Friday, August 17, 2012
စိတ်ချဉ်ပေါက်သမျှကို ပြောရဦးမယ်
Posted by Ko Nyan Posted Time 9:09 PM 0 Comment(s)
Labels Myanmar, news, Political, ကျွန်တော့်အတွေးများ, မြန်မာ-Myanmar, သတင်း-News, အထွေထွေ-Various, နိုင်ငံရေး
Wednesday, August 15, 2012
Sittwe Feeling (15 Aug 2012)
Posted by Ko Nyan Posted Time 9:34 PM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, ကိုယ်ရေးကိုယ်တာ, ကိုယ်တွေ့, နိုင်ငံရေး
ကိုဉာဏ် စစ်တွေပြန်ရောက်ပါပြီ
Posted by Ko Nyan Posted Time 6:54 PM 0 Comment(s)
Labels ကိုယ်ရေးကိုယ်တာ, မြန်မာ့သွေး
Thursday, August 09, 2012
ဖတ်ဖြစ်သော သတင်းအပိုင်းအစများ၊ ဆက်တွေးမိသော အတွေးမီးခိုးတန်းများ
Posted by Ko Nyan Posted Time 12:53 AM 0 Comment(s)
Labels Myanmar, news, Political, ကျွန်တော့်အတွေးများ, မြန်မာ-Myanmar, သတင်း-News, နိုင်ငံရေး
Wednesday, August 08, 2012
တောင်းပန်ပါရစေ
Posted by Ko Nyan Posted Time 11:11 PM 0 Comment(s)
Labels ကိုယ်ရေးကိုယ်တာ, ကိုယ်တွေ့, မြန်မာ့သွေး
Saturday, August 04, 2012
၃၈ ဖြာ မင်္ဂလာ
၂။ ပဏ္ဍိတာနဉ္စသေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း၊
၃။ ပူဇာစပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း၊
၎။ ပတိရူပဒေသ၀ါသောစ = သင့်တင့်သောအရပ်၌ နေထိုင်ခြင်း၊
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှုရှိသောသူဖြစ်ခြင်း၊
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာဆောက်တည်ခြင်း၊
၇။ ဗာဟုဿစ္စ = အကြားအမြင် များသောသူဖြစ်ခြင်း၊
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း၊
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရားရှိခြင်း၊
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း၊
၁၁။ မာတာပိတု ဥပဌာန = အမိအဘတို့ကို ကောင်းစွာလုပ်ကျွေးခြင်း၊
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း၊
၁၃။ အနာကုလကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာပြုခြင်း၊
၁၄။ ဒါနဉ္စ = အလှူပေးခြင်း၊
၁၅။ ဓမ္မစရိယ = မြတ်သောအကျင့်တို့ကို ကျင့်ခြင်း၊
၁၆။ ဉာတကာနဉ္စသင်္ဂဟ = ဆွေးမျိုးတို့အား ထောက်ပံ့ခြင်း၊
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကိုပြုခြင်း၊
၁၈။ ပါပအာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း၊
၁၉။ ပါပ၀ိရတီ = မကောင်းမှုမှ အထူးရှောင်ကြဉ်ခြင်း၊
၂၀။ မဇ္ဇပါနသံသမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့မလျော့ခြင်း၊
၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း၊
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း၊
၂၄။ သန္တုဌီ = ရောင့်ရဲလွယ်ခြင်း၊
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကိုသိခြင်း၊
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သောအခါ၌ သူတော်ကောင်းတရားကို နာယူခြင်း၊
၂၇။ ခန္တီ = သည်းခံခြင်း၊
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း၊
၂၉။ သမဏာနဉ္စ ဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း၊
၃၀။ ကာလေနဓမ္မသာကစ္ဆာ = သင့်တင့်လျောက်ပတ်သောအခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း၊
၃၁။ တပေါ = ခြိုးခြံစွာကျင့်ခြင်း၊
၃၂။ ဗြဟ္မစရိယ = မြတ်သောအကျင့်တို့ကို ကျင့်ခြင်း၊
၃၃။ အရိယသစ္စာန ဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း၊
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ = နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း၊
၃၅။ န ကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ်မရှိခြင်း၊
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း၊
၃၇။ ၀ိရဇံ = လောကဓံတရားတို့နှင့်တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း၊
၃၈။ ခေမံ = လောကဓံတရားတို့နှင့်တွေ့သော် စိတ်၌ ဘေးမရှိခြင်း။
အညွှန်း - သုခမှတ်စု
Posted by Ko Nyan Posted Time 9:56 PM 1 Comment(s)
Labels စာအုပ်မှတ်စုများ, ဗဟုသုတ-Knowledge, ဘာသာရေး-Religious, အောင်မြင်ရေး-Success
Tuesday, July 31, 2012
The VOICE Weekly Journal, Vol-8, No-32
Posted by Ko Nyan Posted Time 11:22 PM 0 Comment(s)
Labels သတင်း-News
The VOICE ဂျာနယ်အတွက် ဆုတောင်း
ဖတ်ရတဲ့ သတင်း
ကျွန်တော့်ခံစားချက်
အများအထင်၊ အများအမြင်
ကျွန်တော့်အထင်၊ ကျွန်တော့်အမြင်
- (မြစ်သားမြို့က ပန်းလောင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့) စမုံရေလွှဲဆည် သဲထုတ်ရေထိန်းတံခါး လူထုဆန္ဒပြပွဲ မလုပ်မီ နှစ်ရက်အလိုတွင် ဖွင့်လှစ် ဆိုတဲ့ သတင်းခေါင်းစဉ်မျိုး (သတင်းက မှန်ပေမယ့် တပ်ထားတဲ့ခေါင်းစဉ်က အဓိပ္ပါယ်တစ်မျိုး ထွက်နေစေတယ်လေ၊ အစိုးရ၊ ၀န်ကြီးဌာနဲ့ ပြည်သူကို ရန်တိုက်ပေးသလို ဖြစ်မနေဘူးလား၊ ဒါမျိုး မရေးသင့်ဘူး၊ အခမ်းအနားတစ်ခု ဖွင့်တယ်ဆိုတာ နေ့ချင်းညချင်း ကောက်လုပ်လို့ ရတာမဟုတ်ဘူးဆိုတာ အားလုံးသိနေတာပဲ၊ လနဲ့ချီပြီး ကြိုတင်စီစဉ်ရတာမျိုးကို၊ ဆန္ဒမပြခင် ငါးရက်လောက်ကြိုတင်တာနဲ့ သွားနှိုင်းယှဉ်ပြတာမျိုးက မလုပ်သင့်ဘူးလို့ မြင်မိတယ်)၊
