Sunday, July 08, 2012

October Aung Gyi, what are you doing?


မော်နီတာဂျာနယ် အတွဲ(၂)၊ အမှတ်(၁၀)၊ စာမျက်နှာ-၂၂ တွင် ဖော်ပြပါရှိသည့် အောက်တိုဘာအောင်ကြီး ဘာတွေလုပ်နေလဲ ကို ပြန်လည်ဖော်ပြပါသည်။ သဘောကျနှစ်ခြိုက်စရာ၊ ဆပွားတွေးတောစရာ အတွေးများ ပါဝင်နေသောကြောင့် ဖြစ်ပါသည်။ ဖတ်ရှုခံစားကြပါကုန်။


Saturday, July 07, 2012

Our President U Thein Sein



..........
....................
...........................................................

ဒီနေ့ သုံးပတ်တောင် ရှိသွားပြီလို့ ထင်ပါတယ်။ ရခိုင်ဘက်က ဆူပူမှုသတင်းတွေပဲ နေ့စဉ် ကြားနေရပါတယ်။ ဒီသတင်းကတော့ ကျွန်တော် မတို့ရဲ မထိရဲတဲ့ သတင်း။
အမှားမခံတဲ့ သတင်း။
အင်္ဂလိပ်လိုတော့ Highly Sensitive Issue ပေါ့ခင်ဗျာ။
မြန်မာပြည်သူတစ်ရပ်လုံးကလည်း ဒီသတင်းတွေ နားထောင်ပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကတော့ ဖြစ်နိုင်သမျှ ဒီပြဿနာနှင့်ပတ်သက်ပြီး မီဒီယာမှာ လုံးဝမပါအောင် ရှောင်ကြပြေးကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီပြဿနာနှင့်ပတ်သက်ပြီး မီဒီယာက မေးကြ မြန်းကြတာတွေကို ကျွန်တော် သုံးလေးကြိမ် တွေ့လိုက်မိတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုမေးတဲ့ မေးခွန်းကို တည့်တည့်မဖြေဘူး။ သူဖြေသင့်ဖြေထိုက်တဲ့ အဖြေကိုပဲ ပါးနပ်လိမ္မာစွာ ဖြေသွားပါတယ်။
မှန်ပါတယ်။
သူမ.... မမှားပါဘူး။ ဖြေသင့်ဖြေထိုက်တဲ့အဖြေကိုပဲ ပေးမှာပေါ့ဗျာ။ သူ့ကိုယ်သူကတော့ ဘယ်အပတ်ခံမှာလဲ။
မြန်မာစကား ရှိတယ်မဟုတ်လား။
ဘုန်းကြီးအမှု ရွာပတ်ဆိုတာ။
အဲ.... မဖြေမဖြစ်တဲ့ ပုဂ္ဂိုလ်ကတော့ သမ္မတကြီး ဦးသိန်းစိန်။
သူကတော့ နိုင်ငံရဲ့ အမြင့်ဆုံးတာဝန်ကို ထမ်းဆောင်နေရတဲ့၊ တာဝန်ယူနေရတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ ဒီပြဿနာမှာ ခေါင်းရှောင်နေလို့ မရတော့ဘူး။
ဝင်ကိုင်ရတယ်။
ဝင်အဖြေပေးရတယ်။
၁၀-၆-၂၀၁၂ ရက်နေ့က သူပြောခဲ့တဲ့ မိန့်ခွန်းက ဒီပြဿနာနှင့် ပတ်သက်ပြီး သူပေးခဲ့တဲ့ အဖြေပါပဲ။
သူ့မိန့်ခွန်းကို ကျွန်တော်နားထောင်ပြီး အလွန်အံ့သြတယ်။
ကျွန်တော်ငယ်ငယ်က မော်လမြိုင်မှာ မွန်တွေပြောလေ့ရှိတဲ့ အာမေဋိတ် စကားနှင့်ဆိုလျှင် "ဆလံဘာဘာ" လို့တောင် အော်ပြီး ပြောလိုက်ချင်ပါတယ်။
ဒီအဖြေမျိုး ကျွန်တော် မပေးတတ်ဘူး။
ခင်ဗျားကို ကျွန်တော် ဆလံတောင်ပေးလိုက်ချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ခင်ဗျာ။
သူပြောသွားတာ သိပ်လိမ္မာတယ်။
လုံးဝ အစွန်းမရောက်ဘူး။
ဘာသာရေးအစွန်းလည်း မရောက်ဘူး။
လူမျိုးရေးအစွန်းလည်း မရောက်ဘူး။
မြန်မာတွေပြောလေ့ရှိတဲ့ ပညာရှိစကားဆိုတာ ဒီမိန့်ခွန်းမှာ သူပြောသွားတဲ့ စကားတွေပါပဲ။
အံ့သြစရာပါပဲ။
သူဟာ စစ်ဗိုလ်ဘ၀က နိုင်ငံရေးလောကကို ၂ နှစ်လောက်ပဲ ရောက်ခဲ့သေးပေမယ့် သူနိုင်ငံရေးပါး အလွန်ဝသွားပါပြီ။
ကျွန်တော်ကြိုပြီးတော့ ဟောကိန်းထုတ်လိုက်ပါမယ်။
သူ ယခုလိုသာ တိုင်းပြည်ကိုပြောတဲ့စကားတွေကို ဆင်ခြင်ပါ။ လိမ္မာပါ။ အသေအချာ စဉ်းစားပြီးမှ ပြောပါ။
သူ လွတ်လပ်ရေးရပြီးခေတ် မြန်မာခေါင်းဆောင်တွေအထဲမှာ ထိပ်ဆုံးမှာ ရပ်တည်မယ့် ခေါင်းဆောင်ကြီး ဖြစ်လာပါလိမ့်မယ်။
အဲဒီလို ဖြစ်လာပါစေလို့လည်း ကျွန်တော် ဆုတောင်းပါတယ်။
သူဒီလို ဖြစ်လာမှ ကျွန်တော်တို့တိုင်းပြည် အခြေအနေ ကောင်းလာမှာပေါ့ဗျာ။ ကျွန်တော့်အမြင်မှာတော့ ဒီနေ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ သူ့အပေါ်မှာ အဓိကတည်နေသို ဖြစ်နေပါတယ်။
သူမှားလို့ မရပါဘူး။
ဒါကြောင့် သူ့ကို မြန်မာနိုင်ငံရဲ့ အတော်ဆုံးလူတွေနှင့် ၀ိုင်းရံထားစေချင်ပါတယ်။ ဘာကြောင့်လဲ။ သူဘယ်လိုမှ စွယ်စုံမတော်နိုင်ပါဘူး။ Perfect မဖြစ်နိုင်ပါဘူး။ သူလုပ်မိတဲ့ အမှားဆိုတာ ရှိလာနိုင်တာပါပဲ။ ဒါပေမယ့် သူ့အခြေအနေက အမှားလုပ်လို့ မရတဲ့နေရာ။ မောင်သော်ကကြီး ပြောသွားသလို သူ့အမှားကို မှန်ဘီလူး (Microscope) နှင့် ကြည့်ပြီး ၀ိုင်းရှာနေကြမှာပဲ။
တွေ့ခဲ့ပြီဆိုတာနှင့်.....။
စာရှုသူ.....။
နိုင်ငံမှာ ဘာတွေဖြစ်လာတော့မယ်ဆိုတာ ဆက်သာတွေးယူပါတော့ခင်ဗျာ။

..............
........................
....................................

ဒီနေ့ဟာ ကျွန်တော်တို့ဖြစ်ချင်တဲ့ အဆင့်ကို မရောက်သေးပေမယ့် လမ်းမှန်ပေါ်ကို ရောက်ခဲ့ကြပြီဆိုတာကိုပဲ ကျွန်တော်ကတော့ ကျေနပ်နယ်ခင်ဗျာ။
မှန်ပါတယ်။
ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲခဲ့ပုံကို အမေရိကန်သမ္မတကြီး အိုဘားမားကတောင် ကျေနပ်သဘောကျပြီး ဒီနေ့ အာဏာရှင်တွေရဲ့ အုပ်စိုးမှုဘ၀က မလွတ်မြောက်သေးတဲ့ နိုင်ငံတွေ ဒီနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေကို အတုယူသင့်ပါတယ်လို့ ထုတ်ဖော်ပြောခဲ့ပြီး မဟုတ်လား။
အဲ.... ဒါကြောင့် ခုလမ်းမှန်ပေါ်ရောက်အောင် တင်ပေးနိုင်တဲ့ အဆင့်ကိုပဲ ကျွန်တော်ကတော့ ကျေနပ်တယ်လို့ ပြောတာပါ။
အဲ... ဒါပေမယ့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းတွေနှင့် ပတ်သက်လို့တော့ ကျွန်တော် စိတ်မကောင်းဘူးခင်ဗျာ။
ဘွင်းဘွင်းရှင်းရှင်း မြန်မာစကားနှင့် ပြောရ၊ ရေးရရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပြဿနာ။ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာ.....။ 
 ဒီပြဿနာ မအောင်မြင်သေးတဲ့အတွက် ဆိုးကျိုးအဖြစ် နေ့စဉ် ကြားနေရတဲ့ သတင်းတွေကို နားထောင်ပြီး ကျွန်တော် နေ့တိုင်း စိတ်မချမ်းသာပါဘူး။ ဒီပြဿနာနှင့် ပတ်သက်ပြီး တာဝန်ယူဖြေရှင်းနေရတဲ့ သမ္မတကြီး ဦးသိန်းစိန်ဆိုရင် ပိုတောင် စိတ်မကောင်းဖြစ်နေဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။
တကယ်တော့ ကျွန်တော့်အမြင်မှာ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အဖြေရှိပါတယ်။
ဒီနေ့ ပြဿနာက ပြည်ပနဲ့ ဖြစ်တဲ့ပြဿနာ မဟုတ်ပါဘူး။
ပြည်တွင်းမှာ ကိုယ့်အမျိုးသားချင်း ဖြစ်နေကြတဲ့ ပြဿနာ။ ကိုယ့်အမျိုးသားချင်း ဖြစ်ကြတဲ့ ပြဿနာမှာ ဖြေရှင်းလို့ မရတဲ့ ပြဿနာဆိုတာ မရှိပါဘူး။
မိသားစုအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာပါ။ အဲဒီ မိသားစုတစ်ခုရဲ့ ပြဿနာမှာလည်း ပြဿနာဖြစ်ရပ်ချင်း တူညီနေပေမယ့် ကျွန်တော့်အဘိုးခေတ်က ကျွန်တော့်အဘိုး ကြံဆဖြေရှင်းခဲ့တဲ့ နည်းလမ်း၊ ကျွန်တော့်အဘိုး တွေးပုံ၊ စဉ်းစားပုံနှင့် ဒီနေ့ ကျွန်တော့် သားသမီး၊ ကျွန်တော့်မြေးတွေရဲ့ ပြဿနာကို ကျွန်တော် ဖြေရှင်းချင်လို့ မရတော့ပါဘူး။
ခေတ်နှင့်ဆီလျော်တဲ့ နည်းသစ်လမ်းသစ်တွေကို တွေးရဲရပါမယ်။ ကြံဆရပါမယ်။ ချသုံးရဲရပါမယ်။
သမ္မတဦးသိန်းစိန် ၂ နှစ်လောက် အချိန်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို လုပ်နိုင်ခဲ့တာ၊ တိုင်းပြည်ရဲ့ အနာဂတ်လမ်းမှန်ပေါ် တင်ပေးနိုင်ခဲ့တာ သေသေချာချာ ပြန်စဉ်းစားကြည့်ပါ။
သူ့ရှေ့က ပုဂ္ဂိုလ်ကြီးတွေ မလုပ်ဝံ့တာကို သူလုပ်ဝံ့တဲ့အတွက်ပါ။
သူ့ကို ပြုပြင်ရေးသမား Reformist စစ်စစ် ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးက ထုတ်ဖော်ပြောအောင်၊ ပြည်ပမှ ခေါင်းဆောင်တွေ ဥပမာ- အလွန်ခေါင်းမာတဲ့ အမေရိကန်အမတ်ကြီး Mitchellrne Connell လို ပုဂ္ဂိုလ်မျိုးက ဦးဆောင်ထုတ်ပြောအောင် လုပ်နိုင်တာ သူဟာ Reformist စစ်စစ် ဖြစ်နေလို့ပေါ့ခင်ဗျာ။
အခု အမျိုးသားပြန်လည်စည်းလုံးရေး အဲ ပြည်တွင်းငြိမ်းချမ်းရေး ပြုလုပ်တဲ့ ဆောင်ရွက်ချက်တွေမှာလည်း သမ္မတကြီးက reform တစ်ခု ပြုလုပ်သလိုပဲ စဉ်းစားသင့်ပါတယ်။ ယခင် ခေါင်းဆောင်တွေ လက်ခံယုံကြည်ထားတဲ့ ရိုးရိုးစင်းစင်း အဲ Orthodox idea တွေ၊ စိုးရိမ်ပူပန်မှုတွေကို ခေါင်းထဲက လုံးဝ ထုတ်ပစ်သင့်ပါတယ်။
မှန်ပါတယ်။ ဒီပြဿနာက သမ္မတကြီးကိုယ်တိုင် ထလုပ်မှ ပြီးမယ့် ပြဿနာပါ။
အတိုက်အခံ နိုင်ငံရေးပါတီမှ သြဇာရှိသူ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ယုံကြည်သူရဲ့ အင်အားကိုလည်း အသုံးချသင့်ပါတယ်။ တာဝန်ပေးသင့်ပါတယ်။ ဒါ နိုင်ငံအများမှာ သုံးခဲ့ဖူးတဲ့ ဒီမိုကရေစီ ကျင့်စဉ်တစ်ခုပါပဲ။

The Voice Weekly Journal အတွဲ (၈)၊ အမှတ် (၂၉)၊ စာမျက်နှာ-၃၁ တွင်ပါရှိသည့် ဦးလှဝင်း (လေသူရဲတစ်ဦး) ၏ "အားကြီးခေါင်းစားနေပါတယ်" ဆောင်းပါးမှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်။

အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ


၁။ ဦးမော်သန်း (နာယက)
၂။ ဦးတင်ထွဋ်ဦး (ဥက္ကဋ္ဌ)
၃။ ဒေါက်တာ အောင်ထွန်းသက် (အဖွဲ့ဝင်)
၎။ ဒေါက်တာ ဒေါ်ခင်စန်းရီ (အဖွဲ့ဝင်)
၅။ ဒေါက်တာ ကျော်ရင်လှိုင်(အဖွဲ့ဝင်)
၆။ ဒေါက်တာ ဇော်ဦး (အဖွဲ့ဝင်)
၇။ ဦးသီဟံမျိုးညွန့် (အဖွဲ့ဝင်)
၈။ ဦးသန့်မြင့်ဦး (အဖွဲ့ဝင်)
၉။ ဦးတင်မောင်သန်း (အဖွဲ့ဝင်)
၁၀။ ဦးဝင်းအောင် (အဖွဲ့ဝင်)
၁၁။ ဦးသောင်းတင် (အဖွဲ့ဝင်)
၁၂။ ဒေါက်တာ ကိုကိုကြီး (အဖွဲ့ဝင်)
၁၃။ ဦးသန်းလွင် (အဖွဲ့ဝင်)
၁၄။ ဦးခင်မောင်အေး (အဖွဲ့ဝင်)
၁၅။ ဦးလှမောင်ရွှေ (အဖွဲ့ဝင်)
၁၆။ ဦးမိုးကျော် (အဖွဲ့ဝင်)
၁၇။ ဒေါက်တာ ဒေါ်ရင်ရင်နွယ် (အဖွဲ့ဝင်)
၁၈။ ဒေါက်တာ စစ်အောင် (အတွင်းရေးမှူး)



