Microsoft အနေနဲ့ Google Search Engine ကို ယှဉ်ပြိုင်ဖို့အတွက်ဆိုပြီး Bing ဆိုတဲ့ Search Engine တစ်ခုကို ချပြလိုက်ပါပြီ။ ဘာအားသာချက်တွေရှိသလဲဆိုတာကို ကျွန်တော်သေချာမသိသေးပေမယ့် အခုလောလောဆယ်တော့ နောက်ခံပုံလှလှလေးတွေ တစ်နေ့တစ်မျိုး မရိုးရအောင် ဒီဇိုင်းဆင်ပေးထားတဲ့ အတွက်တော့ အမြင်တစ်မျိုးကြည့်လို့ကောင်းနေတာ အမှန်ပါပဲ။
လောလောဆယ် myanmar ဆိုတဲ့စကားလုံးကို ရိုက်ပြီးရှာကြည့်တဲ့အခါမှာ Google က results 51,200,000 ရှိတယ်လို့ ရှာပေးပြီးတော့ Bing ကတော့ 21,000,000ရှိတယ်လို့ ပြောပါတယ်။ အလုပ်လုပ်တာချင်းမှာလဲ Google က သုံးနေကျမို့လားတော့ မသိပါဘူး။ အရမ်းမြန်တာကို တွေ့ရပြီး Bing က စိတ်ရှည်ရှည်စောင့်နေရပါတယ်။
အင်တာနက်သုံးစွဲသူတွေအတွက် ရင်းနှီးနေပြီးစကားလုံးဖြစ်တဲ့ Google ဆိုတဲ့နေရာမှာ Bing ဆိုတဲ့စကားလုံး အစားထိုးဝင်ရောက်နေရာယူဖို့ဆိုတာ လွယ်တော့မလွယ်ဘူးလို့ ထင်မိပါတယ်။ မြန်မာစကားမှာ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုတာရှိပါတယ်။ အခုလည်း သူတို့တွေ ပြိုင်ကြဖိုက်ကြရင် ကျွန်တော်တို့ user တွေအတွက် ရွေးချယ်ခွင့်တွေပိုများလာတာ၊ ပိုကောင်းတဲ့ search engine အသစ်တွေ သုံးရတာအမြတ်ပဲလို့ယူဆမိပါကြောင်း။
No comments:
Post a Comment