိုင်လွန်းတဲ့အတွက် အခုကာတွန်းကို ရေးလိုက်တယ်လို့ ထင်မိပါတယ်။ ကျွန်တော်တွေးမိတာက ကာတွန်းဆရာဟာ နိုင်ငံရေးသမားတွေ သာကူးလုပ်တာကို ဖြစ်နေကျထုံးစံပဲမို့ အဖက်လုပ် ပြောမနေဘဲ နိုင်ငံရေးသမားမဟုတ်၊ ဘာမဟုတ်တဲ့ လူတွေက ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ဆိတ်ဟိုဒင်း လုပ်နေကြတာကို မြင်ပြင်းကတ်သွားပုံ ပေါ်ပါတယ်။ ကိုယ်ကသာ တကယ်ထူးချွန်တဲ့ ပညာရှင်ဖြစ်ရင် ဘယ်သူ့ကိုမျှ ကပ်ဖားလျှက်ဖား လုပ်စရာ မလိုပါဘူး။ ဘယ်သူကပဲဖြစ်ဖြစ် ကိုယ့်ကို အားကိုးမှာ၊ အသုံးပြုမှာပါပဲ။ အခုတော့...။ တော်တော်ကြာ ကျွန်တော်ကိုဉာဏ် ဖွလိုက်ကာမှ ဒီကာတွန်းကို ပြန်ဖတ်ကြပြီး ဂီတအစည်းအရုံးကိုတိုင်၊ ရုပ်ရှင်အစည်းအရုံးကိုတိုင်၊ လွှတ်တော်ကိုတိုင် လုပ်ကြမှဖြင့် ကိုဉာဏ်တော့ တရားခံ ဖြစ်ဦးတော့မယ် ထင်ပါရဲ့ဗျာ။ ကာတွန်းဆရာရေ... ကျွန်တော်က မြင်တာကိုပဲ ပြောတာနော်။ ဆွဲတာက ခင်ဗျားပဲ...။ အဲဒီတော့ ကျွန်တော်နဲ့ မဆိုင်ဘူး။ တစ်ခါတည်း အပြတ်ပြောမယ်... အထက်ပါ ကာတွန်းနှင့်ပတ်သက်၍ မကျေလည်သည်များ၊ မကျေနပ်သည်များရှိလျှင် ကာတွန်းဆရာနှင့်သာ တိုက်ရိုက်ဆက်သွယ် ပြောဆိုကြရန် ဖြစ်ပါသည်။ ကျွန်တော်ကိုဉာဏ်ထံ စုံစမ်းမေးမြန်းခြင်း သည်းခံပါ။ :D

(ည)
ငါ့လုပ်တာကမှ အမှန်၊ မင်းလုပ်သမျှက အမှား
ဦးဘဂျမ်းကို ဟိုးအပေါ်မှာလည်း ချီးကျူးထားပြီးသားမို့ အထူးအထွေ ချီးကျူးမနေတော့ပါဘူး။ ကျွန်တော်မချီးကျူးလို့လည်း ဆရာကြီးခမျာ အလုံးအရပ် လျော့မသွားသလို၊ ဂုဏ်သတင်းလည်း တစ်စက်ကလေးမျှ လျော့ပါးသွားနိုင်ခြင်း မရှိပါ။ သူ့ဟာသူ အရမ်းတော်သော၊ အရမ်းကျော်ကြားသော၊ ဂန္ထ၀င် ကာတွန်းဆရာကြီးတစ်ဦး၏ ကာတွန်းလက်ရာတွေကို ဒီနေ့ခေတ်အထိ ပစ်ပယ်လို့ ရသေးတာကတော့ အံ့သြစရာ ကောင်းလှသည်။ ဒီနေ့ခေတ် ကာတွန်းဆရာတွေထဲကရော နောင် နှစ် ၂၀ လောက်ဆိုလျှင် ဒီနေ့ရေးခဲ့တဲ့ ကာတွန်းတွေကို တသသပြန်ဖတ်လောက်အောင် ဘယ်သူများ ရှိသလဲမသိ။ ရှိမှာတော့ သေချာသည်။ အဲဒီအချိန်ကျရင်တော့ ဒီနေ့ခေတ် ကာတွန်းတွေ ပြန်ထွက်လာမည်ထင်သည်။ ဦးဘဂျမ်းကာတွန်းတွေကတော့ ခေတ်မီနေဆဲ၊ ပန်းပန်နေဆဲ၊ မီးမောင်းထိုးပြနေဆဲ ဖြစ်သည်။ မသိလျှင် ဒီနေ့မြန်မာပြည်က နိုင်ငံရေးအခြေအနေတွေကို ဘုံဘ၀တစ်ခုကနေ လှမ်းကြည့်နေပြီး ကာတွန်းတွေ ဆွဲပို့နေသလားတောင် အောက်မေ့ရသည်။ အဲသည်လောက်အထိ ဒီနေ့ခေတ်ကို ထင်ဟပ်စေသည့် ကာတွန်းများပါပေ။ အပေါ်တွင် ဖော်ပြထားသော ကာတွန်းတွင်လည်း ထိုနည်း၎င်းပင် ဖြစ်ပါသည်။ ဒီနေ့ ကျွန်တော်တို့တွေ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းပေါ်မှာ ကာတွန်းထဲကလို ဖြစ်နေကြသည် မဟုတ်ပါလား။ တစ်ယောက်တစ်မျိုးစီနှင့် ကိုယ့်မူကိုယ် အမှန်ဆုံးဟု ၀င့်ကြွားနေကြဆဲ မဟုတ်ပါလော။ ကိုယ်လုပ်နေသည်ကသာ အကောင်းဆုံး၊ ငါနဲ့မတူ ငါ့ရန်သူ စတဲ့စိတ်ဓာတ်တွေနဲ့ မြန်မာ့နိုင်ငံရေးကို ရှေ့ဆက်နေကြဆဲ မဟုတ်ပါလော။ သတိပြုဆင်ခြင်ကြရန် တိုက်တွန်းလိုပါသည်။ ဆရာအောင်ထွဋ်ရဲ့ စကားလုံးကို ယူသုံးရမည်ဆိုလျှင် ပြိုင်တူတွန်းမှ ရွေ့မှာဖြစ်ပါသည်။ တစ်ယောက်တစ်ပေါက် တွန်းနေဖို့ မဟုတ်ပါ။ တွေးဆဆင်ခြင်ကြပါကုန်....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၁၀ ရက်၊ တနင်္ဂနွေနေ့။
ညနေ ၅ နာရီ ၅၀ မိနစ်တွင်ပြီး၏။

Wednesday, March 06, 2013

အချိန်တိုင်းမ်ကို စိန်ရိုင်းလို သွေးခဲ့သောကျွန်ုပ်၊ ဂျက်ကွမ်းခြံကုန်း


သုံးခွန်းတိတိ။ မှန်ပါ၏ သုံးခွန်းတိတိ။ ဂျာနယ်ဘုတ်အုပ်စာရွက်ကို ကိုင်ဆောင်၍ ဖတ်ရှုနေပြီးသည့်သကာလ ကျွန်ုပ် ဆက်တိုက်ကြီးဆိုသလို ကြိုက်သွားပြီ၊ ကြိုက်သွားပြီဟု အော်ထည့်လိုက်မိသည်မှာ တကယ့်ကို သုံးခွန်းတိတိ ဖြစ်ပါ၏။ ဟုတ်ကဲ့ သုံးခွန်းတိတိ။

ဤနေရာ၌ အဆွေ အသင် မောင်ရင် ဂျက်ကွမ်းခြံကုန်းသည် ဂျာနယ်ဘုတ်အုပ်စာမျက်နှာပေါ်၌ ဘဇာသို့သော အကြောင်းအရာကို ဖတ်ရှုလိုက်မိသောကြောင့် သို့ကလို၊ အနို့ကလို ကြိုက်သွားပြီဟု အော်ဟစ်ဘိသနည်းဟု အမေးစကား ရှိလာနိုင်ပါ၏။ ဤတွင် ကျွန်ုပ်ဖြေကြားလိုသည်မှာ တစ်ခွန်းတည်းသာ ရှိပါ၏။ ဂျူလီယန်အက်ဆန်း (Julian Assange) ဟူလို။