မှတ်ချက်။ ဂျာနယ်ရဲ့ စာမျက်နှာ-၂၁ မှာပဲ နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းတာတွေ၊ နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းတာတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့တွေမှာက ပုံမှန်အတိုင်းပဲ သမ္မတ၊ ဒုတိယသမ္မတများ၊ ၀န်ကြီးများ နဲ့ ဖွဲ့စည်းထားတာသာ ဖြစ်ပါတယ်။ အခု ဖော်ပြခဲ့တဲ့ အကြံပေးကောင်စီမှာတော့ အံ့သြစရာ လူပုဂ္ဂိုလ်အချို့ ပါဝင်နေခြင်းကြောင့် ကျွန်တော်ပိုပြီး စိတ်ဝင်စားရပါတယ်။ စီးပွားရေးနဲ့ လူမှုရေး ဆိုတဲ့အတွက် အင်မတန်မှလည်း ကျယ်ပြန့်ပါတယ်။ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေက ဘာတွေလဲဆိုတာ မသိရပေမယ့် စိတ်ဝင်စားစရာ ကောင်းတာကတော့ အမှန်ပါပဲ။ ဘလော့ဂ်ဖတ်သူများ တွေးဆဆင်ခြင်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

Friday, July 06, 2012

ဖတ်မိ၊ ကြားမိ၊ ခံစားမိသော သတင်းများ (ဇူလိုင် ၅ ရက်နေ့အထိ)


(၁)
ဒုတိယသမ္မတ(၁) သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးတာဝန်က အနားယူသွားတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နာယကကြီးက ပြောကြားခဲ့တယ်။
ကျန်းမာရေးအခြေအနေကြောင့် ဖြစ်တဲ့အကြောင်း ကြားရသိရတယ်။ အခုလောလောဆယ် ရန်ကုန်မှာ ဘုန်းကြီးဝတ်နေတယ်လို့ သူများတွေပြောနေတာကို ကျွန်တော်သိရတယ်။ အချို့ကလည်း အခုလို ရာထူးက အနားယူတာဟာ ဘယ်သူနဲ့ ဘယ်လိုဖြစ်လို့၊ ဘယ်ကိစ္စမှာ ဘယ်လိုဖြစ်သွားတာ စသည်ဖြင့် တီးတိုးတီးတိုး ပြောကြတာလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကြားသမျှကို နားထောင်လိုက်ပါတယ်၊ သိသမျှကို မှတ်သားလိုက်ပါတယ်။ သေချာတာကတော့ ဒုတိယသမ္မတကြီးတစ်ဦးဖြစ်တဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ ရာထူးတာဝန်ကနေ လုံးဝအနားယူသွားတာပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာ၊ နုတ်ထွက်ခဲ့တာဖြစ်လို့ ဘာမျှ အထွေအထူး ပြောစရာ မရှိကြောင်းပါခင်ဗျား။

(၂)
နုတ်ထွက်သွားတဲ့ ဒုတိယသမ္မတ(၁) အစား ဒုတိယသမ္မတသစ်တစ်ဦး တင်ပေးရမှာဖြစ်ပါတယ်။ ဦးတင်အောင်မြင့်ဦးကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က တင်မြှောက်ခဲ့တာ ဖြစ်တဲ့အတွက် အခုလည်း လစ်လပ်တဲ့နေရာကို တပ်မတော်သား ကိုယ်စားလှယ်တွေက ရွေးချယ်ပေးကြပါလိမ့်မယ်။ အများကြီးစဉ်းစားပြီးမှ ရွေးချယ်ပေးမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတာ အမှန်ပါပဲ။ သူများတွေကတော့ ဘာကိုဘယ်လို စိတ်ဝင်စားကြတယ် ကျွန်တော် မပြောနိုင်ပါဘူး။ ကျွန်တော်ကိုဉာဏ်ကဖြင့် အလွန်အင်မတန်မှကို စိတ်ဝင်စားမိကြောင်းပါ။ တစ်အချက်- ရွေးပေးရမယ့် ဒုတိယသမ္မတကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသစ်က ရွေးချယ်ပေးမှာ ဖြစ်လို့ပါ။ နှစ်အချက်- သမ္မတကြီး ဦးသိန်းစိန်က မလိုလားတဲ့လူကို တပ်မတော်သား အစုအဖွဲ့က ရွေးချယ်ပေးလိမ့်မယ် မဟုတ်ဘူးလို့ တွက်မိလို့ပါ။ သုံးအချက်- လက်ရှိတာဝန်ထမ်းဆောင်နေသူ တပ်မတော်အရာရှိကြီးတွေထဲက တစ်ဦးဦးကို ရွေးချယ်ပေးမယ်လို့ ကျွန်တော်မထင်လို့ပါ။ လေးအချက်- အားလုံးက တွက်ကိန်းထုတ်နေတာတွေကို ဘယ်သူမှန်တယ်ဆိုတာ ကျွန်တော်သိချင်လို့ပါ။ ကဲ.. ကျွန်တော်လည်း ခေတ်မီပါတယ်နော်။ အငြိမ့်မှာ လူရွှင်တော်တွေ ပြောသလို အင်း... ဒုတိယသမ္မတသစ်လား.... ငါထင်တယ်... ငါထင်တယ်... ဆိုပြီးလည်း ပြောလို့က မရသေးဘူးဗျ။ အသက်ကန့်သတ်ချက်က ၄၅ နှစ် ဖြစ်နေသေးတာကိုး။

(၃)
ခွင့်ပြုချက်မတောင်းခံခဲ့တဲ့ သတင်းဓာတ်ပုံကို ဖော်ပြခဲ့တဲ့အတွက် လျှပ်တစ်ပြက်ဂျာနယ်ကို ထုတ်ဝေခွင့် ပိတ်ထားခဲ့တဲ့အပြင် ဂျာနယ်အယ်ဒီတာချုပ် မြတ်ခိုင်ကိုလည်း တရားစွဲဆိုထားခဲ့တာ လူတိုင်းအသိ ဖြစ်ပါလိမ့်မယ်။ အခုနောက်ဆုံး ဖတ်ရတဲ့ သတင်းတွေအရ လျှပ်တစ်ပြက်ဂျာနယ်ကို ဒီအပတ်မှာ ပြန်လည်ထုတ်ဝေခွင့် ပြုထားတယ်လို့ ဆိုပါတယ်။ ကြိုဆိုပါတယ်ဗျာ။ အခြားဟာတွေ မပြောလိုပါဘူး။ ပုံမှန်ထွက်နေတဲ့ ဂျာနယ်တစ်ခု အကြောင်းတစ်ခုခုကြောင့် မထွက်ရဘူးဆိုတာဟာ အဲဒီဂျာနယ်အတွက်ရော၊ အဲဒီဂျာနယ်မှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေအတွက်ရော၊ အဲဒီဂျာနယ်ကို အားပေးကြတဲ့ စာဖတ်ပရိသတ်အတွက် မကောင်းဘူးလို့ ထင်မိလို့ပါ။
အွန်လိုင်းပေါ်မှာဖတ်ရတဲ့ ကဗျာတစ်ပုဒ်ကို သတိရမိလိုက်တယ်။ လယ်သမားတွေက လယ်အသိမ်းခံရတယ်၊ စာနယ်ဇင်းသမားက ဂျာနယ်အသိမ်းခံရတယ်တဲ့။ တွေးစရာကောင်းပါတယ်။ ကျွန်တော့်အမြင်အရတော့ လယ်သမားကလည်း လယ်ကို အသိမ်းမခံရအောင် ကြိုးစားသင့်သလို၊ စာနယ်ဇင်းသမားကလည်း ဂျာနယ်အသိမ်းမခံရအောင် ဂရုစိုက်သင့်ပါတယ်။ သေချာတာကတော့ မြန်မာပြည်မှာ အပတ်စဉ်ထွက်နေတဲ့ ဂျာနယ်တစ်ရာကျော်လုံးကို စာပေစိစစ်ရေးက ပိတ်သုံးနေတာ၊ အရေးယူနေတာ မဟုတ်ဘူးဆိုတာပါပဲ။ အချို့ကိစ္စတွေမှာ ကျွန်တော်အကုန် မသိနိုင်တဲ့အတွက် ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာကို မပြောလိုတော့ဘဲ ဘေးကထိုင်ကြည့်တဲ့ ပွဲကြည့်ပရိတ်သတ်သာ လုပ်နေမိပါကြောင်း။

(၄)
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပြန်လည်စတင် ကျင်းပနေပြီ ဖြစ်ပါတယ်။ ဥပဒေကြမ်းတွေ အစီအရီ တင်သွင်းကြမယ်လို့ သတင်းတွေအရ ကြားသိရပါတယ်။ ကောင်းတဲ့လက္ခဏာဖြစ်လို့ ကြိုဆိုလိုက်ပါတယ်။ ဥပဒေပြုတဲ့အလုပ်ဟာ လွှတ်တော်တွေရဲ့ အဓိကအလုပ်ပဲ ဖြစ်ပါတယ်။ သူတို့အလုပ်ကို သူတို့ ကျေပွန်ဖို့ လိုပါတယ်။ တစ်ခုလောက် မေတ္တာရပ်ခံချင်တာကတော့ ဥပဒေအသစ်တွေကိုချည်း စဉ်းစားမနေဘဲ ရှိပြီးသား ဥပဒေဟောင်းတွေထဲက ခေတ်နဲ့ မလျော်ညီတော့တဲံ ဥပဒေတွေကို ပြင်ဆင်နိုင်အောင် အလျင်ဆုံး ကြိုးစားသင့်တယ် ဆိုတာပါပဲ။ အချို့ဥပဒေပုဒ်မများဟာ အလွန့်ကို ဟာသဖြစ်စရာ၊ မေးငေါ့ချင်စရာ ဖြစ်နေလို့ပါ။ ဥပဒေအသစ်တွေလည်းရေး၊ အဟောင်းတွေကိုလည်း ပြင်ကြဆင်ကြပါဦးလို့ တောင်းပန်လိုက်ပါရစေ။ လွှတ်တော်အသက်ဝင်ပါစေ၊ ကျန်မဏ္ဍိုင်များကို အပြန်အလှန် ထိန်းကျောင်းနိုင်ပါစေ။ ပြည်သူ့အသံ ထင်ဟပ်ပါစေ။ ပြည်သူ့ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ပါစေ။

(၅)
သြော်... ကျွန်တော်တို့ရဲ့ အန်တီစုကြီး နိုင်ငံခြားက ပြန်လာတော့ ပင်ပန်းနေလို့ လွှတ်တော်မတက်ဘဲ ခွင့်ယူထားပါသတဲ့။ နေမကောင်းလို့ဆိုတဲ့ သတင်းတွေကို ဖတ်ရလို့သာ ပြောရတယ်၊ အင်တာနက်ပေါ်မှာတော့ အန်တီကြီးက ကော့မှူးကို ရောက်လို့ပါဗျာ။ ပြုံးလို့ရွှင်လို့၊ လန်းလို့ဆန်းလို့ပါဗျာ။ အလှူတွေဘာတွေလည်း လုပ်လို့ခင်ဗျ။ ကော့မှူးက လူတွေကတော့ အန်တီစုလာတယ်ဆိုပြီး ပျော်နေကြမှာပါပဲ။ ကိုယ့်မြို့နယ်က ကိုယ်စားလှယ်ကိုး။ ဒါပေမယ့် ငါတို့အန်တီစုက ငါတို့ဆီကို အရင်မလာဘဲ နိုင်ငံခြားကို အရင်သွားတယ်လို့ သူတို့တွေးမိရင် ဘယ်လိုများ ခံစားကြမလဲလို့ ကျွန်တော်ကိုဉာဏ်က မဆီမဆိုင် ၀င်တွေးနေမိကြောင်းပါခင်ဗျား။

(၆)
အာရှအဆင့် အသက် ၂၂ အောက် ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲမှာ မြန်မာအသင်း ခြေစစ်ပွဲ အောင်မြင်သွားခဲ့တဲ့ ၀မ်းသာမဆုံး ဖြစ်ရကြောင်းပါခင်ဗျ။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ကွင်း၊ ကိုယ့်ပရိတ်သတ်ရှေ့မှာ အကောင်းဆုံး ကပြအသုံးတော်ခံသွားတဲ့ မြန်မာလူငယ်တွေကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ တောင်ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ မလေးရှား အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာမို့ အားလုံးက အုပ်စုအဆင့်ပဲလို့ တွက်ထားခဲ့ကြတာ။ အခုတော့ ပန်းပန်လျက်ပါဗျာ။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆုငွေ အနည်းဆုံး ဒေါ်လာနှစ်သိန်း ရအောင် သူအာမခံပါတယ်လို့ ဆိုထားတဲ့အတွက်လည်း အံ့သြ၀မ်းသာမိကြောင်းပါခင်ဗျာ။ ဒါပေမယ့် နောက်ဆက်တွဲ ကြားနေဖတ်နေရတဲ့ သတင်းတွေအရ အသက်ပြဿနာတွေ ပေါ်ပေါက်နေတယ် ဆိုတဲ့အတွက် စိတ်ပူမိကြောင်းပါ။ ကြားရတဲ့ သတင်းတွေအရ အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်း အပါအ၀င် ကစားသမားအချို့ကို အသက်ကျော်လွန်တယ်ဆိုပြီး ကန့်ကွက်ထားတယ် ဆိုတဲ့အချက်ပါ။ ပြိုင်ပွဲက ထွက်ရတာ၊ မထွက်ရတာတွေကို မပြောလိုပါဘူး။ ဒီနေ့ ဒီအချိန်မှာတော့ ဒီလိုအကျင့်တွေ မရှိသင့်တော့ဘူးလို့ ကျွန်တော်မြင်မိပါတယ်။ ကောင်းချင်လျှင် ကောင်းအောင်လုပ်ရမည် ဖြစ်ပါတယ်။ ကလေးပြိုင်ပွဲကို လူကြီး ၀င်ကန်သင့်သည်ဟု ကျွန်တော် မထင်မိပါ။ သူ့နေရာနှင့်သူသာ ဖြစ်သင့်ပါသည်။ ဘာပဲဖြစ်ဖြစ် ခြေစစ်ပွဲအောင် ယူ ၂၂ အသင်းကို ဂုဏ်ပြုလိုက်ပါသည်။ သြော်... ဒါနဲ့ စကားမစပ် မြန်မာဘောလုံးပရိသတ်တွေ အရင်လို မကြမ်းတော့ဘူးဟု ပြောဆိုနေကြသည်ကို ဖတ်ရ ကြားရပါသည်။ ၀မ်းသာမိပါသည်။ မြန်မာတွေ အရိုင်းအစိုင်းမဟုတ်ကြောင်း ပါးစပ်ဖြင့်မပြောဘဲ လက်တွေ့နေထိုင် ကျင့်ကြံပြခြင်းဖြင့် သက်သေပြကြပါရန် တိုက်တွန်းလိုပါသည်။ မြန်မာဘောလုံး ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါသည်။