- The VOICE ဂျာနယ်ကို ဘယ်ပုဒ်မနဲ့ တရားစွဲထားသလဲဆိုတာ မသိဘူးလို့ တရားလိုပြသက်သေက တရားရုံးမှာ ထွက်ဆိုတယ်ဆိုတဲ့ သတင်းမျိုး (ဘာကိုဆိုလိုတယ်ဆိုတာ လူတိုင်းသိနေတာမို့ မရှင်းပြတော့ပါဘူး)
- ပွင့်ဖြူမြို့နယ် NLD ပါတီဝင် အသတ်ခံရ ဆိုတဲ့ သတင်းခေါင်းစဉ်မျိုး (တကယ်ဆိုရင် မှုခင်းသတင်းပဲ၊ သတင်းထည့်ချင်ရင် ဘယ်မြို့မှာ ဘယ်သူ အသတ်ခံရတယ်၊ သေသွားတဲ့လူဟာ ဘယ်ပါတီဝင်တစ်ဦး ဖြစ်တယ် စသည်ဖြင့် ထည့်ရမှာပေါ့၊ အခုတော့ ခေါင်းစဉ်မှာ ဖော်ပြထားပုံကြီးက NLD ပါတီဝင်မို့ပဲ အသတ်ခံရသလို ဖြစ်နေပါတယ်။ အဲဒါမျိုးကိုတော့ ကျွန်တော်ရှုံ့ချပါတယ်၊ ဒါဟာ ရန်တိုက်ပေးတဲ့သဘောတွေ၊ လှုံ့ဆော်ပေးတဲ့ သဘောတွေအထိ သက်ရောက်သွားစေတယ်လို့ မြင်ပါတယ်)
တောင်းပန်စကား
သက်ဆိုင်ရာ တာဝန်ရှိသူများခင်ဗျား..........။
- ဂျာနယ်ပါ သတင်းဓာတ်ပုံတွေ၊ သတင်းတွေဟာ စာပေစိစစ်ရေးမူတွေနဲ့ မကိုက်ညီခဲ့တာ ရှိချင်ရှိပါလိမ့်မယ်၊ ဒါပေမယ့် အယ်ဒီတာ့အာဘော်ကနေ သမ္မတကြီးနဲ့ မြန်မာပြည်ဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ပြီး ပြတ်ပြတ်သားသား ရေးသားခဲ့တဲ့ မျက်နှာကို ထောက်သင့်ပါတယ်၊။
- သတ်မှတ်စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်မိတာ ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ အခြားသူတွေရဲ့ အမုန်းခံပြီး တစ်တပ်တစ်အား ရှိသမျှ စွမ်းအားနဲ့ တွန်းကူခဲ့တဲ့ မျက်နှာကို ထောက်သင့်ပါတယ်။
- အချို့သော အစိုးရအဖွဲ့က တာဝန်ရှိသူတွေက ဂျာနယ်အပေါ် မကျေနပ်တာတွေ၊ စိတ်တိုတာတွေ ဖြစ်ကောင်းဖြစ်ကြပါလိမ့်မယ်၊ ဒါပေမယ့် နိုင်ငံတော်ကြီးလည်း ပန်းတိုင်ရောက်၊ ပြည်သူတွေလည်း ပန်းတိုင်ရောက်စေချင်တဲ့စိတ်နဲ့ သေတဲ့အထိ နိုင်ငံ့အကျိုးတွေ ထမ်းဆောင်သွားတဲ့ ဆရာအောင်ထွဋ် ခေါ် ဒေါက်တာနေ၀င်းမောင်ရဲ့ မျက်နှာကို ထောက်ပေးသင့်ပါတယ်။
- ဒီမိုကရေစီ ရောင်ခြည်သန်းတဲ့ကာလမှာ စာဖတ်ပရိသတ်တွေကို သိစေချင်တဲ့ စေတနာတွေကြောင့် ခွင့်မပြုတဲ့ သတင်းတွေ၊ မူဝါဒနဲ့ မကိုက်ညီတဲ့ သတင်းတွေ ထည့်ခဲ့၊ ဖော်ပြခဲ့တာ ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမယ့် ပါတီဂျာနယ်မဖြစ်အောင်၊ လူပုဂ္ဂိုလ်ကြော်ငြာတဲ့ဂျာနယ် မဖြစ်အောင် ရပ်တည်ခဲ့တဲ့ မျက်နှာတွေကို ထောက်သင့်ပါတယ်။
- အစိုးရအတွက် အမျက်ထွက်စရာ သတင်းတွေ၊ ဓာတ်ပုံတွေ ပါရှိကောင်း ပါရှိပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ စာဖတ်ပရိသတ်တွေ အမြဲစောင့်ဖတ်နေရတဲ့ ဆောင်းပါးတွေ၊ အတွေးအမြင်တွေလည်း ပါနေတယ်ဆိုတဲ့ မျက်နှာလေးတော့ ထောက်သင့်ပါတယ်။
ဆုတောင်း
Posted by Ko Nyan Posted Time 11:09 PM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, မြန်မာ-Myanmar, သတင်း-News, နိုင်ငံရေး
