Monday, August 31, 2009

Announcement of Kokang Region Provisional Leading Committee


Kokang Region Provisional Leading Committee of Shan State (North) Special Region (1) issued an announcement dated 30 August 2009. The translation of the announcement is as follows:-

Shan State (North) Special Region (1)
Kokang Region Provisional Leading Committee
Announcement
Date: 30-8-2009
1. Myanmar Police Force exposed and seized an arms and ammunition factory illegally run for production and sales in Kokang region of Shan State (North) Special Region (1) on 8 August 2009. In connection with the case, MPF filed a lawsuit against responsible persons U Phon Kya Shin, U Phon Kya Phu, U Phon Tar Shwin and U Phon Tarli and summoned them to settle the issue. However, there was disagreement among the leaders of Special Region (1).

2. Moreover, the four responsible persons, unwilling to meet officials to settle the issue, have left Kokang region.

3. The incidents broke out in Kokang region are concerned only with the above four persons. Those who are not concerned with them may join Kokang Region Provisional Leading Committee.

4. U Phon Kya Shin, U Phon Kya Phu, U Phon Tar Shwin and U Phon Tarli also have the opportunity to address the issue in accord with the law in their own individual interests and in the interests of their region or people. They are therefore urged to seize the opportunity.

Shan State (North) Special Region (1)
Kokang Region Provisional Leading Committee

Source: The New Light of Myanmar (30-8-2009)

Announcement No (1/2009) of Government of the Union of Myanmar


The Government of the Union of Myanmar today issued Announcement No (1/2009) dated 30 August 2009. The translation of the announcement is as follows:-

Government of the Union of Myanmar
Announcement No (1/2009)
11th Waxing of Tawthalin 1371 ME
(30 August 2009)
1. Shan State (North) Special Region (1) Kokang Group returned to the legal fold on 21 March 1989. Since then, it has been working together with the government for restoration of peace and stability and regional development. As a result, Kokang Region has developed far more than that in the past and the people are much pleased with it. The government recognizes the group's cooperation with it.

2. However, four leaders of Special Region (1) U Phon Kya Shin, U Phon Kya Phu, U Phon Tar Shwin and U Phon Tarli violated the laws promulgated by the government. They have been summoned since 8 August 2009 for coordination to figure out the issue in accordance with the law. Nevertheless, they fled Kokang Region instead of addressing the issue.

3. In addition, there was no progress in addressing the issue through coordination in which Kokang troops loyal to U Phon Kya Shin on 27 August 2009 captured and took the members of the Myanmar Police Force who were discharging duties at Yanlonkeng in Myanmar-China border gate. Accordingly, arrangements were made to save the captured policemen. In that regard, Kokang troops opened fire at the security forces of the State. So, the security forces had to launch counter attacks for their security and that of the captured members. The skirmishes ceased on 29 August 2009.

4. Now, peace has been restored, and tasks for restoration of regional peace, stability and development have returned to normal. The provisional leading committee formed by Special Region (1) Kokang Group is cooperating and undertaking the tasks under the leadership of the government.

5. The law violation in Kokang Region does not concern any other person except the four persons. The government understands well that the artless troops who had to open fire did not violate the law because they had to just follow the orders. The government hereby announces that those artless Kokang troops who followed the orders are allowed to enter the legal fold in safety, and they are therefore to contact Kokang Region provisional leading committee in Laukkai to return to the legal fold.

By order,
(Sd) Thant Shin
Colonel
Secretary
Government of the Union of Myanmar

Source: The New Light of Myanmar (30-8-2009)

ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီ၏ ကြေညာချက်


ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁) ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီ၏ ကြေညာချက်ကို ၂၀၀၉ ခုနှစ်၊ သြဂုတ် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁)
ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီ
ကြေညာချက်
ရက်စွဲ။ ၃၀-၈-၂၀၀၉
၁။ ၂၀၀၉ ခုနှစ် သြဂုတ်လ (၈)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁) ကိုးကန့်နယ်မြေ၌ တရားမ၀င် လက်နက်/ခဲယမ်း ထုတ်လုပ်ရောင်းချသော စက်ရုံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်သိမ်းပိုက်ရရှိခဲ့ပါသည်။ ဤကိစ္စအပေါ် တာဝန်ရှိသူများဖြစ်ကြသည့် ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင်၊ ဦးဖုန်တာလီတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားဥပဒေအရ တရားစွဲဆို၍ ကိုယ်တိုင်လာရောက်ဖြေရှင်းကြရန် ဆင့်ခေါ်ခဲ့ရာ အထူးဒေသ(၁) ခေါင်းဆောင်များအတွင်းတွင် အမြင်မတူဘဲ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

၂။ ထို့ပြင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဖြေရှင်းရေးကို ဆောင်ရွက်လိုခြင်းမရှိသော တာဝန်ရှိသူများဖြစ်ကြသည့် ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင်၊ ဦးဖုန်တာလီတို့သည် အထူးဒေသ(၁) ကိုးကန့်ဒေသမှ ရှောင်တိမ်းထွက်ခွာသွားခဲ့ပါသည်။

၃။ ကိုးကန့်ဒေသအတွင်း ဖြစ်ပေါ်လျက်ရှိသော ကိစ္စရပ်များမှာ အထက်ပါ(၄)ဦးတို့နှင့်သာ ပတ်သက်ပြီး ၎င်းတို့နှင့် မပတ်သက်သူများအနေဖြင့် ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီသို့ လာရောက်ပူးပေါင်းနိုင်ပါသည်။

၎။ ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင်၊ ဦးဖုန်တာလီတို့အနေဖြင့်လည်း မိမိတို့တစ်ဦးချင်း ပုဂ္ဂလိက အကျိုးအတွက်လည်းကောင်း၊ ဒေသအကျိုး/ပြည်သူလူထု အကျိုးအတွက်လည်းကောင်း ဖြစ်ပျက်ခဲ့သော ကိစ္စအရပ်ရပ်နှင့် ပတ်သက်၍ တရားဥပဒေအရ ရင်ဆိုင်းဖြေရှင်းခွင့်ရှိရာ ထိုအခွင့်အရေးကို ရယူဆောင်ရွက်သွားရန် တိုက်တွန်းအပ်ပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁)
ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီ

Source: ၃၀-၈-၂၀၀၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ။

ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ ကြေညာချက်အမှတ် (၁/၂၀၀၉)


ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ ကြေညာချက်အမှတ် (၁/၂၀၀၉) ကို ၂၀၀၉ ခုနှစ်၊ သြဂုတ် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့
ကြေညာချက်အမှတ် (၁/၂၀၀၉)
၁၃၇၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်
(၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်)


၁။ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁) ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့မှစ၍ ဥပဒေဘောင်အတွင်း ၀င်ရောက်ခဲ့ပါသည်။ အဆိုပါနေ့ရက်မှ ယခုအချိန်ထိ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းလျက် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ခဲ့ခြင်းကြောင့် ကိုးကန့်ဒေသသည် ယခင်ကာလများနှင့်မတူဘဲ အထူးဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ပြည်သူလူထုအနေဖြင့် လွန်စွာစိတ်ချမ်းမြေ့ခဲ့ကြပါသည်။ ထိုကဲ့သို့ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် နိုင်ငံတော်အစိုးရအနေဖြင့်လည်း အသိအမှတ်ပြုပါသည်။

၂။ သို့ရာတွင် အထူးဒေသ(၁) အဖွဲ့ခေါင်းဆောင်များဖြစ်သော ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင် နှင့် ဦးဖုန်တာလီတို့ (၄)ဦးသည် နိုင်ငံတော်မှထုတ်ပြန်ထားသော ဥပဒေများကို ချိုးဖောက်ခဲ့သည့်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဥပဒေနှင့်အညီ ဖြေရှင်းရန် ၈-၈-၂၀၀၉ ရက်နေ့မှစ၍ ညှိနှိုင်းခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှိဘဲ ကိုးကန့်ဒေသမှ ရှောင်တိမ်းထွက်ခွာသွားခဲ့ကြပါသည်။

၃။ ထို့ပြင် မြန်မာ-တရုတ်နယ်စပ် ရန်လုံကျိုင်း နှစ်နိုင်ငံနယ်ခြားဂိတ်တွင် တာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ဦးဖုန်ကြားရှင်ကို သစ္စာခံသည့် ကိုးကန့်တပ်ဖွဲ့ဝင်များက ၂၇-၈-၂၀၀၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းအပေါ် ညှိနှိုင်းဖြေရှင်းသော်လည်း ပြေလည်မှုမရှိခြင်းကြောင့် အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရန် စီစဉ်ဆောင်ရွက်ခဲ့ရပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကိုးကန့်တပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်သဖြင့် မိမိတပ်ဖွဲ့ဝင်များ၏ လုံခြုံရေး၊ ဖမ်းဆီးခံထားရသော ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးတို့အတွက် ပြန်လည်ပစ်ခတ် ရှင်းလင်းခဲ့ရပါသည်။ ထိုပစ်ခတ်မှုများသည် ၂၉-၈-၂၀၀၉ ရက်နေ့တွင် အဆုံးသတ်ခဲ့ပါသည်။

၎။ ယခုအခါ နယ်မြေအေးချမ်းနေပြီဖြစ်၍ နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပုံမှန်အတိုင်း ဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင် အထူးဒေသ(၁) ကိုးကန့်အဖွဲ့မှ အသစ်ဖွဲ့စည်းလိုက်သော ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီကလည်း ပါဝင်ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

၅။ ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော ဥပဒေဖောက်ဖျက်ကျူးလွန်မှုများမှာ အထက်ပါ ပုဂ္ဂိုလ်(၄)ဦးနှင့်သာ သက်ဆိုင်ပြီး ကျန်လူများနှင့် မသက်ဆိုင်ပါ။ ထို့ပြင် ပစ်ခတ်မှုများတွင် ဥပဒေဖောက်ဖျက်ကျူးလွန်သူ မဟုတ်ဘဲ တစ်ဖက်သတ်အမိန့်အရ လိုက်ပါဆောင်ရွက်ရသော တပ်ဖွဲ့ဝင်များအနေဖြင့် မသိ/နားမလည်ဘဲ လိုက်ပါဆောင်ရွက်ခဲ့ရကြောင်း သိရှိနားလည်သဘောပေါက်ပါသည်။ ထို့ကြောင့် မသိ/နားမလည်ဘဲ ဆောင်ရွက်ခဲ့ကြသူ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအားဥပဒေဘောင်အတွင်း လုံခြုံစိတ်ချစွာ ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုမည်ဖြစ်၍ ကိုးကန့်တပ်ဖွဲ့ဝင်များအနေဖြင့် လောက်ကိုင်မြို့ရှိ ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီသို့ ဆက်သွယ်ဝင်ရောက်ကြရန် ကြေညာလိုက်သည်။
အမိန့်အရ
(ပုံ) သန့်ရှင်း
ဗိုလ်မှူးကြီး
အတွင်းရေးမှူး
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့
Source: ၃၀-၈-၂၀၀၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ။

အသွင်ကူးပြောင်းရေးအတွက် ကုန်းပတ်ရှင်းရခြင်း - မောင်စူးစမ်း


အင်စတီကျူးရှင်းသုံးရပ်
အိုင်ဒီအိုလိုဂျီ (သဘောတရား)နှင့် သမိုင်းသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲအကြို ကာလအတွက်ဖြစ်စေ၊ ရွေးကောက်ပွဲလွန် လွှတ်တော်များ ပေါ်ပေါက်သည့်ကာလအတွက်ဖြစ်စေ အညွှန်းလမ်းညွှန်အဖြစ် ဆီလျော်အပ်စပ်ခြင်း မရှိကြောင်း စာရေးသူက တင်ပြထားသည်။ အိုင်ဒီအိုလိုဂျီနှင့် သမိုင်းမည်သော တိုင်နှစ်တိုင်ကို ဖြုတ်၍ စဉ်းစားလျှင် ဘာကျန်မည်နည်းဟု မေးစရာရှိသည်။ ခြေခြေမြစ်မြစ်ရှိသော အရေး Substantive Issues တို့ ကျန်မည်ဟု ဖြေရမည်။ မဟာဗျူဟာမြောက် စိန်ခေါ်မှုတို့ဟူ၍လည်း ပြောနိုင်သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးလျှင် အင်စတီကျူးရှင်း (အဆောက်အဦအဖွဲ့အစည်း) သုံးရပ် ပေါ်ပေါက်လာမည်။ (၁) တပ်မတော်၊ (၂) လွှတ်တော် တို့နှင့် (၃) နိုင်ငံရေးပါတီတို့ ဖြစ်ကြမည်။ ဤအင်စတီကျူးရှင်းသုံးပါးကြား ဆက်ဆံရေး ပြေပြစ်တည်ငြိမ်ရေး၊ ချိန်ခွင်လျှာမျှရေးသည် မဟာဗျူဟာမြောက် စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်မည်။ ဤဆက်ဆံရေး၏ အနှစ်သည် အရပ်သားစစ်ဘက်ဆက်ဆံရေးတွင် ချိန်ခွင်လျှာမျှရေး ဖြစ်သည်။ ပါဝင်ကြမည့် ပလေရာတို့သည် ဤရှုခင်းမြင်ကွင်းကို ကြိုတင်မြင်ထားရန် လိုသည်။

စပေ့စ်
ထူထောင်မည့် ဒီမိုကရေစီသည် ကြိုးကိုင်ဒီမိုကရေစီဖြစ်သည်။ လစ်ဘရယ်ဒီမိုကရေစီမဟုတ်။ ထို့ကြောင့် ကြိုးကိုင်ဒီမိုကရေစီ၌ လစ်ဘရယ်ဒီမိုကရေစီအတွက် အကျယ်အ၀န်းနေရာ Space ဘယ်လောက် ရှိမလဲဟု တိုင်းထွာကြည့်ရန်လိုသည်။ လစ်ဘရယ်ဒီမိုကရေစီဆိုသည်မှာ နိုင်ငံတော်ကို ဗဟိုပြုခြင်းမဟုတ်။ လူတစ်ဦးစီကို ဗဟိုပြုသည်။ နိုင်ငံတော် State နှင့် လူတစ်ဦး Individual ယှဉ်တွဲလျှင် လူတစ်ဦး၏ ပါဝါနှင့် အခွင့်အရေးကို ပိုပြီးဦးစားပေးသည်။ ကြိုးကိုင်ဒီမိုကရေစီသည် နိုင်ငံတော်၏ပါဝါကို ပိုပြီးအလေးထားရင်း လူတစ်ဦးစီ၏ ပါဝါနှင့် အခွင့်အရေးတို့ကို လေးစားသည်။ ဆိုလိုသည်မှာ ကြိုးကိုင်ဒီမိုကရေစီ၌ လစ်ဘရယ်ဒီမိုကရေစီအတွက် နေရာ (စပေ့စ်) ရှိသည်ဟု ပြောလိုခြင်းဖြစ်သည်။ ကြိုးကိုယ်ဒီမိုကရေစီနှင့် လစ်ဘရယ်ဒီမိုကရေစီတို့မှာ ရန်ဘက်တွေ မဟုတ်ကြပေ။ မိတ်ဆွေတို့ဖြစ်ကြသည်။ လစ်ဘရယ်ဒီမိုကရေစီသမားတို့ ပါဝင်လှုပ်ရှားနိုင်သည်။

ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးတွင် Clearing the Deck ဟုခေါ်သော ကုန်းပတ်ရှင်းရသောအလုပ်ရှိသည်။ ကုန်းပတ်ရှင်းသည်ဆိုသည်မှာ သင်္ဘောရွက်တိုက်မလွှင့်မီ ကုန်းပတ်ရှင်းရခြင်းဖြစ်သည်။ နိုင်ငံရေးစနစ်တစ်ရပ်သို့ အသွင်ကူးပြောင်းရာ၌လည်း ပေါ့ပေါ့ပါးပါး ချောင်ချောင်ချိချိရှိသော အခြေအနေတို့ကို ၀န်းကျင်အဖြစ် ဖန်တီးပေးထားရန်လိုသည်။

နိုင်ငံရေးလိုအပ်ချက်
နိုင်ငံရေးစနစ်အသွင်ကူးပြောင်းရေးအတွက်ဖြစ်စေ၊ လမ်းပြမြေပုံ ဆောင်ရွက်ပြီးစီးသည့် အထိမ်းအမှတ်ဖြစ်စေ သင်ပုန်းချေရသောအလုပ် Clean State ပြုရသည်။ အာဃာတမထား သင်ပုန်းချေခြင်းသည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ငြိမ်းချမ်းစေသည်။ ကြိုးကိုင် ဒီမိုကရေစီကို ထူထောင်သူတို့သည် သဘောထားကြီးမှုကိုပြ၍ မိမိမစ်ရှင်ကို အဆုံးသတ်ပြရန်လိုသည်။ နောက်ပေါ်မည့် နိုင်ငံရေးစနစ်က ပြီးခဲ့သောစနစ်ဟောင်းကို ရန်ညှိုးမထားရန် လိုသည်။ ဆိုလိုရင်းမှာ အာဏာလွှဲပြောင်းမှုကို ငြိမ်းချမ်းစွာဖြစ်ပေါ်စေရန် ဖြစ်သည်။ ရှုံးသူမရှိ။ အားလုံးနိုင်သူ (Win-Win) ဂိမ်းမျိုး ကစားဖို့ဖြစ်သည်။


ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မိ ကုန်းပတ်ရှင်းခြင်း၊ တစ်နည်းပြောလျှင် သင်ပုန်းချေခြင်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် နိုင်ငံရေးအရ လိုအပ်ချက်ဖြစ်သည်ဟု ယူဆမိသည်။ ခြုံပြီးပြန်ပြောရလျှင် (၁) ကြိုးကိုင်ဒီမိုကရေစီ၌ လစ်ဘရယ်ဒီမိုကရေစီအတွက် စပေ့စ် Space ရှိသည်။ (၂) သင်ပုန်းချေရေးသည် အသွင်ကူးပြောင်းရေးအတွက် နိုင်ငံရေးလိုအပ်ချက်ဖြစ်သည်။
----------------------------------
မောင်စူးစမ်း (၂၂-၈-၂၀၀၉)
----------------------------------
( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၃ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

သားသမီးကျင့်ဝတ်ငါးပါး


(၁)
မိဘတို့က မိမိအားငယ်စဉ်က ကျွေးမွေးစောင့်ရှောက်ရသကဲ့သို့ မိမိက မိဘတို့အား ပြန်လည်ကျွေးမွေး စောင့်ရှောက်ခြင်း။
(၂)
မိဘတို့ ပြုလုပ်ဆောင်ရွက်ဖွယ်ကိစ္စကို မိမိက ဆောင်ရွက်စီမံခြင်း။
(၃)
အမျိုးအနွယ်မတိမ်ကော မပျက်စီးအောင် စောင့်စည်းထိန်းသိမ်းခြင်း။
(၄)
မိဘတို့အမွေအနှစ်ကို ခံယူထိုက်အောင် ကောင်းစွာကျင့်ဆောင်ခြင်း။
(၅)
မိဘတို့ ကွယ်လွန်ပြီးသောအခါ မိဘတို့အတွက် ရည်မှန်း၍ လှူဒါန်းပေးကမ်းပြီးလျှင် အမျှဝေငှခြင်း။
ဆောင်ပုဒ်
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။
(သင်္ဂဇာဆရာတော်)

Let's Talk to Burma. China Sure Is.


By Thant Myint-U
Sunday, August 16, 2009

Twenty years of sanctioning and lecturing Burma's military regime have failed. The West needs to engage with Burma's leaders, increase humanitarian aid and reopen commercial relations with the country. If it doesn't, not only will positive change remain as elusive as ever, but the country will turn quickly and irreparably into an economic vassal of China.

In a sign of just how impervious the regime is to Western pressure, last week, opposition leader and Nobel laureate Aung San Suu Kyi was sentenced to her fourth spell of house arrest. Two thousand political prisoners remain locked up. And a transition to democracy appears nowhere in sight.

I was born in the United States in 1966 to Burmese parents. My grandfather, U Thant, was then serving as the United Nations' third secretary general. I witnessed repression in Burma firsthand when I was 8, during the violent unrest surrounding my grandfather's funeral.

In 1989, just after college, I spent a year in Thailand and along the Thai-Burmese border, working with dissidents and trying help the first wave of Burmese refugees. Thousands had been killed during a failed anti-government uprising. Suu Kyi had just been placed under house arrest. And the ruling junta, after losing relatively free elections, was refusing to hand over power. Later in Washington I argued with members of Congress and others that maximum sanctions were the best way to topple the dictatorship. It was an easy argument to make.

By the early 1990s nearly all Western aid to Burma had been terminated, and development assistance through the United Nations, the World Bank and the International Monetary Fund had been blocked. A decade later, embargos and boycotts had cut off nearly all economic ties with the United States and Europe. None of the senior Burmese government officials or their children (these are the only international sanctions targeting children) are allowed to travel to the West.

But as the regime not only survived but began to seek trade, investment and tourism, I started having doubts. My feeling was that the West should use the opening and find a back door to change while the front door remained firmly shut.

In 2006 I published a book, "The River of Lost Footsteps," in which I argued for a shift in the West's approach. Even when, in 2007, new protests were violently crushed, I still believed greater engagement was the right way. I felt that many policymakers and journalists were missing the bigger picture.