မှန်ပါ၏။ ယခု ပစ္စက္ခမျက်မှောက်ကာလ၌ ဟော့ (Hot) အဖြစ်ဆုံး လူသားတစ်ယောက်ကို ပြပါဟုဆိုလျှင် အသက် ၃၉ နှစ်အရွယ် သြစတြေးလျနိုင်ငံသား အနှီလူရွယ် ဂျူလီယန်အက်ဆန်း (Julian Assange) ကိုပင် ညွှန်ပြရမည် ဖြစ်ပါ၏။ သူကား တိုင်းကျော်၊ ပြည်ကျော်၊ ကမ္ဘာကျော် ၀ီကီလိခ် (Wikileaks) ဟူသည့် ၀က်ဘ်ဆိုက်ကို တည်ထောင်ထားသူ ဖြစ်ပါ၏။ ယခုအခါ သူ့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပုဂ္ဂိုလ်များ မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်ကုန်ကြရသည်မှာ လူတိုင်းအသိပင်ဖြစ်ပါ၏။

အနှီကွန်ပျူတာတစ္ဆေသရဲ ဂျူလီယန်အက်ဆန်း (Julian Assange) ကား ကမ္ဘာအနှံ့ရှိ အမေရိကန်သံရုံး အသီးသီးမှ ကန့်သတ်အဆင့်ရှိသော သံရုံးမှတ်တမ်းဆိုင်ရာ အချက်အလက်တို့ကို ထုတ်ပြန်လိုက်လေရာ မဟာလျှို့ဝှက်မှုတို့ ပေါက်ကွဲပွင့်အန် ထွက်ကျလာတော့ကာ မျက်နှာပူစရာတို့ ဖြစ်လာကြရချေကပြီ။ ဂျူလီယန်အက်ဆန်း (Julian Assange)ကား သူ့၌ အချက်အလက်ပေါင်း နှစ်သိန်းခန့်ရှိကြောင်းနှင့် ယခု ထုတ်ပြန်ဖွင့်ချလိုက်သည်မှာ ထောင်ဂဏန်းမျှသာရှိသေးကြောင်း ခပ်တင်းတင်း ဆိုလိုက်ချေသောအခါ ကမ္ဘာ့ထိပ်သီးပုဂ္ဂိုလ်တို့ ပို၍သာလျှင် ပြူးတူးပျာတာ ဖြစ်ကြရကုန်ပါ၏။ မိုက်ပါပေ့ အသင် ဂျူလီယန်အက်ဆန်း (Julian Assange) ငဲ့လေ။ ထား။

ကျွန်ုပ်ကား ထိုအနှီ ဂျူလီယန်အက်ဆန်းနှင့် ပတ်သက်၍ အခိုက်ကြီးခိုက်၊ အကြိုက်ကြီးကြိုက်သွားမိသော အချက်တစ်ချက် ရှိပါ၏။ ယင်းမှာ အခြားမဟုတ်။ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်သော အကျင့်။ ကြည့်စမ်းပါလေ ထိုဝီကီလိခ် ၀က်ဘ်ဆိုက်၏ ဦးဆောင်ပုဂ္ဂိုလ် ထိုလူရွယ်ကလေးသည် ဆံပင်ညှပ်ဆိုင်သို့ ဘယ်သောအခါမျှ မသွားပါလေတဲ့။ ဆံပင်ညှပ်ဆိုင်၌ နာရီဝက် တစ်နာရီ ထိုင်နေရခြင်းသည် အချိန်ကုန်သည် ဟူသတတ်။ သို့ဖြစ်ရာ သူသည် ဆံသဆရာကို အိမ်သို့ခေါ်၍ ညှုပ်လေ့ရှိပြီး ခေါင်းအညှပ်ခံနေရစဉ် ထိုပုဂ္ဂိုလ် လုပ်ကိုင်ဆောင်ရွက်နေသည်က ကွန်ပျူတာကီးဘုတ် (Key board) ပေါ်၌ လက်ကလေးများကို ပြေးလွှားဆော့ကစားနေခြင်းဟူလို။

ကျွန်ုပ် ဤစာလွှာ ပထမကနဦး၌ ကြိုက်သွားပြီ၊ ကြိုက်သွားပြီနှင့် သုံးကြိမ်တိတိ အော်ဟစ်မိကြောင်း ဖော်ပြထားခဲ့သည်မှာ ယင်း၎င်းအချက်ကြောင့် ဖြစ်ပါ၏။ ခေါင်းအညှပ်ခံရင်း ကွန်ပျူတာကိုင်နေမှတော့ တော်ပေတော့မပေါ့ဟု နှလုံးသွင်းမိကာ ကျွန်ုပ်သည်လည်း စာရေးဆရာပီပီ အချိန်ကို အအားမထားတော့ဘဲ ဘုတ်အုပ်စာပေများကို ဖတ်ရှုတော့အံ့ဟု သန္နိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တော့ကာ လက်တွေ့အကောင်အထည် ဖော်မိခဲ့ပါတော့၏။

စဉ်းငယ်ခန့် မျှဝေပါရစေ။

ကျွန်ုပ်ကား အချိန်ကို အကျိုးရှိရှိ အသုံးချကာ ဂျူလီယန်အက်ဆန်းပမာ ကျင့်ကြံတော့ပေအံ့ဟု ဆုံးဖြတ်ပြီးသည့် နေ့မှစကာ ကျွန်ုပ်၏ သွားလေရာပါသော ဘက်အိတ် (BAG)ထဲ၌ ဘုတ်အုပ်အထူကြီးများကို ထည့်၍ ယူဆောင်သွားပြီးလျှင် အချိန်ရလျှင်ရသလို ဖတ်ရှုလေ့လာ၍သာ နေတော့ပါ၏။ ကျွန်ုပ်သည် အမေရိကန် စာရေးဆရာမ မာဂရက်မစ်ချယ်(Margaret Michell) ၏ Gone with the wind ခေါ် လေရူးသုန်သုန် ဘုတ်အုပ်ကြီးကို ရွှေဂုံတိုင်မီးပွိုင့်၌ ဘတ်စ်ကား မီးနီမိ၍နေစဉ် ဖတ်ပစ်လိုက်၏။ အနို့အတူ ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း၏ War and Peace ခေါ် စစ်နှင့် ငြိမ်းချမ်းရေး ဘုတ်အုပ်ကြီးကိုလည်း လှည်းတန်းမီးပွိုင့်၌ မီးနီမိနေစဉ်တွင် ဖတ်ရှုပစ်လိုက်ခဲ့ခြင်း ဖြစ်ပါ၏။ ဆရာကြီး ရွှေဥဒေါင်း၏ ဘ၀တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ကို တယ်လီဖုန်း Bill ဆောင်ရန် စောင့်ဆိုင်းနေစဉ်၊ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုများကို တာမွေဈေးမှတ်တိုင်၌ ဘတ်စ်ကားရပ်ထားစဉ်၊ စာရေးဆရာမ M.M.Kaye ၏ Far Pavilione ခေါ် ရွှေပြည်တော်မျှော်တိုင်းဝေး ဘုတ်အုပ်ကြီးကို မီတာခပေးရန် စောင့်ဆိုင်းနေစဉ် စသည်၊ စသည်ဖြင့် အချိန် အလဟဿမထားဘဲ အသုံးချ ဖတ်ရှုပစ်ခဲ့ရာ စာပေဖတ်ရှုလေ့လာခြင်း လမ်းကြောင်းမှာ အတော့်ကိုပင်လျှင် ခရီးပေါက်၍ ပြီးမြောက်ခဲ့ပါချေ၏။

