ပြည်ထောင်စုမြန်မာနိုင်ငံ တည်ရှိပုံ
တည်နေရာ
အရှေ့တောင်အာရှ အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အနောက်ဘက်ပိုင်း၊ မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၀ မိနစ် နှင့် ၂၈ ဒီဂရီ ၃၀ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀ မိနစ် နှင့် ၁၀၁ ဒီဂရီ ၁၁ မိနစ် အကြား အရှေ့တောင် အာရှ၏ အကြီးဆုံး ကျွန်းဆွယ်နိုင်ငံအဖြစ် တည်ရှိသည်။
နယ်နိမိတ်
အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ် ၁၅၇ မိုင်၊ အနောက်မြောက်ဘက်တွင် အိန္ဒိယ ၈၂၇ မိုင်၊ အရှေ့မြောက်တွင် တရုတ် ၁၃၆၂ မိုင်၊ အရှေ့ဘက်တွင် လာအို ၁၃၉ မိုင်၊ ထိုင်း ၁၃၀၂ မိုင်၊ အပြည်ပြည်ဆိုင်ရာနယ်နိမိတ် စုစုပေါင်းမှာ ၃၇၈၇ မိုင် ရှိသည်။ မြန်မာနိုင်ငံ တောင်ဘက်တွင် ကပ္ပလီပင်လယ်၊ မုတ္တမပင်လယ်ကွေ့၊ ဘင်္ဂလား ပင်လယ်အော် တို့ ရှိသည်။ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အနောက်ဘက် နတ်မြစ်ဝ မှ တောင်ဘက် ကော့သောင်းမြို့အထိ မိုင်ပေါင်း ၁၄၁၄ မိုင် ရှိသည်။
ဧရိယာအကျယ်အ၀န်း
ဧရိယာ စတုရန်းမိုင်ပေါင်း ၂၆၁၂၂၈ ရှိသည်။ တောင်နှင့် မြောက် ၁၂၉၉ မိုင်၊ အရှေ့နှင့် အနောက် ၅၇၅ မိုင် ရှိသည်။ မြန်မာနိုင်ငံတွင် အထင်ကရ မြစ်ကြီး လေးစင် ရှိသည်-
၁။ ဧရာဝတီမြစ် ၁၂၃၈ မိုင်
၂။ သံလွင်မြစ် ၇၉၆ မိုင်
၃။ ချင်းတွင်းမြစ် ၆၉၁ မိုင်
၎။ စစ်တောင်းမြစ် ၁၈၆ မိုင် တို့ ဖြစ်သည်။
မြန်မာနိုင်ငံ၏ အစွန်ဆုံးမြို့များ
မြောက်ဘက် - နောင်မွန်
အရှေ့ဘက် - မိုင်းယောင်း
တောင်ဘက် - ကော့သောင်း
အနောက်ဘက် - မောင်းတော
No comments:
Post a Comment