Few seemed aware, for example, that Burma was just emerging from decades of civil war. In the late 1980s and early 1990s, the government and more than a dozen different ethnic insurgent armies hammered out cease-fires, a breakthrough that went virtually unnoticed in the West. (Today, though the cease-fires remain, there is no permanent peace.) And few seemed concerned by the country's grinding poverty, the result of decades of economic bungling as well as embargos, boycotts and aid cutoffs.

In 1991, UNICEF's country director warned of a humanitarian emergency among Burma's children, arguing that more aid couldn't wait for the right government. Eighteen years later, Burma still receives less than a tenth of the per-capita aid handed out to Laos, Cambodia and Vietnam. Tens of thousands die needlessly from treatable diseases.

These challenges have been ignored in the hope that sanctions and tough talk would lead to political change. But that hasn't happened.

Part of the reason is that the people who fashioned the sanctions didn't consider how the rise of Asia's giants -- China and India -- would transform Burma. As American businesses pulled out in the mid-1990s, Chinese and other Asian companies poured in. Hundreds of billions of dollars worth of natural gas have been discovered offshore, and massive hydroelectric and mining projects are being signed. Within two years a 1,000-mile oil and gas pipeline will stretch across Burma, connecting China's inland provinces to the sea. The U.S. trade embargo led to the near-collapse of the garment industry in the late 1990s, throwing tens of thousands of people out of work, but for the regime this has meant little.

Burma today is in no danger of economic disintegration. Without Western engagement, however, Burma's 55 million people risk becoming a virtual colony of their 1.3 billion Chinese neighbors to the east. There is no nefarious Chinese takeover scheme, but the vacuum created by Western policy is being filled.

The old Burmese generals will soon retire, and a new generation will rise to the top. Gen. Than Shwe, Burma's powerful autocrat, is 77 and ailing. Any chance for change requires support from at least some military leaders. Yet we've done nothing to try to influence the worldview of Than Shwe's possible successors. The upcoming generation of officers will be the first never to have visited Europe or America.

Last winter the Obama administration announced a review of Burma policy. I hope it will reconsider the United States' long-standing reliance on sanctions. It's not just that they don't work, but that they've been hugely counterproductive, taking away the one big force -- American soft power -- that could have played a role in reshaping the landscape.

Asia has experienced many successful democratic transitions, and none came about because of the sanctions and lectures that Western powers and advocacy groups seem to think will work in Burma. Generals don't negotiate away their power in the face of threats. You have to change the ground beneath them.

Engagement is not just about talking -- it's about dealing with the powers that be enough to get a foot in the door and create new facts on the ground, especially through economic contacts with the Burmese people. Nor is it based on the notion that economic development will automatically produce democracy, but that we must tackle simultaneously Burma's political and economic ills.
Many in America and worldwide are again outraged by goings-on in Burma. But without new thinking, 20 more years will pass and the dream of a prosperous, democratic Burma will be more distant still.

thant@post.harvard.edu

Thant Myint-U is the author of "The River of Lost Footsteps: A Personal History of Burma."

အစကတော့ The Voice Weekly မှာပါတဲ့ ဆရာမင်းညိုစံရဲ့ ဘာသာပြန်ဆောင်းပါးကို တင်ပေးဖို့ပါ။ ဒါပေမယ့် ဒီပို့စ်ကို အရင်တင်ပေးလိုက်ပါတယ်။ တစ်ခုခုတွေးစရာတွေ ပိုရလာမယ်ထင်လို့ပါ။ ဒေါက်တာ သန့်မြင့်ဦးရဲ့ ဆောင်းပါးကို အကုန်လုံးဘာသာမပြန်သော်လည်း မူရင်းဆိုလိုချက်မပျက်အောင် ဘာသာပြန်ပေးတဲ့ မြန်မာဂျာနယ်တွေရဲ့ ကျွမ်းကျင်မှုကိုလည်း လေးစားရပါတယ်။ မိမိတို့ရေးသားလို့ရတဲ့ ဘောင်ထဲကနေ ပေးချင်တဲ့ message ကို ရအောင်ပေးနိုင်တာကို သဘောကျမိပါတယ်။ နက်ဖြန်ကျမှပဲ ဘာသာပြန်ဆောင်းပါးကို တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုတော့ မူရင်းဆောင်းပါးကို ဖတ်ကြည့်စေလိုပါတယ်။ ၀ါရှင်တန်ပို့စ်ကနေ ကူးယူထားတာပါ။
မူရင်းပို့စ်ကို ဒီနေရာကနေ ယူပါတယ်။ (Source)

တစ်ယောက်တည်း ဂေါက်သီးကစားခြင်း - ကျော်စွာ


ဂေါက်သီးကစားခြင်းသည် ထူးဆန်းသောအားကစားတစ်မျိုးဖြစ်ပါသည်။ အားကစားအတော်များများမှာ နှစ်ဦးနှစ်ဖက် ရှိမှသာ ကစားနိုင်သော ကစားနည်းဖြစ်သော်လည်း ဂေါက်သီးကစားနည်းမှာမူ တစ်ယောက်တည်းရှိလည်း ကစား၍ရသော ကစားနည်းဖြစ်သည်။

ဂေါက်သီးကစားနည်းမှာ အလွန်ရိုးစင်းပါသည်။ တီခုံပေါ်မှ ဘောလုံးကို ရိုက်ထုတ်သွားပြီး Green ဟု သတ်မှတ်ထားသော ကျင်းထဲသို့ ဘောလုံးကိုဝင်အောင် သွားထည့်ခြင်းသာဖြစ်သည်။ ကွင်းအရှည် အမျိုးမျိုးထားရှိပြီး သုံးချက်နှင့် ၀င်ရမည်ဟု သတ်မှတ်ထားသောကျင်း၊ လေးချက်နှင့် ၀င်ရမည်ဟု သတ်မှတ်ထားသောကျင်း၊ ငါးချက်နှင့် ၀င်ရမည်ဟု သတ်မှတ်ထားသောကျင်းဟူ၍ သုံးမျိုးရှိသည်။ သုံးချက်၊ လေးချက်၊ ငါးချက်ဆိုသည်များမှာ သတ်မှတ်ရိုက်ချက်ဖြစ်ပြီး ၀င်အောင်ရိုက်နိုင်လျှင် ပါ (Per) ရသည်ဟုခေါ်သည်။ ထိုသတ်မှတ်ချက်ရှိနေသောကြောင့် တစ်ယောက်တည်းကို သတ်မှတ်ချက်အတွင်း သတ်မှတ်ရိုက်ချက်အတိုင်းဝင်အောင် ရိုက်ကစားနိုင်သောကြောင့် တစ်ယောက်တည်းကစား၍ ရသော ထူးခြားသောကစားနည်း ဖြစ်နေခြင်းပင်။ စုစုပေါင်း ကိုးကျင်း သို့မဟုတ် ၁၈ ကျင်း ရိုက်ပြီး သတ်မှတ်ရိုက်ချက်ထက် မည်ရွေ့မည်မျှ လျှော့၍ရိုက်နိုင်သည်။ သို့မဟုတ် သတ်မှတ်ရိုက်ချက်နှင့် ကွက်တိဖြစ်သည် သို့မဟုတ် မည်မျှပိုသည်ဟု နှိုင်းယှဉ်ကြည့်ရခြင်းဖြစ်ပေသည်။

တစ်ယောက်တည်းကစား၍ တစ်နေ့ထက်တစ်နေ့ ရိုက်ချက်လျော့အောင် လက်သွေးနိုင်သော ကစားနည်းဖြစ်သော်လည်း တစ်ဖက်တွင်လည်း တစ်ယောက်တည်း ကစားရသည်မှာ ပျင်းစရာကောင်းသောကြောင့် နှစ်ဦး၊ သုံးဦး၊ လေးဦး ကစားခြင်းက ပို၍ခေတ်စားသည်ကို တွေ့ရသည်။ ထိုအခါမျိုးတွင် တစ်ဦးနှင့်တစ်ဦး ရိုက်ချက်များယှဉ်၍ အနည်းဆုံးသူ ဖြစ်အောင် ကြိုးစားကြရသည်။ ထိုအခါ ကစားပွဲ၏ ရည်ရွယ်ချက်သည်လည်း တစ်ယောက်တည်း ကစားခြင်းနှင့် မတူတော့ဘဲ တစ်မျိုးပြောင်းသွားသည်ကို တွေ့ရသည်။

ဂေါက်သီးကို တစ်ယောက်တည်း ကစားရာတွင် ယှဉ်ပြိုင်မှုသဘောတရားသည် မနေ့ကမိမိနှင့် ဒီကနေ့မိမိ ယှဉ်ပြိုင်ရခြင်း ဖြစ်သော်လည်း အဖွဲ့လိုက်ကစားရာတွင် မိမိနှင့် အခြားသူများ ယှဉ်ပြိုင်သည့် သဘောတရားသို့ ပြောင်းသွားသည်ကို တွေ့ရသည်။ ထိုသို့ အခြားသူများနှင့် ယှဉ်ပြိုင်ကစားရာတွင် အနိုင်ရရေးကိစ္စပါလာသောကြောင့် ဤကိစ္စကိုမူတည်၍ ပြက်လုံးတစ်ခုပေါ်လာခဲ့သည်ကို တွေ့ရသည်။ ပြက်လုံးဟုဆိုသော်လည်း အဖွဲ့လိုက် ဂေါက်သီးကစားရာတွင် ဤသဘောတရားကို မကြာခဏတွေ့ရတတ်သည်။ အထူးသဖြင့် လောကတွင် အနိုင်ရရှိရေး အရေးကြီးသည်ဟု ခံယူသူတစ်ဦးဦး ပါလာလျှင် ဤကိစ္စများစွာ သိသာလာသည်ကို တွေ့ရသည်။

အဆိုပါပြက်လုံးမှာ ကိုယ်ကောင်းဖို့မလို၊ သူပျက်ဖို့သာလိုသည် ဆိုသော ပြက်လုံးဖြစ်သည်။ ဆိုလိုသည်မှာ မိမိအချက်ရေ များသွားသည့်တိုင် သူတစ်ပါးက မိမိထက်ပို၍ အချက်ရေများခဲ့လျှင် အနိုင်ရနိုင်သေးသောကြောင့် ဖြစ်သည်။

စာရေးသူတို့၏ လူ့ဘ၀ဇာတ်ခုံပေါ်တွင်လည်း အလားတူပင် ဖြစ်ပါသည်။ ဘ၀ဆိုသည်မှာ ခရီးရှည်ပြိုင်ပွဲကြီးတစ်ခုဖြစ်ရာ ထိုပြိုင်ပွဲကြီးတွင် တစ်ယောက်တည်း ဂေါက်သီးရိုက်တတ်သူများ ရှိသကဲ့သို့ သူတစ်ပါးနှင့် ယှဉ်ပြိုင်ကစားနေသူများလည်း ရှိပါသည်။ သူတစ်ပါးနှင့် ယှဉ်ပြိုင်နေသူများတွင်လည်း မိမိကိုယ်ကို ကောင်းအောင်ကြိုးစားနေသူများနှင့် ကိုယ်ကောင်းဖို့မလို သူပျက်ဖို့သာ လိုသည်ဟု သဘောထားနေသူများလည်း ရှိပါသည်။ နိုင်ငံရေးနှင့် ပတ်သက်သော နယ်ပယ်တွင် အာဏာ သို့မဟုတ် သြဇာ စသည်များမှာ အမြင့်မားဆုံး သဘောတရားရှိသောကြောင့် ထိုနယ်ပယ်တွင် သူပျက်ဖို့ အလို့ငှာ အသက်ကိုပင် လုပ်ကြံသည်အထိ တွေ့ရခြင်းဖြစ်ပေသည်။

ပညာရှင်တစ်ဦးကမူ ထိုသဘောတရားသည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး မတူညီနိုင်၊ အမျိုးသားစရိုက်လက္ခဏာများ ဆိုရာတွင် ပူးပေါင်းဆောင်ရွက်မှု အနိမ့်အမြင့်သည် လူ့အဖွဲ့အစည်းအတွင်း ကိုယ်ကောင်းဖို့မလို သူပျက်ဖို့သာလိုသည်ဟု သဘောထားသူ မည်မျှများပြားသနည်းဆိုသော အချက်ပေါ်တွင် မူတည်သည်ဟု မှတ်ချက်ပေးဖူးပါသည်။ စာရေးသူ၏ မိတ်ဆွေရင်း အယ်ဒီတာတစ်ဦးက မြန်မာတို့သည် အာဇာနည်နေ့ကို နှစ်ပေါင်းများစွာ ကျော်ဖြတ်လာခဲ့ကြသည့်တိုင် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကို ယနေ့တိုင် သင်ခန်းစာ မယူနိုင်ကြသေးပါဟု သုံးသပ်ခဲ့ပါသည်။ စာရေးသူ၏ဆန္ဒမှာ ဖြစ်နိုင်လျှင် မြန်မာနိုင်ငံသားအားလုံးကို တစ်ယောက်တည်း ဂေါက်သီးရိုက်သူများအဖြစ်သာ မြင်တွေ့လိုခြင်း ဖြစ်ပါသည်။

( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၃ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

နိုင်ငံရေးအခန်းကဏ္ဍတွင် - ကိုဝမ်း


နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးအခန်းကဏ္ဍတွင် ပြည်သူသည်သာ အဓိကကျသည်။ ပြည်သူ၏ ဆုံးဖြတ်မှုသည်သာ အဓိကဖြစ်သည်။ ပြည်သူ၏ ကဏ္ဍကလွဲ၍ မည်သူမှမရှိ။ ပြည်သူ၏အပေါ်တွင် မည်သူမှ မရှိစေရ။ နိုင်ငံတစ်နိုင်ငံကို ပြည်သူနှင့် ဖွဲ့စည်းထားသည်။ တစ်ခါတုန်းကတော့ လုပ်သားပြည်သူဟု ခေါ်ဝေါ်ခဲ့ဖူးသည်။ လုပ်သားပြည်သူခေါ်ခေါ် ပြည်သူဟုပဲခေါ်ခေါ် လူထုလို့ပဲသုံးသုံး ဒီနိုင်ငံ၏ ရေမြေပေါ်တွင် မှီတင်းနေထိုင်ကြသူများသာ ဖြစ်သည်။

ယင်းပြည်သူဆိုရာတွင် တောင်သူလယ်သမား၊ အလုပ်သမား၊ အစိုးရ၀န်ထမ်း (၀ါ) နိုင်ငံ့ဝန်ထမ်း၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျောင်းသူကျောင်းသား၊ လက်လုပ်လက်စား၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်အားလုံး ပါဝင်သည်။ အားလုံးသည် ဒီနိုင်ငံအတွက် အလုပ်လုပ်နေကြသူများ ဖြစ်သည်။ လယ်သမားအား ကိုယ့်လယ်ကိုယ်ထွန်၊ ကိုယ့်စပါး ကိုယ်စိုက်၊ စပါးရောင်းရတဲ့ငွေ ခင်ဗျားပဲရတာပဲဟု ပြော၍မရ၊ လယ်သမား စပါးမစိုက်လျှင် တစ်နိုင်ငံလုံး ငတ်သွားမည်။ အလားတူ ခေါင်းရွက်ဗျပ်ထိုးဈေးသည်အား ကိုယ့်ပိုက်ဆံနှင့်ကိုယ် ရင်းနှီးပြီးရောင်း၊ အမြတ်ရတော့ ခင်ဗျားပဲဟု ပြော၍မရ။ ဈေးသည်ဈေးရောင်းနေခြင်းသည် နိုင်ငံ၏ လိုအပ်ချက်တစ်ခုကို လုပ်ကိုင်နေခြင်းဖြစ်သည်။ ရုံးတွေ၊ အဆောက်အအုံတွေ စောင့်တဲ့လုံခြုံရေး၊ စာတွေလိုက်ပို့ရတဲ့ စာပို့လုလင်၊ ရုံးတွင်းတောက်တိုမယ်ရလုပ်ရတဲ့ ရုံးလုလင်ခေါ် မင်းစေကအစ မလိုအပ်ဘဲ ထားနေသည်မဟုတ်။ လုပ်ငန်းလိုအပ်ချက်အရသာ ခန့်ထားကြခြင်းဖြစ်သည်။ လူတိုင်းလူတိုင်းသည် နိုင်ငံအတွက် အရေးပါသည်။ လူတိုင်းလူတိုင်း ကျရာတာဝန်ထမ်းရွက်နေခြင်း ဖြစ်သည်။

ဤကဲ့သို့ လုပ်ငန်းအလွှာအသီးသီးရှိ လူပုဂ္ဂိုလ်အသီးသီးတို့သည် မိမိတို့၏ ကျရာတာဝန်ထမ်းနေခိုက် နိုင်ငံရဲ့ နိုင်ငံရေးအခန်းကဏ္ဍ၀ယ် ဤအဖွဲ့အစည်းက မပါ၍မရ။ အဓိကကျသည်။ ဟိုအဖွဲ့အစည်းက မပါ၍မရ။ အဓိကကျသည် ဆိုသော အသုံးအနှုန်းမျိုးကို သုံးစွဲခြင်း မပြုစေလိုပါ။ တစ်ဖွဲ့တစ်စည်းကိုရည်ညွှန်း မီးမောင်းထိုးပေးခြင်းသည် ကျန်ကဏ္ဍအသီးသီး လူ့အဖွဲ့အစည်းတွေအား မှေးမှိန်အောင် ပြုလုပ်လိုက်ခြင်းသာဖြစ်သည်။ သေးသိမ်အောင် ပြုလုပ်လိုက်ခြင်းသာဖြစ်သည်။

ထိုသူတွေပြောသည့် နိုင်ငံရေးအခန်းကဏ္ဍဆိုသည်က နိုင်ငံရေးဦးဆောင်အခန်းကဏ္ဍကို ပြောခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးဆိုသောစကားကစ၍ ရှင်းလိုပါသည်။ နိုင်ငံရေးဆိုတာ ပြည်သူ့အရေးဖြစ်သည်။ ဖွဲ့စည်းပုံတွေ၊ တစ်ပါတီတွေ၊ ပါတီစုံတွေ၊ ရွေးကောက်ပွဲတွေ၊ ပါလီမန်တွေ ဒါတွေက နည်းဗျူဟာသာဖြစ်သည်။ မဟာဗျူဟာသည် ပြည်သူလူထု၏ လူမှုဘ၀မြင့်မားရေးဖြစ်သည်။ မည်သည့်ဖွဲ့စည်းပုံကိုမဆို ပြည်သူလူထုက အတည်ပြုပေးရသည်။ ပြည်သူလူထု အတည်ပြုပေးမှ တရားဝင်သည်။ သို့မဟုတ် ပြည်သူက ရွေးကောက်ပွဲနှင့် ရွေးချယ်တာဝန်ပေးထားသော လွှတ်တော်ကိုယ်စားလှယ် (ပါလီမန်အမတ်)တွေနှင့် ဖွဲ့စည်းထားသည့် ပါလီမန်က အတည်ပြုပေးရသည်။ သို့မှတရားဝင် ဖြစ်သည်။

တစ်ပါတီစနစ်ကျင့်သုံးသော နိုင်ငံဖွဲ့စည်းပုံပဲကြည့်ကြည့်၊ ပါတီစုံစနစ်ကို ကျင့်သုံးသော နိုင်ငံပိုင် ဖွဲ့စည်းပုံပဲကြည့်ကြည့်၊ နိုင်ငံတော်အာဏာသည် ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသောပါလီမန် သို့မဟုတ် လွှတ်တော်မှာ အခြေစိုက်သည်။ ၁၉၁၇ ခုနှစ်မှသည် ၁၉၉၁ ခုနှစ်အထိ တည်တံ့ခဲ့သော ဆိုဗီယက်ယူနီယံမှာပဲကြည့်ကြည့်၊ ယခင်နှင့်ယခု တစ်ပါတီစနစ်ကို ကျင့်သုံးသော တရုတ်ပြည်နှင့် ဗီယက်နမ်မှာပဲကြည့်ကြည့်၊ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယနှင့် အခြားပါတီစုံစနစ် ကျင့်သုံးသည့် နိုင်ငံတွေမှာပဲကြည့်ကြည့်၊ အစ္စလာမ်မစ်ဒီမိုကရေစီနိုင်ငံမှာပဲကြည့်ကြည့် ပြည်သူက မဲပေးရွေးချယ်လိုက်သော ကိုယ်စားလှယ်တွေနှင့် ဖွဲ့စည်းထားသည့် လွှတ်တော် (၀ါ) ပါလီမန်သည် နိုင်ငံ၏ နိုင်ငံရေးအခန်းကဏ္ဍကို ဦးဆောင်ဆုံးဖြတ်သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆိုသော နိုင်ငံရေးသမားများသည်သာ ယင်းနိုင်ငံကို ဦးဆောင်သည်။ မသက်ဆိုင်သောကဏ္ဍက ပုဂ္ဂိုလ်တွေမပါဝင်။ ဒါက ပြည်သူ၏ ဆုံးဖြတ်ချက်ဖြစ်သည်။