Monday, July 30, 2012
Breaking News (July 30)
Posted by Ko Nyan Posted Time 12:41 AM 0 Comment(s)
Labels Myanmar, news, Political, မြန်မာ-Myanmar, သတင်း-News, နိုင်ငံရေး
Saturday, July 28, 2012
The VOICE Weekly ဂျာနယ်ပါ အယ်ဒီတာ့အာဘော်ကို အထူးကြိုဆို
Posted by Ko Nyan Posted Time 12:04 AM 0 Comment(s)
Labels ကျွန်တော့်အတွေးများ
Friday, July 27, 2012
မြန်မာနိုင်ငံအပေါ် ဘန်ကောက်ပို့စ်သတင်းစာ၏ ရေးသားချက်ကို အထူးဆန့်ကျင်
သမ္မတကြီးဦးသိန်းစိန်၏ ယခုထိုင်းနိုင်ငံခရီးစဉ်မတိုင်မီ နှစ်ကြိမ်ရွှေ့ဆိုင်းခဲ့ခြင်းနှင့် ပတ်သက်၍ ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားချက်မှာ များစွာ တစ်ဖက်သတ် ဆန်နေသည့်အပြင် နှစ်ပေါင်းများစွာ ဆန့်ကျင်ဘက်အသွင် ဆောင်ခဲ့သည့် လူပုဂ္ဂိုလ်နှစ်ဦး လက်တွဲအကောင်အထည်ဖော်နေသော ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေပါသည်။ ဤနေရာတွင် သမ္မတခရီးစဉ် ဖျက်သိမ်းခဲ့မှုနှင့် ပတ်သက်၍ အမှန်စင်စစ် ဦးသိန်းစိန်၏ ခရီးစဉ်နှောင့်နှေးမှုတွင် အကြောင်းအရင်း ရှိသည်။ တရားဝင် ခေါင်းဆောင်မဟုတ်သော လူကြိုက်များ အတိုက်အခံ ခေါင်းဆောင်ကို နွေးထွေးစွာ ကြိုဆိုခဲ့ခြင်းသည် အကြောင်းအရင်း ဖြစ်လိမ့်မည်ဆိုသည့် ထိထိမိမိ မှန်းဆမှု ရှိနေသောကြောင့်ပင် ဖြစ်သည်ဟု ဘန်ကောက်ပို့စ်၏ ရေးသားထားခြင်းသည် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးထားပြီး တစ်စုံတစ်ရာ နားလည်မှုရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးတို့အကြား နားလည်မှု လွဲမှားစေနိုင်သော အရေးအသား ဖြစ်နေသည်ကို ဒေသတွင်း အတိုင်းအတာတစ်ခုအထိ သိက္ခာရှိရှိ ရပ်တည်လာခဲ့သော ဘန်ကောက်ပို့စ်သတင်းစာ ကောင်းစွာ သတိပြုနိုင်ပါလိမ့်မည်။
ထိုင်းနိုင်ငံသည် ဒေသတွင်းရှိ မတည်မငြိမ်ဖြစ်နေခဲ့သော နိုင်ငံများ၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ ၎င်းအတွက် အားသာချက် အသွင်ပြောင်းယူပြီး စီးပွားလမ်းဖြောင့်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများက သက်သေပြလျက် ရှိပါသည်။ ဗီယက်နမ်စစ်ပွဲ၊ ကိုရီးယားစစ်ပွဲ၊ ကမ္ဘောဒီးယား ပြည်တွင်းစစ်၊ မြန်မာနိုင်ငံအတွင်းရှိ ရာစုနှစ်ဝက်ကျော်ကြာ ပြည်တွင်းစစ်၊ အာဏာရှင်စနစ်တို့၏ အားနည်းချက်တို့က ယနေ့ ထိုင်းနိုင်ငံ၏ လက်ရှိအခြေအနေ ရောက်ရှိစေရန် ပံ့ပိုးပေးခဲ့သော အကြောင်းတရားများလည်း ဖြစ်နေပါသည်။