ဂျူလီယန်အက်ဆန်းတစ်ယောက် ကွန်ပျူတာကိုင်ရင်းနှင့် ဆံပင်အညှပ်ခံသလို အချိန်ကို အကျိုးရှိရှိ အသုံးချခြင်းဖြင့် ပေါက်မြောက်ထူးချွန်သော ဘ၀သို့ မဆိုင်းမတွ ရောက်ရှိသွားနိုင်ပါကြောင်း ကျွန်ုပ်၏ ကိုယ်တွေ့ကို အခြေခံကာ တင်ဆက်ခဲ့ရပါကြောင်းဟူလို။

[ဂျက်ကွမ်းခြံကုန်း၏ ကူးတို့ဆိပ်ကမှို့အိတ် စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်] 

Saturday, March 02, 2013

ဒေါက်တာဆိတ်ဖွား သိစေအပ်ပါသည်


လွှတ်တော်ဥက္ကဋ္ဌကြီးများနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးကို လေးစားပါကြောင်းနှင့် ပြည်သူတို့၏အသံ၊ ပြည်သူတို့၏ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက်များကို နားထောင်၊ တင်ပြ၊ ဖြည့်ဆည်း၊ ဆောင်ရွက်ပေးမှုများ ပြုလုပ်နေသည့်အတွက် လွန်စွာ့လွန်စွာမှပင် ၀မ်းမြောက်ဂုဏ်ယူ ဖြစ်ရပါကြောင်း ဦးစွာ ပြောကြားလိုပါသည်။

မြန်မာပြည်သူ သန်း ၆၀ ကိုယ်စား ဖင်ပူခံ၊ ခေါင်းပူခံ၊ နားပူခံ၊ လည်ချောင်းအပူခံ၍ လွှတ်တော်ထဲတွင်ထိုင်၊ စဉ်းစား၊ နားထောင်၊ ဆွေးနွေး၊ မေးမြန်း၊ ပြောကြားမှုများအတွက် ကျွန်တော်တို့ မြန်မာပြည်သူများ အားလုံးက အထူးပင် ကျေးဇူးတင်မဆုံး ဖြစ်လျက်ရှိပါသည်။ ကိုယ်စားလှယ်ကြီးများသည် ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သည့် အနှိုင်းမဲ့ဉာဏ်ကြီးရှင်များ ဖြစ်ကြရာ လွှတ်တော်ထဲတွင် ထိုင်သမျှ၊ ထသမျှ၊ ခလုတ်နှိပ်သမျှ၊ မတ်တပ်ရပ်သမျှ၊ မေးမြန်းသမျှ၊ ဆွေးနွေးသမျှသည် ကျွန်တော်တို့ ပြည်သူများ၏ စိတ်ထဲတွင် ဖြစ်နေသည်များကို ထွင်းဖောက်မြင်နေဘိအလား ကျွန်တော်တို့ ပြည်သူများ၏ ဆန္ဒများနှင့် ထပ်တူထပ်မျှကျကြောင်းကိုလည်း ၀မ်းသာဂုဏ်ယူစွာ ပြောကြားလိုပါသည်။ ကိုယ်စားလှယ်ကြီးများ အနေဖြင့် ရွေးကောက်ပွဲ မဲဆွယ်ကာလက မဲရရှိစေရန်အလို့ငှာ ကျွန်တော်တို့ ပြည်သူများအတွက် လမ်းခင်းပေး၊ ရေတွင်းတူးပေး၊ မီးကြိုးသွယ်ပေး၊ ဖုန်းလိုင်းဆင်ပေး၊ ဘုန်းကြီးကျောင်းဆောက်ပေး၊ သိမ်လှူပေး၊ စသည်စသည်ဖြင့် အကုန်အကျခံ၍ အရင်းအနှီးများ အမြောက်အမြား မိမိအိတ်ထဲမှ စိုက်ထုတ်သုံးစွဲ ထားခဲ့သော်လည်း နေပြည်တော်ရှိ လွှတ်တော်ကြီးထဲတွင် တစ်နေကုန်တစ်နေခန်း ဖင်ပူအောင်ထိုင်ကာ မိမိတို့၏ စီးပွားရေးလုပ်ငန်းများ အပါအ၀င် အိုးပစ်အိမ်ပစ် သားပစ်၊ မယားပစ်၊ ချစ်သူပစ်၊ တိတ်တိတ်ပုန်းပစ် လုပ်ဆောင်နေကြပါသော်လည်း နေ့တွက်စရိတ် တစ်လ ၃ သိန်းနှင့် လစဉ်ချီးမြှင့်ငွေ တစ်လ ၃ သိန်း၊ စုစုပေါင်း ၆ သိန်းသာယူကာ နေ့စဉ်ဖယ်ရီကို ပိုက်ဆံ ၅၀၀ ကျပ်ပေး၍ လွှတ်တော်တက်နေကြောင်း သိရသည့်အတွက်လည်း ပြည်သူများအားလုံးက စိတ်မကောင်းဖြစ်ရပါသည်။ သို့သော် ပြည်သူတွေအတွက် ထိုကဲ့သို့ စွန့်လွှတ်အနစ်နာခံကာ လုပ်ဆောင်နေကြသည်ကို မြင်ရသည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ပုဂ္ဂိုလ်များ နောက်ထပ်အစားရသည်ဟု အောက်မေ့ကာ ဂုဏ်ယူမဆုံး ဖြစ်မိပါသည်။

မြန်မာတွေရဲ့ မနာလိုစိတ်များကြောင့် တိုင်းပြည်အကျိုးကို သူများနှင့်မတူအောင် စွန့်လွှတ်ကြိုးပမ်း ဆောင်ရွက်နေကြသည့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည့် ဒေါက်တာဆိတ်ဖွား ဆိုသူကိုလည်း ကျွန်တော်တို့ ပြည်သူအားလုံးက အင်မတန်မှပင် အော့နှလုံးနာ၊ စက်ဆုပ်ရွံရွှာ၊ ခါးသီးမုန်းတီး၊ အသံမျှမကြားချင်၊ ကုန်ကုန်ပြောရလျှင် ဆိတ်သားကိုပင် မစားချင်လောက်အောင် မုန်းတီးလျက်ရှိကြောင်း သိစေအပ်ပါသည်။ ဘာဒေါက်တာမှန်းမသိသည့် ဆိတ်ဖွားဆိုသည့် လူ့ဗာလ၊ လူ့အန္ဓ၊ လူ့အမှိုက်၊ ဆန်ကုန်မြေလေး၊ ကလေကချေ၊ ရေမြောကမ်းတင်၊ ဓာတ်တိုင်သေးပန်း၊ လမ်းဘေးချီးယို၊ ကြံဖတ်အီးအီးကုန်း၊ အလှူအိမ်ဖိနပ်ခိုး၊ မသာအိမ်ဖဲရိုက်၊ မွေးထားသည့်မအေအတွက် ၀မ်းရေစပ်စေသည့် ငကြောင်တစ်ကောင်ကြောင့် မြန်မာပြည်၏ အဆင့်အမြင့်ဆုံး အဖွဲ့အစည်းကြီးဖြစ်သည့် ပြည်ထောင်စုလွှတ်တော်မှ ပြည်သူတို့၏ ရင်နှစ်သည်းခြာလည်းဖြစ်၊ အားကိုးရာလည်းဖြစ်၊ မိဘသဖွယ်လည်းဖြစ်၊ မှီခိုအားထားရာလည်းဖြစ်သော ကိုယ်စားလှယ်ကြီးများ၏ စိတ်ဘ၀င်ကို ညှိုးငယ်၊ ပင်ပန်း၊ ရှုပ်ထွေး ဖြစ်စေခဲ့သည်မှာ လုံးဝ လုံးဝ လုံးဝ လုံးဝ ခွင့်လွှတ်ဖွယ်ရာ မရှိပါ။