ပါတီစုံနိုင်ငံရေးတွင် လခစားနိုင်ငံ့ဝန်ထမ်း (၀ါ) အစိုးရအမှုထမ်းသည် နိုင်ငံရေးပါတီများနှင့် ကင်းရှင်းအောင်နေရသည်။ ပါဝင်ပတ်သက်ခြင်း မရှိရ။ သူ၏အလုပ်က မိမိ၏တာဝန်ကို သန့်ရှင်းကျေပွန်စွာ ထမ်းဆောင်ရေးသာဖြစ်သည်။ မဲပေးရန် ကြုံလာသော် နိုင်ငံသားအခွင့်အရေးနှင့်အညီ လွတ်လပ်စွာ ဆုံးဖြတ်၍ မဲပေးခွင့်ရှိသည်။ မဲမပေးခွင့်ရှိသည်။ မဲပေးပါက မိမိကြိုက်နှစ်သက်ရာပါတီကို ပေးခွင့်ရှိသည်။ သူ့အား မဲမပေးမနေရဟူ၍လည်းကောင်း၊ မဲမပေးရဟူ၍လည်းကောင်း၊ ထောက်ခံမဲပေးပါဟူ၍လည်းကောင်း၊ မည်သူတစ်ဦးတစ်ယောက်ကမှ တိုက်တွန်းဖိအားပေး အကျပ်ကိုင်ခွင့်မရှိ။ အကယ်၍ ဤသို့ပြုသူသည် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို ချိုးဖောက်သူဖြစ်သည်။ ပြစ်မှုမြောက်သည်။

အစိုးရအဖွဲ့ကို ပြည်သူက ရွေးချယ်သော လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော ပါလီမန်က ဖွဲ့စည်းပေးခြင်း ဖြစ်သည်။ နီသောအစိုးရ၊ ဖြူသောအစိုးရ၊ ၀ါသောအစိုးရဟူသည် နိုင်ငံ့ဝန်ထမ်းလခစားနှင့် သက်ဆိုင်ခြင်းမရှိပါ။ ပြည်သူ၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းထားသော မည်သည့်အစိုးရမဆို၏အောက်တွင် မိမိ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်သည် လခစားနိုင်ငံ့ဝန်ထမ်း၏ အလုပ်ဖြစ်သည်။

( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၃ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

Us Vs Them မှ We သို့


အမေရိကန်ပြည်ထောင်စုဆိုလျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးကို ရှေ့တန်းမှ ဆောင်ကြဉ်းပေးနေသော နိုင်ငံကြီးအဖြစ် အများစုက ခံယူထားကြသော်လည်း မကြာသေးမီက ဆီနိတ်တာ Webb ၏ မြန်မာနိုင်ငံခရီးစဉ်မှ ပေါ်ထွက်လာဖွယ်ရှိသည့် ရလဒ်ကောင်းများကိုမူ မလိုလားမှုများ ရှိနေသည်ကို တွေ့ရပေသည်။ အဓိကအကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် အသစ်ပေါ်ထွန်းလာမည့် နိုင်ငံရေးစနစ်သစ်နှင့် အစိုးရအဖွဲ့သစ်တို့အပေါ်တွင် သဘောထားများ မတူညီကြသောကြောင့် ဖြစ်ပေသည်။

ဤနေရာတွင် အရေးကြီးသောအချက်မှာ ၂၀၁၁ ခုနှစ်တွင် ပေါ်ပေါက်လာမည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သစ်နှင့် အစိုးရအဖွဲ့သစ်၏ ဂုဏ်သရေ (Legitimacy) သည် ထိုအစိုးရသက်သက်နှင့်သာ သက်ဆိုင်သည်ဟု သဘောထားမည်လား၊ မြန်မာနိုင်ငံသား သန်းငါးဆယ်၏ ဂုဏ်သရေ၊ ကံကြမ္မာတို့နှင့်လည်း သက်ဆိုင်သည်ဟု သဘောထားမည်လားဆိုသော ရှုမြင်ပုံသဘောထားပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်၌ မည်သို့သော အစိုးရအဖွဲ့ တည်ရှိနေမည်ဆိုသောအချက်မှာ ခန့်မှန်းကြည့်လျှင် မြင်နိုင်ပါသည်။ အရေးကြီးသည်မှာ ထိုအစိုးရအဖွဲ့၏ ဂုဏ်သရေကို ပိုမိုကောင်းမွန်အောင် ၀ိုင်းဝန်း၍ ကူညီလိုက်ခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် ဂုဏ်သရေရှိသော နိုင်ငံအဖြစ် ပြန်လည်ဝင်ဆံ့နိုင်ရေး၊ မြန်မာနိုင်ငံအနေဖြင့် ရထိုက်ပါလျက် နှစ်ပေါင်း ၂၀ ကြာ မရရှိနိုင်ခဲ့သော နိုင်ငံတကာကူညီထောက်ပံ့မှုများ ပြန်လည်ရရှိနိုင်ရေး၊ တစ်နည်းအားဖြင့် ပြောရလျှင် ဆုံးရှုံးနေသော ရရှိရန်များ အမြန်ဆုံးရရှိရေး၊ နိုင်ငံ၏ စီးပွားရေး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးပဋိပက္ခကို ရပ်ဆိုင်းကာ ပိတ်ဆို့မှုများ ရပ်တန့်စေပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လုပ်ဆောင်နိုင်ရေးတို့ကို ဆောင်ကြဉ်းခြင်းဖြစ်သည်ဟု သဘောထားနိုင်ခြင်းရှိ၊ မရှိဆိုသော အချက်ဖြစ်ပေသည်။

Us Them ရှုထောင့်မှကြည့်လျှင်မူကား ဆီနိတ်တာ Webb သည် Them များနှင့် တက်ကြွသော သံသမန်ဆက်ဆံရေး ထူထောင်ရန် ကြိုးစားခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံနှင့် တက်ကြွသော သံတမန်ဆက်ဆံရေးထူထောင်ရန် ကြိုးစားခြင်းမဟုတ်ဟု ယူဆကောင်း ယူဆနိုင်ပါသည်။ ပိတ်ဆို့မှုများ ရပ်ဆိုင်းခြင်းသည် Them များအပေါ် ပိတ်ဆို့မှုများ ရပ်ဆိုင်းပေးခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို ရပ်ဆိုင်းခြင်းမဟုတ်ဟု ယူဆကောင်း ယူဆနိုင်ပါသည်။

အနာဂတ်မြန်မာနိုင်ငံ၏ ဂုဏ်သရေဆိုသည်မှာ မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်ရေးပင်ဖြစ်ရာ ထိုအမျိုးသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ်လိုလားသူမှန်သမျှသည် အဖြူအမည်းထောင်ချောက်၊ Us Them ထောင်ချောက်ထဲမှ ထွက်၍ တစ်ခုလုံးသဘော We ရှုထောင့်သို့ ရွှေ့ပြောင်းနိုင်ရေးသည် များစွာအရေးကြီးသောအချက် ဖြစ်ပေသည်။ Us Them ရှုထောင့်မှထွက်၍ We ရှုထောင့်ကိုပြောင်းကြည့်လျှင် အနာဂတ်နိုင်ငံရေး စနစ်သစ်နှင့် အစိုးရသစ်တို့သည် ကျွန်ုပ်တို့အားလုံး၏ ဘ၀နှင့် သက်ဆိုင်သည်ကို တွေ့မြင်နိုင်ပါသည်။

ထိုနိုင်ငံတော်သစ်နှင့် ထိုအစိုးရအဖွဲ့သစ်၏ ဂုဏ်သရေကို ကောင်းမွန်အောင် မည်သို့ပူးပေါင်းဆောင်ရွက်ပေးပါမည်ဟု We ရှုထောင့်မှနေ၍ ရိုးဖြောင့်စွာပြောဆိုခဲ့ပါလျှင် Rule of the game ကို ပြဋ္ဌာန်းသူ တပ်မတော်ဘက်မှလည်း အလေးအနက် စဉ်းစားလိမ့်မည်ဟု ယုံကြည်ပါသည်။ ရိုးဖြောင့်မှုတွင် မမြင်ရသော အင်အားများရှိသည်ဟု ယုံကြည်ပါလျှင် ပို၍ပင် စမ်းသပ်သင့်ပါသည်။ Us Them ရှုထောင့်မှ We ရှုထောင့်သို့ ပြောင်းလဲနိုင်ရေးသည် လက်ရှိတပ်မတော် ခေါင်းဆောင်များနှင့် ယုံကြည်မှုတည်ဆောက်ရေးသာမက မျိုးဆက်သစ်တပ်မတော်ခေါင်းဆောင်များနှင့် ယုံကြည်မှု တည်ဆောက်ရေးအတွက်ပါ အရေးကြီးသည်ဖြစ်ရာ ဆောလျင်စွာ ဆုံးဖြတ်ချက်ချနိုင်ခြင်းသည် အနာဂတ်အတွက် အုတ်မြစ်သစ်ချခြင်းလည်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤဆုံးဖြတ်ချက်မျိုးသည် နှလုံးရည်အင်အား ကြီးမားသူများသာ ဆောင်ကြဉ်းနိုင်သည့် ဆုံးဖြတ်ချက်မျိုးလည်း ဖြစ်ပေသည်။
အယ်ဒီတာ (၂၄-၈-၂၀၀၉)

( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၃ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

ပြောပါရစေခင်ဗျာ - ကိုဉာဏ် (ပန်းလောင်မြေ)


ဒီပို့စ်ကိုရေးရခြင်းရဲ့ မူလရည်ရွယ်ချက်က ဒီအပတ်ထုတ် The Voice Weekly ဂျာနယ်မှာ ကျွန်တော်သဘောကျတဲ့ ဆောင်းပါးတွေ အများကြီးပါလာတဲ့အတွက် အဲဒီဆောင်းပါးတွေကို ကူးယူတင်ပေးလိုက်တဲ့အကြောင်း အသိပေးခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ရေးနေရင်း အတွေးတွေ ၀င်လာတာကြောင့် ခေါင်းထဲကို အလုအယက် တိုးဝင်လာနေတဲ့ အတွေးတွေကို အနိုင်ပေးလိုက်တဲ့အနေနဲ့ အောက်မှာပါတဲ့စာတွေကို ဆက်ရေးဖြစ်သွားတယ်ဆိုတာကို ပြောလိုပါတယ်။

လူဆိုတာ အသက်အရွယ်ကိုလိုက်ပြီး စိတ်ခံစားမှု၊ အတွေးအမြင်၊ ခံယူချက်တွေ ပြောင်းလဲသွားတတ်တယ်ဆိုတာကို လက်ခံခဲ့တာ အတော်လေးကြာတဲ့ အသက်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ ကျွန်တော်ဟာ တစ်ခါတစ်လေမှာ အခြားလူတွေထက်များ ပြောင်းလဲမှုများတတ်သလားလို့ စဉ်းစားမိပါတယ်။ အနီးစပ်ဆုံးအနေနဲ့ ကျွန်တော်နေတဲ့ အခန်းကိုတောင် အနည်းဆုံး တစ်လတစ်ခါလောက် decoration ပြောင်းလဲတတ်တဲ့လူ ဖြစ်ပါတယ်။ တစ်ခါတစ်လေဆိုရင် နှစ်ပတ်သုံးပတ်လောက်နဲ့ အချိန်ရရင် ရသလို အခန်းပြင်ဆင်မှုကို လုပ်တတ်ပါတယ်။ စားပွဲတွေကို ဟိုနေရာကနေ ဒီနေရာကိုရွှေ့၊ ပန်းအိုးတွေကို ဒီနေရာကနေ ဟိုနေရာကိုရွှေ့၊ စာအုပ်ပုံတွေကို ဒီနေရာကနေ ဟိုနေရာကိုပြောင်း၊ တီဗီကြည့်တဲ့အခန်းကို ဟိုဖက်လှည့်ရာကနေ ဒီဖက်လှည့်တဲ့ပုံစံပြောင်း စသည်ဖြင့် စုံလို့ပါပဲ။ သူငယ်ချင်းတွေကတော့ မှတ်ချက်ပေးပါတယ်။ မင်းက တော်တော်ကို ဂနာမငြိမ်တဲ့ကောင်ပဲတဲ့။ ထားပါတော့လေ။ ဒါက သူတို့သဘောထားပါ။ ကျွန်တော့်အနေနဲ့ကတော့ ပုံစံတစ်မျိုးတည်းမှာ တစ်သမတ်တည်း အပြောင်းအလဲမရှိနေရတာကို လုံးဝမနှစ်သက်ပါဘူး။ သူငယ်ချင်းတွေပြောသလို ဂနာမငြိမ်တဲ့လူတော့လည်း မဟုတ်ဘူးဆိုတာ ကိုယ်တိုင်သိပါတယ်။ ရှင်းမပြချင်လို့ ရှင်းမပြတာပဲ ရှိပါတယ်။

မဆိုင်တာတွေက ပါလာပြန်ပါတယ်။ ဆိုင်တာကိုဆက်ပါမယ်။ ကျွန်တော်ငယ်ငယ်က သူလိုကိုယ်လိုပါပဲ ပုံပြင်တွေထဲက သူရဲကောင်းတွေကို အားကျခဲ့ရတယ်။ နည်းနည်းလေး အရွယ်ရောက်လာတော့ ကာတွန်းစာအုပ်တွေထဲက လူစွမ်းကောင်းတွေကို အားကျပြီး ရူးသွပ်ခဲ့ရပြန်ရော၊ ဟော... နည်းနည်းလေး သိတတ်တဲ့အရွယ်ရောက်တော့ ရုပ်ရှင်တွေ၊ ၀တ္ထုတွေထဲမှာပါတဲ့ ဇာတ်ကောင်တွေကို အတုယူအားကျရပြန်ရော။ အဲဒီလိုနဲ့ ပြောင်းလာလိုက်တာ ကျွန်တော်အားကျခဲ့ရတာတွေက နည်းမှမနည်းတာကလား။ အခုမှသာ ဘယ်သူ့ကိုအားကျတယ် ဘယ်ဝါ့ကို အားကျတယ်ဆိုတာမျိုး သိပ်မဖြစ်တော့ဘဲ ငြိမ်သွားတာပါ။ ဒါတောင် အမေရိကန်သမ္မတသစ် ဘားရက်အိုဘားမားကို ဘယ်လိုဖြစ်တယ်မသိဘူး၊ သူ့အကြောင်းတွေလိုက်ရှာဖတ်၊ သူ့သတင်းတွေ နားထောင်လိုက်၊ စာစောင်တွေမှာ ဖတ်လိုက်နဲ့ အတော်လေးကို သဘောကျနေမိပြန်တယ်။ သူ့လိုဖြစ်ချင်တာလားဆိုတော့လည်းေ၀၀ါးဝါးပဲ။ ဒါဆိုရင် ဘာဖြစ်တာလဲ။ သူ့ရဲ့ လုပ်ရပ်တွေကို သဘောကျတာလား။ ဒါလည်း မဖြစ်နိုင်ဘူး။ သူဘာပဲလုပ်လုပ် ကိုယ့်အတွက် ဘာမှအကျိုးသက်ရောက်တာမှ မဟုတ်တာ။ ကိုယ်က အမေရိကန်နိုင်ငံသားလည်းမဟုတ်။ အမေရိကန်သရဏံဂစ္ဆာမိဆိုပြီး အလုံးစုံအားကိုး ကိုးကွယ်တဲ့လူလည်းမဟုတ်။ ဒါဆိုရင် ဘာကိုသဘောကျတာလဲ။ အမေရိကန်သမ္မတဖြစ်အောင် ကြိုးစားအားထုတ်ခဲ့တဲ့ သူ့ဘ၀ကို လေးစားအားကျတာလား။ ဒီမေးခွန်းမှာလည်း သေချာရေရာတဲ့အဖြေကို ကျွန်တော်မပေးနိုင်ပါဘူး။ သေချာတာကတော့ ယနေ့ကမ္ဘာမှာ အရေးအပါဆုံး၊ ပေါ်ပြူလာအဖြစ်ဆုံး၊ နာမည်အကြီးဆုံးလူ ဖြစ်နေတဲ့အတွက် ကျွန်တော်ကြိုက်တာမဟုတ်ဘူးဆိုတာပါပဲ။

ထားပါတော့။ ပြောချင်တာက အသက်အရွယ်အလိုက် ပြောင်းလဲလာတာကိုပါ။ နောက်တစ်ခု ကျွန်တော်သတိထားမိတာက အခြေအနေကိုလိုက်ပြီးလည်း စိတ်ဝင်စားမှုတွေ၊ ခံစားချက်တွေ ပြောင်းလဲတတ်တယ် ဆိုတာပါပဲ။ ကျောင်းသားဘ၀က တိုးတက်ရေးစာပေတွေ၊ အဆိုအမိန့်တွေ၊ လမ်းညွှန်ချက်တွေကို ကြိုက်တယ်။ တက္ကသိုလ်ရောက်တော့ ရသစာပေတွေ၊ ဗဟုသုတစာပေတွေကို တစိုက်မတ်မတ် ဖတ်မိပြန်ပါရော။ အလုပ်ခွင်ထဲရောက်တော့ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ စာပေတွေ၊ လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာ့သတင်းတွေ၊ အလုပ်ခွင်နဲ့ဆိုင်တဲ့ ပညာရပ်ဆိုင်ရာ အကြောင်းအရာတွေကို လေ့လာလိုက်စား ဖတ်ရှုဖြစ်ပြန်ပါတယ်။ နည်းနည်းလေး အသက်အရွယ်လေးလည်းရ၊ အလုပ်ခွင်မှာလည်း ထိုက်သင့်တဲ့အဆင့်လေးတစ်ခုကို ရောက်လာတော့ တရားစာပေတွေကိုလည်းဖတ်ဖြစ်တယ်၊ ခေါင်းဆောင်မှုစာပေဆိုလည်း ဖတ်တာပဲ၊ ဗဟုသုတဆိုင်ရာလည်း ရှာဖတ်တာပဲ၊ ရသဆိုင်ရာလည်း ကြိုက်နေပြန်တာပဲ၊ ကိုယ့်ရဲ့အလုပ်ကို အထောက်အကူပြုတဲ့ ပညာရပ်ဆိုင်ရာစာပေတွေကိုလည်း မဖတ်မဖြစ် ဖတ်ရပြန်ရော။ အခုအချိန်မှာ သေချာတာတစ်ခုကတော့ ကျွန်တော်ဟာ ဘယ်လိုစာမျိုးကိုပဲ ဖတ်မယ်ဆိုတဲ့ အစွဲအလန်းစိတ်မရှိတော့တာပါပဲ။ ဘာကြောင့်လဲဆိုတော့ အကြောင်းအရာ၊ အဖြစ်အပျက်အားလုံးကို ကျွန်တော် စိတ်ဝင်စားတဲ့အတွက်ပါ။ ဒါကြောင့်လည်း ကျွန်တော့်ဘလော့ဂ်မှာ ကြက်သွန်နီဈေးတက်တဲ့ အကြောင်းရော၊ ကြက်ဥအတု ကိစ္စရော၊ ဘောလုံးပြိုင်ပွဲအကြောင်းတွေရော၊ နိုင်ငံရေးနဲ့သက်ဆိုင်နေတာတွေရော၊ ရသစာပေနဲ့ဆိုင်တာတွေရော၊ ကဗျာလိုလို စာလိုလိုတွေရော၊ ဆုံးမစာတွေရော၊ ဟာသစာပေတွေရော၊ စုံစီနဖာ ဖြစ်နေတာဖြစ်ပါတယ်။ အရူးလွယ်အိတ်လိုဖြစ်နေတယ်ဆိုရင် ပိုမှန်မလားမသိပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အရူးတွေလို ဟိုဟာတွေ့ ဟိုဟာစိတ်ဝင်စား၊ ဒီဟာတွေ့ရင် ဒီဟာစိတ်ဝင်စား ဖြစ်နေတာလည်း ဖြစ်ချင်ဖြစ်မှာပါ။

