We all want to live by each other’s happiness, not by each other’s misery. We don’t want to hate and despise one another. In this world there is room for everyone and the earth is rich and can provide for everyone.
Tuesday, April 15, 2014
Greatest Speech Ever Made Charlie Chaplin
We all want to live by each other’s happiness, not by each other’s misery. We don’t want to hate and despise one another. In this world there is room for everyone and the earth is rich and can provide for everyone.
Posted by Ko Nyan Posted Time 7:48 PM 0 Comment(s)
Labels Political, ဗဟုသုတ-Knowledge, ဗီဒီယို၊ ရုပ်ရှင် - Movies, နိုင်ငံရေး
Monday, May 06, 2013
လတ်တလော နာမည်အကြီးဆုံး Nicky
သူ့ရဲ့ ဂီတဗီဒီယိုဖိုင်
သူ့ရဲ့ သီချင်းစာသား
သူ့အကြောင်း 7Day News Daily မှာ ရေးထားတဲ့သတင်း
သူ့သီချင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပြုထားတဲ့ Comment အချို့
- အကြံပေးချင်တာတစ်ခုက နောက် ဘယ်တော့မှ C# ထက်မြင့်တဲ့ key နဲ့ မဆိုပါနဲ့။
- လုပ်ရဲတာတော့ကောင်းပါတယ် ဒါပေမယ့် မြန်မာနိင်ငံ ဂီတလောကကို စော်ကားလိုက်သလို ခံစားလိုက်ရတယ်။ တော်တော်များများက နိုင်ငံတကာထက် မသာတောင် လိုက်မီအောင် လုပ်နေကြတာကို.. ဒင်းက... ဘယ်ကောင်များ လှော်လိုက်လဲ မသိဘူးနော် လုပ်ရက်တယ်။
- Comments တွေရော၊ အဆိုအကရော ရေရေလည်လည်လည် ရီရတယ်ဗျာ အတော်နောက်တဲ့လူတွေ ဆက်လုပ် စိတ်ညစ်ရင်ကြည့်မယ်။
- ကောင်းပါတယ် နောက်သီချင်းတွေ ဆက်လုပ်ပါ အကို့သီချင်းကို ကျွန်တော် သွားလေရာ ဖုန်းနဲ့ ယူသွားပါတယ် စိတ်ညစ်ရင် ကြည့်ပြီး အသားကုန် ရီရပါတယ် .. Rapping ဆိုတဲ့ တစ်ယောက်ရဲ့ style ကို ကြိုက်ပါတယ် ကြိုးစားပါ ရာဇာနေ၀င်းတောင် အဆိုတော်မင်းသား ဖြစ်သေးတာပဲ အကိုလည်း ဖြစ်ထွန်းနိုင်ပါတယ်…. style pan နဲ့ ဒွန့်တာတွေကိုလည်း ကြိုက်ပါတယ်။ ကျွန်တော်တောင် ပုဆိုးနဲ့ အိမ်မှာ လိုက်ဒွန့်ကြည့်ပါသေးတယ် ဘယ်သူမှ မရီကြပါဘူး အကို့လို ပါရမီမရှိလို့ နေမှာပေါ့နော် အားပေးနေပါတယ် ရီမောခြင်းသည် အသက်ကိုရှည်စေပါသည် :3 :3 :3 :
- ဆလိုင်းဖွားထောင်းထက် သာသွားပြီ…..။
- Nicky မင်းဖေ့ဘွတ်မှာတော့ နာမည်ကြီးသွားပြီကွ။ ဆက်ကြိုးစားဖို့ကတော့ မင်းအပိုင်းပဲ။ နောက်တစ်ခါ Key မှန်အောင်တော့ ဆိုကွာ။ အိန်းအိန်းလိုတော့ လူစောက်မြင်ကတ်အောင်တော့ မနေနဲ့ကွ။ Fighting !!!!
- Nicky lal lal lal lal lal lal lal lal lal lal sout yuu yuu yuu yuu yuu yuu gyi gyi gyi gyi gyi gyi phit thi phit thi ^-^
- ကောင်းပါတယ် ဆက်လက်ကြိုးစားသွားပါ သူများတွေပြောတာ မယုံပါနဲ့ တက်လမ်းမြင်တယ်။ featuring လည်း အရမ်းကောင်းတယ် :)
- သေချင်းဆိုး မွေးကတည်းက အသေလေးမွေးလာရမှာ။
- ဆက်ကြိုးစားရင် ရပါတယ် ဒါပေမယ့် လဲလဲလဲလဲ ဆိုတဲ့နေရာကြီး မပါရင်ကောင်းမယ်။
- လေပါတယ်ကွာ ဘာတွေလဲ ငါဖြင့်ဒါကြည့်ပြီး ရှက်လိုက်တာကွာ ငါက Justin bieber ကို အရမ်းမကြိုက်ပါဘူးဟ but အရမ်းတော့ သနားသွားပြီ :-(
- စိတ်ညစ်တိုင်း ပြန်ပြန်ကြည့်မိပါတယ် .. ရယ်ရလို့ .. ကြိုက်တယ် .. :D
- ဒါနဲ့ပါဆို လွန်ခဲ့တဲ့ ၄ ရက်လောက်ကတည်းကနေ ခုထိ .အကြိမ် ၂၀ လောက်တော့ ရှိပြီထင်တယ်.. ဒါတောင် အိမ်မှာ ဒေါင်းထားသေးတယ်....။ ကြည့်လို့ကို အားမရဘူး ဖြစ်နေတယ်.. ဘာလို့ အဲလောက်တောင် ကောင်းရတာလဲဟင်။ အကို့ရဲ့ အိပ်ချင်ပြေလေးရယ်.. :) FIGHTING with MUSIC
- မိုက်ဟ...ဒါနဲ့...အိန်အိန်းတပည့်လားးးးး လားလားလားလားလားလားးးးးးး xD
- vedio ရော comment တွေရော တောက်ကျိုးနည်း ရယ်ရတယ် လဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲ လဲလဲသဗျို့။
- လူငယ်လေးတစ်ယောက် သူ့ဘာသာသူ ရူးသွပ်ထားတာဗျာ၊ ဘယ်သူ့မှ စော်ကားထားတာ မဟုတ်ဘူး၊ ရာဂသွေးဆောင်မှု မပါဘူး၊ ရန်လိုတဲ့ စာသားအပြုအမူ မပါဘူး၊ ဟိုစောင်းဆို ဒီစောင်းဆိုမှုတွေ လုပ်ထားတာ မပါဘူး၊ သူ့ယုံကြည်ချက် သူ့ရိုးသားမှုနဲ့ သူ့စာမျက်နှာ သူဖွင့်နေတာ။ ခင်ဗျားတို့ ကြည့်ချင်ရင်ကြည့် မကြည့်ချင်ရင်လည်း မကြည့်လို့ရတယ်။ နောက်ချင်စရာဖြစ်နေလို့ စနောက်တာကိုတော့ နားလည်လို့ ရသေးတယ်။ လူငယ်တစ်ယောက်ရဲ့ ရူးသွပ်မှု ယုံကြည်မှုကိုတော့ ခေါင်းမဖော်နိုင်အောင် ရိုင်းစိုင်းဆဲဆိုကြတာကတော့ ကိုယ်တိုင်ကိုယ်က အောက်တန်း သိပ်ကျတာကို ပြတာပဲ။
- ဟဟဟဟ မနေနိုင်လွန်းလို့ ဝင်ရီသွားတယ်….. ပေါချက်ကတော့ လန်ထွက်နေတာပဲ ..။
- ၀ါသနာကိုတော့ ချီးကျူးပါတယ်...... အောင်မြင်နိုင်ပါတယ်....... ဖြစ်ကတတ်ဆန်းတော့မလုပ်သင့်ဘူး.... အနုပညာဆိုတာ ၀ါသနာ အရင်းခံတာပါ။
- အန်ချင်စိတ်ကိုမြိုသိပ်လို့ မနည်းကြိတ်မှိတ်ကြည့်ခဲ့သည် အိမ်မက်ဆုံရာတွင် ဝင်ပြိုင်သင့်သည် အနည်းဆုံး ဖိနပ်ပျံများ ဆုချခံရမည်။
- မြန်မာကို ကမ္ဘာကသိအောင် ဖော်ထုတ်လိုက်ခြင်းပေါ့။
- လဲလဲလဲလဲလဲလဲလဲလဲလဲ.....သေလိုက်။
- ဟား ဟား ဟား(Fokker လေသံဖြင့်) သုံးခါ လာရီသွားတယ်။ ဒါပဲ
- ဒီ မဆလာသယ်တဲ့ရုပ်ပေါက်နေတဲ့နှစ်ကောင် မင်းတို့ တွေလဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လေဖြတ်ပြီး ရှောသွားအုံးမယ်နော်လို့  ကိုကျော်သူမှ အသင့်စောင့်နေမည်ဖြစ်ကြောင်း အထူးသတိပေး ပြောကြားလိုက်သည်။ ပုံ / သောက်ရမ်းကို အားပေးသူများ
- Mr.Nicky လို အသံကောင်းရုပ်ဖြောင့်စတိုင်မိုက်တဲ့သူတောင် << YES
- လောလောဆယ် ၀င်ကြည့်သူ 51703(4.5.2013) ရှိနေပြီဖြစ်တဲ့ Nicky ရဲ့ နင်ငါ့ကိုချစ်လည်း MTV ကို youtube မှာ ကြည့်ဖြစ်ပါတယ်။ FB လောကမှာ လဲလဲလဲလဲလဲလဲလဲတွေ တသောသော သွန်းဖြိုးစေနိုင်ခဲ့တဲ့ သီချင်းပေါ့။ စာတန်းမထိုးပါ။ မော်ဒယ်တွေ လှပတဲ့ ရှုခင်းတွေ မပါပါ။ တီးဝိုင်းအကောင်းစားတွေ အသံသွင်းစက် အမိုက်စားတွေ သုံးမထားပါ။ အနုပညာ ဖန်တီးမှုအရ အားနည်းပေမယ့် ရိုးသားမှု အဆင့်ကမြင့်တယ်။ ဆက်လက်ကြိုးစား သွားစေချင်ပါတယ်။
- ပေါရဲတဲ့သတ္တိကိုတော့ ချီးကျုးပါတယ်....CM နဲ့ Video File နှစ်ခုပေါင်းလိုက်တော့ အကြည်တော် ဝတ္ထုတောင်ဖတ်စရာမလိုတော့ဘူး....လူရွှင်တော်ရွှေဖလားမှာ သွားပြိုင်သင့်တယ်..
- ခုတော့ သိသွားပြီ ..။ နာမည်ကြီးဖို့က တော်လွန်းမှ တတ်လွန်းမှ မဟုတ်ဘူးဆိုတာ ..။ ပေါက်ကရ လုပ်ရင်းလဲ လဲ လဲ လဲ လဲ လဲ နာမည်ကြီးသွားတတ်တာပဲ ......။ :D
- ဟီးဟီးဟီး။ လဲလဲလဲလဲ မသိရင် ခေတ်မမီတော့ဘူး။ လူချင်းတွေ့ရင် ဒါပဲပြောဖြစ်နေတယ်။ ဒါလဲ သီချင်းအမျိုးအစား အသစ်ပဲ။
- ကြိုက်ပါတယ်...ဘာဘဲပြောပြော စိတ်ဝင်စားအောင်နဲ့ ရီရအောင်လုပ်နိုင်တယ်... လဲလဲလဲလဲလဲလဲမှ မသိရင် ခေတ်မမှီတော့သလိုဘဲဘဲဘဲဘဲဘဲဘဲဘဲဘဲ။
- ညစ်ပါရယ် ဘာပြောပြော နောက်ကနေ တလဲလဲနဲ့ လိုက်လိုက်ပိတ်နေလို့ ဘာပြောရမှန်းမသိပဲ ရီနေရတော့တယ်ေိခိ
- ကောင်မလေးရဲ့မိဘတွေ ဘာလို့သဘောမတူလဲ လဲ လဲ လဲ လဲ လဲ လဲ ဆိုတာကို အပြည့်အ၀ နားလည် လည် လည် လည် လည်သွားပြီ....
