Thursday, September 23, 2010

ဧည့်သည်ဝတ်၊ အိမ်ရှင်ဝတ်၊ တယ်လီဖုန်းဆက်သူဝတ်


ဧည့်သည် ၀တ္တရား (၅) ပါး
သင့်တော်ချိန်သွား၊ မေတ္တာပွား၍...
စကားမရှေ(ရှည်)၊ သိမ်မွေ့စေပြီး
ကူလေအိမ့်ရှင်၊ ၀တ်ငါးအင်
အစဉ်မှတ်သား ဧည့်သည်များ။

အိမ်ရှင် ၀တ္တရား (၄) ပါး
ပျူငှာစွာကြို၊ စားစရာကိုကျွေး
နေရာပေး၍၊ နွေးထွေးစကား
ပြောဖော်ကြားမှ၊ လေးပါးစိတ်ဓာတ်
အိမ်ရှင်မှတ်။

တယ်လီဖုန်းဆက်သူ ၀တ္တရား (၅) ပါး
နံပါတ်မှန်ပါ၊ မှားအခါတောင်းပန်
ကိုယ့်နာမည်ပြော၊ စကားကြောမရှေ(ရှည်)
လေသံမကျယ်၊ ဤငါးသွယ်
မှတ်ဖွယ် ဖုန်းဆက်ကြသူများ။

[မှတ်ချက်] - မြန်မာမှုတွင် မိဘ၀တ်ငါးပါး၊ သားသမီးဝတ်ငါးပါး၊ ဆရာ့ဝတ်ငါးပါး၊ တပည့်ဝတ်ငါးပါး စသည်တို့ကို ကဗျာစပ်ဆိုထားခြင်း ရှိသော်လည်း အထက်ပါ မိတ်ဆွေ၊ ဧည့်သည်၊ အိမ်ရှင် တယ်လီဖုန်းဆက်သူတို့၏ ၀တ္တရားများကို စပ်ဆိုထားကြောင်း မတွေ့မိသေးသဖြင့် ဤသို့ရေးစပ်ပါသည်။

No comments:

Post a Comment

 
Web Statistics