တစ်ပတ်တစ်ပတ်ကို ကျွန်တော်ဖတ်တဲ့ ဂျာနယ်က (၉)စောင်ရှိပါတယ်။ ဒါက ပုံမှန်ဝယ်ဖတ်နေတဲ့ အရေအတွက်ပါ။ စာအုပ်ဆိုင်မှာ စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ထိုင်ဖတ်တဲ့စာစောင်တွေ မပါပါဘူး။ တစ်ခါတစ်လေမှာ စာအုပ်ဆိုင်မှာ ထိုင်ဖတ်ရင်း သိမ်းထားသင့်တယ်ထင်တဲ့ ဂျာနယ်တွေ့ရင် ထပ်ပြီးဝယ်လာဖြစ်တာတွေ ရှိပါသေးတယ်။ နေ့စဉ်ဖတ်တာက မြန်မာ့အလင်းရယ်၊ The New Light of Myanmar ရယ်ပါ။ လစဉ်မှာပြီးဖတ်တဲ့ မဂ္ဂဇင်းက သုံးမျိုးလောက် ရှိပါတယ်။ ကျွန်တော်ဒီအကြောင်းတွေကိုပြောရတာ အကြောင်းရှိပါတယ်။ ကျွန်တော့်ဘလော့ဂ်မှာ တင်ပေးနေတဲ့ ပို့စ်တွေဟာ မိတ်ဆွေအချို့ ပြောသလို ကိုယ်ပိုင်ပို့စ် အင်မတန်နည်းပါတယ်။ အားလုံးနီးပါးလောက်ဟာ စာအုပ်တွေထဲကနေ ပြန်ကူးပြီး တင်ပေးနေတာပဲကွာလို့ ပြောကြတာလည်း မှန်ပါတယ်။ အဲဒီလိုပြောတဲ့အတွက်လည်း စိတ်မဆိုးပါဘူး။ ၀မ်းတောင်သာသေးတယ်လို့ဆိုရင် အဲဒီလိုပြောတဲ့လူတွေက သူတို့ကို အရွဲ့တိုက်တယ်လို့ ထင်သွားနိုင်လို့ မပြောတာပါ။ ဆိုချင်တာက ကျွန်တော်ဒီလို ပြန်ကူးပြီးတင်ပေးနေတဲ့ပို့စ်တွေဟာ ဟိုစာစောင်ဖတ်လိုက်၊ အဲဒီထဲမှာ ပါတဲ့ဟာကို အလွယ်တကူလေး ကွန်ပျူတာမှာပြန်ရိုက်ပြီး ကူးတင်လိုက်လုပ်နေတာ မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ။ ကျွန်တော်ဖတ်သမျှ စာစောင်တွေထဲကသာ ပါသမျှကို ပြန်ပြီးကူးတင်ပေးမယ်ဆိုရင် ကျွန်တော့်ဘလော့ဂ်မှာ တစ်နေ့တစ်နေ့ကို ပို့စ်အခု ၂၀ လောက် တက်ပါလိမ့်မယ်။ အနည်းဆုံးပါ။ အဲဒီလောက်လည်း ကျွန်တော်အချိန်မပေးနိုင်ပါဘူး။ တင်ပေးတဲ့ဟာတွေဟာ တွေ့ကရာစာတွေကို ပို့စ်ဖြစ်ရင်ပြီးရော တင်ပေးနေတာမဟုတ်ဘူး ဆိုတာကို ပုံမှန်ဖတ်နေတဲ့လူတွေဆိုရင် သိပါတယ်။ ဖတ်ဖြစ်တဲ့အထဲကမှ ကျွန်တော်ကြိုက်တဲ့ အကြောင်းအရာတွေကို၊ အဲဒီလို ကြိုက်တဲ့အထဲကမှ အခြားလူတွေအတွက်လည်း ဖတ်ပြီးရင် တစ်ခုခု ကျန်စေမယ့် စာတွေကိုပဲ ရွေးပြီး တင်ပေးတာဖြစ်ပါတယ်။ ဘယ်စာစောင်၊ ဘယ်မဂ္ဂဇင်းကိုမှ ကြော်ငြာပေးနေတာ မဟုတ်သလို၊ သူတို့ကို အရောင်းမြှင့်တင်ရေး လုပ်နေတာလည်း မဟုတ်ပါ။ ဘယ်မဂ္ဂဇင်း၊ ဘယ်စာစောင်နဲ့မှ မရင်းနှီးသလို စာပေနယ်က ဘယ်သူနဲ့မှလည်း သိကျွမ်းခင်မင်ခြင်း မရှိပါဘူး။ ဘယ်စာစောင်မှာမှလည်း ကျွန်တော်စာတွေရေးပြီး စာမူပို့နေတာ မရှိသလို၊ ကျွန်တော်နဲ့ရင်းနှီးတဲ့သူတွေနဲ့ ဆက်နွယ်နေတဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေလည်း မရှိပါဘူး။ စာမူတွေကို ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းတာလည်း မဟုတ်ဘဲနဲ့ ကူးရေးပြီးတင်နေတာ အခန့်မသင့်ရင် မူပိုင်ခွင့်ဆိုတာတွေဘာတွေနဲ့ ငြိစွန်းနိုင်ပါသေးတယ်။

မပြောချင်ပေမယ့် ပြောရပါဦးမယ်။ မပြောချင်ဘူးဆိုတာက အခြားလူတွေကို ထိခိုက်မှာစိုးတဲ့အတွက်ပါ။ ပထမဆုံး ကျွန်တော့်ခံယူချက်ကို ပြောပါမယ်။ မတူညီတာတွေကို ကျွန်တော်တန်ဖိုးထားပါတယ်။ ဥပမာဗျာ - အမေရိကန်နိုင်ငံသား တစ်ယောက် ဟမ်ဘာဂါ ကြိုက်တာဟာ သူ့ကိုယ်ပိုင်အခွင့်အရေးဖြစ်ပါတယ်။ အဲဒီလိုပဲ မြန်မာတစ်ယောက် ငါးပိရည်ကျို ကြိုက်တာလည်း မြန်မာ့အခွင့်အရေးဖြစ်ပါတယ်။ အဲဒါကို အမေရိကန်တွေစားတဲ့ ဟမ်ဘာဂါဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူး၊ ကယ်လိုရီတွေ ဘယ်လောက်များတယ်၊ ဘာတွေက ရေရှည်စားရင် ဘာဖြစ်နိုင်တယ်စတာတွေ ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ အဲဒီလိုပဲ မြန်မာတွေစားတဲ့ ငါးပိရည်ဆိုတာ အင်မတန်ညစ်ပတ်တယ်၊ အနံ့အသက်ကလည်း ကောင်းတာမဟုတ်ဘူး၊ နံစော်နေတာပဲစသည်ဖြင့် ပြောလာရင်လည်း လက်ခံမှာမဟုတ်ပါဘူး။ အမေရိကန်လည်း သူကြိုက်တာ သူစားသလို၊ မြန်မာလည်း မြန်မာကြိုက်တာမြန်မာစားတယ်၊ ဒါပဲဖြစ်ပါတယ်။ ပြောချင်တာက ခင်ဗျားတို့လည်း ခင်ဗျားတို့ကြိုက်တာ ခင်ဗျားတို့လုပ်တယ်၊ ကျွန်တော်လည်း ကျွန်တော်ကြိုက်တာ ကျွန်တော်လုပ်တယ်။ အဲဒီအတွက် ကျွန်တော်ဘာမှမပြောလိုဘူးဆိုတာကို ဆိုလိုချင်တာပါ။ အဲ... ဒါပေမယ့် သူ့နေရာနဲ့သူတော့ ရှိပါတယ်။ ကိုယ့်ရဲ့လွတ်လပ်ခွင့်၊ ကိုယ့်ရဲ့အခွင့်အရေးဟာ အခြားလူအတွက် အနှောင့်အယှက် မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ အမေရိကားမှာလုပ်တဲ့ ညစာစားပွဲမှာ ငါးပိရည်ကျိုစားချင်တယ်လို့ မပူစာပါနဲ့။ အဲဒီလိုပဲ ကိုယ့်ဘာသာယူလာပြီး အဲဒီညစာစားပွဲမှာလည်း ပါလာတဲ့ ငါးပိရည်ကျိုကို ချမစားပါနဲ့။ အမေရိကန်ကလည်း ထို့အတူပါပဲ။ မြန်မာပြည်မှာဆိုရင် မြန်မာပြည်မှာလိုပဲ ကျင့်ကြံရပါမယ်။

ပြောချင်တာကိုဆက်ပါမယ်။ အထက်မှာပြောခဲ့သလို အချို့တွေက ကျွန်တော့်ဘလော့ဂ်ဟာ ကိုယ်ပိုင်ဖန်တီးမှုမရှိဘူး။ စာအုပ်တွေထဲကဟာတွေကိုပဲ ပြန်ကူးပြီး တင်ပေးနေတာပဲလို့ ပြောကြတာကို ဆက်ချင်တာပါ။ ကိုယ်ပိုင် ဖန်တီးမှုဆိုတာ ဘာလဲလို့ မေးချင်ပါတယ်။ စာအုပ်ထဲက ပါတဲ့ဟာတွေမဟုတ်ဘဲ ကိုယ့်စိတ်ကူးထဲမှာ ရှိသမျှကိုချရေးပြတာဟာ ကိုယ်ပိုင်ဖန်တီးမှုလား၊ ကိုယ်နေ့စဉ်ကြုံနေရတာတွေကို ပြန်ရေးပြတာဟာ ကိုယ်ပိုင်ဖန်တီးမှုလား၊ စာတစ်ပုဒ်ကိုဖတ်ပြီး အဲဒီစာအပေါ်မှာ ကိုယ်ဘယ်လို ထင်မြင်တယ်၊ ယူဆတယ်ဆိုတာကို ပြန်ရေးပြနေတာဟာ ကိုယ်ပိုင်ဖန်တီးမှုလား။ ဘယ်သူ့ကိုမှ စော်ကားလိုခြင်းမရှိဘဲ ကျွန်တော်ပြောပါ့မယ်။ အဲဒီလောက် လွယ်တဲ့အလုပ်ကို ကျွန်တော်မလုပ်နိုင်စရာ အကြောင်းဘာမှ မရှိဘူးဆိုတာပါပဲ။ ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်မှာ နေ့စဉ်တပည့်တွေနဲ့ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ၊ ရယ်စရာတွေ၊ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေမှ အများကြီးပါပဲ။ နေ့စဉ် ကျွန်တော်ကြုံနေရတဲ့ အဖြစ်အပျက်တွေကိုရေးရင်တောင် တစ်နေ့တစ်နေ့ကို ရေးလို့နိုင်မှာမဟုတ်ပါဘူး။ စာအုပ်တွေဖတ်ပြီး ခံစားမိတဲ့၊ တွေးမိတဲ့ အတွေးတွေကို ရေးဖို့လား။ ပိုတောင်များသေးတယ်။ တစ်နေ့တစ်နေ့ ကျွန်တော်ဖတ်သမျှစာတွေကိုသာ တွေးမိတဲ့ဟာတွေ ရေးရမယ်ဆိုရင် ဘေးမှာ ကွန်ပျူတာရိုက်ဖို့ စာရေးမ လေးယောက်လောက် ခေါ်ထားရလိမ့်မယ်။ ဒီနေ့ ကျွန်တော် ဘာတွေစားတယ်၊ ဘယ်ဆိုင်ကိုရောက်ဖြစ်တယ်၊ ဘယ်သူနဲ့တွေ့တယ်၊ ဘာသတင်းတွေကြားတယ်၊ ဘာတွေက ဘယ်ဈေးနှုန်းရှိတယ်ဆိုတာမျိုး ကျွန်တော်ရေးတတ်ပါတယ်။ တမင်မရေးတာလို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်ရေးရင်ရော ခင်ဗျားတို့က စိတ်ဝင်စားမယ်လို့ထင်လို့လား။ အခြားဘလော့ဂ်တွေမှာ အဲဒါမျိုးတွေ လိုက်ဖတ်လို့ ရနေတာပဲ။ အဲဒီဘလော့ဂ်တွေကို သွားဖတ်ပါ။ ကျွန်တော့်ဘလော့ဂ်မှာတော့ အဲဒါမျိုးတွေ ဖတ်ရမယ်မထင်ပါဘူး။ အဲဒီလို ရေးနေတဲ့လူတွေကို ကျွန်တော်စော်ကားတာမဟုတ်ကြောင်း ထပ်မံပြောကြားလိုပါတယ်။ စော်ကားသလို၊ စောင်းမြောင်းသလို ဖြစ်နေရင်လည်း ကျွန်တော် တရားဝင် အနူးအညွတ်တောင်းပန်ပါတယ်။ ဘယ်သူ့ကိုမှ ရည်ရွယ်ခြင်း မဟုတ်ပါ။ ကျွန်တော့်အကြောင်းကို ကျွန်တော်ရှင်းပြခြင်းသာ ဖြစ်ပါတယ်။

ဘလော့ဂ်ကို လူတန်းစားပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ ရေးကြပါတယ်။ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ပါ။ ဘလော့ဂ်ဆိုတဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ကြပါတယ်။ ကိုယ့်အယူအဆနဲ့ကိုယ်ပါ။ ကျွန်တော်ဘလော့ဂ်ရေးရခြင်း ရည်ရွယ်ချက်တွေက အခြားလူတွေနဲ့ တူချင်မှတူပါလိမ့်မည်၊ ထို့အတူ ဘလော့ဂ်ဆိုသောအဓိပ္ပါယ်ကို ကျွန်တော်၏ ဖွင့်ဆိုချက်သည်လည်း အခြားသူများနှင့် ကွဲလွဲကောင်းကွဲလွဲနေပါလိမ့်မည်။

ကျွန်တော်ဘာကြောင့် ဘလော့ဂ်ရေးသနည်း။ ပထမဆုံး ကိုယ့်ဘာသာကိုယ်ဖတ်ဖို့အတွက်ပါ။ ကိုယ်ကြိုက်တဲ့စာတွေကို ဗလာစာအုပ်မှတ်စုထဲမှာ ကူးရေးရတာထက် ကွန်ပျူတာနဲ့ရိုက်ရတာက ပိုမြန်ပြီး ပိုသက်သာလို့ပါ။ အဲဒီအတွက် သွားလေရာကို မှတ်စုစာအုပ်ကြီးတွေ သယ်သွားရတဲ့ဒုက္ခ၊ အဲဒီမှတ်စုစာအုပ်တွေကို ရေစို၊ ခြကိုက်၊ ပိုးစားမဖြစ်အောင် ထိန်းသိမ်းရတဲ့ကိစ္စ၊ ငှားပြီးပြန်မပေးမှာကြောက်ရတဲ့ဒုက္ခတွေကနေ ကင်းဝေးသွားပါတယ်။

နောက်ကျွန်တော့်ရဲ့ မျိုးဆက်သစ်သားသမီးတွေကို ပြချင်လို့၊ နောင်တစ်ချိန်မှာ ဒီဘလော့ဂ်ကို သူတို့တွေဖတ်စေချင်လို့ ရေးပါတယ်။ ဘယ်လိုစာတွေဖတ်ပါဆိုတာကို ကျွန်တော်မပြောတော့ဘဲ သူတို့ကို ကျွန်တော့်ဘလော့ဂ်ကို ဖတ်ခိုင်းချင်လို့ပါ။ နောက်ဆုံး သူတို့က ကျွန်တော်နဲ့ ၀ါသနာချင်း၊ စရိုက်ချင်း၊ စိတ်ဝင်စားမှုချင်း မတူရင်တောင် ကျွန်တော်ဘာတွေလုပ်ခဲ့တယ်၊ ဘာတွေစိတ်ဝင်စားခဲ့တယ်ဆိုတာကို အနည်းဆုံးတော့ သူတို့လေ့လာနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ ကျွန်တော့်သူငယ်ချင်းတွေအတွက် ရေးပါတယ်။ အချို့တွေဟာ စာအုပ်ဖတ်ရမှာကို တီကောင်ကို ဆားနဲ့တို့သလို အင်မတန် ၀န်လေးပါတယ်။ အဲဒီအတွက် ကျွန်တော်က စာအုပ်တွေကို မဖတ်ခိုင်းတော့ဘဲ ကောင်းမယ်ထင်တာလေးတွေကို ဘလော့ဂ်မှာတင်ပေးပါတယ်။ ပြီးရင် ဘယ်ပို့စ်လေးကိုဖတ်ကြည့်စမ်းပါဆိုပြီး သူတို့ကို ညွှန်းလိုက်ပါတယ်။ အများစုဟာ အွန်လိုင်းပေါ်မှာပဲ အချိန်ကုန်ပြီး၊ ကွန်ပျူတာနဲ့ နပန်းလုံးနေကြသူတွေဖြစ်တဲ့အတွက် သူတို့နားတဲ့အချိန်မှာ ဘလော့ဂ်ကိုဝင်ဖတ်ဖို့လောက်ကိုတော့ အချိန်ပေးကြပါတယ်။ တကူးတက စာအုပ်ကို မဖတ်ကြပေမယ့် အွန်လိုင်းပေါ်က ဘလော့ဂ်စာမျက်နှာတွေကို ဖတ်ဖို့အတွက်တော့ သူတို့တွေ အချိန်ပေးကြတာ တွေ့ရပါတယ်။ တစ်ခါတစ်လေများဆိုရင် ဘယ်ဘလော့ဂ်မှာ တက်နေတဲ့ ပို့စ်အသစ်ဟာ ကောင်းတဲ့အကြောင်း၊ ဘယ်ဘလော့ဂ်မှာတော့ မင်းကိုဆော်ထားတယ်ကွ ဆိုတာမျိုးကို သူတို့က လက်တို့တတ်ပါသေးတယ်။ ပြောရမယ်ဆိုရင် စာအုပ်တွေဖတ်တဲ့နေရာမှာသာ ကျွန်တော်က သူတို့တွေထက် အရေအတွက် များချင်များပါမယ်။ အွန်လိုင်းပေါ်မှာရှိတဲ့ ဘလော့ဂ်တွေ၊ အင်တာနက်စာမျက်နှာတွေမှာတော့ သူတို့ပုံမှန်ဖတ်နေကျ စာမျက်နှာတွေဟာ ကျွန်တော့်ထက် အဆများစွာ များတာကို တွေ့ရပါတယ်။ ကျွန်တော်က အင်တာနက်သုံးတဲ့အချိန်ကျမှ ဖတ်ရတာဖြစ်တဲ့အတွက် အကုန်လုံးကို မဖတ်နိုင်ပါဘူး။ ကိုယ်ကြိုက်တဲ့ ဘလော့ဂ်လေး လေးငါးဆယ်ခုကိုသာ ရတဲ့အချိန်လေးမှာ အပြေးအလွှားဖတ်ရတာ ဖြစ်ပါတယ်။ ဒီကြားထဲ ကွန်နက်ရှင်းမကောင်းတဲ့ အချိန်နဲ့များကြုံရရင် အင်မတန်ကို စိတ်ညစ်ရပါသေးတယ်။ နဂိုက စာဖတ်ဖို့ရည်ရွယ်ထားတာလေးပါ ပျောက်သွားလောက်အောင်ကို စိတ်ညစ်ခဲ့ရတာတွေကလည်း နည်းမှမနည်းတာ။

နောက်တစ်ခုက ကိုယ်တင်ချင်တဲ့ပို့စ်ကို ကိုယ်တင်ချင်တဲ့အချိန်မှာ တင်လို့ရတဲ့အတွက် ဘလော့ဂ်ရေးပါတယ်။ တစ်ခါတစ်လေ စိတ်ညစ်နေတဲ့အခါ စိတ်ညစ်တဲ့ပို့စ်ရေးလို့ရပါတယ်။ ပျော်နေတဲ့အခါ ပျော်တဲ့အကြောင်း ရေးလို့ရပါတယ်။ တစ်ယောက်ယောက်ကို အမြင်မကြည်ဖြစ်နေရင် အဲဒီလူအကြောင်းကို ဘလော့ဂ်ရေးပြီး ရင်ဖွင့်လို့ရပါတယ်။ ပြီးတော့ ကိုယ်ရေးပြီးတင်လိုက်တဲ့ပို့စ်ကို အချိန်အကြာကြီး စောင့်စရာမလိုဘဲ ချက်ချင်းမြင်တွေ့ခွင့်ရတာကို သဘောကျလို့ ရေးပါတယ်။ နောက်ပြီး ကိုယ်တင်ထားတဲ့၊ ကိုယ်စုထားတဲ့အကြောင်းအရာတွေကို အခြားသူတွေကို အလွယ်တကူ ကျယ်ကျယ်ပြန့်ပြန့် ဝေမျှနိုင်တဲ့အတွက် ဘလော့ဂ်ရေးပါတယ်။ ကဲ... မြင်တယ်မဟုတ်လား။ ဘယ်လောက်များ ကဘောက်တိကဘောက်ချာနိုင်လိုက်ပါတဲ့ ကျွန်တော့်ရဲ့ အကြောင်းရင်းတွေပါလဲ။

အပေါ်ကဟာတွေက ကျွန်တော်ဘလော့ဂ်ရေးရခြင်းရဲ့ အဓိကအကြောင်းတွေပါ။ တစ်ခါတစ်လေမှာ ကျွန်တော်ကြိုက်တဲ့အကြောင်းအရာတွေကို ရေးပါတယ်။ သူများတွေစိတ်ဝင်စားစား၊ မ၀င်စားစား ပို့စ်တင်ပါတယ်။ ကိုယ်ကြိုက်အကြောင်းအရာပေါ့။ တစ်ခါတစ်လေတော့ အခြားသူတွေက ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့ (အမှန်က မြှောက်ပေးပြီး ညာခိုင်းကြတာပါ) အကြောင်းအရာတွေကို ပို့စ်တင်ပါတယ်။ သူများအကြိုက်ပေါ့။ ဒါပေမယ့် အများအားဖြင့်ကတော့ ကျွန်တော်ကြိုက်နှစ်သက်တဲ့ အကြောင်းအရာတွေကို အခြားသူတွေကိုပါ မျှဝခံစားစေချင်တဲ့အတွက် ဘလော့ဂ်ပို့စ်တွေ ရေးပါတယ်။ သေချာပေါက် ပြောရဲပါတယ်။ ကျွန်တော့်ဘလော့ဂ်က ပို့စ်အားလုံးရဲ့ ၈၀% ဟာ ကျွန်တော်ဖတ်ရသလို အခြားလူတွေကိုလည်း ဖတ်စေချင်တဲ့အတွက် တင်ပေးထားတဲ့ဟာတွေပါ။ ဘလော့ဂ်ပေါ်တင်မှတော့ အခြားလူတွေကို ဖတ်ရအောင်ပေါ့ဟဆိုပြီး ခင်ဗျားက ရယ်ချင်ဦးမယ်ထင်ပါတယ်။