ယခုအခါ ဆိတ်ဖွားဆိုသည့် သကောင့်သားကို မည်သူမည်ဝါမှန်း စုံစမ်းစစ်ဆေးရေးကော်မရှင်က သိရှိပြီး ဖြစ်သည်ဟု ကြားသိနေရပါသည်။ မြန်မာပြည်သူအားလုံးက အင်မတန်မှပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်လျက်ရှိပါသည်။ အမှန်တကယ်တော့ ဆိတ်ဖွားဆိုသည့် ဘာမဟုတ်သည့်လူကို ကျွန်တော်တို့ ပြည်သူများက သိချင်၊ လိုချင်သည်မဟုတ်ပါ။ ကျွန်တော်တို့၏ ကိုယ်စားလှယ်ကြီးများ နေ့စဉ်နှင့်အမျှ ဆိတ်ဖွားအကြောင်း ခေါင်းထဲထည့်ထားရသဖြင့် မပျော်မရွှင်၊ မကြည်မလင် ဖြစ်နေသည်ဟု သိရသည့်အတွက် အခုလို မြန်မြန်သိသွားသည့်အပေါ် ၀မ်းသာကြခြင်းဖြစ်ပါသည်။

စုစည်းညီညာအောင်ကြောင်းဖြာဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားသည့်၊ လူညီလျှင် ဤကို ကျွဲဟု ဖတ်၍ရရုံသာမက သမ္မတကြီးကိုပင် စွပ်စွဲပြစ်တင်ပြီး ရာထူးမှနုတ်ထွက်သွားအောင် လုပ်နိုင်စွမ်းရှိသည့် ဘုန်းရှင်ကံရှင် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများအား စော်ကားမော်ကား၊ မထီလေးစား၊ မရိုမသေ၊ ကပျက်ကချော်၊ ကချော်ကချွတ်၊ ထေ့ထေ့ငေါ့ငေါ့၊ စွက်စွက်ဖက်ဖက်၊ ဝေေ၀ဖန်ဖန်၊ ပြောင်ပြောင်လှောင်လှောင်၊ သရော်တော်တော်၊ ဟာသလုပ်ခဲ့သော ဆိတ်ဖွားဆိုသည့် ဒေါက်တာအစုတ်ပလုတ်အား သေဒဏ်ပေး၍ ဆေးထိုးကွပ်မျက်ပေးပါရန် ကျွန်တော်တို့ပြည်သူများက တစ်နိုင်ငံလုံးအနှံ့ ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်သွားရန်အတွက် စီစဉ်လျက်ရှိပါသည်။ မြန်မာပြည်အတွက် လုံးဝအသုံးမ၀င်သည့် ဆိတ်ဖွားဆိုသည့်လူသည် မရှိမဖြစ် လွှတ်တော်ကိုယ်စားလှယ်များအတွက် အန္တရာယ်ဖြစ်သည်ဆိုလျှင် ကျွန်တော်တို့ပြည်သူများ၏ အန္တရာယ်ပင် ဖြစ်ပါသည်။ လွှတ်တော်စိတ်ညစ်လျှင် ပြည်သူတွေစိတ်ညစ်ပါသည်၊ လွှတ်တော်စိတ်တိုလျှင် ပြည်သူတွေ စိတ်တိုပါသည်၊ လွှတ်တော်ဒေါသထွက်လျှင် ပြည်သူတွေ ဒေါသထွက်ပါသည်။ ထို့ကြောင့် လွှတ်တော်က အလိုမရှိသည့် ဒေါက်တာဆိတ်ဖွားအား ကျွန်တော်တို့ ပြည်သူများကလည်း လုံးဝ လုံးဝ လုံးဝ အလိုမရှိပါကြောင်း ဒေါက်တာဆိတ်ဖွားသိစေရန် ဤနေရာမှတစ်ဆင့် အသိပေးကြေညာအပ်ပါသည်။

မှတ်ချက်။ ဤစာကို လွှတ်တော်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များထံသို့လည်း ပြည်သူထံမှ ပေးစာအဖြစ် ပေးပို့သွားမည် ဖြစ်ပါသည်။ အကယ်၍ အထက်တွင် ရေးခဲ့သည်များကို သဘောတူပါလျှင် အောက်တွင် ဖော်ပြထားသည့်အတိုင်း သုံးကြိမ်သံပြိုင် ရွတ်ဆိုကြစေလိုပါသည်။

ဒေါက်တာဆိတ်ဖွား အလိုမရှိ
ဒေါက်တာဆိတ်ဖွား အလိုမရှိ
ဒေါက်တာဆိတ်ဖွား အလိုမရှိ

ကျွန်တော်ကိုဉာဏ် တကယ်ရေးချင်တာက ဒီလို... ဒီလို....
ဆိတ်ဖွားလိုမျိုး လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အရေးအသားတွေကို မရေးသင့်ဘူးဆိုတော့ အပေါ်မှာ ကျွန်တော်ရေးခဲ့သလို ဘုန်းတော်ဘွဲ့တွေ ရေးရင်တော့ ရတယ်ဆိုတဲ့ သဘောပေါ့နော်။ တောက်... ပြောတော့ဖြင့် မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်နဲ့ ချီတက်နေပြီတဲ့။ အခုမှပဲ ကုန်းဘောင်ခေတ်က မင်းတရားကြီးတွေ၊ ၀န်မင်းတွေ၊ အမတ်မင်းတွေနဲ့ လာတွေ့နေရတယ်။ အခုဆိတ်ဖွားကိစ္စက လွှတ်တော်က လုပ်နေသမျှကို ကောင်းပါတယ်၊ မှန်ပါတယ်လို့ ထောက်ခံရမယ်လို့ တစ်ဖက်လှည့်နဲ့ အာဏာပြတဲ့ လုပ်ရပ်လို့ပဲ ကျွန်တော်ကမြင်တယ်။ ဘာတဲ့... ပြောကြသေးတယ်၊ ဆိတ်ဖွားဟာ အစိုးရအဖွဲ့ကလူဆိုရင် မလုပ်သင့်ဘူးတဲ့။ အပြန်အလှန် ထိန်းကျောင်းတာလို့ မခံယူနိုင်ဘူးလားလို့ မေးလိုက်ချင်တယ်။ သဘောကတော့ အစိုးရအဖွဲ့ကလူက လွှတ်တော်ကို အခုလို ပြောဆိုတာဟာ မကောင်းဘူးပေါ့ဗျာ။ ပြည်သူထဲကဆိုရင်တော့ လက်ခံပါတယ်တဲ့။ ကျွန်တော့်မှာလေ ရယ်ချင်လိုက်တာ မပြောပါနဲ့တော့။ တစ်ခုပဲ မေးချင်တယ်... လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာရော သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို အင်တာနက် စာမျက်နှာတွေကတစ်ဆင့် အပုပ်ချ၊ ဝေဖန်၊ တိုက်ခိုက် လုပ်နေတဲ့လူတွေ မရှိဘူးလား။ ကျွန်တော့်အသက်ကို ထပ်ပြီးတော့တောင် လောင်းလိုက်ချင်သေးတယ်။ ကျွန်တော်ဆိုတဲ့ကောင်က ပေါက်ပေါက်ရှာရှာ အတော်တွေးချင်တယ်ဗျ။ အခုလည်းကြည့်၊ လွှတ်တော်စုံခုံကအဖွဲ့တွေက ခင်မောင်ညို(ဘောဂဗေဒ)၊ အလဲဗင်း၊ ဗွိုက်(စ်) စတဲ့ မီဒီယာကလူတွေအပြင် ဆက်သွယ်ရေးက လူတွေကိုလည်း ခေါ်မေးတယ်တဲ့။ အဲဒီလူတွေကများ ဒေါက်တာဆိတ်ဖွားဆိုတာ လွှတ်တော်ကိုယ်စားလှယ် ဘယ်သူပါဆိုပြီး အစစ်ခံလိုက်ကြရင်ဖြင့် ပွဲကလှပြီလို့ ဆိုချင်တာပါပဲ။ ဒါပေမယ့် ဒါက ကျွန်တော့်အတွေး သက်သက်ပါ။ ကျွန်တော့်သူငယ်ချင်းပြောတဲ့ ဟေ့ကောင် ဉာဏ်ကြီး... လွှတ်တော်က မွှတ်နေအောင်လည်တယ်ကွ၊ ဆိတ်ဖွားဆိုတာ ဘယ်သူလဲ သူတို့သိပြီးသားမို့ အခုလို ရှဥ့်အ၀ှာကို အနာလုပ်ပြီး ဟိုဖွဲ့ဒီစစ် လုပ်ကြတာတဲ့၊ တကယ်လို့သာ ဆိတ်ဖွားဆိုတာ ဘယ်သူဘယ်ဝါမှန်း မသိဘူးဆိုရင် လွှတ်တော်ကလူတွေက ဆိတ်ဖွားကို အရေးတောင်လုပ်မှာ မဟုတ်ဘူးတဲ့။ ကျွန်တော်ကတော့ ကျွန်တော့်သူငယ်ချင်းရဲ့ အယူအဆကို အပြည့်အ၀ ထောက်ခံပါတယ်ဗျာ။ သူတို့မှာလည်း လွှတ်တော်စာမျက်နှာ ရှိနေတာပဲ၊ ကလောင်ချင်း အပြိုင်တိုက်ကြပါ့လား၊ အခုတော့ ရှိတဲ့အာဏာကို အသုံးချပြီး လူတစ်ယောက်ကို နှိပ်ကွပ်တယ်လို့ပဲ မြင်မိကြောင်းပါဗျာ။

