မဖြစ်နိုင်လို့ပါ
ဆရာဝန်က သူ့ရဲ့လူနာကို အရက်ဖြတ်ဖို့ ခုလို တိုက်တွန်းပါတယ်။“ခင်ဗျားအတွက် အရက်ဖြတ်ဖို့ လုံးဝ လိုအပ်နေပြီဗျာ။ ဒီတော့ ခင်ဗျားအနေနဲ့ အရက်သောက်ချင်စိတ် ပေါ်လာတိုင်း ပန်းသီးတစ်လုံး တစ်လုံး စားလိုက်ပါ”
“မဖြစ်နိုင်ပါဘူး ဆရာရယ်၊ တစ်ရက်တစ်ရက်မှာ ပန်းသီးအလုံး သုံးဆယ်လောက် စားဖို့ဆိုတာ ကျွန်တော် မတတ်နိုင်ပါဘူး”
ရှေ့နေရဲ့ပုံတူ
ရှေ့နေကြီးတစ်ဦးရဲ့ ပုံတူပန်းချီကားတစ်ခုမှာ ရှေ့နေကြီးဟာ ရှေ့နေ၀တ်စုံအပြည့်နဲ့ ခန့်ခန့်ညားညား မတ်တပ်ရပ်နေပါတယ်။ အဲဒီပုံမှာ ရှေ့နေကြီးက သူ့ရဲ့ အင်္ကျီအိတ်ထဲကို လက်တစ်ဖက်နှိုက်ထားပါတယ်။ ပန်းချီကားကို ရှေ့နေကြီးရဲ့ မိတ်ဆွေတစ်ဦးက “သိပ်ကောင်းတာပဲ”လို့ ချီးကျူးတော့၊ ခပ်ရိုးရိုးခပ်အအ အလုပ်သမားကြီးတစ်ဦးက ခုလို ဝေဖန်လိုက်ပါတယ်။“ပန်းချီကားပုံက တူတော့တူပါရဲ့၊ ဒါပေမယ့် သဘာဝလေးနည်းနည်း လိုနေတယ်။ တကယ်ဆိုရင် ရှေ့နေကြီးရဲ့ လက်က သူ့အိတ်ထဲသူနှိုက်ရမယ့်အစား တခြားတစ်ယောက်ရဲ့ အိတ်ထဲကို နှိုက်နေမှ ပိုပြီး သဘာဝကျလိမ့်မယ်” တဲ့။
ကိုယ့်အတွေး
အသက် ၅၀ ၀န်းကျင်လောက်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ မင်္ဂလာဧည့်ခံပွဲတစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။ သူ အစားအသောက်တွေ သုံးဆောင်နေစဉ်မှာပဲ အင်မတန်စွဲမက်ဖို့ကောင်းတဲ့၊ သတို့သမီးအရံ ကောင်မလေးတစ်ယောက်က သူ့ကို စိုက်ကြည့်နေပါတယ်။ ကောင်မလေးရဲ့ အကြည့်က သူ့ဆီကကို မခွာနိုင်ပါဘူး။ဒီလိုနဲ့ သူလည်း သွေးနားထင်ရောက်သွားပါတယ်။ သတို့သားနဲ့ သတို့သမီးမောင်နှံကို နှုတ်ဆက်ပြီး ပျော်ရွှင်မြူးကြွစွာနဲ့ သတို့သမီးအရံ ကောင်မလေးဆီကို တိုးကပ်လာခဲ့ပါတယ်။
ဒီတော့ ကောင်မလေးကပဲစပြီး ခုလို စကားဆိုပါတယ်။
“ဆရာ၊ ဆရာ့လည်စီးက ရှန်ပိန်ခွက်ထဲ ကျနေတယ်” တဲ့လေ။
( ၂၀၀၈ ခုနှစ် စက်တင်ဘာလထုတ် Youth မဂ္ဂဇင်းမှ ဖိုးစွံ(အောင်ပင်လယ်) ၏ ရယ်ရွှင်မြူးကဏ္ဍ ကို ပြန်လည် ကူးယူဖော်ပြပါသည် )
No comments:
Post a Comment