ဘာဖြစ်လို့ အဲသလိုပြောရသလဲဆိုတော့ တစ်နေ့ကို ဘလော့ဂ်ပို့စ်ရေးဖို့အတွက် ကျွန်တော်အချိန် (၂)နာရီလောက် ပေးရပါတယ်။ ဒီအတိုင်းဖတ်ရင်တော့ ခင်ဗျားက ရယ်ချင်ရယ်နေပါလိမ့်မယ်။ တစ်နေ့ကို အချိန်(၂)နာရီလောက် ပေးရတာများ ရေးကြီးခွင်ကျယ်လုပ်လို့ဆိုပြီးတော့ပေါ့။ ကျွန်တော့်အတွက်ကတော့ တကယ့်ကို ရေးကြီးခွင်ကျယ်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ စာသင်နေရတဲ့ ကျောင်းဆရာဖြစ်နေတဲ့အတွက်ကြောင့်ပါ။ တစ်ပတ်ကို တနင်္လာကနေ သောကြာနေ့အထိ ငါးရက်လုံး စာသင်ရပါတယ်။ အတန်းငယ်လေးတွေကို စာသင်ရတာဆိုရင်လည်း အကြောင်းမဟုတ်ပါဘူး။ အခုဟာက တက္ကသိုလ်ကျောင်းသားတွေကို စာသင်ရတာဖြစ်တဲ့အတွက် ကိုယ်သင်ရမယ့် နောက်တစ်နေ့ သင်ခန်းစာအတွက် ပြင်ဆင်ရတာ အင်မတန် ပင်ပန်းပါတယ်။ နောက်ပြီးတော့ အချက်အလက်တစ်ခုကို အသေမှတ်ထားပြီး သင်ကြားပေးလို့ရတဲ့ သမိုင်း၊ ပထ၀ီတို့လို ဘာသာရပ်တွေသင်ရတာ မဟုတ်ဘဲ နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲလာနေတဲ့ အိုင်တီနည်းပညာနဲ့ပတ်သက်ပြီး သင်ကြားနေရတာဖြစ်တဲ့အတွက် ကျောင်းသားတွေကို ပြောဖို့အတွက် ကိုယ်တိုင်က အမြဲတစေလေ့လာ ဆည်းပူးနေရတာဖြစ်ပါတယ်။ ( မှတ်ချက်။ သမိုင်း၊ ပထ၀ီစသော ဘာသာရပ်များကို စော်ကားခြင်းမဟုတ်ပါ။ ကျွန်တော့်အတွေးအရ ဥပမာပေးလိုခြင်း သက်သက်သာဖြစ်ပါသည်။ )

ရုံးဖွင့်ရက်ဖြစ်တဲ့ တနင်္လာကနေ သောကြာနေ့အထိမှာ နေ့စဉ်ကျွန်တော့်အတွက် ကိုယ်ပိုင်ချိန်က ညနေ ၄ နာရီလောက်ကနေ စတင်ပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဖို့အတွက်နဲ့ ရေးမိုးချိုး။ ထမင်းစားဖို့အတွက်က အချိန် (၂) နာရီလောက် ပေးရပါတယ်။ ပြီးရင် စာအုပ်ဆိုင်သွားပြီး မှာထားတဲ့ဂျာနယ်တွေယူ၊ ဆိုင်မှာ ဖတ်စရာရှိတာဖတ်တာက နာရီဝက်၊ လေးဆယ့်ငါးမိနစ်လောက် ကုန်ပါတယ်။ အဲဒီနောက် သူငယ်ချင်းတွေနဲ့ ဆုံရပ်ဖြစ်တဲ့ လက်ဘက်ရည်ဆိုင်မှာ ပုံမှန်အားဖြင့် တစ်နာရီလောက် အချိန်ပေးရပါတယ်။ လက်ဘက်ရည်ဆိုင်မှာ ဟေးလားဝါးလား လုပ်နေတဲ့လူငယ်တွေကိုပဲ မြင်ဖူးတဲ့လူတွေအတွက်ကတော့ နှာခေါင်းရှုံ့ချင်စရာပါ။ ကျွန်တော့်အတွက်ကတော့ အဲဒီလို လက်ဘက်ရည်ဆိုင်မှာ ထိုင်နေရတဲ့အချိန်ဟာ တကယ့်ကို အဖိုးတန်လှပါတယ်။ သတင်းစုံ (တစ်ခါတစ်လေလည်း အတင်းစုံပေါ့) ကြားရပါတယ်၊ နည်းပညာနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာကို နားထောင်ရပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘာပြပွဲရှိတယ်၊ ဘာပွဲတော်ရှိတယ်ဆိုတာလည်း လက်ဘက်ရည်ဆိုင်ကနေ ကြားရတတ်ပါတယ်။ တစ်ခါတစ်လေ ရှေ့မီနောက်မီ အဘိုးကြီးတွေရောက်လာတတ်ပြီး သူတို့ဆီကနေ ကျွန်တော်တို့ မသိမမီလိုက်တဲ့ သမိုင်းတွေ အများကြီး နားထောင်ရပါတယ်။ အင်မတန်မှကို စိတ်ဝင်စားစရာကောင်းပါတယ်။ နောက်ဆုံး ဘာမှထွေထွေထူးထူး မပြောဖြစ်ရင်တောင် တစ်နေ့တာ ပင်ပန်းနေတာတွေကို ခဏတာ စိတ်လွတ်ကိုယ်လွတ် အနားယူလိုက်ရသလို ဖြစ်သွားတဲ့အတွက် အနည်းနဲ့အများတော့ စိတ်ကျေနပ်သွားပါတယ်။ လက်ဘက်ရည်ဆိုင်က ပြန်လာရင် အင်တာနက်သုံးတာက (၂/၃)နာရီလောက် အချိန်ပေးရပါသေးတယ်။ တစ်ခါတစ်လေ တမေ့တမောနဲ့ ဒီထက် ပိုသွားတာလည်း ရှိတတ်ပါတယ်။ အခန်းကိုလည်းပြန်ရောက်ရော အနည်းဆုံးက ည ၁၀ နာရီ၊ ၁၁ နာရီဖြစ်နေပါပြီ။ နောက်တစ်နေ့သင်ရမယ့်စာတွေကို အရင်ဖတ်ရပါတယ်။ အဲဒီသင်ခန်းစာ သင်တဲ့အချိန်မှာ ပြောဖို့အတွက် အင်တာနက်ကနေ ဒေါင်းလုဒ်ချလာတာရှိရင် ဘာသာပြန်ရပါသေးတယ်။ မသိတဲ့စာလုံးတွေရှာရ၊ အနက်မထင်တဲ့ဟာတွေကို စဉ်းစားရနဲ့ အချိန်ကန့်သတ်ချက်မရှိပါဘူး။ နက်ဖြန်သင်ရမယ့် သင်ခန်းစာကို ကျေညက်အောင်ဖတ်ပြီးပြီ၊ ပြင်ဆင်ပြီးပြီဆိုမှ စိတ်ကပေါ့သွားတတ်ပါတယ်။ တစ်ခါတစ်လေများဆိုရင် အိမ်စာစစ်ဖို့ စာအုပ်တွေပါလာတဲ့အခါ အဲဒီစာအုပ်တွေကို စစ်ဖို့အတွက် အချိန်ပေးရပါသေးတယ်။ အဲဒါတွေပြီးပြီဆိုမှ စာဖတ်ခြင်းလုပ်ငန်းကို စတင်နိုင်ပါတယ်။ သတင်းစာတွေကို အရင်ဖတ်ပါတယ်။ ပြီးရင် ဂျာနယ်တွေဖတ်ပါတယ်။ ကြိုက်တဲ့အကြောင်းအရာတွေကို မှတ်ထားပြီး ဖတ်ရတာပါ။ ပြီးပြီဆိုမှ ဘလော့ဂ်မှာ တင်ပေးဖို့ အကြောင်းအရာရွေးပြီး ပို့စ်တွေရေးရတာပါ။ အကုန်ပြီးလို့ အိပ်မယ်ဆိုပြီး နာရီကြည့်မိတဲ့အခါ နာရီလက်တံအတိုလေးဟာ ဘယ်သောအခါမှ နံပါတ် ၁၂ နဲ့ ၆ ရဲ့ ဘယ်ဖက်မှာ မရှိခဲ့ဖူးပါ။ အမြဲတမ်း ညာဖက်ခြမ်းမှာ ရှိနေတာချည်းပါပဲ။ အဲဒီအချိန်ကျမှ ကျွန်တော် အိပ်စက်ရပါတယ်။

ညဥ့်နက်မှ အိပ်တဲ့အတွက် နောက်နေ့ကျရင် အေးအေးဆေးဆေး အိပ်ရတယ်လို့များ မအောက်မေ့လိုက်ပါနဲ့။ ထချင်သည်ဖြစ်စေ၊ မထချင်သည်ဖြစ်စေ မနက် ၈ နာရီဆိုတာနဲ့ ရုံးတက်နေရပါပြီ။ အဲဒါကြောင့်လားမသိပါဘူး စနေနေ့လိုမျိုးဆိုရင် ကျွန်တော့်ရဲ့ အိပ်ယာထချိန်ဟာ နေ့လည် ၁၁ နာရီ၊ သို့မဟုတ် ၁၂ နာရီဝန်းကျင်မှ ဖြစ်တတ်ပါတယ်။ မသိတဲ့လူတွေများ အဲဒီလိုနေ့မှာ ကျွန်တော့်ဆီရောက်လာခဲ့ရင် အတော်ကိုအပျင်းကြီးတဲ့ကောင်လို့ ပြောကြမှာ သေချာပါတယ်။ တစ်ခါတစ်လေများဆိုရင် နေ့လည်စာကို ၁ နာရီ ၂ နာရီလောက်မှ ထစားတာပါ။ အဲဒီလို အိပ်လိုက်တဲ့အတွက် တစ်ပတ်လုံး အိပ်ရေးပျက်ထားတာတွေဟာ ပြန်များပြည့်သွားသလားမသိပါဘူး။ မဖြစ်နိုင်မှန်းတော့ သိပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ အဲဒီလိုထင်တဲ့အတွက် ကျေနပ်သွားတာတော့ အမှန်ပါပဲ။

စာလည်းအတော်ကို ရှည်သွားပါတယ်။ ပြောချင်တာကတော့ အခုလို စာအုပ်တွေ၊ စာစောင်တွေထဲကနေ ပြန်ကူးပြီး ပို့စ်တွေ တင်ပေးနေတာဟာ ကျန်တဲ့လူတွေ ဖတ်စေချင်လို့ဖြစ်ပါတယ်။ ဖတ်မိရင်လည်း တစ်ခုခု ကျန်ခဲ့မယ်ထင်လို့ ပြန်ရိုက်ပြီးတင်ပေးတာပါ။ မဟုတ်ရင် ကျွန်တော့်ဘာသာကျွန်တော် ဖတ်ပြီးရင် ပြီးတာပါပဲ။ ဖတ်စရာရှိတာဖတ်တယ်၊ မှတ်စရာရှိတာမှတ်တယ် ဒါပဲဖြစ်ပါတယ်။ အခုလို လက်အညောင်းခံ၊ ဇက်ကြောအတက်ခံ၊ အချိန်အကုန်ခံပြီး ပို့စ်တွေ တင်ပေးနေတာဟာ အခြားလူတွေလည်း ကျွန်တော်ဖတ်သလို ဖတ်စေချင်တဲ့အတွက်၊ ကျွန်တော်သိသလို သိစေချင်တဲ့အတွက် တင်ပေးနေခြင်းသာဖြစ်ကြောင်းပါခင်ဗျာ။

အခုလို စိတ်ရှည်ရှည်ထားပြီး ကျွန်တော်အံထုတ်ထားတာတွေကို ဖတ်ပေးတဲ့အတွက် ကျေးဇူးစကားဆိုပါတယ်။ ကျွန်တော့်ရဲ့ ခံစားချက်တစ်စိတ်တစ်ပိုင်းကို မြင်နိုင်မယ်လို့ ထင်မြင်မိပါတယ်။ ဘယ်သူတွေဘာပဲပြောပြော ကျွန်တော့်ဘလော့ဂ်ကို စိတ်ဝင်တစားဖတ်နေတဲ့ မိတ်ဆွေတွေအတွက် ကျွန်တော်ပို့စ်တွေ တင်ပေးနေဦးမှာပါ။ အဲဒီလို ဆက်တင်ပေးနေခြင်းအကြောင်းကတော့ လူကိုယ်တိုင်သော်လည်းကောင်း၊ အီးမေးလ်နဲ့သော်လည်းကောင်း၊ ဂျီတော့ခ်မှာ သော်လည်းကောင်း ကျွန်တော့်ကို အားပေးကြတဲ့လူတွေကြောင့်ပါ။ သူတို့တွေရဲ့ ကောင်းတယ်ကွာ၊ မိုက်တယ်ကွာ၊ စိတ်ဝင်စားဖို့ကောင်းတယ်ကွ၊ ဆက်လုပ်ပါ၊ သဘောကျတယ် စတဲ့စကားလုံးတွေဟာ ကျွန်တော့်ကို မြောက်မြားစွာသော အားအင်တွေကို ဖြစ်စေပါတယ်။

အဲဒီလိုဆိုတဲ့အတွက် ကျွန်တော့်ကို ဝေဖန်ကြသူတွေကို ကျွန်တော်က မုန်းတီးနေတယ်လို့ မထင်စေချင်ပါ။ အနက်ရောင် ၀တ်စုံပေါ်တွင် အဖြူစင်းလေးများပါခြင်းသည်လည်းကောင်း၊ အဖြူရောင်ဝတ်စုံပေါ်တွင် အနက်ရောင်စင်းလေးများ ပါခြင်းသည်လည်းကောင်း စိတ်ဝင်စားစရာကောင်းပါသည်။ တစ်မျိုးကြည့်ကောင်းစေပါသည်။ ထို့အတူ အုန်းထမင်း၊ ထောပတ်ထမင်းကျွေးရာတွင် သရက်ချဉ်သုပ်လေး ပါခြင်းသည်လည်းကောင်း၊ ကြက်ဆီပြန်၊ ၀က်ဆီပြန်ဟင်းတွေနှင့် ကျွေးသောထမင်းဝိုင်းတွင် ငါးပိရည်ချိုလေးနှင့် အတို့အမြှုပ်လေးများပါခြင်းသည်လည်းကောင်း ပိုမိုမြိန်စေသည်ကို သတိပြုမိလိမ့်မည်ထင်ပါသည်။ ယခုလည်းထိုသို့ပင်ဖြစ်ပါသည်။ ကျွန်တော့်ကို ဝေဖန်ကြသူများ၊ ရှုံ့ချကြသူများသည်လည်း ကျွန်တော့်ဘလော့ဂ်ကို ပိုမိုကောင်းမွန်အောင် တစ်ထောင့်တစ်နေရာမှ ပါဝင်ရေးခြယ်ပေးနေကြသော အနက်ရောင်စင်းလေးများ၊ အဖြူရောင်စင်းလေးများ၊ သရက်ချဉ်လေးများဖြစ်သည်ဟု ခံယူထားပါကြောင်းနှင့် သူတို့ကိုလည်း ကျေးဇူးတင်ပါကြောင်း အလေးအနက် ပြောပါရစေခင်ဗျာ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် သြဂုတ်လ ၃၀ ရက်၊ တနင်္ဂနွေနေ့။
ည ၁၀ နာရီ ၅၇ မိနစ်တွင် ပြီး၏။

Friday, August 28, 2009

ကျွန်တော်နှင့် နိမိတ်ဖတ် ပညာရှင်များ - တာရာမင်းဝေ


နိမိတ်ဆိုတဲ့စကားလုံးကို အဘိဓာန်ထဲမှာ ကျွန်တော်သေသေချာချာ မဖတ်ခဲ့ဘူးပါဘူး။ ဗေဒင်ကျမ်းတွေထဲမှာ မကြာခဏ တွေ့ဖူးပေမယ့် အဲဒါကိုလည်း အမှတ်တမဲ့ပါပဲ။ ရှေ့ဖြစ်လာမယ့် အခြေအနေတစ်ရပ်အတွက် မူတည်ကောက်ယူရတဲ့ ဖြစ်ရပ်တစ်ခုလို့ပဲ အကြမ်းဖျင်း မြင်မိပါတယ်။

ငယ်ငယ်က ကျီးသာရင် ဧည့်လာမယ်ဆိုတာကို စ ကြားဖူးပါတယ်။ ကျီးသာနိမိတ်ပေါ့လေ။ နောက်တော့ ကြယ်ကြွေနိမိတ်၊ မြွေမြင်နိမိတ် စတာတွေကို တဖြည်းဖြည်းချင်း ထပ်သိလာပါတယ်။ အဆက်မစပ်မရှိ ခုန်ကူဖြစ်တဲ့ သဘောပေါ့လေ။ ဒါပေမယ့် ဟိုတလောက မကောင်းတဲ့ နိမိတ်အချို့အကြောင်း ဖတ်ရပါတယ်။ ဒဲ့ကြီးတွေပါလားဟ လို့ ဖတ်ရင်း ရယ်မိပါတယ်။

ဆိုကြပါစို့။ အဓိပ္ပါယ်မဲ့ အရူးတစ်ယောက်က ရှေ့လာရယ်ပြနေရင်... တဲ့။ ဘယ်လိုကြီးတုန်း...။ အရူးပါဆိုမှ အဓိပ္ပါယ်ရှိရှိ လာရယ်ပြနေမှာလား။ ကျန်တာတွေမှာလည်း ကန့်လန့်တိုက်တွေးစရာလေးတွေ ရှိလာပါတယ်။ အဲဒီတစ်ချို့ကို ကျွန်တော် ရေးပြပါမယ်။

သွားရင်းက ခလုတ်တိုက်ပြီး ခြေမကွဲသွားရင်...
(ဘယ်လိုလုပ် ကောင်းတော့မလဲ...။ ဘတ်စ်ကား လူကြပ်ကြပ်ပေါ်မှာ သူဘယ်လိုတက်ရပ်မလဲ)

လမ်းသွားရင်းက ဖိနပ်သဲကြိုး ပြတ်သွားရင်...
(ဖိနပ်ပြတ်တစ်ဖက်ကို ကိုင်လို့ ဘေးလူတွေ သွားဖြဲရယ်ပြရင်း ဆက်လျှောက်ရမှာပေါ့)

ရထားစီးရင်း ဘုတ်ခနဲ ပြုတ်ကျရင်...
(တွေးတောင် မတွေးရဲဘူး)

ကားပေါ်စီးသွားရင်း မျက်မှန်ပြုတ်ကျသွားရင်...
(ကိုယ့်အိမ် ကိုယ်ပြန်ရောက်ရင်တောင် ဟုတ်ရဲ့လားလို့ လက်နဲ့စမ်းကြည့်ရဦးမယ်။ အိမ်မှားပြီး မိန်းမရေ...
လာပါဦးကွ လို့ ခေါ်မိရင် ပိုတောင်ဆိုးဦးမယ်)

မတော်တဆ ခန္ဓာကိုယ်မှာ ထိခိုက်မိရင်...
(အကြင်နာတို့၊ စေတနာတို့ အမည်တပ်ထားတဲ့ ဆေးခန်းကို သွားပြီး ပါသမျှကုန်မယ်)

တစ်နေ့လုံး လက်ခါပြနေတဲ့လူတွေနဲ့ပဲ တွေ့နေရရင်...
(ဘယ်သူ့ဆီကမှ ပိုက်ဆံချေးမရတာဘဲ ဖြစ်မယ်၊ ဘူပဲ)

ကိုယ်ဝတ်ထားတဲ့ လုံချည်က ဗြန်းခနဲ ကွဲသွားရင်...
(အဟမ်း...လို့ ချောင်းဟန့်ရင်း ခပ်တည်တည်ကြီး ရှက်နေရမှာပေါ့)

သွားရင်းလာရင်း ခါးပိုက်နှိုက်ခံလိုက်ရရင်...
(တချို့လူတွေကို ရွာပြန်မယ်ဆိုပြီး ပိုက်ဆံလိုက်တောင်းရမယ့်ကိန်းပဲ)

မိန်းမနှစ်ယောက် လုံးထွေးသတ်ပုတ်ရင်း အ၀တ်အစားမဲ့ကုန်တာကို မြင်ရင်...
(ဒီလူကြီးကလည်း အသာငမ်း ရပ်ကြည့်နေတာပဲလို့ သတ်မှတ် ခံရမှာပေါ့။ ရန်ပွဲအပြီးမှာ အဲဒီမိန်းမနှစ်ယောက်ကတောင် ကိုယ့်ဆီ ဦးလှည့်ပြီး ကတ်ကတ်လန် ရန်ပြန်တွေ့နိုင်တယ်)

တံခါးဘောင်နဲ့ ခေါင်းနဲ့ ဆောင့်မိရင်...
(တော်တော် ဘု ကျတဲ့လူလို့ အပြောခံရမှာပေါ့)

မိန်းမက ယောက်ျားကို ကိုယ်ထိလက်ရောက် ရန်ပြုတာကို မြင်ရင်...
(ကိုယ့်အတွက်လည်း ရင်လေးစရာ ဖြစ်နေပြီ)

လမ်းမှာ ကားပျက်ပြီး စက်နှိုးလို့မရတော့ရင်...
(ဘေးလူတွေကို မျက်နှာချိုသွေးပြီး ကားတွန်းခိုင်းရမယ်.. ဒါပေမယ့် အတော် ကြိုးစားရမယ်)

ဘတ်စ်ကား သုံးလေးစီးကြုံလျက်နဲ့ ကိုယ်က မတက်နိုင်ခဲ့ရင်...၊ ကားတွေက ရပ်မပေးရင်...
(ကိုယ်အလေးချိန်ကို လျှော့ချရတော့မယ်)

အပြင်ထွက်ခါနီး မိန်းမက စောစောပြန်ခဲ့ဖို့ မှာရင်...
(ငါက ဘယ်သွားအလေလိုက်ရမှာလဲလို့... ဆိုပြီး မလုံမလဲနဲ့ ရန်ဖြစ်ရပြီ...)

