Thursday, July 12, 2007

တေးသွားနံပါတ် ၁၀၀၁-တာရာမင်းဝေ


(စာအုပ်ဖတ်ရင်း တစ်ခုခုကို သဘောကျရင် စာအုပ်ထဲကို ကူးမှတ်တဲ့အကျင့်ကလေးက အတော်လေးကို စွဲနေပါပြီ ဒါကြောင့် စာအုပ်ဖတ်ပြီဆိုရင် သိပ်ပြီး စာဖတ်ကမတွင်ချင်ပါဘူး။ မှတ်စရာများတဲ့ စာအုပ်များဆိုရင် ရှေ့ကို မတက်တော့ပါဘူး။ လက်ညောင်းအောင်ကို ရေးမှတ်ရပါတယ်။ နောက်ပိုင်းကျတော့ အောင်မြင်ရေးစာစုတွေ၊ အဆိုအမိန့်တွေလို စာအုပ်မျိုးတွေဆိုရင် မမှတ်တော့ပါဘူး။ အပိုင်သာ ၀ယ်သိမ်းလိုက်ပါတော့တယ်။ ၀တ္ထုစာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ် စသည်တွေမှပဲ လိုအပ်တာကို မှတ်ဖြစ်ပါတော့တယ်။ အခုလည်း ဖတ်ဖြစ်ပြီး မှတ်ဖြစ်တာလေး တွေကို ပြန်ပြီး ဝေငှတဲ့သဘောပါပဲ။ အကြိုက်ချင်းတူတာ ရှိနိုင်သလို မတူတာလည်း ရှိမှာပေါ့နော.... အယ်ဒီတာ)

``မအီမလည်နဲ့ သူ့အပြုံးကြီးက... မိုနာလီဇာ မောင့်ကျက်သရေ ခေါင်းပေါင်းကြီး ပေါင်းပြီး ရှေ့တည့်တည့်က လာပြုံးပြနေသလိုပဲ´´

``ဆားမပါဘဲ ကြက်ဥပြုတ် စားရတဲ့အခါ.... ဒီ...ကြက်မနှယ့်၊ ကြက်ဥထောင့်ဘက်မှာ တစ်ခါတည်း ဆားလေးပါ ထည့်ဥပေးလိုက်ရင် ပြီးရော....´´လို့။

``အဲဒီ... အနုပညာဆိုတဲ့ ကဝေမလေးကို ကျွန်တော့်မှာဖြင့် ချစ်လိုက်ရတာ၊ နှလုံးသားတောင် လျှာထွက်နေပြီ သူကတော့ အသိအမှတ် မပြုလှပါဘူး။´´

``ယောက္ခမမေတ္တာ သောက်ရေသန့်ဘူးပမာ...
စစ်မစစ်က ဓာတ်ခွဲကြည့်မှ သိမှာပေါ့...´´

(ကဲ...ဘယ်လိုသဘောရလဲ။ အနည်းဆုံးတော့ မိတ်ဆွေမျက်နှာမှာ အပြုံးရိပ်လေး သန်းလာလိမ့်မယ်လို့ မျှော်လင့်ပါရဲ့ဗျာ)

No comments:

Post a Comment

 
Web Statistics