(၇)
အကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုတာ ဂျာနယ်တွေတောင် မသိလိုက်တဲ့အတွက် ရင်ထုမနာ ဖြစ်တဲ့လေသံနဲ့ ရေးထားတာကို ဂျာနယ်တစ်စောင်မှာ ဖတ်မိလိုက်ပါတယ်။ ကျွန်တော်တို့ဆီမှာက ဂျာနယ်တွေဟာ သိပ်ကိုအလိုလောဘ များကြတာပဲဗျာ။ ဘာပဲလုပ်လုပ် သူတို့တွေကို ကြိတင်သတိပေးပြီးမှ လုပ်ရလျှင်ဖြင့် အလုပ်ဖြစ်နိုင်မည် မထင်မိကြောင်းပါခင်ဗျာ။

အခုတော့ နားဦးမည်။ ဆက်ပါဦးမည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၀၅ ရက်၊ ကြာသပတေးနေ့

Saturday, June 30, 2012

Land Use, Land Speculation of our country, Myanmar


ပြီးခဲ့တဲ့အပတ် စနေနေ့က ကျွန်တော်တင်ခဲ့တဲ့ "နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် အစိုးရအဖွဲ့ဝင်များအား ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ကျွန်တော့်ခံစားချက်များ" ဆိုတဲ့ပို့စ်ရဲ့ ပဉ္စမမြောက်စာပိုဒ်မှာ မြေအသုံးချမှုနဲ့ မြေကစားမှု စတဲ့မြေယာပြဿနာတွေကို သမ္မတကြီးက ကိုင်တွယ်ဖြေရှင်းတော့မယ်ဆိုတဲ့ အရိပ်အယောင်တွေ ပြောလာတဲ့အတွက် ကျွန်တော်ကိုဉာဏ် စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့အကြောင်း ရေးသားလိုက်မိပါတယ်။ မြေကိစ္စတွေနဲ့ ပတ်သက်ရင် ကျွန်တော့်မှာ ဘာအတွေ့အကြုံ၊ ဘာဗဟုသုတမှ မရှိသလောက်ပါပဲ။ ဒါပေမယ့် အချို့အချို့သော ပုဂ္ဂိုလ်ကြီးတွေဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့တိုင်း၊ နယ်တိုင်းမှာ လက်ညှိုးထိုးမလွဲ မြေကွက်တွေဝယ်၊ လူလည်းမနေ၊ သူလည်းမနေ၊ စိုက်လည်းမစိုက်၊ ပျိုးလည်းမပျိုး၊ သုံးလည်းမသုံး၊ လိုလည်းမလို ဆိုသလိုပဲ ဖြစ်နေတာတွေကို မြင်ရတော့ စိတ်ထဲမှာ ဒါဟာ မကောင်းတဲ့အလုပ်၊ မဖြစ်သင့်တဲ့ကိစ္စ၊ မလုပ်သင့်တဲ့ အကြောင်းအရာရယ်လို့တော့ နားလည်မိတာ အမှန်ပါ။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ အချို့သော ဆရာသမားတွေ၊ မိတ်ဆွေတွေရဲ့ မိသားစုတွေမှာကို အဲဒီလို လုပ်နေတဲ့လူတွေကို ကျွန်တော့်အနေနဲ့ မြင်ဖူး၊ တွေ့ဖူးနေလေတော့ အချို့သော မြေကိစ္စတွေမှာတော့ နည်းနည်းပါးပါး တီးမိခေါက်မိ ရှိပါတယ်။ အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ ကျွန်တော်နဲ့သိတယ်ဆိုတဲ့ လူတိုင်းဟာ မြေကွက်တွေသာ လက်ညှိုးထိုးမလွဲတယ်၊ သူတို့ရဲ့ လစဉ်ဝင်ငွေ (တစ်နည်း) လခဟာ ကျပ် နှစ်သိန်းထက် ပိုတဲ့လူ တစ်ဦးမှ မတွေ့ဖူးပါဘူး။ ယောက်ျားလုပ်တဲ့လူက ၀န်ထမ်းမို့ အဲဒီလို လခနည်းတယ်ပဲ ထားပါတော့။ မိန်းမလုပ်တဲ့လူက ရွှေဆိုင်ပိုင်ရှင်မို့၊ ဒါမှမဟုတ် ဆွေစဉ်မျိုးဆက် ချမ်းသာသူမို့ ဆိုရင်လည်း ကျွန်တော်နားလည်းနိုင်ပါသေးတယ်။ အခုတော့ ယောက်ျားက ၀န်ထမ်း၊ မိန်းမက မှီခို၊ သားသမီးတွေက ကျောင်းသူကျောင်းသားတွေ၊ တချို့ဆို အလုပ်မရှိ၊ အကိုင်မရှိ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်တွေ၊ အဲဒီလိုအခြေအနေကနေ မြေကွက်တွေဆိုတာ ၀ယ်လိုက်တာများ ဟောတစ်ကွက်၊ ဟောတစ်ကွက်နဲ့။ မြေကွက်တစ်ခု တန်ဖိုးကလည်း သုံးလေးသိန်းဆိုရင် စုဆောင်းထားတဲ့ငွေနဲ့ ၀ယ်တာလို့ ဖြည့်တွေးလို့ ရပါသေးတယ်။ ဒါပေမယ့် သူတို့ဝယ်ထားတဲ့ မြေကွက်တွေကို ပြန်ရောင်းလိုက်တဲ့အချိန်တိုင်း သိန်းဘယ်နှထောင် ဆိုတာချည်းပဲ ကြားနေရတော့ ၀ယ်ဈေးဟာ နှစ်သိန်း၊ သုံးသိန်းတော့ ဟုတ်တန်ရာမတူဘူးလို့ ကျွန်တော်နားလည်မိပါတယ်။ ဒါက ကျွန်တော်သိသလောက် မဖြစ်ညစ်ကျယ်လေးပါ။

ဟော.... ကျွန်တော့်ထက် အများကြီးသိတဲ့ ဆရာတစ်ယောက်က ရေးချလိုက်တဲ့အချိန်ကျမှ ကျွန်တော်ဖြင့် ကြက်သီးမွေးညင်းတွေထပြီး တဆတ်ဆတ်တောင် တုန်လာရတဲ့အထိပါပဲဗျာ။ ဒါတောင်မှ စာရေးတဲ့သူဟာ အပြည့်အစုံမဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ ရေးသွားတာပါ။ စာရင်းဇယားတွေနဲ့များ ပြည့်ပြည့်စုံစုံ  ဖော်ပြ လိုက်မယ်ဆိုရင် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို တွေးမိပြီး ကျွန်တော်ဖြင့် ရင်တုန်လှိုက်မောပြီး သက်ပြင်းရှည်ကြီး ချမိပါရဲ့ဗျာ။ ကျွန်တော်တို့တွေမှာ ဒီလိုတွေ ကြုံနေရတာဟာ လူကြောင့်လား၊ မူကြောင့်လား ဆိုတာကိုတောင် ဝေခွဲမရတော့ပါဘူးဗျာ။ မူတွေကြောင့် လူတွေကို အသားစီးရစေသလို၊ လူတွေကြောင့်လည်း မူတွေပြောင်းချင်သလို ပြောင်းနေတာတွေကို မြင်နေရတော့ ငယ်ငယ်တုန်းက အဘိုးတွေ၊ အဘွားတွေပြောပြတဲ့ ပုံပြင်တွေထဲကလို သိကြားမင်းဟာ မနေသာတော့ဘဲ ဆိုတာမျိုး သိကြားမင်းကိုယ်တိုင် ဆင်းလာပြီး ကယ်တင်မှပဲ လွတ်တော့မှာလားလို့ တွေးပူမိပြီး ရင်တွေမောမိပါရဲ့ဗျာ။

အပေါ်မှာ ကျွန်တော်ညွှန်းခဲ့တဲ့ ဆရာတစ်ယောက် ရေးချလိုက်တယ်ဆိုတာ ဆရာ သန်းထွဋ်အောင် ပါ။ ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် Weekly Eleven News Journal, Vol 7, No 38, Page 27 မှာ ရေးထားတဲ့ "........ ပြောပြချင်ပါတယ် (၄)" ဆိုတဲ့ ဆောင်းပါးမှာပါ။ အဲဒီဂျာနယ်ကို ဖတ်ရတဲ့နေ့ ကတည်းက တင်ပေးဖို့ ဖြစ်ပေမယ့် အင်တာနက်သုံးလို့ ဘယ်လိုမှ အဆင်မပြေတဲ့အတွက် အခုမှပဲ တင်ပေးဖြစ်လိုက်ပါတယ်။ ဆရာသန်းထွဋ်အောင် ရေးထားတဲ့ ဆောင်းပါးထဲက ကျွန်တော်ပြောချင်တဲ့ မြေယာတွေနဲ့ ဆိုင်တဲ့အကြောင်းအရာကို ထုတ်နုတ်တင်ပြလိုက်ပါတယ်။

........
................
(၅)
ဟိုတစ်နေ့က သမ္မတကြီးအနေနဲ့ မြေယာစနစ်တကျ စီမံခန့်ခွဲရေးနဲ့ မြေယာစနစ် ပြုပြင်ပြောင်းလဲရေး တို့ပြောတာ ကြိုဆိုပါတယ်။ ဒီဘက် သုံးလေးနှစ်အတွင်းမှာ မြေဈေးကစားမှုတွေ၊ လယ်ယာမြေ အဓမ္မ သိမ်းယူမှုတွေကြောင့် တိုင်းပြည် ဘယ်လောက် နစ်နာခဲ့ရတယ်။ ဒီနောက်ကွယ်မှာ အဂတိတရားလိုက်စားမှုတွေ၊ ငွေကြေးခ၀ါချမှုတွေ ဘယ်လောက်ရှိတယ်ဆိုတာ ရှင်းပြချင်ပါတယ်။ ရပေါက်ရလမ်း မဖော်ပြနိုင်တဲ့ မြေ၀ယ်ယူမှုတွေအတွက် ၁၂ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်းပဲ အခွန်ဆောင်ရမယ်ဆိုတဲ့ အမိန့်ကြော်ငြာစာ ထွက်ပြီးနောက်ပိုင်းမှာ ရန်ကုန်၊ မန္တလေး မြေဈေးဟာ လေးဆကနေ ခုနစ်ဆကြား တက်သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး ရန်ကုန်မြို့ရဲ့ အချက်အချာက အစိုးရပိုင်မြေ၊ ရုံးဌာနတွေ၊ စက်ရုံတွေဟာ ခရိုနီတွေနဲ့ တာဝန်ရှိသူအချို့ရဲ့ မိသားစုဝင်တွေ၊ မြေဈေးကစားသူတွေ လက်ထဲကို တရားဝင် ရောက်ရှိလာခဲ့ပါတယ်။ အရင်အစိုးရ လက်ထက်မှာမကဘဲ အခုအစိုးရ လက်ထက်မှာပါ ရန်ကုန်၊ မန္တလေးက မြေတော်တော်များများဟာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ရောက်ရှိသွားပါတယ်။ တချို့ကတော့ တရားဝင် ကြေညာတာမျိုး၊ ဈေးနှုန်းတင်ဒါ ပုံစံမျိုး မတွေ့ရသလောက်ပါ။ အထူးသဖြင့် အခု ဒီ ၆ လအတွင်းမှာ Transparency မရှိပါဘူး။ ဒီစာရင်းတွေရဲ့ အတိအကျကတော့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင်၊ အိုးအိမ်ဦးစီးဌာနတို့မှာပဲ ရှိနိုင်ပါတယ်။ နမူနာအနေနဲ့ ၀န်ကြီးဌာနရုံးတစ်ခုကို ကြားဝင် အကျိုးဆောင်တဲ့သူတောင် ဒေါ်လာ ၅ သန်း ရခဲ့တာဆိုတော့ ထောင်နဲ့ချီတဲ့ ဒီမြေကွက်၊ ရုံးတွေကနေ ဘယ်လောက် အကျိုးအမြတ်တွေ ရကြမလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ရန်ကုန်မြို့က အဓိကနေရာ အတော်များများပိုင်တဲ့ သူဌေးကြီးတွေဆိုရင် ၀ယ်တော့လည်း ဈေးချိုတယ်။ ဈေးကလည်း ၅ ဆလောက်တက်တော့ သူတို့ပိုင်ဆိုင်မှုက ၅ နှစ်အတွင်း ၈ ဆကနေ ၁၀ ဆလောက် ချမ်းသာကုန်ပါတယ်။ အရင် ဒေါ်လာသန်း ၅၀ လောက် ချမ်းသာသူက သန်း ၅၀၀ လောက် နေရင်းထိုင်ရင်း ချမ်းသာကုန်တာမျိုးတွေပါ။ အဂတိတရားရယ်၊ လုပ်ပိုင်ခွင့်ရယ်၊ ငွေကြေးရယ်၊ အခွန် အမိန့် ကြော်ငြာစာလေးတစ်ခုရယ်နဲ့ ဆင်းရဲ၊ ချမ်းသာ ကွာဟကုန်တာပါ။
မြန်မာနိုင်ငံမှာ ငွေကြေးခ၀ါချမှုကို ကာကွယ်တဲ့ ဥပဒေရှိပေမယ့်  မူးယစ်ဆေးဝါးက တရားမ၀င်ရတဲ့ငွေ လာဘ်ပေးလာဘ်ယူမှုက တရားမ၀င်ရတဲ့ ငွေတွေဟာ ဒီအမိန့်ကြော်ငြာစာကြောင့် တရားဝင်ငွေတွေဖြစ်ပြီး မူးယစ်ရာဇာတွေ မြေဈေးကွက်မှာ စိတ်ကြိုက်ဝင်ကစား သွားခဲ့ပါတယ်။ ဘယ်သူတွေ အဂတိတရား လိုက်စားခဲ့ကြတယ်။ ဘယ်သူတွေ တာဝန်ရှိတယ်ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြမှာပါ။ ဒေါ်လာဘီလျံနဲ့ချီပြီး အကျိုးအမြတ်တွေရှိတဲ့ ဒီမြေဈေးကစားမှုကိုကြည့်ရင် မြန်မာနိုင်ငံမှာ အဂတိတရားလိုက်စားမှုမှာ ပိရမစ်ဇောက်ထိုးပုံစံနဲ့စပြီး အရေးယူမှု စသင့်တယ်ဆိုတာ သဘောပေါက်ကြမှာ ဖြစ်ပါတယ်။