ကဲ... ဒါတွေက အကင်းပဲရှိပါသေးတယ်။ ပြောမယ်ဆိုရင် အများကြီး ကျန်သေးတယ်။ ထားလိုက်ပါတော့... အခုလို ကျွန်တော်ရေးတာကို နိမိတ်ဖတ်ဆရာတွေကတော့ နှစ်မြို့မှာ မဟုတ်ဘူး။ ခုလို ရေးမိတဲ့အတွက် ကျွန်တော့် ရှေ့အလားအလာ ဘယ်လိုဖြစ်နိုင်မလဲ။ စာဖတ်သူကပဲ ကျွန်တော့်အတွက် နိမိတ်ဖတ်ပေးပါဦး။

( ရွှေအတောင်ပံမှာ ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့တစ်နေ့ စာအုပ်မှ )

2009/10 UEFA Champions League Groups


ယခုနှစ် (၂၀၀၉/၂၀၁၀) ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်အတွက် မဲခွဲမှုများအရ အုပ်စုအနေအထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

အုပ်စု(က)
စဉ်အသင်းအမည်နိုင်ငံ
၁။ဘိုင်ယန်မြူးနစ်ဂျာမနီ
၂။ဂျူဗီတပ်စ်အီတလီ
၃။ဘော်ဒိုးပြင်သစ်
၎။မကာဘီဟိုင်ဖာအစ္စရေး

အုပ်စု(ခ)
စဉ်အသင်းအမည်နိုင်ငံ
၁။မန်ယူအင်္ဂလန်
၂။စီအက်စ်ကေအေမော်စကိုရုရှား
၃။ဘက်ရှီးတပ်စ်တူရကီ
၎။ဝုဘတ်ဂျာမနီ


အုပ်စု(ဂ)
စဉ်အသင်းအမည်နိုင်ငံ
၁။အေစီမီလန်အီတလီ
၂။ရီးရဲလ်မက်ဒရစ်စပိန်
၃။မာဆေးပြင်သစ်
၎။ဇူးရစ်ဆွစ်ဇာလန်


အုပ်စု(ဃ)
စဉ်အသင်းအမည်နိုင်ငံ
၁။ချဲလ်ဆီးအင်္ဂလန်
၂။ပေါ်တိုပေါ်တူဂီ
၃။အက်သလက်တီကိုမက်ဒရစ်စပိန်
၎။အေပိုးလ်ဆိုက်ပရပ်စ်


အုပ်စု(င)
စဉ်အသင်းအမည်နိုင်ငံ
၁။လီဗာပူးလ်အင်္ဂလန်
၂။လိုင်ယွန်ပြင်သစ်
၃။ဖီအိုရင်တီးနားအီတလီ
၎။ဒီဘရီစင်ဟန်ဂေရီ


အုပ်စု(စ)
စဉ်အသင်းအမည်နိုင်ငံ
၁။ဘာစီလိုနာစပိန်
၂။အင်တာမီလန်အီတလီ
၃။ဒိုင်နမိုကိယက်ဖ်ယူကရိန်း
၎။ရူဘီကာဇန်ရုရှား


အုပ်စု(ဆ)
စဉ်အသင်းအမည်နိုင်ငံ
၁။ဆီဗီလာစပိန်
၂။ရိန်းဂျားစ်စကော့တလန်
၃။စတုဂတ်ဂျာမနီ
၎။ယူနီရီယာရိုမေးနီယား


အုပ်စု(ဇ)
စဉ်အသင်းအမည်နိုင်ငံ
၁။အာဆင်နယ်အင်္ဂလန်
၂။အယ်လ်ခမာဟော်လန်
၃။အိုလံပီယာကို့စ်ဂရိ
၎။စတင်းဒတ်ဘယ်လ်ဂျီယံ

အရပ်ခြောက်ပါး


  1. မိဘတို့သည် သားသမီးတို့အပေါ် ရှေးဦးစွာ ကျေးဇူးပြုသောကြောင့် ပုရတ္ထိမာဒိသာ (အရှေ့အရပ်) မည်၏။
  2. ဆရာသမားတို့သည် မြတ်သောပူဇော်မှုကို ခံယူထိုက်သောကြောင့် ဒက္ခိဏာဒိသာ (တောင်အရပ်) မည်၏။
  3. သားမယားတို့သည် မိမိနောက်မှ အစဉ်လိုက်ပါရသောကြောင့် ပစ္ဆိမာဒိသာ (အနောက်အရပ်) မည်၏။
  4. အဆွေခင်ပွန်းတို့သည် အဆွေခင်ပွန်းတို့ကို အမှီသဟဲပြု၍ ထိုထိုဆင်းရဲတို့ လွန်မြောက်နိုင်သောကြောင့် ဥတ္တရာဒိသာ (မြောက်အရပ်) မည်၏။
  5. အစေအပါးအမှုအလုပ်သမားတို့သည် မိမိခြေရင်း၌ တည်သောကြောင့် ဟေဠိမာဒိသာ (အောက်အရပ်) မည်၏။
  6. ရဟန်းသံဃာတို့သည် ဂုဏ်တို့ဖြင့် အထက်၌တည်သောကြောင့် ဥပရိမာဒိသာ (အထက်အရပ်) မည်၏။
ဆောင်ပုဒ်
အရှေ့မိဘ၊ တောင်မှဆရာ၊ နောက်မှာသားမယား၊ မြောက်ကားမိတ်ဆွေ၊ အောက်ခြေကျေးကျွန်၊ ထက်မွန်ရပ်ဖျား၊ ရဟန်းများ ခြောက်ပါးရပ်မျက်နှာ။ ( သင်္ဂဇာဆရာတော် )

Thursday, August 27, 2009

လှိုင်းဂယက်ကျကွဲသံများ - တာရာမင်းဝေ


(၁)
ဝေါ... ဝေါ
ရေတွေတက်လာပြီ ပြေးကြဟေ့... ပြေးကြ
တစ်ခါက မြစ်ကမ်းနံဘေးက ရွာတစ်ရွာဟာ ရေလွှမ်းမိုးမှု ခံရတယ်။ ရွာသူရွာသားတွေက နီးစပ်ရာပစ္စည်းတွေကို ဆွဲယူပြီး ကသောကမျော ထွက်ပြေးကြရတယ်။ ရေလွှမ်းမိုးအားကလည်း ကောင်းလွန်းလှချည်ရဲ့။ ရက်အတော်ကြာတဲ့အထိ ရေပြန်မကျဘူး။
အဲဒီလိုနဲ့ ပြည့်မောက်နေတဲ့ မြစ်ရေထဲမှာ ရွှေအိုးတစ်အိုးဟာ ရေစီးအတိုင်း မျောပါနေရတော့တယ်။
အင်း... ငါတော့ ဘယ်သောင်ဘယ်ကမ်း ဆိုက်မလဲ မသိဘူး
တွေးရင်း၊ ငေးရင်း၊ ပင့်သက်ရှိုက်ရင်း သူ့တစ်ကိုယ်တော် စီးမျောနေတုန်း...

(၂)
ဦးရွှေအိုး... ဦးရွှေအိုး... ကျွန်တော့်ကို စောင့်ပါဦး
အသံကြားရလို့ လှည့်ကြည့်တော့မှ သူ့နောက် မလှမ်းမကမ်းကနေ မျောပါလာတဲ့ ငွေအိုးတစ်အိုးကို တွေ့ရတယ်။ ကိုယ်ကို ဖော့ထိန်းလို့ ငွေအိုးကိုစောင့်ရင်း စကားပြောဖော်ရပြီဆိုတဲ့ အတွေးနဲ့ ရွှေအိုး ပျော်သွားတယ်။
သူတို့ချင်း ရှေ့ဆင့်နောက်ဆင့် နီးကပ်သွားတော့ ငွေအိုးက စ မေးတယ်။
ဦးရွှေအိုး ဘယ်သွားမှာလဲဗျ
ဘယ်သွားရမလဲ မသိပါဘူး ဦးငွေအိုးရယ်၊ ဒီအတိုင်း မျောနေတာပါပဲ
အေးဗျာ... ကျွန်တော်လည်း အဲဒီလိုပဲ၊ မထူးပါဘူးဗျာ။ ကျွန်တော် ဦးရွှေအိုးနောက်က လိုက်ခဲ့မယ်
ကောင်းပါတယ်ဗျာ၊ ကျွန်တော်တို့က တစ်ရေထဲစီး တစ်ခရီးထဲသွားတွေပဲဟာ
ငွေအိုးဟာ ရွှေအိုးရဲ့နောက်က ပါသွားတော့တယ်။ တစ်နေရာ ရောက်တော့...

(၃)
ဦးရွှေအိုး... ဟိုနောက်မှာလည်း အိုးနှစ်လုံး မျောလာတယ်ဗျ။ ခဏစောင့်လိုက်ရင် ကောင်းမလား
ဟုတ်လား ဦးငွေအိုး၊ ကောင်းတာပေါ့၊ စောင့်လိုက်မယ်လေ
အိုးနှစ်လုံးက သူတို့အနားကို ရောက်လာတယ်။ မြေအိုးတွေပါ။ တစ်အိုးက ကြီးပြီး တစ်အိုးက ငယ်တယ်။ ငယ်တဲ့အိုးက နှုတ်ခမ်းပဲ့နေတယ်။ အိုးအကြီးကောင်က သူတို့ကိုယ်သူတို့ မိတ်ဆက်တယ်။။
ကျွန်တော်က ထမင်းအိုးပါ။ သူက ငါးပိအိုးပါ။ ဦးရွှေအိုး၊ ဦးငွေအိုးတို့နဲ့အတူ လိုက်ခဲ့ပါရစေ

(၄)
ဦးရွှေအိုးက ခဏ စဉ်းစားပြီး...
အေးလေ လိုက်ခဲ့ပေါ့။ ဘာပဲပြောပြော ငါတို့အင်အား တောင့်သွားတာပေါ့
သူတို့ အိုးလေးလုံးဟာ တန်းစီပြီး စီးမျောသွားကြတယ်။ တစ်ချို့ ရေစီးကြမ်းတဲ့ နေရာတွေမှာ ခေါင်းဆောင်ဖြစ်သူ ရွှေအိုးက အကြောက်အလန့် နည်းပါးစေမယ့် အားမာန်သံချပ်ကို တိုင်တယ်။ ကျန်တဲ့အိုးတွေက ပြန်အော်တယ်။
ဒီ... လှိုင်းကို ဘယ်လို ဖြတ်မယ်
ဒီလို ဖြတ်မယ်
ဒီမြစ်ကို ဘယ်လို ကူးမယ်
ဒီလို ကူးမယ်
ဒီလိုနဲ့ သူတို့တွေ ခရီးဆက်လာကြရင်း မြစ်ကွေ့တစ်ခုအရောက်မှာတော့...

(၅)
ဟိုနားမှာ ကြေးအိုးတစ်အိုး ဒီဘက်ကို လာနေတယ်
နှုတ်ခမ်းပဲ့ ငါးပိအိုးလေးက လှမ်းပြောတာပါ။ ရွှေအိုးနဲ့ ငွေအိုးက ရှေ့ကို အာရုံစိုက်နေရလို့ လှည့်မကြည့်အားဘူး။ ဒါပေမယ့် ၀မ်းသာသွားတယ်။
အေး... ရွှေအိုး ငွေအိုး ရှိပြီးဆိုမှတော့ ကြေးအိုးရှိရတော့မှာပေါ့။ သူလိုက်ချင် လိုက်လာပလေ့စေ။ ငါတို့နှစ်ယောက်ရဲ့ နောက်မှာ နေရာပေးလိုက်။ မောင်ထမင်းအိုးနဲ့ မောင်ငါးပိအိုးက နည်းနည်းနောက်ဆုတ်ပေးလိုက်။ သူ့ကို ငါတို့ကြားထဲ ၀င်ပစေ ဟုတ်လား
ဟုတ်ကဲ့
မျောပါလာတဲ့ ကြေးအိုးဟာ သူတို့ကြားထဲမှာ နေရာပေးခြင်း ခံရတယ်။ (ရွှေ+ငွေ+ကြေး+ထမင်း+ငါးပိ) ပေါ့လေ။
ခုလို မျိုးတူနွယ်တူ မိတ်ဆွေကောင်းတွေနဲ့ ကြုံရတာ မင်္ဂလာပါပဲဗျာ
ကြေးအိုးက အာလုတ်သံကြီးနဲ့ ကျေးဇူးတင်စကားဆိုတယ်။ ရွှေအိုးကလည်း သူ့ကို အားပေးစကား ပြန်ပြောမလို့ပါပဲ။ ဒါပေမယ့် မျက်နှာချင်းဆိုင်အရပ်က ပျံသန်းလာတဲ့ ငှက်ကလေးတစ်ကောင်ကြောင့် အာရုံပြောင်းသွားတယ်။ ငှက်ကလေးက...

(၆)
ဟာ... ခင်ဗျားတို့တွေ လိုက်လာကြတာကိုး။ ဟိုရှေ့နားက မြစ်ကျဉ်းကုန်းမြင့်မှာ ခင်ဗျားတို့ရွာကလူတွေ စခန်းချနေတယ်။ ခင်ဗျားတို့ ရောက်လာမှန်းသိရင် သူတို့ သိပ်ပျော်သွားကြမှာပဲ
ဒါဆို ငှက်ကလေးရယ်၊ တို့လာနေတဲ့အကြောင်း အပန်းမကြီးရင် သူတို့ကို သွားပြန်ပြောပေးပါလား
အင်း... ဒါမျိုးက ကူညီကောင်းပါတယ်။ သွားပြန်ပြောပေးမယ်လေ
ငှက်ကလေး ပြန်လှည့်ထွက်သွားချိန်မှာ ရွှေအိုးက အားတက်ပြီး သံချပ်တိုင်တယ်။
ဒီ... လှိုင်းကို ဘယ်လို ဖြတ်မယ်
ဒီလို ဖြတ်မယ်
ဒီမြစ်ကို ဘယ်လို ကူးမယ်
ဒီလို ကူးမယ်
ကြေးအိုးရဲ့ အသံက သြသြကြီးမို့ နားထောင်မကောင်းဘူး။ အဲဒီအချိန်မှာပဲ နောက်ထပ်ပြဿနာက ၀င်လာတယ်။

(၇)
နှာခေါင်းထဲမှာ အနံ့အသက် မကောင်းသလိုပဲ
ရွှေအိုးက အဲဒီလိုပြောတော့ ငွေအိုးကလည်း...
ဟုတ်တယ်၊ ကျွန်တော့်နှာခေါင်းထဲမှာလည်း အနံ့ဆိုးကြီးရနေတယ်။
ထမင်းအိုးက နောက်ကနေ လှမ်းပြောတယ်။
ငါးပိအိုးက နှုတ်ခမ်းပဲ့နေလို့ စကားမပီတာ။ ကြေးအိုး မဟုတ်ဘူး။ သူက ချေးအိုးလို့ ပြောတာ။ ခု... ကျွန်တော်တို့ကြားထဲ ရောက်နေတာ မိလ္လာအိုးကြီး
ဟေ
မယုံနိုင်လောက်အောင်ဖြစ်ပြီး ရွှေအိုး ဒေါသူပုန်ထပါတော့တယ်။

(၈)
ကြေးအိုးမဟုတ်တဲ့ ချေးအိုး (ခေါ်) မိလ္လာအိုးကို လှည့်ပြောပါတော့တယ်။
မင်းက ဘာသဘောနဲ့ ဒီလို လုပ်ရတာလဲ။ ဘာဖြစ်လို့ ငါတို့ကြား ၀င်ရောရတာလဲ
မိလ္လာအိုးက အသံသြသြကြီးနဲ့ ပြန်ဖြေတယ်။
ကျုပ်လည်း အိုးပဲလေဗျာ
ဟာ... ငါတို့က ရွှေအိုး ငွေအိုး ကွ
ဒီက ထမင်းအိုး၊ ငါးပိအိုးကျတော့ကော
ငါတို့လို ရွှေအိုး၊ ငွေအိုးရှိရင် ထမင်းအိုး၊ ငါးပိအိုးလည်း ရှိလာမှာပေါ့ကွ။ ဘာထူးလဲ
အဲဒါဆို ကျုပ်လည်း ရှိလာမှာပေါ့ဗျ
မင်း... မင်း...

(၉)
အဲဒီအချိန်မှာပဲ ငှက်ကလေး ပြန်ရောက်လာပြီး...
ကျွန်တော် ပြောပြလိုက်ပြီ၊ သူတို့အကုန်လုံး ၀မ်းသာအားရ ထခုန်ကြတယ်။ ခင်ဗျားတို့ကို မြစ်ကမ်းစပ်မှာ အားလုံးက စောင့်ကြိုနေကြပြီ။ မြန်မြန်သွား...
ငှက်ကလေး သူ့ခရီး သူဆက်သွားချိန်မှာ (ဖြစ်နေတဲ့ ပြဿာနာကို ခဏမေ့သွားပြီး) ရွှေအိုးက လက်ခမောင်းခတ် ကြုံးဝါးတယ်။
ဒီ... လှိုင်းကို ဘယ်လို ဖြတ်မယ်
ဒီလို ဖြတ်မယ်
မိလ္လာအိုးရဲ့ အောက်ကလိအာ အသံကြီးက ပါ... ပါလာလို့ ရွှေအိုးက စိတ်ဆိုးမာန်ဆိုး လှည့်ပြောတယ်။
ဟေ့ကောင် မိလ္လာအိုး၊ ကျန်တဲ့သူတွေပဲ အော်ပစေ၊ မင်း ၀င် မအော်နဲ့ကွ
ဘာဖြစ်လို့လဲဗျ
အို... မင်းက ရောသောဘောသော လုပ်မနေနဲ့။ ငါတိုင်တာကို မင်းဝင်ဖောက်စရာ မလိုဘူး။ ရှုပ်ပါတယ်ကွာ။ သွား.. သွား... မင်း ငါတို့ကြားကနေ ခုချက်ချင်း ထွက်သွား
ဘယ်လိုလုပ် သွားမလဲဗျ။ ရေစီးကြောင်းက ဒီအတိုင်းကြီး သင့်နေတဲ့ဟာကို
ဟုတ်ပါတယ်။ ရေစီးကြောင်းက သူတို့ အိုးငါးလုံးကို လက်ရှိ အစီအစဉ်အတိုင်းပဲ ဒရွတ်တိုက် ဆွဲခေါ်သွားပါပြီ။

(၁၀)
ရွာသူရွာသားတွေက မြစ်ကမ်းစပ်မှာ သူတို့ကို စောင့်ကြိုနေကြပြီ။ သူတို့ကိုမြင်တော့ လက်သီးလက်မောင်တန်းပြီး ၀မ်းပန်းတသာ ဟစ်ကြွေးကြတယ်။
ဟေး.....
မိလ္လာအိုးကလည်း အသံသြသြကြီးနဲ့ ၀မ်းသာအားရ ပြန်အော်တယ်။
ဟေး......
ကျန်တဲ့အိုးတွေကတော့ စိတ်ပျက်လက်ပျက် ဖြစ်နေကြလေရဲ့။ (ဘာသံမှကို မထွက်နိုင်ဘူး) ရွှေအိုး ငွေအိုးနောက်က မိလ္လာအိုးကြီး ပါလာတာလည်း မကောင်းဘူး။ ထမင်းအိုး၊ ငါးပိအိုးရှေ့မှာ မိလ္လာအိုးကြီး ရှိနေတာလည်း မကောင်းဘူး။ ပြည်တော်ဝင် မျက်နှာပန်း လှရမလား အောက်မေ့ပါရဲ့။ အခုတော့ အမြင်မတင့်လိုက်တာ။ အောက် လိုက်တာ။
သူတို့ဆီ အပြေးအလွှားလာကြတဲ့ ရွာသူရွာသားတွေရဲ့ မျက်နှာကို မြင်ရတော့။
အင်း... ခက်ပါပေါ့။ အံမယ်မင်း... ခက်လှပါပေါ့။

( ရွှေအတောင်ပံမှာ ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့တစ်နေ့ စာအုပ်မှ )

လူကြီးလူကောင်းနှင့်ပတ်သက်သော မှတ်ချက်များ


  • လူကြီးလူကောင်းဆိုတာ ပိုကောင်းတဲ့နေရာကို ရဖို့အတွက် ကိုယ့်နေရာကို အမြဲတမ်း ဖယ်ပေးတဲ့လူ။
  • လူကြီးလူကောင်းဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ အသက်ကို ဘယ်တော့မှ မမေးဘူး။ သူမရဲ့ သားသမီးတွေ အသက်ကိုပဲ မေးတဲ့လူ။
  • လူကြီးလူကောင်းဆိုတာ နှစ်ယောက်သွားလို့ မရတဲ့လမ်းဆိုရင် အမျိုးသမီးကို အမြဲတမ်း လမ်းဖယ်ပေးတဲ့လူ။
  • လူကြီးလူကောင်းဆိုတာ ခွင့်မလွှတ်နိုင်တဲ့ကိစ္စကို မလုပ်ခင် ခွင့်လွှတ်ဖို့ အမြဲတမ်း မေတ္တာရပ်ခံတတ်တဲ့လူ။
  • လူကြီးလူကောင်းဆိုတာ သူ့ဆီက ဘာမှ မတောင်းဘူးဆိုရင် ပေးဖို့ ဘယ်တော့မှ မငြင်းတဲ့လူ။
  • လူကြီးလူကောင်းဆိုတာ ကိုယ့်အမျိုးသမီး ဘာကြိုက်သလဲဆိုတာ သိထားအောင်လုပ်ပြီး အဲဒီပစ္စည်း ၀ယ်လို့ရမယ့် နေရာကို ရှောင်တဲ့လူ။
  • လူကြီးလူကောင်းဆိုတာ အမျိုးသမီးရဲ့အသက်ကို ဘယ်တော့မှ မမေးဘူး။ ဆယ်တန်းကို သူမ ဘယ်ခုနှစ်က အောင်သလဲလို့ပဲ မေးတယ်။
  • သူ့ထက်အားကောင်းတယ်ဆိုရင် လူကြီးလူကောင်းဟာ အမျိုးသမီးကို အမြဲတမ်း အလျှော့ပေးတယ်။
  • လူကြီးလူကောင်းဟာ အမျိုးသမီးကို ဘယ်တော့မှ မပစ်ဘူး။ သူ့ကို သူမ ပစ်သွားအောင်ပဲ လုပ်တယ်။
  • လူကြီးလူကောင်းဆိုတာ အိမ်မှာ မီးလောင်နေဦးတော့၊ ဆေးလိပ်သောက်ပါရစေလို့ အိမ်ရှင်မှာ ခွင့်တောင်းတဲ့လူ။
( မောင်ကောင်းထိုက် ရဲ့ ဟာသပဒေသာ အမှတ်(၁၉) ထဲက ဟာသတွေပါ )

အဖို အမ အတွဲ စကားလုံးများ (၂)


၂၁။လမ်းပြသူ (အမျိုးသား)conductor

လမ်းပြသူ (အမျိုးသမီး)conductress
၂၂။လေကြောင်းသွားလာသူaviator

လေကြောင်းသွားလာသူမaviatrix
၂၃။လူပျိုပေါက်lad

အပျိုပေါက်lass
၂၄။လူပျိုကြီးbachelor

အပျိုကြီးmaid (or) spinster
၂၅။လူပျိုရံbestman

အပျိုရံbridesmaid
၂၆။လူကြီးလူကောင်းgentleman

အမျိုးသမီးကောင်းlady
၂၇။သခင်sir

သခင်မmadam
၂၈။သခင်lord

သခင်မlady
၂၉။သင်ကြားပြသသူ (အမျိုးသား)instructor

သင်ကြားပြသသူ (အမျိုးသမီး)instructress
၃၀။အမွေခံယောက်ျားheir

အမွေခံမိန်းမheiress
၃၁။အမျိုးသားစားပွဲထိုးwaiter

အမျိုးသမီးစားပွဲထိုးwaitress
၃၂။အောက်လမ်းဆရာsorcerer

အောက်လမ်းဆရာမsorceress
၃၃။အိမ်ရှင်landlord

အိမ်ရှင်မlandlady
၃၄။အုပ်ချုပ်ရေးမှူးmanager

အုပ်ချုပ်ရေးမှူးမmanageress
၃၅။အုပ်ချုပ်သူadministrator

အုပ်ချုပ်သူမadministratrix
၃၆။ဦး၊ ကို၊ မောင်Mr. (Mister)

ဒေါ်၊ မMrs. (Mistress)
၃၇။ဧကရာဇ်emperor

ဧကရီempress

Wednesday, August 26, 2009

အဖို အမ အတွဲ စကားလုံးများ


၁။ကဗျာဆရာPoet

ကဗျာဆရာမPoetess
၂။ကဝေ၊ စုန်းထီးWizard

ကဝေမ၊ စုန်းမWitch
၃။ကပ္ပလီယောက်ျားNegro

ကပ္ပလီမိန်းမNegress
၎။ကျောင်းဆရာSchool-master

ကျောင်းဆရာမSchool-mistress
၅။ကျောင်းထိုင်ဘုန်းကြီးAbbot

ကျောင်းထိုင်မယ်သီလရင်Abbess
၆။ကျေးဇူးရှင်Benefactor

ကျေးဇူးရှင်မBenefactress
၇။စာရေးဆရာAuthor

စာရေးဆရာမAuthoress
၈။စေ့စပ်ထားသူယောက်ျားFiance

စေ့စပ်ထားသူမိန်းမFiancee
၉။စီစဉ်ညွှန်ကြားသူ (အမျိုးသား)Director

စီစဉ်ညွှန်ကြားသူ (အမျိုးသမီး)Directress
၁၀။တံခါးစောင့်ယောက်ျားPorter

တံခါးစောင့်မိန်းမPortress
၁၁။နယ်စားEarl, count

နယ်စားကတော်Countess
၁၂။နတ်သားGod

နတ်သမီးGoddess
၁၃။ဘုန်းကြီးMonk

သီလရှင်Nun
၁၄။(မင်္ဂလာ) သတို့သားBridegroom

(မင်္ဂလာ) သတို့သမီးBride
၁၅။မွေးစားဖခင်Adoptive-father

မွေးစားမိခင်Adoptive-mother
၁၆။မုဆိုးဖိုWidower

မုဆိုးမWidow
၁၇။မြို့တော်ဝန်Mayor

မြို့တော်ဝန်မMayoress
၁၈။မြို့စားDuke

မြို့စားကတော်Duchess
၁၉။ယောက်ျားလူစွမ်းကောင်းHero

မိန်းမလူစွမ်းကောင်းHeroine
၂၀။ယောက်ျားအစေခံMan-servant

မိန်းမအစေခံMaid-servant

( Vocabulary & Irregular Verbs by U Win Maw (Research) စာအုပ်မှ )

ကဗျာဆရာတစ်ဦးနှင့် စကားပြောခြင်း


Conversation with a poet

Are you a poet?
Yes I am.
How do you know?
I have written poems.
If you’ve written poems it means
You were a poet. But now?
I’ll write a poem again one day.
In that case maybe you’ll be a poet again one day. But how will you know it is a poem?
It will be a poem just like the last one.
Then of course it won’t be a poem.
A poem is only once and can never be the same second time.
I believe it will be just as good.
How can you be sure? Even the quality of a poem is for once only and depends not on you but on circumstances.
I believe that circumstance will be the same too.
If you believe that then you won’t be a poet and never were a poet. What then makes you think you are a poet?
Well – I don’t rightly know.
And who are you?

Miroslav Holub
Trans by Ewald Osers


ကဗျာဆရာတစ်ဦးနှင့်စကားပြောခြင်း

ခင်ဗျား ကဗျာဆရာလား
ဟုတ်ကဲ့ ကဗျာဆရာပါ။
ဘယ်လိုလုပ် သိလဲ။
ကျွန်တော် ကဗျာတွေ ရေးခဲ့ပါတယ်။
ကဗျာတွေရေးခဲ့တယ်ဆိုတော့ အရင်က ကဗျာဆရာပေါ့။ အခုကော။
တစ်နေ့တော့ ကဗျာတစ်ပုဒ် ရေးပါဦးမယ်။
ဒီလိုဆိုတော့ တစ်နေ့ ခင်ဗျား ကဗျာဆရာဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် အဲဒါ ကဗျာပါလို့ ဘယ်လိုလုပ် သိမှာလဲ။
အရင်ကဗျာလိုပဲ ကဗျာတစ်ပုဒ် ဖြစ်ပါလိမ့်မယ်။
ဒါဆိုရင် ဘယ်ကဗျာဟုတ်တော့မလဲ။ ကဗျာဆိုတာ တစ်ကြိမ်ပဲဖြစ်တာ။ ဒုတိယအကြိမ် ဒါမျိုးပဲ မဖြစ်နိုင်တော့ဘူးလေ။
အဲသလိုကောင်းလိမ့်မယ်လို့ ယုံကြည်မိတယ်။
ဘယ့်နှယ် သေချာနေရတာလဲ။ ကဗျာတစ်ပုဒ်ရဲ့ အရည်အသွေးတောင် တစ်ကြိမ်ပဲခံတာ။ ခင်ဗျားအပေါ် မတည်၊ အခြေအနေပေါ်တည်တာ။
အခြေအနေလဲ ဒီတိုင်းပဲဖြစ်လိမ့်မယ် ယုံကြည်တယ်။
ဒီလိုယုံရင် ခင်ဗျား ကဗျာဆရာ ဖြစ်မယ်မဟုတ်တော့ဘူး။ ဘယ်တုန်းကမှလဲ ကဗျာဆရာ မဖြစ်ခဲ့ဘူး။ ဒါဖြင့် ဘာကြောင့် ခင်ဗျားဟာ ကဗျာဆရာလို့ ထင်ရတာလဲ။
အင်း-မသိတတ်တော့ဘူးဗျာ။ နို့ ခင်ဗျားက ဘယ်သူတုန်း။

မိရောဆလာ့ဗ် ဟောလုဗ်
မောင်သာနိုး (ဘာသာပြန်)
( တောမှော်ရုံလမ်း စာအုပ်မှ )

အလွယ်ဆုံး မေးခွန်းများ


ကမ္ဘာပေါ်မှာ အလွယ်ဆုံးမေးခွန်းလေးတွေကို ဖြေကြည့်ပါဦး။ ဘလော့ဂ်ဖတ်သူအများစုက သိပြီးဖြစ်မယ်ထင်ပါတယ်။ တကယ်လည်း လွယ်လွယ်လေးတွေပါ။ ကိုယ်တိုင်ဖြေကြည့်ပြီးတဲ့အခါကျမှ ဘယ်လောက်လွယ်တယ်၊ ဒါမှမဟုတ် မလွယ်ဘူး၊ ဒါမှမဟုတ် လွယ်မယောင်နဲ့ ဘာမှမသိဘူး ဖြစ်ကြရပါမယ်။ စိတ်ဝင်စားစရာကောင်းသလို ပျော်စရာလည်း ကောင်းပါတယ်။ အဲဒီမေးခွန်းတွေကို ပေါက်ပေါက်ရှာရှာ စဉ်းစားတတ်၊ ရှာထားတတ်တဲ့ လူတွေကိုလည်း ချီးကျူးမိပါတယ်။ သူတို့မို့ အဲဒီလို ပေါက်ပေါက်ရှာရှာတွေကို သတိထားမိတယ်။ ကျွန်တော့်အနေနဲ့သာဆိုရင် ဘယ်လိုမှကို အဲဒီလို မေးခွန်းတွေကို စဉ်းစားတတ်မှာ မဟုတ်ပါဘူး။ ကြွားတယ်လို့တော့ မထင်စေချင်ပါဘူး။း)
ကဲ ဟောင်းပေမယ့် စိတ်ဝင်စားစရာ၊ ပျော်စရာကောင်းနေဆဲ မေးခွန်းလေးတွေကို ဖြေကြည့်လိုက်ပါဦး။ အဖြေတွေကို ဒီအတိုင်းရေးပေးထားရင် စိတ်ဝင်စားစရာ မကောင်းဘူးလို့ ယူဆတဲ့အတွက် ဖျောက်ထားပါတယ်။ ကိုယ့်ဘာသာကိုယ်သာ ရှာကြည့်လိုက်ပါ။ ပထမဆုံး ကိုယ့်ဘာသာကိုယ် အရင်ဖြေကြည့်စေချင်ပါတယ်။ ပြီးမှပဲ အဖြေတွေကို ကြည့်ပါ။ ဒါဆိုရင် စိတ်ဝင်စားစရာကောင်းပါလိမ့်မယ်။
ကျေနပ်ပျော်ရွှင်နိုင်ကြပါစေ...။

၁။မေးနှစ်တစ်ရာစစ်ပွဲသည် အချိန်ဘယ်လောက်ကြာအောင် ဖြစ်ပွားခဲ့ပါသနည်း။

ဖြေ၁၁၆ နှစ်
၂။မေးပနားမားဦးထုပ်များကို မည်သည့်နိုင်ငံက ပြုလုပ်ပါသနည်း။

ဖြေအီကွေဒေါ
၃။မေးတယောကြိုး(Catgut)ကို မည်သည့်တိရစ္ဆာန်မှ ရရှိပါသနည်း။

ဖြေသိုး၊ ဆိတ်နှင့် မြင်း
၎။မေးရုရှားတို့၏ အောက်တိုဘာတော်လှန်ရေး အောင်ပွဲအခမ်းအနားကို မည်သည့်လတွင် ပြုလုပ်ကြပါသနည်း။

ဖြေနိုဝင်ဘာလ
၅။မေးပန်းချီစုတ်တံသုံး အမွေးနု (Camel’s hair brush) ကို မည်သည့်အရာဖြင့် ပြုလုပ်ပါသနည်း။

ဖြေရှဥ့်မွှေး
၆။မေးအတ္တလန်တစ်သမုဒ္ဒရာအတွင်းရှိ Canary Islands ကျွန်းများသည် မည်သည့်တိရစ္ဆာန်များကို ဂုဏ်ပြုမှည့်ခေါ်ထားသော အမည်ဖြစ်ပါသနည်း။

ဖြေခွေးများ
၇။မေးဖင့်စာ(Purple finch)ဟုခေါ်သော ငှက်ငယ်၏ အရောင်သည် မည်သည့်အရောင်ဖြစ်သနည်း။

ဖြေကြက်သွေးရောင်
၈။မေးတရုတ်ဆီးဖြူသီး(Chinese gooseberries)များသည် မည်သည့်ဒေသမှ ထွက်ရှိပါသနည်း။

ဖြေနယူးဇီလန်
၉။မေးလေယာဉ်တစ်စင်းတွင် ပါရှိသည့် သေတ္တာနက်(Black Box) ဆိုသည်မှာ မည်သည့်အရောင်ရှိသနည်း။

ဖြေလိမ္မော်ရောင်
၁၀။မေးဆဌမမြောက် ဂျော့ဘုရင်၏ အမည်(first name)သည် အဘယ်နည်း။

ဖြေအဲလ်ဘတ်(Albert)

အဖြေတွေကို မမြင်ရရင် Highlight လုပ်ပြီးဖတ်ကြည့်ပါ။း)

အပြုသဘောဆောင်ခြင်းဖြင့်သာ အပေါင်းလက္ခဏာရလဒ်ကို ရနိုင်သည် - အောင်ထွဋ်


ပြီးခဲ့သော သြဂုတ်လ လလယ်ပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဆပ်ကော်မတီဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် Jim Webb ၏ ခရီးစဉ်တွင် နှစ်နိုင်ငံဆက်ဆံရေး ရလဒ်ကောင်းများ ပေါ်ထွက်လာခဲ့သည်ကို တွေ့ရပါသည်။ ထိုခရီးစဉ်အတွင်း ဆီးနိတ်လွှတ်တော်အမတ် Jim Webb အနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရခဲ့ရုံမျှမက ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့်ရရှိခဲ့ပြီး ၎င်းတို့၏ နိုင်ငံသား အမေရိကန်ရေကူးသမားကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။ ပို၍ ထူးခြားသည်မှာ အဆိုပါ အမေရိကန်ရေကူးသမားကို ၎င်း၏လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်သွားခွင့်ပါ ရရှိခဲ့ခြင်းဖြစ်သည်။ ဤခရီးစဉ်၏ ရလဒ်များသည် အနာဂတ်နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေလိမ့်မည်ဟု အဆိုပါ ဆီနိတ်တာက ပြောကြားခဲ့ပါသည်။

ယခုခရီးစဉ်တွင် နှစ်ဖက်ရလဒ်ကောင်းများ ရရှိခဲ့ခြင်းနှင့် ပတ်သက်၍ အကြောင်းပေါင်းစုံ ရှိနေခဲ့သော်လည်း အဓိကကျသည်ဟု စာရေးသူထင်မြင်မိသော အချက်တစ်ချက်ကို ယခုဆောင်းပါးတွင် မီးမောင်းထိုးပြလိုခြင်း ဖြစ်ပါသည်။ အဆိုပါအချက်မှာ ဆီနိတ်တာ Webb ၏ အပြုသဘောဆောင်သော စိတ်ဓာတ်နှင့် သဘောထားဖြစ်ပါသည်။

အမှန်အားဖြင့် ဆီနိတ်တာ Webb ၏ ခရီးစဉ်သည် အမေရိကန်ရေကူးသမားကို လာရောက်ကယ်တင်ရန် လာခြင်းမဟုတ်ပါ။ ဆီနိတ်တာသည် မြန်မာနိုင်ငံသို့လာရောက်ရန် ယခုနှစ် မေလဆန်းပိုင်းကပင် စတင်စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ဆီနိတ်တာသည် ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူတစ်ဦးဖြစ်သောကြောင့် မြန်မာနိုင်ငံနှင့် တက်ကြွသော သံတမန်ဆက်ဆံရေး ထူထောင်ရေး၊ ပိတ်ဆို့အရေးယူမှုများကို တဖြည်းဖြည်း ရုပ်သိမ်းသွားရေးများကို မြန်မာနိုင်ငံသို့ မလာရောက်မီကပင် ပြောဆိုနေခဲ့သူတစ်ဦး ဖြစ်ပါသည်။

၂၀၀၉ ခုနှစ် ဧပြီလ ၃ ရက်နေ့က Council on Foreign Relations တွင် ၎င်း၏ သုံးသပ်ချက်များကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ရာ မီဒီယာများက အထူးအဆန်းသဖွယ် သတင်းဖော်ပြခဲ့သည်ကို တွေ့ခဲ့ရပါသည်။

ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံနဲ့ တက်ကြွတဲ့သံတမန်ဆက်ဆံရေး ထူထောင်ခြင်းဖြင့်သာ နိုင်ငံတကာစံနှုန်းများကို လေးစားလိုက်နာလာမယ်လို့ ယုံတာပါ။ အမေရိကန်တို့အနေဖြင့် ၁၉၇၁ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးများ ထူထောင်စဉ်က လူ့အခွင့်အရေးအကြောင်း မပြောခဲ့ကြပါ။ ၁၉၉၁ ခုနှစ်တွင် ဗီယက်နမ်နှင့် ရင်းနှီးသော ဆက်ဆံရေးထူထောင်ရန် ၎င်းကိုယ်တိုင်သွားရောက်ခဲ့စဉ်က ဗီယက်နမ်နိုင်ငံအခြေအနေထက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေက များစွာ သာလွန်ကောင်းမွန်နေပါတယ်။ အဓိကအချက်မှာ မည်သို့ အပြုသဘောဆောင်မည်နည်း ဆိုသော အချက်ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိနည်းလမ်းက ကျွန်တော်တို့ လိုလားတဲ့ ရလဒ်မရနိုင်ဘူးဆိုတာ သေချာပါတယ် ဟု ပြောကြားခဲ့ပါသည်။ အဆိုပါ ဆီနိတ်တာလွှတ်တော်အမတ် Jim Webb ကို The Council on Foreign Relations မှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ရုတ်သိမ်းသင့်ပါသလားဟူသော မေးခွန်းကို မေးမြန်းခဲ့ရာတွင် မြန်မာနှင့် သံတမန်ရေးရာနည်းလမ်းပေါင်းစုံဖြင့် ဆက်သွယ်၍ အဆင့်ဆင့် ယုံကြည်မှုတည်ဆောက်ကာ အဆင့်တစ်ခုတွင် ပိတ်ဆို့မှုများကို ရပ်ဆိုင်းသင့်ကြောင်း ဖြေဆိုခဲ့ပါသည်။

ဤနေရာတွင် အဓိကဖော်ပြလိုသည်မှာ ဆီနိတ်တာ Webb ၏ ခရီးစဉ် ထင်မှတ်ထာသည်ထက် အောင်မြင်ခဲ့ခြင်းမှာ ၎င်း၏ အပြုသဘောဆောင်သည့် သဘောထားကြောင့်ဖြစ်သည်ဆိုသော အချက်ဖြစ်ပါသည်။ ကံ ကံ၏ အကျိုးကို ယုံကြည်သော ဗုဒ္ဓဘာသာရှုထောင့်မှကြည့်လျှင် ဤကိစ္စသည် များစွာရိုးစင်းရှင်းလင်းပါသည်။ စေတနာမှန်လျှင် ကံဖြစ်သည်ဆိုသော စကားကို သက်သေပြနေခြင်းလည်း ဖြစ်ပါသည်။

အထူးသဖြင့် စာရေးသူတို့သည် ဗုဒ္ဓဘာသာကို အမှန်တကယ် ယုံကြည်သက်ဝင်သော Practising Buddhist ဖြစ်ခဲ့လျှင် တစ်ဖက်မှ အပေါင်းလက္ခဏာဆောင်သော တုံ့ပြန်မှုရရှိရန်အတွက် မိမိဘက်က ပေးသွင်းရမည့်အရာမှာ အပြုသဘောဆောင်သော၊ အပေါင်းလက္ခဏာဆောင်သော သဘောထား၊ ရပ်တည်ချက်၊ မူဝါဒသာလျှင် ဖြစ်ရပါလိမ့်မည်။ အနုတ်လက္ခဏာပေးသွင်းခြင်းသည် အနုတ်လက္ခဏာဆောင်သော တုံ့ပြန်မှုကိုရရှိစေမည်မှာ ယုံမှားသံသယရှိစရာ မလိုပေ။ အခြားအခြားသော အကြောင်းအကျိုးများ တိုက်ဆိုင်သည့် အခိုက်အတန့်တွင် အနုတ်လက္ခဏာပေးသွင်းပြီး အပေါင်းလက္ခဏာရလဒ်များ ရကောင်းရတတ်နိုင်သော်လည်း ရေရှည်သဘောဆောင်လိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ အနုတ်လက္ခဏာပေးသွင်းမှုသည် တစ်ဖက်လူတွင် မည်သို့ရှိမည်မသိရသော်လည်း ပေးသွင်းသူ ကာယကံရှင်ကိုယ်တိုင် မအေးချမ်းနိုင်သည်မှာ များစွာသေချာပါသည်။ ထို့ကြောင့် အနုတ်လက္ခဏာဆောင်သော သဘောထားသည် တစ်ဆက်သားကိုသာမက မိမိကိုယ်တိုင်ကိုပါ ပူလောင်စေကြောင်း စိတ် Quality ကို ထိကိုင်ကြည့်တတ်လျှင် အထင်အရှား တွေ့ရပေလိမ့်မည်။

