Thursday, February 10, 2011

လူတို့နှင့်သက်ဆိုင်သော ရဟန်းဝိနည်းများ


သံဃာတော်များ ကြွလာတာကို ဒကာမကြီးများ ဆံပင်ဖြန့်ခင်းပြီး ပူဇော်တာ အပြစ်ရှိပါသလား။

ဦးဇင်းMA - တချို့မြို့တွေကို ဆရာတော် သံဃာတော်များ ကြွလာတဲ့အခါမှာ ဒကာမကြီးတွေက ဆံပင်ဖြန့်ခင်းပြီးတော့မှ ကြိုဆိုတာမျိုး တွေ့ဖူးပါတယ်ဘုရား။ အဲဒါရော ကုသိုလ် ဖြစ်နိုင်ပါသလားဘုရား။ အာပတ်များ သင့်နေမလားဘုရား။

ဦးဇင်း - ဦးခေါင်းမှ အထွဋ်အမြတ်ထားတဲ့ ဆံပင်တွေကိုမှ ဖြန့်ခင်းပြီး ကြိုဆိုတာကတော့ ဒကာမတွေမှာ ကုသိုလ်ဖြစ်သင့်သလောက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာတော် သံဃာတော်တွေမှာက တာဝန်လေးပါတယ်။ အာပတ်တွေ သင့်နိုင်တယ်ဦးဇင်း။

ဦးဇင်းMA - ဒါလည်း ခင်းထားတဲ့ ဆံပင်ကို ထိလိုက်တာနဲ့ အာပတ်သင့်တာလားဘုရား။

ဦးဇင်း - အမျိုးသမီးတို့ရဲ့ ဆံပင်ကို ထိပြီးတော့မှ သာယာမိရင် အာပတ်သင့်နိုင်တာပေါ့။ အင်္ဂါငါးပါးနဲ့ ချိန်ကြည့်ရမယ်။ အင်္ဂါ (၅) ပါးကတော့ ၁။ မနုဿိတ္ထီ (လူမိန်းမဖြစ်ခြင်း)၊ ၂။ က္ကတ္ထိသညီ (လူမိန်းမ ဖြစ်မှန်းသိခြင်း)၊ ၃။ ကာယသံသဂ္ဂရာဂေါ (ကိုင်တာ၊ ဆွဲတာ၊ ထိတာ၊ နမ်းတာ၊ ကိုယ်လက်နှီးနှောတာ၊ လောကအပြုအမူ အားလုံး၌ သာယာသော ရာဂရှိခြင်း)၊ ၄။ တေန ရာဂေန ၀ါယာမော (ထိုရာဂဖြင့် ထိမိအောင် လုံ့လပြုခြင်း) နှင့် ၅။ ဟတ္ထဂ္ဂါဟာဒိသမာပဇ္ဇနံ (လက် စသည်တို့ကို ကိုင်ခြင်း) လို့ စာမှာပြပါတယ်။

ဦးဇင်းMA - မှန်လှပါဘုရား၊ သဘောပေါက်ပါတယ်ဘုရား။

[အရှင်ခေမာနန္ဒ (ရန်ကင်းတောရ)၊ သပြေပင် ၏ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သည့် လူတို့နှင့် သက်ဆိုင်သော ရဟန်းဝိနည်းများ (အပိုင်း-၁) စာအုပ်မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။]

No comments:

Post a Comment

 
Web Statistics