တစ်ချိန်တုန်းက နာမည်ကြီး ရုပ်ရှင်တစ်ခုကို လူလတ်ပိုင်းများနှင့်အထက် မှတ်မိကြလိမ့်မည် ထင်ပါသည်။ "ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား" ဆိုတဲ့ ဇာတ်ကားပါ။ အဲဒီဝတ္ထုကို ရေးတဲ့သူက မိုးမိုး (အင်းလျား) ပါ။ အရင်တုန်းက နေအောင်တို့၊ ခင်သီတာထွန်းတို့ သရုပ်ဆောင်ခဲ့တယ် ထင်တာပါပဲ။ အခုနောက်ပိုင်းတော့ မြင့်မြတ်နဲ့ မိုးဟေကိုထင်ပါရဲ့ သရုပ်ဆောင်ပြီး ပြန်ရိုက်ကြတယ်။ ကျွန်တော်ကိုဉာဏ်လည်း ပိုက်ဆံလေးများ အပိုရှိရင် ဇာတ်ကားတစ်ကားလောက် ရိုက်ချင်မိတယ်။ ဇာတ်ကားနာမည်ကတော့ "လွှတ်တော်ကြီးက ဆိတ်ဖွားကို ကြောက်သတဲ့လား" လို့ ပေးမယ်ဗျာ။ ဒေါက်တာဆိတ်ဖွား ဇာတ်ကောင်အတွက်တော့ လျှောက်လွှာခေါ်မယ်။ ကြိုတွေးမိတာကတော့ မုတ်ဆိတ်ဖားဖား ရှိတဲ့လူတွေအားလုံးဟာ ဆိတ်ဖွားလုပ်ချင်လို့ လျှောက်လွှာတင်ကြမယ် ထင်တာပါပဲ။ ခက်တာက ဆိတ်ဖွားလုပ်ချင်တဲ့သူသာ အတော်များပြီး လွှတ်တော်အတွက် လူမရှိတာပါပဲ။ အဲဒီလိုပုံစံမျိုးနဲ့ ကျွန်တော်က ဘယ်လိုလုပ်ပြီး ပြည်သူ့အသံကို ထင်ဟပ်တဲ့ ဇာတ်ကားဆိုပြီး ပေါက်အောင်ရိုက်လို့ ရမလဲဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၂ ရက်၊ စနေနေ့။
ည ၁၁ နာရီ ၁၆ မိနစ်တွင်ပြီး၏။
ရီးရဲလ်မက်ဒရစ် ၂-၁ ဘာစီလိုနာပွဲနှင့်၊ မန်ချက်စတာယူနိုက်တက် ၄-၀ နောဝစ်(ခ်ျ)ပွဲတို့ကို ဟိုပြောင်းဒီပြောင်း ကြည့်ရှုရင်း ရေးခဲ့သည်။