ဤသို့သော ကုသိုလ်စိတ်၊ အကုသိုလ်စိတ်များ၏ အာနိသင်၊ ကံကံ၏အကျိုးတို့ကို ယဉ်ပါးသော မြန်မာလူမျိုးတို့တွင် ဤအလေ့အထကို လက်တွေ့ကျင့်သုံးမှု အားနည်းရခြင်းသည် ပညတ်ခေါ် စကားလုံးများ၊ အကြောင်းအရာများတွင် ပိတ်မိနေကြပြီး ပရမတ်သဘောကို အာရုံမပြုနိုင်ခြင်းကြောင့်ဖြစ်သည်ဟု ဆရာတော်ကြီးတစ်ပါးက စာရေးသူကို ပြောဖူးပါသည်။

ကျောင်းမှာနေတဲ့ခွေးကလေးကို ရေနဲ့ပက်ပြီး စ မယ်လို့ တွေးမိလိုက်တာ။ အဲဒီစိတ်ကို တည့်တည့်ကြည့်လိုက်တော့မှ ပူ နေတာကို သွားတွေ့လိုက်တာကြောင့် မလုပ်ဖြစ်တော့ဘူး ဟု ဆရာတော်ကြီးတစ်ပါးက စာရေးသူကို စိတ္တာနုပ္ပဿနာ သင်ပေးရင်း ပြောပြဖူးပါသည်။ ကုသိုလ်စိတ်ဖြစ်စေ၊ အကုသိုလ်စိတ်ဖြစ်စေ ထိုစိတ်ဖြစ်နေချိန်တွင် စိတ်၏ Quality ကို အာရုံခံနိုင်လျှင် ပူခြင်း၊ အေးခြင်းများစွာ ထင်ရှားပါသည်။ အဓိကအချက်မှာ ပညတ်များဖြစ်သည့် ရုပ်ပုံလွှာများ၊ လူများ၊ အကြောင်းအရာများကို ထွင်းဖောက်၍ စိတ် Quality သက်သက်ကို ထိကိုင်ကြည့်နိုင်ရေးပင် ဖြစ်ပေသည်။

အမှန်အားဖြင့် အချို့သော အနုတ်လက္ခဏာဆောင်သည့် စိတ်ထား၊ သဘောထားသည် စိတ်သဏ္ဌာန်တွင် (မိမိကိုယ်မိမိ Admit မလုပ်မချင်း) ကာလရှည်ကြာစွာ တည်ရှိနေတတ်သည်ဖြစ်ရာ တကူးတကရှာဖွေရန် လိုအပ်လှသည်မဟုတ်ပါ။ ပညတ်ခေါ် အကြောင်းအရာများကို ကျော်လွန်၍ ပရမတ်ခေါ် စိတ် Quality တိုင် သွားနိုင်ခဲ့လျှင် မိမိကိုယ်တိုင်ကို မည်မျှ ထိခိုက်နစ်နာစေကြောင်း အပူဒဏ်ခံစားရခြင်းဖြင့် သိသာစေပါသည်။

ဆီနိတ်တာ Webb သည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အပြုသဘောဆောင်ကြောင်း ပြသသည့်အနေဖြင့် Burma ဟု မခေါ်ဘဲ Myanmar ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ပါသည်။ စာရေးသူတို့အားလုံး အမျိုးသားစည်းလုံးညီညွတ်ရေးကို အမှန်တကယ် လိုလားပါလျှင် Burma အစား မြန်မာဟု လည်းကောင်း၊ စစ်တပ်အစား တပ်မတော်ဟုလည်းကောင်း ခေါ်ဝေါ်သုံးနှုန်းခြင်းဖြင့် အနုတ်လက္ခဏာဆောင်သော စိတ်ထားမရှိကြောင်း ပြသရန်လိုအပ်ပါသည်။

အနုတ်လက္ခဏာပေးခြင်းသည် အနုတ်လက္ခဏာသာ ပြန်ရပြီး မေတ္တာပေးခြင်းသည် မေတ္တာကိုသာပြန်ရစေသည်ကို ယုံကြည်ခဲ့ပါလျှင် စာရေးသူတို့အနေဖြင့် သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဟု သဘောထားစရာ မလိုတော့ပေ။ သင်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကျွန်ုပ်ဘက်က အမြဲကောင်းမည်ဟု သဘောထားနိုင်ရန် ခက်ခဲသည့်တိုင် သိသူများဖော်စားနိုင်ပါရန် တိုက်တွန်းလိုခြင်း ဖြစ်ပါသည်။

Senator Jim Webb ကိုယ်ရေးအကျဉ်း

Jim Webb and Barack Obama
ဆီနိတ်တာ Jim Webb မှာ ကမ္ဘာကျော် Esquire မဂ္ဂဇင်းကြီးက ၂၀၀၈ ခုနှစ်အတွက် ရွေးချယ်ခဲ့သည့် ၂၁ ရာစု၏ သြဇာအရှိဆုံး ၇၅ ဦးတွင် တစ်ဦးအပါအ၀င်အဖြစ် ရွေးချယ်ခံခဲ့ရသော ၀ါရင့်အထက်လွှတ်တော်အမတ်တစ်ဦး ဖြစ်ပါသည်။ အထူးသဖြင့် ၎င်းသည် ဗီယက်နမ်စစ်ပွဲနောက်ပိုင်း ဒီမိုကရက်တစ်ပါတီနှင့် အမေရိကန်တပ်မတော်တို့အကြား ဆက်ဆံရေးပြန်လည်တည်ဆောက်ရာတွင် အထူးဝါယမစိုက်ထုတ်ခဲ့ခြင်းအတွက် Esquire မဂ္ဂဇင်းက ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ၂၀၀၇ အတွင်းကလည်း Washingtonian မဂ္ဂဇင်း၏ Best and Worst of Congress ရွေးချယ်မှုတွင် Rising Star အဖြစ် ဖော်ပြခံခဲ့ရသူ ဖြစ်သည်။
၎င်းသည် ၁၈ ရာစုက အမေရိကန်တွင် လာရောက်အခြေစိုက်သော စကော့တလန်အိုင်လာယန် အနွယ်များမှ ပေါက်ဖွားသူဖြစ်ပြီး ဗာဂျီနီးယားပြည်နယ်တွင် မွေးဖွားကြီးပြင်းခဲ့သည်။
၁၉၆၈ ခုနှစ်တွင် အမေရိကန်ရေတပ်စစ်တက္ကသိုလ်မှ ကျောင်းဆင်းခဲ့ပြီး ရေတပ်အလုပ်သင်အဖြစ် တာဝန်ထမ်းဆောင်စဉ် ကျောင်းအုပ်ကြီး၏ အကောင်းဆုံးဆု ရရှိခဲ့သည်။ ယင်းနောက်တွင် အမေရိကန်မရိန်းတပ်ဖွဲ့၌ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်ထားခံခဲ့ရသည်။ မရိန်းတပ်ဖွဲ့ အရာရှိငယ်သင်တန်း အပတ်စဉ် ၂၄၃ တွင် အကောင်းဆုံးအရာရှိဆု ရရှိခဲ့ပြီး ဗီယက်နမ်တွင် မရိန်းတပ်စုမှူး၊ တပ်ခွဲမှူးအဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်းတွင် မရိန်းအရာရှိ သင်တန်းကျောင်း၊ ထိုမှတဆင့် ရေတပ်စစ်ဦးစီးရုံး အတွင်းရေးမှူး စသည်များသို့ အဆင့်ဆင့်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ပြီး ၁၉၇၂ ခုနှစ်တွင် အငြိမ်းစားယူသည်။
၁၉၇၅ တွင် ဂျော့ခ်ျတောင်းတက္ကသိုလ်မှ ဥပဒေဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရခဲ့ပြီး ၁၉၇၇ မှ ၁၉၉၁ အထိ အောက်လွှတ်တော် ဗီယက်နမ်ရေးရာ ကော်မတီတွင် ရုံးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၄ တွင် ဒုတိယလက်ထောက် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၇ တွင် ကာကွယ်ရေးဝန်ကြီးဌာန ရေတပ်ရေးရာ အငယ်တန်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ Jim Webb သည် စာရေးဆရာအဖြစ်လည်း တစ်ဖက်တွင် အသက်မွေးဝမ်းကျောင်းလေ့ရှိပြီး စာအုပ်သုံးအုပ် ရေးသားထားသည်။ ဗီယက်နမ်အတွေ့အကြုံများကို ရေးသားထားသည့် Fields of Fire မှာ အထူးကျော်ကြားခဲ့သည်။ ၂၀၀၄ တွင် အလွတ်သတင်းစာဆရာ တစ်ဦးအဖြစ် အာဖဂန်နစ္စတန်၊ ဘေရွတ် စသည့် စစ်နယ်မြေများသို့ သွားရောက်ကာ သတင်းများ ရေးသားခဲ့ဖူးသည်။
ဟောလိဝုဒ်တွင်လည်း ဇာတ်ညွှန်းရေးသူ၊ ထုတ်လုပ်သူအဖြစ် တာဝန်ထမ်းခဲ့ပြီး ၎င်း၏ ဇာတ်ညွှန်းတစ်ခု Emmy Award ရရှိခဲ့ဖူးသည်။
ဗီယက်နမ်စကား ကောင်းမွန်စွာပြောနိုင်ပြီး အမေရိကန်-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဇနီးဖြစ်သူမှာ ဗီယက်နမ်လူမျိုး Hong Le Webb ဖြစ်ပြီး သားသမီး ငါးဦး၊ မွေးစားသမီးတစ်ဦး ရှိသည်။

( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၂ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

Tuesday, August 25, 2009

ဆေးလိပ်သောက်ခြင်းသည် ......


ဆေးလိပ်သောက်တာ မကောင်းတဲ့အကြောင်း နည်းနည်းလေး ဆရာလုပ်လိုက်ပါဦးမယ်။ ဆေးလိပ်သောက်တာ မကောင်းဘူးဗျ။ အဲဒီလိုပြောရင် ခင်ဗျားကပြန်ပြီး ဘုတောဦးမယ်။ ကျုပ်သိသားပဲ။ အလကားလာပြီး ဆရာလုပ်နေတယ်လို့။ ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့ ကျွန်တော့်သူငယ်ချင်းတွေကတော့ သိသိကြီးနဲ့ကို ဆေးလိပ်ကို မက်မက်မောမော သောက်နေကြလို့ ကျွန်တော့်မှာ ပြောစရာစကား ရှာလို့မရပါ။ ကိုယ်က ဆေးလိပ်သောက်တာဟာ ဘယ်လိုဆိုပြီး စမယ်ပဲကြံသေးတယ်။ သူတို့က ဆေးလိပ်ဆိုတာ ဘယ်လို၊ ဘာဓာတ်တွေပါတယ်၊ ဘာရောဂါတွေဖြစ်နိုင်တယ် စသည်ဖြင့် ကျွန်တော့်ကိုတောင် ပြန်ပြီးရှင်းပြကြပါသေးတယ်။ မသိလို့မှားတာထက် သိသိကြီးနဲ့မှားနေတာက နည်းနည်းများပိုပြီး ဆိုးဝါးသလားလို့ ကျွန်တော်တွေးမိပါတယ်။ မသိလို့ပဲ ဖြစ်ဖြစ်၊ သိသိနဲ့ပဲဖြစ်ဖြစ် မှားတာကတော့ မှားတာပါပဲ။ ဒါပေမယ့် အမှန်ကိုသိနေရဲ့သားနဲ့ ဆက်မှားနေတာကတော့ နားလည်ရခက်နေသလားလို့ပါ။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကြုံရင်ကြုံသလို ဆေးလိပ်သောက်နေတာ တွေ့တဲ့လူတိုင်းကို ဆေးလိပ်သောက်တာ မကောင်းတဲ့အကြောင်း၊ ပတ်ဝန်းကျင်ကလူတွေကို ထိခိုက်စေတဲ့အကြောင်း၊ တစ်ကမ္ဘာလုံးမှာ ဆေးလိပ်သောက်ခြင်းကို ဆန့်ကျင်နေကြပြီဖြစ်တဲ့အကြောင်း၊ တချို့နိုင်ငံတွေဆိုရင် ဆေးလိပ်သောက်တာကို လုံးဝကို ပိတ်ပင်လိုက်ပြီဖြစ်တဲ့အကြောင်း ကိုယ့်ထမင်းကိုယ်စားပြီး မေတ္တာတွေပို့သခံကာ ပြောဖြစ်နေပါသေးတယ်။ ဆေးလိပ်ထုတ်တဲ့လူတွေက ဘူးခွံတွေပေါ်မှာ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည် လို့ ထင်ထင်ရှားရှားကြီး ရေးပေးထားတာကို သောက်တဲ့လူတွေက ဘာကြောင့် ပိုက်ဆံအကုန်ခံပြီး သောက်နေကြသလဲလို့ မေးကြည့်တော့ သောက်ချင်လို့ သောက်တာတဲ့။ ရှင်းသွားရော။ ဘာမှကို ပြောလို့မရတော့ဘူး။ ဆေးလိပ်သောက်ခြင်းကြောင့် ထွက်လာတဲ့ ကိုယ့်ရဲ့ဆေးလိပ်မီးခိုးငွေ့ဟာ ကိုယ့်ပတ်ဝန်းကျင်က မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ အခြားလူတွေကို ရောဂါဖြစ်စေတဲ့အကြောင်း တတ်သလောက်မှတ်သလောက် ပြောပြတော့ မိတ်ဆွေတစ်ယောက်က ဟာသလေးတစ်ခုပြောပြတယ်။ ဆေးလိပ်သောက်တဲ့လူရဲ့ဘေးမှာရှိတဲ့ ဆေးလိပ်မသောက်သူတစ်ယောက်ဟာ ဆေးလိပ်မီးခိုးငွေ့ကြောင့် ရောဂါတစ်ဝက်ရနိုင်ကြောင်းပြောတော့ ဆေးလိပ်သောက်တဲ့လူက အဲဒီလို ဖြစ်မလားဗျ။ ကျွန်တော်က ဆေးလိပ်ဝယ်သောက်ရတယ်၊ မသောက်တဲ့လူက ဘေးကနေပြီး အလကားနေရင်း ရောဂါတစ်ဝက်ရတယ်ဆိုတော့ ဆေးလိပ်ဖိုးကို အဲဒီမသောက်တဲ့လူဆီက တစ်ဝက်ဖိုးတောင်းရမယ်တဲ့။ ကဲဘယ်လောက်များ မှတ်သားစရာ ကောင်းလိုက်ပါသလဲဗျာ။

နောက်ပြီးရှိသေးတယ်။ လူပြောများတဲ့ ဟာသလေးပါ။ ဘာတဲ့ ဆေးလိပ်မသောက်တဲ့ အိုင်းစတိုင်းထက် ဆေးလိပ်သောက်တဲ့ ၀င်စတန်ချာချီကြီးက အသက်ပိုရှည်တယ်ကွတဲ့။ ကျွန်တော်လည်း ဘယ်နေလိမ့်မလဲ။ ပြန်ပက်လိုက်တာပေါ့။ အေးဟုတ်တယ်၊ ၀င်စတန်ချာချီသာ ဆေးလိပ်မသောက်ခဲ့ရင် သူဟာ အသက်တစ်ရာကျော်လောက်အထိ နေရမယ့်လူကွ၊ အခုတော့ အသုံးမကျတဲ့ ဆေးလိပ်တွေသောက်တဲ့အတွက် အသက် (၉၁)နှစ်မှာ သေသွားရရှာတယ်။ အတော်ညံ့တဲ့လူပေါ့ကွာလို့။ ကိုယ်တော်တွေရဲ့ မျက်စောင်းတွေနဲ့ မကြားတကြားစကားလုံးတွေတော့ လက်ဆောင်ရလိုက်တာပေါ့ဗျာ။

ကဲ ထားလိုက်ပါတော့ဗျာ။ အာလူးဖုတ်လိုက်တာ အတော်တောင်များသွားတယ်။ အောက်မှာ ဆေးလိပ်မသောက်ဖို့အတွက် တားမြစ်ထားတဲ့ ကြော်ငြာလေးတွေပါ။ အများကြီးရှိတဲ့အထဲကမှ ထိရောက်ပြီး စိတ်ဝင်စားစရာကောင်းမယ်ထင်တဲ့ ကြော်ငြာပုံလေးတွေကို တင်ပေးလိုက်တာပါ။ စာဖတ်သူဟာ လက်ရှိသောက်နေတဲ့လူများဆိုရင် ဆေးလိပ်ဖြတ်ဖို့ အကြံပေးတိုက်တွန်းပါရစေ၊ ဆရာချစ်နိုင်(စိတ်ပညာ)စကားကို ငှားပြောရရင် ချစ်လို့ပြောတာမှတ်ပါပေါ့ဗျာ။ ဆေးလိပ်ကို စသောက်ဖို့ ကြိုးပမ်းစိတ်ကူးနေသူဆိုရင် အစမလုပ်ဖို့ တောင်းပန်အကြံပြုလိုပါတယ်။ ဆေးလိပ်မသောက်တတ်သူဆိုရင် ကိုယ့်ပတ်ဝန်းကျင်က ဆေးလိပ်သောက်နေတဲ့လူတွေကို ဆေးလိပ်ဖြတ်အောင် တိုက်တွန်း၊ အကြံပြု၊ ဆုံးမ၊ တားမြစ်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ သောက်သူမိမိကိုယ်တိုင်ကိုသာမကဘဲ ပတ်ဝန်းကျင်က မသောက်တဲ့လူတွေကိုလည်း ရောဂါဖြစ်စေပါတယ်။ အိမ်ထောင်သည်ဖြစ်လာရင်လည်း မိမိရဲ့ ဇနီးမယား၊ ခင်ပွန်း၊ သားသမီးတွေ ဆေးလိပ်ရဲ့ ဒုက္ခတွေကို ခံစားရစေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ဗျာ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးနီးပါးလောက်ဟာ မိမိတို့ရဲ့ မျိုးဆက်အတွက်တော့ အိမ်ယာထူထောင်ကြဦးမှာ အသေအချာပါပဲ။ မိမိတို့ရဲ့ ရင်သွေးရတနာ သားသမီးလေးတွေအနေနဲ့ ငါတို့ ဖေဖေကြီး၊ ငါတို့မေမေကြီးဟာ ဆေးလိပ်မသောက်ဘူးကွဆိုပြီး ဂုဏ်ယူစွာပြောဆိုခွင့်လေးတော့ ရသင့်တယ်လို့ ထင်ပါတယ်။

ကျွန်တော်လည်း ဂုဏ်ယူတာပေါ့ဗျာ။ မြန်မာ့သွေးဘလော့ဂ်ကို လာဖတ်တဲ့ ငါ့မိတ်ဆွေတွေဟာ ဆေးလိပ်မသောက်တဲ့လူများတယ်ကွဆိုပြီးလေ။ တလောလေးက သင်သည် ဆေးလိပ်သောက်သူဖြစ်ပါသလားဆိုပြီး ကျွန်တော် Poll တစ်ခု လုပ်ထားခဲ့တယ်လေ။ No ဆိုပြီး vote လုပ်ထားတဲ့ မသောက်တဲ့လူတွေများတဲ့အတွက် တကယ်ကို ကျွန်တော်ဝမ်းသာဂုဏ်ယူရပါတယ်။

သြော် တစ်လက်စတည်း မှတ်မိနေတဲ့ သွားလေသူဆေးလိပ်ကြိုက် ကဗျာက၀ိကြီး ဆရာတင်မိုးရဲ့ ကဗျာလေးတစ်ပုဒ်ကို ရေးပေးလိုက်ပါတယ်။ ဆရာတင်မိုးဟာ အင်မတန်ဆေးလိပ်ကြိုက်သူဖြစ်ပါလျက်နဲ့ ဘာကြောင့်များ အဲဒီကဗျာကို ရေးခဲ့သလဲဆိုတာ စဉ်းစားကြည့်ရင် အင်မတန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ထားပါဗျာ။ အဲဒါတွေ ဆွေးနွေးဖို့ မဟုတ်ပါဘူး။ ကဗျာက ဒီလိုပါ -
ဆေးလိပ်သောက်တာ
မကျန်းမာ
ရွံလည်းရွံစရာ
ငွေကုန်သံပြာချောင်းတွေဆိုး
သောက်ဟဲ့ သေချင်းဆိုး။

ဆေးလိပ်မီးခိုးငွေ့ကင်းသော ပတ်ဝန်းကျင်ကို ၀ိုင်းဝန်းတည်ဆောက်ကြပါစို့ဟု ဆန္ဒပြုရင်း.........။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့၊ ဗုဒ္ဓဟူးနေ့။
နံနက် ၀၀ နာရီ ၀၆ မိနစ်တွင် ပြီး၏။
အခုတော့ အောက်ကပုံလေးတွေကို ခံစားလိုက်ကြပါဦး။

Don't Smoke!

Don't Smoke!

Don't Smoke!

Don't Smoke!

Don't Smoke!

Don't Smoke!

Don't Smoke!

Don't Smoke!

Don't Smoke!

Don't Smoke!

 
Web Statistics