၁၃၆၉ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်)နေ့သည် မြန်မာနိုင်ငံ၏ (၈၇)နှစ်မြောက် အမျိုးသားနေ့ ဖြစ်ပါသည်။
အမျိုးသားနေ့သမိုင်းကြောင်းကို အနည်းငယ်ပြန်ပြောရလျှင် နယ်ချဲ့တို့သည် ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပညာရေးဌာနတစ်ခု ဖွင့်လှစ်ခဲ့ပြီး ကိုလိုနီပညာရေးကို သင်ကြားစေခဲ့သည်။ ကိုလိုနီအုပ်ချုပ်ရေးယန္တရား သက်ဆိုးရှည်စေရန် ရည်ရွယ်သည့် ပညာရေးစနစ်တစ်ခုဖြစ်သည်။ နယ်ချဲ့တို့၏ ကိုလိုနီကျွန်ပညာရေးစနစ် ဖြစ်သည့် ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို ကောလိပ်ကျောင်းသားများက ဆန့်ကျင်ခဲ့သည်။ ထိုကဲ့သို့ တစ်မျိုးသားလုံးက ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် ဂျီစီဘီအေ အသင်းကြီးက သတ်မှတ်ခဲ့သည်။
မြန်မာတို့၏ ဇာတိသွေး ဇာတိမာန် နိုးကြားတက်ကြွရှင်သန်စေရန် မျိုးစေ့ချပေးခဲ့သည့် အမျိုးသားနေ့သည် မြန်မာလူမျိုးများအတွက် အမြဲတစေ သတိရနေရမည့် အနှစ်သာရပြည့်ဝပြီး တန်ဖိုးကြီးလှသော နေ့ထူးနေ့မြတ် တစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြရင်း (၈၇)နှစ်မြောက် အမျိုးသားနေ့ကို လှိုက်လှဲစွာ ကြိုဆိုအပ်ပါသည်။
Tuesday, December 04, 2007
အမျိုးသားနေ့
Posted by ကိုဉာဏ် Posted Time 11:29 AM
Labels မြန်မာ-Myanmar
Subscribe to:
Post Comments (Atom)
တကယ် အငယ်ဘဝက သင်ကြားခဲ့တာတွေ မေ့နေခဲ့တယ်. အမျိုးသားနေ့ ဘာကြောင့်ပေါ်ပေါက်ခဲ့တယ်ဆိုတာ မေ့နေခဲ့တယ်.. သိချင်လို့ ပြန်ရှာမှ ဒီမှာ တွေ့ရတယ် အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ..
ReplyDelete