မြေဈေးတွေတက်ရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အခက်ကြုံရတာ အမှန်ပါပဲ။ ဒါဟာ တိုင်းပြည်အတွက် အကြီးအကျယ် ထိခိုက်နစ်နာပါတယ်။ မြေဈေးတက်တာ ဆင်းရဲသားတွေနဲ့ မြေမ၀ယ်နိုင်တဲ့ သူတွေအပေါ် ဆိုင်သလားဆိုရင် ဆိုင်ပါတယ်။ မြေဈေးတက်တော့ တိုက်ခန်းဈေး၊ တိုက်ခန်းငှားခ၊ အိမ်ငှားခ တက်ပါတယ်။ ဒီ ၅ နှစ်အတွင်း အိမ်ငှားခ နှစ်ဆကျော် သုံးဆနီးပါး တက်ခဲ့တဲ့အတွက် လူလတ်တန်းစားတွေရဲ့ Cost of Living တက်စေပါတယ်။ ဈေးဆိုင်ငှားခတွေတက်ရင် စားသုံးသူတွေ ထိခိုက်နစ်နာတာပဲ မဟုတ်လား။ ရန်ကုန်၊ မန္တလေးမှာ Cost of Living တက်ရင် တစ်နိုင်ငံလုံး ပျံ့နှံ့ထိခိုက်ပါတယ်။ ဒီမြေကနေရသွားတဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ အမြတ်ဟာ နောက်ဆုံးတော့ ဘယ်သူ့ဆီက ရတဲ့အမြတ်လဲဆိုတာ စဉ်းစားရုံနဲ့ ပေါ်နိုင်ပါတယ်။

တခြားမကြည့်ပါနဲ့ ကမ္ဘာမှာ လူနေမှုအကြီးဆုံး တိုကျိုနောက်က အင်ဂိုလာမြို့တော် ကမ်ပါလာရဲ့ ဘ၀ကို ကြည့်လိုက်ပါ။ တိုင်းပြည်ရဲ့ တစ်ဦးချင်းဝင်ငွေက နည်းပါး၊ Cost of Living က မြင့်၊ တိုင်းသူပြည်သားတွေက မျှော်လင့်ချက် မရှိ၊ ဒီလိုအခြေအနေမျိုးတော့ ကျွန်တော်တို့နိုင်ငံ အရောက်ခံလို့ မဖြစ်ဘူး။ မြေဈေး၊ အိမ်ဈေးဟာ အာဆီယံမှာ စင်ကာပူရဲ့နောက်မှာ မြန်မာနိုင်ငံက ရှိနေတယ်ဆိုတာ စိတ်ပျက်စရာပါ။ ဒီမြေဈေးတွေနဲ့ ဘယ်လူလတ်တန်းစားတွေ နေပျော်မှာလဲ။ ပြည်ပရောက် မြန်မာပညာရှင်တွေ၊ အလုပ်သမားတွေ မြို့ကြီးတွေမှာ လူတန်းစေ့ ဘယ်လိုနေမှာလဲ။ ဘယ်လိုပြန်လာမှာလဲ။ ဒါဟာ အဂတိ လိုက်စားမှုနဲ့ ခရိုနီစီးပွားရေး ပေါင်းစပ်မှုကြောင့် နိုင်ငံနဲ့ပြည်သူ ဘယ်လောက် နစ်နာခဲ့ရတယ်ဆိုတာပြတဲ့ ဥပမာလေး တစ်ခုပါ။

လယ်ယာမြေ နဲ့ မြေလွတ် ဧကနှစ်သန်းကျော်ကို ခွဲယူခဲ့တာ၊ ကချင်ပြည်နယ်က ဧက သိန်းနဲ့ချီတဲ့ မြေကိစ္စ၊ ရန်ကုန်-မန္တလေးလမ်း တစ်လျှောက်က မြေကွက်ခွဲဝေမှုတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပေါင်းကြည့်ရင် မမျှော်မှန်းနိုင်တဲ့ ကိန်းဂဏန်းတွေ ရလာပါလိမ့်မယ်။ ကျွန်တော်သိတာတွေ အများကြီးပါ။

..............
............................

ဘလော့ဂ်ဖတ်သူတွေအနေနဲ့ ဒီလောက်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ မြေယာကိစ္စတွေဟာ ဘယ်လောက် ရှုပ်ထွေးမှု ရှိနေသလဲဆိုတာကို တွက်ဆနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီထက်ပိုပြီး အတွင်းကျကျသိတဲ့ လူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ မပြောကြလို့သာ ကျွန်တော်တို့ သိခွင့်မရှိတာ ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ချစ်တဲ့၊ ကျွန်တော်တို့ ယုံကြည်တဲ့၊ ကျွန်တော်တို့ အားကိုးတဲ့၊ ကျွန်တော်တို့ မျှော်လင့်တဲ့ သမ္မတကြီး ဦးသိန်းစိန်ကတော့ ဒီပြဿနာတွေကို အပြီးအပြတ် မဟုတ်ရင်တောင် တစ်စိတ်တစ်ပိုင်း၊ ထိုက်သင့်တဲ့ အခြေအနေတစ်ခု အထိရောက်အောင် ဖြေရှင်းပေးနိုင် လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဖြေရှင်းနိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ အဲဒီလိုဆိုရင်ဖြင့် ကျွန်တော်တို့သမ္မတကြီးလည်း သမိုင်းမှတ်တမ်းကောင်း ကျန်ရစ်၊ ပြည်သူတွေအတွက်လည်း သက်ပြင်းချစေနိုင်မယ့် တကယ့်ကုသိုလ်ရမယ့် အလုပ်ကြီးတစ်ခုလို့ပဲ ကျွန်တော်ကိုဉာဏ်ကဖြင့် မှတ်ယူမိကြောင်းပါခင်ဗျား။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ စနေနေ့။
မွန်းလွဲ ၂ နာရီ ၃၈ မိနစ်တွင်ပြီး၏။

ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန် - ကျော်ဝင်း


 ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန်
(ဘေးမှရပ်ကြည့်မနေနိုင်တော့သည့်လူတစ်ယောက်၏ အထူးစိုးရိမ်သောက)
ကျော်ဝင်း

အခါလည်လွန် ရင်တမမ
မြန်မာ့နွေဦး အခါလည်ကျော်လာသည်နှင့် ဘေးမှ ရပ်ကြည့်နေမြဲ စာရေးသူမှာ ရင်မနေရတော့သည်။ ဤအခိုက်မှာပင်  ဘယ်လ်ဂျီယံ၊ ဘရပ်ဆဲလ် အခြေစိုက် International Crisis Group  ၏ ၂၀၁၂ ဧပြီ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော “  Reform in Myanmar: One Year On ”  အမည်ရှိ စာတမ်းကိုဖတ်လိုက်ရရာ ပို၍ပင် ဂရုဓမ္မထားစောင့်ကြည့်နေမိသည်။ အဆိုပါ စာတမ်းက မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း၏ အံ့ဖွယ်အောင်မြင်မှုများကို မီးမောင်း ထိုးပြထားသလို ဖြစ်တန်ရာ စိန်ခေါ်ချက်များကိုလည်း ဖော်ထုတ်သတိပေးထားသည်။ ဆိုခဲ့ပါ စိန်ခေါ်ချက်များထဲမှ တစ်ခုမှာ ယခုလို “အပြောင်းအလဲများကြောင့် လူထု၏ မျှော်လင့်ချက်များမြင့်မားလာချိန်၊  ကာလတာရှည် ရှိနေခဲ့သော ထိန်းချုပ်မှုများလည်း လျော့ပါးလာချိန်၊ ဤကဲ့သို့သော အခြေအနေ အချိန် အခါမျိုးတွင် မတည်ငြိမ်မှုများ ထွက်ပေါ်လာနိုင်စရာ  အလားအလာရှိပေသည်...”စသဖြင့်။

အားလုံးသိကြသည့်အတိုင်း အလုပ်သမားများ၏ သဘာဝကျသော လိုလားတောင်းဆိုမှုများ၊ မြို့ပြလူထု၏ ဖယောင်းတိုင်မီးကိုင် ဆန္ဒဖော်ထုတ်မှုများ၊ ကျောင်းသားလူငယ်များ၏ အနှစ်နှစ်အလလ မပြည့်ဝခဲ့ရသောချဉ်ခြင်း. .. စသည် စသည်များကို ဆက်တိုက်ဆိုသလို ကြားနေမြင်နေရရာ အရာအားလုံးကို စာနာနားလည်နိုင်သော်လည်း စိုးရိမ်မကင်းဖြစ်ရသည်များကိုမူ မတားနိုင်။ နိုင်ငံတကာအတွေ့အကြုံ များအရ နုနယ်သောဒီမိုကရေစီ၏ ကတိမ်းကပါးဖြစ်နိုင်ခြေများနှင့်နှိုင်းယှဉ်ချင့်တွက်ပြီး ဘုရားတနေရတော့သည်။ သို့နှင့်တိုင် စာရေးသူစိုးရိမ်သလိုကား မဖြစ်ခဲ့ပါ။ အခါလည်စ ကလေးငယ်မျှသာရှိသေးသော မြန်မာ့ဒီမိုကရေစီမှာ ဆိုခဲ့ပါ စိန်ခေါ်ချက်များကို အံ့သြဖွယ်ကောင်းလောက်အောင် လှလှပပဖြတ်ကျော်နိုင်ခဲ့ပါသည်။ ဤအတွက် ဒီမိုကရက်တစ် စိတ်ရှည်သည်းခံမှုကို လက်တွေ့ပြသ
ခဲ့ကြသော အစိုးရရော လူထုကိုပါ ချီးကျူးကျေးဇူးတင်မိသည်။

ဤသို့ သက်မချလို့မှ မဆုံးတတ်သေးမီမှာပင် နောက်ထပ်စိန်ခေါ်ချက်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင်ကား ယခင်ကလို မဟုတ်လေတော့။

ဒီမိုကရက်တစ်စည်း ဘောင်များကိုကျော်ကာ အကြမ်းဖက်အသွင်အဖြစ်  ဦးတည်လာသည်။ သာမန်တိုးမိတိုက်မိသည့် ၀ိရောဓိလေးမှာ မပြီးနိုင်၊ မစီးနိုင် ပြေချိန်တန်လို့မှ မပြေနိုင်ဖြစ်လေရာ ဆက်စပ်စဉ်းစားစရာတွေ မနည်းမနောရှိလာတော့သည်။ ဤကိစ္စမှာ သမိုင်းနှင့်ဆိုင်သလိုလက်ရှိ နိုင်ငံတကာအခင်းအကျင်းနှင့်လည်း  ဆက်စပ်နိုင်သည်ဖြစ်ရာ မြန်မာ့ဇာတ်ပွဲတစ်ပွဲမှ သံဆန်းတစ်ပုဒ်လို “မပြေးသော် ကန်ရာရှိနေ၍၊  ဒွေးနှစ်ဖော် သံဝါညှိ” ကြသည်မျိုးပင်ဖြစ်ကောင်းဖြစ်လေမည်လား   စဉ်းစားဖို့ရှိလာသည်။ အကယ်၍များ ညီနောင်သားချင်းချင်း အကျေအလည်ညှိကြရမည့် ဒီမိုကရက်တိုင်ဇေးရှင်း ထက်ကျော်ပြီး အမျိုးသားရေးပြဿနာဖြစ်လာမည်ဆိုလျှင် ခါတိုင်းလို ဘေးမှရပ်ကြည့်မနေနိုင်တော့ပါ။ နိုင်ငံသားတစ်ဦး၏ အထူးစိုးရိမ်သောကဟု ဆိုရတော့မည်ဖြစ်ပါသည်။

- ဇာစ်မြစ်နှင့် ဆက်စပ်အခြေအနေများ

နာမည်ကျော် အနာဂတ္တိ ဆရာဂျော့ဖရီးမင်းက သူ၏ အရောင်းသွက်စာအုပ်  “ The Next 100 Years ”  စာအုပ်တွင်  ၂၁ ရာစုအတွင်း ပေါက်ကွဲလျှံကျလာနိုင်စရာရှိသည့် “ပထ၀ီနိုင်ငံရေး အန္တရာယ်လမ်းကြောင်းများ” ( Geopolitical Fault Lines) များကို ရေတွက်ပြရာ “ထိစပ်နယ်မြေများ” ( Borderlands ) ကို အထူးအန္တရာယ်တစ်ခုအဖြစ်ဖော်ပြထားပါသည်။ ထိစပ်နယ်မြေ ဆိုသည်မှာ သာမန်နယ်စပ်ဒေသ ( Frontier ) နှင့်မတူပါ။ အိမ်နီးချင်း နိုင်ငံနှစ်ခု၏ ဆက်စပ်နယ်မြေဖြစ်သည့်တိုင် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ အကြိမ်ကြိမ်အပြောင်းအလဲရှိသည့်ဒေသမျိုးကို ဆိုလိုသည်။ ဤဒေသမျိုးတွင် ထွေပြားသောယဉ်ကျေးမှုပေါင်းစုံ ရှိနေတတ်သလို သစ္စာခံမှုအမျိုးမျိုးလည်း ရှိနေတတ်ရာ မတည်ငြိမ်မှု၏ ရေခံမြေခံများ အပြည့်ရှိနေ သည်ဟုဆိုပါသည်။  ရှုပ်ထွေးသော နိုင်ငံတကာဆက်စပ်အခြေအနေနှင့်ဆုံမိကြုံမိလျှင် ဤဒေသမျိုးရှိ သာမန်ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းများသည်ပင် ဆိုးဆိုးရွားရွားအခြေအနေထိ ဦးတည်သွားတတ်သည်ဟုဆိုခဲ့ပါအနာဂတ္တိဆရာက သတိပေးထားသည်။ ဥပမာ-ပြင်သစ်နှင့် ဂျာမနီကြားမှ အဲလ်ဆက်နှင့်လော်ရိန်း၊ အိန္ဒိယနှင့်ပါကစ္စတန်ကြားမှ ကက်ရှ်မီးယား၊ ဆားဘီးယားနှင့် အယ်လ်ဘေးနီးယားကြားမှ  ကိုဆိုဗိုစသည်တို့ဖြစ်သည်။ လက်ရှိမက္ကဆီကိုနှင့် အမေရိကန်နယ်စပ်မှာလည်း အလားတူ အန္တရာယ်ထိစပ်နယ်မြေဟု ထောက်ပြပါသည်။

မြန်မာနိုင်ငံတွင်လည်း ဤသို့သော ထိစပ်နယ်မြေမျိုး ရှိသလောက်ရှိသည်။ ယနေ့ပြဿနာ ကြုံနေရသော ဘူးသီးတောင်၊ မောင်တောဒေသမှာ ဤလိုနယ်မြေမျိုးဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာလည်း ကိုလိုနီစနစ်၏ အမွေဆိုးဟု ဆိုရပါလိမ့်မည်။ ပြောရလျှင် ဇာတ်၏အစမှာ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပင်ဖြစ်သည်။