Saturday, January 12, 2013

တူညီသောဆန္ဒ


နိုင်ငံတော်ဒူးမား (ပါလီမန်) ရွေးကောက်ပွဲ ကျင်းပသည့်နေ့။
အီဗန်နော့သည် သွားနေကျ နိဗ္ဗာန်တံခါး ဘီယာဘားရှေ့တွင် သူငယ်ချင်းဖြစ်သူ အင်ဒရေကို စောင့်သည်။
ကြာကြာမစောင့်ရ၊ ငါးမိနစ်အတွင်း အင်ဒရေ ရောက်လာသည်။ ရောက်လာသည်နှင့် နီကိုလိုင်က မေးသည်။
"ဟေ့ အင်ဒရေ၊ မင်း ဘယ်ပါတီကို မဲထည့်လိုက်သလဲကွ"
"ဘာဖြစ်လို့ သိချင်ရတာလဲ" စိုးရိမ်သံဖြင့် အင်ဒရေ ပြန်မေးသည်။
"ဟ.... တစ်ပါတီထဲကို မင်းရောငါပါ မဲထည့်ခဲ့တယ်ဆိုရင် တို့နှစ်ယောက် သူငယ်ချင်းအဖြစ်နဲ့ ဆက်ပြီး ပေါင်းနိုင်ကြတာပေါ့ကွ၊ အေး... မဲထည့်တာချင်း မတူဘူးဆိုရင်တော့ သူငယ်ချင်းဖြစ်ပေမယ့် သူသေကိုယ်သေ ထိုးကြိတ်ကြတဲ့ အဆင့်အထိတောင် ရောက်နိုင်တယ်ဆိုတာ မင်းကြားဖူးသားပဲ၊ ကိုင်း.. ပြော၊ ဘယ်ပါတီကို မဲပေးခဲ့သလဲ"
"မင်းကကော ဘယ်ပါတီကို မဲပေးခဲ့သလဲ"
"ဟေ့... မင်းကို ငါက အရင်မေးတာပါကွ"
"အဲဒါဘာဖြစ်လဲ၊ အရင်မေးတဲ့လူ အရင်ဖြေစတမ်း"
အနည်းငယ်စဉ်းစားပြီးနောက် နီကိုလိုင်ဖြေသည်။
"ငါတို့ဘက်က ရပ်တဲ့ပါတီကို မဲပေးလိုက်တယ်"
"ငါလည်း ငါတို့ဘက်က ရပ်တဲ့ပါတီကို မဲထည့်လိုက်တယ်။ ဒါနဲ့ မင်းတို့ဘက်က ရပ်တဲ့ပါတီဆိုတာဟာ ဘာပါတီလဲကွ"
"မင်းတို့ဘက်က ရပ်တဲ့ပါတီကရော... အခု မင်းဖြေရမယ့်အလှည့်"
"ဟဲဟဲ၊ မင်း အတော်ပါးတဲ့အကောင်။ ငါဖြေလိုက်ပါပြီတဲ့၊ ပါတီချင်း မတူဘူးဆိုပြီး မင်းငါ့ကို ထိုးမယ်ပေါ့လေ ဟုတ်လား၊ ဒီလိုတော့ မရဘူး၊ တကယ်တမ်းပြောရရင် လျှို့ဝှက်မဲပေးကြတာကွ၊ တို့နှစ်ယောက်စလုံး ထုတ်ပြောပိုင်ခွင့် မရှိဘူး"
နီကိုလိုင် စောဒကတက်သည်။
"အင်မတန်ချစ်ကြတဲ့ သူငယ်ချင်းတွေကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိသင့်ပါဘူးကွ၊ မင်းမဲပေးလိုက်တဲ့ပါတီဟာ ငါထောက်ခံတဲ့ ပါတီ ဖြစ်ချင်ဖြစ်နေမှာပေါ့ကွ၊ ပြောကွာ"
အင်ဒရေ့ဆီက ဘာသံမှထွက်မလာ၊ ဒီမေးခွန်းကိုတော့ ဘယ်နည်းနဲ့မျှ မဖြေဟု ဆုံးဖြတ်ထားသည့်ပုံ။ သို့နှင့် နီကိုလိုင် တစ်မျိုးလှည့်ပြီး ပြောသည်။
"ဒီလိုလုပ်၊ ဗြောင်ပြောရမှာ ခက်နေရင် အရိပ်အမြွက်နဲ့ ပြောကွာ၊ ကိုင်း... မင်းရဲ့လူတွေဟာ အခြေအနေ တည်ငြိမ်ရေးကို လိုလားသလား၊ ဆန့်ကျင်သလား"
"အရမ်းလိုလားတယ်"
"ဟုတ်ပြီ။ ငါ့လူတွေလည်း ထောက်ခံတဲ့ဘက်ကပဲ၊ လာဘ်စားမှု တိုက်ဖျက်ရေးကိစ္စကျတော့ရောကွာ၊ မင်းရဲ့ ပါတီက ဒီထက်ပိုပြီး အရှိန်မြှင့်တိုက်ပွဲဝင်ရေးကို နှိုးဆော်သလား"
"ပြတ်ပြတ်သားသား တိုက်ဖို့ ပြောတယ်"
"ဟေ့ ငါ့လူတွေလည်း အမြစ်ပြတ်အောင် ဖြတ်ချင်သကွ"
"ရပ်တည်ချက်ချင်း အင်မတန်နီးစပ်တာပဲ၊ ဒါနဲ့ မင်းရဲ့ ပုဂ္ဂိုလ်တွေ အလုပ်လက်မဲ့ဦးရေ ကျဆင်းရေးအတွက် ဆန္ဒ ပြင်းပြကြသလား"
"ဟာ... သိပ်ကျဆင်းစေချင်တာပေါ့"
"ရာခိုင်နှုန်း ဘယ်လောက်အထိကျအောင် လုပ်မတဲ့လဲ"
"၂ ရာခိုင်နှုန်း"
"ငါ့ပါတီကတော့ ၁ ဒသမ ၉၅ ရာခိုင်နှုန်း၊ ဘာပဲဖြစ်ဖြစ် ထပ်တူနီးပါးပါပဲ၊ နေဦး၊ ဒုစရိုက်ဂိုဏ်းတွေ ချေမှုန်းရေးနဲ့ပတ်သက်ပြီး မင်းလူတွေ ဘာပြောလဲ"
"ရှိသမျှအင်အားကို အသုံးပြုပြီး တိုက်ပွဲဝင်ဖို့ ဆော်သြတယ်။ မင်းလူတွေကရော"
"မနိုင်မချင်း တိုက်မယ်ကွ၊ ဒါနဲ့ ၀န်ထမ်းတွေ အခုရင်ဆိုင်နေရတဲ့ လခ မှန်မှန်မရတဲ့ ပြဿနာကို ဖြေရှင်းဖို့ မင်းလူတွေ အချိန်ဘယ်လောက် ယူမတဲ့လဲ"
"သုံးလ"
"ငါ့ပါတီကလည်း သုံးလထက် ပိုမကြာစေရပါဘူးတဲ့ကွ"
"ဟေ့၊ အဲဒါဆို မင်းနဲ့ငါ တစ်ပါတီထဲကို အတူတူ မဲထည့်လိုက်တဲ့ သဘောပေါ့"
"ငါ... ဒီအတိုင်း ဖြစ်လိမ့်မယ်လို့ ထင်ထားတာပါ။ တို့ နှစ်ယောက်ဟာ သူငယ်ချင်းတွေ မဟုတ်လားကွ၊ ကိုင်း... အခုပြောတော့ မင်း မဲပေးလိုက်တဲ့ ပါတီရဲ့နာမည်"
"ငါ ပြောပြီးသားပဲ၊ မင်း အရင်ပြော"
အင်ဒရေ စိတ်တိုချင်သလို ဖြစ်လာသည်။
"တော်တော်ခက်ပါလား၊ ဒီရွေးကောက်ပွဲကိစ္စကို မင်း ဘာဖြစ်လို့ ရေးကြီးခွင်ကျယ် လုပ်နေရတာလဲ၊ ကောင်းပြီ၊ မင်းဒီလောက်တောင် သိချင်နေရင် ငါပြောမယ်။ ငါ ဘယ်ပါတီကိုမှ မဲမထည့်ခဲ့ဘူး"
"မလိမ်နဲ့"
"ဘုရားစူးရစေရဲ့၊ မဲရုံကို ငါမရောက်ခဲ့ဘူး၊ ကိုင်း၊ မင်း စိတ်ချလက်ချ ပြောလို့ရပြီ၊ မင်းကို ငါ လက်ဖျားနဲ့တောင် မတို့ဘူး။ မင်း ဘယ်ပါတီကို မဲပေးခဲ့သလဲ။ ရဲရဲပြောစမ်းပါ"
"အင်း၊ ငါလည်း မင်းလိုပါပဲ၊ ဘယ်ပါတီကိုမှ မဲမပေးခဲ့ပါဘူးကွာ"
အင်ဒရေ၏မျက်နှာ ၀င်းလက်သွားသည်။
"ဟေ့... မဲထည့်တာချင်း မတူမှာကို မင်း စိုးရိမ်ခဲ့တယ်။ အခု တွေ့တယ်မဟုတ်လား၊ မင်းရောငါပါ တစ်ထပ်တည်း ဆန္ဒပြုခဲ့ကြတယ်။ အဲလေ.. ဘယ်သူမှ ဆန္ဒမပြုခဲ့ကြဘူး"
နီကိုလိုင်လည်း ၀မ်းသာသံဖြင့် ပြန်ပြောသည်။
"ဒီလိုပဲ ဖြစ်ရမှာပေါ့။ မင်းနဲ့ငါဟာ အချစ်ဆုံး သူငယ်ချင်းတွေမဟုတ်လား။ ကြည်နူးစရာကောင်းတဲ့ အခုလို သဘောထားချင်း တိုက်ဆိုင်မှုရဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ပွဲကလေးတစ်ပွဲ ကျင်းပရအောင်၊ ကိုင်း... လာ၊ ဘားထဲဝင်ကြမယ်"

[မောင်ကောင်းထိုက် (နှီးပဒေါ) ၏ အပြုံးလက်ဆောင် စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်]