- လန် ထွက်နေတာပဲ တရေးနိုးတောင် ထရီရတယ် အခု စကားပြောရင်တောင် လဲလဲလဲလဲလဲ မပါအောင် တော်တော် လိုက်ထိန်းနေရတယ် ခလိ ခလိ ခလိ LOL ကတော့ သွားပါပြီ ပျောက်တော့မှာပဲ Fb မှာလဲ…. လဲလဲလဲလဲလဲလဲ တွေချည်းပဲ ပေါချက်က 9 လောက်ရှိတယ် ရီရလို့ ကျေးဇူးတင်ပါတယ်
- တစ်ခုလောက် သိချင်တယ်။ ဘယ်သူများ မြောက်ပေးလိုက်တာလဲဟင် ???? ဘာလို့ပဲဖြစ်ဖြစ် Nicky အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ် ၃ ရက်လောက်နဲ့  အဲလောက် လူသိမယ်လို့ ကိုယ်ကိုကိုယ်တောင် မထင်ထားဘူးမလား?? အကောင်းဆုံးလုပ်ပြီး အချိန်တိုနဲ့ လူတွေအများကြီးကို ဖမ်းစားဆွဲဆောင်တာကိုတော့ တကယ်အမှန်တိုင်းပြောတာ အရမ်းအံသြမိတယ်။ လူတိုင်းပါးစပ်ဖျားမှာ လဲလဲလဲလဲလဲလဲလဲ ဆိုတာကို ပြောအောင်လုပ်နိုင်လို့ Respect !!!!!!! Lolz. Lolz နည်းနည်းတော့ ဂေါက်သွားသလိုပဲ ကြည့်ရင်းနဲ့  heeeheee lolz
- Oh Ko Nicky ဆက်လက်ကြိုးစားပါ...အကို့ လဲလဲလဲလဲ က အသေမိုက်တယ်တယ်တယ်တယ် XD အကို ဆက်လက် လဲလဲလဲလဲလဲ နိုင်ပါစေ... we are your biggest fan~ တစ်အိမ်သားလုံး အကို့ သီချင်းကို အသဲစွဲပါပဲ... အခုဆို Lyrics တောင် ကျက်နေတာာ... တော်တော်ခက်တာပဲ ဆိုကြည့်မှ သိတယ်... XD
- အတော်စွမ်းတဲ့ nicky ပါလား FB တခုလုံး လဲကုန်ပြီ .. hak.hak .. :salute xD
- lol .. lol .. lol .. laugh out loud .. lol lol lol :P
- တော်တော်တော်တော်တော် ပေါပေါပေမယ့်မယ့်မယ့် လဲလဲလဲလဲ ဆိုဆိုဆိုပြီးတင်တင်တင်ရဲရဲရဲ တာတာတာတာ လေးလေးလေးလေး စားစားပါတယ်တယ်တယ်။အာနာနာနာနာ သောအားဖြင့် ဘယ်တော့တော့တော့မှ မဆိုဆိုဆို ပါနဲ့ တောင်းတောင်းတောင်း ပန်ပါ တယ်တယ်တယ်။။။။။။။။။
- ဟေ့ကောင်ရေ ငါတို့မှာ အိန်အိန်း တစ်ယောက်နဲ့တင် တော်တော် ခေါင်းရှုပ်နေရတဲ့ကြားထဲကွာ။ ခွီးလိုမှပဲ။ ကိုယ့်ဘာသာကိုယ် ဂိမ်းဆော့နေစမ်းပါကွာ။ အသားလွတ် အဆဲမခံချင်ပါနဲ့။
- ဘယ်လိုပြောရမှန်းတောင် သိတော့ဘူး..........အခုတော့ fb နဲ့ You Tube မှာ ပြိုင်ဘက်မရှိ.....
- ထိုးတဲ့အခန်း တော်တော်လေးကို ပီပြင်ပါတယ်ဗျာ...
- လက်သီးနဲ့ မဟုတ်ဘဲ လက်ညှိုးနဲ့ဆို ပိုပြီး ပီပြင်သွားပါလိမ့်မယ်... :)
- ဘယ်သူ ဘာပြောပြော ခုအားလုံး လဲလဲလဲလဲလဲလဲ နေတာပဲ
- ခင်ဗျားပေါပါတယ် အဲ ဒါပေမယ့် ပေါရဲတဲ့ သတ္တိကို လေးစားတယ် xP
- စိတ်ညစ်တဲ့ အချိန်တိုင်း ဖြေဖျောက်စရာ entertainment လို့ပဲ သဘောထားပါတယ်
- အနည်းဆုံး အိန်းအိန်းတို့လို မဟုတ်တာပဲ ကျေးဇူးတင်ရမလိုလို
- နာမည်ကြီးသွားတဲ့အတွက် ဂုဏ်ယူပါတယ်
- ဆက်ပေါပါ....ပိုးစိုးပက်စက်ပေါပါ
- အရူးထတာက နာမည်ကြီးစေတယ် လူတွေကို ပျော်စေတယ်လို့ 
- စောက်ရူးဆက်ထလိုက်စမ်းပါဗျာ
- internet bill nha myaw tal . . မင်းတို့ ခေတ်ဆိုတော့လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ
- လုပ်ပေါ့ကွာ . ထိုးတဲ့ အခန်းမှာ တိုက်ပေါ်က နေ
- လွင့်သွားရမှာ
- အခု ခင်ဗျားတို့ရဲ့ ပါးစပ်ဖျားတွေမှာ အဲ့ကောင်သီချင်းတွေ မသိမသာလေးတွေ ရေရွတ်မိနေပြီမလား.....
- မနေ့ကရော ဒီနေ့ရော ပေါင်းလိုက်ရင် ၉ ခါရှိပြီ။ ကြည့်လို့ မဝသေးဘူး။ တခါတလေ လိုက်တောင် ဆိုမိနေသေးတယ်။ စာသားတွေက အရမ်းမိုက်တယ်။ I'll be your soldier ဆိုလား ဘာဆိုလားပဲ
- nicky.... nicky... comment တွေကတော့ အားရစရာပဲ မိုက်တယ်ကွာ နောက်ဆုံးထိုးတဲ့အခန်းမှာ တကယ်တိုက်ပေါ်က လွင့်သွားရမှာ အဲဒါမှ ပိုပီပြင်မှာ
- ဘာကြီးလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲ :)
- ဟော် ဟော် နောက်ဆုံး ထိုးခံရတာ ဘာကြောင့်လဲဆိုတာ ငါသိပြီ .. မင်းက ဒီသီးချင်းကို ပရိသတ်တွေ မကြိုက်ဖူးဆိုတာသိလို့… နောက်ဆုံး ပရိသတ်တွေ စိတ်ကျေနပ်စေဖို့ အထိုးခံလိုက်တဲ့ သဘောကိုး……
- ရှူးတောင်ထွက်တယ်....
- သူ့ ကြီးတော် ကြောင်ခေါ်နေတဲ့အသံကိုကြားပြီး သီချင်း idea ရသွားတာနဲ့ တူတယ်....
- လဲလဲလဲတွေအရမ်းများနေတော့ မိုက်တယ် မင်းအရမ်းလဲနေတော့ FACEBOOK ပေါ်က ငါတို့က အဲ့လိုလဲတာတွေမြင်ပြီး အာရုံတွေနောက်ပြီး ခေါင်းတွေကိုက်လာလို့  လဲပြီး သွားပြီ နစ်ကီရေ... ပေါချက်ကတော့ 9 လောက်ရှိတယ် အဟက်အဟက်
- အဟက် ... comment တွေ ကြည့်ပြီ ဘယ်က ဘယ်လို စပြောရမှန်းတောင် မသိတော့ဘူး ကွာ ...
- ကောင်းပါတယ် .. ပုံစံသစ် လေးပေါ့ လဲ လဲ လဲ လဲ ..
- နောက်တစ်ပုဒ်ကျ .. ပြဲ ပြဲ ပြဲ ပြဲ လေးဘာလေး ထည့်ဆိုဖို့ အစီအစဉ်ရှိလား .. ဟင် ..
- ဆက်ဆို ဆက်ဆို .. ဒါမှ မြန်မာနိုင်ငံကလူတွေ .. ရယ်ရမှာ ..
- ဘယ်လိုပြောမလဲဆိုတော့ . ဗဲရီးဂွတ်ပေါ့နော် .. အသံကလည်းကောင်း အကကလည်းကောင်း ..
- မကြာခင် နာမည်ကြီးလာမှာပါ .. အဖေ့ခြေရာ အဖိုးခြေရာလည်း .. အမီနင်းနိုင်တယ်နော် ( အဖိုး နေရဲမာန်နဲ့ အဖေ အိန်အိန်းလေ) ခိခိ တော်ပါတယ် တော်ပါတယ် ..
- performance နဲ့ idea တော့ စောက်ရမ်းမိုက်ပါတယ် သားကြီး... အသံလေးကတော့ နဲနဲ လေ့ကျင့်ဖို့လိုလိမ့်မယ်... ကောင်းတယ်ဆိုလဲလဲလဲလဲလ ဆက်လုပ်ပေါ့ကွာ..
- သားကြီး...စိတ်ဓာတ်မကျနဲ့ ... မင်း JB နဲ့ တစ်ထေရာတည်းပဲ.... အသံလေးပဲကွာတာ...
- performance က အရမ်းမိုက်တယ်ကွာ.... dressing ကလည်း စောက်ရမ်းပြည့်တယ်....
- ကြိုးစားကွာ...... နွားဖြစ်လိမ့်မယ် ~~ မွဲပြီးတော့
- နာတောင် မူးလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲ ချင်တွားဒယ်....... ငိငိငိ :P
- မိုက်တယ်ကွာ .... Wiz Khalifa တောင် Featuring ၀င်လုပ်ပေးထားတယ်...... haaahaa
- rap ဆိုတဲ့ကောင်ကိုတော့စောက်ရမ်းခိုက်သွားပြီ...........ha ha...
- Nicky ရေ... မင်းကို လူတွေက လှောင်သလိုလို ပြောင်သလိုလိုတော့ လုပ်နေကြပြီ...
- အဲဒီလူတွေပဲ ထပ်တလဲလဲလဲလဲလဲလဲလဲလဲ ကြည့်နေကြတာ...အဲဒီထဲမှာ ငါလည်းလည်းလည်းလည်း ပါပါတယ်... ဘာပဲဖြစ်ဖြစ်... လူတွေအတွက် Entertainment တစ်ခုကိုတော့ မင်း Create လုပ်သွားနိုင်တယ်... Big Congrats!!!! Keep it up!
- ငါ့ညီ.. အိပ်မက်ဆုံရာ ၀င်ပြိုင်ကြည့်ပါလား လား
- မြန်မာဂီတလောက Top (100) မှာ Top 1 ရှေ့က
- (၀) ချိပ်သွားသော သီချင်းလေးပါ
- ကဲ စိုင်းစိုင်းတို့ ရဲလေးတို့ ဆိုတေးတို့ရဲ့အဆိုဆရာ
- အိန်အိန်းရဲ့ အကနည်းပြ ကိုနစ်ကီဖြစ်ပါတယ်
- အရမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်းမ်း ကောင်းပါသည် ROFL
- JB ကတော့.. သူ့သံစဉ်ကြီးနဲ့.. တလဲ လဲ လဲ လဲ လဲ လုပ်နေတာကို... တွေ့ပြီး သတ်သေနေဦးမယ်.... လေတယ်.... ပေါချက်က 9 လောက်ရှိတယ်... ဓာတ်ပုံတွေကလည်း.... ဆော်လန်းလန်းလေးတွေ ပုံတွေဘယ်က download ဆွဲပြီး ထည့်ထားလဲတော့ မသိဘူး.... စိတ်ပိန်လိုက်တာ.... ကိုယ်တိုင်ရေး... ကိုယ်တိုင်ဆို... ကိုယ်တိုင်... ဒါရိုက်တာလုပ်... ကိုယ်တိုင်ပဲကြည့်ပြီး ယဉ်ယဉ်လေးနဲ့.. တလဲ လဲ လဲ လဲ လဲ.... လုပ်နေလိုက်တော့.. အဲ့ဒီတိုက်ပေါ်ကနေ ခုန်ချလိုက်ရမှာ..... ငပေါရေ.....။
- မြန်မာနိုင်ငံရဲ့ ဂီတလောကအတွက် အဲ့လို ပါရမီရှင်တစ်ယောက်ပေါ်ထွန်းလာတာ ဂုဏ်ယူစရာပါပဲဗျာ..... တကယ်ဝမ်းသာပါတယ်.... congratulation ပါ ကို nicky...... ဆက်သာလုပ်ဗျာ..... JB တို့ one direction တို့ လူမုန်းနည်းသွားလိမ့်မယ်ဗျ..... FIGHTING! ! !
- ဂုဏ်ယူပါတယ်ကွာ.. မျက်ရည်များတောင်လည်မိတယ်...။ သောက်ကျိုးနည်းကို ထောက်ခံပါတယ်.. ဆက်လုပ်ဖို့...။ ဟေဟေး
- hee hee.. သီချင်းရယ်ရတာထက်.. Comment တွေဖတ်ပြီး အူပါနာတယ်.... သားကြီးရာ..မင်း သီချင်း အောင်မြင်ချက်က 9 လောက် ရှိတယ်.. လေတာပေါ့ ငါ့သားရာ... မြှောက်ပေးတာတော့မဟုတ်ဘူး ဆက်သာလုပ်...သားကြီး. လူတွေလဲ ဒီလိုအပျင်းပြေ ဟာသလေး ဘာလေးကြည့်ရတော့ ပျော်ကြတာပေါ့ကွာ.
- ဘယ်လိုပြောရမလဲ ပေါ့နော် . . . ဒီလိုမျိုး တစ်ခါမှ ရှိခဲ့လိမ့်မယ်လို့  ထင်တောင် မထင်တောင် မထင်ရတဲ့ သီချင်းမျိုးကို တစ်ခါမှ မကြားဖူးလောက်တဲ့ အသံမျိုး နဲ့  တစ်ခါမှ မတွေ့ ခဲ့ဖူးတဲ့ Performance နဲ့  ပေါင်းစပ်တင်ဆက်လိုက်တဲ့ အခါ . . . အင်း . . . နောက်တစ်ခါ မမြင်ရ မကြားရပါစေ နဲ့ လို့  ဆုတောင်းမိတယ်ဗျာ . . .
- ကောင်းပါတယ်..ကောင်းပါတယ်....(စိတ်ပျက်ဖို့)....
- အသံက ရှားရှားပါးပါးပဲနော်....လည်ချောင်းကွဲသံနဲ့ပဲ....
- အက ကလည်းအရမ်းကောင်းတာပဲနော်.....နော်နော်...ဒါပဲနော်...
- နောက်တစ်ခါ...ကျရင်....အခွေထွက်မယ်ဆိုရင်ကြိုပြောနော်...ကြိုရယ်ထားလို့ရအောင်.....အဟဲ...
- ဟဲဟဲဟဲဟဲ ဟဲ အဟဲ အဟဲ....ဟဲဟဲ.ဟဲ.. ဒါနဲ့ ညီသီချင်းဆိုရင် ကောင်းတယ်လို့.. ဘယ်သူများ မြှောက်ပေးလိုက်တာလဲဟင်..... အဲ့ကောင်ကို သတ်ချင်လို့ပါ... ညီအမှားမဟုတ်ပါဘူး.....