ဤစစ်ပွဲအပြီးမှာပင် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အင်္ဂလိပ်ကိုလိုနီဖြစ်သွားခဲ့ရတော့သည်။ဤသည်နှင့် မရှေးမနှောင်းမှာပင် အင်္ဂလိပ်အစိုးရက မြေရိုင်းဝေငှသည့်ဥပဒေများပြဋ္ဌာန်းလိုက်သောအခါ စစ်တကောင်းနယ်မှ မွတ်ဆလင်ဘာသာဝင်များ အလုံးအရင်းနှင့် ၀င်ရောက်လာကြပြီး ဘူးသီးတောင်၊ မောင်တော၊ကျောက်တော်၊ မင်းပြား၊ မြေပုံ စသည့်ဒေသတို့တွင် ရွာများတည်ထောင်နေထိုင်လာကြသည်။ ကနဦးကာလကမူ ရိုးသားအေးဆေးသော ရခိုင်တိုင်းရင်းသားများနှင့် မည်သည့်ပြဿနာမှရှိခဲ့သည် မဟုတ်ပါ။ အေးအတူပူအမျှ ရင်းနှီးချစ်ကြည်စွာ နေထိုင်ခဲ့ကြသည်သာဖြစ်ပါသည်။ သို့တစေ လူမျိုးသဘာဝအရ မွေးနှုန်းမတူသည့် အချက်ကရေရှည်တွင် အကွာအဝေးတစ်ခုဖြစ်တည်လာစေခဲ့သည်။ ၁၈၃၂ ခုနှစ်က စစ်တွေခရိုင်၏လူဦးရေမှာ တစ်သိန်းကျော်သာရှိခဲ့ရာမှ ၁၉၃၁ ခုနှစ်တွင် ခြောက်သိန်းကျော်ရှိလာပြီး ၁၉၄၁ ခုနှစ်တွင်မူ ခုနစ်သိန်းခွဲကျော်အထိတိုးပွားလာခဲ့သည်။ ဤသို့ တိုးပွားလာသည်မှာလည်း အဓိကအားဖြင့် စစ်တကောင်းသားများပင်ဖြစ်ရာ
၁၉၄၂ ခုနှစ် ဘူးသီးတောင်၊ မောင်တော၏ စစ်တကောင်းသားလူဦးရေမှာ သုံးသောင်းကျော်အထိဖြစ်လာပြီး မူလ တိုင်းရင်းသားရခိုင်တို့မှာ အနည်းစုဖြစ်လာတော့သည်။

ဤအချိန်လောက်မှစ၍ အနည်းစု အများစု တိုးမိတိုက်မိသည်များ စတင်လာခဲ့ခြင်းဖြစ်သည်။ ဤအခြေအနေကို ပို၍ ဆိုးရွားစေသည်မှာ ဒုတိယကမ္ဘာစစ်ကြီးပင်ဖြစ်သည်။ စစ်အစပိုင်း အင်္ဂလိပ်တပ်များ အဆုတ်တွင် စစ်တွေခရိုင်အတွင်း လက်နက်ခဲယမ်းအမြောက်အမြား ကျန်ရစ်ခဲ့ရာမှ သာမန် ၀ိရောဓိများမှာ လက်နက်ကိုင်အကြမ်းဖက် အဓိကရုဏ်းများအထိ အခြေအနေဆိုးလာလေတော့သည်။ နောက်ဆုံး ရခိုင်တိုင်းရင်းသားအမြောက်အမြား စစ်တကောင်းနယ်ထဲသို့ ဒုက္ခသည်များအဖြစ် ပြောင်းရွှေ့သွားရသည်များပင်ရှိသည်။ စစ်ကြီးအပြီး အင်္ဂလိပ်တပ်များ ပြန်အရောက် အဆိုပါ ရခိုင်ဒုက္ခသည် များကို မူလနေရာဟောင်းသို့ ပြန်လည်အခြေချပေးခဲ့သော်လည်း အာဃာတအမုန်းမီးပွားများကိုကား မငြှိမ်းသတ်နိုင်တော့ပါချေ။

စစ်ပြီးခေတ် အရှုပ်အထွေးများအောက်တွင် ပြဿနာမှာ အကြမ်းဖက်နိုင်ငံရေးသဘောဆောင်လာပြီး မူဂျာဟစ်အမည်ဖြင့် လျှို့ဝှက်လက်နက်ကိုင်အဖွဲ့အစည်းများပေါ်ထွက်လာခဲ့ သည်။ လွတ်လပ်ရေးခေတ်ဦး ရန်ကုန် အစိုးရကာလ ၁၉၄၉-၅၀ မှာဆိုလျှင် ဘူးသီးတောင်နှင့် ရသေ့တောင်တို့မှာ မူဂျာဟစ်သူပုန်များလက်အောက်တွင်ကျရောက်ခဲ့ရသည်။ မူဂျာဟစ်တို့၏ရည်မှန်းချက်မှာ သီးခြားအစ္စလာမ်မစ်နိုင်ငံတည်ထောင်ရေးပင်ဖြစ်သည်။ (Hugh Timker:The Union of Burma-Page 34)ထိုနောက်ပိုင်း (၁၉၅၁-၅၂ နှင့် ၅၄) မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများဖြင့် အဆင့်ဆင့်နှိမ်နင်းပြီး မှသာ တစ်စုံတစ်ရာ တည်ငြိမ်ခြေကိုပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်
သည်။ သို့တစေ ပြဿနာကို အပြီးအပြတ်ဖြေရှင်းနိုင်ခဲ့သည်ကား မဟုတ်။ စစ်အေးလွန်ခေတ်၏ အခြေအနေသစ်အောက်တွင် ရိုဟင်ဂျာဆိုသော အမည်သစ်ဖြင့်ပြန်လည်လှုပ်ရှားလာပြန်သည်။ ယခုတစ်ကြိမ် ထူးခြားချက်ကား ဒီမိုကရေစီချန်ပီယံဆိုသော မီဒီယာအချို့ကိုယ်တိုင်က မီးလောင်ရာလေပင့်လုပ်လာကြခြင်းပင်ဖြစ်သည်။

အမှန်စင်စစ် ယနေ့ရခိုင်အရေးမှာ အဆိုပါမီဒီယာအချို့ စွပ်စွဲပြောဆိုနေသလို လူနည်းစု ဘာသာဝင်များ၏အရေးမဟုတ်။ လူနည်းစုတိုင်းရင်းသားများ၏ အရေး ပို၍ပင်မဟုတ်။ ကိုလိုနီအမွေဆိုးမှ အကြောင်းခံပေါ် ထွက်လာသော အတိမ်းအစောင်းမခံသည့် ထိစပ်နယ်မြေပြဿနာပင်ဖြစ်သည်။  ဤပြဿနာကို မျက်မှောက်ခေတ်နိုင်ငံတကာ အခင်းအကျင်းမှ ထွက်ပေါ်လာ တန်ရာသော အမှောင့်ပယောဂများနှင့်ချိတ်ဆက်စဉ်းစားလိုက်လျှင် နုနယ်လှသေးသော မြန်မာ့ဒီမိုကရေစီရေးအတွက်သာမက မြန်မာ့အချုပ်အခြာအာဏာအတွက်ပါ မထိတ်သာမလန့်သာ အကျိုးဆက်များ ခုနစ်စဉ်အမျှင်အတန်းဖြစ်ကောင်းဖြစ်လာနိုင် လေမလား စဉ်းစား
စရာတွေရှိနေသည်။ အထူးသဖြင့် စစ်အေးလွန်ဂလိုဘယ်လိုက်ဇေးရှင်း၏ နိုင်ငံတကာ အကြမ်းဖက်ဝါဒအန္တရာယ်။ ဤအန္တရာယ်မှာ လျော့ပါးသက်သာသွားပြီဆိုကြသော်လည်း တကယ်တော့ ပစ်မှတ်ပြောင်းသွားခြင်းသာဖြစ်သည်။ ယခင်ဖွံ့ဖြိုးပြီး ရှေ့တန်းရောက်နိုင်ငံကြီးများမှ အားနည်းချည့်နဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများသို့
ချိန်ရွယ်ချက် ပြောင်းသွားခြင်းသာဖြစ်သည်။ ဤသို့ ပစ်မှတ်ရွေးချယ်ကြရာတွင်လည်း အစိုးရနှင့်လူထုကြား ယုံကြည်မှုမကောင်းလှသော နိုင်ငံငယ်လေးများကိုဦးစားပေးလေ့ရှိ သည်ကို သတိချပ်ကြဖို့လိုမည်ထင်ပါသည်။

- မြန်မာ့စိတ်ရင်း

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၏ နောက်ထပ် ထူးခြားဖြစ်စဉ်တစ်ရပ်မှာ “ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်ကြသည်များ”
( Migration)  ရှေ့ရောက်လာခြင်းပင်ဖြစ်သည်။ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သမားရိုးကျ ရွှေ့ပြောင်းနေထိုင်ကြသည်နှင့် ထိစပ်နယ်မြေအတွင်း စိမ့်ဝင်ပျံ့နှံ့ကြသည်တို့မှာ သဘောသဘာဝချင်းမတူကြပါချေ။ ထိစပ်နယ်မြေပြဿနာများ သစ္စာခံမှုထွေပြားသည်သာဖြစ်၍ အန္တရာယ်လမ်းကြောင်းဟု သတ်မှတ်ကြရသော်လည်း သမားရိုးကျရွှေ့ပြောင်းနေထိုင်မှုမှာဖြစ်ရိုးဖြစ်စဉ်သဘော မျှသာဖြစ်ပါသည်။ ရွှေ့ပြောင်းနေထိုင်ကြသူများဘက်မှ ၎င်းတို့ ရောက်ရှိရာနိုင်ငံအပေါ် သစ္စာခံကြသလို သက်ဆိုင်ရာနိုင်ငံများဘက်မှလည်းသူတို့တစ်တွေကို နိုင်ငံသားအခွင့်အရေးအဆင့် ဆင့်ပေးကြသည်သာဖြစ် ပါသည်။ သို့တိုင်အောင်အဖြစ်သာ သဘောယူပြီး   Nationality အဖြစ်ကား မည်သည့်နိုင်ငံကမှ သဘောထားကြသည်မဟုတ်ပါ။ ယနေ့ အရင့်ကျက်ဆုံး ဒီမိုကရေစီနိုင်ငံ အမေရိကမှာပင် ဤအတိုင်းဖြစ်သည်။

မြန်မာ့သမိုင်းကို ပြန်ကြည့်လိုက်လျှင် ပုဂံခေတ်ဦးလောက်က ပင် နိုင်ငံရပ်ခြားနှင့် ကူးလူးဆက်ဆံမှုများ ရှိသလောက်ရှိခဲ့သည်သာဖြစ်ပါသည်။  ဥပမာ-ဗျတ်ဝိ၊ ဗျတ္တဇာတ်လမ်းကိုပင်ကြည့်..။ သူတို့ညီနောင်မှာ ပင်လယ်ဖြတ်၍ရောက်ရှိလာသော တစ်မြေရပ်ခြားမှ ဘာသာခြားတွေဖြစ်သည်။ သို့တစေ ဗုဒ္ဓဘာသာဝင် ပုဂံသားတွေက သူတို့နှစ်ယောက်ကို သူရဲကောင်းအဖြစ် ချစ်ကြသည်။ သူတို့ ကွယ်လွန်သည်အထိပင် သုံးဆယ့်ခုနစ်မင်းစာရင်းသွင်း ကိုးကွယ်သည်အထိ ချစ်ခဲ့ကြသည်။
ထားတော့-ဤဇာတ်လမ်းမှာ သမိုင်းမဟုတ်၊ ပုံပြင်မျှသာဟု ဆိုစေဦး၊ အခြားအထောက်အထားတွေ မနည်းမနောရှိသည်။ ကုန်းဘောင်ခေတ်ကဆိုလျှင် မွတ်ဆလင်ဘာသာဝင်တစ်ဦးကိုပင် ဘုရင်ကိုယ်တိုင်က မြို့တော်ဝန်အဖြစ် မြှောက်စားဖူးသည်။ အမရပူရမြို့ဝန်ဘိုင်ဆတ်။ ထို့ထက် ယနေ့ထက်တိုင် မြန်မာလူထုမမေ့နိုင်ကြသေးသည့် ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးခဲ့ရသော ဆရာကြီးဦးရာဇတ်မှာ မွတ်ဆလင်ဘာသာဝင် သူတော်ကောင်းကြီးဖြစ်သည်။ ဤတွင် ပြောလိုသည်မှာ လူမျိုး၊ဘာသာ မခွဲခြားဘဲ သူရဲကောင်းဆိုလျှင် ချစ်ခင်မြတ်နိုးတတ်သည့် မြန်မာ့အစဉ်အလာ မြန်မာ့စိတ်ရင်းအကြောင်းဖြစ်ပါသည်။

ဤအစဉ်အလာ ဤစိတ်ရင်းကို မြန်မာတွေထိန်းသိမ်းကြရပါလိမ့်မည်။ လက်တွေ့ကျကျ ပြသရပါလိမ့်မည်။ ဒီမိုကရေစီနှင့် ထိုက်တန်သောလူမျိုးဖြစ်ကြောင်းကမ္ဘာက  သိစေရပါမည်။ တစ်ပြိုင်နက်တည်းမှာပင်ရှုပ်ထွေးပွေလီ မာယာများလှသော ကမ္ဘာ့နိုင်ငံရေးကျားကွက်တွင် အမျိုးသား ရေးသတိမမေ့မလျော့ရှိကြဖို့လည်းလိုမည်ထင်ပါသည်။ ဂရိတ်ပါဝါယှဉ်ပြိုင်ပွဲတွင် နိုင်ငံငယ်လေးများမြေဇာပင်ဖြစ်ကြရသည့် သာဓကတွေ၊ သမိုင်း၊ ဇာတ်ခုံထက်တွင် မမြင်ချင်အဆုံး တွေ့ခဲ့ရပြီ
မဟုတ်ပါလော။ ဒုတိယကမ္ဘာစစ်အကြိုကာလက ဗြိတိသျှနန်းရင်းဝန် ချိန်ဘာလင်၏ ဟစ်တလာ ချော့မြှူရေးပေါ်လစီအရ အဲလ်ဆက်နှင့် လော်ရိန်းဖက်ဆစ်ကျားစာဖြစ်ခဲ့ရသည်ကို သတိချပ်ကြရပါလိမ့်မည်။ လာတော့မည့် လွှတ်တော်အနေနှင့် အဆိုပါသတိ၊ အဆိုပါအသိဖြင့် အခါလည်သား မြန်မာ့ဒီမိုကရေစီကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ပါစေသတည်း။          ။

စာညွှန်း -
၁ ။ ကိုလိုနီခေတ် ဘားမားဂဇက်တီးယားစာစောင်များ
၂ ။ The Union of Burma (Myanmar) by - Hugh Timker
၃ ။ The Next 100 Years by - George Friedman