Thursday, October 11, 2012

Gangnam Styles


တောင်ကိုရီးယားအဆိုတော် PSY ရဲ့ Gangnam Style အောင်မြင်မှုကတော့ တကယ့်ကို အံ့မခန်းပါပဲ။ အခု ဒီပို့စ်ကို ရေးနေတဲ့အချိန်အထိ Youtube မှာ အဲဒီသီချင်းကို ကြည့်ရှုတဲ့သူ အရေအတွက်က ၄၂၃ သန်းကျော်ရှိပြီး၊ Like လုပ်ထားသူအရေအတွက်က ၄ သန်းနီးပါး ရှိနေပါတယ်။ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ရူးသွပ်မှုကတော့ နားမလည်နိုင်အောင်ပါပဲဗျာ။ အမေရိကန်ကစပြီး အာဖရိကအဆုံး Gangnam မှ Gangnam ပဲ။ မြန်မာတွေလည်း Gangnam၊ ထိုင်းတွေလည်း Gangnam၊ အခုနောက်ဆုံး အမေရိကန်တွေကပါ သမ္မတလောင်းနှစ်ဦးကို Gangnam Style တွေနဲ့ အပြောင်အပြက်တွေ လုပ်လာကြပါပြီ။ အကြောင်းအရာ တစ်ခုခုကို ပြောလိုက်တာနဲ့ Gangnam လုပ်ပစ်မယ်လို့များ စိတ်ကူးထားကြသလား မသိပါဘူးဗျာ။ အမှန်အတိုင်း ပြောရရင် အဲဒီသီချင်းကို ဘာဖြစ်လို့ လူတွေအဲဒီလောက် ကြိုက်ရသလဲဆိုတာကို ကျွန်တော် နားမလည်ဘူးဗျ။ သူဆိုထားတာကလည်း ကိုရီးယားလိုဆိုတော့ သီချင်းအဓိပ္ပါယ်ကြောင့်လည်း မဖြစ်နိုင်ဘူး။ မီဒီယာတွေမှာ ဖော်ပြကြသလို သူ့ရဲ့ အကပုံစံကြောင့်လား။ မြင်းစီးတဲ့ဟန်နဲ့ ကတဲ့အကကို တစ်ကမ္ဘာလုံးကလူတွေက အဲဒီလောက်တောင် ကြိုက်ကြသတဲ့လား။ ကျွန်တော်ဖြင့် အံ့သြလို့ကို မဆုံးဘူး။ ကြည့်ရှုတဲ့ သန်း ၄၀၀ ကျော်မှာ သူများကြိုက်လို့ လိုက်ကြိုက်တဲ့လူတို့၊ သူများကြည့်လို့ လိုက်ကြည့်တဲ့လူတို့က ဘယ်လောက်ပါဦးမယ် မသိနိုင်ဘူး။ အချို့နိုင်ငံတွေများဆိုရင် ကျောင်းတွေမှာ Gangnam မကရဆိုပြီး အမိန့်တွေဘာတွေတောင် ထုတ်ထားရသတဲ့။ အံ့ရော.. အံ့ရော...။ တော်သေးတာပေါ့ ကျွန်တော်တို့ဘော့စ်ကလည်း ငါလည်းခေတ်မီအောင် အလုပ်ထဲမှာ Gangnam မကရဘူးဆိုပြီး အမိန့်ထုတ်မယ်ဆိုရင် ခက်ရချေရဲ့။ တစ်ကမ္ဘာလုံးကသာ Gangnam ကို အုတ်အော်သောင်းနင်းနဲ့ သည်းသည်းလှုပ်ဖြစ်နေကြတာ။ ကျုပ်တို့မြန်မာတွေကဖြင့် သူများယောင်တိုင်း လိုက်မယောင်ပေါင်။ လမ်းမှာတွေ့တဲ့ လူတစ်ယောက်ကို Gangnam ကမလားလို့ သွားမေးကြည့်ပါလား။ ဘာတွေလာပြောနေတာတုန်းလို့ ပြန်ပြောလိမ့်မယ်။ ကဲ... မမိုက်ဘူးလား။ သန်း ၄၀၀ ကျော်သော ကြည့်ရှုသူတွေထဲမှာ ကျွန်တော်တို့မြန်မာတွေ ဘယ်လောက်များ ပါသလဲဆိုတာ ကျွန်တော် တကယ်ပဲ သိချင်တယ်ဗျာ။ Ko Nyan Gangnam Style ဆိုတဲ့ ဗီဒီယိုဖိုင် Youtube ပေါ်မှာ တင်လာခဲ့ရင်လည်း အားပေးကြပါဦးနော်။ ကျွန်တော်ကတော့ မြင်းမစီးချင်ဘူးဗျ။ စီးမယ့်စီးတော့ မြန်မာဆန်ဆန် ဘတ်(စ)ကား တိုးစီးတဲ့အကပဲ ကတော့မှာပေါ့။ မဟုတ်ဘူးလား။ မြန်မာတွေ ဘတ်(စ)ကားတိုးစီးတဲ့အကကို သီချင်းကောင်းကောင်းလေးနဲ့ ရိုက်ပြနိုင်ရင်တော့ PSY ကြီး ထိုင်ငိုသွားရမယ်။ စွမ်းနိုင်သူတွေ လုပ်ကြပါဦးလို့ အချွန်နဲ့ မလိုက်ပါတယ်ဗျာ။ ပျော်ရွှင်ကြပါစေ။

အမြဲတမ်း ခေါင်းခြောက်စရာကောင်းတဲ့ဟာတွေ၊ ဦးနှောက်ကို အလုပ်ပေးတဲ့ဟာတွေပဲ တောင်ရေးမြောက်ရေး ရေးနေခဲ့တာဆိုတော့ အခုတလော ပေါ့ပေါ့ပါးပါးလေးတွေ ရေးချင်နေမိတယ်။ အဲဒါကြောင့် စိတ်လက်ပေါ့ပါးစွာနဲ့ ပို့စ်လေးတွေ ရေးဖြစ်နေတဲ့အတွက် နိုင်ငံရေးစာတွေ ဖတ်ချင်သူတွေကို သည်းခံပေးကြပါဦးလို့ တောင်းပန်ပါရစေ။ လေးကြိုးလေးတော့ လျှော့ပါရစေခင်ဗျာ။

အောက်မှာတော့ Gangnam တွေကို အ၀သာ ခံစားကြည့်ရှုကြပါခင်ဗျား။

(၁)
ဒါကတော့ မူရင်း PSY ရဲ့ Gangnam Style ပါ။

(၂)
ဒါကတော့ လက်ရှိသမ္မတ အိုဘားမားကို ဟာသလုပ်ထားတဲ့ အပြောင်အပြက် Obama Style ပါ။

(၃)
ဒါကတော့ အိုဘားမားရဲ့ ပြိုင်ဘက်သမ္မတလောင်း မစ်ရွန်းနေကို လှောင်ပြောင်ထားတဲ့ Mitt Romney Style ပါ။
  
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၄၅ မိနစ်တွင်ပြီး၏။ 

Friday, February 18, 2011

ရယ်စရာဟာသလေးတွေပါ


ရေထဲမှာပဲပေါက်
ပီတာလေး မျက်ရည်စမ်းစမ်းနှင့် ပြန်လာရာ ဦးလေးလုပ်သူက မေးသည်။
"ပီတာ၊ မင်း ဘာဖြစ်လာတာလဲကွ ဟေ"
"ကျွန်တော့်ကို ရေကူးကန်ထဲက မောင်းထုတ်လိုက်လို့"
"ဘာအတွက်လဲ"
"ကျွန်တော် ရှူးရှူးပေါက်မိလို့"
"ဒါကိုများ သူတို့ ရေးကြီးခွင်ကျယ် လုပ်သတဲ့လား၊ ရေထဲမှာ ဒီလိုပဲ ပေါက်နေကြတာပဲ၊ ရေကူးကန်ဆိုတာ ဒါအတွက် ထားတာပဲ"
"ဒါပေမယ့် ကျွန်တော်က ဒိုင်ဗင်ထိုးတဲ့ စင်ပေါ်က ရှူးရှူးပေါက်လိုက်မိတာခင်ဗျ"

ထိတော့ထိတယ်
ဖြတ်ပြေးသွားသော သားကောင်ကို မုဆိုးကြီး ဦးဖြိုး နှစ်လုံးပြူးဖြင့် ပစ်ချလိုက်သည်။ ထို့နောက် မိမိ၏ တပည့်ကို ပြောသည်။
"ဟေ့ကောင်၊ သွားကြည့်စမ်း၊ ငါ ပစ်ချလိုက်တဲ့အကောင် ဘာကောင်လဲဆိုတာ"
မကြာမီ တပည့်ဖြစ်သူ ပြန်ရောက်လာပြီး ပြောသည်။
"သူ့ရဲ့ မှတ်ပုံတင်အရ သူ့နာမည် မောင်မြလို့ ခေါ်တယ်"