ဒေသတွင်း မဟာဗျူဟာအချက်အချာနေရာတွင် ရှိနေသော မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်းလာပြီး ဖွံ့ဖြိုးတိုးတက်လာပါက ယခင်မြန်မာနိုင်ငံ၏ အခြေအနေဆိုးများကို အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချကာ စီးပွားလမ်းဖြောင့်ခဲ့သော ထိုင်းနိုင်ငံ၏ အကျိုးစီးပွားများ ယုတ်လျော့သွားမည်ကို အထူးစိုးရိမ်နေဟန် ရှိပါသည်။ အထူးသဖြင့် ကုန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်အတွင်း မြန်မာနိုင်ငံ၏ ဆိုးရွားခဲ့သော လူသားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်းစစ်၊ နိုင်ငံရေး သောင်မတင် ရေမကျမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို အကြောင်းပြု၍ အနောက်ကမ္ဘာ၏ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေး လုပ်ငန်းများ၊ ပြည်ပရောက် မြန်မာအဖွဲ့အစည်းများ၊ အမေရိကန်ပြည်ထောင်စု၊ နော်ဝေနိုင်ငံအစိုးရ အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့၊ နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ ဘဏ္ဍာငွေအထောက်အပံ့ဖြင့် တည်ထောင်ထားသည့် ပြည်ပရောက် မြန်မာမီဒီယာများ၊ ပြည်တွင်း၊ ပြည်ပရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည့် အဖွဲ့အစည်း အမျိုးမျိုးတို့ လုပ်ငန်းလည်ပတ်ရန်အတွက် ထိုင်းနိုင်ငံတွင် အခြေစိုက်ရုံးခွဲများ ဖွင့်လှစ်ခွင့် ရရှိခဲ့ပါသည်။ ထိုရုံးခွဲများ၏ လည်ပတ်သုံးစွဲငွေ အားလုံးနှင့် မြန်မာနိုင်ငံအတွက် သုံးစွဲသော ငွေကြေးအားလုံးသည် ထိုင်းနိုင်ငံရှိ ဘဏ်များမှတစ်ဆင့် ထိုင်းဈေးကွက်နှင့် မြန်မာနိုင်ငံအတွင်းသို့ စီးဝင်နေခြင်း ဖြစ်ပါသည်။
အခြေအနေ အရပ်ရပ်ကြောင့် ထိုင်းနိုင်ငံအတွင်း တရားဝင်နှင့် တရားမဝင် လာရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများ၏ လုပ်အားခ နည်းပါးမှု၊ ဖိနှိပ်ချင်သလောက် ဖိနှိပ်ခွင့် ရရှိမှုတို့ကြောင့် လူမှုရေးပြဿနာအချို့ ရှိလင့်ကစား ထိုင်းနိုင်ငံရှိ ရေလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ ကုန်ကျစရိတ် နည်းနည်းဖြင့် အကျိုးအမြတ်များစွာ ရရှိနေခြင်းကလည်း အားသာချက်တစ်ရပ် ဖြစ်နေပါသည်။
ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းများသည် ရိုဟင်ဂျာတို့၏ အခက်အခဲကို ကောင်းစွာ သိရှိနေသူများဖြစ်ကြောင်း၊ ဇာတိမှ ထွက်ခွာလာကြသော ရိုဟင်ဂျာများသည် အခြားတစ်နေရာသို့ ဆက်လက်သွားရောက်ရန်အတွက် ထိုင်းနိုင်ငံ၌ ခရီးတစ်ထောက် နားကြသော်လည်း မြန်မာနိုင်ငံမှ မြစ်ဖျားခံလာသော ပြဿနာအရှုပ်ထုပ်ကို ထိုင်းအာဏာပိုင်များကလည်း လက်ခံကြိုဆိုခြင်း မပြုကြောင်း ဘန်ကောက်ပို့စ်၏ ရေးသားချက်သည် ရိုဟင်ဂျာများ၏ သမိုင်းကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ သမိုင်းကြောင်း၊ ရခိုင်ပြည်နယ်၏ သမိုင်းကြောင်းတို့ကို သေချာစွာမသိဘဲ အနှစ် ၂၀ ခန့် စီမံခန့်ခွဲမှု အလွဲများဖြင့် ဒီမိုကရေစီနည်းမကျစွာ အုပ်ချုပ်ခဲ့သော အမှားများအား လက်ညှိုးထိုးပြီး ရိုဟင်ဂျာ ခေါင်းစဉ်တပ်ကာ ရန်ပုံငွေများစွာဖြင့် အနှစ် ၂ဝခန့် စည်းရုံးလှုံ့ဆော် ဝါဒဖြန့်ချိနေသူများ၏ အနောက်မီဒီယာများမှတစ်ဆင့် ထွက်ပေါ်လာသော အသံကို ပဲ့တင်ထပ်ပေးသည့်သဘော သက်ရောက်နေပါသည်။ အထူးသဖြင့် အတိတ်က အာဏာရှင် အုပ်ချုပ်ရေးယန္တရားတွင် ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ယောက် ဖြစ်သော်လည်း ယနေ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြိုးစားဆောင်ရွက်နေသော မြန်မာနိုင်ငံနှင့် လက်ရှိ မြန်မာနိုင်ငံအစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ သမ္မတဦးသိန်းစိန်တို့အပေါ် ပြင်းထန်သည့် တစ်ဖက်သတ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရေးသားမှုအဖြစ် The Voice Weekly က ရှုမြင်ပါသည်။
အစိုးရအဖွဲ့သစ်ကို သမ္မတဦးသိန်းစိန် ဖွဲ့စည်းတာဝန်ယူစဉ်မှစ၍ ယနေ့အချိန်အထိတိုင် ဒီမိုကရေစီစနစ် ကျင့်သုံးနေပါသည်ဟုဆိုသော အိမ်နီးချင်းနိုင်ငံတစ်ခုမှ ၎င်းတို့ကိုယ်၎င်းတို့ သိက္ခာရှိ သတင်းစာတစ်စောင်ဟု ဆိုနေသော ဘန်ကောက်ပို့စ် သတင်းစာအနေနှင့် မြန်မာနိုင်ငံသို့ လာရောက်၍သော်လည်းကောင်း၊ အာဆီယံ ထိပ်သီးဆွေးနွေးပွဲများတွင် သော်လည်းကောင်း သမ္မတကြီးနှင့် တစ်ကြိမ်တစ်ခါမျှ တရားဝင် တွေ့ဆုံမေးမြန်းခြင်း မရှိသေးပေ။ အမေရိကန်ပြည်ထောင်စုမှ နာမည်ကျော် ဝါရှင်တန်ပို့စ်သတင်းစာ၊ ဂျာမနီနိုင်ငံမှ Suddeutsche Zeitung သတင်းစာ၊ စင်ကာပူနိုင်ငံမှ Channel News Asia တို့သည်ပင်လျှင် သမ္မတကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းကာ ကမ္ဘာအရပ်ရပ်က သိရှိအောင် ထုတ်ပြန်လွှင့်ထုတ်ခဲ့ပြီး ဖြစ်ပါသည်။ သမ္မတကြီးနှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံမေးမြန်းခြင်း မရှိပါဘဲ ရိုဟင်ဂျာအခွင့်အရေး ခေါင်းစဉ်တပ်ကာ ဘာသာရေး အကြမ်းဖက်ဖိနှိပ်မှုအဖြစ် သရုပ်ဖော်ရေးသားမှုများမှာ လူကြီးလူကောင်းမဆန်သော စွပ်စွဲချက်သက်သက်သာ ဖြစ်နေပါသည်။ ဘန်ကောက်ပို့စ် သတင်းစာအနေနှင့် ပဋိပက္ခဖြစ်ပွားနေသော ရခိုင်ပြည်နယ်၏ အတိတ်သမိုင်းကြောင်းကို အသေအချာလေ့လာခြင်း၊ ယင်းဒေသသို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းကာ သတင်းရင်းမြစ်များကို စုံစေ့အောင်မေးမြန်းခြင်း၊ စုံစမ်းထောက်လှမ်းခြင်း၊ အောက်ထစ်ဆုံး ဆန့်ကျင်ဘက် သတင်းရင်းမြစ်နှစ်ခု၏ အယူအဆ သဘောထားကို မေးမြန်းခြင်း လုံးဝ(လုံးဝ) မရှိဘဲ ထင်မြင်ချက်ဖြင့် တစ်ဖက်သတ် စွပ်စွဲရေးသားခြင်းသည် ပရော်ဖက်ရှင်နယ် ပီသသော သတင်းမီဒီယာတစ်ခုထက် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများအပေါ် အဆိုးမြင်သဘောထား ရှိနေသည့် လှုံ့ဆော်ဝါဒဖြန့် မီဒီယာတစ်ခုအသွင် ဆောင်နေပါသည်။