- ညီလေး ဘာမှအားငယ်စရာမလိုပါဘူးကွာ။ ဒီလိုပါပဲ လူတွေကပြောတတ်ကြတာပါပဲ။ လူတွေစကားနားမယောင်နဲ့နော် ညီ။ မှားလိမ့်မယ်။ အဲဒါ အဆင်းဘီးတတ်နေတာလို့ခေါ်တယ်။ အကြံပေးရရင်တော့ နောက်ဆက်မလုပ်နဲ့ပေါ့ကွာ။ အားမငယ်နဲ့ ကြိုးစားတို့ ဘာတို့ ပြောကြတာတွေ လုံးဝနားမယောင်နဲ့နော် ညီ။ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ။ လိမ္မာပါတယ်ကွာ နော်။ စိတ်ဆင်းရဲလို့ပါ။ တောင်းပန်ပါတယ် အားတော့နာပါသော်လဲ လဲလဲ လဲလဲ လဲလဲ လဲလဲ :D
- ငါတို့နှစ်ယောက်ဘာလို့ဝေးရတာလဲလဲလဲလဲလဲလဲလဲ သိလား....ကြောင်တောင်ကန်းကန်းကန်းကန်း ဖြစ်နေနေနေနေနေ လို့လို့လို့လို့ သိပီလား...
- အကို တို.နှစ်ယောက်......ခွေ ထုတ်ဖို. အစီအစဉ်မရှိဘူးလားဗျ...........ကျွန်တော် စပွန်ဆာပေးချင်လို.ဗျ........ သီချင်းစာသားရော အသံရော တီလုံးတွေ ကော ၀တ်ပုံစားပုံတွေ က အစ အရမ်း မိုက်လို. .....ထုတ်ဖို.အစီအစဉ်ရှိရင် ဆက်သွယ်ပေးပါဗျာ.........:P XD
- ဘုရားဘုရား ဒ်ီတပုဒ်ထဲမှတ်တာ......ဆိုထားတာတွေမနည်းပါလားးးလားးးလားးးလားးးလားးး ဟ
- မှားပါတယ်။ ငါကိုကမှားပါတယ်။ နိုပ်မိတဲ့ငါ့လက်ကိုပဲ အပြစ်တင်ရတော့မယ်။ နေ့ချင်းညချင်း နာမည်ကြီးလာတဲ့ အဆိုတော်ဆိုလို့ ဝင်ကြည့်မိတာ လက်စတတ်တော့ လျှောက်သီးဆေးပြားရောင်းတဲ့ ဟာတွေထက်တောင် ဆိုးရွားနေသေးတယ်။
- သောက်ခွက်ပြောင်တယ်.....ထမင်းစားပြီး ကြည့်လိုက်တာ ဗိုက်တောင်နာတယ်။
- လေးစားတယ်.. ဖင်ဘဲ စောင့်ကန်ချင်တယ်..... :3
- ကျေးဇူးကြောင့် မျက်ရည်ကျအောင် ရယ်မိပါတယ်။
- ..သေရောကွာ...သေသင့်ပါတယ်ကွာ... လာကြည့်မိတဲ့ ငါသေသင့်ပါတယ်ကွာ.. တကယ်ပါ.. ငါမှာသွားတယ်ကွာ.. သေသင့်ပါတယ်ကွာ..။
- စာသားလေးတွေတော့မဆိုးပါဘူး........key မကိုက်တာရယ် recording တွေမကောင်းတာတွေကြောင့် ဂွမ်းတယ် ထင်ရတာပါ၊ သေချာ rec ကောင်းကောင်း tempo တကျလေး ဖြစ်မယ်ဆိုရင်တော့ နားထောင်ကောင်းလောက်မယ်။ ဒါပေမယ့် အရုပ်တွေတော့ မကြည့်ကြနဲ့ပေါ့ဗျာ............
- သူ့ ဘာသာသူ ၀ါသနာပါလို့ ရိုက်တင်တာ။ အတင်းလဲ ၀င်မကြည့်ခိုင်းဘဲနဲ့ ..နေရဲမာန်တို့ စောသက်တို့လို့ billboard တွေနဲ့ လူတွေကို မျက်စိဒုက္ခ၊ ကြော်ငြာတွေနဲ့ နားဒုက္ခ officially မှ မပေးသေးတာ။ entertainment တစ်မျိုးလို့ ပဲ သတ်မှတ်ပါတယ်။
- ဟိုလေ..ဒါမျိုးတွေ မတင်ပါနဲ့လား.. ခွီးးး... အူကိုတက်နေတာပဲ >.<
နိဂုံး
Posted by Ko Nyan Posted Time 4:33 AM 0 Comment(s)
Labels funny, ဗီဒီယို၊ ရုပ်ရှင် - Movies, မြန်မာ-Myanmar, သတင်း-News, ဟာသ-Funny
Monday, December 31, 2012
မြန်မာ့အတင်း၊ မြန်မာ့သတင်း သုံးသပ်ဝေဖန်ချက်
- စာမျက်နှာဘယ်လောက်နဲ့ သတင်းစာထုတ်မလဲ။ (ကျွန်တော်ကတော့ စာမျက်နှာ ၆ မျက်နှာ၊ သို့မဟုတ် ၈ မျက်နှာလောက်ပဲ ထုတ်သင့်တယ်လို့ ယူဆပါတယ်)
- စာရွက်ကို ဘယ်လိုအမျိုးအစားသုံးမှာလဲ။ (စာရွက်ကောင်းတွေဆိုရင် စာဖတ်သူတွေအတွက် ဈေးနှုန်းတွေ မတန်တဆ ပေးရမှာသေချာပါတယ်။ ဘယ်လိုမှ နေ့စဉ်ဝယ်ဖတ်လို့ အဆင်ပြေမှာ မဟုတ်ဘူး။ မြန်မာတိုင်းမ်က လက်ရှိသုံးနေတဲ့ စာရွက်အမျိုးအစားဆိုရင်၊ သို့မဟုတ် သုံးပြီးသား စက္ကူတွေကို ပြည်တွင်းမှာ ပြန်လည်ထုတ်လုပ်ထားတဲ့ စာရွက်သားဆိုရင်ရော)
- ဒေသတစ်ခုတည်းကိုပဲဖြန့်မှာလား၊ ဒေသတွေရွေးပြီးဖြန့်မှာလား။ (ကျွန်တော်ကတော့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စသည်ထက်စာရင် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စတဲ့အပိုင်းလိုက် လုပ်သင့်တယ်လို့ ထင်ပါတယ်)
- ဘယ်ဘာသာစကားနဲ့ ထုတ်ဝေမှာလဲ (အခုချက်ချင်းတော့ မသိပေမယ့် နောက်ဆိုရင်တော့ ကချင်နေ့စဉ်တို့၊ ချင်းနေ့စဉ်တို့၊ ရခိုင်နေ့စဉ်၊ ရှမ်းနေ့စဉ် စတဲ့ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားတွေနဲ့ ထုတ်ဝေတဲ့ သတင်းစာတွေ ထွက်လာမယ်လို့ ယုံကြည်နေပါတယ်။ ဒါကလည်း နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေပေါ်မှာ မှီတည်နေတာပါ)
Posted by Ko Nyan Posted Time 7:33 PM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, ဗီဒီယို၊ ရုပ်ရှင် - Movies, မြန်မာ-Myanmar, နိုင်ငံရေး
Thursday, October 11, 2012
Gangnam Styles
Posted by Ko Nyan Posted Time 2:19 AM 1 Comment(s)
Labels funny, ကျွန်တော့်အတွေးများ, ဗီဒီယို၊ ရုပ်ရှင် - Movies
Monday, September 10, 2012
မြန်မာဗီဒီယိုဇာတ်လမ်းတွေလိုသာ ဇာတ်သိမ်းလိုပါသည်
Posted by Ko Nyan Posted Time 11:11 AM 2 Comment(s)
Labels ၀တ္ထု-Novel, ကျွန်တော့်အတွေးများ, ဗီဒီယို၊ ရုပ်ရှင် - Movies, မြန်မာ-Myanmar, နိုင်ငံရေး
Monday, August 23, 2010
ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ
ဇာတ်ကားအမည် - ကောက်ကင်အောက်က ဆုံမှတ်
ဝတ္ထု - လမင်းမိုမို
ဇာတ်ညွှန်း - သမီးမြတ်ကျော်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - နေတိုး၊ အိန္ဒြာကျော်ဇင်၊ ချောရတနာ၊ အံ့မင်းညို
ကျွန်တော့်အမြင် - မထင်မှတ်ဘဲနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကျွန်တော်နဲ့ လုံးဝကို အငြင်းပွားရတဲ့ ဇာတ်ကားပါ။ သူတို့တွေအားလုံးက အဲဒီဇာတ်လမ်းဟာ မဖြစ်နိုင်ဘူးလို့ ခါးခါးသီးသီးပဲ ဆိုကြပါတယ်။ ကျွန်တော်ကတော့ ဇာတ်ညွှန်းရေးသူရဲ့ လိုအပ်ချက်အချို့နဲ့၊ နေတိုးရဲ့ သရုပ်ဆောင်ချက် မပီပြင်မှုတချို့ကြောင့် အဲလိုဖြစ်သွားရတယ်လို့ မြင်မိပါတယ်။ ၀တ္ထုစာအုပ်ကို ဖတ်ရတယ်ဆိုရင် ပိုကောင်းမယ်လို့ ပြောနိုင်တဲ့ ဇာတ်လမ်းမျိုးပါ။ အဲဒီဇာတ်ကားမှာ အိန္ဒြာကျော်ဇင်နဲ့ အံ့မင်းညိုရဲ့ သရုပ်ဆောင်မှုဟာ အမှတ်ပြည့်နီးပါး ပေးချင်စရာပါ။ အထူးသဖြင့် မထင်မှတ်ဘဲ အံ့မင်းညိုကြောင့် ဒီဇာတ်ကားဟာ အသက်ဝင်လာရတာကို တွေ့ရပါတယ်။ ၀တ္ထုရေးကတည်းက အဲဒီနေရာကနေ စာရေးဆရာမက ရေးထားသလားဆိုတာ သိချင်စမ်းပါဘိဗျာ။ အိမ်ထောင်ရေးပညာပေး ဇာတ်လမ်းတစ်ခုလို့ဆိုရင် "ဟင်" ဆိုပြီး မကြည့်ဘဲနေကြမှာစိုးလို့ ဘာမှတ်ချက်မှ မပေးလိုတော့ပါဘူး။ ငှားကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုလို့ ညွှန်းပါရစေ။
ဇာတ်ကားအမည် - ရေသည်ယောက်ျား
အောင်ဗပါဝါ ကိုယ်ပိုင်ရေးညွှန်း ရိုက်ကူးသည်။
သရုပ်ဆောင်များ - နေတိုး၊ အိန္ဒြာကျော်ဇင်၊ နေအောင်၊ သန်းသန်းစိုး၊ ဗေလုဝ၊ အေးအေးခိုင်
