ပုဂံ
ပျူမင်း သုပညာနာဂဆန္ဒ ၏ တူဖြစ်သူသည် မြန်မာ့တစ်ဆယ့်ကိုးရွာကို ချုပ်၍ မင်းပြုခဲ့သည်။ ယုန်လွှတ်ကျွန်းမြို့ တည်သည်။ ထိုမင်းကို သမုဒ္ဒရာဇ်မင်း ဟု ခေါ်သည်။ ပထမ ပုဂံမြို့တည်မင်းအဖြစ် မှတ်သားကြသည်။
မြန်မာတစ်ဆယ့်ကိုးရွာမှာ-
၁။ သောင်ဦး
၂။ နဂါးဘို
၃။ နဂါးကျစ်
၎။ မန်ကျည်းကြည်
၅။ တူထည်
၆။ ကျောက်စကား
၇။ ကုတ်ကဲသိမ်း
၈။ သောင်ဝန်း
၉။ အနုရာဓ
၁၀။ တန်ဆောင်တွန်း
၁၁။ ရှာပု
၁၂။ ကြင်လို့
၁၃။ ကုတ်ကို
၁၄။ တောက်ပ
၁၅။ မြေခဲကွင်း
၁၆။ သရက်ရ
၁၇။ အုံမြား
၁၈။ ယုံလွတ်
၁၉။ ရွာစိုက်
ပထမပုဂံတည်ချိန်မှာ ခရစ် (၁၀၇) ခုနှစ် ဖြစ်သည်။
ထိုမင်းဆက် ၇-ဆက်မြောက် သေဉ်လည်ကြောင်မင်း လက်ထက် ခရစ်(၃၄၄-၃၈၇) ခုနှစ်တွင် ယုန်လွှတ်ကျွန်း အရပ်မှ သီရိပစ္စရာ ကျောက်စကားအရပ်သို့ ပုဂံမြို့တော်ကို ရွှေ့ပြောင်းခဲ့သည်။
ထိုမင်းဆက် (၁၂)ဆက်မြောက် သိုက်တိုင်မင်းလက်ထက် ခရစ် (၅၁၆-၅၂၃)ခုနှစ် တမ္ပ၀တီ (ယခု ဖွားစော) အရပ်သို့ ပြောင်းရွှေ့နန်းစိုက်ခဲ့ပြန်သည်။
ထိုမင်းဆက် (၃၄)ဆက်မြောက် ပျဉ်ပြားမင်း လက်ထက် ခရစ် ၈၄၉ ခုနှစ်တွင် ယခုလက်ရှိ ကျုံးမြို့ရိုးနှင့် ပုဂံကို တည်ထောင်ခဲ့သည်။
သက်သေအထောက်အထားနှင့် ခိုင်ခိုင်လုံလုံသိရသော ပုဂံသမိုင်းဝင်မင်းများမှာ ခရစ် ၁၀၄၄ ခုနှစ်တွင် နန်းတက်သော အနုရုဒ္ဓါ (ခေါ်) အနော်ရထာမင်းကြီးမှ နောက်ဆုံး ခရစ် ၁၃၆၉ ခုနှစ် စောမွန်နစ်မင်း အထိ ဖြစ်သည်။
ပုဂံပြည်ကို ခရစ် ၁၀၇ ခုနှစ်မှ စ၍ ၁၃၆၉ ခုနှစ် တိုင် နှစ်ပေါင်း ၁၂၆၀ ကျော်ကျော် မင်းပေါင်း ၅၅ ပါး အစဉ်အဆက် အုပ်ချုပ်မင်းလုပ်ခဲ့ကြသည်။ အေဒီ ၁၃ ရာစုတွင် မွန်ဂိုဘုရင် ကူဗလိုင်ခန် ၏ ကျူးကျော်စစ်ကြောင့် ပုဂံမင်းဆက် ပျက်ခဲ့ရသည်။

No comments:
Post a Comment