အထူးသဖြင့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ သမ္မတ၏ပြောကြားချက်ကို လူမျိုးစွဲစိတ်ပြင်းခြင်း၊ မုန်းတီးခြင်း၊ ခြိမ်းခြောက်ခြင်း အငွေ့အသက်များ လွှမ်းနေသည်ဟု ရေးသားခဲ့သော ဘန်ကောက်ပို့စ် သတင်းစာအနေနှင့် မြန်မာ-ထိုင်း ရာဇဝင်နောက်ခံ ထိုင်းရုပ်ရှင်ဇာတ်ကားများ၊ ထိုင်းဘာသာဖြင့် ရေးသားထုတ်ဝေသော သတင်းစာများတွင် အတိတ်သမိုင်းကြောင်းမှ မြန်မာဘုရင်တို့၏ ထိုင်းနိုင်ငံအပေါ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အနာဟောင်းများကို တူးဖော်ကာ မြန်မာနိုင်ငံသားများအပေါ် လက်စားချေလိုစိတ် ပြင်းပြလာစေရန် ထိုင်းအမျိုးသားရေးစိတ်ကို လှုံ့ဆော်နှိုးဆွပေးခြင်းဖြင့် ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းလူဆိုးဂိုဏ်း၊ လူမှောင်ခိုဂိုဏ်းများ အပါအဝင် ထိုင်းနိုင်ငံသားအများစုက ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသားများအပေါ် မုန်းတီးစိတ်၊ လက်စားချေစိတ်ဖြင့် ခွဲခြားဆက်ဆံမှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှု၊ လုယက်သတ်ဖြတ်မှု၊ ရွှေ့ပြောင်းလုပ်သား အမျိုးကောင်း မြန်မာမိန်းကလေးငယ်များကို အဓမ္မကျင့် သတ်ဖြတ်မှု၊ မလေးရှားနိုင်ငံနှင့် ငါးဖမ်းလုပ်ငန်းများသို့ ကျေးကျွန်များသဖွယ် ရောင်းစားမှုကဲ့သို့သော အဖြစ်အပျက်များ ရှိနေပါလျက် လျစ်လျူရှုနေသော ထိုင်းအာဏာပိုင်များ၊ ထိုင်းမီဒီယာများ၊ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်တို့နှင့် ပတ်သက်၍မူ အဘယ့်ကြောင့် ရေငုံနှုတ်ဆိတ် နေပါသနည်းဟု မေးခွန်းထုတ်ရမည် ဖြစ်ပါသည်။
အထူးသဖြင့် ထိုင်းတောင်ပိုင်းရှိ ခွဲထွက်လိုသော မွတ်ဆလင်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ကာလကြာရှည် ဖြစ်ပွားနေသည့် အဓိကရုဏ်းနှင့် အကြမ်းဖက်သတ်ဖြတ်မှုများ၊ ဝန်ကြီးချုပ်သက်ဆင် လက်ထက်က ထိုင်းစစ်တပ်၏ သွေးထွက်သံယို အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်း၊ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရှပ်နီဆန္ဒပြသူများအား ဘုရင့်သစ္စာတော်ခံ ထိုင်းစစ်တပ်က ရက်စက်စွာ အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းများနှင့် ပတ်သက်သော သတင်းများကိုမူ မကြာသေးခင်က ၎င်းတို့နှင့် နယ်စပ်ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း အခြားနိုင်ငံ အရေးကိစ္စများအပေါ် ပြစ်တင်ဝေဖန် ရေးသားသကဲ့သို့ လက်သွက်ခြေသွက် မရှိခဲ့ခြင်းမှာလည်း ဘန်ကောက်ပို့စ် သတင်းစာ၏ ရပ်တည်ချက်ကို မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။