Saturday, June 23, 2012

နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည့်မိန့်ခွန်းနှင့် ကျွန်တော့်ခံစားချက်များ


၂၀၁၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌများ၊ ဒုတိယ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများအား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား မိန့်ခွန်းပြောကြားခြင်း ပြုလုပ်ခဲ့ပါသည်။

သမ္မတကြီး၏ မိန့်ခွန်းသည် ယခင်မိန့်ခွန်းများကဲ့သို့ နားလည်လွယ်၊ သဘောပေါက်လွယ်သည့် မိန့်ခွန်းမျိုးမဟုတ်ဘဲ ဘာသာရပ်သဘောဆန်ဆန် ပြောကြားခဲ့သည်ဟု ကျွန်တော် ခံစားမိပါသည်။ အထူးသဖြင့် အင်္ဂလိပ် အသုံးအနှုန်းများ ပေါပေါလောလော သုံးနှုန်းထားခြင်းကို ၀မ်းနည်းမိပါသည်။ မြန်မာတွေအတွက် ပြောကြားသည့်မိန့်ခွန်းအား မြန်မာစကားလုံးများသက်သက်ဖြင့် ပြောကြားရန် မဖြစ်နိုင်ဘူးလားဟု အတွေးပွားမိပါသည်။ နိုင်ငံ၏ အကြီးဆုံးဦးသျှောင် အကြီးအကဲဖြစ်သည့် သမ္မတကြီးပြောကြားသည့် မိန့်ခွန်းအား မြန်မာနိုင်ငံအတွင်းရှိ မြန်မာစကားနားလည်သူ မည်သည့်နိုင်ငံသားဖြစ်စေ နားလည်နိုင်ပါမှ၊ ခံစားနိုင်ပါမှ သမ္မတကြီး ဦးဆောင်သည့် အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများကို ပြည်သူပြည်သားများက သိရှိနားလည်ပြီး ဆုံးဖြတ်နိုင်ကြလိမ့်မည်ဟု ထင်မိပါသည်။ သို့မဟုတ်ပါမူ စီးပွားရေးဘွဲ့ရပြီးသူများ၊ အမ်ဘီအေဘွဲ့ ရထားသူများသာ နားလည်နိုင်မည့် အသုံးအနှုန်းများ၊ သဘောတရားများဖြင့် ပြည့်နှက်နေပြီး ပြည်သူလူထုနှင့် ကင်းကွာသွားမည်ကို စိုးရိမ်မိသောကြောင် ဖြစ်ပါသည်။

သမ္မတကြီး၏ဘေးတွင် ပညာရှင်များ အများအပြား ရှိနေလိမ့်မည်ဟု ယုံကြည်ပါသည်။ အဆိုပါပညာရှင်များ အားလုံးသည်လည်း မြန်မာစကားပြောသော မြန်မာလူမျိုးများသာ ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ အဆိုပါ ပညာရှင်များအားလုံး ပူးပေါင်းပြီး မြန်မာပြည်သူလူထုအားလုံး နားလည်စေမည့် မြန်မာမိန့်ခွန်းတစ်ခုကို မရေးသားနိုင်ဘူးလားဟု ကရုဏာဒေါသ ဖြစ်မိခြင်း ဖြစ်ပါသည်။ ကျွန်တော့်အမြင်သက်သက်သာ ဖြစ်ပါကြောင်း ပြောကြားလိုပါသည်။ သဘောထားအမြင် မတိုက်ဆိုင်သူများအတွက်လည်း ကျွန်တော်နားလည်ပေးနိုင်ပါသည်။

သမ္မတကြီး၏ မိန့်ခွန်းတွင် အကြောင်းအရာမျိုးစုံ ပါဝင်သည်ကို တွေ့ရပါသည်။
- အမျိုးသားစီမံကိန်း (မူကြမ်း)
- နိုင်ငံ့ ဂျီဒီပီကိစ္စ
- အရ-အသုံး ငွေစာရင်း
- ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်
- ဒေသန္တရဖွံ့ဖြိုးရေး စီမံကိန်းများ
- နိုင်ငံခြားအထောက်အပံ့အကူအညီကိစ္စ
- ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စ
- မြို့ရွာများဖွံ့ဖြိုးတိုးတက်ရေး
- အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုကော်မတီ (လျှပ်စစ်မီးကိစ္စ)
- စသည်ဖြင့် ကိစ္စမျိုးစုံ၊ ကဏ္ဍမျိုးစုံ၊ အကြောင်းအရာမျိုးစုံပါပဲ။

သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာ ကျွန်တော်သတိထားမိပြီး အမှတ်ရရ ဖြစ်နေတာတစ်ခုကတော့ မြေအသုံးချမှု နှင့် မြေကစားမှု စတဲ့ မြေယာပြဿနာများအကြောင်း ဖြစ်ပါတယ်။ သမ္မတကြီးကိုယ်တိုင် ပြောလာခဲ့ပြီ ဖြစ်လေတော့ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ဒီပြဿနာတွေကို အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းမယ်ဆိုတာ ကျွန်တော်ကိုဉာဏ်ဖြင့် အလွန်စိတ်ဝင်စားစွာ စောင့်ကြည့်နေမိကြောင်းပါခင်ဗျ။

ဘာပဲဖြစ်ဖြစ် သမ္မတကြီးအနေနဲ့ ဒုတိယနှစ်အတွင်းမှာ ဘာတွေကို အဓိကထားပြီး ကိုင်တွယ်ဆောင်ရွက်သွားမယ်ဆိုတာကို ရဲရဲဝံ့ဝံ့ ကတိပေး ပြောကြားတယ်လို့ပဲ ကျွန်တော်က မြင်မိပါတယ်။ အစိုးရအဖွဲ့ ဘာလုပ်နေမှန်း မသိခဲ့ရတဲ့ ဘ၀ကနေ အခုလို ဘာတွေလုပ်မယ်ဆိုတာကို သိခွင့်ရတဲ့ဘ၀အတွက် သမ္မတကြီးကို ကျေးဇူးတင်ဦးညွတ်မိပါကြောင်း.....။

သမ္မတကြီးရဲ့ မိန့်ခွန်းအပြည့်အစုံကို PDF format ဖြင့် ဤနေရာတွင် ကူးယူဖတ်ရှုနိုင်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်၊ စနေနေ့။
ညနေ ၄ နာရီ ၂၂ မိနစ်။

Wednesday, June 20, 2012

ဆရာလူထုစိန်ဝင်းအတွက် ၀မ်းနည်းကြေကွဲရပါကြောင်း


ဆရာလူထုစိန်ဝင်း ကွယ်လွန်သွားခဲ့သည့်အတွက် ၀မ်းနည်းကြေကွဲရပါကြောင်းနှင့် ကောင်းရာသုဂတိရောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ဝမ်းနည်းစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)

Thursday, June 14, 2012

ဖတ်မိ၊ ကြားမိသော သတင်းများနှင့် ကျွန်တော့်အတွေးများ


(၁)
မငြိမ်သက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့၊ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ စစ်တွေမြို့မှာ အခြေအနေတွေ ငြိမ်သက်စ ပြုနေပြီလို့ သိရပါတယ်။ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းထိန်းသိမ်းနေတာမှ မငြိမ်းချမ်းရင်လည်း စစ်ဖြစ်ဖို့ ရှိတော့တယ်လို့ တွေးမိတယ်။ ဒါတောင်မှ ဟိုဘင်္ဂါလီက ဟိုရွာကို မီးရှို့လိုက်၊ ဒီရွာကို ဒါလုပ်လိုက်ဆိုတဲ့ အသံတွေ ကြားနေရသေးတယ်။ စစ်တွေမှာ ဘယ်လိုရှိသလဲ သေချာမသိ၊ မမြင်ရပေမယ့် အင်တာနက်ပေါ်မှာတော့ တိုက်ပွဲတွေ အတော်ပြင်းထန်တာ တွေ့ရပါတယ်။ သတင်းတစ်ခုတက်လာတိုင်း ကွန်းမန့်ပေးသူတွေက ဆော်ဟ၊ ချဟ၊ သတ်ဟ၊ ဖြတ်ဟ၊ ပစ်ဟ၊ ခတ်ဟ ဆိုတာချည်းပါပဲ။ ကိုယ်တွေဟာ ဗုဒ္ဓဘာသာဝင်တွေဆိုတာလည်း မေ့မထားကြပါနဲ့ဦး။ မေတ္တာတရားတို့၊ သည်းခံမှုတို့၊ စိတ်ရှည်မှုတို့ကို သတိရပေးကြပါဦး။ အမျိုးချစ်စိတ်၊ ဇာတိမာန်စိတ်နဲ့ စိတ်ပါလက်ပါ ဖြစ်ကြတာကို နားလည်ပါတယ်။ ကျွန်တော်လည်း မဖြစ်ဘူးမဟုတ်ပါဘူး။ ဖြစ်တာမှ သိပ်ဖြစ်တာပါပဲ။ တွေ့ရာလက်နက်ဆွဲပြီး ရခိုင်ကို သွားလိုက်ချင်ပါတယ်။ ရန်ကုန်ဘဆွေ ရေးတဲ့ မြန်မာပြည်သားဝတ္ထုထဲကဇာတ်ကောင် ဘုရားရှိခိုးတဲ့ စာသားလေးတွေကိုတောင် ပြန်သတိရမိလိုက်ပါသေးတယ်။ အတိအကျ ပြန်ရေးပြချင်လို့ အင်တာနက်ပေါ်မှာ မြန်မာပြည်သား ၀တ္ထုစာအုပ်ကို လိုက်ရှာတာ ဘယ်မှာမှ မတွေ့ပါဘူး။ အဲဒါကြောင့် ကျွန်တော် မှတ်မိသလောက်ပဲ ပြန်ရေးပြပါရစေ။ မှားနေရင်လည်း နားလည်ပေးပါ။ "..... ငါ့၌ တာဝန်တွေများစွာ ရှိသေးသည်၊ ကုန်းမှာပဲနေနေ၊ ရေမှာပဲသေသေ၊ လေမှာပဲ ကြေကြေ၊ အထွတ်အထိပ်၌သာ ငါနေမည်၊ အိမ်သည်ကို ဧည့်သည်မစော်ကားရ၊ ကျူးကျော်လာသော ရန်သူကို လက်စားချေလော့၊ အာမဘန္တေ" ဆိုတာပါ။ မြန်မာပြည်သားစာအုပ်လေးများ ရှိခဲ့ရင်လည်း ကျွန်တော့်ကို လက်တို့ကြဖို့ တောင်းပန်ပါရစေ။ အစိုးရဟာ ရခိုင်ပြည်နယ်အရေးကို သတိရှိရှိနဲ့ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်နေတယ်လို့ ယုံကြည်ပေးထားကြဖို့ ကျွန်တော်ကပဲ ကြားထဲကနေ အခမဲ့အကျိုးဆောင်ပြီး ပြောပါရစေ။

(၂)
ကျောက်နီမော်ကျေးရွာမှာ ရခိုင်တိုင်းရင်းသူ မသီတာထွေးကို လူမျိုးခြား လူငယ် ၃ ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့သတင်းကို ရေးသားဖော်ပြရာမှာ စာပေစိစစ်ရေးကို မတင်ပြခဲ့တဲ့ မှုခင်းဖြစ်ပွားရာနေရာဓာတ်ပုံကို ထည့်သွင်းဖော်ပြထုတ်ဝေခဲ့တဲ့အတွက် လျှပ်တစ်ပြက်သတင်းဂျာနယ်ကို ထုတ်ဝေခွင့် ရပ်စဲထားတယ်လို့ ဖတ်လိုက်ရပါတယ်။ ကျွန်တော့်အမြင်ကို မပြောလိုတော့ပါ။ သူ့ဘက်နဲ့သူ မှန်နေတယ်လို့ မြင်ပါတယ်။ သတင်းသမားဆိုတာက မြင်သမျှ၊ တွေ့သမျှကို ရေးချင်ပါတယ်။ အစိုးရပိုင်းဆိုတာကျတော့ မသင့်လျော်ဘူးထင်ရင်၊ တစ်ခုခုကို ဦးတည်သွားစေနိုင်တယ်လို့ထင်ရင် မဖော်ပြစေချင်ပါဘူး။ စာဖတ်သူတွေကပဲ ကိုယ့်အယူအဆနဲ့ကိုယ် မြင်ကြ၊ တွေးကြစေချင်ပါတယ်။ အရိယာပုဂ္ဂိုလ်ကြီးတွေဟာ နတ်တွေ၊ နာနာဘာဝတွေ၊ သူရဲတစ္ဆေတွေ၊ မကောင်းဆိုးဝါးတွေကို မြင်နိုင်တွေ့နိုင်တယ်လို့ ကြားဖူး၊ ဖတ်ဖူးပါတယ်။ ဒါပေမယ့် လူတွေကိုတော့ အဲဒီမြင်ကွင်းတွေ ပေးမမြင်ကြပါ။ ပြောမပြကြပါ။ ဘာကြောင့်လဲဆိုတာကိုတော့ ရှင်းပြရန်မလိုဘူးလို့ ယူဆပါတယ်။ တွေးဆဆင်ခြင်ကြပါကုန်။

(၃)
ဦးသိန်းစိန် ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို မတက်ဖြစ်ခဲ့တဲ့ သတင်းဟာ အခုအချိန်အထိ မီးမသေသေးတာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ ဦးသိန်းစိန်ဘက်က အပြည့်အ၀ ထောက်ခံလိုက်ပါသည်ခင်ဗျား။ သံခင်းတမန်ခင်းဆိုင်ရာ ကျင့်ဝတ်များတွင် နိုင်ငံအချင်းချင်း ဆက်ဆံရာ၌ လိုက်နာရသည့် ကျင့်ဝတ်များ ရှိကြပါသည်။ မည်သည့်အချက်တွေသည် မည်သို့အဓိပ္ပါယ်ဆောင်နေသည် ယခုစာဖတ်နေသူများက ကျွန်တော့်ထက် ပိုမိုနားလည်ကြသည်ဟု ယုံကြည်သည့်အတွက် မိချောင်းမင်းကို ရေခင်းမပြလိုတော့ပါ။ ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားများသည်လည်း မည်သည့်အဓိပ္ပါယ်သို့ သက်ရောက်သွားစေခဲ့ကြောင်း အားလုံးတွေးဆဆင်ခြင် နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ကျွန်တော်တင်ပေးထားသည့် မြန်မာ့မျှော်လင့်ချက် ခေါင်းဆောင်ကြီးများသို့ ဟူသည့် မောင်အေးချမ်း ၏ ဆောင်းပါးကိုလည်း ဖတ်ကြည့်ကြစေလိုပါသည်။ စာဖတ်သူများကို တစ်ခုလောက် အကြံပြုချင်ပါသည်။ ထိုင်းခရီးစဉ်နှင့် ပတ်သက်သည့် သတင်းများကို ဖတ်ရကြားရတိုင်း နိုင်ငံတော်သမ္မတကြီး၏ နေရာမှ ၀င်ရောက်ခံစားပေးပြီး "ငါသာ သမ္မတကြီးဆိုရင်......" ဆိုသည့်အတွေးဖြင့် နားလည်ပေးကြစေလိုခြင်း ဖြစ်ပါသည်။