ကျွန်တော့်အမြင် - ဇာတ်ကားအစမှာ စာတန်းထိုးတဲ့အချိန် အောင်ဗပါဝါ ကိုယ်ပိုင်ရေးညွှန်း ရိုက်ကူးသည်လို့ မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ရင်ထဲမှာ ဘယ်လောက်အထိ နင်သွားတယ်ဆိုတာ အခုထိ ပြန်အမှတ်ရနေ မိသေးတော့တယ်။ "ဟာ... သွားပါပြီ" ဆိုတဲ့စိတ်နဲ့အတူ ဒီဇာတ်ကားကျမှ လေးချပ်တွဲကြီး ဖြစ်ရတယ်လို့ကွာဆိုပြီး အတော်ကြီးကို စိတ်ညစ်သွားခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်အထင်တွေ မှားသွားခဲ့ရပါတယ်။ ရှာမှရှားတဲ့ အောင်ဗပါဝါရဲ့ ထူးရှယ်ဇာတ်ကားပါ။ ကာရန်လိုလို၊ နဘေလိုလို၊ ဇာတ်ဟန်လိုလို၊ နတ်ဟန်လိုလို စကားလုံးတွေနဲ့ မနှိပ်စက်တဲ့ အောင်ဗပါဝါရဲ့ ဇာတ်ကားပါခင်ဗျား။ ဇာတ်လမ်းလေးကလည်း အရင့်အရင် ဇာတ်လမ်းတွေနဲ့ ဆီနဲ့ရေပမာ လားလားမျှမဆိုင်တဲ့ ဇာတ်လမ်းကောင်းလေးပါ။ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာကိုတော့ မစဉ်းစားကြေးပေါ့ဗျာ။ နော။ အင်္ဂလန်ပြန် သူဌေးသမီးတစ်ယောက်ကလည်း ရေသန့်ပို့တဲ့ ကားသမားကို ကြိုက်နိုင်တာပါပဲ။ အဲလိုအဖြစ်တွေမှ တစ်ပုံကြီးပဲ။ ဘယ်မှာလဲလို့တော့ ကျွန်တော့်ကို လာမမေးနဲ့ဗျာ။ ကျွန်တော်ကိုဉာဏ် ဖြေရခက်တယ်ဗျ။ မရမကမေးမယ်ဆိုလည်း ဖြေရတာ အလွယ်လေးပါ။ မခက်ပါဘူး။ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေထဲမှာလို့ ပြောလိုက်မှာပေါ့။ ဟုတ်ဖူးလားဗျ။ အမြဲတမ်းလိုလို ပေါတောတော ဗေလုဝက ဒီဇာတ်ကားမှာ တကယ့်ကို ဇာတ်ပို့စစ်စစ်ကြီး ဖြစ်နေပါရောလား။ သူ့ကိုကြည့်ပြီး မရယ်ဘဲကို မနေနိုင်ဘူး။ အောင်ဗပါဝါရဲ့ ရင်တွင်းဖြစ်ခံစားချက် အချို့ကိုလည်း ဒိုင်ယာလော့ခ်တွေ အနေနဲ့ ဖောဖောသီသီ ထည့်ထားပါသေးသဗျာ။ ငှားကြည့်ဖို့ ညွှန်းချင်သဗျ။ ဟိုးအရင်က အောင်ဗပါဝါရဲ့ စပါယ်ရှယ်ကားတွေကြောင့် ဒေါသတွေ ပွားခဲ့ရသူတွေအတွက် အောင်ဗပါဝါက အကြွေးပြန်ဆပ်တဲ့ကားလို့ ကျွန်တော်က ဆိုလိုက်ချင်သေးတယ်။ ဆရာအောင်ဗပါဝါရေ... မကောင်းရင်လည်း ကျွန်တော်က မကောင်းဘူးပဲ။ ဒီဇာတ်ကားအတွက်တော့ ခင်ဗျားကို ချီးကျူးပါရဲ့ဗျာ။ အဲလိုလေးတွေ ရိုက်တတ်ရဲ့သားနဲ့ ပေါတောတောတွေ မလုပ်ပါနဲ့ဗျ။ အောင်ဗပါဝါဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ ကျွန်တော်တို့က ကြောက်နေခဲ့တာဗျ။ အခုတော့ နည်းနည်းအကြောက်ပြေသွားပါပြီ။
ဇာတ်ကားအမည် - တိမ်လွင့်သွားတဲ့ကောင်းကင်
ဇာတ်လမ်း - မောင်မောင်မြင့်သိန်း
ဇာတ်ညွှန်း - လှဝင်း (ဘောဂဗေဒ)
ဒါရိုက်တာ - ကုသိုလ်
သရုပ်ဆောင်များ - ရန်အောင်၊ ပြေတီဦး၊ မိုးဟေကို၊ ကိုပေါက်
ကျွန်တော့်အမြင် - (အင်း...) အခုတလော ကျွန်တော့်ကြည့်သမျှ ဇာတ်ကားတွေကလည်း တကယ့်လက်တွေ့နဲ့ ကင်းကွာနေတာတွေချည်းပဲ။ အားလုံးကို ရုပ်ရှင်ပဲလေ၊ ဗီဒီယိုပဲလေလို့ ဖြည့်တွေးပေးပြီး ကြည့်နေရတယ်။ လူတစ်ယောက်ရဲ့ အသက်ကို အကြွေးတောင်းတယ်၊ အတောင်းခံရသူကလည်း လက်ခံတယ်၊ သတ်မယ့်လူကလည်း အိမ်မှာလိုက်နေတယ်။ ကဲ... ဒီလောက်ဆိုရင် စဉ်းစားသာ ကြည့်ပါတော့ဗျာ။ ပြောတော့ဖြင့် ဒီနေ့ခေတ်ကြီးက ဘာခေတ်၊ ညာခေတ်ဆိုဗျ၊ ဘယ်လိုဖြစ်ပြီး ဘိုးတော်ဘုရားခေတ်က အတွေးအခေါ်တွေကို ဇာတ်လမ်းဆင်နေရတာတုန်းဗျ။ ဒီနေ့လူငယ်တွေအတွက် အသိဉာဏ်ပညာတွေ ပွင့်သွားစေမယ့်၊ ဘ၀တိုက်ပွဲတွေအတွက် အားအင်တွေ ဖြည့်စွမ်းပေးနိုင်မယ့် ဇာတ်လမ်းမျိုးတွေကို မစဉ်းစားကြ၊ မရေးသားကြ၊ မရိုက်ကူးကြတော့ဘူးလားဗျ။ ဒီဇာတ်ကားကိုကြည့်ပြီး ဘာရသလဲလို့မေးရင် ဘာမှမရဘူးလို့ပဲ ဖြေရမှာပဲ။ ရန်အောင်နဲ့ ပြေတီဦးရဲ့ သရုပ်ဆောင် အားပြိုင်မှုကိုတော့ မြင်တွေ့ခွင့်ရတာပေါ့ဗျာ။ ဒါကလည်း သူတို့အတွက် ထမင်းစားရေသောက်ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် မိုးဟေကိုကို ကြည့်ချင်တဲ့အတွက် ဒီဇာတ်ကားကို ငှားကြည့်ဖြစ်တာဗျ။ သူ့ခမျာလည်း သနားပါရဲ့။ ဇာတ်ကားတစ်ခုလုံးမှာ ရယ်ရတဲ့အခန်းဆိုလို့ နှစ်ခန်း၊ သုံးခန်းလောက်ပဲ ပါရရှာတယ်။ တကယ့်ကို ငိုပွဲသဘင် ဆင်နွှဲနေရရှာသကိုး။ ကုသိုလ်တို့ရိုက်ချက် ပြင်းပါ့ဗျာ။
ဇာတ်ကားအမည် - အန်ကယ်ဖေဖေ
ဇာတ်လမ်း - သြရသ
ဇာတ်ညွှန်း - မြင့်သန်းအောင်
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - လူမင်း၊ ရတနာခင်၊ ၀တ်မှုန်ရွှေရည်၊ ဟိန်းမင်း၊ မျိုးမျိုးခိုင်
ကျွန်တော့်အမြင် - လူမင်းကို ပိုက်ဆံပေးချင်တာများဗျာ။ ဒီအတိုင်းပေးလိုက်ရင် ကျေးဇူးတင်မယ့်ကိစ္စကို အလကားနေရင်း ဇာတ်ကားထဲမှာ သရုပ်ဆောင်ခိုင်းနေသေးတယ်။ လူမင်းပေးရတဲ့ ပိုက်ဆံရဲ့ နှစ်ဆလောက်ကို ပရိသတ်ဆီက ပြန်လိုချင်တော့ ဘာလုပ်တယ်ထင်လဲ။ ၀တ်မှုန်ရွှေရည်ကို ကောက်ထည့်လိုက်တာပေါ့။ အင်း... သူလေးကလည်း.. သူလေးပါပဲလေ။ ငယ်ဂုဏ်လေးနဲ့ ကလေးလိုလို၊ (အင်း) ကလေးလိုလိုပေါ့ဗျာ ဆိုတော့ကာ ကျွန်တော်တို့လည်း ငှားကြည့်ရတော့တာပေါ့။ မယုံမရှိနဲ့ဗျို့... ဒီိခေတ်ကြီးထဲမှာ ၀က်သားစားလို့ လင်မယားကွဲတယ်ဆိုတာ ရှိသေးတယ်ဗျ။ မယုံဘူးလား၊ မယုံရင် အန်ကယ်ဖေဖေကို ငှားကြည့်။ အဲဒီအထဲမှာ တကယ်ကွဲတယ်။ လူမင်းက ၀က်သားစားတယ်။ ရတနာခင်က နတ်ကိုယုံကြည်တယ်။ အဲဒီမှာ ပြဿနာဖြစ်တယ်။ ရှင် ၀က်သားကိုဖြတ်မလား၊ ကျွန်မကို ဖြတ်မလားဆိုတော့ ၀က်သားကို မဖြတ်နိုင်ဘူးတဲ့။ အဲဒီမှာ လင်မယားကွဲသွားတယ်။ လွယ်လိုက်တာဗျာ။ တကယ်တမ်း ဒါရိုက်တာပြချင်တာက အဲဒါမျိုး ဟုတ်မယ်မထင်ပါဘူး။ အဲ... သူက လူပျိုကြီးဆိုတော့လည်း လင်မယားဆိုတာ အဲလို လွယ်လွယ်ကလေး ကွဲလို့ရတယ်လို့ ထင်နေတာဖြစ်မယ်ဗျ။ သမီးလေးတစ်ယောက်နဲ့ လင်မယားက ကွဲသွားလိုက်ပုံက စားပွဲပေါ်က ဖန်ခွက်ပြုတ်ကျတာ ကျနေတာပဲ။ အရွယ်ရောက်နေတဲ့ သမီးနဲ့ တစ်ခန်းထဲမှာ အတူနေတာကလည်း အများပြောမယ်ဆို ပြောစရာပါပဲ။ ပိုဆိုးတာက ဇာတ်လမ်းသဘောပေါ့ဗျာ။ ထားပါတော့။ ဖအေလုပ်သူက သမီးပျော်စေချင်လို့ အတင်းလိုက်ပြီး ယောက်ျားပေးစားတဲ့ ပုံစံကြီးကတော့ လွန်လွန်းတယ်ထင်တယ်ဗျာ။ သမီးကလည်း ယူမှာပဲ၊ ယူမှာပဲဆိုပြီး ဟိုဒင်းဖြစ်၊ ဖအေကလည်း သမီးချစ်နေတဲ့ကောင်လေးကို ယူပါကွာ၊ ယူပါကွာဆိုပြီး အတင်းလိုက်ပေးစားနဲ့ အားပါးပါး တကယ့်ကို နိုင်ငံတကာအဆင့်မီပါဗျို့။ ကိုယ့်ဟာကိုယ် တွဲဖက်ဒါရိုက်တာလုပ်ပြီး ပညာရင်နို့သောက်စို့နေတာ ဟုတ်နေရဲ့သားနဲ့ ရွှေဉာဏ်တော်တွေ ကွန့်မြူးပြီး ဇာတ်လမ်းတွေဘာတွေ ထရေးလိုက်တော့ ဖြစ်ပြီပေါ့ဗျာ။ သြရသရေ... ထိုင်နေအကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ ဆိုတဲ့ မြန်မာစကားပုံ ရှိတယ်ဗျ။ ကဲပါဗျာ... အတိုဆုံး မှတ်ချက်ပေးရရင်... မြန်မာမျက်စိနဲ့မကြည့်၊ မြန်မာနားနဲ့ နားမထောင်ဘဲ ကြည့်ရှုမယ်ဆိုရင်တော့ ၀တ်မှုန်ရွှေရည်လေးက ချစ်စရာကောင်းသားဗျ။ ကြည့်ပြီးခါမှ တောက်တခေါက်ခေါက်နဲ့ ဖြစ်သွားရင်လည်း ကျွန်တော့်အလွန် မဟုတ်ကြောင်းပါနော်။
ဇာတ်ကားအမည် - ပျားရည်ရောင်လမင်း
ဇာတ်ညွှန်း - ထူးနွယ်အိမ်
ဇာတ်လမ်းနှင့် ဒါရိုက်တာ - မောင်မျိုးမင်း
သရုပ်ဆောင်များ - ပြေတီဦး၊ ရန်အောင်၊ မိုးဟေကို
ကျွန်တော့်အမြင် - နည်းနည်းပါးပါး ရယ်ရတယ်။ များများစားစား စိတ်ညစ်ရတာတွေလည်းပါတယ်။ ကောင်းသလိုလို ထင်ရတယ်။ မကောင်းဘူးလို့လည်း ပြောလို့ရတယ်။ ဟာကွာ... မင်းဟာက ဘာတွေပြောနေမှန်းလည်း မသိဘူး။ ရှုပ်နေတာပဲလို့ စာဖတ်သူက ပြောချင်နေပြီလား။ ဟုတ်တယ်ဗျ... ကျွန်တော်လည်း အဲဒီဇာတ်ကားကို ကြည့်ရတဲ့အချိန်မှာ အဲဒီလို ဖြစ်ခဲ့ရတာကိုး။ ဘာတွေမှန်းကို မသိဘူး။ ကျွန်တော်ကိုကပဲ လိုက်မမီတာလား မသိပါဘူးဗျာ။ မဟုတ်ကဟုတ်က ပေါက်ကရ စဉ်းစားတတ်ရင် သူများနဲ့မတူတဲ့ ဇာတ်လမ်းဖြစ်သလားဆိုတဲ့ မေးခွန်းတစ်ခု ကျွန်တော့်ခေါင်းထဲမှာ ပေါ်နေတယ်ဗျ။ အေးဗျာ... အပျင်းပြေ ကြည့်မှာဆိုရင်တော့ ပြေတီဦးနဲ့ မိုးဟေကိုကြောင့် ကြည့်ပျော်မှာပါ။
ဇာတ်ကားအမည် - ရင်ခုန်သံဖြည့်ဘက်
ဝတ္ထု - လမင်းမိုမို
ဇာတ်ညွှန်း - ဆုသြချယ်
ဒါရိုက်တာ - သိန်းဟန် (ဖီးနစ်)
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ အိန္ဒြာကျော်ဇင်၊ ၀ိုင်းစုခိုင်သိန်း
