ဆေးလိပ်ဖြတ်ရန် တိုက်တွန်းလိုပါသည်
မိတ်ဆွေသည် ဆေးလိပ်မသောက်သူဖြစ်ပါက ဗဟုသုတအလို့ငှာ ဤပို့စ်ကို ဖတ်သင့်ပါသည်။ ထို့နောက် အခြား မိမိချစ်ခင်သူ၊ မသေစေချင်သေးသော မိတ်ဆွေများ၊ ချစ်သူ၊ ခင်သူများကို ဝေငှပေးပါ။ ဆေးလိပ်သောက်ခြင်း သည် လွန်စွာဆိုးရွားသော အန္တရာယ်တစ်ခုအဖြစ် တစ်ကမ္ဘာလုံးက အလေးအနက်ထားလာရသော ကိစ္စတစ်ခု ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အခြား၊ အရက်၊ ဘိန်း၊ မူးယစ်ဆေးဝါးများကဲ့သို့ သုံးစွဲသူကိုသာ ဒုက္ခပေးသည်မဟုတ်ဘဲ ဆေးလိပ်သောက်သည့် ဘေးပတ်ဝန်းကျင်ရှိ လူအပေါင်းကိုလည်း မီးခိုးငွေ့များဖြင့် ဒုက္ခ ပေးသောကြောင့်ဖြစ်ပါသည်။ အခြားမသောက်တတ်သူများအနေဖြင့် ဆေးလိပ်သောက်သူတစ်ဦးကြောင့် ဆေးလိပ်၏ ဆိုးကျိုးများကို ခံစားရစေပါသည်။ စဉ်းစားကြည့်လျှင် ကိုယ့်ကြောင့် အခြားမဆိုင်သည့်သူများကိုပါ ဒုက္ခပေးသည့် လုပ်ရပ်တစ်ခုအဖြစ် မြင်နိုင်ပါသည်။ ထို့ကြောင့်လည်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရများသည် အများပြည်သူများနှင့် သက်ဆိုင်သောနေရာများတွင် ဆေးလိပ်မသောက်ရန် တားမြစ်လာကြခြင်း ဖြစ်ပါသည်။
မိတ်ဆွေသည် ဆေးလိပ်သောက်သူဖြစ်ပါက ကိုယ်တိုင်ဖြစ်စေ၊ ကျွမ်းကျင်သော ဆေးပညာရှင်များနှင့်ဖြစ်စေ အမြန်ဆုံး ဆေးလိပ်ဖြတ်စေလိုပါသည်။ ပထမဆုံး ရလဒ်အဖြစ် မိတ်ဆွေနေ့စဉ်သောက်သုံးနေသော ဆေးလိပ်ဖိုး သက်သာသွားပါမည်။ ထို့နောက် မိတ်ဆွေ၏ မိသားစုဝင်များ၊ သူငယ်ချင်းအပေါင်းအသင်းများ ဆေးလိပ်ငွေ့အန္တရာယ်မှ ကင်းလွတ်ပါလိမ့်မည်။ တစ်ဖန် မိတ်ဆွေအနေဖြင့်လည်း ဆေးလိပ်ကြောင့် ရရှိလာမည့် ရောဂါဘယများမှလည်း ကင်းလွတ်ပါလိမ့်မည်။
တိုက်တွန်းလိုပါသည် - ``ဆေးလိပ်မသောက်သူ တစ်ဦးအဖြစ် ဂုဏ်ယူပါ´´ဟု......

No comments:
Post a Comment