(၄)
ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်နှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးလိုပါ။ သူ့အလုပ် သူလုပ်ခြင်း ဖြစ်သည်ဟုသာ နားလည်ပါသည်။ တချို့ကတော့ ၀မ်းနည်းပက်လက် ဆိုကြပါသည်။ ရခိုင်မှာ ဒီလောက် ဖြစ်နေတာ၊ တို့အန်တီစုက နိုင်ငံခြားကိုတောင် ခရီးထွက်နေလိုက်သေးတယ် ဟု။ ဟုတ်ကဲ့၊ စာဖတ်သူများခင်ဗျား၊ အန်တီစုသည် သမ္မတကြီး မဟုတ်ပါ။ ထို့ကြောင့် သူ့ခရီးစဉ်ကို ဖျက်ရလောက်အောင် သူ့တွင် တာဝန်မရှိပါ။ သူ့သားသမီးအရင်းတွေနှင့် တွေ့ဖို့ရအတွက်သာ ပိုမိုလိုလားပါလိမ့်မည်။ ကင်မ်အဲရစ်များ စစ်တွေမှာ နေရင်တော့ မပြောတတ်ပါပေါ့ခင်ဗျာ။ ရခိုင်အရေးနှင့် ပတ်သက်၍ ဒေါ်စုပြောသမျှတွေသည် အငြင်းပွားစရာများချည်း ဖြစ်ကြပါသည်။ သီးသန့်စုစည်း၍ တင်ပေးနိုင်အောင် ကြိုးစားပါဦးမည်။ တစ်ခုပဲ စိုးရိမ်ပါသည်။ ရောက်နေတာက ဥရောပနိုင်ငံများ၊ ဖြစ်နေတာက ရခိုင်ပြည်တွင်၊ သတင်းပေးပို့သူတွေက သူ့လက်အောက်ခံတွေ၊ အခမ်းအနားများတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မှတ်ချက်များ၊ အမြင်များ ပြောကြားသည့်အခါ မြန်မာပြည်သူပြည်သားများအတွက် အခံရခက်စေမည့်၊ စိတ်တိုဒေါသထွက်စေမည့် အဆင်အခြင်မဲ့ စကားများကို မပြောဖြစ်ပါစေနဲ့ဟူ၍ ဖြစ်ပါသည်။ ဒေါ်စု စိတ်နှလုံးကြည်ကြည်လင်လင်နဲ့ ထိန်းထိန်းသိမ်းသိမ်း စကားပြောနိုင်ပါစေ။

(၅)
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရစေချင်ကြသည်ဟု တီးတိုးတီးတိုး ပြောနေကြပါသည်။ တချို့ကလည်း ကျွန်တော့်အမြင်ကို မေးကြပါသည်။ ကျွန်တော် တစ်ခွန်းပဲ ပြန်ဖြေလိုက်ပါသည်။ "လုပ်ရပ်တွေ၊ အရည်အချင်းတွေနဲ့ ကြည့်ရင်တော့ ဦးသိန်းစိန်ကို ရှိသမျှဆုတွေ အကုန်လုံး ပေးလို့ရတယ်၊ ဒါပေမယ့် ပေးမယ့်လူတွေနဲ့၊ ပေးမယ့်လူတွေကို လွှမ်းမိုးနေတဲ့လူတွေက ဦးသိန်းစိန်ကို ရစေချင်သလား၊ မရစေချင်ဘူးလားဆိုတဲ့ အခြေအနေအပေါ်မှာပဲ မူတည်တယ်" ဟု ဖြစ်ပါသည်။ လူတိုင်းတွင် ကိုယ့်အတွေးနှင့်ကိုယ် ရှိကြပါလိမ့်မည်။

မြန်မာ့သွေးမိတ်ဆွေများအားလုံး စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ...

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်၊ ကြာသပတေးနေ့။
နံနက် ၁၀ နာရီ ၁၂ မိနစ်တွင်ပြီး၏။

U Nu and his moral


.................
...................................................

တကယ်သန့်ရှင်းတဲ့ ဦးနု
ဦးနုအကြောင်းပြောရင် သန့်ရှင်းဖဆပလ ဆိုတဲ့ နာမည်လည်း တွဲလျက်ပါတယ်။ ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို ဦးနုရဲ့ ကိုယ်ကျင့်သိက္ခာ သန့်ရှင်းမှုနဲ့ ကိုယ်ကျိုးစီးပွား သန့်ရှင်းမှုကိုလည်း အထူးပြု ပြောစရာရှိတယ်။

ဦးနု ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ ပြောခဲ့တဲ့ စကားတစ်ခွန်းကို ဖဆပလကနေ သန့်ရှင်းနဲ့ တည်မြဲ ကွဲပြီးချိန် သတင်းစာတွေက အလေးထား ဖော်ပြခဲ့ကြဖူးတယ်။ "ကျွန်တော် ၀န်ကြီးချုပ်ရာထူးက ထွက်ခွာသွားချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဥစ္စာပစ္စည်းတွေကို စစ်ဆေးပါ။ ၀န်ကြီးချုပ် မဖြစ်ခင်ကထက် တစ်ကျပ်ပိုရှိနေတာ တွေ့တယ်ဆိုရင် ကျွန်တော့်ကို သူခိုးလို့ ကြေညာပါ၊ ကျွန်တော် ခံပါ့မယ်" ဆိုပြီး ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့တာ ဖြစ်တယ်ဗျာ။ သူပြောခဲ့တဲ့ အတိုင်းပါပဲ။ ဦးနုနဲ့ ပတ်သက်ပြီး သူရဲ့ အတိုက်အခံတွေဘက်က တခြား မကျေနပ်တာတွေ ရှိရင် ရှိမယ်။ ဒါပေမယ့် အကျင့်ပျက်ခြစားတဲ့ ဦးနု ဆိုတဲ့ စွပ်စွဲမှုမျိုးတော့ ကျွန်တော် ကြားလည်း မကြားဖူး၊ ဖတ်လည်း မဖတ်ဖူးဘူးဗျ။

ကျွန်တော်တို့တိုင်းပြည်မှာ အဲသလို သီလကို အစစ်ဆေးခံဖို့ စိန်ခေါ်ရဲတဲ့ ခေါင်းဆောင်တွေ များများ ပေါ်ထွန်းလာစေချင်ကြောင်းပါ ခင်ဗျ။

[ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ၂၊ အမှတ်-၉၈၊ စာမျက်နှာ-၃ ပါ မောင်ဝံသ ၏ သီလကို အစစ်ဆေးခံဖို့ စိန်ခေါ်ရဲတဲ့ ခေါင်းဆောင်တွေ များများ ပေါ်ထွန်းပါစေ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။]

Wednesday, June 13, 2012

ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိဘပြည်သူများသို့ နိုင်ငံတော် သမ္မတ၏ မေတ္တာရပ်ခံချက်


လက်တလော ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်မှုများနှင့် ပတ်သက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါမိန့်ခွန်းတွင် လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ်များတွင် မိဘပြည်သူအားလုံး ပါဝင်ကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံခဲ့သည်ကို တွေ့ရသည်။

Inline image 1

မိန့်ခွန်းအပြည့်စုံကို ဤနေရာတွင် ဖတ်ရှုနိုင်၊ ဒေါင်းလုဒ်ချနိုင်ပါသည်။

မြန်မာ့မျှော်လင့်ချက် ခေါင်းဆောင်ကြီးများသို့ - မောင်အေးချမ်း (ဟားဗတ်တက္ကသိုလ်)


အောက်ပါနေရာတွင် ဒေါင်းလုဒ်ချနိုင်၊ ဖတ်ရှုနိုင်ပါသည်။
Here

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)

Friday, June 08, 2012

New 10000 Kyats Note


မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် စတင်ထုတ်ဝေပါမည်။ ငွေစက္ကူကို ပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ထုတ်ပေးပါမည်။ လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင် သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ပါသည်။

ငွေစက္ကူ အသစ်နှင့် ပတ်သက်သည့် အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

တစ်သောင်းကျပ်တန် ငွေစက္ကူ
အရွယ်အစား။        ၁၅ x ၇ စင်တီမီတာ
ပေါ်လွင်သောအရောင်။    အပြာရောင်
မျက်နှာစာဘက်။    ထိပ်ပိုင်းတွင် "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတမ်း ရိုက်နှိပ်ထားပါသည်။ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ဝန်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့ အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထား ပါသည်။ ငွေစက္ကူ တန်ဖိုးကို ဖော်ပြထားသည့် မြန်မာစာတန်း "တစ်သောင်းကျပ်" ကိုလည်း ရိုက်နှိပ်ထား ပါသည်။ လက်ယာဘက်ပိုင်းတွင် မြန်မာ့ အနုပညာလက်ရာမြောက် ကနုတ်ပန်းခက် များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားပါသည်။ လက်ဝဲဘက်ပိုင်းတွင် ကြာဖြူပွင့်ပုံ ရေစာ ပါရှိပါသည်။ ငွေစက္ကူတွင် လုံခြုံရေးကြိုး တစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားပါသည်။

ကျောဘက်။    ထိပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေးနန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားပါသည်။ ဘေးဘောင်များတွင် မြန်မာ့အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။

Inline image 1

Inline image 2

Hints of a Rift Between Myanmar’s Political Reformers By THOMAS FULLER


MAE SOT, Thailand — The first trip abroad in more than two decades by Myanmar's opposition leader, Daw Aung San Suu Kyi, appears to have strained her crucial relationship with President U Thein Sein, who is leading the country's transformation from military dictatorship to embryonic democracy.

Soon after Ms. Aung San Suu Kyi returned home on Sunday from Thailand, an adviser to Myanmar's president criticized her for lacking "transparency" in carrying out her trip and for her comments warning international investors against "reckless optimism" about Myanmar.

"Personally, I really admire her, but I have a doubt," the adviser, U Nay Zin Latt, said in an e-mail. Public criticism of Ms. Aung San Suu Kyi, even in its mildest forms, is rare, partly because she is such a popular figure in the country.

Mr. Nay Zin Latt's comments were the first by one of President Thein Sein's advisers — who serve as spokesmen — since the president canceled a trip to Thailand on Friday. The Thai news media are portraying the cancellation as a reaction to Bangkok's handling of Ms. Aung San Suu Kyi's visit.

The fact that Ms. Aung San Suu Kyi was allowed back into the country on Sunday was a milestone on Myanmar's road to national reconciliation. During the periods when she was not under house arrest in the past two decades, she chose not to travel abroad for fear of being denied re-entry by Myanmar's military rulers.

Yet the discontent over her six-day visit to neighboring Thailand underlines the fragility of her country's transition.

The complicated and delicate relationship between the president and Ms. Aung San Suu Kyi, a newly elected lawmaker, is in some ways the bedrock of the current reform process in Myanmar, formerly known as Burma. Their meeting in August accelerated the changes sweeping the country and helped persuade Ms. Aung San Suu Kyi to rejoin the political system.

"Most of the improvements in Burma these days are because of the relationship between Thein Sein and Aung San Suu Kyi," said Win Min, a senior researcher at the Vahu Development Institute, an organization set up by Harvard-trained Burmese exiles that studies issues related to Myanmar.

"I'm a little bit worried about their personal relations," Mr. Win Min said. "If this relationship is strained, it could hurt national reconciliation."

The abrupt cancellation on Friday of Mr. Thein Sein's visit to Thailand appears to have been a message to Bangkok — and other governments across the region — that Myanmar's leader will not tolerate being overshadowed by Ms. Aung San Suu Kyi's star power.

Thailand and its neighbors are jockeying to participate in the opening up of Myanmar, an almost virgin market that investors hope will offer good returns amid the global economic slowdown.

Underlying the Thai government's sensitivities toward Myanmar is a huge project for a seaport and joint economic zone in Myanmar that would connect to Thailand and provide access to the Indian Ocean.

Thai Rath, the largest newspaper in Thailand, reported Sunday that Prime Minister Yingluck Shinawatra said in an interview that she was concerned that Ms. Aung San Suu Kyi's visit had damaged Thailand's relationship with Myanmar.

Mr. Thein Sein was "irritated" by Ms. Aung San Suu Kyi's trip, the newspaper said, adding that Ms. Yingluck had ordered the Thai Foreign Ministry to "clarify" details of the visit to the public.

Myanmar's government appears to have been most annoyed by Ms. Aung San Suu Kyi's visit on Saturday to a refugee camp along the Thai-Burmese border, where Myanmar's government has battled ethnic rebels for decades, and the opposition leader's remarks at a business conference in Bangkok on Friday at which she urged potential investors in Myanmar to proceed with caution.

Despite the turbulence caused by her trip, it is possible that relations between Ms. Aung San Suu Kyi and the president will remain on an even keel. Many analysts believe that she and Mr. Thein Sein have a rapport, and Ms. Aung San Suu Kyi has said on numerous occasions that she considers the president to be sincere in his desire for political change.

But the potential for discord between them worries people in Myanmar. So far, political change has been a personality-driven process rather than an institutional one, and as Ms. Aung San Suu Kyi told reporters during her visit to Thailand, Mr. Thein Sein does not have an obvious successor. Both she and Mr. Thein Sein are in their late 60s and have health concerns. (Mr. Thein Sein has a heart ailment, and Ms. Aung San Suu Kyi has been forced to rest by her doctors twice in recent weeks.)

The changes in Myanmar have been sudden and with few parallels — military juntas rarely voluntarily yield to civilian control — so analysts hesitate when asked to predict the country's immediate future. But it seems unlikely that Ms. Aung San Suu Kyi will be placed under house arrest again or forced out of politics, because she retains considerable leverage. Her popularity is overwhelming, and sidelining her would be perilous for any government that tried.