ကျွန်တော့်အမြင် - ဗီဒီယိုကို ဗီဒီယိုအမှတ်နဲ့ကြည့်ဆိုတဲ့ နောက်ထပ် ဇာတ်လမ်းတစ်ခုပေါ့ဗျာ။ ကျော်ရဲအောင်ရဲ့ ဖန်တစ်ရာတေနေတဲ့ သရုပ်ဆောင်မှုပုံစံတွေကို မငြီးငွေ့သေးဘူးဆိုရင်တော့ ကြည့်လို့ကောင်းမှာပါ။ ထွန်းအိန္ဒြာဗိုကတော့ ၀ါရင့်သရုပ်ဆောင် ဆိုတဲ့ဂုဏ်ကို အပြည့်အ၀ကို ထိန်းနေပြီဗျ။ မျက်လုံးတွေ၊ နှုတ်ခမ်းတွေနဲ့ စကားတွေပြောသွားလိုက်တာများ ခဏခဏ ပြန်ရစ်ကြည့်ရတယ်။ မင်းသမီးသစ်လေးတွေ အတုယူသင့်တယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ အိမ်ထောင်ရေးဟာလည်း ဈေးကွက်ဝင်နေပြီဆိုတာ အတိအလင်းကို ချပြနေကြပြီကိုး။ ဖြစ်တဲ့ရောဂါနဲ့ ကျော်ရဲအောင်နေထိုင်ပုံကို ပြတာကလည်း လမိုင်းမကပ်လိုက်တာဗျာ။ ချက်ချင်းသေသင့်တယ်။ ဆရာဝန်ဆိုတဲ့လူကလည်း သူ့လူနာအကြောင်းကို အခြားတစ်ယောက်ကို အဲသလိုမျိုး ပြောခွင့်ရှိသလားဆိုတာ စဉ်းစားစရာပဲ။ ဒီလောက်ကြီး ဆရာဝန်တွေကို မကောင်းမြင်နေပါတယ်ဆိုမှ။ အပြမတတ်တော့ သောက်တလွဲတွေ ဖြစ်ကုန်တာပေါ့ဗျာ။
ဇာတ်ကားအမည် - သဲကိုးဖြာအချစ်
ဝတ္ထု - လမင်းမိုမို
ဇာတ်ညွှန်း - ကိုရွှေမိုးသက်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - ပြေတီဦး၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ ဆုပွန်ထွာ၊ မျိုးမျိုးခိုင်
ကျွန်တော့်အမြင် - တကယ့်မဟာကရုဏာတော်ရှင် အချစ်သူရဲကောင်းကြီးတွေကို ကြည့်ချင်သပဆိုရင် ဒီဇာတ်ကားကို မဖြစ်မနေ ငှားကြည့်ကြပါဗျာ။ ပြောသာပြောရတာ... ဟုတ်တော့လည်း ဟုတ်သားဗျ။ ဇာတ်ကားထဲက သူတို့လိုမျိုး အခြေအနေဆိုရင်တော့ ကျွန်တော်လည်း သူတို့လို အချစ်သူရဲကောင်း ဖြစ်ချင်လိမ့်မယ်ထင်တယ်။ ဒီဇာတ်ကားမှာ ပြေတီဦးနဲ့ စိုးမြတ်သူဇာရဲ့ သရုပ်ဆောင်မှုကတော့ လက်ဖျားခါမိပါရဲ့ဗျာ။ အမယ်... ခင်ထုံလို့ ကျွန်တော်ကခေါ်တဲ့ ဆုပန်ထွာကလည်း သူ့ဇာတ်ရုပ်နဲ့ ကွက်တိပါဗျာ။ ဒါရိုက်တာ တော်ပါဘိ။ ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာတွေ မစဉ်းစားနဲ့ဗျာ။ သရုပ်တွေအားလုံးက အပိုအလိုမရှိ ကွက်တိတွေ သရုပ်ဆောင်ထားကြတယ်။ ဇာတ်လမ်းလေးကလည်း မတူဆန်းပြားတဲ့ အတွေးလေးဗျ။ ငှားကြည့်ဖြစ်အောင် ကြည့်လိုက်စမ်းပါလို့ လက်တို့ပါရစေဗျာ။ စိုးမြတ်သူဇာရဲ့ မျက်နှာအမူအရာတွေဟာ ဇာတ်ကားပြီးသွားတဲ့အထိ စွဲကျန်ရစ်ခဲ့တယ်ဗျ။ အဲဒါကြောင့်လည်း မကြီးစိုးတို့ အခုအချိန်အထိ ပန်းပန်နေနိုင်တာ ဖြစ်မှာပါဗျာ။ တကယ်တော်ပါတယ်။
ဗီဒီယိုဇာတ်ကားတွေအကြောင်း ရေးပါဦးလို့ တိုက်တွန်းကြသူတွေအတွက် အချိန်ပေးပြီး ရေးလိုက်တာပါဗျာ။ ကြည့်ခဲ့သမျှ ဇာတ်ကားအကုန်လုံးကို ပြန်ရေးမပြနိုင်တာကို စိတ်မကောင်းဘူး။ အချိန်လည်း မပေးနိုင်သလို၊ သိပ်ပြီးတော့လည်း ရေးချင်စိတ် မရှိလို့ပါ။ အချို့အချို့တွေအတွက် ကျေနပ်စေတယ် သဘောကျစေတယ်ဆိုရင် ကျွန်တော်ရေးရကျိုး နပ်ပါတယ်။ မကြိုက်တဲ့လူတွေကတော့ ကျော်ဖတ်လိုက်ပါဗျာ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၃ ရက်၊ တနင်္လာနေ့။
ညနေ ၄ နာရီ ၃၈ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 4:39 PM 3 Comment(s)
Labels ဗီဒီယို၊ ရုပ်ရှင် - Movies
Monday, July 05, 2010
ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ
(၁)
ဝတ္ထု - အိုစွမ်းပြည့်
ဇာတ်ညွှန်း - ဇော်မြင့်ဦး
ဒါရိုက်တာ - မလိခ စိုးထိုက်အောင်
သရုပ်ဆောင်များ - ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ သန်းသန်းစိုး၊ ဘုန်းလျှံ
ကျွန်တော်တို့ဆီက မင်းသား၊ မင်းသမီးတွေ ဘယ်လောက်များ တော်လိုက်သလဲဆိုရင် မာနချင်းပြိုင်နေတာတောင် မာနချင်းပြိုင်နေတယ်လို့ မထင်ရဘူး။ ဘေးကဇာတ်ပို့တွေက စကားလုံးတွေသုံးပြီး နင်တို့နှစ်ယောက်က မာနချင်းပြိုင်နေတာကိုးတို့၊ နင်ကလည်း မဟုတ်တဲ့မာနတွေ ထားနေပြန်ပြီတို့ စသည်စသည်ဖြင့် ပို့ပေးခါမှပဲ သြော်... သူတို့နှစ်ယောက်က မာနချင်းပြိုင်နေကြပါလားလို့ သိရတော့တယ်။ ချီးကျူးလို့ကို မဆုံးဘူး။ အခြားဇာတ်ကားတွေမှာလိုမျိုး ရှူးရှူးရှဲရှဲကြီးတွေဖြစ်ပြီး မာနပြိုင်တာ၊ ဒေါသထွက်တာမျိုး မဟုတ်တဲ့အတွက်တော့ သဘောကျမိတာအမှန်ပဲ။ ခန့်စည်သူက နည်းနည်းလှုပ်ပေမယ့် စိုးမြတ်သူဇာက ဒီဇာတ်ကားမှာ နည်းနည်းများ အငြိမ်လွန်နေသလားလို့ တွေးနေမိတယ်။ ဒေါသထွက်ရင်တောင် ခေါင်းအေးအေးနဲ့ ထွက်မယ်ဆိုတဲ့ ပုံစံမပေါက်ဘဲ စိတ်မပါလက်မပါ သရုပ်ဆောင်နေသလားရယ်လို့တောင် တွေးမိစေတယ်။ အချို့စကားပြောခန်းတွေဆိုရင် တအားပေါ့လွန်းတယ်။ ဇာတ်လမ်းကို ဆွဲခေါ်သွားပုံကတော့ သဘောကျစရာပါ။ ဇာတ်ညွှန်းဆရာ တော်တယ်လို့ ချီးကျူးရမယ်။ ကျွန်တော့်အထင်ပြောရရင် သရုပ်ဆောင်ပညာကို ကျွန်တော်နားမလည်နိုင်တဲ့အတွက် သူတို့သရုပ်ဆောင်မှုတွေကို အပြစ်မြင်နေမိတယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇာတ်ကားတစ်ခုလုံး ပြီးသွားတဲ့အထိ စိတ်ဝင်စားမှုကို တစ်ပြားလေးမှ မလျှော့သွားအောင် ဆွဲခေါ်သွားနိုင်တဲ့ ဒီဇာတ်ကားကို အမှတ်ပေးထားမိလို့ပါပဲ။ ငှားကြည့်ဖြစ်အောင် ငှားကြည့်သင့်တဲ့ကားလို့ ဆိုချင်ပါတယ်။
(၂)
ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ - စိုးကျော်ဆန်း
သရုပ်ဆောင်များ - စွမ်း၊ မိုးယုစံ၊ မေသဉ္ဖာဦး၊ ကြည်လဲ့လဲ့ဦး၊ ကောင်းစံ၊ မျိုးမျိုးခိုင်
ကျွန်တော်ဘယ်တုန်းကမှ မကြည့်တဲ့မင်းသားမို့ မယူပါဘူးဆိုတာကို ဗီဒီယိုဆိုင်က အစ်မကြီးက အတင်းပေးလိုက်တဲ့အတွက် ကြည့်ဖြစ်တဲ့ကားပါ။ ရယ်ရတယ်ဆိုပြီး အတင်းထည့်ပေးလိုက်တာပါ။ အခြားဇာတ်ကားသစ် ကြည့်စရာမရှိတဲ့အချိန်မို့ အောင့်ကာနမ်းလိုက်ရပါတယ်။ ဇာတ်ကားနာမည်မှာ မေးထားသလိုပါပဲ။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ ဘာတတ်နိုင်သေးလဲဆိုရင် ဟုတ်ကဲ့... ဘာမှမတတ်နိုင်ပါဘူးလို့ပဲ ဖြေရပါတော့မယ်။ လက်တွေ့ဘ၀တွေ၊ သရုပ်မှန်တွေ၊ သဘာဝကျတာတွေ၊ ဘာတွေညာတွေကို မတွေးတော့ပါဘူး။ ဗီဒီယိုဇာတ်ကားကို ဗီဒီယိုဇာတ်ကားလို့သာမှတ်ကွလို့ ကိုယ့်ဘာသာကိုယ် ပြန်ဆုံးမရပါတယ်။ ရှေးခေတ်ဟောင်း အဖြူအမည်းဓာတ်ပုံ သုံးလေးပုံပြပြီး ဆွေတော်မျိုးတော်ဆိုပြီးလုပ်၊ အစ်မကြီးသုံးယောက်က တစ်ယောက်တစ်မျိုးစီနဲ့ ညီမအငယ်ဆုံးလေးရဲ့ ချစ်သူရည်းစားကို ပညာပေးနှိပ်ကွပ်တဲ့အကြောင်း ရိုက်ပြထားတာပါ။ ဒိုင်ယာလော့ခ်တွေအတွက် သုံးနှုန်းထားတဲ့ စကားလုံးတွေကို နားထောင်ရင်း ကြက်သီးတောင် ထမိသေးတော့တယ်။ အိမ်က အမေ့ရှေ့မှာများ အဲဒီလိုသွားပြောမိရင် "စကားကို ယဉ်ယဉ်ကျေးကျေး မပြောတတ်ဘူးလား" ဆိုပြီး ကျွန်တော်ကိုဉာဏ်တစ်ယောက် ဒီအရွယ်ကြီးနဲ့ ခေါင်းအခေါက်ခံရဦးမယ် ထင်ပါရဲ့။ သူတို့တွေတော့ ပြောနေကြတာ အေးအေးဆေးဆေးပဲ။ ချစ်သူသက်တမ်း နှစ်ပတ်လည်နေ့အတွက် အပြင်သွားဖို့ဆိုပြီး မိုးယုစံဝတ်စားလာတာကို ကင်မရာမင်းကလည်း ကွက်ကွက်ကွင်းကွင်း၊ ရှင်းရှင်းလင်းလင်းကို ရိုက်ပြထားလေတော့ ကျွန်တော်ကိုဉာဏ် ကြည့်နေရင်းနဲ့ တံတွေးတွေ ခဏခဏ မြိုချရပါသေးလား။ ပေါင်လယ်လောက်အထိ တိုနှံ့နှံ့ဝတ်ထားပြီး လှေကားပေါ်ကနေ ဆင်းလာတာကို ရိုက်ပြထားပုံက အံ့လောက်စရာပါခင်ဗျ။ အစ်မကြီးတွေကို ငပေါမကြီးတွေ လုံးလုံးဖြစ်အောင် သရုပ်ဖော်ပြသွားပုံကလည်း သင်းတယ်ခင်ဗျ။ ရယ်စရာကောင်းတဲ့အခန်း ၄-၅ ခန်းလောက် ကြည့်လိုက်ရတဲ့အတွက်တော့ ကျေးဇူးတင်မိသေးတော့တယ်။ မိုးယုစံကို သွားခိုးဖို့အတွက် လှေကားတွေဘာတွေ အကျအနထောင်ပြီး စွမ်းတို့တူဝရီးနှစ်ယောက် သံဆူးကြီးခွေတင်ထားတဲ့ နံရံတံတိုင်းကို ကျော်သွားပုံကတော့ စောရတွေအတွက် သင်ခန်းစာပေါ့ခင်ဗျ။ မှတ်သားသင့်ကြပါတယ်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်ဆိုတဲ့စကားလည်း ရှိတယ်မဟုတ်လား။ ကျွန်တော်က ပုဂ္ဂိုလ်မချစ်တော့လည်း အပြစ်တွေဖြစ်နေတာ ဖြစ်နေနိုင်ပါတယ်။ ကြည့်မိပြီးမှတော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့ပါဘူးဗျာ။