နိုင်ငံခြားဘာသာ
မိတ်ဆွေများဖြစ်ကြသော ခွေးနှစ်ကောင် လမ်းမှာ ဆုံကြရာ အပြန်အလှန် နှုတ်ဆက်ကြသည်။
"၀ုတ်၊ ၀ုတ်၊ ၀ုတ်"
"အောက်အီအီးအွတ်"
"မင်းနှုတ်ဆက်တာ တစ်မျိုးကြီးပါလား"
"မင်း တော်တော်အတဲ့ အကောင်ပဲ၊ ငါ နိုင်ငံခြားဘာသာ သင်နေတာလေ"

* * * * * *
မောင်ကောင်းထိုက် (နှီးပဒေါ) ရဲ့ ဟာသပဒေသာထဲက ကောက်နုတ်ထားတာပါ။

Tuesday, October 26, 2010

ရယ်ရွှင်စရာဟာသပဒေသာ


အားကြီးချစ်တယ် – မောင်ကောင်းထိုက် (နှီးပဒေါ)
သမီးရည်းစားနှစ်ယောက် ချိန်းတွေ့ရင်း စကားပြောနေကြသည်။
“မောင်၊ မကို ချစ်ရဲ့လား”
“သိပ်ချစ်တာပေါ့”
“အာဒမ်က ဧ၀ကို ချစ်သလိုပဲလား”
“အဲဒီထက် ပိုတာပေါ့”
“ဟုတ်ရဲ့လား မောင်ရဲ့”
“သိပ်ဟုတ်တာပေါ့၊ အာဒမ်မှာ ရွေးစရာ မရှိခဲ့ဘူးလေ”

ငှက်တွေလို ပျံတတ်လို့လား - ဟာသဂျပိုး
သင်္ဘော ကပ္ပတိန်တစ်ယောက်သည် ၎င်းင်းတို့၏အသိုင်းအ၀ိုင်း၌ ရေးမကူးတတ်သူအဖြစ် လူသိများသူဖြစ်၏။
တစ်ရက်တွင် သတင်းထောက်တစ်ယောက်က ထိုသင်္ဘောကပ္ပတိန်ကို မေးလိုက်သည်။
ရေမကူးတတ်တဲ့ သင်္ဘောကပ္ပတိန်ဆိုတာ ခင်ဗျားလား”
ထိုကပ္ပတိန်က ပြန်ဖြေလိုက်၏။
ဟုတ်ပါတယ်၊ ကျုပ်ရေမကူးတတ်ပါဘူး။ ဒါပေမယ့်ဗျာ ငှက်တွေလို ပျံတတ်တဲ့ လေယာဉ်ပျံ ပိုင်းလော့ကိုရော ခင်ဗျားတို့ တွေ့ဖူးလို့လားဗျ”

အဓိပ္ပါယ်ရှိရှိပြောတတ်သူ – မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)
ငါ့မိန်းမကကွာ၊ ငါနဲ့စကားများရန်ဖြစ်တိုင်း သူ့အမေအိမ်ပြန်မယ်ချည်းပဲ ပြောတယ်ကွ၊ အဲဒါ ငါ့ကို ခြိမ်းခြောက်တာလား၊ အကျပ်ကိုင်တာလား”
သူ့အမေအိမ် ပြန်သွားမယ်လို့ပြောရင် အဲဒါမင်းကို အကျပ်ကိုင်တာ၊ ဒါပေမယ့် သူ့အမေကို ခေါ်လာမယ်လို့ပြောရင်တော့ ဒါဟာ မင်းကို အကြီးအကျယ် ခြိမ်းခြောက်တာပဲ”

သင်ချင်တဲ့အပိုင်း - ကံချွန်
ပြင်သစ်စာသင်ရတာ ခက်သလား ဖေဖေ”
ပထမပိုင်းသာ ခက်တာပါ၊ နောက်ပိုင်းကျတော့ လွယ်သွားတာပါပဲ”
အဲဒါဆို နောက်ပိုင်းတစ်ဝက်ပဲ သင်ချင်တယ် ဖေဖေ”

သူ့မှတ်တမ်း - ခင်မောင်တိုး (မိုးမိတ်)
အမျိုးသားတစ်ဦး နေ့စဉ်မှတ်တမ်းရေးနေ၏။
ကျွန်တော်သည် စံပြယောက်ျားတစ်ဦး ဖြစ်၏။ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ညကလပ်များသို့လည်း မသွား၊ ကျွန်တော့် မိန်းမအပေါ်တွင်လည်း သစ္စာရှိသူဖြစ်သည်။ သူများသားသမီးအပေါ် စိတ်ဖြင့်ပင် မပြစ်မှားပါ။ ည ၈ နာရီဆိုလျှင် ပုံမှန် အိပ်ရာ ၀င်၍ မနက်စောစောထပါသည်။ အချိန်မှန် လေ့ကျင့်ခန်းလုပ်၍ အချိန်မှန်လည်း အလုပ်လုပ်ပါသည်။”
အင်း၊ ဒီအပြုအမူတွေအားလုံး ကျွန်တော်ထောင်က လွတ်တာနဲ့ ချက်ချင်းပြောင်းသွားတော့မှာ အမှန်ပါပဲ” ဟုလည်း မှတ်တမ်း ရေးအပြီးတွင် ညည်းညည်းညူညူ ရေရွတ်လိုက်ပါသေး၏။

* * * * * *
ဖတ်မိတဲ့ စာအုပ်အမျိုးမျိုးထဲက သဘောကျတာလေးတွေကို ရွေးထုတ်ဝေမျှလိုက်တာပါ။ ရယ်မောပျော်ရွှင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ ပျော်ရွှင်ကြည်နူးဖွယ်ရာ နေ့သစ်တစ်ခု ဖြစ်ကြပါစေဗျာ။

Wednesday, October 20, 2010

အမောပြေ ဟာသလေးတွေ ဖတ်ကြပါဦး


မင်းပဲမေးကြည့်
တပည့် - "ဆရာ… ကျန်စစ်သားမင်းက နတ်ပြည်မှာ နတ်သားများ ဖြစ်နေမလားပဲ"
ဆရာ - "အဲဒါတော့ ငါ နတ်ပြည်ရောက်မှပဲ မေးကြည့်ခဲ့ပါမယ်ကွာ"
တပည့် - "တကယ်လို့ ငရဲခံနေရရင်ကော ဆရာ"
ဆရာ - "ဒါဆို မင်းပဲ မေးကြည့်ခဲ့ပေါ့ကွာ"

ကြက်မ သွားပြော
"ဟေ့..သူငယ်၊ မင်းတို့ဆိုင်က ရောင်းတဲ့ ကြက်ဥက သေးလှချည်လားကွ၊ မင်းတို့နှယ် ကြီးကြီးလေး ရောင်းပေးမှပေါ့"
"အဲဒါ ကျွန်တော်တို့ ဥတာမှ မဟုတ်ဘဲ အကြီးရဲ့၊ ကြက်မက ဥတာ၊ ကြက်မ သွားပြောပါ"

ငါလည်းသူလို သူလည်းငါလို
"လူပျိုကြီး ဘယ်လိုလဲ၊ ဒီတစ်သက် အိမ်ထောင်မပြုတော့ဘူးလား"
"စံပြဖြစ်လောက်တဲ့ မိန်းမမျိုးရမှပဲ အိမ်ထောင်ပြုတော့မယ်လို့ စိတ်ကူးထားတယ်ကွာ"
"ဒါဆို စံပြဖြစ်လောက်တဲ့မိန်းမ မတွေ့သေးဘူးပေါ့"
"တွေ့တော့ တွေ့ပါရဲ့"
"ဒါဖြင့်…."
"သူကလည်း စံပြဖြစ်လောက်တဲ့ ယောက်ျားမျိုး ရမှတဲ့ကွ"


 
Web Statistics