Source: The New York Times

Wednesday, May 30, 2012

Daw Su & Thailand


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် ၉ နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် World Economic Forum on East Asia 2012 သို့ တက်ရောက်မည်ဟု သတင်းများတွင် ဖော်ပြထားသည်။

Inline image 1

Photo from EMG

Friday, May 18, 2012

ထူးခြားသတင်းများ


(၁)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်ကို ခန့်အပ်လိုက်ကြောင်း သမ္မတ အိုဘားမားက ကြေညာခဲ့သည်။
Source: http://www.whitehouse.gov/the-press-office/2012/05/17/statement-president-burma

(၂)

So today, we say to American business: " Invest in Burma and do it responsibly "

- Hillary Rodham Clinton _ Secretary of State
[ May 17, 2012 ]

မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏိများ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ရန် ပိတ်ဆို့အရေးယူထားမှုအား ဖြေလျှော့ပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ကြေညာခဲ့သည်။
Source: http://www.abc.net.au/news/2012-05-18/us-eases-burma-sanctions/4018916

(၃)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် သည် ဖျားနာနေသဖြင့် နေအိမ်တွင် အနားယူလျက်ရှိကြောင်း သိရှိရသည်။
Source: http://abcnews.go.com/International/wireStory/myanmar-president-feeling-ill-resting-home-16374269

တိုင်းပြည်စည်ပင်ရာ အကြောင်း ၁၀ ပါး


၁။ နေလဂြိုဟ်သွားမှန်သည်။
၂။ မိုးမှန်စွာရွာသည်။
၃။ မြေသြဇာရှိ၍ အသီးကောင်းသည်။
၎။ သစ်ကျားစသော အန္တရာယ်မရှိသည်။
၅။ မုဒိန်းတန္တငြိမ်းသည်။
၆။ စစ်မက်မရှိသည်။
၇။ အချင်းချင်း မညှင်းဆဲသည်။
၈။ တရားဖြောင့်သည်။
၉။ ရတနာသုံးပါးကို ရိုသေကြသည်။
၁၀။ ရဟန်းတို့ သာသနာတော်ကို စောင့်သည်။

စာတွေပြန်ရှာဖတ်ရင်းနဲ့ တွေးနေမိတဲ့ အကြောင်းအချက်လေးတွေပါ။ ဘာမှမဟုတ်တဲ့ မဖြစ်ညစ်ကျယ်ဉာဏ်လေးနဲ့ အချို့အချက်တွေကို သဘောမတူချင်ပေမယ့် အားလုံးနီးပါးက အခုအချိန်အထိ မှန်ကန်နေဆဲဆိုတာ တွေ့ရတယ်။ ရှေးပညာရှိတွေရဲ့ ဉာဏ်ကြီးရင့်မှုကို အံ့သြမဆုံး ဖြစ်ရတယ်။ သဘာဝနက္ခတ်ပါတယ်၊ ရာသီဥတုပါတယ်၊ သဘာဝပတ်ဝန်းကျင်ပါတယ်၊ ရဟန်းရှင်လူတွေပါတယ် စသည်ဖြင့်ပေါ့လေ။ ဆက်တွေးမိတော့ အခုလက်ရှိ ကျွန်တော်တို့နိုင်ငံရော အဲဒီအချက် ၁၀ ချက်ထဲက ဘယ်နှချက်နဲ့များ ညီညွတ်နေပြီလဲလို့ တွေးမိတယ်။ ဟူး ဆိုတဲ့ သက်ပြင်းတစ်ခု ချမိတယ်။ ဘာကြောင့်လဲ။ ကျွန်တော့်နိုင်ငံကို စည်ပင်စေချင်တာကိုး၊ ဖွံ့ဖြိုးစေချင်တာကိုး၊ တိုးတက်စေချင်တာကိုး။ သေချာတာကတော့ တိုင်းပြည်စည်ပင်ဖို့အတွက် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်ပါတီကသာ ဆောင်ရွက်နိုင်တာမဟုတ်ဘူးလို့ ဆက်တွေးမိတယ်။ ကိုယ့်တာကို ကိုယ်လုံအောင် စောင့်ကြလျှင်ဖြင့် ...................။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ မေလ ၁၈ ရက်၊ သောကြာနေ့။
နံနက် ၁ နာရီ ၃၃ မိနစ်။

Wednesday, May 16, 2012

Windows Genuine ပြဿနာများတက်ခဲ့ရင်


မနက်တုန်းက ကွန်ပျူတာလေးဖွင့် အင်တာနက်လေး သုံးနေတုန်းက အကောင်းသားခင်ဗျ။ ဒီနေ့ညနေပိုင်း ကွန်ပျူတာဖွင့်တဲ့အချိန်မှာ သတိပေးချက် ပေါ်လာပါလေရော။ ကျွန်တော်လက်ရှိသုံးနေတဲ့ Windows ဟာ Genuine Windows မဟုတ်တဲ့အတွက်ပါတဲ့။ ထုံးစံအတိုင်း ညွှန်ကြားချက်တွေလည်း ပါလေတော့ သူပြောတဲ့ လင့်ခ်တွေအတိုင်း လျှောက်နှိပ်ရတာပေါ့လေ။ update files ဆိုတာ ဒေါင်းလုပ်ဒ်ချခိုင်းလို့ ချလိုက်တယ်။ အဆင်ပြေတယ်။ ပြီးတော့မှ Genuine Windows ကို ၀ယ်သုံးဖို့ဆိုတဲ့ စာမျက်နှာကို ရောက်သွားပါလေရော။ သုံးမျိုးသုံးစား ခွဲထားပေးတယ်။ Ultimate, Professional, Home Edition ဆိုပြီးတော့ပေါ့။ တစ်ခုမှ ဒေါ်လာ ၁၀၀ အောက်မှာ မရှိဘူး။ ဒီကကောင်က ဘယ်လိုလုပ်ပြီး ၀ယ်သုံးနိုင်မှာတုန်း။ အခုသုံးနေတဲ့ ၀င်းဒိုးအခွေကိုတောင် သူငယ်ချင်းတွေဆီက ပြန်ပြီးကူးထားရတာ။ ဆိုင်က၀ယ်ထားတာမဟုတ်။ ဘာဆက်လုပ်ရမှန်း မသိဘူး။ Desktop ပေါ်မှာလည်း တင်ထားတဲ့ Wallpaper က မရှိတော့ဘဲ ညာဘက်အောက်ခြေမှာ ဒီဝင်းဒိုးဟာ ပွားယူ (ခိုးယူ) သုံးစွဲထားတဲ့ ၀င်းဒိုးဖြစ်တဲ့အကြောင်း စာသားတွေက အချက်ပေးနေလေရဲ့။ ၀င်းဒိုးက ပြဿနာတက်ရုံတင် မဟုတ်ဘူး။ ကျွန်တော်သုံးနေတဲ့ Microsoft Security Essential ကလည်း ချက်ချင်းလက်ငင်းပဲ အရောင်တွေပြောင်းပြီး "မင်းရဲ့ ကွန်ပျူတာကို မကာကွယ်ပေးနိုင်တော့ပါဘူး၊ မင်းရဲ့ ကွန်ပျူတာဟာ ဗိုင်းရပ်စ်တွေ၊ ဘာတွေရဲ့ အန္တရာယ်ရှိပါတယ်" ဆိုပြီး လုပ်ပါလေရော။ အတော်ခက်တဲ့ MS ပဲဗျ။ အဲဒါနဲ့ သူငယ်ချင်း ကျော်ကျော်ဆီကို လှမ်းမေးရတာပေါ့။ ကျွန်တော့်မှာသာ ပြဿနာအကြီးကြီးဖြစ်ပြီး စိတ်တွေညစ်နေရတာ၊ မောင်မင်းကြီးသားကတော့ အေးဆေးပဲဗျ။ ချက်ချင်းပဲ Windows7 Activator ဒေါင်းလုပ်ချပြီး Run လိုက်ပါတဲ့။ ကဲ... မလွယ်ဘူးလား။

ကျွန်တော်ဆိုတဲ့ကောင်က နည်းပညာတွေနဲ့ အင်မတန် အလှမ်းဝေးနေလေတော့ ကွန်ပျူတာက မက်ဆေ့ခ်ျတစ်ခုခုပေါ်လာရင်တောင် ဘာဖြစ်တာမှန်း သိတာမဟုတ်ဘူး။ သူများတွေကို မေးရတော့တာ။ ဘာဖြစ်တာလဲ၊ ဘာလုပ်ရမှာလဲ၊ စသည်ဖြင့်ပေါ့လေ။ ကျွန်တော်လိုမျိုး အချို့အချို့သော မိတ်ဆွေများ အခက်အခဲတွေ့ခဲ့ရင် အဆင်ပြေစေချင်တဲ့စိတ်နဲ့ ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ သိပြီးသူတွေအတွက်တော့ ဆောရီးပါ။ သည်းခံလော့ပေါ့ခင်ဗျာ။

Your Windows is not Genuine ဆိုပြီးများ ပေါ်ခဲ့ရင် ဒီလိုလုပ်ပါလားခင်ဗျာ။
၁။ ဒီလင့်ခ်ကို သွားပါ။ အဲဒီစာမျက်နှာက Download Remove WAT v2.2.6 ဆိုတာကို ဒေါင်းလုပ်ချပါ။ တစ်နေရာမှာ သိမ်းထားလိုက်ပါ။
၂။ ကွန်ပျူတာမှာ ဖွင့်ထားတဲ့ Anti-Virus တို့၊ Firewall တို့ကို ပိတ်ထားလိုက်ပါ။ သို့မဟုတ် Disable ပေးထားလိုက်ပါ။
၃။ ဒေါင်းလုပ်ချထားတဲ့ Zip ဖိုင်ကို Extract လုပ်ပါ။ Text file တစ်ခုနဲ့ Rar file တစ်ခု ပေါ်လာပါလိမ့်မယ်။
၎။ Text file ကိုဖွင့်ပါ။ Rar file ကို ဖွင့်ဖို့အတွက် လိုနေတဲ့ Password ဘယ်နေရာမှာ ရနိုင်တယ်ဆိုတဲ့ လင့်ခ်တစ်ခု ပေးထားပါတယ်။ အဲဒီလင့်ခ် ဆီကို သွားလိုက်ပါ။
၅။ ပေါ်လာတဲ့ စာမျက်နှာမှာ Download Password Now ဆိုတာကို နှိပ်ပါ။ Password ကို ပြပါလိမ့်မယ်။
၆။ အဲဒီ Password ကို ကော်ပီလုပ်ပါ။ Rar file ကို Extract လုပ်ပါ။ Password တောင်းတဲ့အခါ စောစောက ကော်ပီလုပ်ထားတာကို paste လုပ်ပေးလိုက်ပါ။
၇။ Remove WAT 2.2.6 ဆိုတဲ့ exe file ကို Right Click နှိပ်ပါ။ Run as administrator ကို ရွေးပါ။
၈။ ပေါ်လာတဲ့ ၀င်းဒိုးမှာ Remove WAT ဆိုတဲ့ ခလုတ်လေးတစ်ခုကိုပဲ နှိပ်လိုက်ပါ။

ဒါဆိုရင် အားလုံးအဆင်ပြေသွားပါပြီ။ ကွန်ပျူတာကို restart လုပ်စရာလည်း မလိုကြောင်းပါခင်ဗျား။ သူငယ်ချင်း ကျော်ကျော်ကို ဒီပို့စ်နဲ့ ကျေးဇူးတင်လိုက်ကြောင်းပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် မေလ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၉ နာရီ ၂၅ မိနစ်။

Tuesday, May 15, 2012

GSM Internet


ကျွန်တော့်ရဲ့ နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်းလေး အင်တာနက် ရပါပြီခင်ဗျား။ ဂျာနယ်တွေထဲမှာ အင်တာနက်လျှောက်ပြီး ၂-၃ ရက်အကြာတွင် စတင်သုံးစွဲနိုင်သည်ဟု ဖတ်ရပါသည်။ သို့သော် ကျွန်တော့်တယ်လီဖုန်းကဖြင့် ၅ ရက်လောက် စောင့်လိုက်ရပါတယ်ဗျာ။ အင်တာနက် အမြန်နှုန်း အင်မတန်နှေးကွေးပါသော်လည်း မရှိတာထက်တော့ အများကြီးပိုကောင်းသည်ဟု မှတ်ယူပါသည်။ သတင်းများကို အချိန်နှင့်တပြေးညီ သိခွင့်ရသည်။ အီးမေးလ်တွေ စစ်လို့ရသည်။ ဘလော့ဂ်ကို ကလိလို့ရမည်ပေါ့ခင်ဗျား။ ကျေးဇူးတင်ပါတယ် အမ်ပီတီ။ ကျွန်တော်တို့မလည်း လူတကာကို လိုက်ပြီး ကျေးဇူးတင်နေရတော့တာပါပဲ။ ပိုက်ဆံပေးပြီး သုံးရတဲ့ အင်တာနက်ကိုတောင် သုံးခွင့်ရလို့ဆိုပြီး ကျေးဇူးတင်ရသေးသကိုး။ မောင်မင်းကြီးသားများ ကျန်းမာချမ်းသာကြပါစေ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် မေလ ၁၅ ရက်၊ အင်္ဂါနေ့။

ပို့စ်တွေတင်တာ နည်းခဲ့လျှင်ဖြင့်


ကျွန်တော်ကိုဉာဏ် ခရီးလွန်နေပါသည်။ ထို့အတွက် ပို့စ်တင်တာ နည်းပါးနိုင်ပါသည်။ အင်တာနက်သုံးစွဲရန် အခက်အခဲ ရှိပါသည်။ သုံးခွင့်ရသည့် အချိန်လေးများတွင်တော့ အချိန်ပေး၍ ပို့စ်များ တင်ပေးလိုပါသည်။ ပြောချင်သည်များ၊ ဆွေးနွေးတင်ပြလိုသည်များ အများအပြား ရှိနေပါသည်။ ထို့အတွက်လည်း အချိန်အေးအေးဆေးဆေး ပို့စ်များရေးလိုပါသည်။ သို့သော် ယခုတော့ ဖြစ်နိုင်ဦးမည် မထင်သေးပါ။ မရှိသည့် အချိန်ကို ခွဲဝေသုံးစွဲနေရသည့် ကာလတစ်ခုကို ဖြတ်သန်းနေရ၍ ဖြစ်ပါသည်။ အလုပ်တာဝန်ဟု ပြောနိုင်သလို၊ သင်တန်းတစ်ခုဟုလည်း ပြောနိုင်ပါလိမ့်မည်။ လူပင်ပန်းသည် မဆိုနိုင်သော်လည်း စိတ်ပင်ပန်းမှုကတော့ အပြည့်ဖြစ်ပါသည်။ ကျွန်တော့်အတွက် လေ့လာစရာ၊ သင်ယူစရာ၊ မှတ်သားစရာများ နေ့စဉ်နှင့်အမျှ ဖြစ်နေရပါသည်။ ငယ်ငယ်ကတည်းက ကြားဖူးနေကျစကားဖြစ်သည့် “အလုပ်ရှုပ်ပုံများတော့ ယားတာတောင် မကုတ်အားဘူး၊ ထုံးတို့ပြီး နေရာမှတ်ထားရတယ်။ အိမ်ရောက်မှ ပြန်ကုတ်ရတယ်” ဆိုသကဲ့သို့ပင် ယားတာပင် မကုတ်အားပါ။ တင်စားပြောဆိုတာဖြစ်သော်လည်း လက်တွေ့တွင်လည်း ထိုသို့မလုပ်ရရုံတမယ် ပင်ပန်းရပါသည်။ ဟုတ်ကဲ့၊ ရသည့်အချိန်လေးများတွင် တတ်နိုင်သမျှ ပို့စ်များ ရေးနိုင်အောင် ကြိုးစား၍ ရေးသားပါမည်။အင်တာနက်သုံးရန် အခြေအနေပေးသည်နှင့် ပို့စ်များ တင်ပြသွားပါမည်ခင်ဗျား။                                                       

 
Web Statistics