(၃)
တွဲဖက်ဒါရိုက်တာ - ပုညကုသိုလ်
ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ - ကုသိုလ်
သရုပ်ဆောင်များ - မြင့်မြတ်၊ စိုးမြတ်နန္ဒာ၊ နွဲ့နွဲ့မူ၊ ဇော်ဝင်းနိုင်၊ ကုသိုလ်၊ ဦးခိုင်တင်၊ ဒေါ်တင်တင်လှ၊ ဆင်မ
တစ်ကားလုံး ကောင်းလာပြီးခါမှ ဇာတ်သိမ်းပုံကြောင့် စိတ်ပျက်သွားရတယ်။ အရသာရှိရှိနဲ့ ခပ်မြိန်မြိန်ကြီး ထမင်းစားလို့ပြီးခါနီးမှ အစားပိတ်အနေနဲ့ နောက်ဆုံးသောက်လိုက်တဲ့ ဟင်းရည်ထဲမှာ ဆံပင်မွှေးရှည်ကြီး မြင်လိုက်ရသလို ဖြစ်သွားရတယ်။ ဇာတ်သိမ်းခန်းကိုသာ ယုတ္တိရှိရှိလေး လုပ်ပြနိုင်ခဲ့မယ်ဆိုရင် ဒီဇာတ်ကားကို အမှတ်ပြည့်ပေးမိမှာ အမှန်ပါပဲ။ မဟုတ်မခံ ခပ်ဆိုးဆိုး မောင်နှမနှစ်ယောက်အဖြစ် မြင့်မြတ်နဲ့ စိုးမြတ်နန္ဒာက အကောင်းဆုံး သရုပ်ဆောင်သွားနိုင်ပါတယ်။ အထူးချီးကျူးချင်တာက ဒါရိုက်တာကုသိုလ်ရဲ့ ဇာတ်ပို့တွေရွေးချယ်မှုနဲ့ နေရာချထားမှုဖြစ်ပါတယ်။ သူ့နေရာအလိုက် အပိုအလိုမရှိတဲ့ သရုပ်ဆောင်တွေဖြစ်တာကို တွေ့ရတယ်။ အထူးသဖြင့် ဇော်ဝင်းနိုင်ဟာ ရသမျှလုပ်ကွက်အတွက် ပရိသတ်ရဲ့ လက်ခုပ်သံကို အပြည့်ယူသွားခဲ့တယ်။ ရုပ်ရှင်ဇာတ်ကားကြီး တစ်ခုခုမှာသာ လုပ်ကွက်ကောင်းကောင်းရခဲ့ရင် အကယ်ဒမီဆု ရသင့်နေပြီဖြစ်တဲ့ ဇာတ်ပို့ကောင်းတစ်ယောက်ပါ။ ကုသိုလ်ပေးချင်တဲ့ message ကေ၀၀ါးနေသလို ခံစားရတယ်။ ဘာကိုပေးချင်တာလဲလို့ တွေးလို့မရဘူးဖြစ်မိတယ်။ အဲဒီလိုဖြစ်အောင်လည်း ဇာတ်ကားနာမည်က လာပြီးနှောင့်ယှက်တယ်။ တကယ်ဆိုရင် အဲဒီနာမည်အစား အခြားနာမည်တစ်ခုကို ဇာတ်ကားအမည်ရွေးသင့်တယ်။ အခုတော့ "အိမ်" ဆိုတဲ့နာမည်နဲ့ ကျွန်တော်တွေးမိတာတွေက တခြားစီတွေဖြစ်ကုန်တယ်။ ဒါရိုက်တာရဲ့ဉာဏ်ကို ကျွန်တော်လိုက်မမီတာလည်း ဖြစ်နိုင်ပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးမှာ ကျွန်တော်အကြိုက်ဆုံးက ဒိုင်ယာလော့ခ်စကားတစ်ခွန်း ဖြစ်ပါတယ်။ အခုအချိန်အထိ နားထဲမှာ ပြန်ကြားနေတုန်းပဲ။ ဘယ်အချိန်အထိ အဲဒီစကားသံက ကျွန်တော့်နားထဲမှာ လွှမ်းမိုးပဲ့တင်ထပ်နေဦးမယ် မသိပါဘူး။
"ရွေးချယ်စရာရှိရင်တော့ နောင်တမရမယ့်လမ်းကိုပဲ ရွေးချယ်မှာပေါ့" တဲ့။
ရွေးချယ်စရာရှိရဲ့သားနဲ့ နောင်တတွေကို ပျော်ပျော်ကြီး စားသုံးလျှောက်လှမ်းနေကြတဲ့ လူတချို့ရဲ့မျက်နှာကိုမြင်ပြီး ကျွန်တော်သက်ပြင်း ချလိုက်မိတယ်။ ကျွန်တော်ဆိုရင်ရော ဘာလုပ်မှာပါလိမ့်???
(၄)
ဝတ္ထု - ကိုငြိမ်းဦး
ဇာတ်ညွှန်း နှင့် ဒါရိုက်တာ - ဗန်းကြီး (ခ) မောင်အောင် (ရူပဗေဒ)
သရုပ်ဆောင်များ - မိုးအောင်ရင်၊ နေအောင်၊ အောင်ခိုင်၊ န၀ရတ်၊ သိင်္ဂီထွန်း
လက်ဝှေ့နဲ့ ပတ်သက်တဲ့ ဗဟုသုတအချို့ သိခွင့်ရတဲ့အတွက်တော့ ကျေနပ်မိတယ်။ မိန်းမစိတ်ဝင်နေတဲ့ သားကို ပြုပြင်ပေးဖို့အတွက် ကိုယ့်ရုံးက အလုပ်သမားကို တာဝန်ပေးတာကိုတော့ နည်းနည်းလေး တွေးမရဖြစ်မိတယ်။ အလုပ်ရှင်နေအောင်နဲ့ အလုပ်သမား န၀ရတ်ကလည်း ရင်းနှီးတာလည်း မဟုတ်ပါဘူး။ စိတ်ပညာနဲ့ ကျောင်းပြီးထားတယ်ဆိုတဲ့အတွက် ခိုင်းတယ်ဆိုတာပဲ သိရတယ်။ ထပ်ပြီးစိတ်ဝင်စားတာက စိတ်ပညာနဲ့ ကျောင်းပြီးထားတဲ့ န၀ရတ်က အဲဒီကုမ္ပဏီမှာ ဘာလုပ်ရတာလဲဆိုတာနဲ့ အဲဒီကုမ္ပဏီကရော ဘာလုပ်တာလဲ ဆိုတာကိုပါ။ မိုးအောင်ရင်ဟာ အခြောက်ဇာတ်ရုပ်နဲ့ အရမ်းကိုလိုက်ဖက်တာ တွေ့ရပါတယ်။ တကယ့်အခြောက်ကလေးလို့တောင် ထင်မှတ်ရတယ်။ စိတ်ပျက်မိတာတစ်ခုက သိင်္ဂီထွန်းရဲ့ ပြောပုံဆိုပုံ၊ လှုပ်ရှားပုံတွေက ဘာဖြစ်လို့ အခြောက်ပုံဖြစ်နေရသလဲ ဆိုတာပါပဲ။ ကျွန်တော့်မှာ နားကိုမလည်နိုင်ဘူး။ လက်ဝှေ့သင်တာ၊ ထိုးတာကလည်း ဗီဒီယိုဆိုတော့လည်း ဗီဒီယိုပေါ့လေ။ ထားလိုက်ပါတော့။ ဇာတ်လမ်းရည်ရွယ်ချက်လေး ကောင်းသလို ဟာသခန်းလေးတွေလည်းပါတဲ့ အပျင်းပြေဇာတ်ကားတစ်ကားအဖြစ် ညွှန်းလိုက်ပါတယ်။
(၅)
ဇာတ်လမ်း - လင်းညှို့သွေး
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ သက်မွန်မြင့်၊ ဇော်ဦး၊ မိုခမ်း၊ ဇော်ဝင်းနိုင်၊ ခင်မို့မို့အေး၊ တက္ကသိုလ်ဂွမ်းပုံ၊ ယွန်းရွှေရည်
ယုတ္တိတန်တာမတန်တာ၊ ဖြစ်နိုင်တာမဖြစ်နိုင်တာတွေ မစဉ်းစားဘဲ ကြည့်မယ်ဆိုရင်တော့ မဆိုးလှပါဘူး။ ကိုရီးယားဇာတ်ကားတွေက ကပ်လွဲလေးတွေ လွဲတတ်တယ်လို့ ပြောကြတယ်။ ကိုရီးယားကား သိပ်မကြည့်တော့ မသိပါဘူး။ မြန်မာကားတွေကတော့ တိုက်ပဲတိုက်ဆိုင်လွန်းတယ် ဆိုရလောက်အောင် အင်မတန်တိုက်ဆိုင်တတ်တာကို တွေ့ရပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်တာတွေကလည်း အလကားနေရင်း လာတိုက်ဆိုင်နေရတာပဲ။ ဟိန်းဝေယံရဲ့ ခေါက်ရိုးကျိုးနေတဲ့ သရုပ်ဆောင်မှုတွေကို မပြင်နိုင်ရင်တော့ အခြားသော မင်းသားသစ်တွေက ကျော်တက်သွားပါလိမ့်မယ်။ ပရိသတ်ကလည်း ဒီအက်ရှင်တွေကိုချည်းပဲ မြင်နေရတဲ့အခါ ငြီးငွေ့လာလိမ့်မယ် ထင်ပါတယ်။ သူအံ့သြတာ၊ ပျော်ရွှင်တာ၊ စိတ်တိုတာတွေဟာ ဘယ်ဇာတ်ကားမှာပဲဖြစ်ဖြစ် ဒီတစ်ပုံစံတည်း ဖြစ်နေတာကို သူကိုယ်တိုင် မသိဘူးလားလို့ မေးခွန်းထုတ်မိတယ်။ ရုပ်အခံလေးကလည်းရှိ၊ ဆန်းလေးကလည်း ရှိနေချိန်မို့ အောင်မြင်နေပေမယ့် ရေရှည်မှာ ငုပ်သွားနိုင်ပါတယ်။ ထူးအိမ်သင်ပြောခဲ့တဲ့ စကားတစ်ခွန်းကို ပြန်သတိရမိတယ်။ "အနုပညာရှင်တွေမှာ ပါရမီသက် ကုန်သွားရင် ပညာသက်နဲ့ ဆက်ရတယ်" တဲ့။ တွေးတောဆင်ခြင်စရာပါ။ သိပ်တော့လည်း မတိုက်တွန်းချင်တဲ့ ဇာတ်ကားပါ။
(၆)
ဝတ္ထု - ပုညခင်
ဇာတ်ညွှန်း - ပဉ္စမံဒီရိုင်း
ဒါရိုက်တာ - မီးပွား
သရုပ်ဆောင်များ - မင်းမော်ကွန်း၊ ခင်လေးနွယ်၊ မိုးယုစံ၊ ဒေစီကျော်ဝင်း၊ ချိုပြုံး၊ အောင်ဇော်
ပုညခင်ရဲ့ ၀တ္ထုကိုက နဂိုကောင်းမို့လား၊ မီးပွားကြောင့်ပဲလား၊ ပဉ္စမံဒီရိုင်းရဲ့ ဇာတ်ညွှန်းကောင်းလို့လား၊ သရုပ်ဆောင်တွေကပဲ ပီပြင်အောင် သရုပ်ဆောင်နိုင်ကြလို့လား စတဲ့မေးခွန်းတွေနဲ့ ဇဝေဇ၀ါ ဖြစ်ရတယ်။ ဒီလိုဇာတ်ကားလေးတွေ ရှိနေသေးတာကြောင့်၊ ကြည့်ခွင့်ရသေးတာကြောင့်လည်း မြန်မာဗီဒီယိုဇာတ်ကားတွေကို ကျွန်တော်မမုန်းနိုင်သေးတာပါ။ ဇာတ်ကားပြီးမှပဲ စိတ်လက်ပေါ့ပါးသွားပြီး အပြင်လောကထဲကို ပြန်ရောက်ပါတော့တယ်။ အချို့ဇာတ်ဝင်ခန်းတွေ၊ စကားပြောခန်းတွေ၊ သရုပ်ဆောင်မှုတွေကို သဘောကျလွန်းလို့ ခဏခဏ ပြန်ရစ်ကြည့်မိတဲ့အတွက် ဇာတ်လမ်းကြာချိန်ထက် ပိုကြာသွားရတယ်။ ဂျွန်ထရာဗိုတာဟာ Face Off ရိုက်ပြီးတဲ့အချိန်ကစပြီး ဗီလိန်ဇာတ်ရုပ်တွေနဲ့ချည်း အကျိုးပေးတယ်တဲ့။ အရမ်းကို ပီပြင်သွားလို့ ဖြစ်မှာပေါ့နော်။ နောက်ဆုံးကြည့်လိုက်ရတဲ့ Love from Paris ဇာတ်ကားမှာလည်း ခေါင်းတုံးပြောင်ပြောင်နဲ့ ဗီလိန်ဆန်ဆန် သရုပ်ဆောင်ထားတာ တကယ့်ကို ပြောင်မြောက်လှပါတယ်။ ပြောချင်တာက ဒါမဟုတ်ပါဘူး။ ဒီဇာတ်ကားမှာ ခင်လေးနွယ်ရဲ့ ဇာတ်ကောင်စရိုက်ကို ပြောချင်တာပါ။ ခပ်ဆိုးဆိုး၊ ခပ်တေတေ၊ ခပ်ပေပေ၊ ချစ်သူကို သ၀န်တိုပြီး တဇွတ်ထိုး လုပ်မိလုပ်ရာလုပ်တတ်တဲ့ စရိုက်ကြမ်းကြမ်း ဇာတ်ကောင်အဖြစ် ပီပြင်လွန်းတာကို အံ့သြမိပါတယ်။ မီးပွားကိုချီးကျူးရမလား၊ ခင်လေးနွယ်ကိုပဲ ချီးကျူးရမလား မသိပါဘူး။ နောင်ရိုက်မယ့်ဇာတ်ကားတွေမှာ ခင်လေးနွယ်ဆိုတာနဲ့ ဗီလိန်ပုံစံတွေချည်း ဖြစ်လာမလားတောင် မသိတော့ပါဘူး။ ပုညခင်ဟာ ဇာတ်ကောင်လေး ၅ ခုလောက်နဲ့ ဇာတ်လမ်းတစ်ခုလုံးကို လှည့်စားချင်တိုင်းလှည့်စား၊ ဖမ်းစားချင်တိုင်း ဖမ်းစားသွားတာ အံ့သြစရာပါ။ အထူးသဖြင့် မင်းမော်ကွန်း၊ ခင်လေးနွယ်နဲ့ မိုးယုစံတို့ သုံးဦးသုံးဖလှယ်အကြား အဖြစ်အပျက်တွေနဲ့ ဇာတ်လမ်းတစ်ခုလုံးကို ဆွဲခေါ်သွားပါတယ်။ မိုးယုစံက အအေး၊ ခင်လေးနွယ်က အပူ၊ မင်းမော်ကွန်းက ကြားညှပ်ပြီး ဘာလုပ်ရမှန်းမသိ ဘာကိုင်ရမှန်းမသိနဲ့ အူကြောင်ကြောင် စတဲ့စရိုက်တွေကို အပီပြင်ဆုံး သရုပ်ဖော်သွားပါရဲ့။ ဒီလိုဇာတ်ကားတွေကျတော့ ဘာဖြစ်လို့များ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် မထုတ်လုပ်ကြသလဲ မသိပါဘူး။ ပေးချင်တဲ့ message ကလည်း ကောင်းမွန်ပါတယ်။ အချစ်ဆိုတဲ့အရာကို ပုံဖော်ကြပုံချင်း မတူညီတဲ့အတွက် ရရှိလာတဲ့ အကျိုးရလဒ်တွေလည်း မတူညီကြတာကို ချစ်သူတွေအတွက် တစ်ခုခု အကျိုးရှိစေမယ်လို့ မျှော်လင့်ရပါတယ်။ နောက်ဆုံးတော့ တွေးစရာတွေပေးမှာ အသေအချာပါပဲ။ မကြည့်မဖြစ် ငှားကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုလို့ လက်တို့လိုက်ချင်ပါတယ်။ တကယ်ကောင်းလို့ပါ။ မင်းမော်ကွန်း၊ ခင်လေးနွယ်၊ မိုးယုစံတို့ သုံးဦးစလုံးကို အမှတ်ပြည့်ပေးမိပါတယ်။ မင်းသမီးနှစ်ယောက်ကိုတော့ မေတ္တာလက်ဆောင် အမှတ်လေးတွေတောင် ပိုပေးလိုက်ချင်ပါသေးရဲ့။ ဒီဇာတ်ကားထဲမှာ မိုးယုစံအရမ်းလှနေတယ်။ ဒေါသမထွက်တတ်တာလေး တစ်ခုကလွဲရင်ပေါ့။ :D
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၅ ရက်၊ တနင်္လာနေ့။
နေ့လည် ၂ နာရီ ၂၁ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 2:21 PM 0 Comment(s)
Labels ဗီဒီယို၊ ရုပ်ရှင် - Movies
Tuesday, June 15, 2010
ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ
(၁)
ဇာတ်လမ်း - လရောင်ကျူးရင့်
ဇာတ်ညွှန်း - မြတ်လှိုင်း (ကဗျာ)
ဒါရိုက်တာ - နေပိုင်
သရုပ်ဆောင်များ - ပြေတီဦး၊ န၀ရတ်၊ ထွန်းထွန်းဝင်း
ဘာပြောရမှန်းတောင် မသိတော့ဘူး။ ပြေတီဦးဇာတ်ကားတွေထဲမှာ အတော်ချာတဲ့ဇာတ်လမ်းလို့ ပြောနိုင်မယ်ထင်ပါရဲ့။ ဇာတ်လမ်းနာမည်မှာကတည်း ကျွန်တော်သိခဲ့ဖို့ကောင်းတယ်။ န၀ရတ်က ယောက်ျားလေးလို ၀တ်ထားတာနဲ့ပဲ ပြေတီဦးက ယောက်ျားလေးမှန်းမသိ၊ မိန်းကလေးမှန်းမသိ ဖြစ်ရတယ်ဆိုတာကြီးကလည်း ဘယ်နှယ့်ကြီးတုန်း။ အဲဒီလောက်တူတဲ့ ယောက်ျားရှာတော့ အပြင်မှာ အခုထိ မတွေ့ဖူးသေးဘူး။ တွေ့ခဲ့ရင် လက်တို့လိုက်စမ်းပါဦး။ ကျွန်တော်ကိုဉာဏ် ကိုယ့်စရိတ်ကိုယ်စားပြီး လာကြည့်ပါ့မယ်။ "ဖုန်မှုန့်" ဆိုတာကို ဘာမှန်းမသိဘူးဆိုတာကလည်း နည်းနည်းများ လွန်နေသလားလို့ပါ။ ဘာမှန်းမသိ၊ ညာမှန်းမသိတဲ့ ယောက်ျားရှာတစ်ယောက်ကို သူ့ကိုစောင့်ရှောက်ဖို့ အပ်နှံရဲတဲ့ အဲဒီဇာတ်လမ်းထဲက ဇာတ်ကောင်ကိုလည်း အံ့သြမိပါရဲ့။ သြချမိပါရဲ့။ ရပ်ကွက်ထဲမှာ အိမ်တစ်လုံးငှားနေကြတယ်။ သူတို့နှစ်ယောက်ဟာ ညီအစ်ကိုဆိုပြီး သတင်းလွှင့်ထားတယ်။ အားလုံးကလည်း အဲဒီအတိုင်းပဲ ထင်ကြသတဲ့။ တော်တော်လေးကို အသုံးမကျတဲ့ရပ်ကွက်ပဲ။ ပိုဆိုးတာက ပန်းတိမ်ဆိုင်က ညီအစ်မနှစ်ယောက်က သူတို့နှစ်ယောက်ကို မိန်းမနောက်ပိုး ပိုးကြတာပါပဲ။ မြန်မာဇာတ်ကားမှ ဟုတ်ပါလေစဗျာ။ အဲဒါမျိုးတွေကိုကျတော့ ဘာကိစ္စ ဆင်ဆာမဖျက်သလဲလို့ နားမလည်နိုင်ဘူး။ အရက်သမားကိုလည်း ကြည့်တဲ့လူတွေ သဘောကျအောင်၊ လေးစားလာအောင်၊ ပညာရှိယောင်ယောင် မှတ်ထင်လာအောင် ရိုက်ပြနိုင်တဲ့ ဒါရိုက်တာကိုလည်း ချီးကျူးမိပါရဲ့။ မြန်မာလူမျိုးတွေအကုန်လုံး "အရက်သမား အကောင်းစား" လေးတွေဖြစ်အောင်များ တမင်လှုံ့ဆော်နေသလား မသိပါဘူးဗျာ။ တော်တော်အသုံးမကျတဲ့ ဇာတ်လမ်းနဲ့ တော်တော်ကြီးကို မကြည့်သင့်တဲ့ ဇာတ်ကားပါ။
(၂)
ဝတ္ထု - နွေတမာန်
ဇာတ်ညွှန်း - ဇော်ဇင်
ဒါရိုက်တာ - ဇမ္ဗူထွန်း သက်လွင်
သရုပ်ဆောင်များ - ဟိန်းဝေယံ (နှစ်ကိုယ်ခွဲ)၊ ရန်အောင်၊ စိုးမြတ်သူဇာ
မြန်မာလူမျိုးတွေဟာ ရှင်းပြတာကို ဘယ်တော့မှ နားမထောင်တတ်တဲ့ လူမျိုးတွေမှန်း ဇာတ်ကားတွေကြည့်ရင်းနဲ့ သိသိလာရတယ်။ အဖြစ်မှန်ကို ရှင်းပြမယ်လုပ်တိုင်း ဘယ်တော့မှ နားမထောင်တတ်ကြဘူး။ ပြောမယ့်လူကလည်း ပါးစပ်ကြီးဟ၊ လက်ဝါးကြီးကာပြီး အမြဲတမ်း ရပ်နေတတ်တယ်။ ကိုယ်ပြောစရာရှိတာကို အောင်မြင်အောင်ပြောမယ် ဘယ်တော့မှ မရှိဘူး။ အေးလေ... အဲဒါမှလည်း ဇာတ်လမ်းက ပေရှည်လို့ရမှာကိုး။ အစကတော့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်းသက်သက်ပါပဲ။ ဒါပေမယ့် ကြာလာတဲ့အခါ အဲဒါမျိုးဟာ အလေ့အကျင့်တစ်ခု ဖြစ်သွားတတ်ပါတယ်။ ပရိသတ်တွေအဖို့ ဒါမျိုးတွေကိုပဲ မြင်တွေ့နေရတာကိုး။ ဆင်ခြင်သင့်ပါတယ်။ မိသားစုတစ်ခုလုံး ပြိုကွဲအောင် ဘေးကနေ မြှောက်ပေးနေတဲ့ လူတစ်ယောက်ကို ပေါင်းသင်းနေတာကိုလည်း နားမလည်နိုင်ပါဘူး။ မဟုတ်တဲ့နေရာကျတော့ အဲဒီလိုမျိုး သည်းခံစိတ်တွေ၊ မေတ္တာတရားတွေ ကြီးနေပြန်ပါရောလား။ ဇာတ်လမ်းအလှည့်လေးတွေ၊ စိုးမြတ်သူဇာရဲ့ ခံစားချက်တွေနဲ့ ကြည့်ချင်စရာတော့ ကောင်းပါတယ်။ အပျင်းပြေဆိုရင်တော့ မဆိုးလှပါဘူး။
(၃)
ဇာတ်ညွှန်း - အောင်ကြီး
ဇာတ်လမ်းနှင့် ဒါရိုက်တာ - မောင်မျိုးမင်း (ရင်တွင်းဖြစ်)
သရုပ်ဆောင်များ - ရဲတိုက်၊ ရန်အောင်၊ မင်းဟိဏ်း၊ ရာဇာနေ၀င်း၊ အောင်ခိုင်၊ ဖိုးကျော်၊ တင့်တင့်ထွန်း၊ မိုးဟေကို၊ နွဲ့နွဲ့မူ၊ မျိုးမျိုးခိုင်၊
ဆာတိုရီကထုတ်တဲ့ ရဲတိုက်ရဲ့ ဇာတ်ကားတွေထဲမှာ ရှားရှားပါးပါး အင်္ဂလိပ်စာတန်း မထိုးတဲ့ဇာတ်ကားပါ။ သရုပ်ဆောင်အင်အားကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး သုံးထားတာကြောင့်လည်း ဇာတ်လမ်းကောင်းတစ်ခုကို ပုံဖော်နိုင်ခဲ့တာပါ။ သူ့နေရာနဲ့သူ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်သွားကြတဲ့အတွက် ဇာတ်လမ်းဟာ စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ မောင်မျိုးမင်းကတော့ သူလုပ်ပြချင်နေတာတွေကို တဖြည်းဖြည်းနဲ့ ကြိုးစားတင်ဆက်နေပါတယ်။ ဒီဇာတ်ကားမှာလည်း မြန်မာမှုနဲ့ သိပ်မကိုက်ညီလှတဲ့ အိပ်မက်လွှင့်စက်လိုမျိုး အဖြစ်အပျက်ကို စိတ်ဝင်စားအောင် ရိုက်ပြထားပါတယ်။ ရုပ်ရှင်ဇာတ်လမ်းအနေနဲ့ ခံစားရအောင်သက်သက်သာ ရိုက်ပြထားတယ်ဆိုတာကို နားလည်ရပါတယ်။ ဒါပေမယ့် ဇာတ်လမ်းပုံစံတွေက ထိုင်းဇာတ်ကားတွေနဲ့ တူလာတာကိုတော့ သဘောမကျပါဘူး။ ဒီလောက်သရုပ်ဆောင်တွေ အများကြီးသုံးထားပါလျက်နဲ့ ထူးထူးဆန်းဆန်း အမှတ်ထင်ထင် ဖြစ်ရတာက ဖိုးကျော်ရဲ့ ဇာတ်ရုပ်ပါ။ ဖိုးကျော်အတွက် အဲဒီဇာတ်ရုပ်ကို တမင်ရေးပေးထားသလားတောင် ထင်မှတ်ရပါတယ်။ ဖျော်ဖြေရေးအနေနဲ့ ငှားကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုပါ။
(၄)
ဝတ္ထု - မူပိုင်နှင်းဆီ
ဇာတ်ညွှန်း - နေစိုးသော်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - မင်းမော်ကွန်း၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ ခင်လေးနွယ်၊ ခင်လေးဆွေ၊ ဗေလုဝ၊ ခင်လှိုင်၊ ၀ါဝါအောင်၊ မျိုးမျိုးခိုင်
