Sunday, June 28, 2009

မရယ်နဲ့


အမေရိကန်တွေဟာ သူခိုးဖမ်းစက်တစ်ခုကို တီထွင်လိုက်ပါတယ်။ ပထမဆုံးအနေနဲ့ သူတို့နိုင်ငံမှာ စမ်းသပ် သုံးစွဲပြီးတဲ့အခါ အခြားနိုင်ငံတွေကို သယ်ဆောင်သွားပြီး စမ်းသပ်စေခဲ့ပါတယ်။

အမေရိကန်နိုင်ငံတွင် စမ်းသပ်ချက် - မိနစ်(၃၀)ကြာပြီးနောက် သူခိုး (၂၀)ဦးကို ဖမ်းမိခဲ့ပါတယ်။

ဗြိတိန်တွင် စမ်းသပ်ချက် - မိနစ်(၃၀)ကြာပြီးနောက် သူခိုး (၅၀)ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

စပိန်နိုင်ငံတွင် စမ်းသပ်ချက် - မိနစ်(၃၀)ကြာပြီးနောက် သူခိုး (၆၅)ဦးကို ဖမ်းဆီးမိခဲ့သည်။

ဂါနာနိုင်ငံတွင် စမ်းသပ်ချက် - မိနစ်(၃၀)ကြာပြီးနောက် သူခိုး(၄၀၀)ဦးကို ဖမ်းဆီးပေးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် စမ်းသပ်ချက် - (၁၅)မိနစ်ခန့်ကြာပြီးနောက် သူခိုးဖမ်းစက်မှာ အခိုးခံရ၍ ပျောက်ဆုံးသွားခဲ့ပါသည်။

ကျွန်တော်ခေါင်းစဉ်မှာကတည်းက ပြောခဲ့တယ်နော်။ မရယ်နဲ့ လို့။
ပျော်ရွှင်ကျေနပ်နိုင်ကြပါစေဗျာ။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဇွန်လ ၂၉ ရက်။
နံနက် ၀၀း၀၅ နာရီတွင် ရေးသားသည်။
ဝန်ခံချက်။ သူငယ်ချင်းတစ်ယောက် ပေးပို့ထားသော အီးမေးလ်ကို ဆီလျော်အောင် မြန်မာမှုပြုပါသည်။

No comments:

Post a Comment

 
Web Statistics