ယခုအခါ အခြေအနေအားလုံး ငြိမ်သက်အေးချမ်းစပြုနေသော ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်၍ ဘန်ကောက်ပို့စ် သတင်းစာ၏ တစ်ဖက်သတ် စွပ်စွဲတိုက်ခိုက် ရေးသားမှုကြောင့် နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာသော မွတ်ဆလင် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသား၊ ဗမာတိုင်းရင်းသားများအကြား အထင်လွဲမှု၊ ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာပါက ဘန်ကောက်ပို့စ် သတင်းစာတွင်သာ လုံးဝတာဝန်ရှိကြောင်း အထူးသိစေအပ်ပါသည်။
Posted by Ko Nyan Posted Time 11:03 PM 1 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, သတင်း-News, နိုင်ငံရေး
Tuesday, July 24, 2012
ခရိုနီများရဲ့ ရှေ့ခရီး - မောင်ဝံသ
အဘရာမိုဗစ်ခ်ျ၊ မားဒေါ့၊ တက်ဆင်
ပွပေါက်တိုးခဲ့တယ်ဆိုတာ
ခရိုနီတွေကို ဆက်အသုံးချမလား
ပါလီမန်အစိုးရခေတ်ကလည်း
လိုင်စင်ပြန်အပ်တဲ့ သခင်လေးမောင်
ယူခဲ့သူတွေကိုလည်း မရှုတ်ချ
ကြိတ်ပြီးအားကျနေခဲ့ကြ
မေတ္တာမွန်နဲ့ ပဒုမ္မာဆိုင်ခေတ်
လူတန်းစားသစ် ဖတ်ရအပြီး
ဘယ်လို ဆက်စခန်းသွားကြမလဲ
Posted by Ko Nyan Posted Time 9:18 PM 1 Comment(s)
Labels မြန်မာ-Myanmar, ဆောင်းပါး-Article, နိုင်ငံရေး
ဓာတ်ပုံထဲက သတင်း၊ သတင်းထဲက ဓာတ်ပုံ
Posted by Ko Nyan Posted Time 10:53 AM 0 Comment(s)
Labels Myanmar, news, photos, ကျွန်တော့်အတွေးများ, မြန်မာ-Myanmar, သတင်း-News, နိုင်ငံရေး
Sunday, July 22, 2012
Breaking News (July 22)
Posted by Ko Nyan Posted Time 10:37 PM 0 Comment(s)
Labels Myanmar, news, မြန်မာ-Myanmar, သတင်း-News, နိုင်ငံရေး
Saturday, July 21, 2012
ဂျာနယ်စား
Posted by Ko Nyan Posted Time 6:46 PM 1 Comment(s)
Labels ကျွန်တော့်အတွေးများ, ကိုယ်တွေ့, မြန်မာ့သွေး
Friday, July 20, 2012
အခါလွန်မိုး
Posted by Ko Nyan Posted Time 2:08 PM 0 Comment(s)
Labels မြန်မာ့သွေး, အထိမ်းအမှတ်နေ့များ
Wednesday, July 18, 2012
Breaking News (July 18)
Posted by Ko Nyan Posted Time 9:52 AM 0 Comment(s)
Labels Myanmar, မြန်မာ-Myanmar, သတင်း-News
Tuesday, July 17, 2012
ကာလာမသုတ်တော်
( အရှင်ဇနကာဘိဝံသ ၏ အနာဂတ်သာသနာရေး စာအုပ်မှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်။ )
Posted by Ko Nyan Posted Time 1:12 AM 0 Comment(s)
Labels စာအုပ်မှတ်စုများ, ဗဟုသုတ-Knowledge, ဘာသာရေး-Religious