ပါးပါးနပ်နပ်နဲ့ တင်ပြနိုင်ရင်လည်း ဒီဇာတ်လမ်းပဲ ဖြစ်နိုင်ပေမယ့် အခုလိုမျိုး အတုံးလိုက်အတစ်လိုက် တင်ပြလိုက်တော့ ကျွန်တော်တွေးမိတာ တစ်ခုပဲရှိတယ်။ မြန်မာတွေဟာ အတော်ကြီးကို လင်တရူး၊ မယားတရူး ကြတာပဲလားဆိုတဲ့ အတွေးပါ။ ဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ အခြေအနေ အဆင့်အတန်းအရ အဲဒီလောက်ကြီး မဖြစ်သင့်ဘူးထင်ပါရဲ့။ ကိုယ့်ဦးလေးနဲ့ ကိုယ့်အဒေါ်ကို တူတွေ၊ တူမတွေက ပြန်ပြီးအောင်သွယ်လုပ်ပေးတာကလည်း မြန်မာ့ယဉ်ကျေးမှုတစ်ရပ် ဖြစ်လာတော့မယ် ထင်ပါရဲ့။ ပရိသတ်ကို မရယ်,ရယ်အောင် ကလိထိုးချင်ရင်လည်း အခြားနည်းလမ်းတွေ ရှိပါရဲ့ဗျာ။ အခုတော့ ဘယ့်နှယ်ပြောရပါလိမ့်။ ၀ါဝါအောင်က ဗေလုဝကို အတင်းကာရော လိုက်ကြိုက်တာမျိုးဆိုရင် ရုပ်ဆိုးလွန်းတယ်။ ဘယ်သူတွေက ရယ်ကြသလဲတော့ မသိဘူး။ ကျွန်တော်ကတော့ အတော်လေးကို စိတ်အချဉ်ပေါက်သွားမိပါတယ်။ သောတနဲ့ သက်တန့် တိုက်ဆိုင်လိုက်တာများဗျာ ဖြစ်ရတာကလည်း စိုင်းစိုင်းခမ်းလှိုင်တောင် ထိုင်ငိုလောက်ပါပေရဲ့။ အချိန်ပိုနေလို့ သူတို့ပေါသမျှကို အပျင်းပြေထိုင်ရယ်ချင်တယ် ဆိုရင်တော့ ငှားကြည့်သင့်တဲ့ဇာတ်ကားပါ။
(၅)
ဝတ္ထု - နန္ဒ၀င်းကျော်ခေါင်
ဇာတ်ညွှန်း - နေစိုးသော်
ဒါရိုက်တာ - မြင့်စိုး (၀/သ)
သရုပ်ဆောင်များ - ခန့်စည်သူ၊ ဟိန်းဝေယံ၊ မြင့်မြတ်၊ အောင်ခိုင်၊ ကိုကိုဦး၊ ကင်းကောင်၊ ထွန်းထွန်းဝင်း၊ သင်ဇာဝင့်ကျော်၊ စိုးပြည့်သဇင်၊ မြင့်မြင့်ခိုင်၊ မေသန်းနု၊ ဖူးစုံ၊ ပပ၀င်းခင်၊ ၀ါဝါအောင်၊ ခင်သန်းနွယ်၊ မေသဉ္ဇာဦး၊ အေးအေးခိုင်၊ မျိုးမျိုးခိုင်
ဆိုင်ကိုရောက်လို့ မေးလိုက်တိုင်း အဲဒီအခွေက ရှိနေတာချည်းပဲ။ အသစ်ထွက်ပေမယ့် အငှားမသွက်တာ စဉ်းစားစရာပါ။ တကယ်ဆိုရင် ဒီဇာတ်ကားဟာ လူတိုင်းကြည့်သင့်တဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းရည်ရွယ်ချက် ကောင်းမွန်လှပေမယ့် တင်ပြပုံဇာတ်ညွှန်း လိုနေတဲ့အတွက် အခုလိုဖြစ်သွားရတယ် ထင်ပါရဲ့။ အထူးသဖြင့် ဒုတိယပိုင်းတစ်ချပ်လုံးကို ကံငါးပါးမှောက် ငရဲရောက်ဆိုတဲ့ တရားတစ်ပုဒ်လုံးနဲ့ အဆုံးသတ်လိုက်တာကို ပရိသတ်တွေက စိတ်ညစ်သွားကြတယ် ထင်ပါရဲ့။ အဓိပ္ပါယ်ရှိတာ၊ တန်ဖိုးရှိတာမှန်ပေမယ့် အတုံးလိုက်၊ အတစ်လိုက်ကြီး ပေးလိုက်တဲ့အတွက် ဇာတ်ကားကောင်းတစ်ခုကို လူတိုင်းကြည့်ဖြစ်ကြပါ့မလားလို့ တွေးပူနေမိတယ်။ ဇာတ်ကားထဲမှာပါတဲ့ ခန့်စည်သူလို ဈေးဥက္ကဋ္ဌမျိုး အပြင်မှာ လိုက်ရှာပါဦးမယ်။ မရှိဘဲနဲ့တော့ ရိုက်ပြမယ် မထင်ပါဘူးနော်။ ကိုယ်တိုင်ကြည့်သင့်သလို၊ ကလေးတွေကိုလည်း ပြသင့်တဲ့ဇာတ်ကားပါ။
(၆)
ဝတ္ထု - သျှင်မ
ဇာတ်ညွှန်း - နေစိုးသော်
ဒါရိုက်တာ - ညွန့်မြန်မာညီညီအောင်
သရုပ်ဆောင်များ - လူမင်း၊ ထက်ထက်မိုးဦး၊ ဇော်ဦး၊ ၀ါဝါအောင်၊ နေဆန်း၊ ဟိန်းမင်း၊ မျိုးမျိုးခိုင်၊ ခင်လေးဆွေ
ဇာတ်ကားရဲ့ရည်ရွယ်ချက်နဲ့ ပေးချင်တဲ့ message က အရမ်းကောင်းတယ်။ ဒါပေမယ့် ထက်ထက်မိုးဦးကို အိမ်ပေါ်ကနှင်ချပြီး လူမင်းနောက်ကို ထည့်လိုက်တာမျိုးကတော့ ဇာတ်လမ်းသဘောအရ ဆိုပေမယ့် အပြင်မှာ မဖြစ်နိုင်တာမျိုးကြီးပါ။ စီးပွားရေးလုပ်ငန်းတွေကို ဦးစီးပြီးလုပ်နေတဲ့ မိန်းမတစ်ယောက်ကလည်း မိဘက အိမ်ပေါ်က နှင်ချလိုက်တာနဲ့ပဲ ဘာမှမပြောတော့ဘဲ ပူစီပေါင်းလည်ရောင်းတဲ့ လူမင်းနောက်ကို လိုက်လာတယ်ဆိုတာ နည်းနည်းတော့ သဘာဝမကျဘူးထင်မိပါရဲ့။ ဘာပဲဖြစ်ဖြစ် ကြည့်ဖြစ်အောင် ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုပါ။
(၇)
ဇာတ်လမ်း - ဂေါ်စိန်
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - လူမင်း၊ စည်သူမောင်၊ သက်မွန်မြင့်၊ တက္ကသိုလ် ဂွမ်းပုံ၊ ယွန်းရွှေရည်
မြန်မာကားတွေကလည်းဗျာ၊ အခြားဇာတ်လမ်းလေးတွေ ရှာကြံရေးကြစမ်းပါဦး။ ဒီပုတ်ထဲက ဒီပဲဇာတ်လမ်းတွေချည်းပဲ ကြည့်နေရတာ စိတ်ညစ်လာပြီ။ အခုလည်း ကြည့်ပါဦး။ လုပ်ငန်းရှင် သူငယ်ချင်းသူဋ္ဌေးနှစ်ယောက်က ကိုယ့်ရုံးမှာအလုပ်လုပ်နေသော ယောက်ျားမရှိတော့တဲ့ ဗိုက်ကြီးသည် ကွန်ပျူတာစာရေးမကို အပြိုင်ကြိုက်ပြီး လိုက်ပိုးတဲ့အကြောင်း ဇာတ်လမ်းဆင်ထားပြန်ပါရောလား။ အံ့သြမိပါရဲ့ဗျာ။ ဂွမ်းပုံနဲ့ ယွန်းရွှေရည်ရဲ့ အပို့၊ အထောင်တွေသာမပါရင် ဒီဇာတ်ကားကိုကြည့်ရတာ အဆင်ပြေမယ်မထင်ဘူး။ ပြောကိုမပြောချင်တော့ပါဘူးဆိုတဲ့ ဇာတ်လမ်းပါပဲ။ (တကယ်မပြောချင်တာပါ) :)
(၈)
ဝတ္ထု - ဆုသင်္ချေ
ဇာတ်ညွှန်း - မိုးစက်
ဒါရိုက်တာ - မောင်မောင်ဦး (စနိုးဝှိုက်)
သရုပ်ဆောင်များ - နိုင်းနိုင်း၊ ပုလဲဝင်း၊ ချောရတနာ၊ မိုးဟေမာန်ခင်၊ ကင်းကောင်၊ ကျော်ထူး၊ ဦးခိုင်တင်၊ ဟိန်းမင်း
ဟိန်းမင်းကလွဲရင် ကျန်တဲ့သရုပ်ဆောင်တွေအားလုံးကို ဘယ်လိုမှ ကြည့်လို့မရတဲ့ ဇာတ်ကားပါ။ ကင်မရာရိုက်ထားတာကလည်း မင်္ဂလာဆောင်မှာ မှတ်တမ်းတင်တာလောက်အောင် မကြည်လင်ဘူး။ မှုန်ဝါးဝါးနဲ့။ ဘာကွာလတီမှ မရှိဘူး။ ဇာတ်လမ်းကလည်း တကယ့်ကို အူတိအူကြောင်။ သပွတ်အူကမှ နည်းနည်းရှင်းဦးမယ်။ တိုက်ဆိုင်ချင်ပြန်တော့လည်း ကိုရီးယားကားတွေတောင် လက်မြှောက်ရမယ်။ မင်းမဲ့စရိုက်ဆန်ဆန် အပြုအမူတွေက ပါလိုက်သေးတယ်။ တမင်များ ဖရိန်ချပေးနေသလား အောက်မေ့ရတယ်။ လုံးဝအသုံးမကျတဲ့ ခပ်ညံ့ညံ့ ဇာတ်ကားတစ်ခုပါပဲ။
(၉)
ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ - မောင်အောင် (ရူပဗေဒ)
သရုပ်ဆောင်များ - လူမင်း၊ မေသဉ္ဇာဦး၊ ၀တ်မှုန်ရွှေရည်
တော်ပါသေးရဲ့ ဒီလိုဇာတ်ကားမျိုးလေးတွေလည်း ကြည့်ခွင့်ရနေပေသေးလို့။ သားသမီးနဲ့ မိဘကြားက ချစ်ခြင်းမေတ္တာ (ဒီဇာတ်ကားမှာတော့ ဖခင်နဲ့ သမီးကြားက မေတ္တာတရား) ကို ပုံပေါ်အောင် ဖော်ကျူးပြသွားနိုင်တယ်။ အိုဗာဖြစ်လွန်းတယ်လို့ ထင်ရပေမယ့် ကျွန်တော့်အတွေ့အကြုံအရ ဖြစ်နိုင်တဲ့ အနေအထားတွေပါ။ အဲဒီလို သည်းသည်းလှုပ်တွေကို အပြင်မှာလည်း ကျွန်တော်တွေ့ဖူးပါတယ်။ ဇာတ်ကားရဲ့ ပေးချင်တဲ့ message ကို ကြည့်တဲ့လူမြင်အောင် ပြပေးနိုင်ခဲ့တဲ့အတွက် ဒါရိုက်တာကို ကျေးဇူးတင်ပါတယ်။ ဖအေကို အရမ်းချစ်တဲ့ သမီးတွေနဲ့ သမီးတွေကို အရမ်းချစ်တဲ့ ဖအေတွေ ကြည့်ဖြစ်အောင်ကို ကြည့်သင့်တဲ့ဇာတ်ကားပါ။ မေတ္တာဖွဲ့ဆိုပေမယ့် ရယ်စရာ၊ မောစရာလေးတွေနဲ့ မျှမျှတတ ပုံဖော်ထားတာ ချီးကျူးစရာပါ။ ကြည့်ရင်းနဲ့ ပျင်းစရာမရှိအောင်ကို စွဲဆောင်ထားပါလိမ့်မယ်။ လူမင်းရဲ့ သရုပ်ဆောင်မှုကလည်း ဒီဇာတ်ကားမှာ အထင်ကြီးစရာပါ။ ပြောစရာမရှိပါဘူး။ ၀တ်မှုန်ရွှေရည်ကတော့ သူ့ပုံစံကလေးနဲ့ ကွက်တိဝင်နေတာဆိုတော့ တကယ့်ကို အပြစ်ကင်းတဲ့ ကလေးတစ်ယောက်အတိုင်းပါပဲ။ ဖေချစ်ဆိုတဲ့ သမီးတစ်ယောက် စရိုက်ကို အပီပြင်ဆုံး သရုပ်ဆောင်ပြသွားနိုင်ပါတယ်။ ကြည့်နေရင်းနဲ့ မျက်ရည်တွေများ ၀ဲလာခဲ့ရင် သုတ်မပစ်လိုက်ပါနဲ့။ မိဘတွေကိုဖြစ်စေ၊ သားသမီးတွေကိုဖြစ်စေ သတိရပြီး ကိုယ်တိုင်ဝင်ခံစားမိလို့ ဖြစ်ပါလိမ့်မယ်။ ဇာတ်သိမ်းခန်းမှာ လူမင်းပြောလိုက်တဲ့ စကားတစ်ခွန်းကတော့ တွေးစရာတွေ တသီကြီးဖြစ်ပြီး ရင်ထဲမှာနင့်ကနဲ ကျန်ရစ်ခဲ့စေပါတယ်။
"အဖေတွေကသာ သမီးတွေကို မခွဲနိုင်တာ၊ သမီးတွေကတော့ အဖေတွေကို ခွဲနိုင်တယ်" တဲ့။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၅ ရက်၊ အင်္ဂါနေ့။
နံနက် ၁၀ နာရီ ၃၇ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 10:39 AM 2 Comment(s)
Labels ဗီဒီယို၊ ရုပ်ရှင် - Movies
