အမေး။
လူတစ်ဦးသည် မိမိကိုယ်ကို ထိပါးလာလျှင်သော်လည်းကောင်း၊ ထိပါးရန် ခြိမ်းခြောက်လာလျှင်သော်လည်းကောင်း ကာကွယ်ခုခံခွင့် ရှိသလား။
အဖြေ။
ကာကွယ်ခုခံခွင့် ရှိပါသည်။
[မောင်ခွေး(ခ)ထွန်းကြည် နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၄၂၈]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အမေး။ခွဲစိတ်ကုဆရာဝန် ဦးဖြူက လူနာတစ်ယောက်အား အသက်ရှင်နိုင်ခွင့်မရှိဟု သဘောရကြောင်းကို သဘောရိုးဖြင့် အကြောင်းကြားခြင်းကြောင့် လူနာသည် ထိတ်လန့်၍ သေဆုံး၏။ ဦးဖြူသည် ပြစ်မှုကျူးလွန်ရာ ရောက်ပါသလား။
အဖြေ။
ဦးဖြူသည် ပြစ်မှုကျူးလွန်ရာ မရောက်။
[ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၉၃]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အိမ်လခပေးရန် ပျက်ကွက်သည့် အိမ်ငှားအား လိမ်လည်မှုဖြင့် တရားစွဲနိုင်ပါသလား။
အဖြေ။
လိမ်လည်မှုဖြင့် တရားစွဲဆိုခြင်း မပြုနိုင်။ တရားမကြောင်းအရသာ အရေးယူရမည်။
[ဦးမျိုးသန်း နှင့် ပြည်ထောင်စု၊ ၁၉၇၄၊ တရားရေးစာစောင်၊ အတွဲ ၂၊ စာ ၇]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ဇနီးကို မသင်္ကာသဖြင့် ခရီးထွက်မည်ဆိုပြီး ချောင်းဖမ်းရာ တရားခံအား ညအချိန် အိမ်ပေါ်၌မိသည်။ ထိုစဉ်က တရားလို၏ ဇနီးသည် အိမ်ကို လက်ရှိဖြစ်၍ ဇနီး၏ ခွင့်ပြုချက်အရ လာခြင်းဖြစ်သောကြောင့် တရားခံသည် ကျော်နင်းမှု ကျူးလွန်းခြင်းမဟုတ် ဆိုသည်မှာ မှန်နိုင်သလား။
အဖြေ။
တရားလို၏ ဇနီးသည် အိမ်ကို လက်ရှိဖြစ်သော်လည်း တရားလိုအနေနှင့်လည်း လက်ရှိမဟုတ်ဟု မဆိုနိုင်သည့်အပြင် တရားခံသည် တရားလို၏ဇနီး ဖိတ်ခေါ်၍လာခြင်း ဖြစ်သော်လည်း တရားလို၏ အခွင့်အရေးကို ဆန့်ကျင်ကာ လင်ရှိမယားအား ကျူးလွန်ရန် လာခြင်းဖြစ်၍ ပြစ်မှုကျူးလွန်ရန် အကြံဖြင့် ၀င်ရောက်သည်ဟု ယူဆရမည် ဖြစ်ပေသည်။
[ချာတာဆင်းဒါမိုင်း နှင့် အစိုးရ၊ (၁၉၁၇-၂၀) အထက်မြန်မာပြည်စီရင်ထုံး၊ စာ ၁၉၄]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အစေခံ မဟုတ်ဘဲ အစေခံဖြစ်သည်ဟု ပြောဆိုသုံးနှုန်းခြင်းသည် အသရေဖျက်မှု မြောက်ပါသလား။
အဖြေ။
အသရေဖျက်မှု မြောက်ပေသည်။
[ဒေါ်ချို နှင့် ပြည်ထောင်စု၊ ၁၉၆၅၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၂၃၂]
No comments:
Post a Comment